ဝိုင်တစ်ခွက် ။
Vol. 25 Ch. 340
ရုတ်တရက်၊ ကမ္ဘာ ပေါ်တွင် လနှစ်စင်း ထွက်ပေါ်လာ သည်ဟု ခံစားလိုက် ရ၏။
လတစ်စင်းသည် ကောင်းကင်တွင် ရှိပြီး၊ နောက် တစ်စင်းမှာ ရေထဲ၌ ငြိမ်သက် နေသည်။
တိမ်ညို များကို ခွဲလျက် ကောင်းကင်မှ ဆင်းသက် လာသော လမင်းက၊ ဇိုယန်နှင့် ယွီချင်း အပေါ် ပြိုကျ သွားသည်။
'' မဟုတ်ဘူး၊ အဲ့ဒါ ဓား ။ ''
အကန့် အသတ် မရှိ၊ သန့်စင်သော ဓားတစ်လက်က၊ ကောင်းကင်ကို ခွဲဖွင့်ကာ၊ ဆင်းသက် လာတော့သည်။
ဓားပေါင်း များစွာက၊ ဓားအိမ်များ ဆီမှ ပျံထွက် သွားကြပြီး၊ ပန်းသင်္ချိုင်းဓား နှင့်အတူ၊ ထပ်တူ အော်မြည် သံများ ပြုလျက်၊ တုန်ခါလာ ကုန်၏။
" ရှန်ရှင်း ဓား ရည်ရွယ်ချက်။ "
" ဒါဆို မနေ့ ညက လူက သူပဲပေါ့။ "
ဂိုဏ်းပေါင်းစုံမှ အကြီးအကဲ များက၊ မတ်တပ် ထရပ်ပြီး၊ လင်းယွန်ကို စိုက်ကြည့်ကာ၊ မှင်တက် သွား၏။
မနေ့ညက ဓားရည်ရွယ်ချက် အရိပ် အယောင်မှာ၊ သူတို့ နှလုံးသား ထဲတွင်၊ စွဲမြဲစွာ တုန်လှုပ် နေဆဲပင်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းရှိ ဘုန်းကြီးက၊ ထိတ်လန့် သွား၏။
ယနေ့ ပွဲ၏ ပြင်းထန် လွန်းသော ပြိုင်ဆိုင်မှု များကြောင့်၊ မနေ့ညက ဓား ရည်ရွယ်ချက်ကို မေ့လျော့ နေမိသည်။
လူတိုင်းက လင်းယွန်ကို ကြည့်နေ ဆဲမှာပင်၊ ရာနှင့် ချီသော ဓားများက၊ ကြမ်းပြင်ပေါ် ထိုးကျ သွားကုန်၏။
မနေ့ညက သူတို့ ခံစားမိသော ဓားရည်ရွယ်ချက်မှာ အမှန်ပင် ဖြစ်ကြောင်း၊ လင်းယွန်က သက်သေပြ လာခဲ့သည်။
" သေ စမ်း၊ သူ ...ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ။ "
ဝမ်ရန်းဘို၏ မျက်နှာမှာ မည်းမှောင် သွား၏။ သူ့ခြေဖဝါး အောက်တွင် ဓားနန်းတော်ကို နင်းချေချင် ခဲ့သော်လည်း၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်းယွန်က တွန်းလှန် ပစ်လိုက်သည်။
ထို့အပြင် ဇိုယန်နှင့် ယွီချင်းကို အနိုင် ယူပြီးနောက်၊ ဓားနန်းတော်၏ ဂုဏ် သတင်းကို၊ ပိုမို တိုးတက် လာစေမည် ဖြစ်သည်။
