← Chapters

ငါ့ကို တိုက်ခိုက်ပါ။

Vol. 24 Ch. 333

ငါ့ကို တိုက်ခိုက်ပါ။

Vol. 24 Ch. 333

“ လရောင် ရေစင် ဓားက၊ အထင်ကြီး စရာ မရှိ ပါလား၊ ဓားနန်းတော်က ဓားနဲ့ ပတ်သက် လာရင်၊ အသန်မာ ဆုံးလို့၊ သိထား ခဲ့တာ တွေက ...၊ ဘာမှ မဟုတ် သလို ပါပဲ။ ”

ချန်ရန်က မျက်ခုံးပင့် ရေရွတ် လိုက်ပြီး၊ ရှင်းယန်အား စူးစိုက် ကြည့်ကာ၊

" သွေးနှင်းဆီ ရှင်းယန်၊ မင်း ထွက် မလာရင် ဓားနန်းတော်မှာ၊ ဘယ်သူမှ မရှိဖူးလို့ ငါသက်မှတ် လိုက်မယ်။ "

ဟု ဆိုလိုက် လေသည်။

တန်တုံက ဆယ်ကြိမ် အတွင်း၊ အနိုင်ယူ ခဲ့သော ချန်ရန် နာမည်ကို၊ မည်သူမျှ မကြားဖူး ခဲ့ကြပေ။

ယခု အချိန်တွင် သူဆီ၌ မည်သည့် အတွက်ကြောင့်၊ ယုံကြည်ချက် ပြင်းထန် နေရ သည်ကို သိရှိ လိုက်ကြသည်။

သူက ရှင်းယန် ကိုပင်၊ စိန်ခေါ် နေခဲ့သည်။ ရှင်းယန်သာ အပြင်ထွက် ရင်ဆိုင်ခြင်း မရှိ ပါက၊ ဓားနန်းတော်၏ နာမည်ကို၊ ပျက်စီး ပေတော့မည်။

တတိယ အလွှာရှိ သခင် တစ်ပါးကို တိုက်ခိုက် လာရန် တွန်းအား ပေးနိုင် ခြင်းဖြင့်၊ ဓားနန်းတွင်၊ အခြား မည်သူမျှ စွမ်းဆောင် နိုင်စွမ်း မရှိကြောင်း၊ ပြသရာ ရောက်ခဲ့သည်။

သို့သော် ငြင်းဆို ပါက၊ ချန်ရန်၏ ကျော်ကြားမှုမှာ၊ မြင့်တက် လာမည် ဖြစ်ပြီး၊ တစ်ဖက်တွင် ဓားနန်းတော် ဂုဏ် သိက္ခာ သည်လည်း၊ ပြိုပျက် သွားမည် ဖြစ်သည်။

ရှေးဟောင်း တာအို ဂိုဏ်းမှ ဝမ်ရန်းဘိုက ကျေနပ် အားရစွာ ပြုံးရယ် လိုက်၏။ သူ အထင် မကြီး ထားသော ချန်ရန်က၊ ဤကဲ့သို့ အံ့အား သင့်စေ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။

" မင်း သဘော အတိုင်း ပါပဲ။ "

ရှင်းယန်က သူမ၏ ထိုင်ခုံမှ ကောင်းကင်သို့ ခုန်တက် သွားကာ၊ ချန်ရန်နှင့် ခြေလှမ်း ဆယ်လှမ်း အကွာ၌၊ ပြန်လည် ဆင်းသက် လိုက်၏။

ရှင်းယန်၏ နီရဲ ဖူးအိ နေသော နှုတ်ခမ်း နှစ်လွှာအား ကြည့်ကာ၊ ယောက်ျားပေါင်း မည်မျှ အိပ်မက် မက်ခဲ့ မည်ကို၊ ချန်ရန်က တွက်ဆ နေခဲ့ ပေသည်။

သို့သော် ထိုသူများ အားလုံးက၊ သူမ၏ ဓားအောက်၌ သေဆုံး သွားနိုင် ကြသည်။

" ရှင်းယန် ထွက်လာ ပြီလား။ "

“ ဓားနန်းတော်က ဒီအတွက် အတင်း အကျပ်၊ ဖိအား ပေးခံ ရလိမ့် မယ်လို့၊ မမျှော်လင့် ထားမိဘူး၊ ဘယ်လောက် သနား စရာ ကောင်းလိုက်လဲ …”

