← Chapters

ဇိုယန်ကို စိန်ခေါ်ခြင်း။

Vol. 24 Ch. 336

ဇိုယန်ကို စိန်ခေါ်ခြင်း။

Vol. 24 Ch. 336

ဘုန်းတော်ကြီးက ဒဏ်ရာဖြင့်၊ မှီထိုင် နေရသော ဘိုင်ယုကို ကြည့်ကာ၊ သံသယ ကင်းသော အမူ အရာဖြင့်၊

“ ဒါကို မင်းစိတ် မပူ ပါနဲ့၊ ဟန်ဂန် ရှုံးမှာ မဟုတ် ပါဘူး။ "

ဟု ဆိုလိုက် လေသည်။

ဘုန်းတော် ကြီး၏ ယုံကြည်ချက် ပြင်းသော စကား သံကြောင့်၊ လူတိုင်းက စိတ်လှုပ်ရှား လာသည်။ ဟန်ဂန်၌ ကောင်းမွန်သော ဝှက်ဖဲ ရှိနေပုံ ရသည်။

ဟန်ရန်၏ လက်ဆယ် ချောင်းတွင်၊ အံ့အား သင့်ဖွယ် စွမ်းအား များဖြင့်၊ ပြည့်နှက် လာ၏။

၎င်းသည် မိုးကြိုး စွမ်းအင်များ ဖြစ်ပြီး၊ သူ၏ တိုက်ခိုက်မှု အားလုံးကို ရှင်းဂျူက ပိတ်ဆို့ သွားနိုင် ခဲ့သည်။

လျှပ်စီး ကြောင်းများ တဟုန်ထိုး မြည်လာ သည်နှင့် အမျှ၊ ရှင်းဂျူ၏ ဓားမှာ တစ်စထက် တစ်စ မြန်လာ၏။

နှစ်ဦး စလုံးမှာ မိုးကြိုး များကို ဆင့်ခေါ် ထားကြ သောကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး ကြောက်မက် ဖွယ်ရာ လျှပ်စီးများ ပြည့်နှက် နေသည်။

ဟန်လန်၏ ပုံ သဏ္ဍာန်မှာ၊ ပို၍ တောက်ပ လာပြီး၊ မြေပြင် ပေါ်၌ ခိုင်မြဲစွာ ရပ်နေ၏။ သူက အေးစက်သော လေသံဖြင့်၊

“ မင်း အခု ငါ့ကို အလေး အနက် ထားဖို့၊ အချိန် တန်ပြီ ထင်တယ်။ ”

" ဟုတ်လား၊ စိတ်မပူ ပါနဲ့၊ မင်းသာ ဂရု စိုက်ပါ၊ မဟုတ်ရင် ငါ့ရဲ့ နောက်ထပ် တိုက်ခိုက်မှု ကြောင့်၊ မင်းအသက် ဆုံးရှုံး ရလိမ့်မယ်။ "

ရှင်းဂျူ၏ မျက်လုံးများ တောက်ပ လာသည်။ ခရမ်းရောင် လျှပ်စီးကြောင်း များဖြင့်၊ သူ့ ခန္ဓာအား ဖုံးလွှမ်း လိုက်ပြီး၊ ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်၏။

ရုတ်တရက် လျှပ်စီး လက်သလို၊ ဓား အရှိန် အဝါများ ပေါက်ကွဲ လာပြီး၊ လက်ကောက် ဝတ်ကို လွှဲယမ်း လိုက်သည်နှင့်၊ စူးရှသော ဓားအလင်း တစ်စ ထွက်ပေါ် လာတော့သည်။

ခရမ်းရောင် လျှပ်စီးက၊ လေဟာ နယ်ကို လျင်မြန်စွာ ဖြတ်သန်း လာပြီး၊ ဟန်ဂန်ထံ တိုးဝင် သွားသည်။

