ရေစီးကြောင်း ။
Vol. 24 Ch. 329
" စီနီယာ အစ်ကို စီရွှယ်၊ ဒီလူကို သိလား။ "
စီရွှယ်ယီ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှု များကို မြင်ရ ခဲသည်ကြောင့်၊ တပည့်ငယ် တစ်ဦးက အံ့သြစွာ မေးလိုက်သည်။
“ မဟုတ် ပါဘူး”
စီရွှယ်ယီက ပြုံးကာ ပြန်ဖြေ လိုက်သည်။ ပြီးနောက် ယပ်တောင်ကို လက်ဖဝါး အတွင်း ဖြန်းခနဲ့ ရိုက်ပြီး လှည့်ထွက် လာခဲ့ လေသည်။
'' သွားရအောင် ။ ''
အစေခံက အိမ်ငယ် လေး၏ တံခါးအား တွန်းဖွင့် လိုက်ပြီး၊
'' ဒီခြံကို 'ဆောင်းဦး ရွက်ကြွေ' လို့ ခေါ်တယ်၊ ပြတင်းပေါက် တိုင်းက ရေကန်ကို မျက်နှာမူ ထားပြီး၊ ညဘက်မှာ လမင်းကို ခံစား နိုင်တယ် .... ''
'' ဒီ အိမ်ငယ်လေး တွေက မင်းသမီး စံအိမ်မှာ၊အကောင်းဆုံး နေရာ ထိုင်ခင်းပဲ၊ ဒါပေမယ့် တစ်ခုခု အဆင် မပြေတာ ရှိရင် ...၊ အကြောင်း ကြားလို့ ရပါတယ်၊ နောက်ထပ် တစ်နေ ရာကို ပြောင်းပေး နိုင်တယ်။ ''
ဟု ပြုံးကာ ဆိုသည်။
" အဆင်ပြေ ပါတယ်၊ ငါ ကျေနပ် ပါတယ်။
ခရီးကြမ်း များကို လင်းယွန်က မကြာ ခဏ ထွက်နေ တက်သည် ဖြစ်ရာ၊ နေရာ ထိုင်ခင်းများ အတွက်၊ ဇီဇာ ကြောင်ခြင်း မရှိ တော့ပေ။
'' ဒါဆို သခင်လေး အတွက် ဒီနေရာကို ငါရှင်းလိုက် တော့မယ်။ ''
ဟု အစေခံက ဆိုပြန်သည်။
" ရတယ် မလို ပါဘူး၊ ငါကိုယ်တိုင် လုပ်လိုက်ပါ့မယ်၊ တစ်ခုခု လိုအပ် မှသာ ဆက်သွယ် လိုက်မယ်။ ''
လင်းယွန်၏ စကားကြောင့် အစေခံက၊ အတင်း အကြပ် မလုပ်ဆောင် တော့ဘဲ၊ အပြုံးဖြင့် နှုတ်ဆက် ထွက်ခွာ သွားသည်။
အိမ်ကို သန့်ရှင်းရေး လုပ်ပြီးနောက်၊ လတ်ဆက်သော လေကို ရှူရှိုက် လိုက်၏။ လေထုထဲ၌ ပန်းရနံ့ များပင် ပါရှိ နေသည်။
ပြတင်းပေါက် ဘေးရှိ ထိုင်ခုံ တစ်လုံးတွင်၊ ဝင်ထိုင်ကာ၊ ကန်ရေပြင်ကို ငေးကြည့်လျက်၊ ငြိမ်သက် သွားသည်။
သူသာ မမှား ပါလျှင်၊ အစောပိုင်း လူငယ်မှာ၊ အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေတွင် ဘိုင်လိရွှမ်နှင့် အတူ၊ ယွဲ့ဝေဝေအား လိုက်ဖမ်း ခဲ့သော စီရွှယ်ယီ ဖြစ်ရ ပေမည်။
ထိုလူငယ်မှာ သန်မာလွန်း လှပြီး၊ ယင်း အချိန်က ၎င်း၏ တိုက်ခိုက်မှု သုံးကြိမ် ကိုပင်၊ မခုခံ နိုင်ခဲ့ပေ။
