← Chapters

ရှန်ရှင်း ဓားရည်ရွယ်ချက်။

Vol. 24 Ch. 330

ရှန်ရှင်း ဓားရည်ရွယ်ချက်။

Vol. 24 Ch. 330

လင်းယွန်သည် ချင်းကျိ ကိုယ်တိုင် လှုပ်ရှားရန်၊ မထိုက်တန် သေးပေ။

သို့သော် အနည်းငယ် တုံ့ဆိုင်း သွားပြီးနောက်၊ ခဏ အကြာတွင် ချင်းကျိ၏ မျက်လုံး များ၌ အေးစက်သော အလင်း ရောင်များ တောက်ပ လာလေသည်။

'' ငါ့ကို အပြစ် မတင် ပါနဲ့၊ ငါ့လမ်းမှာ လာရပ် နေမိတဲ့ မင်းကိုယ် မင်းသာ အပြစ်တင် လိုက်ပါ။ ''

မိုကုတ် စက်ဝိုင်း ကြီးထံမှ တရွေ့ရွေ့ မြင့်တက် လာသော လမင်း ကြီးက၊ အေးမြသော ရောင်ခြည်ကို အစွမ်းကုန် ထုတ်လွှတ် နေသည်။

ရေကန် ပေါ်တွင် ဖြတ်တိုက် သွားသော လေညှင်းကြောင့် ငွေရောင် လှိုင်းကြပ်ခွပ် များက၊ ရေကန် အနှံ့ ဥဒဟို ပြေးလွှား နေပေ၏။

လင်းယွန်၏ မျက်လုံးများ ဖြည်းညှင်းစွာ ပြန်ပွင့် လာသည်။

ရှေးဦးကျမ်း ဖြင့် သူ၏ မူလ စွမ်းအင် များကို၊ ကန့်သတ် သန့်စင် ပြီးနောက်၊ မျက်ဝန်း များက၊ ကျောက်မျက် တစ်စုံလို၊ တောက်ပ လာသည်။

ကျန်ရှိ နေသော စွမ်းအင် များဖြင့်၊ သတ္တမ အဆင့်သို့ ထိုးဖောက် ဝင်ရောက် ရာတွင်၊ အဟန့် အတား ဖြစ်မည် မဟုတ်ပေ။

နဂါး မီးလျှံ သစ်သီးဖြင့်၊ ဆဋ္ဌမ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိ လာခဲ့ သော်လည်း၊ အခြေခံ အုတ်မြစ်မှာ မတည်ငြိမ် ခဲ့ပေ။

ဤသည်မှာ သူ၏ မူလ စွမ်းအင်ကို ရှေးဦးကျမ်းဖြင့်၊ ပိတ်ဆို့ ချုပ်နှောင်ထား ရသည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။

နဂါး မီးလျှံ သစ်သီးသည် မဟာချင် အင်ပါယာတွင် ရှားပါးသော သဘာဝ ရတနာ ဖြစ်သည်။

ထိုပွဲ၌ ပြဿနာ များစွာဖြင့် ပါဝင် ပတ်သက် ခဲ့ရ ပြီးနောက်၊ ရရှိ လာလိမ့် မည်ဟု သူ မထင် ထား မိခဲ့ပေ။

ပါရမီရှင် ရှစ်ပါးတွင် ခိုင်မာသော နောက်ခံ ရှိသော်လည်း၊ နဂါး မီးလျှံ သစ်သီးကို ရယူရန်၊ ကံကောင်း ခြင်းများ၊ လိုအပ် နေသေးသည်။

လရောင် ရေစင်ဓား နည်းစနစ်ကို ထုတ်ယူကာ၊ ပြီးမြောက်ရန် မျှော်လင့် မိသည်။

ဓားနန်းတော်တွင် ဤဓားရေး နည်းစနစ်သည်၊ အနိမ့် ကျဆုံး ဓားနည်းစနစ် တစ်ရပ် ဖြစ်သည်။

မကြာမီပင် သူ့ကိုယ်သူ ပျောက်ဆုံး သွားခဲ့ ပြီးနောက်၊ သူက အတား အဆီး တစ်ခု ထဲသို့ ပြေးဝင် သွား ခဲ့သည်။

