လှုပ်ရှားမှု ဆယ်ခု။
Vol. 24 Ch. 332
" သူ ပြောချင် တာကို ပြောပါစေ၊ သူ့ စကားကြောင့် ငါ့လက်ထဲက ဓားက 'တုံးအ' သွားမှာ မဟုတ်ဘူး။ ”
ရုတ်တရက် စံအိမ် တံခါး ပွင့်လာကာ၊ လူတစ်စု ဝင်ရောက် လာသည်ကြောင့်၊ လူအုပ်ကြီး၏ အာရုံမှာ လင်းယွန် ဆီမှ၊ လွှဲဖယ် သွားကြ တော့သည်။
အဖွဲ့ကို ဦးဆောင်လာ သူမှာ၊ အားလုံး မျှော်လင့်ထား ကြသော မင်းသမီးလေး မဟုတ် ခဲ့ဘဲ၊ အနက်ရောင် ဆံပင် များကို၊ ဖြန့်ချ ထားသော လူငယ် တစ်ယောက်သာ ဖြစ်လေသည်။
သူ့တွင် အပြာရောင် မျက်လုံးများ ပိုင်ဆိုင်ထားပြီး၊ ပြီးပြည့် စုံသော ကျက်သရေကို ဆောင်ထား ပေ၏။
သို့သော် ၎င်းနှင့် ဆန့်ကျင် နေသော နှလုံး သားအား၊ မျက်ဝန်းများ မှတဆင့်၊ မြင်နေ ရသည်။
ထိုလူငယ်က ကျောက်ရင်ပြင်ကို ဝေ့ကြည့် လိုက်သော အခါတွင် ကြီးမားသော ဖိအားကို ပေးဆောင် လာခဲ့သည်။
ခရမ်းရောင် နန်းတော် နယ်မြေရှိ အကြီးအကဲအချို့ပင်၊ သူ့ကို မြင်သည်နှင့် ကြောက်ရွံ့ သွားကြ ကုန်၏။
" မင်္ဂလာပါ သခင်ငယ်။ "
" ငါတို့ အိမ်ရှေ့စံ ကို နှုတ်ဆက် ပါတယ်။ "
အကြီးအကဲ များနှင့် တပည့်များက ချက်ချင်းထကာ၊ လက်ဝှေ့ယမ်း နှုတ်ဆက် လိုက်သည်။
ထိုလူငယ်မှာ မဟာချင် အင်ပါယာ ကြီး၏ အိမ်ရှေ့ မင်းသား ချင်ယု ဖြစ်သည်။ ပါရမီရှင် ရှစ်ပါးတွင် 'ပျံသန်း နေသော ငှက်မွေး' အဖြစ်၊ လူ သိများ ပေ၏။
တော်ဝင် မင်းသားတစ်ပါး၏ မြင့်မြတ်သော အဆင့် အတန်း ရှိရုံ သာမက၊ ပါရမီရှင် များနှင့် ယှဉ်နိုင်သော ခွန်အား ကိုလည်း၊ ပိုင်ဆိုင် ထားရှိ လေသည်။
ဤနေရာ၌ ပါရမီရှင် တစ်ပါးမှ မရှိခဲ့ သောကြောင့်၊ မျိုးဆက်သစ် လူငယ်များ ကြားတွင်၊ သူ့ကို ယှဉ်နိုင်သူ တစ်ယောက်မျှ၊ မရှိ ခဲ့ပေ။
ထို့ကြောင့် သူရောက်ရှိ လာမှုသည် လူတိုင်း၏ အာရုံအား ဖမ်းစား နိုင်ခဲ့ လေသည်။
“ ဘယ်လောက် တောင် သန်မာ လိုက်လဲ၊ … သူက ခရမ်းရောင် နန်းတော် နယ်ပယ်ကို မရောက် သေးဖူး၊ ဒါပေမယ့် သူ့ အရှိန်အဝါက၊ ခရမ်းရောင် နန်းတော် သိုင်းသမားကြီး တွေထက် ပိုပြင်းထန် နေတယ်။ ''