ယင်လေ စီးကြောင်း ထဲတွင်၊ သေဆုံး လုနီးပါး ထွက်ပြေး ခဲ့ရ သည်ကို၊ သူ မှတ်မိ နေသေးသည်။
ယခုမူ သူတို့ နှစ်ယောက် လုံးမှာ၊ မင်းသမီး၏ မွေးနေ့ ပွဲသို့ ဖိတ်ခေါ်ခြင်း ခံရသော အဆင့်ထိ၊ တက်လှမ်း နိုင်ခဲ့သည်။
တစ်ချိန်က ကွာဟချက် များမှာ၊ ကျဉ်မြောင်း လာခဲ့ပြီး၊ နှစ်နှစ် အတွင်း စီရွှယ်ယီနှင့် တူညီသော ခွန်အားကို ရယူ ထားနိုင်သည်။
ကံကြမ္မာက တကယ့်ပင်၊ လျှို့ဝှက် ဆန်းကြယ် လှ၏။
"အစ်ကိုကြီးလင်း "
ရုတ်တရက် ချွဲနွဲ့သော ခေါ်သံကြောင့်၊ အတွေး ထဲမှ လန့်နိုးသွားသည်။ တံခါး ဝသို့ လှည့်ကြည့် လိုက်ရာ၊ ကောင်မလေး တစ်ယောက် လျှောက်လှမ်း လာသည်ကို တွေ့လိုက် ရ၏။
လင်းယန်။ သူ့နောက်တွင် လူအနည်းငယ် နှင့်အတူ၊ သူမက ပြုံးလျက် နှုတ်ဆက်လာ လေသည်။
လင်းယွန်က သူမ နောက်ရှိ ထိုလူစုကို တစ်ချက် အကဲခတ် ကြည့်လိုက်သည်။ ဤလူများသည် ကောင်းကင်ဘုံ ချင် အင်စတီကျုမှ တပည့်များ ဖြစ်သင့် ပေမည်။
တော်ဝင် မိသားစုက၊ သိုင်း သင်တန်း ကျောင်းကို တည်ထောင် ခဲ့ပြီး၊ ထိုကျောင်းတွင် မျိုးနွယ်စု အသီးသီးမှ ဆင်းသက် လာသော အထက်တန်းစား များစွာ ရှိသည်။
ချင် အင်စတီကျုကို ဖွင့်စတွင်၊ ဂုဏ်သိက္ခာ ရှိသော မျိုးနွယ် စုကြီး လေးစုထက်၊ နိမ့်ပါးခဲ့ သော်လည်း၊ အလွန် လျင်မြန်စွာ ဖွံ့ဖြိုး လာခဲ့သည်။
လင်းယန်နှင့် ထိုသင်တန်း ကျောင်း၏ တပည့်များကို၊ အတူ တွဲမြင် ရသည်အား သူ မအံ့သြ မိပေ။ ပြီးနောက် လင်းယန်မှာ လင်း မျိုးနွယ်မှ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်သည်။
ထို့ကြောင့် သူမသည် ချင် အင်စတီကျု၏ တပည့် များနှင့်၊ သဘာဝ ကျကျ သိကျွမ်း နိုင်ပေသည်။
'' မတွေ့ ရတာ အတော် ကြာပြီနော်၊ အထိုင် ချပြီး တာနဲ့၊ လင်း မိသားစုဆီ လာခဲ့ မလို့ ပါပဲ။ ''
ဟု လင်းယွန်က ဆိုသည်။ သူမ၏ အပြု အမူ များကြောင့်၊ သူ၌ အကောင်းမြင် စိတ်များ တိုးတက် လာခဲ့သည်။
လင်းယန်တွင် ရင့်သီးသော စိတ်နေ စိတ်ထားများ ရှိနေ သော်လည်း၊ နှလုံးသားမှာ အတော်ပင်၊ ဖြူစင် ပေ၏။
သူမသည် ကောက်ကျစ်သော လူ တစ်ယောက် မဟုတ် သောကြောင့်၊ လင်းယွန်က အေးစက် နေစရာ မလိုပေ။
