← Chapters

မုန်တိုင်း စုစည်းမှု ။

Vol. 24 Ch. 327

မုန်တိုင်း စုစည်းမှု ။

Vol. 24 Ch. 327

“ ညီလေး၊ မင်း ကိုယ့်ကို ကိုယ်ပဲ ဂရု စိုက်ပါ၊ မကြာ သေးခင် ကမှ၊ မင်းက မီးမောင်း ထိုးပြ ခံခဲ့ ရတယ် မဟုတ်လား၊ ဓားနန်းတော်မှာ မင်းလို အစွမ်း ထက်တဲ့ သူတစ်ယောက် ရှိနေတယ် ဆိုတာ လူတိုင်း သိထား ပါတယ်။ "

သူတို့ အမြင်၌ လင်းယွန်၏ ဒုက္ခမှာ ရှင်းယန်ထက် ပိုပေမည်။ မွေးနေ့ ပွဲမှာ မငြိမ်းချမ်း နိုင်ဟု၊ သူတို့ ခံစား လိုက်မိသည်။

ရှင်းဂျူတို့ အဖွဲ့ ဓားနန်းတော်မှ ထွက်ခွာ သွားသည့် အချိန် မှာပင်၊ အခြားသော ဂိုဏ်းများနှင့်၊ ကောင်းကင်ဘုံ ချင် အင်စတီကျု တို့ သည်လည်း ထွက်ခွာလာ ကြသည်။

ထာဝရမြင့် မြတ်ခြင်း ဂိုဏ်းသည် မဟာချင် အင်ပါယာရှိ၊ ဂုဏ်သိက္ခာ ကြီးမားသော ဂိုဏ်းလေးဂိုဏ်း အနက်မှ၊ ဂိုဏ်းကြီး တစ်ဂိုဏ်း ပီပီ၊ ၎င်းတို့တွင် နက်ရှိုင်းသော အုတ်မြစ် ရှိသည်။

၎င်းတို့၏ 'ကျား-နဂါး လက်သီး' သည်၊ မဟာချင် အင်ပါယာ တစ်ခု လုံးတွင်၊ ကျော်ကြား ခဲ့သည်။

ထို့ပြင် ယခင် 'နဂါး တံခါး ပြိုင်ပွဲ' ၌၊ အကောင်းဆုံး ရလဒ်များ ရရှိ ခဲ့သည်။ 'လွင်မျော နေသော ရေခွက်လေး' အပြင်၊ 'စစ်မှန်သော တိမ်တိုက်လေး' ဟူသော၊ တပည့် တစ်ယောက်လည်း ရှိသည်။

မဟာချင် အင်ပါယာရှိ ပါရမီရှင် ရှစ်ပါး အနက်၊ နှစ်ပါးကို ပိုင်ဆိုင် ထားသော ဂိုဏ်းကြီး ဖြစ်သည်။

သူတို့ဂိုဏ်း ထံမှ မွေးနေ့ပွဲ အတွက်၊ လူ ငါးဦး စေလွှတ် လိုက်သည်။ ထိုအဖွဲ့ကို ဦးဆောင် လာ သူမှာ၊ အသက် လေးဆယ် ကျော်ခန့် ရှိသော ရဟန်း တစ်ပါး ဖြစ်သည်။

သူက မှုန်မှိုင်းသော ဝိညာဉ်ရေး တုန်ခါမှုများကို၊ ထုတ်လွှတ် နေသည့် သင်္ကန်းအား၊ ရုံ ထားသည်။

သင်္ကန်းအား အနီးကပ် ကြည့်ပါလျှင် ၊ စကြာဝဠာ လက်ရာ တစ်ခု ဖြစ်ကြောင်း၊ တွေ့မြင် ရမည် ဖြစ်သည်။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသည် ဗုဒ္ဓ အယူ အဆ များကို အလေး ထားပြီး၊ သာမာန် တပည့် များအား၊ လက်ခံ ကြ သော်လည်း၊ ၎င်းတို့၏ တပည့် အများစုမှာ ဘုန်းကြီးများ ဖြစ်သည်။