“ ဒါနဲ့ သခင်ငယ်က ခရမ်းရောင် နန်းတော် သိုင်းသမား တစ်ဦးကို ဆယ်ကြိမ် အတွင်း သတ်နိုင် ခဲ့တယ်ဆို။ ”
“ တော်ဝင် မျိုးနွယ်ရဲ့ အခြေခံ အုတ်မြစ်က သူ့ကို ကြည့်တာ နဲ့တင်၊ တကယ်ကို သိသာ ပါတယ်၊ ပါရမီရှင် ရှစ်ပါး ထဲမှာ တခြား သူတွေထက်၊ ပို သန်မာ တယ်။ ”
ခရမ်းရောင် နန်းတော်ကို ဖွဲ့တည် ပြီးနောက်၊ နက်နဲ ကျင့်ကြံ သူများကို၊ အလွယ် တကူ နှိမ်နင်း နိုင်သည်။
ခရမ်းရောင် နန်းတော် နယ်ပယ် နှင့်၊ နက်နဲ နယ်ပယ် ကြားရှိ၊ ကွာဟ ချက်မှာ၊ ပင်လယ်ကွေ့ ထက်မက၊ ကျယ်ပြန့် ပေသည်။
ထို့ကြောင့် သဘာဝ အတိုင်း၊ နက်နဲ သိုင်းနယ်ပယ်မှ တစ်စုံ တစ်ဦးသည်၊ ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ တစ်စုံ တစ်ဦးကို၊ သတ်ပစ် နိုင်သည်မှာ၊ အံ့သြ စရာ ပေပင်။
ဂုဏ်သိက္ခာ ကြီးများသော မျိုးနွယ်စု လေးစုရှိ၊ အကြီးအကဲ များမှာ၊ မင်းသား တစ်ပါးကို၊ ရိုသေ စရာ နည်းလမ်း မရှိ သော်လည်း၊ မင်းသား ချင်ယု ကိုမူ၊ မည်သူမျှ မထီ မဲ့မြင် မပြုရဲ ကြပေ။
လင်းယွန် ပင်လျှင် မျက်ခုံး နှစ်ဖက်ကို စုကျုံ့ ထားသည်။ ချင်ယု ထွက်ပေါ်လာ သည်နှင့်၊ ရှင်းဂျူတို့ မောင်နှစ်မ နှစ်ယောက်၏၊ ထူးခြားသော တုံ့ပြန်မှု များကိုလည်း၊ သူ သတိပြု မိသည်။
“ ဒီနေ့ ပွဲမှာ ရပ်နေ စရာ မလို ပါဘူး၊ ကျေးဇူး ပြုပြီး ထိုင်ကြပါ။ ”
သူ့ စကား တစ်ခွန်း ကပင်၊ လူအုပ်ကို ပြင်းထန်သော ဖိအားများ ပေးနိုင် ခဲ့သည်။
“ အခုက ညီမလေးရဲ့ မွေးနေ့ပါ၊ သူ့ မွေးနေ့ ပွဲကို မကျင်း ပတာ ငါးနှစ် ရှိပါပြီ၊ ဒီနေ့တော့ ကျုပ်လို အညတရ အိမ်ရှေ့စံလေး အတွက်၊ အလင်း ရစေ ပါတယ်။ "
ချင်ယုက ရယ်မောကာ ဆိုသည်။ သူ့ စကား များက အမှား အယွင်း မရှိ သော်လည်း၊ အကြောင်း တစ်ခု ခုကြောင့်၊ အနည်းငယ် ထူးဆန်း နေသလို၊ ခံစား လိုက်ရသည်။
ကြည့်ရ သည်မှာ ချင်ယုသည် မင်းသမီးနှင့် ဆက်ဆံရေး မကောင်း နိုင်ကြောင်း၊ လင်းယွန်က သတိ ထားမိ လိုက်သည်။
ဂိုဏ်း ပေါင်းစုံကို ဖိတ်ကြား ပြီးနောက်၊ ပွဲတော် တစ်လို ကျင်းပ လာသော မွေးနေ့ ပွဲသည်၊ မျက်စိ စပါးမွေး စူးစရာ ပေပင်။