ထိုအခိုက် အတန့်တွင် ခရမ်းရောင် လျှပ်စီး ကြောင်း၏၊ လမ်းကြောင်း ပေါ်ရှိ အရာ အားလုံးမှာ၊ ကြေမွှ ကျန်ရစ် ခဲ့၏။

“ အရမ်း အစွမ်း ထက်လွန်းတဲ့ ဓားရေး တစ်ရပ်ပဲ။ ”

“ မိုးကြိုးဓားရဲ့ ပြီးပြည့် စုံတဲ့ ကျွမ်းကျင်မှု။ ... အထွတ် အထိပ် ဝိညာဉ် အဆင့်၊ ဓားရေး နည်းစနစ် ဖြစ်ရန်၊ အမှန် တကယ် ထိုက်တန် ပါတယ်။ ”

" ဒီဓားက ခရမ်းရောင် နန်းတော် နယ်ပယ်က အကြီး အကဲ တွေရဲ့၊ ကွပ်မျက်မှု ထက်တောင် ပိုအားကောင်း ပုံရတယ်။ "

( ကွပ်မျက်မှု = အကောင် အထည် ဖော်သည်။ )

ပတ်ဝန်းကျင်မှ အာမေဋိတ် သံများ ထွက်ပေါ် လာသည်။

'လရောင် ရေစင် ဓား'ထက် 'မိုးကြိုး ဓား' မှာ၊ မနိမ့် ကျကြောင်း၊ လင်းယွန်က သိထား သော်လည်း၊ ဤသို့သော စွမ်းအားမျိုး ထုတ်ဖော်ရန်၊ လုံလောက်သော စွမ်းအင် သူ့၌ မရှိပေ။

မိုးကြိုးဓားကို မရွေးချယ် ခဲ့သည့် အတွက်၊ ဝမ်းမြောက် သွားမိသည်။ သူ့ အတွက် ပိုမို ကောင်းမွန်သော ရွေးချယ်မှုကို ပြုလုပ် လိုက်မိပုံ ရ၏။

ဆိုလို သည်မှာ မိုးကြိုးဓားအား ရွေးချယ် ခဲ့ပါ၊ ရှင်းဂျူ ကဲ့သို့၊ ကြောက်စရာ ကောင်းသော၊ စွမ်းအား မျိုးကို ထုတ်ဖော် နိုင်မည် မဟုတ်ပေ။

“ သနား စရာ ကောင်းတဲ့ လှည့်ကွက် လေးပဲ။ ”

ဟု ဟန်ဂန်က ၎င်း၏ မူလ စွမ်းအင်ကို စတင်စုဆောင်းကာ၊ ပြုံးလိုက်သည်။

ဓားအလင်း ရောက်ခါ နီးတွင်၊ သူ့ခန္ဓာ ကိုယ်အား ဗဟို ပြုလျက်၊ ဆွဲငင်အား နယ်ပယ် တစ်ခု၊ ဖြည်းညှင်းစွာ ဖြစ်ပေါ် လာပြီး၊ လက်သီးကို တွန်းထုတ်ပစ် လိုက်သည်။

လက်သီးက လျှပ်စီး ကြောင်းနှင့်၊ တိုက်မိ သွားကာ၊ ရလာဒ် အနေဖြင့် လေထဲ၌ အက်ကွဲ ကြောင်းများ ထွက်ပေါ် လာလေသည်။

သို့သော် ဓားအလင်းမှာ အရှိန် အဟုန် လျော့နည်း သွားခြင်း မရှိဘဲ၊ ဟန်ဂန် ပေါ်သို့ ရက်စက်စွာ ဆင်းသက် နေဆဲ ဖြစ်သည်။

ခံစစ် ဆွဲငယ်အား နယ်မြေမှာ ပျက်စီးသွား သောကြောင့်၊ ဟန်ဂန်၏ မျက်နှာမှာ ပျက်ယွင်း သွား၏။

'' နတ်ဘုရား ဒေါသ ဆင်းသက်ခြင်း။ ”

