လနှစ်စင်း လင်းတဲ့ ဓား။
Vol. 25 Ch. 339
'' ငါ့မှာ မာန ကြီးဖို့ အရည် အချင်း မရှိ ဖူးလို့ မင်းထင်လား။ ''
လင်းယွန်က ဓားကို ရုတ်သိမ်းလိုက် ပြီးနောက်၊ နဂါးမီးလျှံ သစ်သီးမှ အကြွင်း အကျန် စွမ်းအင် များအား အကုန် အစင် ထုတ်လွှတ် လိုက်သည်။
တစ်ချိန်တည်း မှာပင် ဆဌမ အဆင့်၊ အတား အဆီးကို၊ စတင် ချိုးဖြတ် နေခဲ့ လေပြီ။
နက်နဲ သိုင်း နယ်ပယ်- သတ္တမ အဆင့်။
အဆင့် ချိုးဖြတ် နေသော လင်းယွန်ကို၊ လူအုပ်ကြီးက မယုံကြည် နိုင်စွာ ကြည့်နေ မိကြသည်။
တိုက်ပွဲ အတွင်း အောင်မြင်မှု ရယူ ရန်မှာ၊ ရှားပါး လှသော်လည်း၊ မဖြစ်နိုင်ဟု မဆိုလိုပေ။ လင်းယွန်က မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ အောင်မြင် မှုကို ရရှိ သွားခဲ့သည်။
အဆင့်ချိုး ဖြတ်ခြင်းကို အလွယ် တကူ အောင်မြင် သွားသော လင်းယွန်အား၊ မင်းသမီးလေး ကပင်၊ စိတ်ဝင် တစား လှမ်းကြည့် လာသည်။
သူတို့တင် မကဘဲ၊ လျိုဖန်း သည်လည်း၊ တိတ်ဆိတ် 'စွံ့အ' သွား၏။
ဓားနန်းတော်က လင်းယွန်အား၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၆,၀၀၀) အပါ အဝင်၊ အရင်း အမြစ် အနည်းငယ်ကို ပေးအပ် ခဲ့သည်။
သို့သော် ရက် အနည်းငယ် အတွင်း၊ အောင်မြင်မှု နှစ်ခုကို၊ ပြုလုပ် နိုင်ခဲ့ သည်မှာ၊ မယုံနိုင် စရာ ပေပင်။
ရှင်းယန် တစ်ယောက်သာ သူမ၏ မျက်နှာ ပေါ်တွင် မှုန်မှိုင်းသော အပြုံးကို ထုတ်ဖော် ထား၏။
လင်းယွန် ခန္ဓာကိုယ် အတွင်းရှိ၊ နဂါး မီးလျှံ သစ်သီး၏၊ အကြွင်း အကျန် စွမ်းအင် များကို၊ သူမ သတိထား မိပြီး ဖြစ်သည်။ ယင်းစွမ်းအင် များကို လင်းယွန်က တချိန်လုံး ဖိနှိမ် ထားခဲ့ ပုံရသည်။
သို့သော် ချင်းကျိနှင့် တိုက်ပွဲတွင်၊ ဖိနှိမ် နိုင်စွမ်းများက ရုန်းကြွ လာခဲ့ ပုံရ၏။
ဇိုယန်နှင့် ယွီချင်းတို့ စိန်ခေါ်လာ သည့် အချိန်၌၊ လက်ကျန် ချုပ်နှောင် ထားသော စွမ်းအင် များကို၊ စွန့်လွှတ်ကာ အဆင့် ချိုးဖြတ် လိုက်ရခြင်း ဖြစ်သည်။