ရာဇပလ္လင် အတွက် ပြိုင်ဖက် ဖြစ်သောကြောင့်၊ မင်းသမီးလေး အပေါ်၊ မကျေ မနပ် ဖြစ်ရ ခြင်းမှာ၊ သဘာဝပင် ဖြစ်သည်။
မွေးနေ့ပွဲ မကျင်းပ သည်မှာ၊ ငါးနှစ် ရှိပြီမို့၊ ချင်ယုက သူ့ ညီမ၏ ဂုဏ်သတင်းကို၊ စုံစမ်း လိုခဲ့သည်။
လက်ရှိ လူတိုင်း ထံမှ၊ လက်ခံ ရရှိ မိသော လေးစားမှု များကြောင့်၊ သူ့ကို ကျေနပ် သွားစေသည်။
လွန်ခဲ့သော ငါးနှစ် အတွင်း၊ သူ၏ ဂုဏ် သိက္ခာမှာ၊ မဟာချင် အင်ပါယာတွင်၊ အမြင့်ဆုံးသို့ ရောက်ရှိ လာခဲ့ပြီး၊ မည်သူမျှ သူနှင့် မယှဉ် နိုင်ခဲ့ပေ။
ခေါ်ယူ ခန့်ထား ထိုက်သော ဉာဏ်ကြီး ရှင်များ၊ ရှိ မရှိကို စောင့်ကြည့် ရန်၊ ဤပွဲသို့ တက်ရောက် မိခြင်းလည်း ဖြစ်သည်။
“ ပွဲစကြ ရအောင်၊ ညီမလေး ဒီကို မကြာခင် ရောက်လာ တော့မယ်။ ”
ချင်ယုက လူအုပ်ကြီး အလယ်ရှိ သူ့အတွက် စီစဉ် ထားသော ထိုင်ခုံ ဆီသို့ ပြုံးကာ၊ လျှောက်လှမ်းသွား လိုက်သည်။
ရုတ်တရက် ဆိုသလို တံခါး ဖွင့်သံ ထပ်မံ ထွက်ပေါ် လာပြီးနောက်၊ သွယ်လျသော အသွင် အပြင်ဖြင့်၊ ပုံရိပ် တစ်ရိပ် ဝင်ရောက်လာ လေသည်။ လူတိုင်း၏ အာရုံမှာ ထိုပုံရိပ် ထံသို့ ကျဆင်း သွား၏။
ပုလဲနှစ်ရောင် အသား အရည်နှင့် အဖြူရောင် သင်တိုင်းကို ဝတ်ဆင် ထားသော မျိုးသမီး တစ်ဦး ဖြစ်သည်။
( သင်တိုင်း = တရုတ် အမျိုး သမီးများ ဝတ်ဆင် တက်သော၊ ကော်လံ အထောင်၊ ကိုယ်ကျပ် ဘေးကွဲ အင်္ကျီ။ )
ခန္ဓာကိုယ် အချိုး အစား အရ စိတ်လှုပ် ရှားဖွယ် ဆွဲဆောင် နိုင်ခဲ့ သော်လည်း၊ သူမ မျက်နှာကို မော့ကြည့် လိုက်မိ သည်နှင့် စိတ်ပျက်သွား ကြသည်။
ကောလ ဟာလများ ကဲ့သို့ပင်၊ မင်းသမီး လေးမှာ၊ မျက်နှာ တစ်ဝက် ကျော်ကျော်ကို ဇာပုဝါဖြင့်၊ ဖုံးအုပ် ထားလေသည်။ သူမ၏ မှော်ဆန်သော မျက်ဝန်း များသည်သာ ဝင်းလက် နေပေ၏။
သူ့ ဘေးသို့ နောက်ထပ် လူနှစ်ယောက် လှမ်းတက်လာပြီး၊ ဘယ်ဘက်တွင် ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ 'လွင့်မျော နေသော ရေခွက် လေး' က နေရာယူ လိုက်သည်။
