ငါ့ ဓားက ငါ့ကို နှိမ့်ချ နေမှာ၊ မဟုတ်ဘူး။
Vol. 24 Ch. 331
“ မနေ့ ညက ရှန်ရှင်း ဓား ရည်ရွယ်ချက်ကို ယောင်ဝါးဝါး ခံစား လိုက်မိတယ်၊ ဒါက မွေးဖွား လာတော့မယ့် ပုံပဲ။”
လျိုဖန်းက လေးနက်သော အမူအရာဖြင့်၊
" အဲဒါက သေချာ ပါတယ်၊ ဧည့်သည် တွေဆီ ကနေ၊ ဓားတစ်လက် ထွက်လာတယ်၊ ကြည့်ရတာ အကြီးအကဲ တွေတော့ မဟုတ်ဘူး၊ ဒီလူက အလွန် ကြောက်စရာ ကောင်းပုံ ရတယ်၊ ဂိုဏ်းသုံး ဂိုဏ်းနဲ့ မပတ်သတ် ပါစေ နဲ့လို့၊ ဆုတောင်း မိတယ်။ ”
သူ့ စကား များကြောင့်၊ တန်တုံ၏ မျက်နှာများ ပြောင်းလဲ သွားကာ၊ အခြားသူ များလည်း စိတ်လှုပ်ရှား သွားခဲ့သည်။
လျိုဖန်း၏ မျက်နှာ ပေါ်တွင်၊ လေးနက်သော အမူ အရာကို မြင်သည့်နှင့်၊ လင်းယွန်က အံ့သြ သွားသည်။
ထို့နောက် သူက အတွေးနက် သွားခဲ့၏။ မနေ့ညက ထူးခြားသော နယ်မြေ တစ်ခု ထဲသို့၊ ဝင်ရောက် သွားမိပြီ၊ ထိုနယ်မြေတွင် ဓား ရည်ရွယ် ချက်ကို ထုတ်လွှတ် မိသည်။
ထိုအချိန်၌ သူ ထုတ်လွှတ် လိုက်သော ဓား ရည်ရွယ်ချက်မှာ၊ သူ့စိတ်ကူး များကို ကျော်လွန်သွား ပုံရသည်။ သို့သော် သူ့ကို မေးလာခြင်း မရှိ သဖြင့်၊ ဝန်ခံ စရာ မလို အပ်ပေ။
ကျွန်းပေါ်သို့ ရောက်သော အခါတွင်၊ လူများဖြင့် ပြည့်နှက် နေပြီး၊ စံအိမ် ကြီး၏ အစေခံ များမှာ၊ အလွန် အလုပ်များ နေသည်ကို၊ တွေ့လိုက် ရသည်။
မနေ့က သူတို့အား ကြိုဆို ခဲ့သော တာဝန်ခံက ပြုံးပြ လိုက်ကာ၊
“ အကြီးအကဲ ။''
" အိမ်ထိန်းကြီး ဟောင်၊ ဒါက မင်းသမီးလေးအတွက် ဓားနန်းတော်ရဲ့ လက်ဆောင် ပါပဲ။ "
လျိုဖန်း စကားဆုံး သည်နှင့်၊ ရှင်းဂျူက သိုလှောင်အိတ်ကို ပုတ်ကာ၊ ကျောက်စိမ်း သေတ္တာ တစ်လုံးကို ထုတ်ယူ ပေးလိုက်သည်။
အိမ်ထိန်းကြီး ဟောင်က သေတ္တာ ထဲရှိ လက်ဆောင်ကို မြင်ပြီးနောက်၊ သူ့မျက်နှာ ချက်ချင်း ပြောင်းသွားသည်။
သူ့နောက်တွင် ရိုကျိုးစွာ ရပ်နေသော အစေခံ တစ်ယောက်အား၊ ကျောက်စိမ်း သေတ္တာကို ကမ်းပေး လိုက်ပြီး၊
“ အံ့သြ ရပါတယ်၊ အဲဒါက နှစ်ငါးရာ 'မိုးတိမ် သစ်သီ' ပဲ၊ ဒါ.... ပေါ့ပေါ့ တန်တန် လက်ဆောင် မဟုတ်ဘူး၊ ကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ပါ။ "