နက်နဲ သတ္တမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ လင်းယွန်က လူအုပ် အလယ်၌ ငြိမ်သက်စွာ ရပ်နေခဲ့သည်။
သခင့်ဓား၏ အကြွင်း အကျန် စွမ်းအင် များက၊ သူ့ထံမှ ထွက်လာပြီး၊ ယခု အချိန်၌ မည်သူမျှ သူ့ကို မထီ မဲ့မြင် မပြုဝံ့ ကြပေ။
စကားလုံး တိုင်းတွင်၊ မောက်မာ ရိပ်များ စွန်းထင်း နေသော်လည်း၊ သည်လူငယ်၏ အရည် အချင်းမှာ၊ တခြား သူများထက် သာလွန် နေမှန်း၊ သူတို့ သိလိုက် ရသည်။
သူတို့ အမြင်၌ ထိုမောက်မာမှု အပေါ် ဒေါသ ထွက်ကာ၊ စိန်ခေါ် လို သော်လည်း၊ ဘိုင်ယုနှင့် ချင်းကျိ တို့ကို မျက်လုံးထဲ ပြန်မြင်ယောင် ပြီးနောက်၊ ငြိမ်သက် သွားမိသည်။
" ဓားနန်းတော်မှာ နောက်ထပ် ဘီလူး တစ်ကောင် မွေးလာပြီ။ "
" ဒါပေမယ့် သူက ဇိုယန်တို့ နှစ်ယောက်ကို တကယ် ရင်ဆိုင် မှာလား၊ နည်းနည်းတော့ လွန်တယ် မဟုတ်လား"
“ အဲလို မထင် ပါဘူး၊ ဆဋ္ဌမ အဆင့် နဲ့တောင်၊ အဋ္ဌမ အဆင့်က ချင်းကျိကို၊ အနိုင်ယူ နိုင်ခဲ့ တာပဲ၊ သူတို့ နှစ်ယောက်ကို ရင်ဆိုင် နိုင်တဲ့၊ အရည် အချင်း ရှိလိမ့် မယ်လို့၊ ငါ ယုံကြည်တယ်၊ ဒါပေမယ့် အောင်ပွဲ ရခြင်း၊ မရ ခြင်းက တခြား ကိစ္စပါ၊ ငါတို့ အားလုံးက ဇိုယန်ရဲ့ ခွန်အားကို၊ စောစောက တွေ့ခဲ့ ရတယ် မဟုတ်လား။”
" ဘာပဲ ဖြစ်ဖြစ် မွေးနေ့ ပွဲက၊ အခု စိတ်ဝင် စားစရာ ကောင်းလာပြီ။ "
လူတိုင်း၏ မျက်နှာ ပေါ်တွင်၊ စိတ်လှုပ်ရှား မှုများ ဖုံးလွှမ်း သွား ခဲ့သည်။ သတ္တမ အဆင့်သို့ ရောက်ပြီး နောက်တွင်၊ လင်းယွန်က မည်သို့သော ခွန်အားကို ပြသလာ မည်အား၊ သိချင်လာမိ၏။
ဇိုယန်က လင်းယွန် ကြည့်ကာ၊ မျှော်လင့် ချက်များ တောက်ပ လာသည်။ လင်းလန်ကို အနိုင် ယူသည့် အချိန်၌၊ သူ၏ အင်အားမှာ၊ ရေခဲတောင် ထိပ်ဖျား ကိုသာ၊ ထုတ်ဖော် ပြသခဲ့ခြင်း ဖြစ်သည်။
တစ်ဖက်တွင်၊ ယွီချင်းသည် 'ကျောက် နံရံကြီး' ၏ နေရာကို၊ ဆက်ခံ မည့်သူ ဖြစ်သောကြောင့်၊ သူ၏ အစွမ်း သတ္တိကို သိချင်နေကြသည်။
" အခု ငါ့မှာ အရည် အချင်း ရှိပြီလား။ "
လင်းယွန်က ယွီချင်းကို ကြည့်ပြီး မေးလိုက်သည်။