ညာဘက်တွင် မီးခိုးရောင် ၀တ်ရုံကို ဆင်မြန်း ထားသော အဘိုးအို တစ်ဦးက ခြံရံ လိုက်ပါ လာသည်။ ထိုအဖိုးအိုမှာ ဓား ရည်ရွယ်ချက် ထုတ်လွှတ် လာမှုကို၊ တိကျစွာ ရှာဖွေ နိုင်သော သူ ဖြစ်သည်။
“ နောက်ဆုံး မတွေ့တာ ငါးနှစ် ရှိပြီ၊ ဒီနေ့ ငါ့မွေးနေ့ပွဲ အတွက် အားလုံး ပါဝင် လာပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ”
မင်းသမီးလေးက နှုတ်ခွန်းဆက် စကား ဆိုကာ၊ သူမ အတွက် အမှတ် အသား ပြုထားသော ထိုင်ခုံ ဆီသို့၊ လျှောက်လှမ်း သွားခဲ့သည်။
ထို့နောက်တွင် လေထုကို တုန်ခါ စေသည့် 'အက' များဖြင့်၊ ဧည့်ခံပွဲကို စတင် လိုက်သည်။
'ကချေ' သည်များ အားလုံးမှာ၊ မင်းသမီး စံအိမ်၌ ကြီးပြင်း လာသည့်၊ ငယ်မွေး ခြံပေါက် များသာ ဖြစ်ပြီး၊ သင့်လျော်သော ကျင့်ကြံမှု ကိုယ်စီ ရှိထား ကြလေသည်။
ဂိုဏ်းပေါင်း စုံမှ တပည့် များက ဖျော်ဖြေ ပွဲကို စူးစူး စိုက်စိုက် ကြည့်နေ ကြသော်လည်း၊ မကြာမီ သူတို့၏ နှလုံးသားများ ငြိမ်သက် သွားကြသည်။
အစောပိုင်း အစီ အစဉ် များသည် အရေးပါခြင်း မရှိ လှကြောင်း၊ လူတိုင်း သိရှိ ထားသည်။ အဓိက အစီ အစဉ်မှာ လူငယ်များ အချင်းချင်း လက်ရည် စမ်းကြခြင်း ဖြစ်၏။
ဤနေရာရှိ လူတိုင်းက ပြိုင်ဆိုင်မှု များမှတစ်ဆင့်၊ ကျော်ကြား လိုခြင်းနှင့် ပတ်သက်၍ ကိုယ်ပိုင် အတွေး အမြင်များ ရှိကြသည်။
ရှေးဟောင်း တာအို ဂိုဏ်း၏ အကြီးအကဲ ဝမ်ရန်းဘိုက၊ လျိုဖန်းအား နှိမ့်ချသော အပြုံးဖြင့်၊ အဝေးမှ သူ့ခွက်အား မြှောက်ပြ လိုက်သည်။
ရှင်းဂျူက အဆိုပါ ဂိုဏ်းထံ တစ်ချက် လှည့်ကြည့်ကာ၊ " မကြာခင် စတင် တော့မယ်" ဟု ရေရွတ် လိုက်လေသည်။
လျိုဖန်းက၊ '' သတိ ထားပါ၊ မပေါ့ ဆနဲ့ " ဟု သတိပေး လိုက်၏။
တပည့် အားလုံးက ခေါင်းညိတ် ခက်ခံ မိကြသည်။ ထိုအချိန်တွင် ရှင်းယန်က ရုတ်တရက် သတိရ သွားကာ၊
