← Chapters

ရှုံးနိမ့်မှု ။

Vol. 25 Ch. 338

ရှုံးနိမ့်မှု ။

Vol. 25 Ch. 338

အခြေ အနေ အပြောင်းလဲ သွားမည်ကို စိုးရိမ်သဖြင့်၊ ချင်းကျိက ရှေ့သို့၊ ခြေတစ်လှမ်း တိုးကာ၊ လက်ကို ဆန့်ထုတ် လိုက်သော အခါတွင်၊ လက်မောင်းမှာ ပြန့်ကား လာလေသည်။

ကြီးမားသော လက်မောင်းကြီး အောက်၌၊ လင်းယွန်ကို စောင့်ကြို နေသော အရာမှာ၊ သေခြင်း တရားပင် ဖြစ်လေသည်။

ချင်းကျိ၏ မျောက်ဝံ လက်မောင်း ကြီတွင်၊ မိစ္ဆာ ဆန်သော အငွေ့ အသက် များဖြင့် ဖုံးလွှမ်း နေပြီး၊ ထိုတိုက်ခိုက် မှုမှ ဖန်တီး ယူထားသော ဖိအား သည်ပင်၊ လူအုပ်ကြီးကို အသက်ရှူရ ခက်ခဲ လာစေသည်။

ထိုလက်ဖဝါး သည်သာ တစ်စုံ တစ်ယောက်၏ ခေါင်းပေါ်သို့ ကျရောက် ပါက၊ မည်သို့ ဖြစ်မည်ကို၊ မည်သူမျှ စိတ်ကူး မယဉ် နိုင်ပေ။

တတိယ အလွှာရှိ သခင် လေးပါး ပင်လျှင်၊ ဤတိုက်ခိုက် မှုကို ဂရု တစိုက် ရှောင်ရှား ရမည် ဖြစ်၏။

သို့သော် လင်းယွန်မှာမူ ရှောင်တိမ်း လိုပုံ မရပေ။ မူလ နေရာ ၌ပင် ကြံကြံခံ ရပ်နေ ခဲ့သည်ကြောင့်၊ ထိတ်လန့် သွားကုန် ကြသည်။

ခေါင်းပေါ် ကျဆင်း လာသည့် လက်ဖဝါး ကြီးကို မော့ကြည့်ကာ၊ လင်းယွန်က လက်သီး ဆုပ်လိုက်ပြီး၊ ရုတ်တရက် ပြန်လည် ထိုးထုတ် ပစ်လိုက်သည်။

" မင်းက သေချင် နေတာပဲ။ "

ချင်းကျိက ရက်စက်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။

လက်ဖဝါးနှင့် လက်သီးတို့ ထိမိသော အခါ၊ မြေပြင် ပေါ်တွင်၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာပြီး၊ စွမ်းအင်လှိုင်း များက၊ ဘက်ပေါင်း စုံသို့၊ ပျံနှံ့ သွားတော့သည်။

ဤတွေ့ဆုံ မှုတွင် လူတိုင်း မျှော်လင့် ထားသော သေဆုံးခြင်း များရှိ မလာ ခဲ့ပေ။ ဖုန်မှုန့်များ အတွင်းမှ ခရမ်းရောင် လူသား တစ်ယောက်၊ ပထမဆုံး ပြန်လည် ဆုတ်ခွာ လာသည်။

လင်းယွန်က ခရမ်းရောင် စွမ်းအင် များကို၊ သူ့ ခန္ဓာကိုယ် တစ်ဝိုက်တွင်၊ အလွှာ တစ်ခု အဖြစ်၊ ဖြန့်ကျက် ဆုတ်ခွာ လိုက်ခြင်း ဖြစ်သည်။

ချင်းကျိ သည်လည်း၊ ခြေလှမ်း အနည်း ငယ်ခန့် နောက်ပြန် ဆုတ်လိုက် ရသည်။

ကြမ်းကြုပ်သော စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော လင်းယွန်ကို ကြည့်ကာ ချင်းကျိက ရယ်လိုက်သည်။

ပြီးနောက် မထီ မဲ့မြင် ပြုဟန်ဖြင့်၊

" ငါ့ရှေ့မှာ မင်းရဲ့ တောင်မကျ မြောက်မကျ၊ ဒရာကိုဖီ ခန္ဓာကိုယ်ကို ထုတ်ပြဖို့ သတ္တိ ရှိတယ်လား၊ မင်းက သေမင်းကို ဖိတ်ခေါ် နေတာပဲ။ "

