မင်းနောင်တရ လိမ့်မယ်။
Vol. 24 Ch. 334
"ဓားကျွန် လင်းယွန်၊ ငါစိန်ခေါ် တာကို လက်ခံ ဝံ့သလား။ "
ဟု မေးမြန်း လိုက်လေသည်။
ဘိုင်ယု၏ စိန်ခေါ် သံကြောင့် ကျောက်ရင်ပြင် တစ်ခုလုံး တိတ်ဆိတ် သွားခဲ့သည်။
သူတို့က လင်းယွန်ကို ဓားကျွန် အဖြစ် တိုးတိတ်စွာ ဆွေးနွေး နေကြဆဲ ဖြစ်သော်လည်း၊ ဘိုင်ယုက ပြောင်ပြောင် တင်းတင်းပင်၊ ထုတ်ဖော် လာသည်။
ဘိုင်ယု ထံ၌ ဂုဏ်သိက္ခာ ကြီးမားသော ဂိုဏ်းကြီး၏ တပည့် တစ်ယောက် အဖြစ်၊ ကျယ်ပြန့်သော သဘောထား လုံးဝ မရှိ တော့ပေ။
မင်းသမီး ဘေးတွင် ထိုင်နေသော 'လွင့်မျော နေသော ရေခွက်လေး' ပင်၊ အလို မကျ ဟန်ဖြင့်၊ မျက်မှောင်ကြုတ် ပစ်လိုက်သည်။
ဘိုင်ယု၏ ရည်ရွယ်ချက်ကို သူ ခန့်မှန်းနိုင်သည်။
မင်းသမီး လေး၏ စကား အရ၊ လင်းယွန်မှာ ကျင့်ကြံမှု နိမ့်ပါး သောကြောင့်၊ စိန်ခေါ်မှုကို ငြင်းပယ် နိုင်ခွင့် ရှိသည်။
ထို့ကြောင့် စိန်ခေါ် မှုအား လက်ခံရန် နှိုးဆော် လာခြင်း ဖြစ်သည်။
“ ဒီလူငယ်က ဂိုဏ်းကြီး တွေရဲ့ တပည့် မပီ သဘူး၊ အသွင် အပြင်က ကြည့်ကောင်း ပေမယ့်၊ စိတ်ဓာတ် ယုတ်ညံ့ လွန်းတယ်၊ သူက လင်းယွန်ကို ငြင်းပယ်ဖို့၊ အခွင့် အရေး မပေး လိုဘူး။ ”
“ ဒီလောက် အတိုင်း အတာ အထိ အတင်း အကြပ် တွန်းပို့ ခံရ ပြီမှတော့၊ ရှုံးမယ် ဆိုတာသိရင်တောင်၊ လင်းယွန်က လက်ခံ ရလိမ့်မယ်။ ”
“ လင်းယွန်ရဲ့ ကျားနဂါး လက်သီးက၊ အစွမ်းထက် တယ်လို့၊ ငါကြားသိ ထားတယ်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရဲ့၊ တပည့် တွေက ဒါကို မယုံချင် ကြဘူး၊ ဘိုင်ယု လုပ်ရပ်ရဲ့ နောက်ကွယ်မှာ၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း ရှိနေ ပုံပဲ။ ”
“ အဲဒါက ဖြစ်နိုင်တယ်၊ ထာဝရ မြင့်မြတ်ခြင်းဂိုဏ်းက၊ သူတို့ရဲ့ ထူးခြားတဲ့ နည်းစနစ်ကို၊ အပြင် လူ တစ်ဦးက ကျင့်သုံး နေတဲ့ အတွက်၊ ကြေနပ် နေမှာ မဟုတ်ဘူး၊ ဒါကြောင့် လင်းယွန်ကို သင်ခန်းစာ တစ်ခု သင်ပေးချင် နေတာပါ။ ”
" ကြည့်ရတာ ဘိုင်ယုက အတော် လေးကို ယုံကြည်မှု ရှိနေပုံ ရတယ်။ "