ယနေ့ ပြီးနောက် လင်းယွန်၏ အမည်မှာ၊ မဟာချင် အင်ပါယာ တစ်ခွင်တွင်၊ ပျံ့နှံ့ သွားပေ တော့မည်။
တနည်း အားဖြင့် ဆိုရသော်၊ ရှေးဟောင်း တာအို ဂိုဏ်းသည် မွေးနေ့ ပွဲ၌၊ လုံးဝ ရှုံးနိမ့် သွားခြင်း ဖြစ်လေသည်။
ဖီးနစ် မင်းသမီးလေး ဘေးနားရှိ၊ မီးခိုးရောင်ဝတ် အဖိုးအိုက လေးနက်သော အမူအယာဖြင့်၊ လင်းယွန်ကို လှမ်းကြည့် လိုက်သည်။
ယင်းသည် အစသာ ဖြစ်သည်။ ခရီးမှာ ဝေးလွန်း နေသေး၏။ သို့သော် ဤလူငယ်မှာ ငယ်ရွယ်သော အသက် အပိုင်း အခြား၌ ရှိနေ ပေသည်။
လျိုဖန်းက တုန်လှုပ် သွားရာမှ၊ သတိ ပြန်ဝင်လာပြီး၊ ဝမ်းသာ အားရ ပြုံးလိုက်သည်။
“ ဒီကောင် ....၊ ငါ့ကို ကောင်းကောင်း ဝှက်ထား နိုင်ခဲ့ တာပဲ ...၊ ရှန်ရှင်း ဓား ရည်ရွယ်ချက် ကိုသာ၊ သူ နားလည် ခဲ့ကြောင်း ငါသိ ခဲ့ရင်၊ ဒီပွဲ အတွက် ငါ စိတ်ပူ နေမှာလား။ "
ဟု ရေရွတ် လိုက်၏။ ရှင်းယန်က ပြုံးလိုက်ပြီး။
" ဟီးဟီး၊ ဂျူနီယာ မောင်လေးက ပြောပြ ခဲ့ရင်တောင်၊ အကြီးအကဲ လျိုက ယုံမှာ မဟုတ် ပါဘူး၊ ငါတို့ရဲ့ ဂျူနီယာ လေးက ပိုအား ကောင်းလာ ပုံရတယ်။ ”
" အမှန် ပဲ ။ "
လျိုဖန်းက ခေါင်းညိတ် လိုက်သည်။ လရောင် ရေစင် ဓားကို ရွေးချယ် မိသည့် အတွက်၊ လင်းယွန် အပေါ်၊ စိတ်ပျက် သွားမိသော၊ သူ့ကိုယ်သူ ပြန်သတိ ရသွားကာ၊ ကူကယ်ရာ မဲ့စွာဖြင့် ပြုံးမိသည်။
တန်တုံက မချိ ပြုံး ပြုံးလိုက်ပြီး၊
“ နှိုင်းယှဉ် စရာသာ မရှိရင် နာကျင် မိမှာ မဟုတ်ဘူး၊ ငါတို့ နှစ်ယောက် လုံးက၊ လရောင် ရေစင် ဓားကို လေ့ကျင့်ခဲ့ ကြပေမယ့်၊ ငါ့ရဲ့ ဂျူနီယာ ညီလေးနဲ့ ယှဉ်ရင်၊ ဘာလို့ ဒီလောက် အားနည်း နေရ တာလဲ။ ''
လင်းယွန် နှင့်အတူ သိုင်းခန်းမတွင် ရွေးချယ်ရန်၊ ကူညီ ပေးခဲ့ သည်ကို၊ သူ မှတ်မိ နေသေးသည်။
ထိုအချိန်က လရောင် ရေစင် ဓားကို မရွေး ချယ်ရန်၊ လင်းယွန် ကိုပင် အကြံပေး ခဲ့သည်။ လရောင် ရေစင် ဓားမှာ၊ လင်းယွန် လက်ထဲတွင် ဤမျှ အစွမ်းထက် လိမ့်မည်ဟု၊ သူ မမျှော်လင့် ထားမိပေ။