သူ့ဘေးတွင် ကပ်လျက် လိုက်ပါ လာသော၊ တပည့်ငယ် တစ်ယောက်မှာ၊ အသက် အားဖြင့် ငယ်ရွယ် လှသော်လည်း၊ နက်နဲ နယ်မြေ သတ္တမမြောက် အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ထိုလူငယ်သည် အဖြူရောင် ဝတ်ရုံကို ဆင်မြန်း ထားပြီး၊ သေဝပ်သော အပြု အမူများ ရှိသည်။

သူ့ မျက်လုံး များတွင်၊ အခြား သူများ၏ စိတ်ဝိညာဉ်ကို ထိတ်လန့် သွားစေ နိုင်သော၊ ထူးထူး ခြားခြား အသွင် အပြင်များ ရစ်သီ နေသည်။

တစ်ချိန်တည်း မှာပင် သူ့ မျက်လုံး များ၌ နဂါးနှင့် ကျား တို့၏ အရိပ် အယောင်များ ထင်ဟပ် နေပေ၏။

သူ့ နာမည်မှာ ဘိုင်ယု ဖြစ်ပြီး၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ အသစ် ပေါ်ထွက် လာသော ပါရမီရှင် တစ်ဦး ဖြစ်သည်။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသည် ဓားနန်းတော် ကဲ့သို့၊ တူညီသော အတွေးများ ရှိသည်။

ဘိုင်ယု၏ မိုးကုပ် စက်ဝိုင်းကို ကျယ်ပြန့် စေချင်ပြီး၊ အခွင့် အရေးသာ ရပါက၊ တခြားသော ဂိုဏ်းများ၏ ပါရမီရှင် များအား၊ နှိမ်နင်း စေလိုသည်။

ကျန်သော တပည့် သုံးယောက်မှာ၊ ရဲရင့်ပြီး ကြံ့ခိုင်သော ပုံစံ ရှိ၏၊ ထိုသူများ အနက်မှ တစ်ယောက်သည် တတိယ အလွှာ၏၊ သခင် လေးပါး အနက်၊ တစ်ပါး ဖြစ်သော ဝမ်ဟန် ဖြစ်သည်။

သူ့ ဘေးရှိ တစ်ယောက်သော သူမှာ၊ ဟန်ဂန် ဖြစ်ပြီး၊ ခံစားချက် မဲ့သော အရိပ် အယောင်များ ထုတ်ဖော် ထားသည်။

ပါရမီရှင် ရှစ်ပါးနှင့် ယှဉ်ပြိုင် နိုင်စွမ်း ရှိသည့်၊ ဒုတိယ အလွှာက အထက် တန်းစား တစ်ယောက် ဖြစ်သည်။

သူ့ အဆင့် အတန်းမှာ ရှင်းဂျူအောက် မလျော့ပေ။

“ ဂိုဏ်းလေး ဂိုဏ်းက အမြဲ ပြိုင် နေတော့၊ ပွဲနဲ့ ပတ်သက်တဲ့ စိတ်ခေါ်မှု တွေကို၊ ခန့်မှန်း နိုင်ပါတယ်၊ ငါတို့က ဗုဒ္ဓ အဆုံးအမကို ကျင့်သုံးတဲ့ ဂိုဏ်း ဖြစ်တာကြောင့်၊ ကျော်ကြား မှုကို စိတ်မဝင် စားပေမယ့်၊ စီနီယာတွေ တည်ဆောက် ထားတဲ့၊ ဂုဏ် သတင်း ကိုတော့၊ အရှက် မခွဲ မိဖို့ လိုတယ်။ ”

ဝမ်ဟန်က သူ့ မျက်လုံး များကို မှေးစင်းလျက် ဆိုသည်။ သူ့ အပြုံး များတွင် အေးစက်သော အငွေ့ အသက်များ ပါရှိ နေသည်။

ခရီးစဉ် တစ်လျှောက်လုံး တိတ်ဆိတ် ငြိမ်သက် နေသော ဟန်ဂန်က၊

“ မှန်ပါတယ်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက တပည့်တွေ အနေနဲ့၊ မွေးနေ့ ပွဲမှာ ဂိုဏ်းရဲ့ ဂုဏ် သတင်းကို ထိန်းသိမ်းဖို့ တာဝန် ရှိတယ်၊ ဂိုဏ်း အသီးသီးရဲ့ နာမည် ကြီးတွေ အားလုံး၊ အဲဒီ့မှာ စုနေ တာကြောင့်၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲ မိလို့ မရဘူး။ ”