လူစု လူဝေးကို ရှောင်ရှားရန် အခြားသော ဝင်ပေါက် တစ်ခုသို့၊ ပို့ဆောင် ပေးခဲ့သည်။
ဝင်ပေါက် အဆုံးတွင် ကျောက်လှေကား ထစ်များ ရှိပြီး၊ စံအိမ်ကြီး ဆီသို့ ဦးတည် ထား၏။
အိမ်ထိန်းကြီး ပြန်လည် ထွက်ခွာ သွားပြီးနောက်၊ လျိုဖန်းက ကျောက်လှေကား ပေါ်သို့ လှမ်းတက် လိုက်ကာ၊
'' ကျောက်စိမ်း စံအိမ်ကို မရောက်တာ အတော် ကြာပြီ။ "
ဟု ဆိုလိုက်သည်။
ခဏ အကြာတွင် လျိုဖန်း ပြောသော ကျောက်စိမ်း စံအိမ်၏ ပုံရိပ်မှာ၊ လူတိုင်း ရှေ့၌ ထွက် ပေါ် လာသည်။
စံအိမ်ကြီး ရှေ့တွင် ကျက်သရေ ရှိသော၊ အဖြူရောင် ကျောက်သား ရင်ပြင်ကြီး၊ တစ်ခု ရှိသည်။ ယင်းသည် မင်းသမီးလေး မွေးနေ့ ပွဲကို ကျင်းပမည့် နေရာ ဖြစ်သည်။
အားလုံးက အသီးသီးသော ထိုင်ခုံ များဆီသို့ ဦးတည်သွား လိုက်ကြသည်။
ထိုင်ခုံ များကို နိမ့်ရာမှ မြင့်ရာသို့၊ အဆင့် အလိုက် စီစဉ် ပေးထားသည်။
အပြင်ဘက် ထိုင်ခုံ များတွင်၊ သာမာန် ဂိုဏ်းသားများ အတွက် ထားရှိပြီး၊ အနီးကပ် ဆုံးသော ခုံများကို၊ ထိပ်တန်း ဂိုဏ်းခွဲ များအတွက် ရည်ရွယ် ထားရှိသည်။
ထို့ထက်ပို၍ အဓိက ကျသော နေရာများတွင်၊ ဂုဏ်သိက္ခာ ရှိသော ဂိုဏ်းကြီးလေး ဂိုဏ်းနှင့် တော်ဝင် မျိုးနွယ်များ အတွက် ဖြစ်သည်။
ထိုင်ခုံ များကို အလယ် ဗဟို၌ နေရာလွတ် တစ်ခု ချန်ထားကာ၊ စက်ဝိုင်း သဏ္ဍာန် ဝိုင်းရံ ထားသည်။
ဓားနန်းတော်၏ ဘယ်ဘက်တွင်၊ ကောင်းကင်ဘုံ ချင် အင်စတီကျု ရှိ၏။
လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းကို၊ ဓားနန်းတော်နှင့် မျက်နှာချင်း ဆိုင်၌၊ သတ်မှတ် ပေးထားသည်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းနှင့်၊ ရှေးဟောင်း တာအို ဂိုဏ်း တို့မှာ၊ ဓားနန်းတော်၏ ညာဘက်၌ ရှိသည်။
" ငါတို့ ထိုင်ရအောင်။ "
လျိုဖန်းက အလယ် ဗဟိုတွင် ထိုင်ချ လိုက်ပြီး၊ ကျန်သူ များက သူ့ နောက် နားဆီ၌၊ ထိုင်လိုက် ကြသည်။
သူတို့ ထိုင်လိုက်သော အခါတွင်၊ ကြိုတင် ရောက်ရှိ နေသော ဝမ်ရန်းဘိုက၊ လျိုဖန်းအား အထင် အမြင် သေးသော အကြည့်ဖြင့်၊ လှမ်းကြည့် လာခဲ့သည်။