ဓားနန်းတော်ရှိ လူတိုင်းက ရွှင်မြူး နေကြ သော်လည်း၊ အခြားသော ဂိုဏ်းဝင် တပည့်များနှင့်၊ အကြီးအကဲများ အတွက်မူ၊ မျက်နှာများ ပျက်ယွင်း နေပေသည်။
“ ရှန်ရှင်း ဓား ရည်ရွယ်ချက်က အစစ် အမှန် မဟုတ် သေးဘူး၊ ဒါပေမယ့် သုံးနှစ် အတွင်းမှာ၊ သူ ဒါကို အပြည့် အဝ ဆုပ်ကိုင်နိုင် လိမ့်မယ်။ ”
“ ဒီနေ့ ပြီးရင် သူ့ရဲ့ ကြီးထွား လာမှုကို၊ ဘယ်သူမှ မတား နိုင်တော့ မှာကို ကြောက်မိတယ်။ ”
" ဘိုင်ယု၊ ချင်းကျိ၊ ဇိုယန်နဲ့ ယွီချင်းက၊ သူ့ဓားနဲ့ နင်းခြေခံ လိုက်ရပြီ၊ ဓားနန်းတော်က ဘယ်လောက်ထိ ဂုဏ်ယူ နေမလဲ ဆိုတာ၊ နတ်ဘုရား တွေသာ သိလိမ့်မယ်။ ”
လင်းယွန်ကို လေးစားမှု၊ မနာ လိုမှု တို့ဖြင့်၊ ငေးကြည့်ကာ လူတိုင်းက သက်ပြင်းချ လိုက်ကြသည်။
လျူယွီ၏ မျက်နှာမှာ မည်းမှောင် နေသည်။ ယခု အချိန်၌ စကား တစ်ခွန်းမျှ၊ မဆို ချင်တော့ပေ။ လင်းယွန်ကို ကြည့်ကာ၊ ကူကယ်ရာမဲ့ဟန်ဖြင့် ရှုံ့တွ သွားသည်။
ဤသည်မှာ ကမ္ဘာ ပေါ်တွင် အားကိုးရာ အမဲ့ဆုံး ကိစ္စ ဖြစ်သည်။
လင်းယွန်ကို လက်စား ချေဖို့ တတ်နိုင် သမျှ ကြိုးစား ခဲ့သော်လည်း၊ အကြိမ်ကြိမ် ကျရှုံးကာ၊ အောင်မြင်မှုများဆွတ်ခူး နေသည်ကို၊ စောင့်ကြည့် နေမိ သကဲ့သို့၊ ဖြစ်နေသည်။
လင်းယွန်မှာ သူမ အတွက် တစ္ဆေ တစ်ကောင် ပေပင်။ သူနှင့် တွေ့ဆုံ ပြီးနောက်၊ သူမ လုပ်သမျှတွင်၊ အဟန့် အတား ခံနေရ သည်ဟု၊ မြင်မိသည်။
"ဓားနန်းတော်ရဲ့ လင်းယွန်က အနိုင်ရပြီ။ "
ဖီးနစ် ပန်းကလေးက ရုတ်တရက် တိတ်ဆိတ် မှုကို ဖြိုခွင်း လိုက်သည်။
လှံကို အားပြုကာ ထိုင်ခုံ ဆီသို့၊ ပြန်လျှောက် သွားသော၊ ယွီချင်း၏ မျက်နှာမှာ မည်းမှောင်နေပေသည်။
ဇိုယန်က နှုတ်ခမ်း ထောင်စွန်းရှိ၊ စီးကျ နေသော သွေးများကို သုတ်လိုက်ပြီး၊ လက်ဝှေ့ယမ်းကာ၊