အဖွဲ့ကို ဦးဆောင် နေသော လူလတ်ပိုင်း အရွယ် ရဟန်းက၊ ထိုသို့သော ဆွေးနွေး သံများကို ကြားသည်နှင့်၊ ကျေနပ်စွာ ပြုံးရယ် လိုက်သည်။ သူက၊

“ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ ပါရမီရှင် ရှစ်ပါးကို ပိုင်ဆိုင် ခဲ့တယ်၊ ဒါပေမယ့် အခြားသော ဂိုဏ်းတွေ မှာလည်း၊ အလား အလာ ရှိတဲ့ မျိုးဆက် သစ်တွေ ရှိတယ်၊ အထူး သဖြင့် ဓားနန်းတော်ပဲ၊ သူတို့မှာ ပထမဆုံး ဘိုင်လိရွှမ်၊ အခု လင်းယွန် ... ''

'' သူ့ အသက်က ဆယ့်ခုနစ် နှစ်ပဲ ရှိသေး တယ်လို့ ကြားသိ ထားတယ်၊ ဒါပေမယ့် သူက မဟာမိတ် ပြိုင်ပွဲရဲ့၊ ချန်ပီယံ ဆုကို ရယူ နိုင်တဲ့ အပြင်၊ အနီရောင် ဖီးနစ်ကို အသံမြည် စေခဲ့တယ်။ ”

လင်းယွန်။ ထိုနာမည်ကို ကြား သည်နှင့် ဘိုင်ယု၏ မျက်လုံးများ တောက်ပ လာခဲ့သည်။ ဘိုင်ယုမှာ ကျားနဂါး လက်သီး အပေါ်၊ မြင့်မားစွာ အောင်မြင် မှုများ ရယူထား နိုင်သော၊ ဂိုဏ်း၏ မျိုးဆက်သစ် ပါရမီရှင် တစ်ဦး ဖြစ်၏။

ကျား-နဂါး လက်သီးကို ကျွမ်းကျင် ပိုင်နိုင်စွာ ရယူ နိုင်မည့်၊ အမြင့်ဆုံး အခွင့် အရေး ရှိသူ အဖြစ်၊ ဂိုဏ်းမှ အသိ အမှတ် ပြုထားသည်။

သိုင်း နည်းစနစ်များ အပေါ် နားလည်မှုကို အဆင့် လေးဆင့် ခွဲခြား ထား၏။ ၎င်းတို့မှာ ကနဦး ကျွမ်းကျင်မှု၊ အလယ် အလတ် ကျွမ်းကျင်မှု၊ အဆင့်မြင့် ကျွမ်းကျင်မှုနှင့် ပြီးပြည့် စုံသော ကျွမ်းကျင်မှု များ ဖြစ်ပေသည်။

သို့သော် ဒဏ္ဍာရီ အရ၊ ထိုအထက်တွင် အခြားသော အဆင့်၊ တစ်ဆင့် ရှိသည်။ ထိုအဆင့်သို့ ရောက်ရှိ ဖို့ရန်၊ မည်သူ မဆို လုပ်ဆောင် နိုင်သော အရာ မဟုတ်ပေ။

သို့သော် ဘိုင်ယုမှာ၊ ကျား နဂါး လက်သီးအား၊အဆိုပါ အဆင့် အထိ၊ တက်လှမ်း နိုင်လိမ့် မည်ဟု၊ ထင်ကြေး ပေးထား ကြလေသည်။

ဝမ်ဟန်က ပြုံးပြီး၊

“ လင်းယွန်က ကျားနဂါး လက်သီးကို လေ့ကျင့် ထားတယ်လို့ ကြားတယ်၊ စီနီယာ အစ်ကိုကြီး 'လွင့်မျော နေသော ရေခွက်'က၊ အပြင် လူကို ဘာလို့ ပေးမှန်း၊ နားမလည် နိုင်ဘူး။ ”