" အဲ့ဒါက ရှင်းဂျူ ဟုတ်တယ် မလား၊ သူက ပါရမီရှင် ရှစ်ပါးကို စိန်ခေါ် နိုင်တယ်လို့၊ ကောလ ဟာလတွေ ထွက်နေတာ၊ ဒီတစ်ကြိမ် နဂါးတံခါး ပြိုင်ပွဲမှာ၊ သေချာပေါက် ပါဝင် လာမယ် ထင်တယ်။ "
ရှင်းယန်နှင့် အဆင့် တူသော၊ တတိယ အလွှာမှ၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည့်၊ ယုဝမ်ဘိုက ဆိုလိုက်သည်။
ရှင်းဂျူ ထံမှ နားမလည် နိုင်သော အရိပ် အယောင်ကို၊ သူ ခံစား နိုင်သည်။
“ ဒါတွေက ကောလ ဟာလတွေ ချည်းပါပဲ၊ သူက ခွေးလေ ခွေးလွင့် တစ်ကောင်ထက် မပိုပါဘူး။ ”
ရုတ်တရက် အပြာရောင် ဝတ်ဆင် ထားသော လူငယ် တစ်ဦးက ရိုင်းစိုင်းစွာ၊ ဝင်ရောက် မှတ်ချက်ပြု လိုက်သည်။
တင်းကြပ်သော ဝတ်စုံကြောင့် သန်မာသော သူ၏ ရုပ်ခန္ဓာမှာ သဘာဝ အတိုင်း ပေါ်လွင် နေပေသည်။
ထိုလူငယ်မှာ ဒရာကိုဖီ နည်းစနစ်ကို၊ မြင့်မားစွာ ဆုပ်ကိုင် ထားနိုင်သော၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် ဇိုချင်း ဖြစ်သည်။
ရှင်းဂျူ ကဲ့သို့ ဒုတိယ အလွှာ၌ ပါဝင် ထားနိုင် ဖြစ်ပြီး၊ နဂါး တံခါး ပြိုင်ပွဲတွင် ထိပ်တန်း ရှစ်ဦး ထဲမှ တစ်ဦး ဖြစ်လာရန်၊ အလား အလာ ရှိသည်ဟု၊ ထင်ကြေး ပေးခံ ထားရသော သူတစ်ဦး ဖြစ်သည်။
ယခု နှစ်ကုန် နဂါး တံခါး ပြိုင်ပွဲတွင်၊ သူသည် ရှင်းဂျူနှင့် ယှဉ်ပြိုင် ရမည်ကို၊ မေးခွန်း ထုတ်စရာ မရှိပေ။ ထို့ကြောင့် သဘာဝ အတိုင်း ရှင်းဂျူအား ရန်ငြိုး ဖွဲ့ထား မိလေသည်။
ဝမ်ရန်းဘိုက ပြုံးပြီး၊
" ဇူချင်း မင်း ပွဲစရင် ရှင်းဂျူကို တာဝန် ယူလိုက်၊ ယုဝမ်ဘို... ၊ မင်းက အဲ့ဒီ ကောင်မလေး ရှင်းယန်နဲ့၊ ဇိုယန်က ဓားနန်းတော်ရဲ့ ပါမီရှင် လို့ခေါ်တဲ့၊ ဓားကျွန်ကို ရင်ဆိုင်ပါ၊ ဒီတစ်ခါတော့ ဓားနန်းတော်ကို နင်းချေ ရအောင်။ "
“ အကြီးအကဲ ဝမ်၊ ငါက ရှင်းယန်ကို ရင်ဆိုင်ဖို့ လုံလောက် နေပါပြီ၊ စီနီယာ အစ်ကို ယုဝမ်က လုပ်ဖို့ မလိုပါဘူး။ ”
ဟု နက်နဲ နယ်ပယ်၏ အဋ္ဌမ အဆင့်ရှိ ရှေးဟောင်း တာအို ဂိုဏ်း၏၊ တပည့်ငယ် တစ်ဦးက ပြောကြား ခဲ့သည်။
ရှင်းယန်သည် ဤပွဲ၌ သူ၏ ပစ်မှတ် ဖြစ်သည်။ ရှင်းယန်ကို အနိုင် ယူကာ၊ ကျော်ကြား မှုအား၊ တည်ဆောက် လိုသည်။