“ ပျော်စရာ ကောင်းမှာပါ၊ ဘာပဲ ဖြစ်ဖြစ် ရှင်းယန်ရဲ့ အင်အားကို အသိ အမှတ် ပြုရ မှာပဲ။”

ရှင်းယန်၏ ကျော်ကြား မှုသည် ဓားနန်းတော် တွင်သာ၊ ကန့်သတ် ထားသော ဂုဏ်သတင်းမျိုး မဟုတ်ဘဲ၊ မဟာချင် အင်ပါယာ တစ်ခွင် ထိတိုင်၊ ကျော်ကြား လေသည်။

ထို့ကြောင့် သူမ ထွက်ပေါ်လာ သည်နှင့်၊ ချက်ချင်းပင် အာရုံ စူးစိုက်မှု ဗဟိုချက် ဖြစ်လာ ခဲ့သည်။

" ငါ မင်းကို သဘောကျ နေတာ ကြာပြီ၊ ဒီနေ့ မင်းကို စိန်ခေါ် နိုင်ခဲ့တဲ့ အတွက်၊ ရှုံးရင်တောင် ငါ့ခရီးက အလကား ဖြစ်မှာ မဟုတ်ဘူး၊ အနိုင် ရခဲ့ ရင်တော့ အကောင်းဆုံး ပါပဲ။ "

ချန်ရန်က တောက်ပသော အပြုံးဖြင့် ဆိုလိုက်သည်။ ရှုံးနိမ့် ခြင်းမှာ သူ့အတွက် ရှက်စရာ မဟုတ်ပေ။ အနိုင်ရ ခဲ့ပါက၊ သူ့ နာမည်ကို ရေးထိုး နိုင်မည်။

“ စကားတွေ ရပ်လိုက်ပါ၊ စလိုက် ကြရအောင်။ ”

ရှင်းယန်က မျက်ခုံးမှောင် ကြုပ်လိုက်ပြီး အေးစက်စွာ ဆိုသည်။

“ ကောင်းပြီ၊ ကျေးဇူးပြုပြီး ... ငါ့ကို အခွင့်အရေး ပေးပါ။ "

ချန်ရန်က ဒရာကိုဖီ ခန္ဓာ ကိုယ်ကို ထုတ်ဖော် လိုက်ပြီး၊ မူလ စွမ်းအင် များဖြင့် ထိုးနှက် လိုက်သည်။

သူ့လက် အပေါ်၌ မီးလျှံများ တောက်လောင် လာပြီး၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ထွက်ပေါ် လာသည်။

" အိုး .... "

တုန်လှုပ်ဖွယ် ခွန်အားကြောင့် လူအုပ် ကြီးမှာ၊ ပြင်းပြသော အသက်ရှု သံများ၊ ထွက်လာ ကြလေသည်။

ချန်ရန်က ယဉ်ကျေးစွာ ဆိုခဲ့ သော်လည်း၊ သူ့၏ အပြင်း ထန်ဆုံးသော တိုက်ခိုက် မှုအား၊ ချက်ချင်း ထုတ်ဖော် လာခဲ့သည်။

ပြိုင်ဘက်အား မည်သည့် ပြင်ဆင် ချိန်မှ မပေး လိုခဲ့ဘဲ၊ ရှင်းယန်၏ နရီကို အနှောင့် အယှက် ပေးချင် နေခဲ့သည်။

( နရီ= အလျော့ အတင်း ပုံမှန် လှုပ်ရှား လိုသော စည်းဝါး။ )

လူတိုင်းက ထိုအတွေးကို သတိထား လိုက်မိ သည်နှင့်၊ ချန်ရန်အား ထက်မြက် သူ တစ်ယောက် အဖြစ်၊ မှတ်ချက်ပြု လိုက်သည်။

သူ၏ တိုက်ပွဲ အတွေ့ အကြုံမှာ၊ ရှင်းယန်ထက် နိမ့်ကျ နေသောကြောင့်၊ တိုက်ပွဲတွင် အနိုင် ယူရန်၊ လက်ဦးမှုကို ရယူ ခြင်းဖြင့်၊ အခွင့် အရေးအား အသုံးချ နိုင်မည်ဟု၊ မျှော်လင့် ထားပုံ ရသည်။