အားလုံးက လင်းယွန်၏ တုန့်ပြန်မှုကို စောင့်မျှော် လိုက်ကြသည်။
လျူယွီက လင်းယွန်ကို ကြည့်ပြီး ရယ်မော လိုက်သည်။ လင်းယွန်သည် အနီရောင် ဖီးနစ်ကို အသံမြည် စေပြီးနောက်၊ မဟာမိတ်- ပြည်ထောင်စု တိုက်ပွဲတွင် အနိုင်ရ ခဲ့သည်။
သို့သော် ယနေ့ ပွဲတွင် လူ များစွာက၊ လင်းယွန် အပေါ် အကောင်း မြင်ခြင်း မရှိပေ။
လင်းယွန်က စကား တစ်ခွန်းမှ မပြော တော့ဘဲ၊ ဓားသေတ္တာကို ထမ်းပိုးလျက် ကျောက်ရင်ပြင် အလယ်သို့၊ လျှောက်လှမ်း သွား ခဲ့သည်။
“ ကံမကောင်းစွာ နဲ့ပဲ၊ ဒီတိုက်ပွဲမှာ မင်းရှုံးနိမ့် ပြီးနောက်၊ အရှက် တရား ဆိုတာ ဘာလဲ၊ မင်းသိ ပါလိမ့်မယ်၊ ကျား- နဂါး လက်သီးကို ကျင့်ကြံပြီး ကတည်းက၊ မင်း ဒါတွေကို ခံနိုင်ရည် ရှိဖို့၊ မျှော်လင့်ထား သင့်တယ်။ "
ဘိုင်ယုက ဂုဏ်ယူ စွာဖြင့်၊ မော့ကြည့် လိုက်သည်။ သူက လင်းယွန်နှင့် အသက် အရွယ် မကွာ လှသော၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ ပါရမီရှင် တစ်ဦး ဖြစ်သည်။
ယမန် နေ့ည၌ လင်းယွန်အား စိန်ခေါ်ရန် အကြီးအကဲ ထံမှ၊ အမိန့်ကို လက်ခံ ရရှိသော အခါတွင် တုံ့ဆိုင်းခြင်း မရှိ မိပေ။
“ ငါ့ရဲ့ သည်းခံ နိုင်မှုကို မစမ်းသပ် ပါနဲ့၊ မဟုတ်ရင် မင်းနောင်တ ရလိမ့်မယ်။ "
လင်းယွန်က တည်ငြိမ်စွာ သတိပေး လိုက်သည်။
" မင်းရဲ့ တောင်မကျ မြောက်မကျ ကျား- နဂါး လက်သီးက၊ ငါ့နဲ့ ယှဉ်နိုင် မယ်လို့ မင်းထင် နေတာလား၊ ဟား ဟား ဟား... ရှေးဟောင်း ကျား-နဂါး လက်သီးက၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလဲ ဆိုတာ၊ မင်း မသိ ပါဘူး။ ”
ဘိုင်ယုက လင်းယွန်ကို လှောင်ပြောင်သည်။
"မင်းကို အနိုင် ယူဖို့ ကျားနဂါး လက်သီးကို ငါမလို အပ်ပါဘူး။ "
လင်းယွန်က ပြန်ဖြေသည်။
" ဟား ဟား ဟား၊ ဒါဆိုရင် မင်းငါ့ကို အနိုင်ယူဖို့၊ နည်းနည်း လေးတောင် အခွင့် အရေး ရှိမှာ၊ မဟုတ်ဘူး၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရဲ့၊ ကျား နဂါး လက်သီးကို အနိုင် ယူဖို့၊ ဓာနန်းတော်ရဲ့ တတိယ အဆင့်မှာ ရှိတဲ့၊ ဓား နည်းစနစ်ကို အသုံး ပြုဖို့၊ စဉ်းစား နေတာလား၊ အဲဒါကို မလုပ် ခင်မှာ၊ မင်းရဲ့ ခွန်အားကို ဘာလို့ ထည့်မတွက် ရတာလဲ။ ''