“ ဓားနန်းတော်ရဲ့ ဓားနည်းစနစ်က တကယ့်ကို ကြောက်စရာ ကောင်းပါတယ်၊ ကမ္ဘာ ပေါ်မှာ အကောင်းဆုံး ဓားရေး တစ်ရပ် ပါပဲ၊ နာမည်ကြီး ဂိုဏ်း တစ်ဂိုဏ်း ဖြစ်နေတာ အံ့သြ စရာ မရှိ ပါဘူး။ ”
" မင်းရဲ့ ခွန်အား ကလည်း၊ ကြောက်စရာ ပါပဲ။ "
လင်းယွန်က ပြန်ဖြေသည်။ ဇိုယန်မှာ သူနှင့် တစ်ဦးချင်း တိုက်ခိုက်ရန် တိုက်ပွဲ အတွင်းသို့၊ ကြိုတင် ရောက်ရှိ လာသည်ကို သူ သိသည်။ ယွီချင်းနှင့် ပူးပေါင်းရန် စိတ်ကူး မရှိ ထားပေ။
“ အရှုံး သမားက အရှုံးသမား ပါပဲ၊ အနာဂတ်မှာ အခွင့် အရေး ရရင် ငါပြန်လာမယ်။ ”
ဇိုယန်က ပြုံးကာ လင်းယွန်ကို နှုတ်ဆက် လိုက်သည်။
လင်းယွန်က ခေါင်းညိတ် လိုက်ပြီး၊ ကြမ်းပြင်၌ လဲလျောင်း နေသော ဓားရှည် များကို ကြည့်ကာ၊ အတွေး တစ်ခု ရသွားသည်။
ခရမ်းရောင် ပန်းကို ပွင့်စေကာ၊ ဓားရည်ရွယ်ကို ထုတ်လွှတ် လိုက်သည်။
“ ထ ..... ”
ဓားရှည် များက အသံ ဗလံ များနှင့် အတူ၊ကောင်းကင်သို့ ပျံတက် သွားတော့သည်။
“ သွား .... ”
လက်ဖျစ် တီးကာ၊ လေထဲ၌ လှုပ်ယမ်းလိုက်၏။ ဆူညံ နေသော ဓားရှည် များက သူ့အမိန့်ကို လိုက်နာပြီး၊ ၎င်းတို့၏ ဓားအိမ်များ ဆီသို့၊ ပြန်လည် ပြေးဝင် သွားကုန် ကြသည်။
ဓား ပိုင်ရှင် များမှာမူ၊ လုံး၀ မပျော်ရွှင် ကြပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ သူတို့၏ မျက်နှာများ ပေါ်တွင်၊ အဆင် မပြေသော အမူ အရာ များကို၊ ပြသလာ ကြသည်။
သူတို့က ဓားသမား ဖြစ်သောကြောင့်၊ မိမိတို့၏ ဓားများကို တစ်စုံ တစ်ယောက်မှ ထိန်းချုပ် သွားခြင်း အပေါ်၊ သဘာဝ အတိုင်း မကြည်လင် နိုင်တော့ပေ။
အရှုပ် အထွေး များကို ရှင်းလင်း ပြီးသည်နှင့်၊ သူ့ ထိုင်ခုံ ဆီသို့၊ ပြန်လည် လျှောက်လှမ်း လာခဲ့သည်။
ယခု အချိန်၌ လူတိုင်း အမြင်မှာ များစွာ ပြောင်းလဲ သွားကုန် လေပြီ။ လင်းယွန်၏ ဓားဆန္ဒ အပေါ် ထိန်းချုပ် နိုင်စွမ်းမှာ၊ ထင်ထား သည်ထက် ပို၍၊ ကြောက် စရာ ကောင်းလှ ပေ၏။
" ခဏ နေပါဦး။ "
