ငါနဲ့ မသိ ပါဘူး။
Vol. 24 Ch. 328
နှစ်ရက် အကြာတွင်၊ ဖိတ်ခေါ် ခံရသော အင်ပါယာရှိ အင်အားစု အသီးသီးမှာ၊ မြို့တော်သို့ ရောက်ရှိ လာကြသည်။
သူတို့ အားလုံးက မင်းသမီး စံအိမ် ဆီသို့၊ ဦးတည် နေခဲ့ ကြပြီး၊ မဟာချင် အင်ပါယာ၏ အလှုပ် ခတ်ဆုံးပွဲ တစ်ပွဲ ဖြစ်လာ ခဲ့လေသည်။
ဉာဏ်ကြီးရှင် များစွာ စုရုံးစေ ပြီးနောက်၊ နောက်ကွယ်ရှိ မုန်တိုင်းကို မည်သူမျှ ခန့်မှန်း၍ မရ နိုင်တော့ပေ။
ဓားနန်းတော်ကို ဦးဆောင် လာသော လျိုဖန်းက၊ မင်းသမီး စံအိမ်သို့ ရောက်ရှိ သည်နှင့်၊ တာဝန်ခံ များကို သတင်းပို့ လိုက်သည်။
မင်းသမီး စံအိမ်သည် သာမန် အိမ်ကြီး တစ်လုံး မဟုတ်ပေ။
၎င်းတွင် အဆုံး မရှိသော တောင်တန်း အတု များဖြင့်၊ အလှဆင် ထားပြီး၊ မိုင်ရာချီ ကျယ်ဝန်းသည့် ခြံဝန်းကြီး တစ်ခု ဖြစ်သည်။
ထိုတောင်တန်း များတွင် ဝိညာဉ် စွမ်းအင် များကို မှော်အစီ အရင်ဖြင့် စုဆောင်း ထား၏။
မက်မွန် ပင်များ၊ မိုးမခပင် ကြီးများဖြင့်၊ အမြင် အာရုံကို တပ်မက်ဖွယ် မြင်ကွင်းများ ဖန်တီး ထားကာ၊ ကျယ်ပြန့်သော ရေကန်ကြီး တစ်ကန်လည်း ရှိနေ ပေသည်။
မြင်လိုက်ရသည့် မြင်ကွင်းကြောင့် လင်းယွန်က အံ့သြ သွားသည်။
သူ့အမြင်၌ ဓားနန်းတော်မှာ၊ ကြီးကျယ် ခမ်းနား နေပြီ ဖြစ်သော်လည်း၊ မင်းသမီး စံအိမ်နှင့် ယှဉ်ပါလျှင်၊ အနည်းငယ် လိုအပ် နေပေ သေးသည်။
သို့သော် ဤနေရာရှိ ဝိညာဉ် စွမ်းအင် များ မှာမူ၊ ဓားနန်းတော်နှင့် သဘာဝ အတိုင်း နှိုင်းယှဉ်၍ မရ နိုင်ပေ။
“ ရေကန် ထဲမှာ ကျွန်း တစ်ကျွန်းနဲ့ အဆောက် အဦးတွေ အများကြီး ပါလား၊ မင်းသမီးက ရိုးရှင်း ပုံမရဘူး။ ”
ဟု လင်းယွန်က မှတ်ချက် ပြုမိ၏။
“ ဒါတော့ သေချာတယ်၊ မင်းသမီး လေးက မြင့်မြတ်တဲ့ အသရေကို ပိုင်ဆိုင် ထားတယ်၊ သူက အိမ်ရှေ့ မင်းသားထက် နိမ့်ကျသူ မဟုတ်ဘူး၊ အဲဒီ လိုသာ မဟုတ်ရင် သူ့ မွေးနေ့က၊ ဂိုဏ်းလေး ဂိုဏ်းကို စွဲဆောင်ပြီး၊ အင်ပါယာ တစ်ခု လုံးကို ဘယ်လိုလုပ် တုန်လှုပ် စေမှာလဲ။ ”
ပတ်ဝန်းကျင် ရှုခင်း များကို ခံစားနေ လျက်မှ၊ တန်တုံက ပြုံးကာ ဆိုလိုက်သည်။
"အိုး ...."