" ဇိုယန်၊ ယွီချင်း၊ မင်းတို့ နှစ်ယောက် ကန့်ကွက် စရာ မရှိရင်၊ ငါ ခွင့်ပြုတယ်။ "
ဖီးနစ် ပန်းကလေးက သာမာန် လေသံဖြင့်၊ ဝင်ပြော လိုက်သည်။
“ ငါ မကန့်ကွက် ပါဘူး။ ”
ဇိုယန်က အနည်းငယ် စဉ်းစား ပြီးနောက် ဆိုလိုက်သည်။ သူ့ မျက်လုံး များတွင် တိုက်ပွဲဝင် လိုသော ဆန္ဒများ တောက်လောင် နေသည်။
ထို့နောက် သူက ပြုံးလိုက်ပြီး၊
" ဒါပေမဲ့ လင်းယွန်၊ မင်း ငါ့ကို အထင် မလွဲ ပါနဲ့ ၊ တိုက်ပွဲကို သဘော တူပြီး ကတည်းက၊ ဘာကိုမှ သိုဝှက် ထားမှာ မဟုတ်ဘူး။ ”
လင်းယွန်အား မည်သို့သော ဝှက်ဖဲ မျိုးက၊ ယုံကြည်မှု ရစေသည် ဆိုသည်ကို၊ သူ သိချင် မိသည်။
အဆင့် ချိုးဖြတ် နိုင်သော ကြောင့်၊ မဟုတ်ကြောင်း၊ ခံစား မိသည်။ ယင်သည်ပင် သူ့ကို ပို၍ စူးစမ်းချင် စိတ်နှင့်၊ မျှော်လင့် ချက်များ ပြည့်နှက် လာစေသည်။
“ ငါလည်း အတူတူ ပါပဲ။ ”
လင်းယွန်က ပြန်ဖြေသည်။
“မင်းက သေမင်းကို ဖိတ်ခေါ် ခဲ့တဲ့ အတွက်၊ ငါတို့ကို အပြစ် မတင် ပါနဲ့။ "
ယွီချင်းက သူ့အိတ် ထဲရှိ ငွေရောင်လှံ တစ်စင်းကို ထုတ်ယူ လိုက်ရာ၊ လူအုပ် ကြီးက စိတ်လှုပ်ရှား သွား၏။
မြင့်မြတ်သော အစောင့် များသည် စစ်မြေ ပြင်၌၊ ၎င်းတို့၏ ပါရမီရှင် များကို ပြုစု ပျိုးထောင် ပေးခဲ့သည် ဟူသော၊ ကောလာဟလ များက၊ မှန်ကန် ပုံရ လေသည်။
ဖီးနစ် ပန်းကလေးက၊
" ကဲ .... ဒါဆို စကြစို့။ "
ဇိုယန်က ဓားကို ဆွဲထုတ် လိုက်ပြီး၊ ဆေဘာဓား ရည်ရွယ်ချက်ကို ထုတ်လွှတ် လိုက်သည်။
ချင်ယွီ သည်လည်း အော်ဟစ် လိုက်ပြီး၊ လှံကို ဝှေ့ယမ်း လိုက် သည်နှင့်၊ ပြင်းထန်သော လေပြင်းများ တိုက်ခတ် လာသည်။
လှံကို ဝှေ့ယမ်း နေသော၊ သူ၏ အသွင် အပြင်မှာ၊ သေခြင်း တရား အပေါ်၊ လစ်လျူရှု ထားသော မြင်းစီး သူရဲ၊ တစ်ယောက်နှင့် တူသည်။
သူတို့ နှစ်ဦးက ပွဲစ သည်နှင့်၊ အသီး သီးသော အကောင်းဆုံး တိုက်ခိုက်မှု များကို၊ ထုတ်ဖော် လာခဲ့သည်။
အသွင် အပြင်များ အရ၊ လေ့ကျင့်ရည် ပြည့်ဝ နေသော၊ သိုင်းသမား ကြီးများ ကဲ့သို့ တည်ငြိမ် လှပေ၏။
“လာ ....”