သို့သော် ရှင်းယန်၏ ခန္ဓာကိုယ်မှ အေးစက်သော ရောင်ဝါများ လျှံတက် လာကာ၊ အကြည့် များတွင် မထီ မဲ့မြင် နိုင်သော အမူ အယာများ ပြသ လာခဲ့သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သူမ လက်ထဲရှိ ဓားတွင်၊ သွေး ရနံများ ထုံးမွှန်း နေသော မီးလျှံများ တောက်လောင် လာသည်။ ပြီးနောက်၊ ဓားသုံး ချက်ကို ထုတ်လွှတ် ပစ် လိုက်၏။

ချန်ရန်၏ လက်သီးများ မရောင်ခင်၊ ရှင်းယန်ဓားကြောင့်၊ ဒဏ်ရာများ ဖုံးလွှမ်း သွားလေပြီ။

လက်သီး များက တခြား သူများ အမြင်တွင်၊ အားကောင်း နေပုံရ သော်လည်း၊ ရှင်းယန် အတွက်မူ ထူးခြားပုံ မရခြေ။

" သေ စမ်း။ "

လက်သီး ချက်သည်၊ ရှင်းယန်၏ မျက်လုံးထဲ၌ ချို့ယွင်းချက် များစွာဖြင့်၊ပြည့်နှက် နေလိမ့် မည်ဟု၊ မထင် ထားခဲ့ မိပေ။

'' စိတ်ဝင် စားစရာ။ ''

အေးစက်သော အပြုံး တစ်ပွင့် ထွက်ပေါ် လာပြီး၊ ရှင်းယန်ကို လှည့်စားရန် အတွက်၊ ချန်ရန်က ခြေတစ်လှမ်း တိုးလိုက်သည်။

ပြီးနောက် ရှေ့သို့ တဟုန်ထိုး ပြေးသွား လိုက်သည်နှင့်၊ အရိုးများ အက်ကွဲ လာပြီး၊ အရှိန် အဝါမှာ ပို၍ မြင့်မား လာလေသည်။

ရိုင်းစိုင်းသော စွမ်းအင်နှင့်၊ မူလ စွမ်းအင်များ ထွက်ပေါ် လာ ပြီးနောက်၊ အတူ တကွ ပေါင်းစည်းသွား ကြ၏။

ရှင်းယန်၏ ပြသ ထားသော ခွန်အား အရ၊ ဤတိုက်ခိုက် မှုကို ဆုပ်ကိုင် လိုက်မည် ဆိုပါလျှင်၊ အခြေ အနေ ကောင်းနိုင်မည် မဟုတ်ကြောင်း၊ မည်သူ မဆို တွေးကြည့် နိုင်ခဲ့သည်။

သို့သော် ရှင်းယန်က ချန်ရန်ထက် ပိုမြန် ပေ၏။ အသက် တရှိုက်စာ အတွင်း၊ မြှားတစ်စင်းလို ပြေးထွက် သွားကာ၊ သူ့ဓားကို ရှေ့သို့ လှမ်းထိုး လိုက်သည်။

ဓားနှင့် လက်သီးတို့ ထိမိသွား သည်နှင့်၊ ချန်ရန်မှာ ညည်းညူလျက် နောက်ပြန်ဆုတ် သွား ခဲ့ ရသည်။

တန်တုံကို အနိုင် ယူစဉ် ကပင်၊ အလားတူ အခင်း အကျင်း မျိုးဖြင့်၊ ဖိအားပေး နိုင်သည်။

အမြင် အရ ရှင်းယန်၏ ဓားမှာ၊ လက်သီးထက် အားနည်း နေပုံရ သော်လည်း၊ ၎င်းကို ရင်ဆိုင် နေရသော ချန်ရန် အတွက်မူ၊ မည်မျှ အစွမ်း ထက်ကြောင်း၊ သူသာ သိပေသည်။

ယခင်က ဒရာကိုဖီ စွမ်းအား ဖြင့်ပင်၊ ကျင့်ကြံမှု မြင့်မားသော ရန်သူ များစွာကို အနိုင်ယူ နိုင်ခဲ့သည်။ ယခုမူ ရှင်းယန်၏ အနားသို့ မကပ် နိုင်ခဲ့ပေ။

တစ်ချိန်ထဲ မှာပင်၊ ကြက်သွေးရောင် အလင်းများ တောက်ပ လာပြီး၊ ချန်ရန်၏ မျက်နှာမှာ နစ်မြုပ် သွား၏။ မျက်နှာ ပေါ်ရှိ အပြုံးများ ပျောက်ကွယ် သွားကာ၊ လက်သီး များကို အရူး အမူး ထုတ်ပစ် လိုက်သည်။