ကြက်သွေးရောင် အလင်း တစ်စ၊ လင်းလက် လာပြီး၊ ချင်းကျိက လင်းယွန်ကို လက်သီး များဖြင့်၊ ပြေးဝင် ထိုးချ လိုက်သည်။

လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ထုတ်ဖော်ပြီး၊ လင်းယွန် သည်လည်း သူ့လက်သီး များအား၊ ဟန့်တားသည့် အနေနှင့်၊ ပြန်လည် ပစ်ထုတ် လိုက်သည်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ယောက်သား လှုပ်ရှား မှုပေါင်း ငါးဆယ် ကျော်ခန့်၊ အပြန် အလှန် ဖလှယ် လိုက်ကြသည်။

ချင်းကျိ၏ နတ်ဆိုး သားရဲ ခန္ဓာကိုယ်ကို လက်ရည်တူ ရင်ဆိုင် နေသော၊ လင်းယွန်အား ကြည့်ကာ၊ လူအုပ် ကြီးက အံ့အားသင့် နေခဲ့သည်။

" ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ။ "

လင်းယွန်က ၎င်းတို့ ဂိုဏ်း၏ ထူးခြားသော နည်းစနစ်ကို အသုံး ပြုနေ သောကြောင့်၊ ဝမ်ရန်းဘို မျက်နှာမှာ မည်းမှောင် နေလေသည်။

ထို့အပြင် လင်းယွန် အသုံးပြု နေသော ဒရာကိုဖီ ခန္ဓာမှာ၊ ရှေးဟောင်း တာအို ဂိုဏ်းရှိ၊ တပည့် များစွာထက်၊ သာလွန် နေပေ၏။

တစ်ဖန် လင်းယွန်၏ လက်သီးချက် များက ကျားနှင့် နဂါး တို့ကို၊ သရုပ်ဖော် နေမှု များကြောင့်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရှိ အကြီးအကဲ ဘုန်းကြီး ကိုလည်း၊ မျက်နှာ ပျက်ယွင်း လာစေသည်။

နဂါး-ကျား လက်သီးသည်၊ ၎င်းတို့ ဂိုဏ်း၏ မူပိုင် နည်းစနစ် တစ်ရပ် ဖြစ်ပေရာ၊ အပြင် လူတစ်ယောက်မှ၊ အသုံးပြု နေမှု အပေါ်၊ အဆင်ပြေ ခြင်းများ ရှိမနေ လှပေ။

လင်းယွန်က ဒရာကိုဖီ ခန္ဓာကို အသက် သွင်းကာ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ရွေ့လျား နေသည်၊ အခါ အားလျော်စွာ ကျားနဂါး လက်သီး ဖြင့်လည်း၊ ပြန်လည် တိုက်ခိုက် ခဲ့၏။

ယင်းတို့သည် မတူညီသော ဂိုဏ်းသုံး ဂိုဏ်းမှ နည်းစနစ်များ ဖြစ်သည်။ ၎င်းတို့ကို အားကိုး၍၊ သူ့အထက် အဆင့် နှစ်ဆင့် မြင့်သော ချင်းကျိနှင့်၊ အညီ အမျှ တိုက်ခိုက်နိုင် ခဲ့သည်။

သိုင်းကွက် တစ်ရာကျော် ပြီးနောက်၊ နှစ်ယောက်သား လူစု ခွဲလိုက် ကြသည်။ လင်းယွန်က မျက်ခုံးပင့် လိုက်ပြီး၊

" မိစ္ဆာ မျောက်ဝံ ခန္ဓာကိုယ် နည်းစနစ်က၊ ထင်ထား သလောက်လည်း အစွမ်း မထက် ပါလား။ "

စကားဆုံး သည်နှင့်၊ သူ့ရှေ့သို့ ခြေတစ်လှမ်း လှမ်းယူ လိုက်ကာ၊ လင်းယွန် ကိုယ်ခွဲ များကို လေထဲ၌ ထားရစ် လာခဲ့သည်။

သူတော်စင် ဂီတသံများ ထွက်ပေါ် လာပြီး၊ လင်းယွန် တစ်ယောက်ချင်း စီက၊ ဆေးအိုး တစ်လုံး၏ စစ်မှန်သော ခွန်အားဖြင့်၊ လက်သီးများ ပစ်လွှတ် လာသည်။