ရုတ်တရက် ဟန့်တားသံ တစ်သံ ထွက်ပေါ် လာသည်။ အသံ၏ ရင်းမြစ်ကို လူတိုင်း လိုက်ကြည့် မိသော အခါတွင်၊ စိတ်လှုပ်ရှား သွားကုန်သည်။
ချောမော လှပသော လူငယ်လေး တစ်ဦးက ပြုံးလျက်၊ လင်းယွန်ကို စိုက်ကြည့် နေလေသည်။
ထိုလူငယ်မှာ လနတ် ဆိုးဗိမ္မာန် ဂိုဏ်း၏ ပါရမီရှင် စီရွှယ်ယီ ဖြစ်၏။
သူ၏ ကျော်ကြားမှုကို လွန်ခဲ့သည့် နှစ်ပေါင်း များစွာ ကပင်၊ တည်ဆောက် ထားနိုင် ခဲ့သည် ဖြစ်ရာ၊ ဤသို့ ဟန့်တား လာမှု အပေါ်၊ လူတိုင်း နား မလည်ဟန်၊ ရှုပ်ထွေး သွားကုန် ကြသည်။
သူက ဘိုင်လိရွှမ်နှင့် အတူ၊ မဟာချင် အင်ပါယာကို လွှမ်းမိုး ထားနိုင်သော၊ အထူးချွန်ဆုံး မျိုးဆက် ဖြစ်ပေသည်။
သို့သော် ဘိုင်လိရွှမ်မှာ လွန်ခဲ့သည့် နှစ်များ ကပင်၊ ကျင့်ကြံ ခြင်းတွင် နစ်မြုပ် သွားခဲ့ပြီး၊ စီရွှယ်ယီ သည်သာ၊ လူမြင်ကွင်း၌ ကျန်ရှိ နေခဲ့၏။
သူ၏ အောင်မြင်မှု များမှာ၊ ဤအရွေ့ကို မထုတ်ဖော် လျှင်ပင်၊ လူတိုင်းကို လွှမ်းမိုးထား နိုင်ဆဲပင်။
ဒုတိယ အလွှာသို့ တိုးမြှင့် သတ်မှတ် ခံရရန်၊ အလား အလာများ ရှိပြီး၊ နဂါး တံခါး ပြိုင်ပွဲတွင်၊ ပါရမီရှင် ရှစ်ပါးဖြင့် ယှဉ်ပြိုင် နိုင်မည်ဟု၊ ခန့်မှန်း ထားကြသည်။
ထို့ကြောင့် လင်းယွန်ကို မျိုးဆက်တူ အတွင်း၊ အနိုင်ယူ နိုင်သူ ရှိပါက၊ ထိုသူမှာ စီရွှယ်ယီသာ ဖြစ်လိမ့်မည်။
စီရွှယ်ယီက ပြုံးပြီး၊
“ ငါ့ကို အထင်လွဲ မနေနဲ့၊ အခွင့် အရေး ယူတက်တာ ငါ့ပုံစံ မဟုတ်ဘူး၊ ဒါပေမယ့် အသိ မိတ်ဆွေ တစ်ယောက် အနေနဲ့၊ ငါ မင်းကို ဝိုင်တစ်ခွက် ပေးပါ ရစေ။ "
စီရွှယ်ယီက လင်းယွန်ကို သိကြောင်း ပြောဆိုလာ သည်ကြောင့်၊ လူတိုင်း တုန်လှုပ်သွား ကြသည်။
ဓားနန်းတော် တပည့် များမှာ၊ စိတ်လှုပ်ရှား လာ၏။ ယင်းကို သတင်းကောင်း တစ်ပုဒ် အဖြစ် မှတ်ယူ ရမည်လော။
ဓားနန်းတော် ၌ပင် လင်းယွန်မှာ၊ လူမှု ဆက်ဆံရေး ကျဲပါး သော တပည့် တစ်ဦး ဖြစ်ပေသည်။
လင်းယွန်က စီရွယ်ယီကို ပြန်လှည့် ကြည့်လိုက်ပြီး၊
