ရှင်း ဂျူ။
Vol. 24 Ch. 335
အရာ အားလုံးက မြန်လွန်း ပေ၏။ မကြာသေးမီ ကပင် လင်းယွန် အတွက် စိုးရိမ် ပူပန် မိကြ သော်လည်း၊ မျက်စိ တစ်မှိတ် အတွင်းမှာပင်၊ ဘိုင်ယုအား ထိုးထုတ် နိုင်ခဲ့သည်။
လင်းယွန်၏ လက်သီးမှာ၊ ဘိုင်ယု ခန္ဓာကိုယ် အတွင်းသို့၊ ထိုးဖောက် ဝင်ရောက် သွားသည်ကြောင့်၊ အတွင်း အင်္ဂါ များကိုပင်၊ လှမ်းမြင် နိုင်ကြသည်။
" ဘိုင် ယု။ "
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှ ပျက်ယွင်း နေသော မျက်နှာ များဖြင့်၊ အော်ဟစ် လိုက်ကြသည်။
ချက်ချင်းပင် ဒဏ်ရာ များကို စစ်ဆေးရန် ဘိုင်ယု ဆီသို့ ပြေးသွား ကြ၏။
“ ဘယ်လောက် တောင် ရက်စက် လိုက်တဲ့လက်သီးလဲ၊ အဲဒါက ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ် မဟုတ်လား။ "
“ ဟုတ်တယ်၊ သူက တကယ်ကို ဒရာကိုဖီ စွမ်းအင်ကို သုံးနေတာ၊ ဒါက ချန်ရန် ထက်တောင် ပိုသန်မာ နေပုံ ရတယ်…”
" ဘိုင်ယုရဲ့ ဒဏ်ရာက ထိုက်တန် ပါတယ်၊ လင်းယွန်ကို ခိုးဝင် တိုက်ခိုက်ဖို့ မကြိုး စားရင်၊ သူ ဒီအခြေ အနေမျိုး ဖြစ်နေမှာ မဟုတ်ဘူး။ ”
“သူ့ အသက်ကို ကယ်တင် နိုင်ရင်တောင် 'ဆွံ့အ' သွားမယ်လို့ ထင်တယ်၊ လင်းယွန် ရဲ့ တိုက်ခိုက်မှုက ရက်စက် လွန်းလှတယ်၊ သူသာ နှလုံးသားကို မရှောင် ခဲ့ဖူး ဆိုရင်၊ အခု ချိန်မှာ ဘိုင်ယု သေနေ ပေပြီ။ ''
“ ဒီကောင် လေးက တကယ့်ကို၊ ကြောက်စရာ ကောင်းတယ်၊ သူမှာ ထူးခြားတဲ့ ဓား နည်းစနစ် အပြင်၊ ရှေးဟောင်း တာအို ဂိုဏ်းရဲ့ ဒရာကိုဖီ နည်းစနစ် ကိုလည်း၊ လေ့ကျင့် ထားတယ် ...”