လင်းယွန်မှာ ကျား- နဂါး လက်သီးကို ကျွမ်းကျင်စွာ ဆုပ်ကိုင် ထားနိုင် ခြင်းကြောင့်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းကို ထိတ်လန့်စေ ခဲ့သည်။

နဂါး-ကျား လက်သီးသည်၊ ၎င်းတို့ ဂိုဏ်း၏ ဂုဏ်အယူ ရဆုံး နည်းစနစ် ဖြစ်ပေရာ၊ အပြင်လူ တစ်ယောက်မှ အသုံးပြု နေခြင်း အပေါ်၊ ဒေါသ တကြီး ဖြစ်နေ မိသည်။

သို့သော် လင်းယွန်အား ပေးခဲ့ သူမှာ၊ 'လွင့်မျော နေသော ရေခွက်လေး' ဖြစ်သည်ကို၊ သိရှိ လိုက်ရ ပြီးနောက်၊ မပြောသာ တော့ပေ။

'လွင့်မျော နေသော ရေခွက်' လေးသည် ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၌ ထူးဆန်းသော တည်ရှိ မှုမျိုး ဖြစ်ပေသည်။ ဂိုဏ်းက သူလုပ်ခဲ့ သမျှကို လစ်လျူရှု ထား၏။

လူလတ်ပိုင်း အရွယ် ဘုန်းတော်ကြီးနှင့် ဟန်ဂန်တို့က၊ ဝမ်ဟန်၏ စကားကို ကြားရသော အခါတွင်၊ ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက် ကြသည်။

သူတို့ နှစ်ယောက် လုံးက ဂိုဏ်းအတွင်း၊ ထိပ်တန်း အချက် အလက် အချို့အား၊ သိရှိ ထားသည်။ ကြေနပ်ခြင်း မရှိ သော်လည်း၊ 'လွင့်မျော နေသော ရေခွက်' နှင့် ပတ်သတ်၍၊ သူတို့ တက်နိုင်တာ မရှိပေ။

***

ရှေးဟောင်း တာအို ဂိုဏ်း၏ ဂိတ် တံခါးကြီး ပွင့်လာ ပြီးနောက်၊ လူ ခြောက်ဦးက မြင်းများကို အသားကျ စီးနင်းလျက်၊ မြို့တော်သို့ ဦးတည်လာ ကြသည်။

သူတို့ စီးနင်း ထားသော နတ်ဆိုး သားရဲ မြင်းများသည်၊ အနက်ရောင် အမွေး များကို ပိုင်ဆိုင် ထားပြီး၊ မျက်ဝန်း များတွင် သိပ်သည်းသော ဝိညာဉ် စွမ်းအင်များ တောက်လောင် နေပေသည်။

၎င်းသားရဲ များမှာ ရှေးဟောင်း တာအို ဂိုဏ်း တွင်သာ တွေ့ရှိ ရနိုင်သော၊ 'အနက်ရောင် မြင်းဆိုး' များဟု ခေါ်သည့်၊ ထူးခြားသော နတ်ဆိုးသားရဲ မြင်းများ ဖြစ်သည်။

'အနက်ရောင် မြင်းဆိုး' များသည်၊ ရှေးဟောင်း နဂါးသွေး များကို၊ ပိုင်ဆိုင် ထားကြောင်း၊ ကောလာ ဟလများ ထွက်ပေါ် နေသည်။

ထိုသားရဲ များမှာ၊ 'ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်' သို့ပင်၊ ရောက်ရှိရန် အခွင့် အရေး ရှိသော နတ်ဆိုးများ ဖြစ်၏။

ထိုအဖွဲ့ ထဲတွင် အသွင် အပြင် အရ၊ စိတ်ဝင် စားဖွယ် လူငယ် တစ်ဦး ရှိနေ၏။ ထိုလူငယ်သည် ဝတ်ရုံ အောက်ရှိ၊ သန်မာသော ရုပ်ခန္ဓာကို၊ ဖုံးကွယ် ထားနိုင်ခြင်း မရှိခြေ။