လင်းယွန်က စိတ်ဝင်စား သွား၏။
“ ဒီ မင်းသမီးလေး အကြောင်း ဇာတ်လမ်း ရှိလို့လား။ ”
“ စီနီယာ အစ်ကို တန်၊ မင်းက ဗဟုသုတ ပိုရှိတယ် မဟုတ်လား၊ ဒီအကြောင်းကို မင်းဘာလို့ မဝေမျှ ရတာလဲ။ "
ဝမ်ဇင်နှင့် ရန်ဒင်းက တန်တုံကို လှည့်ကြည့်ကာ မေးလိုက်သည်။
“ ဒါက လျှို့ဝှက်ချက်မှ မဟုတ်တာ၊ မြို့တော်က လူတိုင်း ဒီအကြောင်းကို သိနေ ကြတာပဲ။ ”
တန်တုံ ချောင်းဟန့် လိုက်ပြီး၊ ပြုံးရယ် လိုက်ကာ၊
" မင်းသမီးလေးက တော်ဝင် မိသားစုရဲ့ ပါရမီရှင် တစ်ယောက် ဆိုတာ ငါကြား မိတယ်၊ တော်ဝင် မျိုးနွယ်တောင် မစော်ကား ဝံ့တဲ့၊ ဂိုဏ်းကြီး တစ်ဂိုဏ်းက ကလေး အရွယ် ထဲက၊ အတွင်း တပည့် အဖြစ်၊ ခေါ်ယူ သွားခြင်း ခံခဲ့ ရတယ် ..... ''
'' အင်ပါယာ မင်းမြတ်က ထီးနန်း လွှဲပြောင်း ပေးအပ် လာတဲ့ အထိကို အဲ့ဒီ ဂိုဏ်းကြီး အပေါ်၊ မျက်နှာသာ ပေးခဲ့ ရတယ်၊ ဒါပေမယ့် သနား စရာ ကောင်းတာက …”
"ဘာ လို့လဲ၊ ငါတို့ကို စိတ်လှုပ် ရှားအောင် မလုပ် ပါနဲ့ ။ "
ဝမ်ဇင်က ကျိန်ဆဲ လိုက်သည်။ တန်တုံက သိချင်စိတ် ပြင်းပြ လာသော ဂျူနီယာ သုံးယောက်ကို ကြည့်ကာ၊ ပြုံးရယ် လိုက်ပြီး၊
“ တော်ဝင် သမားတော် တွေတောင် အားကိုး ရာမဲ့ စေခဲ့တဲ့၊ ပြဿနာ တစ်ခု မင်းသမီး လေးရဲ့ ခန္ဓာ ကိုယ်မှာ ရှိနေတယ်၊ ဒီလို နဲ့ပဲ လူတိုင်းရဲ့ မြင်ကွင်း ကနေ၊ သူမက တဖြည်းဖြည်း ပျောက်ကွယ် သွားခဲ့ တော့တာပဲ၊ အခုဆို သူမ ရုပ်ရည်ကို မြင်ဖူးတဲ့ သူတောင် မရှိတော့ ပါဘူး။ ''
" တော်ဝင် မျိုးနွယ် ကတောင် မဖြေရှင်း နိုင်ရအောင် ...၊ ဘယ်လောက်များ ခက်ခဲတဲ့ ပြဿနာ မို့လဲ။ ''
ဝမ်ဇင်က အံသြ ဟန်ဖြင့် ရေရွတ် လိုက်ကာ၊ ရန်ဒင်းနှင့်၊ ထိတ်လန့် တကြား အကြည့်ချင်း ဖလှယ် လိုက််ကြ၏။
“ ဒါပေမယ့် မင်းသမီး လေးက ချင် အင်ပါယာမှာ၊ အလှဆုံး မိန်းကလေး လို့တော့ ငါကြား ဖူးတယ်၊ စီနီယာ အစ်ကိုတန်၊ သူ့ အသွင် အပြင်ကို မင်း မြင်ဖူးလား။ "
ရန်ဒင်းက စိတ်ဝင် တစား မေးလိုက်သည်။
“ ဒါက ဟုတ်မယ် ထင်တာ ပါပဲ၊ မင်းသမီး လေးက သူ့ မျက်နှာကို ပြခဲ ပါတယ်၊ အပြင်သွား ရင်တောင် သူ့ကိုယ်သူ ဖုံးကွယ် ထားတော့ ပြောရ ခက်တယ်။ ”