လင်းယန်၏ မျက်နှာတွင် အပြုံး များဖြင့် ဖုံးလွှမ်း သွားကာ၊ မျက်လုံးများ မှေးစင်း သွားခဲ့သည်။ သူမက၊
" ဟီးဟီး၊ မင်းသမီး စံအိမ်ရဲ့ ဧည့်သည် စာရင်းကို ကြည့်ပြီး၊ ဒီကို လာခဲ့ တာပဲ။ "
ပြုံးလိုက်သော အခါတွင် သူမ၏ မျက်နှာတွင်၊ ကြည်နူး နေသော အပျော်များ ပြည့်နှက် လာကာ၊ ချစ်စရာ ကောင်းလှ လေသည်။
လင်းယန်က မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲ အပြီးတွင် လင်းယွန်ကို ပြန်တွေ့ လိုခဲ့သည်။
" မင်းအစ်မ မပါ ဖူးလား။ "
'' ငါ့အစ်မကြီးက လူစု လူဝေးကို မကြိုက်တဲ့အတွက် မလာဘူး၊ ဒါ့ကြောင့် သူ့ အစား နှုတ်ခွန်းဆက် စကား ပေးပို့ ခိုင်းလိုက် တာပါ။ ''
'' ရပါတယ်၊ သူ့ကို မတွေ့လို့ မေးကြည့် ရုံပါ။ ''
လင်းယန်နှင့် လင်းယွန်တို့ စကားစမြည် ပြောနေ ကြစဉ်၊ သင်တန်းကျောင်း၏ တပည့်များက၊ ရပ်လျက် ငြိမ်သက် နေခဲ့ ကြသည်။
လင်းယန်က သူတို့ကို မိတ်ဆက် ပေးခြင်း မရှိသောကြောင့်၊ လင်းယွန်က အသိ အမှတ် ပြုလာခြင်း မရှိသည့် အပေါ်၊ အပြစ် မတင် နိုင်ပေ။
သို့သော် လင်းယန်၏ အမူအရာကို မြင်လိုက်သော အခါတွင်၊ သူတို့၏ မျက်လုံးများ ပြူးကျယ် သွားကုန်သည်။
လင်းယန်သည် သူမ၏ ထက်မြက်သော လျှာကြောင့် နာမည် ကြီး၏။ သူမ အစ်မ မှလွဲ၍၊ မည်သူ့ ကိုမျှ၊ ယဉ်ကျေးစွာ မဆက်ဆံ ဖူးပေ။
မျက်နှာ မကြည့်တမ်း ဝေဖန် ရသော်၊ လင်းယန်မှာ ယဉ်ကျေး သိမ်မွေ့သူ တစ်ယောက် မဟုတ်ပေ။
ထို့ကြောင့် လူငယ် တစ်ဦး အပေါ်၊ ယဉ်ကျေး ပြနေသော လင်းယန်ကို မြင်လိုက် ရသော အခါ၊ မနာလို စိတ်များ ဖြစ်လာ ခဲ့ရသည်။
သူတို့ အုပ်စုက သူမနောက် တကောက်ကောက် လိုက်နေ ခဲ့သော်လည်း၊ လင်းယန်က သူတို့ကို ကောင်းကောင်း မဆက်ဆံ ခဲ့ပေ။
" မင်းက ညီမလေး လင်းယန်ရဲ့၊ စီနီယာ အစ်ကို လင်းယွန်လား။ "
နောက်ဆုံးတွင် လျစ်လျူရှု ခံရ ခြင်းကို သည်းမခံ နိုင်တော့သည့် အနေ အထားသို့၊ ရောက်ရှိ သွား ခဲ့သော လူငယ် တစ်ဦးက၊ လင်းယွန်အား နှုတ်ဆက် စကား လှမ်းပြော လိုက်သည်။
" ဟုတ်ပါတယ်၊ ငါ မင်းကို ဘယ်လို ခေါ်ရ မလဲဲ။ "