သို့သော် လက်သီးဖြင့် ထိုးလိုက် တိုင်းတွင်၊ ခြေတစ်လှမ်း နောက်ပြန် နေရသည်။

ဤမြင်ကွင်းကို ကြည့်ကာ၊ လင်းယွန်ကအတွေးနက် သွား၏။

( ဒါက သွေးမီးလျှံ ဓားလား။ )

သည်ဓား နည်းစနစ်ကို မရွေးချယ် ရသော၊ အကြောင်း အရင်းမှာ၊ ၎င်း၌ ပါဝင်သော မုန်းတီးခြင်း များက၊ လေးလံ လွန်းလှပြီး၊ နှလုံး သားတွင် ဒေါသများ ဖုံးလွှမ်း လာရန် လွယ်ကူ ပေမည်။

သို့သော် ထိုသို့ ချို့ယွင်း ချက်များ ရှိနေ သော်လည်း၊ ဤဓား နည်းစနစ်မှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းကြောင်း၊ သဘောပေါက် မိသည်။

ဒရာကိုဖီ နည်းစနစ် သည်ပင်၊ သူနှင့် ယှဉ်ပါက၊ အနည်းငယ် ပျော့ညံ့ နေပေသည်။

" မင်းငါ့ကို အနိုင် ယူချင် တာလား၊ ဒီလောက် လွယ်ကူမယ် မထင်ဘူး။ "

နောက်ဆုံးတွင် ချန်ရန်က၊ သူ၏ ဝှက်ဖဲကို ထုတ်ဖော်ရန် ဆုံးဖြတ် လိုက်၏။

တမဟုတ် ချင်းမှာပင်၊သူ့ ခန္ဓာ ကိုယ်၌ မီးတောက်များ ဖုံးလွှမ်း သွားပြီး၊ ပတ်ဝန်း ကျင်သို့၊ အပူ လှိုင်းများ ထုတ်လွှတ် လာသည်။

“ ဒရာကိုဖီ မီးလျှံ။ ”

ချန်ရန်က အော်ဟစ်ကာ၊ မီးတောင် တစ်လုံးလို၊ ပေါက်ကွဲ တော့မည့် စွမ်းအင်အား၊ လက်သီး မှ တဆင့် ပစ်ထုတ် လိုက်သည်။

အဆိုပါ လက်သီး ချက်ကို ကြည့်ကာ၊ လင်းယွန်က စိတ်လှုပ်ရှား သွား၏၊ ဒရာကိုဖီ စွမ်းအင်ကို ဤသို့ လောင်ကျွမ်း စေနိုင် ခြင်းအား၊ သူ မသိပေ။

သူ့တွင် ရှိသော ဒရာကိုဖီ နည်းစနစ်သည် ပြီးပြည့် စုံသော မူပွား တစ်ခု ဟုတ်ပုံ မရနိုင်။

သို့မဟုတ် ပါက ရှေးဟောင်း တာအို ဂိုဏ်းတွင်၊ ၎င်းနှင့် ပတ်သက်သော၊ သီးခြား လျှို့ဝှက် နည်းစနစ် တစ်ခု ရှိရမည် ဖြစ်သည်။

" ဒီ ချန်ရန်က တကယ် ကြောက်စရာ ကောင်းတယ်၊ သူက ဒရာကိုဖီ ခန္ဓာရဲ့ လျှို့ဝှက် နည်းစနစ် ဖြစ်တဲ့၊ ဒရာကိုဖီ မီးလျှံ ကိုတောင် သင်ယူ နိုင်ခဲ့တယ်၊ ဒါက ကျွမ်းကျင်မှု နည်းပါး ပေမယ့်၊ သင့်လျော်တဲ့ အောင်မြင်မှု တစ်ခု ပါပဲ။ ”

ဝမ်ရန်းဘိုက ချန်ရန်ကို ကြည့်ကာ၊ ပြုံးလျက် ချီးကျူး လိုက်သည်။

ချန်ရန်က ရှင်းယန်ကို အနိုင် မရ လျှင်ပင်၊ အရေး မကြီးပေ။ ယုဝမ်ဘိုနှင့် ဇိုယန်တို့ ကျန်ရှိ နေသေးသည်။ သူတို့ နှစ်ယောက်မှာ၊ ချန်ရန်ထက် မြင့်မားသော ခွန်အား ရှိပေရာ၊ အောင်ပွဲကို မြင်နေရ ပေ၏။

ဒရာကိုဖီ မီးလျှံကို ထုတ်ဖော် ပြီးနောက်၊ ရှင်းယန်၏ ဓားကို အနည်းငယ် ဖြိုခွင်း လိုက်နိုင်သည်။