" ဂျူနီယာ မောင်လေး၊ မင်းသတိ ထားရမယ်၊ ကောင်းကင်ဘုံ ချင် အင်စတီကျုက ချင်းကျိ၊ နတ်ဘုရား အစောင့် တပ်က ယွီချင်း၊ ရှေးဟောင်း တာအို ဂိုဏ်းက ဇိုယန်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက ဘိုင်ယုနဲ့၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းရဲ့ စီရွှယ်ယီက၊ မင်းကို ကြည့်နေ တယ်။ "
“ ငါ့အတွက် စိတ်မပူ ပါနဲ့၊ စီနီယာ အစ်မ။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ပြော လိုက်သော်လည်း၊ ဆန့်ကျင်ဘက် အနေဖြင့်၊ လျိုဖန်းမှာ အလွန် စိုးရိမ် သွားသည်။
အစောပိုင်းတွင် လျူယွီက ဓားကျွန် အဖြစ်၊ လင်းယွန်ကို ပြောင်ပြောင် တင်းတင်း လှောင်ပြောင် ခဲ့သည်။
ထိုစကားများ အရ လင်းယွန်နှင့် ဓားနန်းတော်အပေါ် လူတိုင်းက၊ ပစ်မှတ်ထား လှောင်ပြောင် လာကြသည်။
မွေးနေ့ပွဲ အတွင်း လူများ စွာက စိုက်ကြည့် လာသည့် အတွက်၊ ဓားနန်းတော်တွင် ကောင်းမွန်သော အကျိုး အမြတ်များ၊ ရှိလာ နိုင်မည် မဟုတ်ကြောင်း၊ လျိုဖန်းက ခန့်မှန်း မိသည်။
အစ ပိုင်းတွင် လင်းယွန် အပေါ်၊ မျှော်လင့်ချက် အချို့ ထားရှိ မိသော်လည်း၊ လရောင် ရေစင် ဓားကို ရွေးချယ် ထားပြီးနောက်၊ အနည်းငယ် စိတ်ပျက် သွားသည်။
သို့သော် ကံကောင်း စွာဖြင့်၊ ကျားနဂါး လက်သီးကို ကျွမ်းကျင် ထားသည်။
လျိုဖန်းက သက်ပြင်းကို တိုးတိတ်စွာ ချလိုက်၏။ မွေးနေ့ပွဲ အတွက် လုံလောက်အောင် ပြင်ဆင် နိုင်မိခြင်း၊ ရှိပုံ မရ ခဲ့ပေ။
မွန်းတည့် အချိန်၌ နေမင်း ကြီး၏ ရောင်ခြည်မှာ၊ ကျွန်းတစ်ခု လုံးပေါ် လွှမ်းခြုံ လာခဲ့ လေပြီ။
ဖီးနစ် ပန်းကလေးက သူ့ ခွက်ကို ချလိုက်ကာ၊
“ နောက်ဆုံး အစီအစဉ် အရ ဂိုဏ်း ပေါင်းစုံရဲ့ အင်အားကို အကဲဖြတ် ခြင်းပါပဲ၊ ဒီလို မကျင်းပ ဖြစ်တာ၊ ငါးနှစ် ရှိပြီမို့ အားလုံးက စိတ်လှုပ်ရှားစွာ စောင့်မျှော် နေကြ လိမ့်မယ်လို့ ယုံကြည် ပါတယ်။ ”
မင်းသမီးက သူ့ စကားကို ခဏ ရပ်နား လိုက်၏။
" နောက်ဆုံးတော့ အချိန်ကျ ပြီ။ ''
“ အရင်က ပွဲတွေမှာ ခမ်းနားတဲ့ ပါရမီ ရှင်တွေ ထွက်ပေါ် နေကြပဲ၊ ဒီပွဲရဲ့ အတောက် ပဆုံး ကြယ်ပွင့်က ဘယ်သူ လဲလို့ တွေးမိတယ်။”