လင်းယွန်က လူငယ်ကို တစ်ချက် လှမ်းကြည့် လိုက်၏။ ထုတ်လွှတ် ထားသော ရောင်ဝါကို အခြေခံ၍ သူ၏ ကျင့်ကြံမှုမှာ၊ အဋ္ဌမ အဆင့်တွင် ရှိကြောင်း သိလိုက် ရသည်။
တန်တုံထက် နိမ့်ကျခြင်း မရှိသည့် အပြင်၊ ရှင်းယန် ကိုပင်၊ မှီလု မှီခင် ဖြစ်နေ ခဲ့သည်။ သို့သော် လင်းယွန်က တစ်ချိန်လုံး သူ့အား သတိ မထား မိခဲ့ပေ။
" ချင်းကျိ "
လူငယ်က ဂုဏ်ယူ ဝင့်ကြွား စွာဖြင့်၊ သူ့နာမည်ကို ကြေငြာ လိုက်သည်။ လေသံတွင် မာန် မာနများ ပြည့်နေပြီး၊ သူ့ကိုယ်သူ အတော်ပင် ယုံကြည် နေပုံ ရ၏။
လင်းယွန်က သူ့ အကြောင်းကို ကြားဖူးလိမ့်မည်ဟု တွက်ဆ ထားခဲ့သည်။
.သို့သော် သူ့ နာမည်ကို ကြား ပြီးနောက်၊ လင်းယွန်၏ မျက်နှာတွင်၊ ပြောင်းလဲမှု တစ်စုံ တစ်ရာ မတွေ့ လိုက်ရ သည်ကြောင့်၊ အဆင် မပြေသည့် အနေ အထားဖြင့်၊ အီလည်လည် ဖြစ်သွား ခဲ့သည်။
လင်းယွန်က တမင် အရှက် ခွဲခြင်း မမည်ပေ။
နတ်ဆိုး ဗိမ္မာန်က ဖန်ဟိုယု၊ ရှေးဟောင်း တာအို ဂိုဏ်းက ယုဝမ်ဘို၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက ဝမ်ဟန်နှင့် ရှင်းယန်၊ တို့ကဲ့ သို့သော သခင် လေးပါးမှ လွဲ၍၊ လူ အနည်းငယ် ကိုသာ သိရှိ ထားပေသည်။
တတိယ အလွှာရှိ လူတိုင်းအား မှတ်ယူရန် စိတ်မဝင် စားပေ၊ အမြင့်ဆုံး ကျော်ကြား သူများ ကိုသာ သူ သိသည်။
" မင်း သူ့နာမည် မကြား ဖူးဘူးလား၊ အရေး မကြီး ပါဘူး၊ ငါ့ရဲ့ အစ်ကိုကြီး ချင်းက၊ မနက် ဖြန်မှာ၊ မင်းရဲ့ ဂိုဏ်းက ရှင်းယန်ကို စိန်ခေါ်ပြီး၊ သခင် လေးပါး ထဲကနေ ... ၊ ဖယ်ထုတ် လိမ့်မယ်၊ ဒါဆို ဓားနန်းတော်က အရှက် ရပြီး တဲ့နောက်၊ သူ့နာမည်ကို မင်းသိ လာမှာပါ၊ ''
ချင်းကျိ၏ အဖော် များက လင်းယွန်၏ ဥပေက္ခာကို မြင်သော အခါ၊ မခံချင် စိတ်ဖြင့် လှောင်ပြောင် လိုက်ကြသည်။
'' ဘယ်လို လေသံနဲ့ ပြောနေ တာလဲ၊ ဘယ်သူက ဓားနန်းတော်ကို အရှက် ခွဲဖို့၊ ကြိုးစားချင် နေတာလဲ။ "
လင်းယန်၏ မျက်နှာမှာ ချက်ချင်း အေးစက် သွားသည်။
ဝင်ရောက် ပြောဆို လိုက်သော သူက၊ သူ မှားယွင်း သွားကြောင်း သိလိုက်၏။ သူ့ မျက်ဝန်း များတွင် ကူကယ်ရာမဲ့ ဟန်ဖြင့်၊ တိတ်ဆိတ် သွားသည်။
ချင်းကျိက အစား ဝင်ရောက် ပြောဆို ပေးသော လူငယ်မှာ၊ ဒုက္ခရောက် နေသည်ကို သူ သိသော်လည်း၊ မကူညီ နိုင်ခဲ့ပေ။