ဘိုင်ယုက လှောင်ပြောင် လိုသော အကြည့်ဖြင့်၊ သတိပေး လိုက်သည်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲနှင့်၊ တပည့် များက ခေါင်းညိတ်လျက်၊ ဘိုင်ယု စကားမှာ မှန်ကန်ကြောင်း၊ လက်ခံ လိုက်ကြသည်။
ကျား- နဂါး လက်သီးသည် မဟာချင် အင်ပါယာ တစ်လျှောက်တွင်၊ ကျော်ကြား လှပေသည်။ သဘာဝ အတိုင်း၊ ဓားနန်းတော်၏ ဓားနည်းစနစ် များမှာ၊ ၎င်းနှင့် နှိုင်းယှဉ်၍ မရခြေ။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ တပည့် ဝမ်ဟန်က၊
“ ဂျူနီယာ ညီလေးဘိုင် သူနဲ့ အချိန် ဖြုန်းနေ တာကို ရပ်လိုက်ပြီး၊ လှုပ်ရှားမှု သုံးခု အတွင်း ဖြတ်ချ ခဲ့ပါ။ ”
လှုပ်ရှားမှု သုံးကြိမ်။ ယင်းစကား ကြောင့် လူအုပ်ကြီးက အံ့သြ သွားသည်။
လင်းယွန်မှာ ဓားနန်းတော်၏ ပါရမီရှင် တစ်ဦး ဖြစ်သည်။ သူ၏ ကျင့်ကြံမှုသည် ဘိုင်ယုထက် အားနည်း နေ သော်လည်း၊ မဟာမိတ်ပြည်ထောင်စု တိုက်ပွဲ၏၊ ချန်ပီယံ ဖြစ်နေ ဆဲပင်။
ထို့ကြောင့် လင်းယွန်ကို သုံးကြိမ် အတွင်း အနိုင် ယူရန် ပြောဆို ခဲ့ခြင်းသည်၊ အနည်းငယ် မောက်မာ လွန်းရာ ကြပေသည်။
ဤတိုက်ပွဲ အတွက် ဘိုင်ယုမှာ မည်မျှပင် ပြင်ဆင် ထားနိုင် သည် ဖြစ်စေ၊ လင်းယွန်ကို သုံးကြိမ် အတွင်း၊ အနိုင်ယူ နိုင်သည် ဆိုသော၊ အယူ အစအား လက်မခံ နိုင်ကြပေ။
ဘိုင်ယု ခန္ဓာကိုယ်မှ နဂါးနှင့်၊ ကျား ဟောက်သံများ ရုတ်တရက် ပဲ့တင် ထပ်လာသည်။ လခြေလှမ်း တစ်လှမ်း စီတိုင်းတွင်၊ ကျောက်ပြား များကို အက်ကွဲ ရာများ ထင်စေလျက်၊ မြှားတစ်စင်း ကဲ့သို့၊ ပြေးထွက် သွားသည်။
" ပထမ လှုပ်ရှားမှု "
ဘိုင်ယု၏ အော်ဟစ်သံ နှင့်အတူ၊ ပထမဆုံး လှုပ်ရှားမှု ကြောင့်၊ ထွက်ပေါ် လာသော အရှိန် အဝါမှာ၊ လူတိုင်းကို အံ့အားသင့် သွားစေ သည်။
" ဘယ်လောက်တောင် အစွမ်း ထက်လိုက်တဲ့ ရောင်ဝါလဲ။ "
“ သူ့အရှိန် အဝါက နက်နဲ နယ်ပယ်ရဲ့၊ သတ္တမအဆင့်ကို ကျော်လွန် သွားပုံ ရတယ်။ ”
“ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ၊ ဝမ်ဟန်က လင်းယွန်ကို သုံးကြိမ် အတွင်း အနိုင် ယူဖို့ ပြောခဲ့တာ အံ့သြ စရာ မရှိ ပါဘူး၊ ဒီလက်သီး ကတင် အဋ္ဌမ အဆင့် တပည့် တွေနဲ့၊ ရင်ဆိုင် နိုင်တယ်။ ”
ဘိုင်ယုမှာ မာန ကြီးရန် တကယ် ထိုက်တန် ပေသည်။ ရှေ့သို့ ခြေလှမ်း ဆယ်လှမ်း လှမ်းလိုက် ပြီးနောက် နဂါးနှင့် ကျား တစ်ကောင်မှာ ကောင်းကင်၌ ထွက်ပေါ် လာ၏။
" ကျား-နဂါး ခြေလှမ်းများ။ "
လင်းယွန်က ဘိုင်ယု၏ တိုက်ခိုက်မှုကို ရှောင်တိမ်း လိုခြင်း ရှိပုံ မရခြေ။ ဆန့်ကျင် ဘက် အနေဖြင့်၊ သူ၏ အရှိန်အဝါ များကို ထုတ်ဖော်ကာ၊ ရေလှိုင်းများ သဏ္ဍာန် ပြောင်းလဲ စေလိုက်သည်။
ပန်းသင်္ချိုင်း ဓားကို ဓားသေတ္တာ ထဲမှ ဆင့်ခေါ်ပြီး၊ ဘိုင်ယုကို သဏ္ဍာန်မဲ့ ရေဖြင့်၊ ဟန့်တား လိုက်၏။
ဤအခိုက်တွင် လင်းယွန်၏ အငွေ့ အသက်မှာ၊ ပုံသဏ္ဍာန် မရှိသော ရေကဲ့သို့၊ ထင်ယောင် ထင်မှား ဖြစ်နေ စေသည်။
ခြေလှမ်း တစ်လှမ်းစီ တိုင်းတွင် နောက်ကျော၌၊ ကျားနှင့် နဂါး ပုံရိပ် ကြီးများ၊ ဟုန်းခနဲ ဟုန်းခနဲ ထွက်ပေါ် လာ ပြီးနောက်၊
လက်သီးက လင်းယွန်ထံ တိုးဝင် လာသည်။
သို့သော် လင်းယွန်က ဓားကို ရှေ့သို့ ထိုးလိုက်သည်နှင့်၊ မူလ စွမ်းအင် များက ကြီးမားသော လှိုင်းလုံး များ ကဲ့သို့၊ ချက်ချင်း ဖြစ်ပေါ် လာပြီး၊ ဘိုင်ယု၏ လက်သီး ထံမှ အဟုန်ကို လျော့ချ ပေးခဲ့သည်။
ဘိုင်ယုက အံ့သြ သွားသည်။ လင်းယွန်၏ တိုက်ခိုက် မှုသည်၊ ဤမျှ ထူးထူး ခြားခြား ဖြစ်လိမ့် မည်ဟု၊ သူ မမျှော်လင့် ထားပေ။
လက်သီးမှာ ထိတော့ မည်ဟု၊ ရှင်းရှင်း လင်းလင်း ခံစား လိုက်ရ သော်လည်း၊ လင်းယွန်က လွယ်လွယ်ဖြင့်၊ မူလ နေရာမှ ခြေ တစ်လှမ်းမျှ၊ မရွေ့ ခဲ့ဘဲ၊ ရှောင်ရှား သွားခဲ့သည်။
ထို့ပြင် လင်းယွန်၏ ပြန်လည် တိုက်ခိုက် လာသော ဓားကြောင့်၊ မျက်ခုံးပင့် လိုက်သည်။
" ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျား။ "
ဘယ်ဘက်တွင် နဂါး တစ်ကောင်နှင့်၊ ညာဘက်တွင် ကျား တစ်ကောင်အား၊ ပုံဖော်ကာ၊ တိုက်ခိုက် ခြင်းကို အချိန်မီ ဟန့်တား လိုက်၏။