လင်းယွန်က ခြေဖဝါးကို ညင်သာစွာ ပုတ်လိုက်ပြီး၊ နောက်သို့ ခုန်ဆုတ် လိုက်သည်။ ရှောင်လွှဲလို့ မရသော တိုက်ခိုက်မှု များကို ခုခံ ကာကွယ်ဖို့၊ သူ့လက် များကို ဝှေ့ယမ်း ပစ်လိုက်သည်။
ဆယ်ကြိမ် တိုင်တိုင် လှုပ်ရှား ပြီးနောက်၊ သူနှစ်ယောက်၏ တိုက်ခိုက်မှု များက၊ လူတိုင်းကို ထိတ်လန့် သွားစေ ခဲ့သည်။
၎င်းတို့ နှစ်ယောက်မှာ တွဲဖက် ညီသော ပြိုင်ဘက် ကောင်းများ ဖြစ်ကြောင်း၊ သိသာ လှ၏။
သို့သော် လင်းယွန်က လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ၎င်းတို့၏ တိုက်ခိုက်မှု များကို၊ တည်ငြိမ်စွာ ရင်ဆိုင် ခဲ့သည်။
တိုက်ခိုက်မှု များကို သူ မရှောင်လွှဲ နိုင်သည့် အခါတိုင်း၊ သူ၏ အရေး ကြီးသော အစိတ် အပိုင်း များအား ကာကွယ်ကာ၊ ခန္ဓာ ကိုယ်ဖြင့် လက်ခံ ယူသည်။
"အခု ငါ့အလှည့်ပဲ။ "
လင်းယွန်က ရေရွတ် လိုက်၏။ တိုက်ပွဲ အတွင်း ပြိုင်ဘက်၏ ခွန်အားကို တိုင်းတာ ခဲ့ပြီး ဖြစ်ရာ၊ လက်တုန့် ပြန်ရန် အချိန် ကျပေသည်။
ယခု အခါ ၎င်းတို့၏ အားနည်းချက် များကို ရှင်းရှင်း လင်းလင်း သိမြင်လာ ခဲ့ပြီ ဖြစ်သည်။
" ဟာသပဲ ...၊ လက်တုံ့ ပြန်ဖို့ အခွင့် အရေးတောင် မရှိ ဖူးမှတ်။ "
ယွီချင်းက ရယ်မော လိုက်သည်။ သူ့ အမြင် အရ၊ လင်းယွန် ကသာ တတ်နိုင် ပါလျှင်၊ အစောပိုင်း အချိန်များ ၌ပင်၊ လက်တုံ့ ပြန်ပြီးသား ဖြစ်ပေမည်။ ထို့ကြောင့် လင်းယွန်၏ စကားမှာ အဓိပ္ပါယ် မရှိဟု ယူဆ လိုက်၏။
"ငါ့ရဲ့ လှံကို ခံယူ သွားစမ်း။ "
ယွီချင်းက ကြုံးဝါး လိုက်သည်။ သူ့လက်ထဲက ငွေရောင် လှံမှာ ကြက်သွေးရောင် အလင်းများ တောက်ပ လာသည်။
တစ်ချိန် တည်းမှာပင်၊ အလောင်းများ တောင်လို ပုံပြီး၊ သွေးမြစ်များ စီးဆင်းနေ သကဲ့သို့၊ ခံစား လိုက်ရ၏
သည်လှံချက် ထိမှန် ခံရ ပါက၊ ကြောက်စရာ ကောင်းသော သေခြင်း မျိုးဖြင့်၊ သေဆုံး ရပေ လိမ့်မည်။
ဇိုယန် သည်လည်း ဆေဘာဓားကို လွှဲယမ်း လိုက်သည်။ ဓားတွင် အေးစက်သော အငွေ့ အသက်များ ပါဝင်သော၊ အပြာရောင် အလင်းများ တောက်ပ လာသည်။
တမဟုတ်ချင်း မှာပင် ၎င်းအလင်း ရောင်ကို ပါးလွှာသော ရေခဲ အလွှာ များဖြင့်၊