သူ့ စကား များတွင် မာန ကြီးသော အရိပ် အယောင်များ ထင်ရှားနေ သော်လည်း၊ ဇိုယန် ကမူ တိတ်ဆိတ် နေခဲ့သည်။
ရှေးဟောင်း တာအို ဂိုဏ်း၏ မာန ထောင်လွှား နေခြင်းကြောင့်၊ လျိုဖန်းက ဒေါသ ဖြစ်သွားသည်။
ဝမ်ရန်းဘို၏ အသံမှာ ကျယ်လောင်ခြင်း မရှိ သော်လည်း၊ ဤနေရာရှိ လူတိုင်းသည် နက်နဲ နယ်ပယ်တွင် ရှိနေကြ သောကြောင့်၊ ၎င်းတို့၏ စကား ပြောဆို မှုများကို သဘာဝ အတိုင်း၊ ရှင်းရှင်း လင်းလင်း ကြားသိနိုင် ကြသည်။
ထိုကြောင့် အခြားသော ဂိုဏ်းတပည့် များက၊ ရယ်မောသော မျက်နှာ ထားဖြင့်၊ လှည့်ကြည့် လာ ကြသည်။
ဝမ်ရန်းဘိုက ယင်းကို ရည်ရွယ်ချက် ရှိရှိ လုပ်ဆောင် နေကြောင်း၊ သူတို့ သိလိုက်သည်။
တစ်ချိန်တည်း မှာပင် လျိုဖန်းက ဓားနန်းတော် တပည့်များ ရှုံးနိမ့် မည်ကို စိုးရိမ် သွားသည်။
အရှက်ခွဲ ခံရခြင်း အတွက် ကာကွယ်သူ မက်မွန်ကို ဖြေရှင်းချက် ပေးရ မည်ဖြစ်ကာ၊ ယင်းကို အကြီးအကဲ ဘိုင်တင်းက သဘောကျ မည်မှာ သေချာသည်။
ထို့ကြောင့်၊ ဓားနန်းတော်သည် ရှေးဟောင်း တာအို ဂိုဏ်းမှ လွဲ၍ မည်သူ့ကို မဆို၊ ရှုံးနိမ့် ခွင့်ရှိ နိုင်သည်။ ဝမ်ရန်းဘို လက်၌ လုံးဝ ရှုံးနိမ့် လိုခြင်း မရှိပေ။
အချိန်များ တရွေ့ရွေ့ ကုန်လွန်လာ ပြီးနောက်၊ လူတိုင်း အချင်းချင်း စကား စမြည် ပြောဆို လာကြကာ၊ ခွက်ချင်းတိုက် လိုက်ကြသည်။
ရုတ်တရက် ဆိုသလို သွေးရနံ့များ ထုံမွှန်းလျက်၊ သတ်ဖြတ်ခြင်း အရှိန်အဝါ များနှင့် အတူ၊ စစ်ပွဲ ချပ်ဝတ် တန်ဆာများ ဝတ်ဆင်ထားသော၊ လူတစ်စု ဝင်ရောက် လာသည်။
“ ဒါက နတ်ဘုရား အစောင့် တွေပဲ။ ”
လူတိုင်းက ထိုလူငယ် များ၏ နောက်ခံကို ကြည့်ကာ၊ အော်ဟစ် လိုက်ကြသည်။ ၎င်းတို့သည် မြင့်မြတ်သော အစောင့် များ၏၊ အရည် အချင်း ရှိသော လူငယ် မျိုးဆက်များ ဖြစ်ပေသည်။
နတ်ဘုရား အစောင့် များသည် ၎င်းတို့၏ အရည် အချင်း များကို၊ စစ်မြေ ပြင်၌ သွေးယူ ကြသည်။
၎င်းတို့ အနက် တစ်ဦးချင်း စီသည် အသက်ပေါင်း ထောင်ဂဏန်းခန့် သတ်ဖြတ် ထားခဲ့ ကြပြီး၊ ယင်းမှာ သူတို့၏ သတ်ဖြတ်ခြင်း၊ အရှိန် အဝါကို ပို၍ သန်မာ လာစေ ခဲ့သည်။