ချန်ရန်၏ ခွန်အားမှာ၊ ၎င်းတို့ မျှော်လင့် ချက်ထက် ကျော်လွန် သွား သောကြောင့်၊ တန်တုံနှင့် အခြားသော သူများက၊ စိုးရိမ် စိတ်များ ဖြစ်လာ ကြသည်။

“ စိတ်မပူ ပါနဲ့ ၊ ဒီလျှို့ဝှက် နည်းစနစ်က ကြောက်စရာ ကောင်းပေမယ့်၊ ကြာရှည် ထုတ်ဖေါ် နိုင်မှာ မဟုတ်ဘူး၊ နောက်ထပ် ဆယ်ကြိမ်ဆို သူ့ အကန့် အသတ်ကို ရောက်သွား မှာပါ။ ”

ဟု လင်းယွန်က ဆို လိုက်သည်။ သူက တစ်ချိန်လုံး ဒရာကိုဖီ ခန္ဓာကို လေ့လာ နေခဲ့ခြင်း ဖြစ်သည်။

" ဓားကျွန် မင်းဘယ်သူ့ အကြောင်း ပြောနေတယ် ထင်လဲ။ "

လင်းယွန်၏ သုံးသပ် ချက်ကို ကြားသည်နှင့်၊ လူ အများက မကျေ မနပ် ဖြစ်ခဲ့ ကြသည်။ သူတို့ အမြင်၌ ချန်ရန်က ရှင်းယန်ကို ဖိနှိပ်ထား နိုင်ကြောင်း၊ ရှင်းရှင်း လင်းလင်း တွေ့မြင် နေရသည်။

ထို့ကြောင့် ချန်ရန်သည် သူ၏ ကန့်သတ် ချက်သို့ မကြာမီ ရောက်ရှိ တော့မည်ဟု ပြောခြင်းဖြင့်၊ လင်းယွန်၏ ယူဆ ချက်မှာ အဓိပ္ပါယ် မဲ့လွန်း သည်ဟု ခံစားမိ ကြလေသည်။

“ သူ့ကို စိတ်မဆိုး ပါနဲ့၊ ဓားကျွန် တစ်ယောက်က ဘာများ သိနိုင် မှာလဲ၊ ငါ့အမြင် အရတော့ ရှင်းယန်က ဒီတိုက်ပွဲကို ရှုံးနိုင်ချေ များပါတယ်။ ”

" ရှင်းယန်က အငိုက်ဖမ်း တိုက်ခိုက် ခံလိုက် ရတာ ရှင်းပါတယ်၊ ဒီလို လျှို့ဝှက် နည်းစနစ်ကို ချန်ရန်က လုပ်ဆောင် နိုင်လိမ့် မယ်လို့၊ သူ မျှော်လင့် ထားပုံ မရဘူး။ ''

“ အဲဒါက ယုံကြည်မှု လွန်ကဲ ခြင်းရဲ့ ရလာဒ် ပါပဲ၊ ချန်ရန်ကို လျှို့ဝှက် နည်းစနစ် ထုတ်ဖော်ဖို့၊ အခွင့် အရေး မပေး သင့်ဘူး။ ”

ကျောက်ရင်ပြင် ထဲရှိ ကျင့်ကြံသူများ အချင်းချင်း ဆွေးနွေး လာကြသည်။

“ သွား စမ်း။ ”

သို့သော် ရုတ်တရက် ကြက်သွေးရောင် မူလ စွမ်းအင် များသည်၊ လေထဲရှိ ရှင်းယန်၏ ဓားထံမှ၊ ထွက်ပေါ် လာသော သတ်ဖြတ် လိုခြင်း အသိ များနှင့်၊ ဆုံတွေ့ သွားသည်။

တစ်ချိန်တည်း မှာပင် ချန်ရန်၏ ခန္ဓာကိုယ် ပေါ်ရှိ ဒရာကိုဖီ မီးလျှံမှာ မှိန်ဖျော့ သွားသည်။

ရှင်းယန်၏ ဓားမှာ ကြက်သွေးရောင် မီးတောက် များအား ဖြတ်ကျော်ကာ၊ ချန်ရန် ခန္ဓာကိုယ် ထဲသို့ တိုးဝင် သွားသည်။