တန်တုံက တွေးဆ ဆဖြင့် ပြန်ဖြေသည်။
" တော် တော့ .... "
လျိုဖန်းက တန်တုံကို လှည့်ကြည့် လိုက်ကာ၊
" ဒုက္ခ ဆိုတာ ပါးစပ် ကနေ လာတာပဲ၊ ငါတို့ မင်းသမီး စံအိမ်မှာ ရောက်နေ တာမို့၊ စကားပြော ဆင်ခြင်ပါ။ "
“ ဟုတ်ကဲ့ ၊ အဲဒီ အတွက် တောင်းပန် ပါတယ်။ "
တန်တုံက လေးလေး နက်နက် တောင်းပန် လိုက်သည်။ ရှင်းယန်က လှည့်ကြည့် လိုက်ပြီး သူတို့ စကား ဝိုင်းထဲ ဝင်ရောက်လာ ခဲ့သည်။
" မင်းသမီး လေးရဲ့ အသွင် အပြင်ကို အရင်က ငါ မြင်ဖူးတယ်။ "
" တကယ်လား။ "
" ဟုတ်တယ်၊ သူမက မဟာချင် အင်ပါယာမှာ အလှဆုံး ဆိုတာ အမှန် ပါပဲ။ ”
" ဒါပေမယ့် မင်းကို သူ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ "
လင်းယွန်က မယုံကြည် ဟန်ဖြင့်၊ ဆိုလိုက် သည်ကြောင့်၊ ရှင်းယန်က ရှက်သွားသည်။ သူမ မပြုံး မီတွင် မျက်ဝန်း များ၌ အရည်များ လဲ့လာကာ၊
“ မောင်ငယ်လေး၊ မင်းရဲ့ ပါးစပ်က ပိုမွှေး လာပြီ၊ ဒါပေမယ့် မင်းသမီး လေးက၊ ငါ့ထက် ပိုလှ တာတော့ အမှန် ပါပဲ။ ''
ထိုအချိန်တွင် အစေခံ တစ်ဦး နှင့်အတူ၊ ဧည့်ကြို တစ်ဦး ရောက်ရှိ လာသည်။ သူက လက်ဝှေ့ယမ်း နှုတ်ဆက် လိုက်ပြီး၊
“ ဓားနန်းတော်ရဲ့ ဧည့်သည် တွေကို စောင့်ခိုင်း ထားမိတာ စိတ်မကောင်း ပါဘူး၊ အဲဒီ အတွက် တောင်းပန် ပါတယ်။"
တာဝန်ခံ ဧည့်ကြို၏ အရှိန် အဝါမှာ၊ အစွမ်း ထက်လှပြီး၊ မင်းသမီးစံ အိမ်တွင် အတော် အတန် မြင့်မားသော ရာထူး တစ်ခုကို ရရှိ ထားပုံ ရသည်။
လျိုဖန်း က အပြုံးဖြင့် တုန့်ပြန် နှုတ်ဆက် လိုက်ပြီး၊ စကား ပြောဟန် ပြင်နေ ချိန်မှာပင်၊ ဆူညံသော အသံများ ထွက်ပေါ် လာသည်။
မြေပြင်ပေါ် တဖြောင်းဖြောင်း ရိုက်လာသော ခွာသံ များနှင့် အတူ၊ ပျံ့လွင့် လာသည့် ဖိအားများကြောင့်၊ လျိုဖန်း၏ မျက်နှာ အမူ အရာမှာ၊ ပြောင်းလဲ သွားသည်။
အနက်ရောင် မြင်း များကို စီးနင်းလျက် လူတစ်စု ရောက်ရှိ လာလေသည်။ ထိုအဖွဲ့ကို ဦးဆောင် လာသူမှာ လျိုဖန်းအား ပြုံးပြ လိုက်ပြီး၊