လင်းယန်သည် ဓားနန်းတော်မှ တပည့် တစ်ဦး ဖြစ်သောကြောင့်၊ ဂိုဏ်းကို အရှက် ရစေ ခြင်းသည် သူမကို အရှက်ရ စေသည်နှင့်၊ အတူတူ ပေပင်။
'' အစ်ကိုကြီး လင်း၊ ငါ အရင် အနားယူ လိုက်မယ်၊ ဒီလူတွေက မင်းကို စိတ်အနှောက် အယှက် ဖြစ်စေ ခဲ့ပုံပဲ၊ သူတို့ကို မြင်နေ ရတာ အဆင် မပြေ နိုင်ဖူးလို့ ထင်ပါတယ်။ ''
လင်းယန်၏ မျက်လုံး များတွင်၊ အပြစ်ပြု လုပ်မိ သကဲ့သို့၊ နောင်တရ သွားဟန် ရှိသည်။
ဝင်ရောက် ပြောဆို လာသော လူငယ်သည်၊ သူမ၏ ကောင်းမွန်သော စိတ်အာရုံကို ပျက်ပြား သွားစေ သည်ကြောင့်၊ ဤနေရာတွင် ဆက် မနေချင် တော့ပေ။
'' နှုတ်ဆက် ပါတယ်။ ''
ချင်းကျိက လင်းယန် နောက်သို့ မလိုက်ခင်၊ လင်းယွန်အား နက်နက် နဲနဲ တစ်ချက် ကြည့် လိုက်သည်။ မျက်ဝန်များ အတွင်း ထဲ၌ သတ်ပစ် လိုသော ဆန္ဒများ တိမ်မြုပ် နေခဲ့သည်။
ကောင်းစွာ ဖုံးကွယ် ထားနိုင် သည်ဟု သူထင်ခဲ့ သော်လည်း၊ လင်းယွန်က ၎င်းကို သတိပြု မိသည်။
တန်တုံ ပြောသည် များမှာ မှန်ပုံ ရ၏။ ရှင်းယန် အပါ အဝင်၊ တတိယ အလွှာရှိ သခင်လေးပါးသည် မနက်ဖြန် ပွဲ၌ ကြီးမားသော ဖိအားပေး ခံရ နိုင်ဖွယ် ရှိသည်။
ကျော်ကြားမှု များသည် ၎င်းတို့၏ ခွန်အား အတွက်၊ အရင်း အမြစ်များ အပေါ် ကိုယ်စားပြု သောကြောင့်၊ ယင်း အတွက် တိုက်ပွဲ ဝင်လို ကြသူများ ရှိသည်။
ကျော်ကြားမှုသည် ၎င်းတို့၏ ကျင့်ကြံမှု လမ်း၌၊ တစ်စိတ် တစ်ပိုင်း အထောက် အကူ ဖြစ်လာ မည်မှာ၊ မလွဲ မသွေပင် ဖြစ်သည်။
ချင်းကျိက လင်းယန်နောက် အမှီ ပြေးသွားကာ ပြုံးရယ် လိုက်ပြီး၊
" ညီမငယ် လင်းယန်၊ ငါ မင်းကို ခြံထဲမှာ လိုက်ပြ စရာ ရှိသေးတယ်၊ ဘာလို့ အလျင်လို နေတာလဲ။ ''
" မင်း ဘာသာ သွားလိုက်ပါ၊ ငါစိတ်မဝင် စားတော့ဘူး။ "
လင်းယန်က မျက်လုံးပြူး ပြကာ၊ ထွက်သွား ခဲ့လေသည်။
ထိုဖြစ်ရပ် များကြောင့်၊ ဝင်ရောက် ပြောဆို မိသော တပည့်မှာ၊ ချက်ခြင်း စိတ်လှုပ်ရှား လာသည်။ သူက ဤပြဿနာ များ၏ အစ ပျိုးရာ ဖြစ်ပေသည်။
ချင်းကျိသည် ချင် အင်စတီ ကျုတွင် နာမည် ကောင်း မရှိပေ။ သူ၏ အရည် အချင်းနှင့် ရက်စက်ခြင်း များကြောင့်၊ လူသိများ ပေသည်။