သတိရ ပြန်ရ လာသော အခါတွင်၊ သံသယ စိတ်ဖြင့် မျက်မှောင်ကြုတ် မိ၏။

ပြတင်း ပေါက်မှ လရောင် ဝင်ရောက် လာ သည်ကြောင့်၊ အခန်း ပတ်ပတ် လည်အား ပြတ်ထင်စွာ တွေ့မြင် လိုက်ရသည့် အပြင်၊ ကန်စပ်၌ ယိမ်းနွဲ့ ကခုန် နေသော မက်မွန်ပင် များကိုလည်း၊ ရိုးတိုး ရိပ်တိတ် လှမ်းမြင် နိုင်သည်။

လ နှစ်စင်း အပြိုင်လင်း နေသော မြင်ကွင်းက သူ့ကို ညို့ယူ ထား၏။

သည်ရေကန်သည် သာမာန် ရေကန် တစ်ကန်မဟုတ်ကြောင်း သူ ခံစား မိသည်။ အစေခံ ပြောတာ မှန်ပေ၏။

ဤအိမ်ငယ်သည် အမှန် တကယ်ပင်၊ လကို ကြည့်ရန် အကောင်းဆုံး နေရာ ဖြစ်သည်။

ရုတ်တရက် လင်းယွန်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။ သူက လက်ကို ဝှေ့ယမ်းပြီး လှမ်းခေါ် လိုက်၏။

'' ဓား ...... ''

ဓားသေတ္တာ ရုတ်တရက် ပွင့်လာပြီး ပန်းသင်္ချိုင်း ဓားက ပျံထွက် လာသည်နှင့်၊ ဆွဲကိုင် လိုက်ကာ၊ လရောင် ရေစင် ဓား၏ အနှောင့် အယှက် ပေးနေသော ပြဿနာ များကို၊ ဖြည်းညှင်းစွာ ဖြေရှင်း မိသည်။

လင်းယွန် ထံမှ စူးရှသော ဓားတစ်လက် တဟုန်ထိုး ပြေးထွက် သွားသည်။ ၎င်းသည် ပိုးအိမ် အတွင်းမှ ထိုးဖောက် လာသော လိပ်ပြာ တစ်ကောင် ကဲ့သို့ လွတ်လပ်မှုကို အပြည့် အဝ ခံစား လိုက်ရသည်။

တစ်ချိန်တည်း မှာပင် တိမ်တိုက် များက လကို ဖုံးလွှမ်း သွား၏။ ပတ်၀န်းကျင် တစ်ခုလုံး လရောင် ပျောက်ကွယ်သွား သောကြောင့်၊ အမှောင်ကျ သွားသည်။

ရုတ်တရက် တစ်စုံ တစ်ရာကို အမှောင် ထဲ၌ ဖမ်းဆုပ် လိုက်မိ သည်ကြောင့်၊ ပန်းသင်္ချိုင်း ဓားအား လွှဲယမ်း လိုက်မိ၏။

ကြောက်မက်ဖွယ် ကောင်းသော ဓား ရည်ရွယ်ချက်သည် လင်းယွန် ထံမှ လေကဲ့သို့ လွတ်မြောက် သွားပြီး၊ မက်မွန်ပင် များကို ယိမ်းနွဲ့ သွားစေ ခဲ့သည်။

တစ်ချိန် ထဲမှာပင်၊ အနီးနား ခြံဝင်း များတွင် နားခို နေကြသော အကြီးအကဲ များက၊ မျက်လုံးများ ပွင့်လာ ကြ၏။

ရုတ်တရက် ပြင်းထန်သော ဓား ရည်ရွယ်ချက်ကို ခံစား ရသည်။ ဓား ရည်ရွယ်ချက်မှာ ကြည်လင်သော ရေ ကဲ့သို့ နူးညံ့ပြီး၊ လ ကဲ့သို့ ဖြူစင် ပေ၏။