“ မင်းငါ့ကို အခုထိ မှတ်မိနေ သေးတဲ့ အတွက် အံ့သြ မိပါတယ်၊ မင်းရဲ့ ဝိုင်ခွက်ကို ငါလက်ခံလိုက်မယ်။ "
စီရွှယ်ယီ ကြောင့်သာ မဟုတ် ပါလျှင်၊ 'ယင်'လေ စီးကြောင်းထဲ ခုန်ဆင်းကာ၊ သေလု မျောပါး ခံစား မိမည် မဟုတ်ပေ။
သို့သော် ၎င်းအတွက် စီရွယ်ယီကို ရန်ငြိုး ဖွဲ့ မိခြင်း မရှိခြေ။ အားလုံးမှာ ယွဲ့ဝေဝေကို ကယ်တင်ဖို့၊ ကြိုးစားချင်း ကြောင့်သာ ဖြစ်ပေသည်။
တစ်ယောက် ယောက်ကို ရန်ငြိုး ဖွဲ့ရရိုး မှန်လျှင်၊ ထိုသူမှာ ဘိုင်လိရွှမ်သာ ဖြစ်ပေမည်။
နဂါးသွေး မြင်းကို ဒဏ်ရာရ စေပြီး၊ လေလံပွဲ အထိ တွန်းပို့ ခဲ့သော၊ ဘိုင်လိရွှမ်အား ပြန်ပေးဆပ် ခိုင်းရန်၊ ကျိန်ဆို ထားခဲ့ သောကြောင့် ဖြစ်သည်။
“ ကောင်း တယ်။ ”
စီရွှယ်ယီက စားပွဲ ပေါ်ရှိ၊ ဝိုင်ခွက်ကို ဟန်ပါပါ ကောက်ကိုင် လိုက်ပြီး၊
“ ဒါပေမယ့် ငါက တစ်စုံ တစ်ယောက်ကို နွေးထွေးမှု ပေးခဲ ပါတယ်၊ ဒါကြောင့် ဝိုင်တွေ ဖိတ်ကျရင်၊ မင်းမှာပဲ တာဝန်ရှိ လိမ့်မယ်။ ”
'' ဝှစ် ..... ။ ''
စီရွှယ်ယီက ဝိုင်ခွက်ကို တွန်းလွှတ် လိုက် သည်နှင့်၊ လင်းယွန် ဆီသို့ ပြေးဝင် သွားသည်။
ရှင်းယန်နှင့် အခြားသော သူများက၊ အသက်ပင် ပြင်းပြင်း မရှူ ရဲကြပေ။ ထိုဝိုင်ခွက်သည် တစ်စုံ တစ်ယောက်၏ ဆန္ဒအပေါ် မူတည်နေသည်။
လင်းယွန်အား သတ်ပစ် လိုသော ဆန္ဒ ရှိ၊ မရှိကို ထိုတစ်ယောက် တစ်ယောက်သာ သိပေမည်။
လျင်မြန်စွာ ပျံသန်း လာသော ဝိုင်ခွက်ကို ကြည့်ကာ၊ လင်းယွန်က လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို အကောင် အထည် ဖော်လိုက်သည်။
နောက်သို့ ခြေလှမ်း ကိုးလှမ်း ဆုတ်ခွာ လိုက်ပြီး၊ ခြေလှမ်း တိုင်း၌ ပုံရိပ်များ ချန်ထား ခဲ့သည်။
သူ၏ ရွေ့လျားမှု နည်းစနစ်မှာ စွဲမက်ဖွယ် ကောင်းလှပြီး၊ လူ အများကို အံ့အား သင့်စေသည်။
ဝိုင်များ ဖိတ်လျှံ သွားပါက၊ သူ့ကိုယ်သူ အရှက် ရခြင်း မည်၏။ ဖမ်းယူ နိုင်ခြင်း မရှိ ပါက၊ ပို၍ သနား စရာ ပေပင်။