“ အဖိုးကြီး လျို၊ မတွေ့ ရတာ ကြာပြီနော်၊ လွန်ခဲ့တဲ့ သုံးနှစ်က ငါပေး ခဲ့တဲ့၊ ဒဏ်ရာ ကနေ ပြန်ကောင်း လာ ပြီလား။ ''
လျိုဖန်းက ဒေါသကြောင့်၊ မျက်နှာ တစ်ပြင်လုံး၊ နီရဲ သွားသည်။
ဤလူလတ်ပိုင်း အရွယ် အမျိုး သားမှာ၊ ရှေးဟောင်း တာအို ဂိုဏ်းမှ၊ အဓိက အကြီး အကဲ တစ်ဦး ဖြစ်သည့် ဝမ်ရန်းဘို ဖြစ်သည်။
ဂိုဏ်းနှစ် ဂိုဏ်းကြားက မပြေ နိုင်သော ရန်ငြိုး များကြောင့်၊ နှစ်ဖက်သော အကြီးအကဲ များနှင့် တပည့် များပါ၊ အတိုင်း အတာ တစ်ခု အထိ၊ အငြိုး အတေးများ ရှိလာ ခဲ့သည်။
လွန်ခဲ့သော သုံးနှစ်က၊ အဆုံးမဲ့ တောင်တန်း တစ်နေရာ တွင်၊ လျိုဖန်းနှင့် ဝမ်ရန်းဘို တို့မှာ တိုက်ခိုက် ခဲ့ဖူးသည်။
လက်ရည်တူ ဖလှယ် ပြီးနောက်၊ ဝမ်ရန်းဘိုကို ဓားချက် တစ်ချက် ပေးအပ် နိုင်ခဲ့သည်။ ထို့အတူ ဝမ်ရန်းဘို၏ လက်ဖဝါး ရိုက်ချက် တစ်ချက် ကိုလည်း ထိမှန် ခံလိုက် ရသည်။
ဒရာကိုဖီ နည်းစနစ်ကို လေ့ကျင့် ထားသော ဝမ်ရန်ဘိုမှာ လျင်မြန်စွာ သက်သာ သွားခဲ့ သော်လည်း၊ သူက မသက်သာ လှပေ။
လက်ဖဝါးတွင် ကျန်ခဲ့သော ဒဏ်ရာ များကို ချေဖြတ်ရန် နှစ်နှစ် အချိန်ယူ ခဲ့ရသည်။
“ အကြီးအကဲ ဝမ်က ငါ့ကို ဂရုစိုက် နေစရာ မလိုပါဘူး၊ ပြန်ကောင်း နေတာ အတော် ကြာပါပြီ။ "
" ဟုတ်လား အကြီးအကဲလျို မင်းရဲ့ ကျင့်ကြံမှုမှာ တိုးတက်မှု၊ အချို့ ရယူ ထားနိုင် ပုံရတယ်၊ နောက်တစ်ကြိမ် ပြန်စ ကြရအောင်။ "
ဝမ်ရန်းဘိုက ဆိုသည်။
" ငါက မင်းကို ကြောက်နေမယ် ထင်လို့လား။ "
လျိုဖန်းက ဟစ်အော် လိုက်သည်။ သူတို့ နှစ်ဦးသည် ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ သိုင်းသမား ကြီးများ ဖြစ်ကြသည်။
များသော အားဖြင့် သူတို့၏ မြင့်မားသော ရာထူး များကြောင့်၊ တွေ့ဆုံ ချိန် တိုင်းတွင်၊ စကား နိုင်လု အချင်း များတက် ပေသည်။
လူအများက ရန်စောင် နေသော ၎င်းတို့ နှစ်ဦးကို မြင်သော အခါတွင်၊ ဖြစ်ပျက် နေသည့် အရာ များကို၊ ချက်ခြင်း သဘောပေါက် လာကြပြီး၊ ရွှင်မြူးသော အကြည့်ဖြင့် ဆက်လက် ကြည့်ရှု နေခဲ့ ကြသည်။