တင်းမာ နေသော ကြွက်သား များတွင်၊ ပေါက်ကွဲ စွမ်းအား များနှင့် ပြည့်နေ ပေသည်။

တစ်ချိန် တည်းမှာပင် သူ့ထံမှ ထက်ရှသော ဓား တစ်လက်ကို ခံစား နိုင်ပေမည်။

လင်းယွန်သာ ရှိနေ ပါက၊ ထိုလူငယ်ကို သိရှိ နိုင်၏။ ဤလူငယ်သည် တိမ်မိစ္ဆာ တောင်တန်း၌၊ အတူတူ အမဲလိုက် ခဲ့ဖူးသော ဇိုယန် ဖြစ်လေသည်။

“ ဂျူနီယာ ညီလေး ဇိုက ..၊ တိမ်မိစ္ဆာတောင်တန်းက ပြန်ရောက်လာ ကတည်းက တံခါးပိတ် ကျင့်ကြံ နေခဲ့တာ... အခု သတ္တမအဆင့်ကို၊ ရောက်မှပဲ ထွက်လာ တော့တယ်။ ''

'' ဒီ တစ်ခေါက်တော့ ညီငယ်ဇိုက ဒရာကိုဖီ နည်းစနစ်ကို တတိယ အဆင့် အထိ၊ ဆုပ်ကိုင် နိုင်ရုံသာ မကဘူး၊ ဆေဘာဓား ရည်ရွယ်ချက်ကိုလည်း၊ ကြောက်မက်ဖွယ် အဆင့်ထိ နားလည် ခဲ့ပုံပဲ ...၊ မွေးနေ့ ပွဲမှာ ဖီးနစ် တစ်ကောင်လို၊ ပျံသန်း နိုင်တော့မယ် ထင်တယ် ...''

'' ဓားနန်းတော် မှာသာ၊ ပါရမီ ရှင်တွေ ရှိနေတယ် ဆိုတာ ... မဟုတ် ကြောင်း၊ လူတိုင်းကို သက်သေပြ နိုင်လိမ့် မယ်လို့ ထင်ပါတယ်။ ”

" ငါတို့ ဒီပွဲမှာ လင်းယွန်ကို နင်းချေပြီး၊ ဓားနန်းတော်ကို အရှက်ခွဲ ရမယ်။ "

“ ဓားနန်းတော်က ဒီနှစ် တွေထဲ သူတို့ရဲ့ အတောင်ကို ဆန့် ထုတ်ဖို့ ကြိုးစား နေတာ ထင်ရှား ပါတယ်။ ”

ဂိုဏ်းလေး ဂိုဏ်းအနက်၊ ဓားနန်းတော်နှင့် ရှေးဟောင်း တာအို ဂိုဏ်းတို့၏၊ အမုန်း တရား များမှာ ပို၍ နက်ရှိုင်း လာပေသည်။

ဓားနန်းတော်၏ ဂုဏ်သတင်း ကျော်ကြား လာသည် နှင့်အမျှ၊ ရှေးဟောင်း တာအို ဂိုဏ်းမှာ၊ အမုန်း တရားများ ပိုမို ပြည့်နှက် လာ၏။

တစ်ဖက်တွင် ဇိုယန်က ကူကယ် ရာမဲ့ ဟန်ဖြင့်၊ပြုံးကာ နှုတ်ဆိတ် နေခဲ့သည်။ ဂိုဏ်းတူအစ်ကို များနှင့်၊ မတူသော အမြင်၊ သူ့၌ ရှိနေသည်။

လင်းယွန်တွင် အထင်ကြီး စရာ ကောင်းသော အရည် အချင်းများ ရှိနေ ပေရာ၊ ကျော်ကြား လာခြင်း အပေါ်၊ သူ မအံ့သြ မိပေ။

သို့သော် သူ့၌ ရွေးချယ်ခွင့် မရှိနိုင်။ ရှေးဟောင်း တာအို ဂိုဏ်း၏ ရပ်တည်ချက် များကြောင့်၊ လင်းယွန် အတွက် သူ စကား မဆိုချင် တော့ပေ။

လ အနည်းငယ် ကြာပြီးနောက်၊ ပြန်တွေ့ ရမည့် အချိန်၌၊ လင်းယွန်၏ ခွန်အားကို သိချင် နေမိသည်။