ထိုအဖွဲ့ကို ဦးဆောင် လာသူမှာ၊ လူငယ် တစ်ယောက်နှင့်၊ အမျိုး သမီး တစ်ဦး ဖြစ်၏။
ယင်းလူငယ်ကို လင်းယွန်က မသိ သော်လည်း၊ အမျိုး သမီးငယ် ကိုမူ၊ သူ မှတ်ပေသည်။
လျူယွီ။ နဂါး ဗိုလ်ချုပ်၏ ချစ်လှ စွာသောသမီး။
“ နတ်ဘုရား အစောင့် တွေက မပျော့ညံ့ ဖူးပဲ၊ သူတို့ ထဲက 'ကျောက် နံရံကြီး' က၊ ပါရမီရှင် ရှစ်ပါး ထဲက၊ တစ်ဦး မဟုတ်လား။ ''
“ အခု ဦးဆောင် လာတဲ့ သူက ယွီချင်းပဲ၊ နတ်ဘုရား အစောင့် တပ်က၊ သူ့ကို နောက်ထပ် ကျောက် နံရံကြီး ဖြစ်အောင်၊ လေ့ကျင့်ပေး နေတယ်လို့ ငါကြား မိတယ်။ ''
" ယွီချင်းက ငယ်သေး ပါတယ်၊ ဒါပေမယ့် နောင်သုံးနှစ် ကြာရင်တော့၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ ဒုတိယ 'ကျောက် နံရံကြီး' ဖြစ်လာဖို့၊ အခွင့် အလမ်း များပါတယ်။ "
နတ်ဘုရား အစောင့် များသည်၊ လူ အများ၏ အာရုံ စိုက်မှုကို ခံခဲ့ ရပြီး၊ ဓားနန်းတော် အဖွဲ့အား၊ ဖြတ်ကျော် သွား ချိန်တွင်၊ လျူယွီက ခေတ္တ ရပ်လိုက်ပြီး၊ လျိုဖန်းကို အရို အသေ ပေးလိုက်သည်။
ထို့နောက် သူမ၏ အကြည့် များက၊ လင်းယွန် ပေါ်သို့ ကျလာပြီး၊ လှောင်ပြုံးဖြင့်၊
" ဓားကျွန် ... ဒီနေရာမှာ ထိုင်ဖို့ မင်းမှာ၊ အရည် အချင်း ရှိလား၊ ဓားနန်းတော်ကို အရှက် ရစေ မိမှာ၊ မကြောက် ဖူးလား။ ”
သူတို့ နှစ်ဦးကြား ရန်ငြိုးကြောင့်၊ လင်းယွန်ကို အရှက်ရ စေရန်၊ ကြိုးစား ရာတွင် အကြိမ်ကြိမ် မအောင်မြင် ခဲ့ပေ။
ထို့ကြောင့် သူမ တည်ဆောက် လာမိသော နာကြည်း မှုမှာ၊ ပို၍ ကြီးထွား လာခဲ့သည်။
ယခု အခါတွင် နတ်ဘုရား အစောင့် များနှင့် အတူ၊ သူမ၌ ကြောက်ရွံ့ နေစရာ မရှိတော့ သဖြင့်၊ သဘာဝ အတိုင်း လင်းယွန်ကို နိမ့်ချရန်၊ လုပ်ဆောင် လာခြင်း ဖြစ်သည်။
သို့သော် လင်းယွန်၏ နှလုံးသားကို သူ လျှော့တွက် မိခဲ့ ပုံရသည်၊ ဤဖြစ်စဉ် တစ်လျှောက်လုံး လင်းယွန်က သူမကို လစ်လျူရှု ထားသည်။
တကယ်ပင် ဓားကျွန် တစ်ယောက် ဖြစ်ခဲ့သည် ဖြစ်ရာ၊ ယင်းကြောင့် လင်းယွန်က ရှက်ရွံ့ နေစရာ မရှိပေ။