လူတိုင်းက လင်းယွန်အား ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လာ ကြသည်။
လင်းယွင်ကို စိန်ခေါ် နေစဉ်၊ ဘိုင်ယု၏ မောက်မာသော အမူအရာ များကို ပြန်သတိ ရသွား ပြီးနောက်၊ သက်ပြင်းချ လိုက်ကြသည်။
ယခု အချိန်၌ ဘိုင်ယုမှာ ရယ်မော စရာ၊ လူပြက် တစ်ယောက် ဖြစ်လာသည်။ လင်းယွန် ပြောခဲ့ သလိုပင်၊ ဘိုင်ယုကို တတိယ အလွှာရှိ၊ အထက် တန်းစား တစ်ယောက် အဖြစ်၊ မယူဆ နိုင်ပေ။
ဤအခြေ အနေကို မြင်ပြီးနောက်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲက၊ မည်သို့ လုပ်ဆောင် မည်ကို၊ လူတိုင်းက သိချင် လာ ကြသည်။
လျိုဖန်းက ယခု မှပင်၊ ပြုံးရယ် လာနိုင်သည်။ ဘိုင်ယု၏ ခွန်အားမှာ၊ တတိယ အလွှာရှိ သခင် လေးပါးနှင့် မယှဉ်နိုင် သော်လည်း၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ ဘီလူး တစ်ကောင် ဖြစ်နေ ဆဲပင်။
ထို့ကြောင့် ၎င်းကို လင်းယွန်က အနိုင်ယူ ခြင်းဖြင့်၊ ဓားနန်းတော်ကို ဂုဏ်တက်အောင် လုပ်ဆောင် နိုင်ခဲ့သည်။
နတ်ဘုရား အစောင့်များ အတွင်းရှိ လျူယွီနဲ့ ယွီချင်းတို့ နှစ်ယောက် လုံးက၊ အနည်းငယ် စိတ်ပျက် သွား၏။ ဘိုင်ယုအား ရှုံးနိမ့် လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။
" ဘိုင်ယုက မာနကြီး တာကြောင့်၊ နည်းနည်းတော့ စွမ်းဆောင် နိုင်မယ်လို့ ထင်ထား မိတာ၊ သူက အမှိုက် တစ်စပဲ။ ”
ယွီချင်းက အေးစက်သော လေသံဖြင့် မှတ်ချက် ပြုလိုက်သည်။
"သခင်မလေး၊ စိတ်ရှည် ရှည်ထားပါ၊ လင်းယွန်ကို သင်ခန်းစာ တစ်ခု သင်ပေးဖို့၊ ငါကိုယ်တိုင် ကိုယ်ကျ လုပ်လိုက် ပါ့မယ်။ "
" စိတ်မပူ ပါဘူး၊ သူ့ကို ခဏလောက် ခုန်ခွင့်ပြု ထားပါ၊ သူ မြင့်မြင့် ခုန်နိုင် လေလေ၊ ပြုတ်ကျရင် ပိုနာ လေလေပဲ။ "
လျူယွီက အံကြိတ်ကာ ဆိုလိုက်သည်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲနှင့်၊ ဟန်ဂန်၏ မျက်နှာမှာ စိုးရွားစွာ ပျက်ယွင်း နေပေသည်။
လင်းယွန်က ရက်စက် လွန်းပေ၏။ ဘိုင်ယုကို မသတ်ခဲ့ သော်လည်း၊ အတွင်း အင်္ဂါ များနှင့်၊ အပ်စိုက်မှတ် များအား၊ ပျက်စီး သွားစေ ခဲ့သည်။