လင်းယွန် အကြောင်းကို တွေးမိသည်နှင့် မွေးနေ့ပွဲ အတွက် မျှော်လင့်ချက် များ၊ ပြည့်နှက် လာကာ၊ မျက်လုံး များတွင် တိုက်ခိုက်ရေး စိတ်ဓာတ် များဖြင့်၊ လောင်ကျွမ်း လာလေသည်။

လင်းယွန် ... ကျေးဇူး ပြုပြီး၊ ငါ့ကို စိတ်မပျက် ပါစေနဲ့ ...။

ဇိုယန်က တိမ်မိစ္ဆာ တောင်တန်းတွင်၊ သူ၏ နိမ့်ကျ မှုကို သိမြင် လိုက်ရ ပြီးနောက်၊ အရူး တစ်ယောက်လို ကျင့်ကြံရန်၊ သူ့ကိုယ်သူ တွန်းအားပေး ခဲ့သည်။

ထိုအချိန်တွင် လေ သင်္ဘောကြီး တစ်စင်းမှာ၊ ကောင်းကင် ထက်မှ၊ ရုတ်တရက် ဖြတ်ကျော် ပျံသန်း သွားသည်။

သင်္ဘော ဦးတွင် ပန်ကာကို ကိုင်ကာ၊ လူငယ် တစ်ဦး ရပ်နေသည်။

ရှေးဟောင်း တာအို ဂိုဏ်းကို ဦးဆောင်နေသော အကြီးအကဲက၊ သင်္ဘော ဦးသို့ မျှော်ကြည့် လိုက်ပြီး၊

“ ဒါက လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းပဲ။ ”

ဟု ရေရွတ် လိုက်လေသည်။

လျှို့ဝှက် ဆန်းကြယ်သော ဤဂိုဏ်းမှ လွဲ၍ မဟာချင် အင်ပါယာတွင်၊ ကောင်းကင် ယံ၌ လေသင်္ဘော များဖြင့် သွားလာ ဝံ့သော ဂိုဏ်းများ မရှိချေ။

" အကြီးအကဲ၊ အဲဒီ လူက စီရွှယ်ယီလား။ "

“ အင်း အဲဒါ သူပဲ။ ”

အနက်ရောင် မြင်းဆိုးများ ပေါ်ရှိ၊ ရှေးဟောင်းတာအို ဂိုဏ်းဝင် တပည့် များ၏၊ မျက်လုံးများ တောက်ပ လာသည်။

စီရွှယ်ယီသည် ဘိုင်လိရွှမ် ကဲ့သို့၊ အင်ပါယာကို တုန်လှုပ် စေသော လူတစ်ယောက် ဖြစ်သည်။ ၎င်းတို့ကို မဟာချင် အင်ပါယာ၏ 'ကြယ် နှစ်ပွင့် ' ဟု သတ်မှတ် ထား၏။

ထို့ကြောင့် အင်ပါယာတွင် မည်သူ မဆို ၎င်းတို့၏ အမည်ကို ကြားဖူး သည်မှာ၊ သဘာဝ ပေပင်။

" စီရွှယ်ယီက မွေးနေ့ပွဲ လာတာလား။"

ဇိုယန်က အံ့သြ သွားသည်။

၎င်းတို့ အပြင် ဖိတ်ခေါ် ခံရသော အင်ပါယာရှိ အင်အားစု အသီးသီး သည်လည်း၊ မြို့တော်သို့ ချီတက် လာကြသည်။

သူတို့ အားလုံးက မင်းသမီး စံအိမ် ဆီသို့၊ ဦးတည် နေခဲ့ ကြပြီး၊ မဟာချင် အင်ပါယာ၏ အလှုပ် ခတ်ဆုံးပွဲ တစ်ပွဲ ဖြစ်လာ ခဲ့လေသည်။

ဉာဏ်ကြီးရှင် များစွာ စုရုံးစေ ပြီးနောက်၊ နောက်ကွယ်ရှိ မုန်တိုင်းကို မည်သူမျှ ခန့်မှန်း၍ မရ နိုင်တော့ပေ။

***

All Chapters