လင်းယွန် ကိုးယောက် ပေါင်းစပ် သွားသော အခါတွင်၊ သူတော်စင် ဂီတမှာ၊ စစ်သီချင်း သံ ကဲ့သို့ ပဲ့တင် ထပ်လာ၏။

တစ်ချိန်တည်း မှာပင် လင်းယွန်၏ နောက်ဆုံး လက်သီး ချက်တွင်၊ သန့်ရှင်းသော ဆေးအိုး တစ်လုံး၏ ခွန်အားများ ထွက်ပေါ် လာသည်။

လက်သီး နှစ်ခု ထိပ်တိုက် တွေ့မိ သည်နှင့် ချင်းကျိက ထိတ်လန့် ဟန်ဖြင့်၊ နောက်သို့ ခြေလှမ်း များစွာ၊ ဆုတ်ခွာ ပေးလိုက် ရသည်။

လင်းယွန်၏ လက်သီးချက် နောက်ကွယ်မှ ခွန်အားကြောင့်၊ သူ အံ့အားသင့် သွားသည်။

ရှေးဟောင်း တာအို ဂိုဏ်း၏ အကြီးအကဲ ဝမ်ရန်းဘို မျက်နှာမှာ၊ ပြောင်းလဲ သွား၏၊

" ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်၊ စတုတ္ထအဆင့်၊ .... မှာလား။ "

ဒရာကိုဖီ နည်းစနစ်ကို စတုတ္ထ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ လူတစ်ဦး၏ ခန္ဓာကိုယ်တွင်၊ ကြမ်းရှသော စွမ်းအင် များဖြင့် ပြည့်နှက် လာပြီး၊ စကြ၀ဠာ လက်နက် များကို ကြောက်ရွံ့ နေရန် မလို တော့ပေ။

လင်းယွန်၏ လက်သီးချက် နောက်ကွယ်ရှိ၊ ခွန်အားကို အကဲဖြတ် ရပါက၊ စတုတ္ထ အဆင့်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ပြင်ပ ဂိုဏ်းသား များက၊ လင်းယွန်၏ ကြမ်းရှသော စွမ်းအင် ကိုသာ ခံစားနိုင်ပြီး၊ ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များ မှာမူ၊ ခွန်အား အစစ် အမှန်အား မြင်နိုင်ကာ၊ တုန်လှုပ်သွား ကုန်ကြသည်။

ဒရာကိုဖီ နည်းစနစ်ကို စတုတ္ထ အဆင့်သို့ ကျင့်ကြံ နိုင်သူမှာ၊ ရှေးဟောင်း တာအိုဂိုဏ်း တွင်ပင်၊ များစွာ မရှိပေ။ ဆယ်ယောက် ခန့်သာ ရှိပေသည်။

ထို့ကြောင့် သူ၏ နားလည်နိုင် စွမ်းကို အားကိုး ရုံမျှဖြင့်၊ ဤအဆင့် အထိ ဆုပ်ကိုင် ထားနိုင်သော လင်းယွန်မှာ၊ သူတို့ စိတ်ကူး မယဉ် နိုင်သော၊ အရည် အချင်း မျိုးပင် ဖြစ်သည်။

လင်းယွန်က လက်နှစ်ဖက်ကို ခွဲကာ၊ ကောင်းကင်သို့ ပျံတက် လိုက်၏။ သူ့လက်သီး တိုင်းက ချင်းကျိကို၊ အဆက် မပြတ် နောက်ဆုတ် သွားစေပြီး၊ ဒဏ်ရာများဖြင့် ဖုံးလွှမ်းသွား စေတော့သည်။

" ထွက် သွား။ "

ချင်းကျိက နောက်ဆုတ် နေလျက်မှ ကိုယ်ရှိန် သပ်ကာ အံကြိတ်လျက်၊ မူလ စွမ်းအင် များကို အကန့် အသတ်ထိ တွန်းတင် လိုက်သည်။

" မိစ္ဆာ မျောက်ဝံ - နဂါး သတ်ပွဲ။ "

ပတ်ဝန်းကျင်မှ ဝိညာဉ် စွမ်းအင် များ လက်သီး တစ်ဝိုက်၊ ရစ်သိုင်းလာ ချိန်တွင်၊ လင်းယွန် ထံသို့၊ ဦးတည် တွန်းထုတ် ပစ် လိုက်၏။