ဖုံးလွှမ်း သွားတော့သည်။
လင်းယွန်က ၎င်းတို့၏ တိုက်ခိုက်မှု များကို မရှောင်တိမ်း တော့ဘဲ၊ အရှိန်အဝါ များကို တွန်းတင် လိုက်သည်။
ရုတ်တရက် လှိုင်းတွန့်များ ပေါက်ကွဲ ထွက်လာ ခဲ့ပြီး၊ ပတ်ဝန်း ကျင်မှာ၊ တိမ်ဖြူဖြူ များကို၊ ထင်ဟပ် နေသော ရေကန် တစ်ခု အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
ထိုပတ်ဝန်း ကျင်၌ ဓားကို၊ ဆွဲထုတ် လိုက်သော အခါတွင်၊ ကြက်သွေးရောင် ပွင့်ချပ် များက၊ 'ကခုန်' လာတော့သည်။
တစ်ဆက်တည်း မှာပင်၊ လှိုင်းလုံး ကြီးများ ပျံ့နှံ့ သွားကာ၊ ရေကန် ထဲလွင့်မျော လာသော ပွင့်ချပ် တစ်ချပ် ကဲ့သို့၊ ဓားကို ရှေ့ ထိုးချ လိုက်၏။
အကန့် အသတ် မရှိသော အေးစက်သည့် အငွေ့ အသက် များဖြင့်၊ လှံနှင့် ဆေဘာဓားကို ရင်ဆိုင် လိုက်သည်။
ထိပ်တိုက် တွေ့ဆုံ မှုကြောင့်၊ ဇိုယန် တို့နှစ် ယောက်မှာ၊ ထိတ်လန့်သွား ကြသည်။ သူတို့၏ တိုက်ခိုက်မှု များက၊ သမုဒ္ဒရာထဲ နစ်မြုပ် သွားသလို ပျောက်ဆုံး သွားသည်။
" နောက် ဆုတ် "
နှစ်ယောက်သား မျက်နှာများ ပြောင်းလဲ သွားကာ အမြန် ပြန်ဆုတ် မိကြသည်။
တိမ်မြူများ ပျောက်ကွယ် သွားသော အခါ လင်းယွန်၏ ပုံရိပ် ပြန်လည် ထွက်ပေါ် လာ၏။ လင်းယွန်က သူတို့ နှစ်ယောက်ကို၊ နောက်ပြန် တွန်းထုတ်ပြီး၊ ဆက်မလိုက် ခဲ့ပေ။
သူ့ဓားကို ရုတ်တရက် လွှဲလိုက်ပြီး၊ ပြင်းထန်သော လှိုင်းလုံး များကို ထပ်မံ ဖန်တီး ယူလိုက်သည်။
ယင်းဓားချက်မှာ ပေါ့ပေါ့ ဆဆ လွှဲယမ်း နေပုံရ သော်လည်း၊ မူလ စွမ်းအင်၏ ငါးပုံ တစ်ပုံခန့် ကုန်ဆုံး သွားစေသည်။
ဇိုယန်နှင့် ယွီချင်း၏ အမူ အရာများ အေးခဲ လာ၏။ မြေပြင်တွင် အေးစက်သော အငွေ့ အသက်များ လွှမ်းခြုံ လာပြီး၊ ဓားနယ်မြေ အတွင်း၌ ပိတ်မိ သွားလေသည်။
ဤတိုက်ခိုက် မှုကို ရှောင်လွှဲရန် နည်းလမ်း မရှိပေ။ သတ္တမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ လရောင် ရေစင် ဓားကို အသုံး ပြုသော အခါတွင်၊ ပို၍ပင် လွယ်ကူ လာသည်။
ယခု သူသည် မူလ စွမ်းအင် အများ အပြား၊ ကုန်ဆုံး စေသော တိုက်ခိုက်မှု များကို၊ တခဏချင်း အသုံးပြု နိုင်ခဲ့သည်။