ခန္ဓာကိုယ် အတွင်းမှ လှိုင်သံ ပါသော အသံကြီး တစ်သံ၊ ပဲ့တင် ထပ်လာကာ၊ သူ၏ မြင့်မြတ်သော အရှိန် အဝါမှာ၊ မီးတောင် ကဲ့သို့ ရုတ်တရက် ပေါက်ကွဲ ထွက်သွားသည်။

ထိုအရှိန်အဝါ ပေါက်ကွဲမှု အောက်တွင် ဆင်းသက် လာသော ဓားအလင်းမှာ၊ ပြိုကျ သွား၏။

သို့သော် ရှင်းဂျူ၏ ဓားမှာ ဟန်ဂန်အား၊ ၎င်း၏ ဝှက်ဖဲကို အသုံး ပြုရန်၊ တွန်းအား ပေးနိုင် ခဲ့သည်။

“ဗုဒ္ဓ ရောင်ခြည် ထုတ်လွှတ်ခြင်း။ ”

ဟန်လန်၏ တိုက်ခိုက်မှု များကို ကြည့်ကာ၊ လင်းယွန်က အံ့သြသွား ခဲ့သည်။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသည် အမှန် တကယ်ပင် အစွမ်း ထက်လှကာ၊ နက်ရှိုင်းသော အုတ်မြစ် ရှိလေသည်။

ထို့ကြောင့် ၎င်းတို့တွင် ကျား- နဂါးလက်သီးအပြင်၊ လျှို့ဝှက် နည်းစနစ် များစွာ ရှိကြောင်း၊ တွေ့ရှိ လိုက်ရ၏။

" နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ဒါကို ငါစီစဉ် ထားခဲ့ တာပဲ၊ ဒါပေမယ့် မင်းငါ့ကို သုံးဖို့၊ အတင်း အကြပ် ဖိအား ပေးနိုင် ခဲ့တဲ့ အတွက်၊ ဂုဏ်ယူလို့ ရတယ်။"

ရှင်းဂျူကို လက်သီး များဖြင့်၊ ပစ်လွှတ် လိုက်သော၊ ဟန်ဂန်၏ အရှိန်အဝါမှာ၊ ပို၍ တိုးလာ ခဲ့သည်။

တိုးဝင် လာသော လက်သီးကို ကြည့်ကာ၊ ရှင်းဂျူက၊ နောက်ပြန် မဆုတ်ဘဲ၊ လျှပ်စီး လက်သလို၊ ဓားဖြင့် ခုတ်ပိုင်း လိုက်၏။

“ မိစ္ဆာ နှိမ်နှင်းခြင်း၊ ရှင်းဂျူ ဆင်းသွား။ "

ဟန်ဂန်က ဟောက်ပြီး၊ သူ့ခြေကို မြေပြင် ပေါ်သို့ တစ်ချက်နင်း လိုက်သည်။

ထို့နောက် ကောင်းကင်သို့ ခုန်တက်ကာ၊ လေထဲ၌ အားယူ လိုက်သည်နှင့်၊ လက်သီး ပတ်ပတ် လည်တွင်၊ ရောင်စဉ် ခုနှစ်သွယ် ထွက်ပေါ် လာသည်။

၎င်း ရောင်စဉ် ခုနစ်သွယ်တွင် ဗုဒ္ဓ၏ ပိဋက ကျမ်းစာများ၊ ပေါင်းစပ် 'ကခုန်' နေပေသည်။

ဆိုလို သည်မှာ ရောင်စဉ် ခုနစ်သွယ် အတွင်း၌၊ ပါဠိ အက္ခရာ များက၊ မှော်စာလုံးများ ကဲ့သို့၊ ဝဲပျံ နေခြင်း ဖြစ်၏။

ဟန်ဂန်က သည်လက်သီးနှင့် ပတ်သက်ပြီး ယုံကြည်မှု ရှိပေသည်။ ဂိုဏ်း၌ ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ၊ အကြီးအကဲ တစ်ဦး ကိုပင်၊ ပြန်လည် တွန်းလှန် နိုင်ခဲ့ ဖူးသည်။