လက်သီးတွင် ဖိနှိပ် ခံထား ရသော ပတ်ဝန်း ကျင်ရှိ၊ ဝိညာဉ် စွမ်းအင်များ ပါ၀င် သည်သာ မက၊ မူလ စွမ်းအင် များလည်း ပါရှိ လေသည်။

" နောက်ဆုံးတော့ မင်းရဲ့ အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော် ပြီလား။"

လင်းယွန်က လှောင်ပြောင် ရေရွတ် လိုက်သည်။ သူ့ပုံရိပ်မှာ၊ တဖျပ်ဖျပ် တောက်ပ လာပြီး၊ ဒါဇင် အနည်းငယ် အကွာမှ ပြန်ထွက်ပေါ် လာသည်။

ချင်းကျိက ရယ်သည်။ ပြီးနောက် ကောင်းကင် သို့ ခုန်တက် သွားပြီး၊ လင်းယွန် အပေါ်၊ လက်သီး မိုးများ ရွာချ ပစ်လိုက်သည်။

လက်သီးချက် တိုင်းတွင် သူစုပ်ယူ ထားသော စွမ်းအင် များပါ ရှိသည်။ ကျင့်ကြံမှု အားသာချက် အရ၊ ထွက်ပေါ် လာသော အင်အားမှာ၊ လူအုပ်ကြီး ကိုပင် အသက်ရှူ ကြပ်သွား စေသည်။

" အိုး ... သန့်ရှင်း လိုက်တာ၊ ဒါက သူ့ရဲ့ ခွန်အား အစစ် အမှန် ဖြစ်ရမယ်၊ လင်းယွန်က အဋ္ဌမ အဆင့်မှာ ရှိနေရင်၊ အခွင့် အရေး ရနိုင် ပေမယ့်၊ အခု အချိန် မှာတော့ ...၊ မလွယ်တော့ ပါဘူး။ "

'' ဒါက ချင်းကျိရဲ့ ဝှက်ဖဲပဲ၊ ကြောက်စရာ ကောင်းလိုက်တဲ့၊ လက်သီး တွေ။ ''

" တချိန်လုံး ရှောင်နေ တာက၊ ဖြေရှင်းချက် မဟုတ်ဘူး။ ''

ဓားနန်းတော်၏ တပည့် များက၊ မိုးများ ရွာကျလာ သလို၊ တဒိုင်းဒိုင်း ပြိုကျ လာသော၊ ကောင်းကင်မှ လက်သီး များကို ကြည်ကာ၊ လင်းယွန် အတွက် စိတ်ပူ သွား ကြသည်။

" မင်း ဘယ်လို ရှောင်မလဲ ကြည့်ရအောင်၊ .... သွေးဆာ နေတဲ့ မိစ္ဆာ မျောက်ဝံ။ ''

လေးနက်သော ခြေလှမ်း ခုနစ်လှမ်း ကြောင့်၊ ဖမ်းရ ခက်လာသော လင်းယွန်ကို၊ စိတ်ဆိုးလာပြီး၊ သူ့ ဝှက်ဖဲအား ထုတ်ဖော် လိုက်ခြင်း ဖြစ်သည်။

အရိုးများ တဆတ်ဆတ် တုန်လာကာ၊ နတ်ဆိုးသားရဲ တစ်ကောင် ကဲ့သို့၊ ပါးစပ်ကို ဖွင့်လျက်၊ သူ့ အစွယ် များအား ထုတ်ပြ လိုက်သည်။

ချင်းကျိ အရှိန် အဝါမှာ အထွတ် အထိပ်သို့ ရောက်ရှိ သွားပြီး၊ ကျောက်ရင်ပြင် တစ်ခုလုံး တုန်လှုပ် လာ၏။

သူ၏ နတ်ဆိုး အရှိန် အဝါသည် လင်းယွန်ကို ချက်ခြင်း ဝါးမျို သွားတော့သည်။

အရှိန် အဝါဖြင့် ကန့်သတ် ချုပ်လှောင် ပြီးနောက်၊ ချင်းကျိက ရယ်မော လိုက်ပြီး၊ လင်းယွန်အား လက်သီးနှင့် ပစ်ချ လိုက်သည်။

'' မ ဆိုး ဘူး။ ''