“ ထူးဆန်းတယ်၊ ဒီဓားကို ဓားနန်းတော်ရဲ့၊ တပည့် တစ်ယောက် အသုံးပြု ဖူးတယ် မဟုတ်လား။ ''
" ဟုတ်တယ်၊ ဒါ လရောင် ရေစင် ဓားပဲ ။ "
" ဒါပေမယ့် သူ သုံးတဲ့ အခါ၊ ဘာလို့ ဒီလောက် အရမ်း ကြောက်စရာ ကောင်းရ တာလဲ။ ”
လင်းယွန် လှုပ်ရှား လိုက်သည့် အခိုက်၊ လူတိုင်းကို ထိတ်လန့် သွားစေသည်။
သူ့ ပြိုင်ဘက် များမှာ ယင်းကို၊ ရင်ဆိုင် နေရချိန်တွင်၊ နဖူးမှ ချွေးများ သီးလာ ခဲ့သည်။
အဆက် မပြတ် ဓားကို၊ ဆွဲကိုင် တိုက်ခိုက် နေသော၊ လင်းယွန် ပတ်ဝန်း ကျင်တွင်၊ မက်မွန် ပွင့်များ ကဲ့သို့၊ သွေးများ ပေါက်ကွဲ လာသည်။
အလှည့် အပြောင်း များသော ဓားချက် ကြောင့်၊ ဇိုယန်တို့ နှစ်ယောက်၏ မျက်နှာ များမှာ၊ကြည့်ရက် စရာ မရှိအောင်၊ ပျက်ယွင်း နေခဲ့သည်။
လင်ယွန်၏ တိုက်ခိုက်မှုမှ ဒဏ်ရာ များဖြင့်၊ လွတ်မြောက် သွားခဲ့ သော်လည်း၊ ချက်ချင်းပင် နောက်ထပ် ဓားမုန်တိုင်း တစ်ခုက၊ ဖုံးလွှမ်း လာပြန်သည်။
အသက်ရှူချိန် မပေးဘဲ၊ တသွင်သွင် စီးဝင် လာသော ဓားချက် များကြောင့်၊ ယွီချင်းမှာ မျက်လုံးပြူး သွား၏။
ပြန့်ကျဲ နေသော ဓားအလင်း များက၊ သူ သွားရာ လမ်း တစ်လျှောက်ရှိ၊ အရာ အားလုံးကို ဖျက်ဆီး ပစ်လိုက် ပြီးနောက်၊ ပန်းမြှုပ်ဓားမှာ၊ အသံ မြည်လာသည်။
ယခု အကြိမ် ဓားချက်တွင်၊ ယခင် တိုက်ခိုက်မှု သုံးခုကို စုစည်းကာ၊ ရေကန် အတွင်းရှိ 'လ'တစ်စင်း ကဲ့သို့၊ တည်ငြိမ်စွာ ခုတ်ပိုင်း လာခြင်း ဖြစ်သည်။
ဇိုယန်နှင့် ယွီချင်း တို့မှာ၊ လေးနက်သော အမူ အရာ များဖြင့်၊ နောက်သို့ ခြေလှမ်း များစွာ ဆုတ်ခွာ လိုက်ရသည်။
နှစ်ယောက် စလုံးက၊ လင်းယွန်၏ ဓားချက်ကို ဟန့်တား လိုက်ရ သောကြောင့်၊ လက်ဖဝါးရှိ သွေးကြောများ ပေါက်ပြဲ သွားကာ၊ သွေးချင်းချင်း နီလာ ခဲ့သည်။
တိုက်ခိုက်မှုကြောင့် တုန်ခါ သွားသော လှိုင်းလုံး များက၊ ဓားသွားများ ကဲ့သို့၊ ၎င်းတို့၏ ခန္ဓာကိုယ် များကို လှီးဖြတ် လာလေသည်။
ဇိုယန်နှင့် ယွီချင်းက အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ သူတို့ နှစ်ယောက်လုံး အတွက်၊ သည်လို ဓားချက် မျိုးကို၊ ထပ်မံ ခုခံ နိုင်တော့မည် မဟုတ်ပေ။