အစွမ်းထက်သော ဆေးဝါး များဖြင့် ကုသခြင်း မပြု ပါက၊ ဆက်လက် ကျင့်ကြံရန် နည်းလမ်း မရှိ တော့ပေ။ ယင်းမှာ ဆွံ့အ သွားခြင်းဟု ဆိုနိုင်သည်။
" သောက်ပဲ ဟေ့၊ ဓားကျွန်ကောင် ငါ့ရဲ့ဂျူနီယာ ညီလေးကို လုပ်ဝံ့လား၊ မင်း အသက်ရှင် ရတာ ငြီးငွေ့ နေပြီ ထင်တယ်။ "
ဟန်ဂန်၏ ဒေါသများ ပေါက်ကွဲ သွားသည်။ စကား မဆုံး ခင်တွင်၊ လက်သီးကို ဆုပ်ပြီး လင်းယွန်အား ထိုးချ လိုက်သည်။
လျင်မြန် လွန်သော လက်သီး ချက်ကြောင့်၊ ပတ်ဝန်ကျင် တစ်ခုလုံး တုန်လှုပ် သွားကာ၊ လင်းယွန်အား နောက်ပြန် ဆုတ်ရန် တွန်းအား ပေးခဲ့သည်။
ဟန်ဂန်၏ ခွန်အားမှာ ဒုတိယ အလွှာတွင် ရှိပြီး၊ နက်နဲ ဒဿမ အဆင့် အရှိန် အဝါများ ပွင့်ထွက် လာသည်။
သို့သော် လင်းယွန်မှာ အလွယ် တကူ အနိုင် ယူခွင့် ရှိသူ တစ်ဦး မဟုတ်သည် ဖြစ်ရာ၊ ရွေ့လျားမှု နည်းစနစ်ကို ချက်ချင်းပင် အသုံးပြု လိုက်သည်။
'' ဝှစ် ........ ။ ''
ရွှေကျီးကန်း တံဆိပ်က သူ့နောက် ကျော၌၊ ဟုန်းခနဲ ပွင့်ထွက် လာပြီး၊ လက်သီးကို ရှောင်လိုက်၏။
'' ဝိုး...... ''
ရက်စက် ပြင်းထန်သော ရုတ်တရက် တိုက်ခိုက် မှုကို၊ လှလှ ပပ ရှောင်တိမ်း နိုင်ခဲ့ သော လင်းယွန်ကို ကြည့်ကာ၊ ဧည့်ခံပွဲ အတွင်းရှိ လူ အများ အပြားက၊ အော်ဟစ် ချီးကျူး လိုက်မိ ကြသည်။
ဟန်ရန်က ၎င်း၏ တိုက်ခိုက်မှုကို ထပ်မံလုပ်ဆောင် လိုက်သော်လည်း၊ လင်းယွန် ရှေ့၌ ပုံရိပ် တစ်ရိပ် ထွက်ပေါ် လာခဲ့သည်။
ထိုပုံရိပ်က သူ့ လက်ကို ဆန့်ထုတ် လိုက်ပြီး၊ ဟန်ဂန်၏ တိုက်ခိုက် မှုအား အလွယ် တကူ ချေမှုန်း ပစ်၏။
ကောင်းကင် အဆင့်ရှိ တပည့် တစ်ယောက် အနေဖြင့်၊ သူ့ ဂျူနီယာ ဒုက္ခရောက် နေသည်ကို၊ ငြိမ်သက်စွာ စောင့်ကြည့် နေဖို့ရန်၊ နည်းလမ်း မရှိပေ။
ရှင်းဂျူက လျစ်လျူရှုသော အမူအရာဖြင့်၊
“ဟန်ဂန်၊ မင်းက ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရဲ့ အမာခံ တပည့်ပဲ၊ ဒါနဲ့တောင် ငါ့ရဲ့ ဂျူနီယာ ညီလေးကို တိုက်ခိုက် ဝံ့သလား၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှာ၊ မင်းလို အရှက် ကင်းမဲ့တဲ့၊ သူတွေပဲ ရှိနေ တာလား၊ တိုက်ချင်ရင် ငါ့ဆီ လာခဲ့။ "
" မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေ တာလဲ ဟမ်၊ ထွက်သွားစမ်း ...၊ ငါ ဒီကောင်ရဲ့ အသက်ကို ဒီနေ့ ယူရ လိမ့်မယ်။ "
ရှင်းဂျူ၏ ကဲ့ရဲ့ သံကြောင့်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အကြီးအကဲ မျက်နှာမှာ မည်းတက် သွားကာ၊ ရှင်းဂျူအား ဝင်ရောက် အော်ဟစ် လိုက်သည်။
ဘိုင်ယုမှာ တန်ဖိုး အထားဆုံး တပည့် တစ်ဦး ဖြစ်ပြီး၊ သူ့ အပေါ်၌ မျှော်လင့်ချက် များစွာ ထားရှိသည်။
နောက်တစ်ကြမ် နဂါး တံခါး ပြိုင်ပွဲ၌၊ စိုးမိုး နိုင်မည့်သူ တစ်ယောက် အဖြစ်၊ ပျိုးထောင် ထား မိသူ ဖြစ်သည်။
ဤပွဲသို့ ခေါ်ဆောင် လာရ ခြင်းမှာ၊ ဘိုင်ယု၏ မိုးကုပ် စက်ဝိုင်းကို ကျယ်စေ လိုသောကြောင့် ဖြစ်သည်။
သို့သော် သူ၏ ပါရမီ ရှင်သည် လင်းယွန် လက်၌ ကျဆုံးသွား လိမ့်မည်ဟု မမျှော်လင့် ထားမိပေ။
“ ဒါဆို လုံလောက် ပါပြီ။ ”
ဖီးနစ် ပန်းကလေး၏ အေးစက်သော အသံက၊ ဖိအား အဖြစ် ပြောင်းလဲ ထွက်ပေါ် လာသည်။ ကျောရိုး တစ်လျှောက် စိမ့်တက် လာသော ခံစား မှုကြောင့်၊ လူအုပ် ကြီးမှာ ထိတ်လန့် သွားကြသည်။
ဖီးနစ် ပန်းကလေးက ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ ဘုန်းတော် ကြီးကို၊ စူးရှစွာ စိုက်ကြည့် လိုက်ပြီး၊
“ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက အရှုံးကို လက်မခံ နိုင်ဖူးလား၊ မင်း တပည့်ရဲ့ စက်ဆုပ်ဖွယ် ကောင်းလှတဲ့၊ အပြု အမူ တွေက စိတ်ပျက် စရာပဲ၊ ဒါနဲ့တောင် အကြီး အကဲ တစ်ယောက် အနေနဲ့၊ ငါ့မျက်စိ ရှေ့မှာ ဂျူနီယာ တစ်ယောက်ကို၊ သတ်ချင် နေတာလား။ ''
ဖီးနစ် မင်းသမီး လေး၏ စကားကြောင့် လူတိုင်းက ရယ်မောလိုက် ကြသည်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသည် မဟာချင် အင်ပါယာတွင်၊ အသန်မာဆုံး ဂိုဏ်း အဖြစ် ကျော်ကြား လှသည် ဖြစ်ရာ၊ ၎င်းတို့က နေရာတိုင်း၌ မောက်မာစွာ ပြုမူ ခဲ့ကြသည်။
သို့သော် ယခု အချိန်တွင် လင်းယွန်ကြောင့်၊ အများ ရယ်စရာ အဖြစ်သို့၊ လျောကျ သွားတော့၏။
ဘုန်းကြီးက သူ့သွား များကို ကြိတ်ကာ၊
“ မင်းသမီးလေး ဒီလူအို ကြီးက နုံချာ လွန်းပါတယ်။ ”
ထို့နောက် သူက ဘိုင်ယုကို သယ်ဆောင်ပြီး၊ ထွက်ခွာ သွားသည်။