လင်းယွန်က ပြုံးကာ ရေရွတ် လိုက်သည်။ ယခု အချိန် အထိ၊ သူ့အား လက်သီး နည်းစနစ်ဖြင့်၊ ဖိအား အပေးနိုင် ဆုံးသော ပြိုင်ဘက်မှာ၊ ချင်းကျိ တစ်ယောက်သာ ရှိပေသည်။

သို့သော် ပိုးစုန်းကြူး တစ်ကောင်သည် တောက်ပ လွန်းသော လနှင့်၊ နှိုင်းယှဉ် နိုင် စရာ၊ နည်းလမ်း မရှိပေ။

ဓား .....။

လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆွဲကိုင် လိုက်ပြီး သည်နှင့်၊ သူ့ထံမှ ကြီးစိုးသော ရောင်ဝါ တစ်ခု၊ ပေါက်ကွဲ ထွက်လာသည်။

ပတ်ဝန်း ကျင်တွင်၊ ဖိနှိပ် ကန့်သတ် ထားသော၊ အရှိန် အဝါများ ပေါက်ပြဲ သွားပြီး၊ လေထု ထဲရှိ ဝိညာဉ် စွမ်းအင်များ၊ ခန္ဓာကိုယ် ထဲ စိမ့်ဝင် လာတော့၏။

ချင်ကျိ၏ လက်သီး၊ ရောက်ခါ နီးတွင် လင်းယွန် ခန္ဓာ ကိုယ်မှ၊ ဓား ရည်ရွယ်ချက် ရုတ်တရက် ထွက်ပေါ် လာသည်။

ပန်းသင်္ချိုင်း ဓားက၊ စူးရှသော မြည်သံ ပြုလာပြီး၊ ပတ်ဝန်း ကျင်တွင် မရေ မတွက် နိုင်သော ကြက်သွေးရောင် ပွင့်ချပ်များ မျောလွင့်နေပေသည်။

ထိုနယ်မြေ အတွင်း ပျောက်ကွယ် နေသော လင်းယွန်က၊ အိမ်မက် ဆန်သော အငွေ့ အသက်များ ပေးစွမ်း နေလေသည်။

ယင်း အခိုက်တွင် ဓားကို လွှဲပစ် လိုက်သော အခါ၊ တောက်ပ နေသော နေရောင်ခြည် တစ်စလို လင်းလက် သွား၏။

လွှမ်းမိုး ချုပ်ကိုင် နိုင်လွန်းသော အရှိန်အဝါအောက်တွင် ချင်းကျိ၏ အရှိန်အဝါမှာ စက္ကူ တစ်ရွက်လို ပျက်ပြယ် သွားကာ၊ ပန်းသင်္ချိုင်း ဓားကို မတားဆီး နိုင်လိုက်ပေ။

ရင်ဘတ် ပေါ်တွင် နက်ရှိုင်းသော ပြတ်ရှရာ နှင့်အတူ၊ နောက်သို့ လွင့်စင် ကျလာ၏။

ပတ်ဝန်းကျင်ရှိ လူအုပ် ကြီးက ထိုမြင်ကွင်းကို တိတ်ဆိတ်စွာ ငေးကြည့် နေမိ ကြသည်။

သခင့်ဓားမှာ ပျောက်ကွယ် သွားပြီ ဖြစ်သော်လည်း၊ လွှမ်းမိုး ချုပ်ကိုင် နိုင်လွန်းသော အရှိန် အဝါကို၊ မျက်လုံးထဲ စွဲထင် နေကြဆဲ ဖြစ်သည်။

ဤဓားချက်သည် နက်နဲ နယ်ပယ်မှ တပည့် တစ်ဦး၏ ဓား တစ်လက်ဟု၊ ထင်ရက် စရာ မရှိခြေ။

" ဒါ သခင့်ဓား ပဲ။ "

ယုဝမ်းဘိုက သွားများ ကြိတ်ကာ၊ မျက်လုံးများ မှေးစင်းလျက်၊ အသိ အမှတ် ပြုလိုက်သည်။

" သခင့်ဓား၊ တစ်ချိန်က မဟာချင် အင်ပါယာကို အုပ်စိုးဖို့ ဓားနန်းတော်က အသုံးပြု ခဲ့တဲ့ တားမြစ် နည်းစနစ် မဟုတ်လား၊ ပြီးခဲ့တဲ့ ရာစုနှစ် တွေမှာ၊ ဘယ်သူ ကမှ မသင်ယူ နိုင်ခဲ့ကြောင်း၊ ငါကြား ဖူးတယ်။ ''