“ အောင်နိုင်သူ ရှိလို့၊ ရှုံးတဲ့သူ ဆိုတာလည်း ရှိနေမှာ သဘာဝ ပါပဲ၊ ဒီနှစ် အတွက် ဘယ်သူက အောင်နိုင် မလဲ ဆိုတာ၊ ကျုပ် မသိ ပေမယ့်၊ ရှုံးနိမ့်သူ ဖြစ်ဖို့ ကတော့ ... ၊ ဓားနန်းတော်က သေချာ နေပါပြီ။ ''
“ ဟား ဟား ဟား၊ ဓားနန်းတော်ရဲ့ ပါရမီ ရှင်က ဓားကျွန် တစ်ယောက် ဖြစ်လိမ့် မယ်လို့ ဘယ်သူက ထင်ထားမိ မှာလဲ၊ ဒီလို ပွဲမျိုးမှာ ဓားကျွန် တစ်ယောက်ကို ခေါ်လာ ရဲတဲ့ အတွက် သူတို့ကို လေးစား မိပါတယ်၊ ဒါက မင်းသမီး လေးရဲ့ ဂုဏ်သိက္ခာကို နိမ့်ကျ စေတယ် မဟုတ်လား။ ''
" တော်တော့ ဓားနန်းတော်က ဂုဏ်သိက္ခာ ကြီးမားတဲ့ ဂိုဏ်းကြီး တစ်ခုပဲ၊ မင်း အပြစ် ပြုလို့ ရတဲ့ သူတွေ မဟုတ်ဘူး။"
ပတ်ဝန်း ကျင်တွင် ဆွေးနွေး သံများ ဆူညံ လာသည်။
သိပ်မကြာခင် မှာပင် မင်းသမီးလေး အသံ ထပ်မံ ထွက်ပေါ် လာ၏။
" ဒါက အချင်းချင်း ဖလှယ် ရုံသာ ဖြစ်တာကြောင့်၊ ထိန်းထိန်း သိမ်းသိမ်း လုပ်ဖို့ သတိ ရကြပါ၊ ပြိုင်ဘက် အပေါ် ရည်ရွယ်ချက် ရှိရှိ၊ ထိခိုက် စေတာ မျိုးကို ခွင့်မပြု နိုင်ဘူး၊ ပြီးတော့ ကောင်းကင် ရတနာ တွေကိုလည်း ခွင့်မပြုဘူး၊ ကဲ ငါတို့ စလိုက် ရအောင်။ ''
စကားဆုံး သည်နှင့်၊ ရှေးဟောင်း တာအို ဂိုဏ်းမှ၊ ရှင်းယန်ကို စိန်ခေါ် လိုသော အစောပိုင်း လူငယ်က၊ ဓားနန်းတော်၏ ဦးတည် ရာသို့ လှမ်းကြည့်ကာ၊ ပြုံးလိုက်ပြီး၊
" ငါက ရှေးဟောင်း တာအို ဂိုဏ်းရဲ့ ချန်ရန်ပါ၊ဓားနန်းတော်ရဲ့ တပည့် ရှင်းယန်က၊ ငါ့စိန်ခေါ် မှုကို လက်ခံဝံ့ သလား။ ''
ပွဲစ စခြင်းပင်၊ ရှေးဟောင်း တာအို ဂိုဏ်းသည် ဓားနန်းတော်ကို စိန်ခေါ်ကာ၊ အရှက် ခွဲရန် ကြိုးစားလာ ခဲ့သည်။
“ စီနီယာ အစ်မက မင်းလို လူနဲ့ ဆက်ဆံဖို့ မလို ပါဘူး။ ”
ရုတ်တရက် တန်တုံက ပြေးထွက် သွားသည်။ရှင်းယန်မှာ တတိယ အလွှာ၏ သခင် လေးပါး အနက် တစ်ပါး ဖြစ်၏။
ထို့ကြောင့် ၎င်းတို့သည် မည်သူမှ၊ သူ့ကို ဤမျှ လွယ်လွယ် ကူကူ၊ စိန်ခေါ်ခြင်း မပြုရန် တားမြစ် လိုသည်မှာ၊ သဘာဝ အတိုင်း ဖြစ်သည်။
၎င်းသည်ပင် သူတို့ လိုက်ပါ လာရသည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်ပေသည်။