ဓားဖြင့် ထိုးခံ လိုက်ရသော ချန်ရှန်မှာ သွေးများ အန်ထွက် လာပြီး၊ ခန္ဓာကိုယ် ပေါ်ရှိ မီးတောက်များ၊ ငြိမ်းသွား ခဲ့လေပြီ။

“ ချန်ရန်၊ ပြန်လာပါ။ ”

ဝမ်ရန်းဘိုက ပြုံးလျက် လှမ်းခေါ်လိုက် ပြီးနောက်၊

“ တတိယ အလွှာရဲ့ သခင် တပါးကို၊ ဒီအထိ တွန်းပို့ နိုင်ခဲ့တာ ကိုက၊ မင်းအတွက် ဂုဏ်ယူ စရာ ပါပဲ။ ''

" မင်း ဘာလို့ ...၊ ယုဝမ်းဘိုကို ငါနဲ့ တိုက်ဖို့၊ စေမလွှတ် ရတာလဲ။ "

ရှင်းယန်က အေးစက်စွာ စိန်ခေါ် လိုက်သည်။

“ ကောင်းပြီ၊ ဒီမှာပဲ စကား တွေကို ရပ်လိုက် ကြရအောင်၊ ဓားနန်းတော်က အနိုင်ရ ပါတယ်၊ အကြီးအကဲ ဝမ်၊ မင်းတပည့်ရဲ့ ဒဏ်ရာ တွေကို ကြည့်လိုက်တာ၊ အကောင်းဆုံး ပါပဲ။ ”

ဝမ်ရန်းဘိုက စိန်ခေါ်မှုကို လက်ခံ ခါနီးတွင်၊ မင်းသမီး လေး၏ အသံ ထွက်ပေါ် လာသည်။

ရှင်းယန်ကို အနား ယူချိန် မပေးဘဲ၊ ဆက်လက် တိုက်ပွဲဝင် စေပါက၊ ယုဝမ်ဘိုအား သုံးကြိမ် အတွင်း ရှုံးနိမ့် နိုင်ပေမည်။

ဤတိုက်ပွဲမှာ စိတ်လှုပ်ရှား စရာ ကောင်းလှပြီး၊ လူတိုင်း၏ အမြင် များကို ကျယ်ပြန့် လာစေသည်။

သို့သော လင်းယွန်၏ သုံးသပ် ချက်များ အတိုင်း ရလာဒ် ထွက်ပေါ် လာခဲ့ ခြင်းကြောင့်၊ လူအုပ် ကြီးမှာ အဆင် မပြေ ခဲ့ကြပေ။

ကောင်းကင်ဘုံ ချင် အင်စတီကျု၏ တပည့်များ ကြားရှိ၊ ချင်းကျိက လင်းယွန်ကို အေးစက်စွာ လှမ်းကြည့် လိုက်သည်။

လင်းယွန်ကို စိန်ခေါ်သင့် သည်လောဟု သူ တွေးနေ မိသည်။ နောက်တဖန်၊ သူ လုပ်ဆောင် မိလျှင်၊ လူ ရယ်စရာ ဖြစ်လာ လိမ့်မည်ဟု၊ ခန့်မှန်း နိုင်သည်။

" မင်းသမီးလေး၊ ဓားနန်းတော်က လင်းယွန်ကို ငါ စိန်ခေါ် ချင်ပါတယ်။ "

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှ ဘိုင်ယုက၊ မတ်တပ် ထရပ်ကာ၊ တောင်းဆို လိုက်သည်။

မင်းသမီးလေး၏ မျက်လုံး များတွင်၊ ထူးခြားသော အလင်း များဖြင့် တောက်ပ လာကာ၊

“ မင်းတို့ နှစ်ယောက်က အသက် အရွယ် အရ မကွာ လှပေမယ့်၊ မင်းရဲ့ ကျင့်ကြံမှုက သူ့ထက် မြင့်မားတယ်၊ မင်းသူ့ကို စိန်ခေါ် တာက မသင့်တော် ပါဘူး၊ သူ လက်ခံ ရင် တော့ အဆင်ပြေ မှာပါ၊ မင်းကိုယ်တိုင် သူ့ကို မေးလို့ ရပါတယ်။ "

ဘိုင်ယုက မျက်ခုံး ပင့်ကာ၊ လင်းယွန်ကို လှည့်ကြည့် လိုက်ပြီး၊

"ဓားကျွန် လင်းယွန်၊ ငါစိန်ခေါ် တာကို လက်ခံ ဝံ့သလား။ "

ဟု မေးမြန်း လိုက်လေသည်။

***

All Chapters