၎င်း၏ လားရာကို ရှာဖွေရန် ကြိုးစား လိုက်သည့် အချိန်တွင်၊ ငြိမ်သက် ပျောက်ကွယ် သွားသည်။

“ ဘယ်လောက် တောင် အစွမ်းထက် လိုက်တဲ့ ဓား ရည်ရွယ်ချက်လဲ၊ သူက သန္ဓေ တည်ခြင်း အဆင့်ကို ထိတွေ့ သွားပုံပဲ၊ မဟာချင် အင်ပါယာမှာ၊ ဒီလောက် ကြီးကျယ် ခမ်းနားတဲ့၊ ပါရမီရှင် တစ်ယောက်၊ ဘယ်အချိန် ကတည်းက ရှိနေ ခဲ့တာလဲ။ ”

မီးခိုရောင်ဝတ် အကြီး အကဲ တစ်ဦးက၊ တိုးဖွဖွ ရေရွတ် လိုက်ပြီး၊ လင်းယွန် တည်းခိုနေသော အိမ်ငယ် လေး ဆီသို့၊ သူ့ အကြည့် များကို ပို့လွှတ် လိုက်သည်။ ပြီးနောက် သူ့ မျက်လုံး များကို ပြန်ပိတ် ထား လိုက်၏။

အိမ်ငယ်များ အတွင်းရှိ လူအများ အပြား သည်လည်း၊ ဓား ရည်ရွယ်ချက်ကို ခံစားမိ ကြသည်။

သို့သော် အနက်ဝတ် အကြီးအကဲ သည်သာ၊ လင်းယွန်ထံ တည့်တည့် မတ်မတ် ကြည့်ရှု နိုင်ခဲ့သည်။

လင်းယွန်က သူ့ဓားကို ရုတ်သိမ်း လိုက်ပြီး၊ အသက် ပြင်းပြင်း ရှူလိုက်သည်။

မျက်လုံးများ ကြည်လင် လာကာ၊ လရောင် ရေစင် ဓားတွင် ရင်ဆိုင် နေရသော ပြဿနာကို၊ နောက်ဆုံး၌ နားလည် သွားခဲ့သည်။

သို့သော် ၎င်းကို ပြီးမြောက် အောင်မြင်ရန် အချိန်ယူ ရပေ ဦးမည်။

" ငါ့ရဲ့ ဓား ရည်ရွယ်ချက်က တိုးတက် လာပုံပဲ။ "

လင်းယွန်က ပြုံးလျက် ရေရွတ်ကာ၊ အိပ်ပျော် သွားတော့သည်။

နေရောင်ခြည် များက ပြတင်း ပေါက်များ မှတဆင့် တိုးဝင် လာပြီးနောက်၊ အိပ်မော ကျနေ သူတိုင်းကို နှိုးယူ လိုက်သည်။

ခဏချင်း မှာပင်၊ မင်းသမီး စံအိမ်ထံ သွားရာ လမ်းတွင် လူများဖြင့် စည်ကား ဆူညံလာ တော့သည်။

“ ဖီးနစ်ပန်း ကလေးက၊ ဂုဏ်သိက္ခာ ရှိတဲ့ မျိုးနွယ်စု လေးစု လုံးကို ဒီပွဲ အတွက်၊ ဖိတ်ထားတယ်ကြားတယ်။ ”

“ ဒါနဲ့ ဖီးနစ် ပန်းကလေးက ဘယ်သူလဲ။ "

“ ဆိုရိုး စကား အတိုင်း ဆိုရင် ကျား နှစ်ကောင်ဟာ တောင်တစ်ခု တည်းမှာ မနေနိုင် ပါဘူး၊ ဒီပွဲကို တက်ရောက် သူတိုင်းက အထက် တန်းစား တွေပဲ၊ သူတို့ ထဲက တချို့ကို တခြား အချိန် တွေမှာ တွေ့ဖို့ ဆိုတာ မလွယ် နိုင်ဘူး။”