ချန်ရန်က စိတ်ပျက် သွားသော်လည်း၊ ပြုံးလိုက်ကာ၊
" ရှင်းယန်က မင်းကို အမြောက်စာ အဖြစ် တွန်းပစ် လိုက်ပုံပဲ။ "
" မင်းငါ့ကို အနိုင်ရ ပြီးရင်၊ ဆက်ပြော ကြတာပေါ့။ "
တန်တုံက ချန်ရန်ကို တုန့်ပြန် လိုက်သည်။
“ ဆယ်ကြိမ် အတွင်း မင်းကို၊ ငါ ရိုက် နိုင်တယ်။ ”
ချန်ရန်က မောက်မာစွာ ဆိုသည်။
" ဆယ်ကြိမ် အတွင်း၊ မင်း ငါ့ကို ဘယ်လို အနိုင်ယူ မလဲ ဆိုတာ ငါကြည့်မယ်။ ''
တန်တုံက ဒေါသ တကြီး ပြန်အော် လိုက်သည်။ ဓားကို ဆွဲကာ 'လရောင် ရေစင် ဓား'ကို၊ ကွပ်မျက် ခဲ့သည်။
လရောင် ရေစင် ဓားတွင်၊ ပိုမို ကျွမ်းကျင် နေပြီ ဖြစ်သောကြောင့်၊ တန်တုံက ၎င်းကို အသုံး ပြုသော အခါတွင်၊ အတက် အကျ လှိုင်းများ မရှိ တော့ပေ။
ဓားကို ရှေ့သို့ ထိုးလိုက် သည်နှင့်၊ သူ့ဓားမှ တောက်ပသော လရောင် အလင်းများ ထွက်ပေါ် လာသည်။
ချန်ရန်က သူ့ ခန္ဓာကိုယ် အနှံ့၊ မူလ စွမ်းအင် များကို ဖြန့်ကျက်ကာ၊ ပြုံးရယ် လိုက် ပြီးနောက်၊ ဓားအား လက်သီးဖြင့်၊ ပြန်လည် ထိုးချ လိုက်သည်။
သူ့ လက်သီးတွင် သူတော်စင် ဂီတ သံနှင့်အတူ ၊ မိုးခြိမ်း သံများ တွဲလျက် ကပ်ပါ လာသည်။
'' မကောင်း တော့ဘူး။ ''
လျိုဖန်းက ထိတ်လန့် တကြား အော်ဟစ် လိုက်ကြသည်။ သူတော်စင် ဂီတ သံစဉ်သည် ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကို၊ တတိယ အဆင့်သို့၊ ရောက်ရှိ သွားသည့် လက္ခဏာ တစ်ရပ် ဖြစ်သည်။
" ဟေး ဒါဆို ငါ့ လက်သီးကို ယူ ။ "
ချန်ရန်က တန်တုံ၏ ဓားကို လျစ်လျူရှုကာ၊ သားရဲ တစ်ကောင်လို၊ သူ့ လက်သီးဖြင့် တိုက်ခိုက် လာခဲ့သည်။
တိုက်ခိုက်မှု နှစ်ခု ထိပ်တိုက် တွေ့သည်နှင့်၊ ဓားကို လက်မှ လွတ်ကျ လုနီးနီး ဖိအားပေး ခံရ သောကြောင့်၊ တန်တုံ အံ့အားသင့် သွားသည်။
ပြိုင်ဘက်၏ လက်သီးသည် လရောင် ရေစင် ဓားကို၊ လုံးလုံး လျားလျား တားဆီး နိုင်ခဲ့သည်။ လရောင် ရေစင် ဓား၏ အစွမ်း ထက်ဝက် ကိုပင်၊ မထုတ် နိုင်ခဲ့ပေ။
'' လာ ဦး မယ်။ ”