ဂိုဏ်းနှစ် ဂိုဏ်းကြား အမုန်း တရား များမှာ၊ အမှန် တကယ် ပြင်းထန် ပုံရပြီး၊ မင်းသမီး စံအိမ်၌ပင်၊ တစ်ယောက်ကို တစ်ယောက် တိုက်ခိုက် လိုသည် အထိ၊ ရဲဝံ့ လာကြ လေသည်။
ဧည့်ကြို တာဝန်ခံက မျက်မှောင် ကြုတ်ကာ၊
'' အကြီး အကဲတို့ ...၊ မင်းသမီး လေးရဲ့ မွေးနေ့က မနက်ဖြန်ပါ၊ ဒါကို အခု စံအိမ်ရှေ့မှာ တကယ် ရန်ဖြစ် နေကြ တာလား၊ မသင့်တော် ပါဘူး။ ”
" ဒါဆို မနက်ဖြန်မှ ပြောကြ ရအောင်"
ဝမ်ရန်းဘိုက လှောင်ရယ်ကာ ကိုယ်ရှိန် သပ်သည်။ သူ့ အကြည့်က လင်းယွန် ပေါ်သို့ ကျဆင်း သွားပြီး၊ နက်ရှိုင်းသော အပြုံး တစ်ပွင့်ကို ထုတ်ဖော် လိုက်၏။
"သွားကြ ရအောင်။"
လျိုဖန်းက စိတ် တည်ငြိမ်အောင် ပြန်လည်ထိန်းချုပ် လိုက်ကာ ၊အစေခံ များနောက် လိုက်ပါ သွားသည်။
လင်းယွန်က ထိုအဖွဲ့ ထဲရှိ ဇိုယန်ကို လည်ပြန် လှည့်ကြည့် မိသွားသည်။
နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်သည့် ပုံစံဖြင့်၊ ခေါင်းညိတ်အသိ အမှတ် ပြုလိုက် ကြ၏။
ဂိုဏ်းဆန္ဒ များအရ၊ ကွဲပြားသော ရပ်တည် ချက်များ ရှိသောကြောင့်၊ အချင်းချင်း စကား မပြော နိုင်ကြပေ။
သိပ်မကြာ ခင်မှာပင်၊ သူတို့ တစ်ဦးချင်း စီအား၊ ခြံဝန်းကြီး ထဲရှိ၊ အိမ်ငယ် လေးများ ဆီသို့ လိုက်ပါ ပို့ဆောင်ပေး ခဲ့သည်။
အိမ်ငယ်လေး များမှာ ရေကန် ထဲရှိ စံအိမ် ကြီးကို မျက်နှာမူ တည်ဆောက် ထားသည်။၊ ရေကန် ပတ်ပတ် လည်၌ များပြား လှသော ဧည့်သည်များ ရောက်ရှိ နေပေသည်။
မဟာဂိုဏ်းကြီး လေးဂိုဏ်း၊ အပါ အဝင် မဟာ ချင် အင်ပါယာရှိ၊ ကျော်ကြား သူများ အားလုံး၊ ဖိတ်ကြား ချက်ကို လက်ခံ ရရှိ ခဲ့သည်။
“ ဘယ်လောက် တောင် ထည်ဝါ လိုက်လဲ။”
“ ဂိုဏ်းတပည့် တွေနဲ့ နှိုင်းယှဉ်လို့ မရဘူး၊ မင်းသမီး လေးက တော်ဝင် မျိုးရိုးမှာ အရေးပါတဲ့ ဂုဏ်သရေ ရှိတယ်။”
“ လွန်ခဲ့တဲ့ ငါးရက် ထဲက မွေးနေ့ပွဲ ပြီးပြီ၊ ဒါပေမယ့် ဧည့်ခံပွဲကို လူတိုင်း လာနေ ကြတုန်း ပါပဲ။ ”