လင်းယွန် ကိုသာ ဆက်လက် တိုက်ခိုက်ခွင့် ပေးနေ မိပါက၊ ၎င်းတို့၏ တိုက်စစ်ကို၊ ထုတ်ဖော် နိုင်တော့မည် မဟုတ်ကြောင်း၊ သူတို့ သိသည်။ နောက်ဆုံးတွင် သေဆုံး ရပေ လိမ့်မည်။
သို့သော် လင်းယွန်က သူတို့ကို လက်တုံ့ပြန် ဖို့ ရန် အခွင့် အရေး မပေး ခဲ့ပေ။ ရုတ်တရက် ကောင်းကင်ကြီး မှောင်မိုက် သွားခဲ့၏။
'' ဘာတွေ ဖြစ်နေ တာလဲ ။ ''
ချက်ချင်း ပြောင်းလဲ သွားသော ပတ်ဝန်း ကျင်ကြောင့်၊ နှစ်ဦးသား ရှုပ်ထွေး နေဆဲ မှာပင်၊ လင်းယွန်က သူ့ဓားကို ပြင်ဆင် ထားပြီး ဖြစ်သွားသည်။
ရုတ်တရက်၊ ကမ္ဘာ ပေါ်တွင် လနှစ်စင်း ထွက်ပေါ်လာ သည်ဟု ခံစားလိုက် ရ၏။ လတစ်စင်းသည် ကောင်းကင်တွင် ရှိပြီး၊ နောက် တစ်စင်းမှာ ရေထဲ၌ ငြိမ်သက် နေသည်။
တိမ်ညို များကို ခွဲလျက် ကောင်းကင်မှ ဆင်းသက် လာသော လမင်းက၊ ဇိုယန်နှင့် ယွီချင်း အပေါ် ပြိုကျ သွားသည်။
'' မဟုတ်ဘူး၊ အဲ့ဒါ ဓား ။ ''
အကန့် အသတ် မရှိ သန့်စင်သော ဓားတစ်လက်က၊ လင်းယွန်၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး၊ ကောင်းကင်ကို လင်းလက် သွားစေသည်။
ရပ်ကြည့် နေမိသော တပည့်များက မတုံ့ပြန် နိုင်မီတွင်၊ ၎င်းတို့၏ ဓားများမှာ၊ ဓားအိမ်များ ဆီမှ ပျံထွက် သွားသည်။
ပန်းသင်္ချိုင်းဓား နှင့်အတူ၊ လေထဲရှိ ဓားများမှာ၊ ထပ်တူ အော်မြည် သံများ ပြုလျက်၊ တုန်ခါလာ ကုန်၏။
စူးရှသော နာကျင် မှုကြောင့်၊ ရင်ဘက်ကို အုပ်ကိုင်ကာ၊ ဇိုယန်တို့ နှစ်ယောက်သား ကြမ်းပြင်ပေါ် လဲကျ သွားသည်။
သွေးများ အန်လျက် လင်းယွန်ကို မော့ကြည့် လိုက်သည်။ ရာနှင့်ချီသော ဓားရှည် များက သူ့အား သစ္စာ ခံနေ သကဲ့သို့၊ လေထဲ၌ ရပ်တန့် တုန်ယင် နေပေသည်။
" ရှန်ရှင်း ဓား ရည်ရွယ်ချက်။ "
" ဒါဆို မနေ့ညက လူက သူပဲပေါ့။ "
ဂိုဏ်းပေါင်းစုံမှ အကြီးအကဲ များ၏ မျက်နှာများ ပြောင်းလဲ သွားသည်။ သူတို့က မတ်တပ် ထရပ်ပြီး၊ လင်းယွန်ကို စိုက်ကြည့်ကာ၊ မှင်တက် သွား၏။
မနေ့ညက ဓားရည်ရွယ်ချက် အရိပ် အယောင်မှာ၊ သူတို့ နှလုံးသား ထဲတွင်၊ စွဲမြဲစွာ တုန်လှုပ် နေဆဲပင်။ သို့သော် လင်းယွန် ဖြစ်လိမ့် မည်ဟု၊ စိတ်ကူးပင် မရှိ ခဲ့ပေ။
***