" ဘယ်လောက်တောင် မိုက်မဲ လိုက်လဲ။ "

ရှင်းဂျူက အော်ဟစ် ရယ်မော လိုက်၏။ သူ့ ပတ်ဝန်း ကျင်ရှိ လျှပ်စီးကြောင်း များက၊ ရုတ်တရက် ပေါင်းစပ် သွားကာ၊ နဂါး တစ်ကောင် အဖြစ်၊ ပြောင်းလဲ သွားသည်။

" မိုးကောင်းကင် ဒုက္ခ၊ နဂါး ကိုယ်ထင် ပြခြင်း။ "

လျှပ်စီး နဂါးမှာ ချက်ချင်းကြီး ထွားလာပြီး ရှင်းဂျူ ပတ်လည်၌ ရစ်ခွေ လာ၏။ သူ့ကိုယ်ထည်တွင် ခရမ်းရောင် အကြေးခွံ များပင်၊ ထင်းရှားစွာ ဖြစ်တည် နေလေသည်။

“ ဒါ ဒါက... ပါရမီရှင် ရှစ်ပါးနဲ့ ယှဉ်နိုင်တဲ့ ခွန်အားလား၊ ဘယ်လောက်တောင် ကြောက်စရာ ကောင်းလိုက်လဲ။ "

" ရှင်းဂျူနဲ့ ဟန်ဂန် ကတင်၊ အရမ်း အစွမ်းထက် နေပြီ၊ ပါရမီရှင် ရှစ်ပါး ဆိုရင်၊ ဘယ်လောက် တောင် အစွမ်းထက် လိုက်မလဲ။ ”

“ သူတို့က အရမ်း သန်မာတယ်၊ ဒီနေ့လို မွေးနေ့ ပွဲမှာ၊ သူတို့ အဆင့်က လူတွေက ရန်ဖြစ်လေ့ မရှိတာ အံ့သြ စရာ မရှိ ပါဘူး၊ နဂါး တံခါး ပြိုင်ပွဲ ကသာ၊ သူတို့နဲ့ လိုက်ဖက်တဲ့ စင်မြင့် တစ်ခုပဲ။ ”

တိုက်ပွဲ အတွင်း အခင်း အကျင်းကို ကြည့်ကာ၊ တပည့်များ အားလုံး တုန်လှုပ်သွား ကုန်သည်။

နက်နဲ သိုင်း သမားများ အနေဖြင့်၊ ထိုကဲ့ သို့သော ခွန်အား မျိုးကို၊ မည်သို့ ကျင့်ကြံ နိုင်ခဲ့ သည်အား၊ တွေးကြည့်၍ မရ နိုင်ခဲ့ပေ။

လူတိုင်း၏ အကြည့် များတွင် တိုက်ပွဲ ရလဒ်ကို မြင်တွေ့ လိုပြီ ဖြစ်သည်။ နောက်ဆုံး ရပ်တည် နိုင်သူအား သိလိုစိတ် ပြင်းပြ လာ၏။

စွမ်းအင်လှိုင်း များကြောင့်၊ ရင်ပြင် တစ်ခုလုံးတုန်လှုပ် သွားပြီး၊ နှစ်ခြမ်း ကွဲတော့မည် သကဲ့သို့၊ အက်ကြောင်းများ စတင် ပျံ့နှံ့ လာချိန်တွင်၊

'' နတ်ဆိုး လက်သည်း "

သူ့ထံ ပြေးဝင် လာသော လျှပ်စီး နဂါးကြီးကိုကြည့်ကာ၊ ကောင်းကင်မှ ခုန်ဆင်း လာသော၊ ဟန်ဂန်က စိတ်ထဲမှ ကျိန်ဆဲ လိုက်သည်။