" တတိယ အလွှာရဲ့ အထက်တန်း စားတွေနဲ့၊ ဂိုဏ်းရဲ့ ဘီလူးငယ် လေးတွေ အကုန်လုံး ဒီမှာ ရှိတယ်။ ''

" ဟေး မနေ့ညက အဖြစ် အပျက်ကို မင်းတို့ သိပြီး ပြီလား၊ တစ်စုံ တစ်ယောက်ရဲ့ ဓားရည်ရွယ်ချက်က၊ မွေးဖွားခြင်း နယ်နိ မိတ်ကို ရောက်ရှိ သွားတယ်လို့၊ ကြားသိ ခဲ့ရတယ်၊ ဒါ ကြောက်စရာ မဟုတ် ဖူးလား၊ ပါရမီရှင် ရှစ်ပါးတောင်မှ ဒီအဆင့်ကို၊ ပြီးမြောက်အောင် မလုပ်နိုင် သေးဘူး”

လမ်းတစ်လျှောက် ပတ်ဝန်း ကျင်ရှိ ထင်မြင်ယူဆချက် များကို လင်းယွန်က နားထောင် လာခဲ့သည်။

ဓား ရည်ရွယ်ချက်ကို အဆင့် ကိုးဆင့် ခွဲခြား ထား၏၊ ပထမ အဆင့်မှာ ဓား ရည်ရွယ်ချက် မွေးဖွားခြင်း ဖြစ်သည်။

မွေးဖွားခြင်း အောက်ရှိ၊ ဓား ရည်ရွယ်ချက် မှန်သမျှသည်၊ သိုင်း နည်းစနစ်များ ကဲ့သို့ တိုက်ပွဲ၌ ထိရောက်မှု မရှိပေ။

မွေးဖွားခြင်း ဓား ရည်ရွယ်ချက်ကို ရောက်ရှိ မှသာ လျှင်၊ ဓား၏ အစွမ်းကို စတင် ပြသ နိုင်မည် ဖြစ်သည်။

ဤသည်မှာ ဓားသမား များနှင့် ပတ်သက်သော ကြောက်စရာ ကောင်းသည့် အချက်လည်း ဖြစ်သည်။

သို့သော် ဓား ရည်ရွယ်ချက်ကို နားလည် သဘော ပေါက်အောင် ကူညီပေး နိုင်သည့် ရတနာ များစွာ မရှိပေ။

ခရမ်းရောင် နန်းတော် နယ်မြေနှင့် ကောင်းကင်ဘုံ ဝိညာဉ် နယ်ပယ်သို့၊ ရောက်ရှိခြင်း သည်ပင်၊ ဓား ရည်ရွယ်ချက် မွေးဖွားခြင်းလောက်၊ ထိတ်လန့် စရာ မရှိပေ။

ဓားနန်းတော်၏ အသင်္ချေ ဓားရင်ပြင် ရှိ၊ နဝမမြောက် ကောင်းကင်တွင်၊ ဓား ရည်ရွယ်ချက် အပြည့် အစုံကို နားလည် နိုင်သည်ဟု၊ ကောလ ဟာလများ ထွက်ပေါ် နေသည်။

သို့သော် နှစ်ပေါင်း များစွာ ကြာသည် အထိ၊ အောင်မြင် သူများ ထွက်ပေါ် လာခြင်း မရှိသည့် အတွက်၊ ဒဏ္ဍာရီ တစ်ပုဒ် အနေ ဖြင့်သာ၊ တဖြည်းဖြည်း မှေးမှိန်သွား ခဲ့သည်။

“ မနေ့က ဓား ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး ထိုးထွင်း သိမြင်မှု အချို့ ရမိ တာက၊ အဲဒီလို ရုန်းရင်း ဆန်ခတ် ဖြစ်လိမ့် မယ်လို့၊ မထင်ထား မိဘူး။ ”