သူ့ထံ တိုးဝင် လာသော ဓားကို မျက်နှာ ချင်းဆိုင် လိုက်ပြီး၊ လက်သီး များဖြင့်၊ ပြန်လည် ထိုးနှက် လိုက်သည်။
ဖန်တီး ထားသော ပုံရိပ်ကြီး များမှ၊ သားရဲ နှစ်ကောင် တပြိုင် နက်တည်း၊ ရန်မူလာ သကဲ့သို့၊ ဖိအားများ ဖြစ်ပေါ် လာသည်။
အဆိုပါ လှုပ်ရှားမှုသည် ခုခံ ကာကွယ်ရေး အတွက်၊ နာမည် ကြီးသော လှုပ်ရှားမှု ဖြစ်ရာ၊ လင်းယွန်၏ တိုက်ခိုက် မှုကို တားဆီး နိုင်ခဲ့သည်။
" နတ်ဆိုး သုတ်သင်ခြင်း တံဆိပ်။ "
ပြီးနောက် တံဆိပ် တစ်ခုကို ထုတ်ဖော် လိုက်သည်နှင့်၊ ဘိုင်ယု နောက်ကျောတွင်၊ လှည့်ပတ် နေသော ဗုဒ္ဓ ဘာသာ သင်္ကေတ အဖြစ်၊ တောက်ပ နေသော ရွှေရောင် စကြာ တစ်ခု၊ စတင် ဖြစ်ပေါ် လာသည်။
ကျား- နဂါး လက်သီးကို လေ့ကျင့် ထားသော လင်းယွန် အတွက်၊ ဘိုင်ယု၏ အခင်း အကျင်းမှာ၊ မည်မျှ ကြောက်စရာ ကောင်းကြောင်း၊ သိရှိ ထားခဲ့သည်။
ထို့ကြောင့် ထိပ်တိုက် တွေ့ဆုံ ခြင်းကို ရှောင်ရှားရန်၊ လက် နှစ်ဖက်အား ခွဲထုတ်လျက်၊ ကောင်းကင်သို့ ပျံတက်သွား လိုက်သည်။
တစ်ချိန်တည်း မှာပင် ထက်ရှသော ဓား အရှိန် အဝါက၊ အလို အလျောက် ဆုတ်ခွာ သွားပြီး၊ ရုတ်တရက် အားနည်း သွား၏။
နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်နှင့်၊ ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျားကို ထုတ်ဖော်ကာ၊ တိုက်ပွဲအား အမြန် အဆုံး သတ်ရန်၊ ဘိုင်ယုက ကြိုးစား လာခဲ့သည်။
သို့သော် သူ့ တိုက်ခိုက်မှု များမှာ၊ ဝါဂွမ်းဆိုင် ထဲသို့၊ ရောက်ရှိ သွား သလိုမျိုး၊ ခံစား လိုက်၏။ မည်မျှပင် ခွန်အား စိုက်ထုတ် စေကာမူ၊ လင်းယွန်အား ဖမ်း မမိ ခဲ့ပေ။
အချိန်များ တရွေ့ရွေ့ ကုန်ဆုံး လာသည်နှင့်အမျှ၊ ဘိုင်ယု၏ မျက်နှာမှာ ပို၍ ပို၍ မည်းမှောင် လာသည်။
သူက သုံးကြိမ် အတွင်း လင်းယွန်ကို အနိုင်ယူ မည်ဟု၊ ယခင်က ပြောဆို ထားခဲ့ သော်လည်း၊ လှုပ်ရှားမှု ဆယ်ကြိမ်ကျော် လာပြီ ဖြစ်ရာ၊ အနည်းငယ် တုန်လှုပ်လာ ခဲ့၏။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှ တပည့်များ သည်လည်း၊ တိုက်ပွဲကို ကြည့်ကာ၊ မျက်နှာများ ပျက်ယွင်း နေပေသည်။