'' ဟုတ်တယ် ဒါက တကယ့် သခင့်ဓားပဲ၊ လင်းယွန်က မဟာမိတ် ပြည်ထောင်စု တိုက်ပွဲမှာ၊ အသုံး ပြုခဲ့ ဖူးတယ်။ ''

" သူက နက်နဲ နယ်ပယ်ရဲ့၊ ဆဋ္ဌမ အဆင့် အထွတ် အထိပ်ကို ရောက်နေပြီ ဆိုတော့၊ ပိုအား ကောင်းလာပြီ။"

'' ချင်းကျိက သူ့ကိုယ်သူ ပိုတွက်ဆ ထားမိတယ်၊ သူ့ရဲ့ နောက်ဆုံး လက်သီးကို ခုခံ ကာကွယ်ဖို့၊ မဖြစ် နိုင်ဖူးလို့ ယုံကြည်ထား ပုံပဲ၊ မဟုတ်ရင် သူ့မှာ ရှောင်တိမ်းဖို့ အခွင့် အရေး ရရင် ရသွား နိုင်တယ်။ ''

အားလုံးက ရှုပ်ထွေးသော အကြည့် များဖြင့်၊ လင်းယွန်ကို လှမ်းကြည့် လိုက်မိသည်။

'' ဒါက ဘယ်လို ဖြစ်ရ တာလဲ။ ''

ချင်ကျိက နားမလည် ဟန်ဖြင့် လင်းယွန်ကို ကြည့်သည်။ နက်နဲ အဋ္ဌမ အဆင့်တွင် ရှိပြီး၊ နတ်ဆိုး သားရဲ ခန္ဓာကိုယ်ကို ကျင့်ကြံ ထားသော သူက၊ လင်းယွန်အား အနိုင် မယူနိုင် ခဲ့ပေ။

တစ်ဖက်တွင် လင်းယွန်၏ မျက်နှာမှာ ဖြူဖျော့ နေ၏။

ဤတိုက်ပွဲတွင် ခွန်အားကို အလွန် အကျွံ အသုံးပြု ခဲ့ရပြီး၊ မူလ စွမ်းအင် အပေါ်၊ ထိန်းချုပ် နိုင်စွမ်းများ၊ ယာယီ ဆုံးရှုံး ခဲ့ရသည်။

အဆုံးတွင် ထိန်းချုပ်မှု မဆုံးရှုံး စေရန် ကြိုးပမ်းသည့် အနေဖြင့်၊ နဂါး မီးလျှံ သစ်သီးမှ၊ ပိတ်ဆို့ ထားသော အကြွင်း အကျန် စွမ်းအင် များကို၊ စတင် ဖြည်ချ လိုက်သည်။

သွေးကြောများ ထဲတွင် မူလ စွမ်းအင်များ လှုပ်လှုပ် ရှားရှား ရုန်းကြွ လာ၏။ ကြမ်းပြင်တွင် သွေးအန် နေသော ချင်းကျိကို၊ တစ်ချက် ကြည့်လိုက် ပြီးနောက်၊ လင်းယွန်က လစ်လျူရှု ထားလိုက်သည်။

စတင် သိရှိ ချိန်က စ၍ပင်၊ သည်လူကို လင်းယွန်က ဂရု မစိုက် မိခြေ။

စိန်ခေါ် မှုကို လက်ခံ ခြင်းဖြင့် လင်းယွန်မှာ၊ သေခြင်း တရားအား ဖိတ်ခေါ်ခြင်း မည်သည်ဟု၊ လူတိုင်းက ယူဆခဲ့ သော်လည်း၊ သူ့အတွက်မူ ဆန့်ကျင်ဘက် အဓိပ္ပါယ်ဆောင် ပေသည်။

ချင်းကျိ၏ စိန်ခေါ် မှုကို လက်ခံ ရသည့် အကြောင်း ရင်းမှာ၊ သူ့ကိုယ်သူ ယုံကြည်ခြင်း ကြောင့်သာ ဖြစ်ပေသည်။

" လင်းယွန် မင်းငါ့ကို တိုက်ဖို့ သတ္တိ ရှိလား။ "

ဇိုယန်၏ မျက်လုံး များက၊ တိုက်ခိုက်ရေး စိတ်ဓာတ် များဖြင့် ပြည့်နှက် နေလျက်မှ အော်ဟစ် မေးမြန်း လိုက်သည်။