လင်းယွန်က တိုးဖွဖွ ရေရွတ် လိုက်မိသည်။ ထိုအကြောင်းကို တွေးလိုက် မိသော အခါ၊ 'လ' နှစ်စင်းကို မြင်လိုက် ပြီးနောက်၊ လေးနက်သော အခြေ အနေသို့၊ ရောက်ရှိ သွားသည်ကို သတိ ရမိ သွားသည်။

'' ဂျူနီယာ မောင်လေး "

ရှင်းယန်၏ အော်ခေါ်သံ ကြောင့်၊ အတွေးပြတ် သွားကာ၊ လှည့်ကြည့် လိုက်သည်။

လျိုဖန်း၊ ရှင်းဂျူနှင့် ရှင်းယန် တို့က တည်ငြိမ်စွာ လျှောက်လှမ်း လာသည်ကို တွေ့လိုက် ရသည်။

တစ်ချိန်တည်း မှာပင် တန်တုံ၊ ဝမ်ဇင်နှင့် ရန်ဒင်းတို့ ရောက်ရှိ လာပြီးနောက်၊ လူစုံ သည်နှင့် လျိုဖန်းက ဦးဆောင်ကာ၊ "သွားကြ ရအောင်" ဟု ဆိုလိုက်သည်။

ကြီးကျယ် ခမ်းနားသော စံအိမ် ကြီးတွင် အထက် တန်းစား များဖြင့် ပြည့်နှက် နေ၏။

မဟာချင် အင်ပါယာကို ခရိုင် တစ်ရာ အင်ပါယာ ဟုလည်း၊ ခေါ်ဆို ကြပြီး၊ ဂုဏ်သိက္ခာ ကြီးမားသော ဂိုဏ်းကြီး လေးဂိုဏ်း အပြင်၊ မျိုးနွယ်စု များစွာလည်း၊ တည်ရှိ လေသည်။

မဟာ ဂိုဏ်းကြီး လေးဂိုဏ်း အနက်၊ တစ်ဂိုဏ်း အနေဖြင့်၊ ဓားနန်းတော်၏ မြင့်မားသော ဂုဏ်သတင်း များနှင့် ပတ်သက်၍၊ လူအုပ်ကြီးက ရိုသေ လေးစားစွာ ကြည့်ကာ၊ လမ်းဖယ် လာကြသည်။

လွန်ခဲ့သော နှစ်နှစ်ခန့်က ဤကဲ့ သို့သောမြင်ကွင်း မျိုးကို လင်းယွန် ရင်းနှီး ခဲ့ဖူး ပေသည်။

အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေ၌၊ ဓားနန်းတော်နှင့် လနတ်ဆိုး ဗိမ္မာန်၏၊ တပည့်များထွက်ပေါ် လာသည်နှင့် ကျင့်ကြံ သူများက၊ လေးစားမှု အပြည့်ဖြင့် ဆက်ဆံ ခဲ့ကြသည်။

ထိုအချိန်၌ လင်းယွန်ပင် သူတို့ကို မစော်ကားဝံ့ခြေ။ သို့သော် ယနေ့တွင်၊ ထိုဂိုဏ်းကြီး၏ ပြင်ပနှင့်၊ အတွင်း တပည့် မည်မျှကို အနိုင်ယူ နိုင်ခဲ့ သည်အား၊ နတ်ဘုရား များသာ သိတော်မူပေ လိမ့်မည်။

“ ဒီနေ့ ပွဲက အကြိတ် အနယ် ရှိလိမ့်မယ်၊ အဲဒါကို မင်းတို့ သတိ ထားပါ၊ ကိုယ့်ကိုယ်ကို မတွန်း လှန်ပါနဲ့၊ ဂိုဏ်းရဲ့ မျက်နှာက မင်းတို့ ဘဝလောက် အရေး မကြီး ပါဘူး။ ”

ဟု လျိုဖန်းက ဆိုသည်။

ဧည့်ခံ ပွဲတွင် လူများ စွာက သူတို့၏၊ အပြု အမူ များကို ထိန်းထား နိုင်သော်လည်း၊ အချို့သော သူများမှာ၊ မကောင်းသော ရည်ရွယ်ချက် ရှိကြသည် ဖြစ်ရာ၊ မတော် တဆမှု များမှာ၊ ရှောင်လွှဲ၍ မရ နိုင်ပေ။