ချန်ရန်က ရယ်မော လိုက်သည်။ ရန်သူ ထံသို့ အဆက် မပြတ် တိုးကပ် လာသည် နှင့်အမျှ၊ သူ့ခန္ဓာ ကိုယ်မှ ပြင်းထန်သော စွမ်းအင်များ ထွက်ပေါ် လာသည်။
တန်တုံ၏ ဓားချက် များက၊ သန်မာ လွန်းသော ရုပ်ခန္ဓာအား၊ အပေါ်ယံ ဒဏ်ရာ များသာ ဖန်တီး နိုင်ခဲ့သည်။
တန်တုံ ရှုံးနိမ့်ရန် အတွက် အချိန် တစ်ခုသာ လိုအပ် ပေမည်။ ဆယ်ကြိမ်မြောက် အထိတောင့်ခံရန် မဖြစ်နိုင် တော့ပေ။
လရောင် ရေစင် ဓား၏ နောက်ကွယ်ရှိ၊ စစ်မှန်သော ရည်ရွယ် ချက်အား၊ ဆုပ်ကိုင် ထားနိုင်မည် ဆိုပါက၊ ပြိုင်ဘက်၏ တိုက်ခိုက် မှုကို တားဆီး နိုင်မည် ဖြစ်သည်။
သို့သော် ဤမျှ အစွမ်း ထက်သော ဓား နည်းစနစ်၏ ရည်ရွယ် ချက်ကို၊ တန်တုံက ဖမ်းဆုပ် နိုင်ခြင်း မရှိ ခဲ့ခြေ။
ဓား အဟုန် အတက် အကျကို၊ အတင်း အကြပ် ထိန်းချုပ် လှုပ်ရှား လိုက် သော်လည်း၊ ရှစ်ကြိမ် မြောက်တွင် ချန်ရန်၏ လက်သီး၊ ထိမှန် ခံလိုက် ရသည်။
ရင်ဘတ် ပေါ်သို့ လက်သီးဖြင့်၊ အထိုး ခံလိုက်ရ သည်ကြောင့်၊ တန်တုံက သွေးတစ်လုတ် အန်ချ မိသည်။
သူက မြေပြင် ပေါ်သို့၊ ပြန်လည် ဆင်းသက် လိုက်ပြီးနောက်၊ ဓားဖြင့် ထပ်မံ တိုက်ခိုက် လိုခဲ့သည်။
သို့သော် ရုတ်တရက် ထိုအချိန် မှာပင်၊ မင်းသမီး လေးက ဝင်ရောက် ဟန့်တား လာလေသည်။
“ ဒါဆို လုံလောက် ပါပြီ၊ မင်းက ရှုံးနေပြီ ဖြစ်တာကြောင့်၊ မင်း ဆက်ပြီး တိုက်ပွဲ ဝင်လို ရင်တောင် ဘာမှ ပြောင်းလဲလို့ မရ ပါဘူး။ "
" တန်တုံ ပြန်လာပါ။ "
လျိုဖန်း၏ မျက်နှာမှာ မည်းမှောင် သွား၏။ တန်တုံက ဤသို့ လျင်မြန်စွာ ရှုံးနိမ့် ခြင်းဖြင့်၊ မျက်နှာ ပျက်စရာ ဖြစ်လာ ခဲ့လေပြီ။
“ ဆယ်ကြိမ် အတွင်း ရှုံးသွား တာလား၊ လရောင် ရေစင် ဓားက၊ အထင်ကြီး စရာ မရှိပါလား၊ ဓားနန်းတော်က ဓားနဲ့ ပတ်သက် လာရင်၊ အသန်မာ ဆုံးလို့၊ သိထား ခဲ့တာ ...၊ ဘာမှ မဟုတ် သလို ပါပဲ။ ”
ချန်ရန်က မျက်ခုံးပင့် ရေရွတ် လိုက်ပြီး၊ ရှင်းယန်အား စူးစိုက် ကြည့်ကာ၊
" သွေးနှင်းဆီ ရှင်းယန်၊ မင်း ထွက် မလာရင် ဓားနန်းတော်မှာ၊ ဘယ်သူမှ မရှိဖူးလို့ ငါ သတ်မှတ် လိုက်မယ်။ "
***