သူ၏ လက်သီးကို စွန်ကုပ် လက်သည်း အဖြစ် အလျင်အမြန် ပြောင်းလဲကာ၊ လျှပ်စီး နဂါး၏ လည်ပင်းအား တင်းကြပ်စွာ ဖမ်းကိုင် လိုက်၏။

လက်သည်းကြား ဖမ်းမိ သွားသော လျှပ်စီး နဂါးမှာ၊ နာကျင်စွာ ငိုကြွေး သွားလေသည်။

" ချိုး ။ "

ဟန်ဂန်၏ လက်သည်း ကုပ်ချက်က၊ လျှပ်စီး နဂါးကို ချေမှုန်း ပစ်လိုက်၏။

" မင်းက လျှပ်စီး နဂါးကို ချိုးဖျက် နိုင်ခဲ့ ရင်ရော၊ ဂရုစိုက် စရာလား၊ တိုက်ခိုက်မှုရဲ့ အကြွင်း အကျန် စွမ်းအင် တွေနဲ့တင်၊ မင်းကို ကိုင်တွယ်ဖို့ လုံလောက် သွားပြီ။ ”

ရှင်းဂျူက သူ့ဓားကို ထပ်မံ ပစ်ထုတ် လိုက်ပြန်သည်။

လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ဓား အလင်း တစ်စ ထိမှန် ခံလိုက် ရကာ၊ ဟန်ဂန် ပါးစပ်ထဲမှ၊ သွေးများ စီးကျ လာသည်။

ရှင်းဂျူက ခြေသုံး လှမ်းမျှ နောက်ပြန် ဆုတ်လိုက်ကာ၊ ဓားကို ရုတ်သိမ်း သွားခဲ့သည်။ သူက ဟန်ဂန်ကို အေးစက်စွာ စိုက်ကြည့်ပြီး၊

" မင်းရှုံးပြီ။ "

ဟန်ဂန်၏ မျက်နှာမှာ ဖြူဖျော့ သွား၏။ ပြန်၍ တိုက်ခိုက်ချင် သော်လည်း၊ သူ့ ရင်ဘတ် ပေါ်ရှိ ဓား အလင်းက၊ လျှပ်စီး ထိမှန် ခံလိုက်ရ သကဲ့သို့၊ သူ့ခန္ဓာ ကိုယ်အား တောင့်တင်း သွားစေသည်။

" ဟန်ဂန် ပြန်လာခဲ့။ "

ဘုန်းကြီး မျက်နှာမှာ မည်းမှောင် သွားပြီး၊ ရှင်းဂျူအား အေးစက်စွာ လှမ်းပြော လိုက်၏။

'' မင်းအခု အနိုင် ရတာက ဘာများ လုပ်လို့ ရမှာလဲ၊ နဂါး တံခါး ပြိုင်ပွဲမှာ အနိုင်ရ ပြီးတဲ့နောက်၊ ဆက်ပြော ကြတာပေါ့။ "

ဘုန်းကြီးက အရှက်ပြေ ဆိုလိုက် သော်လည်း၊ ရှင်းဂျူ၏ မျက်လုံး များက တောက်ပ လာကာ၊

“ ဒါဆို ငါစောင့်မယ်၊ ဒါပေမယ့် ဟန်ဂန်က ငါ့ရဲ့ ပြိုင်ဘက် ဖြစ်လာ တော့မှာ မဟုတ်ဘူး၊ ငါ့ရဲ့ ပြိုင်ဘက် တွေက၊ မင်းဂိုဏ်းရဲ့ 'စစ်မှန်သော တိမ်တိုက်လေး' နဲ့၊ 'လွင့်မျော နေသော ရေခွက်'ပဲ၊ ဖြစ်လိမ့်မယ်။ ”

သူ့ စကားက ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးကို တွေးဆ သွားစေသည်။

" ရှင်းဂျူက အင်အား အပြည့်နဲ့၊ တိုက်ခိုက် နေတာ မဟုတ် ဖူးလား။ "