“ ဟဲဟဲ ဒီမွေးနေ့ပွဲက စိတ်ဝင် စားစရာ ကောင်းတယ်၊ အစော ကတင်၊ ဓားနန်းတော်နဲ့ ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ အကြီးအကဲ နှစ်ယောက်က၊ ဓားဆွဲလု နီးနီးပဲ။ ”
" မင်းတကယ် ပြောနေ တာလား၊ ဒါဆို မနက်ဖြန်မှာ ပွဲကြီး တစ်ပွဲ ရှိလာမယ် ထင်ပါတယ်၊ ဂုဏ် သိက္ခာ ရှိတဲ့ ဂိုဏ်းလေး ဂိုဏ်းနဲ့ ၊ ကောင်းကင်ဘုံ ချင် အင်စတီကျု တို့ တွေဆုံ မိရင်၊ စိတ်ဝင် စားစရာ တွေတော့ ရှိလာမှာ အမှန်ပဲ။ "
ထိုစကားသံ များကြောင့် လင်းယွန်မှာ ခြေလှမ်း များကို နှေးချ လိုက်ပြီး၊ အတွေးနက် သွားသည်။
မဟာချင် အင်ပါယာ၏ မင်းသမီးသည် သူထင်ထား သည်ထက် ပို၍ သြဇာ ညောင်းပုံ ရ၏။
ရုတ်တရက် သူ့ နောက်ကျော ဆီမှ လူတစ်စု ဖြတ်ကျော်သွား ကြသည်။ ၎င်းတို့၏ အရှိန်အဝါ များကို ခန္ဓာကိုယ် ထဲ၌ ရည်ရွယ်ချက် ရှိရှိ သိုဝှက်စွာ ဖိနှိပ် ထား၏၊
သူတို့ အားလုံးမှာ နက်နဲ သိုင်း နယ်ပယ်၏၊ ဆဋ္ဌမ အဆင့် အထက်တွင်၊ ရှိနေ နိုင်ပေသည်။
ပြေပြစ်သော အသွင် သဏ္ဍာန်ကို ပိုင်ဆိုင် ထားသော လူငယ် တစ်ယောက်ကို ထိုအဖွဲ့အတွင်း၌၊ ထင်းခနဲ တွေ့မြင် လိုက်ရသည်။
ထိုလူငယ်မှာ စကား တစ်ခွန်းမျှ မဆိုခဲ့သော်လည်း၊ လူအများ၏ အာရုံ စိုက်ရာ၊ ဗဟိုချက် ဖြစ်နေဆဲ ပေပင်။
လူတိုင်းက သူနှင့် ယှဉ်ပါလျှင်၊ တစ်နေနေ ရာရာ၌ နိမ့်ကျ မှုများ ရှိနေ ကြပေမည်၊ တစ်ချက်ကြည့်ရုံဖြင့်၊ ထူးခြားသော လူငယ် တစ်ယောက် ဖြစ်ကြောင်း သိသာ လှ၏။
လင်းယွန်က ထို လူငယ်အား ကြည့်ကာ၊ အံ့သြသွားသည်။
“ သခင်လေး လင်း၊ ငါတို့ မင်း နေရမဲ့၊ နေအိမ်ကို ရောက်နေ ပါပြီ။ ”
အစေခံက ဦးညွှတ် ပြုံးပြ လိုက်သည်။
“ ကျေးဇူးတင် ပါတယ်။ "
လင်းယွန်က ခေါင်းညိတ် အသိ အမှတ် ပြုကာ၊ အိမ်ထဲသို့ လှမ်းဝင် လိုက်တော့၏။
တစ်ချိန် တည်းမှာပင်၊ ဖြတ်ကျော် သွားသော အဖွဲ့ ထဲရှိ အဆိုပါ လူငယ်က၊ ရုတ်တရက် မျက်မှောင် ကြုတ်ကာ၊ လှမ်းလက်စ ခြေလှမ်း များအား ရပ်တန့် လိုက်သည်။
သူ့ ယပ်တောင်ကို ဖြန့်ကာ၊ အိမ်ထဲ လှမ်းဝင် သွားသော၊ လင်းယွန်၏ နောက်ကျောအား လှည့်ကြည့် လိုက်လေသည်။