လင်းယွန်က ချင်းကျိကို အနိုင်ယူ လိုက်သည့် နောက်တွင်၊ သူ့ကိုယ့်သူ မထိန်းနိုင် တော့ဘဲ၊ ခုန်ထွက် လာခဲ့ခြင်း ဖြစ်သည်။

တစ်ချိန်တည်း မှာပင်၊ သူ့ စိန်ခေါ် မှုကို လက်ခံခဲ့ပါက လင်းယွန်ကို နားချိန် ပေးရန် ရည်ရွယ် ထားသည်။ သို့မဟုတ် ပါလျှင်၊ သူ့၏ အနိုင်ရမှုမှာ၊ အဓိပ္ပါယ်မဲ့ သွားပေ လိမ့်မည်။

သို့သော် သူနှင့် တစ်ချိန် တည်းတွင် နတ်ဘုရား အစောင့်များ ထံမှ၊ ပုံရိပ် တစ်ရိပ် ပြေးထွက် လာသည်။

သူက မြေပြင် ပေါ်သို့ ဆင်းသက် ပြီးသည်နှင့်၊ လင်းယွန်ကို ကြည့်ကာ၊

" ငါက နတ်ဘုရား အစောင့် တပ်က ယွီချင်းပါ၊ ငါ မင်းကို စိန်ခေါ် ချင်ပါတယ်။ "

ဟု အေးစက်စွာ ဆိုလိုက် လေသည်။

ဤသည်မှာ လူနှစ်ယောက်မှ တစ်ယောက် တည်းကို၊ ပထမဆုံး အကြိမ် စိန်ခေါ်ခြင်း ဖြစ်သည်။

" စိတ်ဝင် စားစရာပဲ ... ဇိုယန်၊ ငါတို့ ဘာလို့ အရင် မတိုက် ရတာလဲ၊ အရှုံး သမားက ဒီစင်မြင့်ကနေ ဆင်းသွား ရမှာ မဟုတ်လား။ ''

ယွီချင်းက ဇိုယန်ကို လှည့်ကြည့်ကာ ဆိုသည်။

ထိုစကားကြောင့် ဇိုယန်က တွန့်ဆုတ် သွား၏။ ဤပွဲ၌ လင်းယွန်နှင့်၊ တိုက်ခိုက်ရန် မျှော်လင့် ထားခြင်း ဖြစ်သည်။

ယွီချင်းနှင့် အရင် တိုက်ခိုက် ခြင်းဖြင့်၊ သူ့ ဝှက်ဖဲ များကို ထုတ်ပြ ရပေ လိမ့်မည်။

" မလိုပါဘူး၊ မင်းတို့ နှစ်ယောက်လုံး အတူတူ လာနိုင် ပါတယ်။ ''

လင်းယွန်က ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။

ထိုစကားကို ကြားသော အခါ ယွီချင်း၏ မျက်နှာမှာ၊ ချက်ချင်း မည်းမှောင်သွား ခဲ့သည်။

'' လင်းယွန်၊ မင်း သန်မာတယ် ဆိုတာ ငါ ဝန်ခံပါတယ်၊ ဒါပေမယ့် မင်း ဒီလောက် မာနကြီး စရာ မလို ပါဘူး။ "

" မာနကြီး တယ်လား၊ ငါ့မှာ မာန ကြီးဖို့ အရည် အချင်း မရှိ ဖူးလို့ မင်းထင်လား။ ''

လင်းယွန်က ဓားကို ရုတ်သိမ်းလိုက် ပြီးနောက်၊ နဂါးမီးလျှံ သစ်သီးမှ အကြွင်း အကျန် စွမ်းအင် များအား အကုန် အစင် ထုတ်လွှတ် လိုက်သည်။

လူတိုင်း၏ အကြည့် အောက်တွင် လင်းယွန်၏ ဆံပင် များက၊ မူလ စွမ်းအင် ပေါက်ကွဲလာမှု များကြောင့်၊ ဟုတ်ခနဲ ကောင်းကင်ပေါ် ပျံတက် သွားသည်။

တစ်ချိန်တည်း မှာပင် ဆဌမ အဆင့်၊ အတား အဆီးကို၊ စတင် ချိုးဖြတ် နေခဲ့ လေပြီ။

***

All Chapters