“ ဒါက ဖြစ်နိုင် ပါတယ်၊ ဓားနန်းတော်ရဲ့ လျှို့ဝှက် ဓားရေး နည်းစနစ်ကို၊ သူ လေ့ကျင့် ထားတယ်၊ ဒါပေမယ့် အခု သူက မိုးကြိုးဓား ကိုပဲ သုံးခဲ့ပြီး၊ ဟန်ဂန်ရဲ့ ဝှက်ဖဲ တွေကို ထုတ်သုံး လာတဲ့ အထိ၊ ဖိအား ပေးနိုင် ခဲ့တယ်။ ”

“ ဓားနန်းတော်ကို မင်း လျှော့တွက်လို့ မရဘူး၊ သူတို့မှာ ဒီနှစ် နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ရှင်းဂျူနဲ့ ဘိုင်လိရွှမ် ရှိတယ်၊ အခု လင်းယွန်က နောက်သုံးနှစ် ကြာရင်၊ ကြီးထွားလာ တော့မယ်။ ''

လင်းယွန်နှင့် ရှင်းဂျူ တို့က၊ ဆုံးရှုံးသွား ခဲ့သော ပုံရိပ်ကို၊ ပြန်ယူ လာပေး ခဲ့သောကြောင့်၊ လျိုဖန်၏ မျက်နှာတွင် အပြုံးများဖြင့် ဝေဆာ နေပေသည်။

“ ဓားနန်းတော်ရဲ့ ရှင်းဂျူက အနိုင် ရတယ်။ ”

ဖီးနစ် မင်းသမီး လေး၏၊ ကြေညာသံ ထွက်ပေါ် လာသည်။

တိုက်ပွဲ ပြီးဆုံး ပြီးနောက်၊ လေထု ထဲတွင်၊ တင်းမာသော အငွေ့ အသက်များ ဆက်လက် တည်ရှိ နေဆဲ ဖြစ်သည်။

ထိုအချိန် မှာပင် လှံကိုင် ထားသော လူရိပ် တစ်ရိပ် ပြေးထွက် သွားပြီး၊ ပြိုင်ပွဲ ကွင်းလယ် ဆီသို့၊ ဆင်းသက် လာသည်။

ထိုလူရိပ်ကို မြင်သည်နှင့်၊ လင်းယွန်က မျက်မှောင်ကြုပ် မိသည်။ ဤလူငယ်ကို မြင်ဖူး နေသော ခံစား ချက်ကြောင့်၊ အနည်းငယ် ပြန် စဉ်းစားကာ၊ သတိရ သွားသည်။

လင်းလန်။ ဘိုင်ချူးဟွေ၏ အစောင့် အကြပ် မစ်ရှင်၌ သူ့အား ရှုံးနိမ့် ဖူးသော လင်းလန်ဖြစ်သည်။ သူတို့ နှစ်ယောက်ကြား ရန်ငြိုးကို သည်ပွဲ၌ ဖြေရှင်းချင် နေပုံ ရ၏။

လင်းလန်၏ အသွင် အပြင်မှာ၊ ရှုပ်ထွေး နေပုံ ရပြီး၊ သူက လင်းယွန် ထံမှ အကြည့်ကို ရှောင်ကာ၊

"ရှေးဟောင်း တာအို ဂိုဏ်းက ဇိုယန်၊ မင်းငါ့ကို တိုက်ဝံ့ သလား။ "

နောက်ဆုံး၌ ဇိုယန် ပေါ်သို့ သူ့ အကြည့်များ ကျဆင်း သွားသည်။

လင်းလန်က လင်းယွန်ကို ဆန့်ကျင်ဖို့ သတ္တိ မရှိ တော့ပေ။ ဘိုင်ယုနှင့် တိုက်ပွဲကို တွေ့ရှိ ပြီးနောက်၊ လင်းယွန်အား အနိုင် မယူ နိုင်သည်ကို၊ သူ သိခဲ့သည်။