" မင်းသမီးလေး ငါတို့ကို ခွင့်ပြု ပါဦး။ "
ရှင်းဂျူက လင်းယွန်ကို တိုက်ပွဲ ကွင်းပြင်မှ ထွက်ခွာရန် အချက်ပြ လိုက်သည်။
" ရှင်းဂျူ မင်းအဲ့ဒီ နေရာမှာ နေပါဦး၊ ဒုတိယ အလွှာမှာ ရှိတဲ့ မင်းက၊ ပါရမီရှင် ရှစ်ပါးနဲ့ အနီးစပ်ဆုံး ခွန်အား ရှိတယ်လို့၊ လူတိုင်းက ပြောနေ ကြပေမယ့်၊ ငါ့အတွက် ကတော့ ဒါက၊ ပြက်လုံး တစ်ခုလို ပါပဲ၊ မင်းငါ့ကို တိုက်ရဲလား။ "
ဟန်ဂန်က ရှင်းဂျူ၏ နောက်ကျောကို ကြည့်ကာ၊ အေးစက်စွာ ဆိုလိုက်သည်။ သူ့ အသံက အကျယ်ကြီး မဟုတ် သော်လည်း၊ လူတိုင်း ကြားစေရန် အထိ၊ လုံလောက် နေပေသည်။
များသော အားဖြင့် မင်းသမီး လေး၏ မွေးနေ့ပွဲ၌ တတိယ အလွှာမှ တပည့် များသာ ယှဉ်ပြိုင် လေ့ရှိသည်။
ဟန်ဂန် နှင့် ရှင်းဂျူတို့ ကဲ့သို့သော တစ်စုံ တစ်ယောက်သည်၊ သူတို့၏ ကျော်ကြား မှုကို မြှင့်တင်ဖို့ အတွက်၊ သည်ပွဲကို အသုံးပြု ဖို့ရန် မလို အပ်ပေ။
သူတို့၏ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ၎င်းတို့တွင် ရှေးဟောင်း တာအို ဂိုဏ်းနှင့်၊ ဓားနန်းတော် ကဲ့သို့သော၊ ရန်ငြိုး ဖွဲ့ခြင်းမျိုး မရှိ ထားပါလျှင်၊ တိုက်ပွဲ ဖြစ်ပွား ရန်မှာ ရှားပါး ပေသည်။
သူတို့၏ စင်မြင့်မှာ မင်းသမီးလေး မွေးနေ့ ပွဲမျိုး မဟုတ်ဘဲ၊ နဂါး တံခါး ပြိုင်ပွဲသာ ဖြစ်၏။
" စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... ဆွံ့အ သွားတဲ့ ဘိုင်ယုကြောင့်၊ ဒုတိယ အလွှာက ကျွမ်းကျင်သူ နှစ်ယောက်ကြား ရန်ပွဲ ဖြစ် လိမ့်မယ်လို့ မထင်ခဲ့ မိဘူး။ "
“ ဟုတ်တယ် ငါက ရှင်းဂျူနဲ့ ရှေးဟောင်း တာအို ဂိုဏ်းက ဇူချင်းရဲ့ တိုက်ပွဲကို ကြည့်ရမယ် ထင်ထား ခဲ့တာ၊ ဟန်ဂန်က အဲဒီ့ အစား၊ ဝင်ရောက် လာတာပဲ။ "
“ နှစ်ယောက် လုံးက ဒုတိယ အလွှာက ဆိုတော့ ၊ ဘယ်သူက အောင်ပွဲ ခံမယ် ဆိုတာ မသေချာ ပါဘူး။ ”
သူတို့ မျက်လုံးများ ထဲတွင်၊ စိတ်လှုပ်ရှား မှုများ ပြည့်လျှံ လာကာ၊ အချင်းချင်း ဆွေးနွေး မိကြသည်။
၎င်းတို့ နှစ်ဦးသည် နက်နဲ သိုင်းနယ်ပယ်၏ အသန် မာဆုံး သိုင်းသမားများ ဖြစ်ပေသည်။ သူတို့၏ တိုက်ပွဲမှာ၊ ရှင်းယန်တို့ တိုက်ပွဲထက်၊ ပို၍ စိတ် လှုပ်ရှားဖွယ် ကောင်းမည်မှာ၊ သေချာ လေသည်။