“ ဒါဆို တကယ်ပဲ သူက ဓားကျွန်ပေါ့၊ နဖူး ပေါ်က အမှတ် အသားကို ရင်းနှီး နေပုံ ရတယ် လို့တော့ ထင်မိသား၊ ''
'' ဒါက ဓားနန်းတော်က တပည့်တွေ အတွက် ထူးခြားတဲ့ အမှတ် အသား တစ်ခုလို့၊ အရင်က ငါထင် ထားခဲ့တာ။ ”
" စိတ်ဝင် စားစရာပဲ ... ဓားနန်းတော်က ဓားကျွန် တစ်ယောက်ကို ခေါ်လာဖို့၊ တကယ် သတ္တိ ရှိတာပဲ။"
“ မင်းသမီး လေးရဲ့ မွေးနေ့ ပွဲကို ..၊ ဓားကျွန် တစ်ယောက်နဲ့ တက်ရောက်ဖို့ ကြိုးစား နေကြ တာလား၊ ကြည့်ရတာ ဓားနန်းတော်မှာ တခြား ဘယ်သူမှ မရှိ သလိုပဲ။ ”
ကိုယ့်ကိုကိုယ် ဆင်ယင် ခြယ်မှုန်းသည့် အမှတ် အသား များမှာ၊ ကျင့်ကြံခြင်း လောကတွင်၊ ခကြာ ခဏ တွေ့ရှိရ တက်သော အရာများ ဖြစ်သည်။
ထို့ကြောင့် လင်းယွန်၏ နဖူးရှိ ရွမ်းဗက်ပုံ ခရမ်းရောင် အမှတ် အသားကို တွေ့နေ ရသော်လည်း၊ မည်သူမျှ သိပ်စဉ်းစား မနေခဲ့ ကြပေ။
လျူယွီက ၎င်းကို ထုတ်ဖော် ပြီးနောက်မှ သာလျှင်၊ လူတိုင်း သတိ ထားမိ သွားကာ၊ နှိမ့်ချသော အကြည့် များဖြင့်၊ လှည့်ကြည့် လာကြသည်။
" ဒီကောင်က တကယ်ပဲ ဓားကျွန် တစ်ယောက်ကိုး။ "
ကောင်းကင်ဘုံ ချင် အင်စတီကျုမှ ချင်းကျိ က၊ လှောင်ပြောင် ရေရွတ် လိုက်သည်။
မွေးနေ့ ပွဲတွင် ဂိုဏ်းပေါင်း စုံမှ မြင့်မြတ်သော အထက် တန်းစား များဖြင့်၊ ပြည့်နှက် နေသည်။
လူတိုင်းမှာ မွေဖွား စဉ်ကပင်၊ နိမ့်ကျ နိုင်သော်လည်း၊ လင်းယွန်လို ကျွန်တစ်ယောက် ဖြစ်သည် အထိ၊ နိမ့်ကျမည် မဟုတ်ပေ။
မတိုက်ခင် ၌ပင်၊ သူ အနိုင် ရပြီးသား ဖြစ်ပုံ ရသည်။
သူတင် မကဘဲ၊ လနတ်ဆိုး ဗိမ္မာန်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းနှင့် ရှေးဟောင်း တာအို ဂိုဏ်းရှိ၊ တပည့် များစွာတို့ သည်လည်း၊ အထင် အမြင် သေးသည့် အမူ အရာ များကို၊ လုံးလုံး လျားလျား ထုတ်ဖော် ပြသ လာလေသည်။
သူတို့က မည်မျှပင် နိမ့်ကျ နေပါစေ၊ မည်သည့် အခါမျှ ကျွန်ဖြစ် နိုင်မည် မဟုတ်ပေ။
ကျွန်အမှတ် အသားမှာ၊ အချိန်လုံး ထိုသူနှင့် အတူ၊ လိုက်ပါ နေမည်ကို သိရှိထား သောကြောင့် ဖြစ်သည်။
လုအုပ်ကြီးထံမှ တုံ့ပြန် မှုကြောင့် လျူယွီက ကျေနပ်စွာ ပြုံးမိ သွားသည်။ ယင်းရလာဒ်မျိုးကို၊ သူမ လိုချင် ခဲ့ခြင်း ဖြစ်သည်။