ဝိုင်ခွက်၏ အဟုန်မှာ သူတို့ ထဲက၊ လူတချို့ကို သာမန် မျက်စိဖြင့်၊ လိုက်မမှီ နိုင်အောင် မြန်ဆန် လွန်းနေသည်။
သို့သော် လင်းယွန်က နောက်သို့၊ ကိုးလှမ်း ဆုတ်ခွာ ပြီးနောက်၊ ရုတ်တရက် ရှေ့သို့ ကိုးလှမ်း ပြန်လှမ်း တက်လိုက်၏။
သည်တစ်ကြိမ် တက်လှမ်း လာသော ခြေလှမ်း များမှာ၊ သူ ပြန်ဆုတ်ခွာ သွားစဉ် ကထက်၊ ပို၍ မြန်ဆန် နေပေသည်။
သူလှမ်းယူ လိုက်သည့် ခြေလှမ်း တိုင်းတွင်၊ ဝိုင်ခွက်၏ အဟုန်ကို အားနည်းသွား စေသော၊ အဟုန်များ ပါရှိ နေသည်။ ပုံရိပ်ကိုးခု တစ်ထပ်ထဲ ကျရောက် သွား ပြီးနောက်၊ ဝိုင်ခွက်ကို လှမ်းကိုင် လိုက်၏။
( ဝိုင်ခွက် နောက်ကွယ်ရှိ အရှိန်ကို ထိန်းချုပ်ရန်၊ သူနှင့် ညီမျှသော အရှိန်အား ထုတ်ဖော် လိုက်ခြင်းဟု ဆိုလို ပေသည်။)
" ဘယ်လောက်တောင် မြန်လိုက်လဲ။ "
ပရိသတ်များ အံ့အား သင့်သွား ကြသည်။ တချို့က လင်းယွန် မည်သို့ လှုပ်ရှား သွားသည်ကို၊ သတိ မထား မိလိုက်ပေ။
သူတို့ အမြင်၌ လင်းယွန်က ဝိုင်ခွက်ကို ကိုင်ကာ၊ တစ်ကျိုက် မော့ချ လိုက်ပြီး ဖြစ်သည်။
“ ကောင်းလိုက်တဲ့ ဝိုင်၊ ဒီခွက်ကို မင်းဆီ ပြန်ပေး ပါရစေ။ ''
စီရွှယ်ယီနှင့် နှိုင်းယှဉ် နိုင်သော၊ ကြီးစိုး လွန်းသည့် ဟန်ပန်ဖြင့်၊ ဝိုင်ခွက်ကို လျှပ်တစ်ပြက် ပြန်တွန်းထုတ် လိုက်သည်။
စီရွှယ်ယီက ထိုင်ရာ မထဘဲ၊ ဝိုင်ခွက်ကို လှမ်းဆွဲ လိုက်ချိန်တွင်၊ ရုတ်တရက် မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ ပြောင်းလဲ သွားသည်။
ပတ်ဝန်းကျင်၌ အချိန် ယန္တရား၊ ရပ်တန့် နှေးကွေး သွား သကဲ့သို့၊ လေးလံ သွား၏။ တိတ်ဆိတ် နေသော ရင်ပြင်၌ သဏ္ဍာန်မဲ့ စွမ်းအား တစ်ခုက လွှမ်းမိုး လာသည်။
ဝိုင်ခွက် နောက်ကွယ်ရှိ အဟုန်မှာ၊ ထိန်းမနိုင် သိမ်းမရ အော်မြည်သံ နှင့်အတူ၊ ရင်ပြင် တစ်ခုလုံး တုန်ခါလာ စေသည်။
စီရွှယ်ယီ၏ စားပွဲ ပေါ်ရှိ အသုံး အဆောင် များမှ လွဲ၍၊ ကျန်သူ အားလုံး၏ စားပွဲ ပေါ်ရှိ ဝိုင်ခွက်များ ကွဲအက်သွား တော့သည်။
***