လူတိုင်းက မျှော်လင့် ထားသည့် အတိုင်း၊ ရှင်းဂျူက ခေါင်းပြန် လှည့်ပြီး၊
" မင်း တိုက်ခိုက် ချင်ရင် ငါမင်းနဲ့ ကစား ပေးမယ်၊ ဒါမှ မင်းကိုယ်မင်း ဘယ်လောက် မိုက်မဲ မိလဲ ဆိုတာ သိလာမှာ။ ”
ထိုင်ခုံ ဆီသို့ ပြန်ရောက် နေပြီ ဖြစ်သော လင်းယွန်က၊ တိုက်ပွဲ ရင်ပြင်ကို ပြန်လှည့် ကြည့်လိုက်သည်။ ရှင်းဂျူမှာ မဟာချင် အင်ပါယာ ၌ပင်၊ သြဇာ ကြီးမားသော သူတစ်ယောက် ဖြစ်၏။
သူနှင့် ရှင်းဂျူ နှစ်ဦး ကြားတွင် ကြီးမားသော ကွာဟချက် ရှိကြောင်း သူ သိသည်။ ထို့ကြောင့် ယခု တိုက်ပွဲမှာ၊ သူ့အား အမြင် ကျယ်လာ စေမည် ဖြစ်သည်။
ရှင်းယန်ကို လှည့်ကြည့် လိုက်ရာ၊ သူမ မျက်နှာ၌၊ အနည်းငယ် စိုးရိမ် နေသော တစ်စုံ တစ်ရာ ကိုမျှ၊ မတွေ့ ခဲ့ပေ။ ဆိုလို သည်မှာ သူမသည် ရှင်းဂျူ အပေါ် အပြည့် အဝ ယုံကြည် ထားသည်။
'' ဂျူနီယာ မောင်လေး မင်းက၊ အရမ်း သန်မာ လွန်းတယ်။ "
လင်းယွန်၏ အကြည့်ကို သူမ သတိပြု မိလိုက်သည်နှင့် ပြုံးရယ် လိုက်ကာ၊
“ ငါ့ အစ်ကိုကြီး အတွက် မင်း စိတ်ပူ နေစရာ မလို ပါဘူး၊ ဟန်ဂန်က သူ့ပြိုင်ဘက် မဟုတ်ဘူး၊ ဒီနှစ် နဂါး တံခါး ပြိုင်ပွဲရဲ့၊ ပထမ နေရာ ကသာ၊ သူ့ခွန်အား အစစ် အမှန်ပဲ။ ”
နဂါးတံခါး ပြိုင်ပွဲ အကြောင်း ပြောသော အခါ၊ ရှင်းယန်၏ မျက်လုံး များတွင်၊ ယုံကြည်မှု အပြည့်ဖြင့်၊ လင်းလက် တောက်ပ လာခဲ့သည်။
" မင်း ဘယ်လောက်ထိ စွမ်းဆောင် နိုင်မလဲ၊ ဆိုတာ ကြည့်ရအောင်။ "
ဟန်ဂန်က ဟောက် လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ၊ ရွှေရောင် တောက်ပ လာကာ၊ ဗုဒ္ဓ ရောင်ခြည်များ ကဲ့သို့၊ တဖျပ်ဖျပ် ခတ်လာသည်။
၎င်းသည် ကောင်းကင်ဘုံမှ ဆင်းသက် လာသော မိုးကြိုးသွား တစ်လက်ဖြင့် တူ၏။
လက်သီးကို ထိုးထုတ် လိုက်သည်နှင့်၊ ဟန်ဂန်၏ အရှိန် အဝါမှာ၊ မြင့်မြတ်သော ရောင်ဝါ အသွင် ကူးပြောင်း သွား ပြီးနောက်၊ ရှေ့သို့ ပြေးထွက် လာသည်။
" နတ်ဆိုး နိမ်နင်းခြင်း လက်သီးလား။ "
ရှင်းဂျူက ပြုံးကာ မေးလိုက် ပြီးနောက်၊
“ မင်းက ငါ့ကို တကယ် အထင်ကြီး နေတာပဲ။ "
ဟု ဆိုလိုက်သည်။