သို့သော် လင်းယွန်၏ ငြိမ်သက် နေသော အပြု အမူ များကြောင့်၊ သူမ စိတ်ပျက် သွားသည်။ လျှင်မြန် စွာပင် စိတ်ပျက်ခြင်း မှသည် ဒေါသ အဖြစ်သို့ ပြောင်းလဲ လာ၏။
ထို့ကြောင့် ယွီချင်းကို အချိန်တန် ပါက၊ လင်းယွန်အား ရိုက်နှက် စေလိုသော အကြည့်ဖြင့်၊ အသိပေး လိုက်လေသည်။
လျိုဖန်း၏ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားခဲ့ ပြီးနောက်၊
“ ဓားနန်းတော်ရဲ့ ကိစ္စ တွေကို၊ မင်းက ဝင်ရောက် စွက်ဖက် နိုင်တဲ့၊ အနေ အထား မျိုးမှာ၊ မရှိ ပါဘူး၊ မင်းကို ဆေးခန်းမ ကနေ မောင်းထုတ်ဖို့၊ ဒီပွဲ ပြီးရင် ကာကွယ်သူ မက်မွန်ကို အကြံ ပြုရ တော့မယ် ထင်တယ်။ "
ရှေးဟောင်း တာအို ဂိုဏ်းကြောင့် အစောပိုင်း ကပင် လျိုဖန်းမှာ ဒေါသ ထွက်နေ ခဲ့သည်ကို၊ မည်သူ မဆို သိရှိ နိုင်သည်။
“ ဒါဆိုလည်း လုပ်လိုက်ပါ၊ ဓားနန်းတော်ကမင်းကို မကာကွယ် ပေးချင် မှတော့၊ နတ်ဘုရား အစောင့် တပ်ကပဲ မင်းအတွက် ရပ်တည် ပေးပါမယ်၊ မိန်းကလေးလျူ ....ငါတို့ သွားရအောင်။ "
ယွီချင်းက လင်းယွန်အား သတ်ဖြတ် လိုသော အကြည့် များဖြင့်၊ စိုက်ကြည့် လိုက်သည်။ ထို့နောက် သူ့အဖွဲ့ကို ထိုင်ခုံ နေရာသို့ ဦးဆောင် ခေါ်ယူ သွားတော့၏။
" ဂျူနီယာမောင်လေး၊ မင်း ငါ့ကို ဘာလို့ တားရ တာလဲ၊ ငါ သူ့ ပါးစပ်ကို စုပ်ဖြဲ ပစ်ချင်တယ်။ "
ရှင်းယန်၏ မျက်လုံး များထဲတွင် ဒေါသ အမျက်များ တောက်လောင် နေသည်။ သူမ လှုပ်ရှား ချင်ခဲ့ သော်လည်း၊ လင်းယွန်က ဟန့်တား ခဲ့၏။
" စီနီယာအစ်မ၊ မင်းက လူတိုင်းရဲ့ ပါးစပ်ကို လိုက်ပိတ် နေလို့ မရဖူး မဟုတ်လား၊ သူ ပြောချင် တာကို ပြောပါစေ၊ သူ့ စကားကြောင့် ငါ့လက်ထဲက ဓားက 'တုံးအ' သွားမှာ မဟုတ်ဘူး။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေ လိုက်သည်။ လူတိုင်းက သူ့ကို ပျက်ရယ် ပြုနေ သော်လည်း၊ သူ့ဓားက သူ့ကို နှိမ့်ချမည် မဟုတ်ကြောင်း သူသိသည်။
ရုတ်တရက် စံအိမ် တံခါး ပွင့်လာကာ၊ လူတစ်စု ဝင်ရောက် လာသည်ကြောင့်၊ လူအုပ်ကြီး၏ အာရုံမှာ လင်းယွန် ဆီမှ၊ လွှဲဖယ် သွားကြ တော့သည်။
***