“ အထူး သဖြင့် မင်း ....၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲမှာ၊ လုပ်ပြ ခဲ့တဲ့ အတိုင်း မင်းရဲ့ အသက်ကို မစွန့် ပါနဲ့။ "

လျိုဖန်းက လင်းယွန်ကို လှည့်ကြည့်ကာ ဆိုလိုက်သည်။

ရှင်းယန်က ပြုံးပြီး၊

“ အကြီး အကဲလျို၊ ငါတို့ မောင်ငယ်လေး အတွက် စိတ်ပူ နေစရာ မလို ပါဘူး၊ အစ်ကိုကြီးနဲ့ အဆင့် တူတဲ့၊ သူတစ်ယောက် မဟုတ်ရင် ...၊ သူ့ကို သတ်ဖို့ ဘယ်သူမှ လွယ်မှာ မဟုတ်ဘူး။ ”

လျိုဖန်းက ထိုစကားကို ကြားသော အခါ ပြုံးလိုက်သည်။ သူသည်လည်း လင်းယွန်၏ ခွန်အားကို အတော်လေး ယုံကြည်၏။

ဤပွဲ၌ လင်းယွန် မည်သို့ ဖျော်ဖြေ မည်ကို သူ သိချင် နေမိ ခဲ့သည်။ သို့သော် အကြီးအကဲ တစ်ယောက် အနေဖြင့်၊ သတိ ပေးနေရ ဆဲပင်။

ဧည့်ခံ ပွဲကို ရေကန် အလယ်တွင် ရှိသော ကျွန်း၌ ကျင်းပ သည်ဖြစ်ရာ၊ ထိုနေရာသို့ ဦးတည် လိုက် ကြသည်။

“ အကြီးအကဲ၊ မနေ့ ညက ကြီးကြီး မားမား တစ်ခုခု ဖြစ်ခဲ့ တာလား၊ ခရမ်းရောင် နန်းတော် နယ်ပယ်က အကြီး အကဲတွေ၊ အထိတ် တလန့် ဖြစ်ကုန် တာကို ငါ ကြားမိတယ်။ ”

တန်တုံက ရုတ်တရက် မေးလာ သည်ကြောင့်၊ လျိုဖန်း၏ အပြုံးမှာ၊ ပျောက်ကွယ် သွား၏။

ရှင်းဂျူက လျိုဖန်း အစား ပြန်ဖြေပေး လိုက်သည်။

“ မနေ့ ညက ရှန်ရှင်း ဓား ရည်ရွယ်ချက်ကို ယောင်ဝါးဝါး ခံစား လိုက်မိတယ်၊ ဒါက မွေးဖွား လာတော့မယ့် ပုံပဲ။”

လျိုဖန်းက လေးနက်သော အမူအရာဖြင့်၊

" အဲဒါက သေချာ ပါတယ်။ "

ဟု သက်ပြင်းချ လိုက်ပြီး၊ ခေါင်းယမ်း လိုက်သည်။

“ ဧည့်သည် တွေဆီ ကနေ၊ ဓားတစ်လက် ထွက်လာတယ်၊ ကြည့်ရတာ အကြီးအကဲ တွေတော့ မဟုတ်ဘူး၊ ဒီလူက အလွန် ကြောက်စရာ ကောင်းပုံ ရတယ်၊ ဂိုဏ်းသုံး ဂိုဏ်းနဲ့ မပတ်သတ် ပါစေ နဲ့လို့၊ မျှော်လင့် ကြရအောင်။ ”

သူ့ စကား များကြောင့်၊ တန်တုံ၏ မျက်နှာများ ပြောင်းလဲ သွားကာ၊ အခြားသူ များလည်း စိတ်လှုပ်ရှား သွားခဲ့သည်။

***

All Chapters