စီရွှယ်ယီ သည်လည်း လွယ်ကူသော ပြိုင်ဘက် မဟုတ်ပေ။

ထို့ကြောင့် သူ့တို့ အစား ဇိုယန် ကိုသာ တွန်းအား အဖြစ် ရွေးချယ်ရန် ဆုံးဖြတ် လိုက်ခြင်း ဖြစ်သည်။

လင်းလန်၏ လုပ်ရပ်ကြောင့်၊ လင်းယွန်က အံ့အားသင့် သွားခဲ့သည်။ လင်းလန်က သူ့ကို စိန်ခေါ်တော့ မည်ဟု ထင်ခဲ့ သော်လည်း၊ ဇိုယန်အား ရွေးချယ် ခဲ့သည်။

သို့သော် ယင်းသည်ပင် ဇိုယန်၏ ခွန်အားကို တိုင်းတာ ဖို့ရန်၊ သူ့အတွက် အခွင့် အရေး တစ်ရပ် ဖြစ်လာ ပေမည်။

" မင်းက ပြိုင်ဘက်ကို၊ ဘယ်လို ရွေးရမယ် ဆိုတာ၊ တကယ် သိတာပဲ။ "

ဇိုယန်က ခေါင်းညိတ်လျက် တည်ငြိမ်စွာ ပြန်ဖြေ လိုက်သည်။

“ စကားများ မနေနဲ့၊ မင်းရဲ့ 'ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' ကို၊ ငါခံစား ကြည့်ရအောင်။ "

လင်းလန်၏ လှံ နည်းစနစ်သည် ပြင်းထန် လှပြီး၊ လင်း မိသားစုပိုင် ကျင့်ကြံမှု နည်းစနစ်နှင့်၊ ကောင်းစွာ တွဲဖက် ထားသည် ဖြစ်ရာ၊ အချိန် အတော် ကြာသည့် တိုင်အောင် တိုက်ပွဲ ဝင်နိုင်မည်။

ထို့ကြောင့် ဇိုယန်၏ ဒရာကိုဖီ နည်းစနစ်ကို၊ ကိုင်တွယ် ဖြေရှင်း ရာတွင်၊ အခက် အခဲ မရှိနိုင်ဟု၊ သူ ယုံကြည်သည်။

ရှေးဟောင်း တာအို ဂိုဏ်းသည်၊ ဂုဏ်သိက္ခာကြီးမားသော ဂိုဏ်းကြီး လေးဂိုဏ်း ထဲမှ၊ တစ်ဂိုဏ်း ဖြစ်ပြီး၊ ဇိုယန်ကို အနိုင်ယူ ပြီးနောက်၊ မဟာချင် အင်ပါယာ တစ်ခွင်၊ သူ၏ နာမည်အား ပျံ့နှံ့ စေနိုင်မည် ဖြစ်သည်။

" မင်းမှာ တိုက်ခိုက်ဖို့ အခွင့် အရေး မရှိ နိုင်တဲ့ အတွက်၊ ငါကို စိတ်ပျက် သွားမှာ၊ ကြောက်မိတယ်။ "

ဇိုယန်က အနည်းငယ် လှုပ်ရှား လိုက် သည်နှင့်၊ သူ့ ထိုင်ခုံမှ ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ ကောင်းကင်၌ ပြန်လည် ထွက်ပေါ်လာ ခဲ့သည်။

မြေပြင်သို့ ခြေချ ပြီးပြီးချင်း၊ ဆေဘာ ဓားကို ဆွဲထုတ် လိုက်သည်။

ရုတ်တရက် ဆေဘာဓား ရည်ရွယ် ချက်မှာ နဂါး တစ်ကောင် ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် သွား၏၊ ထွက်ပေါ် လာသော အလင်း တန်းကြောင့်၊ ကြည့်ရှု နေသူ များ၏ မျက်လုံး များအား၊ ကျိန်းစပ် သွားတော့၏။

***

All Chapters