ဘိုင်ယုက ကျားနဂါး လက်သီးကို ထုတ်ဖော် နေချိန်တွင်၊ လှုပ်ရှားမှု တိုင်းမှာ ကျွမ်းကျင် အဆင့်သို့၊ ရောက်ရှိ နေခဲ့ သောကြောင့်၊ တိုက်ပွဲအား အမြန် အဆုံးသတ် နိုင်လိမ့်မည် ဟုသာ၊ ယူဆမိ ကြသည်။
သို့သော် ဤယုတ်ညံ့သော ဓားကျွန်မှာ၊ မည်သို့ ရှောင်တိမ်း ရမည်ကို သိနေ ခဲ့သည်ကြောင့်၊ မည်မျှပင် ကြိုးစား စေကာမူ၊ တိုက်ခိုက်မှု များက၊ လင်းယွန်အား ဖမ်းမိခြင်း မရှိ ခဲ့ပေ။
အခြား တစ်ဖက်တွင်၊ စိတ်တည်ငြိမ်မှု ပျောက်ဆုံး နေပြီ ဖြစ်သော ဘိုင်ယုမှာ၊ ခန္ဓာကိုယ် ထဲသို့၊ ဓားတစ်လက် ဖြည်းညှင်းစွာ တိုးဝင်လာ နေသည်ကို၊ သတိ မထား မိလိုက်နိုင်။
ဓား ရည်ရွယ်ချက်က ဘိုင်ယု၏ ခန္ဓာကိုယ်ထဲ စမ်းရေများ ကဲ့သို့၊ ဖြည်းညှင်းစွာ ထိုးဖောက်ဝင်ရောက် လာခြင်း ဖြစ်သည်။
နောက်ထပ် ဆယ်ကြိမ်ခန့် ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ဘိုင်ယု ခန္ဓာကိုယ် ထဲရှိ၊ ဓား ရည်ရွယ်ချက် များက၊ ရုတ်တရက် ပေါင်းစပ်သွား၏။
ဘိုင်ယု သတိ ထားမိ လိုက်ချိန်၌၊ နောက်ကျ သွားပြီ ဖြစ်သည်။ ထက်ရှသော ဓားတစ်လက်က သူ့ခန္ဓာ ကိုယ်ကို၊ လှီးဖြတ်နေ သလို နာကျင်စွာ ခံစား လိုက်ရသည်။
လင်းယွန်က မြေပြင် ပေါ်သို့ ညင်သာစွာ ဆင်းသက် လိုက်ပြီး၊ ဓားကို ရုတ်သိမ်း လိုက်၏။
“ မင်း ရှုံး ပြီ။ ”
ဘိုင်ယု၏ မျက်နှာမှာ ကြောက်စရာ ကောင်းလောက်အောင် ဖြူဖျော့ သွားပြီး၊ ပါးစပ်မှ သွေးများ စီးကျ လာသည်။
“ ဒါက ဘာ ဓားနည်းစနစ်လဲ။ ”
“ တတိယ အဆင့် ဓားနည်းစနစ် တစ်ခု ပါပဲ၊ ဒါပေမယ့် မင်းကို ကိုင်တွယ်ဖို့ လုံလောက် တာထက်တောင် ပိုနေတယ်၊ နောက်ဆုံးတော့ မင်းက တတိယ အလွှာ မှာတောင်၊ မရှိ သင့်ပါဘူး။ ”
လင်းယွန်က ဘိုင်ယုကို ငုံ့ကြည့်ကာ၊ ဆိုလိုက်သည်။
မျက်နှာကို ပြင်းပြင်း ထန်ထန် အရိုက် ခံလိုက်ရ သကဲ့သို့၊ ဘိုင်ယု မျက်နှာ တပြင်လုံး ပူလောင် သွားသည်။