ဆိုလို သည်မှာ သူ့ကို စော်ကားမိ သူတိုင်း ရလဒ် ကောင်းများ ရနိုင်မည် မဟုတ်ပေ။
လင်းယန် ထွက်သွား သည်ကြောင့်၊ ချင်အင်စတီကျု၏ အခြားသော တပည့် များက ငြိမ်သက်သွား ကြသည်။
လျှာရှည် မိသော လူငယ်၏ စကားများက ချင်းကျိကို၊ စိတ်အနှောက် အယှက် ဖြစ်စေ ခဲ့ပုံ ရ၏။
သို့သော် ချင်းကျိက သူ့ မျက်လုံး များကို မှိတ်ချ လိုက်ပြီး၊ လက် ဝှေ့ယမ်း ပြကာ၊ "ထွက်သွား" ဟု၊ အော်ဟစ် လိုက်လေသည်။
တပည့်များက စိတ်သက် သာရာ ရသွားပြီး၊ အလျင် အမြန် နှုတ်ဆက်ကာ၊ ထွက်ခွာ သွားလိုက် ကြ၏။
'' စီနီယာ အစ်ကိုချင်း။ ''
အော်ဟစ် နှုတ်ဆက် သံနှင့် အတူ၊ လူငယ် တစ်ယောက် ရုတ်တရက် ထွက်ပေါ် လာသည်။
ထိုလူငယ်ကို မြင်သည်နှင့် ချင်းကျိ မျက်နှာ ပေါ်၌ အပြုံး တစ်ပွင့် ဖြစ်ပေါ် လာကာ၊
" အစ်ကို လင်းလန် မင်းဒီကို ဘယ်တုန်းက ရောက်လာ တာလဲ။ ''
ဤလူငယ်သည် လင်းယန်၏၊ ဝမ်းကွဲ အစ်ကိုကြီး လင်းလန် ဖြစ်သည်။
တစ်ချိန်က ဘိုင်ချူးဟွေ၏ သက်တော်စောင့် ခရီး စဉ်တွင် လင်းယွန်နှင့်၊ မကျေ မလည် ဖြစ်ခဲ့ ဖူးသူ ဖြစ်သည်။
လင်းယွန်၏ အနိုင်ယူ ခြင်းကို ခံရ ပြီးနောက်၊ လက်စား ချေရန် အခွင့် အရေးကို ကြိုးစား ရှာဖွေ နေခဲ့သည်။
ဓားနန်းတော်သို့ အပြန် လမ်းတွင် သတ်နိုင် မည်ဟု အစော ပိုင်းက၊ သူ ထင်ခဲ့ သော်လည်း၊ ၎င်းတို့၏ ခွန်အားကြား ကွာဟ ချက်မှာ၊ ပို၍ ပို၍ တိုးလာ ခဲ့သည်။
နောက်ဆုံးတွင် လင်းယွန်၏ ကျောကိုသာ ရပ်ကြည့် နေခဲ့ ရ၏။
" ဟား ဟား ဟား ငါ့ ဦးလေးက မင်းရဲ့ အရည် အချင်းကို သဘော ကျကောင်း ကျနိုင် ပေမယ့်၊ ငါ့ ဝမ်းကွဲ ညီမက သူ့ကို သဘောကျ နေပြီ၊ လင်းမိသားစု ထဲကို ဝင်ဖို့၊ မင်းမှာ မျှော်လင့်ချက် မရှိ တော့ဘူး။ ''
'' ညီမငယ် လင်းယန်က လင်းယွန်နဲ့ ရင်းနှီး နေရုံပါ၊ ပြီးတော့ လင်းယွန်က၊ ဓားနန်းတော်ရဲ့ အရေး ကြီးဆုံး၊ တပည့် တစ်ယောက် ဖြစ်နေ တာကြောင့်၊ လင်း မိသားစုထဲ ဝင်ပြီး၊ သူ့ကိုယ်သူ နှိမ့်ချ နေစရာ မလိုပါဘူး။ ''
ချင်းကျိက သူ့ အမြင်ကို ပြုံးကာ၊ ဆိုလိုက်သည်။
'' ဟား ဟား ဟား ... ''
လင်းလန်က လှောင်ပြောင် ရယ်မော လိုက်ပြီး၊