ရှင်းဂျူ၏ ခန္ဓာကိုယ်မှ ခရမ်းရောင် အလင်းများ တောက်ပ လာပြီး၊ ဓားကို ဆွဲထုတ် လိုက် သည်နှင့်၊ ကောင်းကင်၌ လျှပ်စီးများ လက်လာကာ၊ မိုးခြိမ်း သံများ ညံလာ လေသည်။
ကောင်းကင်မှ ပစ်လွှတ် လိုက်သော လျှပ်စီး များက၊ သူ့ နေရာတွင် အစားထိုး သွားသည်။ ခရမ်းရောင် အလင်းများ အတွင်း ရှင်းဂျူမှာ၊ မှုန်ဝါး ဝါးသာ ဖြစ်တည် နေတော့၏။
" မိုး ကြိုး ဓား။ "
လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ဓားနန်းတော်ရှိ ဝိညာဉ် အဆင့်၊ ဓားနည်းစနစ် ခုနစ်ခု အနက်မှ တစ်ခု အဖြစ်၊ ၎င်းကို ချက်ချင်း မှတ်မိ ခဲ့သည်။
ဤဓား နည်းစနစ်၏ စွမ်းအားမှာ၊ လရောင် ရေစင် ဓားထက် နိမ့်ကျမည် မဟုတ်ပေ။
လင်းယွန်က မရွေးချယ် ရသည့် အကြောင်း အရင်းမှာ၊ ဓားသုတ္တန်၏ အေးစက်သောစွမ်းအင် များနှင့် မလိုက် ဖက်သောကြောင့် ဖြစ်သည်။
၎င်းသည် အထွတ် အထိပ် ဝိညာဉ် အဆင့် နည်းစနစ် တစ်ရပ် ဖြစ်သောကြောင့်၊ အစွမ်းထက် လှသည်။
သို့သော် ဓား၏ နောက်ကွယ်ရှိ စွမ်းအားမှာ၊ အသုံး ပြုသူ အပေါ်တွင် များစွာ မူတည်သည်။
ဥပမာ အားဖြင့်၊ လင်းယွန်နှင့် တန်တုံ တို့မှာ၊ လရောင် ရေစင် ဓားကို လေ့ကျင့် ထားခဲ့ ကြသော်လည်း၊ အစွမ်းထက် ပုံခြင်း မတူ ကြပေ။
နှစ်ဦးသား လှုပ်ရှား သည်နှင့်၊ မူလ စွမ်းအင်များ တုန်ခါ လာပြီး၊ လျှပ်စီးကြောင်း များက၊ ရွှေရောင် အလင်းများနှင့် တိုက်မိသွားသည်။
ထိပ်တိုက် တွေ့ဆုံ မှုတိုင်းမှာ၊ လူအုပ်ကြီး၏ နှလုံး သားကို တုန်လှုပ်သွား စေခဲ့သည်။
ဤသည်မှာ နက်နဲ နယ်မြေ၏ ဒသမ အဆင့်ရှိ သိုင်းသမား နှစ်ဦးကြား ရန်ပွဲ ဖြစ်သည်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ တပည့် များက၊ လေးနက်သော အမူ အရာများ ထုတ်ဖော် ထားသည်။ သည် တိုက်ပွဲတွင် သူတို့ ရှုံးနိမ့်ခွင့် မရှိချေ။
ဘိုင်ယုက လင်းယွန်ကို ရှုံးနိမ့် ခဲ့ပြီးနောက်၊ ဂိုဏ်း၏ ဂုဏ် သိက္ခာကို အကြီး အကျယ် ထိခိုက် ခဲ့သည်။
ထို့ကြောင့် ဟန်ဂန်သာ ထပ်မံ ရှုံးနိမ့် ပါက၊ ပို၍ အရှက်ရ ပေတော့မည်။
ဘုန်းတော်ကြီးက ဒဏ်ရာဖြင့်၊ မှီထိုင် နေရသော ဘိုင်ယုကို ကြည့်ကာ၊ သံသယ ကင်းသော အမူ အရာဖြင့်၊
“ ဒါကို မင်းစိတ် မပူ ပါနဲ့၊ ဟန်ဂန် ရှုံးမှာ မဟုတ် ပါဘူး။ "
ဟု ဆိုလိုက် လေသည်။
***