ယခင်က ဓားနန်းတော်၏ ဓားနည်းစနစ် များကို တတိယ အဆင့် အဖြစ်၊ လှောင်ပြောင် ခဲ့ဖူးသည် ဖြစ်ရာ၊ သူ ရှုံးနိမ့် ပြီးနောက် ထိုစကားလုံး များဖြင့်၊ ပြန်လည် အရှက်ခွဲ ခံရ လိမ့်မည်ဟု၊ ထင်မထား မိပေ။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲနှင့်၊ တပည့်များ မျက်နှာ မှာလည်း၊ မြင်ရက် စရာ မရှိအောင် ပျက်ယွင်း နေပေသည်။
လင်းယွန်အား သုံးကြိမ် အတွင်း အနိုင် ယူရန်၊ ဘိုင်ယုအား အကြံပေး မိသော ဝမ်ဟန် သည်ပင်၊ မျက်နှာ မည်းမှောင် သွား၏။
ရှင်းယန်က သူမ မေးစေ့ကို ညာလက်ဖြင့်၊ ပွတ်ကာ၊ လင်းယွန်ကို သုံးသပ် နေမိသည်။
" မင်း သွား သေ လိုက် ။ "
လင်းယွန်ကို ဓားကျွန်ဟု နိမ့်ချ ခေါ်ဆိုမိ ပြီးနောက်၊ ရှုံးနိမ့် သွားသော သူ့ အဖြစ်ကို တွေးမိ သွားကာ၊ ရှက်ရွံ စွာဖြင့် ဒေါသတကြီး အော်ဟစ်လျက်၊ ကောင်းကင်သို့ ခုန်တက် လိုက်သည်။
ကျောခိုင်း ထွက်ခွာ သွားသော လင်းယွန်၏ နောက်ကျောကို ဦးတည်ကာ၊ လက်သီးဖြင့် ထိုးချပစ် လိုက်၏။
လူအုပ်ကြီး ထံမှ အာမေဋိတ် သံများ ထွက်ပေါ် လာသည်။ အလစ်ဝင် တိုက်ခိုက် လာသော ဘိုင်ယု၏ လက်သီးမှာ၊ မည်မျှ ပြင်းထန် သည်ကို၊ သူတို့က တွေ့မြင် နေရ၏။ ထိမိ ပါက ပွဲချင်းပြီး သေဆုံး နိုင်ပေမည်။
သို့သော် လင်းယွန်က သတ်ပစ် လိုသော ရည်ရွယ် ချက်ဖြင့်၊ လှည့်ကြည့် လိုက်၏။
ပြီးနောက် ရိုင်းစိုင်းသော စွမ်းအင်များ ပျံ့နှံ့ သွားပြီး၊ သူတော်စင် ဂီတသံ နှင့်အတူ၊ လက်သီး တစ်ချက် ပြန်လည် ထုတ်ပစ် လိုက်သည်။
ကောင်းကင်မှ ခုန်ဆင်း လာသော ဘိုင်ယု၏ လက်သီးသည်၊ လင်းယွန်၏ ခေါင်းနှင့် လက်မ ဝက်ခန့် အလို၌၊ ရင်ဘတ်ကို ထိုးနှက်ခံ လိုက်ရ သောကြောင့်၊ ရပ်တန့် သွားသည်။
လင်းယွန်၏ လက်သီးက ဘိုင်ယု ရင်ဘတ် ထဲသို့ ဖြည်းညှင်းစွာ နစ်မြုပ် သွား၏။
" ငါ့ရဲ့သည်းခံ နိုင်မှုကို မစမ်းသပ်ဖို့၊ မင်းကို သတိပေး ခဲ့တယ် မဟုတ်လား။ "
ဘိုင်ယုမှာ အရုပ် ကြိုးပြတ် လွင့်စဉ် သွားသည့်၊ အဆိုပါ ရလာဒ်ကြောင့် လူအုပ် ကြီးမှာ၊ တိတ်ဆိတ် သွားသည်။
နှလုံးသား ထဲ၌ လျှပ်စီးများ တဟုန်းဟုန်း တောက်လောင်လာ သကဲ့သို့ ခံစား လိုက်ရ၏။
***