'' သူက လင်းမျိုးနွယ် ထဲကို မ၀င်ချင် ပေမယ့်၊ တစ်ယောက် ယောက်က၊ သူ့ အပေါ် တွယ်ကပ် လွန်းနေရင် ဘာဖြစ် မလဲ၊ အထူး သဖြင့် လင်းမိသားစု သခင်မ လေးရဲ့၊ သွေးဆောင်မှုကို ဘယ်သူက ငြင်းဆန် နိုင်မှာလဲ၊ ကိုယ့်ကိုယ်ကို လိမ်ဖို့ မကြိုး စားချင် စမ်းပါနဲ့။ "
လင်းလန်၏ စကား များက၊ ချင်းကျိ မျက်နှာကို၊ ပြောင်းလဲ သွားစေ ခဲ့သည်။ သူက လင်းယွန် ဝင်သွားသော အိမ်ငယ် ဆီသို့၊ လှမ်းကြည့်ကာ၊ အတွေး နက်သွားသည်။
လင်းယန်၏ အစောပိုင်း အပြုအမူ များအရ၊ လင်းလန် ပြောသော စကား များမှာ၊ အဓိပ္ပါယ် ရှိပေသည်။
ရုတ်တရက် သူ့ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားပြီး၊ လင်းလန်ကို ပြန်လှည့် ကြည့်ကာ၊
"ဘာလို့ ဒီလို ပြောရ တာလဲ၊ မင်းနဲ့ လင်းယွန်ကြားက ရန်ငြိုးကြောင့်၊ သူ့ကို ဖယ်ရှားဖို့၊ မင်းက ငါ့ကို အသုံး ပြုချင် နေတာလား။ "
'' မင်းကြိုက် သလို တွေးလို့ ရတယ်၊ လင်းယွန်က မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ၊ လင်ယန်ကို အကြိမ်ပေါင်း များစွာ ကယ်တင် ခဲ့တယ်လို့၊ ဓားနန်းတော်မှာ ရှိတဲ့ ငါ့ သူငယ်ချင်း ဆီက သတင်း ကြားထားတယ်။ ''
လင်းလန်က သူ့ အတွေး များကို ဖော်ထုတ် ခံလိုက်ရ သော်လည်း၊ စိုးရိမ် ထိတ်လန့် သွားခြင်း မရှိ။
စကားဆုံး သည်နှင့် ထွက်ခွာ သွားသော၊ လင်းလန်၏ နောက်ကျောကို ကြည့်ကာ၊ ချင်းကျိက ရယ်မော လိုက်သည်။
လင်းလန်သည် လင်း မိသားစုမှ၊ တိုက်ရိုက် ဆင်းသက် လာသူ ဖြစ်သော်လည်း၊ လင်းယွန် တစ်ဦး ကိုပင်၊ မကိုင်တွယ် နိုင်သော အမှိုက် တစ်စသာ ဖြစ်သည်။
လင်းယွန်သည် ချင်းကျိ ကိုယ်တိုင် လှုပ်ရှားရန်၊ မထိုက်တန် သေးပေ။ လင်းယွန်၏ ကျင့်ကြံမှုမှာ ဆဌမ အဆင့် ၌သာ၊ ရှိနေ သေးသည်။
သူ၏ စစ်မှန်သော ရည်ရွယ်ချက်မှာ၊ ရှင်းယန်ကို ဖြုတ်ချရန် ဖြစ်သည်။
သို့သော် အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊ ခဏ အကြာတွင် ချင်းကျိ၏ မျက်လုံး များ၌ အေးစက်သော အလင်း ရောင်များ တောက်ပ လာလေသည်။
'' ငါ့ကို အပြစ် မတင် ပါနဲ့၊ ငါ့လမ်းမှာ လာရပ် နေမိတဲ့ မင်းကိုယ် မင်းသာ အပြစ်တင် လိုက်ပါ။ ''
***