လင်းယွန်ကို အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေ ထဲတွင်၊ သူနှင့် တွေ့ဆုံ ခဲ့သော လူငယ် တစ်ဦး အဖြစ်၊ မှတ်မိ သွားခဲ့သည်။
ထိုအချိန်တွင်၊ ဤလူငယ်သည် သေခြင်း တရားအား လစ်လျူရှုကာ၊ ယွဲ့ဝေဝေကို ဘိုင်လိရွှမ် လက်မှ ကယ်တင် ပြီးနောက်၊ ယင်လေ စီးကြောင်း ထဲသို့၊ ခုန်ဆင်း သွားခဲ့သည်။
သို့သော်၊ ယင်လေ စီးကြောင်း ထဲမှ လွတ်မြောက်ကာ၊ ဓားနန်းတော်သို့ ဝင်ရောက်သွားလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားမိပေ။
ဓားနန်းတော်တွင် ဘိုင်လိရွှမ် ရှိနေ သည်ကို၊ ဤလူငယ်မှာ သဘာဝ အတိုင်း သိရှိ ထား ရပေမည်၊ သို့သော် သူသည် ဓားနန်းတော်သို့ ဝင်ရောက်ရန် ရွေးချယ်ခဲ့ သည်ကြောင့်၊ အံသြ လိုက်မိသည်။
ထိုမျှ မက သူ့အား ပို၍ ထိတ်လန့် သွားစေ သည်မှာ၊ တစ်နှစ် အတွင်း ရှန်ရှင်း နယ်မြေ မှသည်၊ နက်နဲ သိုင်း နယ်ပယ်၏ ဆဋ္ဌမ အဆင့်သို့၊ ရောက်ရှိ လာ ခြင်းကြောင့် ဖြစ်လေသည်။
သည့်အပြင် လင်းယွန် ထံမှ၊ ထွက်ပေါ် လာသော စိတ်ဝိညာဉ် သည်လည်း၊ ကွဲပြား နေကာ၊ သူ့ လက်ထဲရှိ ထက်ရှသော ဓား တစ်လက် ကိုလည်း တွေ့မြင် လိုက်မိသည်။
စီရွှယ်ယီက လင်းယွန်၏ နောက်ကျောကို ကြည့်ကာ ပြုံးလိုက်၏။ ဘိုင်လိရွှမ်မှာ တံခါးပိတ် ကျင့်ကြံ ရာမှ ထွက်လာ ပြီးနောက်၊မည်သို့ တုံ့ပြန် လာမည်ကို သူ သိချင်သွားသည်။
ဓားနန်းတော်၏ လေထုမှာ စိတ်လှုပ်ရှား စရာ ကောင်းလာ လိမ့်မည်ဟု၊ သူ လောင်းကြေးထပ်ရဲ၏။
သည်မွေးနေ့ ပွဲသည် ထင်သ လောက်လည်း ပျင်းရိ စရာ ကောင်းနိုင် တော့မည် မဟုတ်ပေ။
" စီနီယာ အစ်ကို စီရွှယ်၊ ဒီလူကို သိလား။ "
စီရွှယ်ယီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု များကို မြင်ရ ခဲသည်ကြောင့်၊ တပည့်ငယ် တစ်ဦးက အံ့သြစွာ မေးလိုက်သည်။
သူတို့ ဂိုဏ်းရှိ၊ ဤပါရမီ ရှင်သည် တည်ငြိမ် မှုများ ဆုံးရှုံး ရန်မှာ၊ ရှားပါး လှပေ၏။
လနတ်ဆိုး ဗိမ္မာန်ရှိ လူငယ် တိုင်းက၊ စီရွှယ်ယီ၏ အဖြေကို စိတ်ဝင် တစား စောင့်မျှော် နေလေသည်။
“ မဟုတ် ပါဘူး”
စီရွှယ်ယီက ပြုံးကာ ပြန်ဖြေ လိုက်သည်။
***