← Chapters

ဖီးနစ် မင်းသမီးလေး လက်ဆောင် ။

Vol. 25 Ch. 341

ဖီးနစ် မင်းသမီးလေး လက်ဆောင် ။

Vol. 25 Ch. 341

ဝိုင်ခွက် နောက်ကွယ်ရှိ အဟုန်ကြောင့်၊ စီရွှယ်ယီ၏ ဆံပင် များမှာ၊ ဟုန်းခနဲ ပျံတက် သွား လေသည်။

သူ့ စားပွဲ ပေါ်ရှိ၊ အသုံး အဆောင် များမှ လွဲ၍၊ ကျန်သူ အားလုံး၏ ဝိုင်ခွက်များ၊ ကွဲအက်သွား တော့သည်။

ကွဲအက် သွားသော ဝိုင်ခွက် များကို ကြည့်ကာ၊ ပရိသတ် များက အံသြသွား ကြသည်။

လင်းယွန်နှင့် စီရွှယ်ယီ တို့၏ မျက်လုံး များတွင်၊ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာသည်။

မတိုက်ခိုက် ခဲ့ကြ သော်လည်း၊ ဝိုင်ခွက်ကို ဖြတ်ကျော်ပြီး၊ သာတူ ညီမျှ ယှဉ်ပြိုင် နိုင်ခဲ့ ကြသည်။

လေအဟုန် ငြိမ်သက် သွားကာ၊ တဖျပ်ဖျပ် လွင့်မျော နေသော၊ စီရွှယ်ယီ၏ ဆံပင်များ၊ ပြန်လည် ကျဆင်း လာသည်။

တစ်ချိန်တည်း မှာပင်၊ စီရွှယ်ယီ၏၊ နတ်ဆိုး ဆန်သော အရှိန် အဝါ များဖြင့်၊ တောက်ပသော အသွင် အပြင်က၊ ဆွဲငင်အားပြင်းစွာ ထွက်ပေါ် လာ၏။

ယင်းသည်ပင် အမျိုး သမီး များကို၊ ယစ်မူး စေသော ခံစား ချက်များ၊ ဖြစ်ပေါ် လာစေသည်။

လင်းယွန်က သက်ပြင်း ချလိုက်ပြီး၊

" ဝိုင်က ကောင်းတယ်၊ ဒါပေမယ့် ဒါက ငါ့ကို သေလု နီးပါး ပါပဲ။ "

“ မင်းရဲ့ ခွက်က မလွယ်ဘူး။ ”

စီရွှယ်ယီက အပျော် သဘောဖြင့်၊ ပြုံးကာ ပြန်ဖြေသည်။

" မင်းသိတာ ကောင်းပါတယ်။ "

လင်းယွန်က သူ့ ထိုင်ခုံ ဆီသို့ ပြန်သွား ခဲ့သည်။

အကြည့် များစွာက လင်းယွန်နှင့် စီရွှယ်ယီ ကြားတွင်၊ တလှည့်စီ ကူးလူး နေကြကာ၊ သက်ပြင်း ချမိ၏။

ထိုနှစ်ယောက် ကဲ့သို့၊ လူများ သည်သာ ကြီးကျယ် ခမ်းနားသော ဉာဏ်ကြီးရှင် ဘွဲ့နှင့် ထိုက်တန် ပေသည်။

ဇိုယန်၊ ယွီချင်းနှင့် ဘိုင်ယု တို့မှာ၊ အရည် အချင်း ရှိသော်လည်း၊ ထိုအဆင့်နှင့် နှိုင်းယှဉ်ရန် အနည်းငယ် အားနည်း နေသေးသည်။

သို့သော် ဤမျှ သေးငယ်သော အကွာ အဝေး သည်ပင်၊ လင်းယွန်နှင့် စီရွှယ်ယွီ တို့က၊ ဘီလူးများ အဖြစ်၊ လွှမ်းမိုး လာရသည့် အကြောင်းရင်း တစ်ရပ်လည်း ဖြစ်သည်။

မွေးနေ့ ပွဲကြောင့်၊ လင်းယွန်၏ ကျော်ကြား မှုမှာ၊ မြင့်တက် လာနိုင်ပြီး၊ တစ်ချိန် တည်းတွင်၊ စီရွှယ်ယီ၏ ကျော်ကြားမှု မှာလည်း၊ အဆင့်သစ် တစ်ခုသို့၊ ရောက်ရှိ သွားမည် ဖြစ်သည်။

" အကိုကြီး၊ ဒီလူကို မသိ ဖူးလို့ မင်းပြော ခဲ့တယ် မဟုတ်လား။ "

လနတ်ဆိုး ဗိမ္မာန်၏ တပည့် များက၊ စီရွှယ်ယီကို ကြည့်ကာ မေးလိုက်သည်။

“ အင်း ငါတို့ အခု သိပြီ။ ”

စီရွှယ်ယီက ပြုံးလိုက်သည်။ လနတ်ဆိုး တပည့် များက စိတ်ထဲမှ၊ အော်ဟစ် လိုက်ကြသည်။ အစ်ကိုကြီး၏ မောက်မာမှု များနှင့်၊ ပတ်သက်ပြီး သူတို့၌ ပြောစရာ မရှိပေ။

လင်းယွန်ကို သူ သိထား ခဲ့သော်လည်း၊ လစ်လျူရှု ခဲ့သည်။ ဝိုင်တစ်ခွက် ဖလှယ်ပြီး မှသာ၊ သူက လင်းယွန်ကို အသိ အမှတ် ပြုခဲ့သည်။

အစေခံ များက ကွဲကြေ နေသော အသုံး အဆောင် များကို၊ စတင် ပြောင်းလဲ ပေးလာ ကြသည်။

အသုံး အဆောင်များ လဲလှယ် ပြီးနောက်၊ ဖီးနစ် မင်းသမီး လေးက လူအုပ်အားဝေ့ကြည့်ကာ၊

“ လက်ဆောင်တွေ ယူလာခဲ့။ ”

ဟု ဆိုလိုက်သည်။

စံအိမ် တံခါးပွင့် လာပြီး၊ အစေခံ အဖွဲ့ တစ်ဖွဲ့ဝင်ရောက် လာသည်။ ကတ္တီပါ အထည်ဖြင့် ဖုံးအုပ် ထားသော၊ ငွေရောင် လင်ပန်း များကို ကိုင်ဆောင်ကာ၊ ထွက်လာ ကြသည်။

အစေခံ များကို ကြည့်ကာ၊ လူတိုင်း၏ မျက်လုံး များတွင်၊ မျှော်လင့်ချက် များဖြင့်၊ တောက်ပ လာ၏။

“ ဒါက တော်ဝင် မိသားစုရဲ့ 'ယစ်မူး စေသော ပန်းကလေး' အမည် ရတဲ့၊ စပျစ်ဝိုင်ပဲ ဖြစ်ရမယ်။ "

" ငါးနှစ်ရှိပြီ၊ ဘယ်လောက်တောင် လွမ်းဆွတ် စရာ ကောင်းလိုက်လဲ။ "

တပည့် များစွာ တို့က၊ စပျစ် ဝိုင်များ လက်ခံ ရရှိသော၊ အကြီးအကဲ များကို ကြည့်ကာ၊ နှုတ်ခမ်းအား သပ်လိုက် ကြသည်။

အစေခံ များက ဝိုင်အိုး များကို၊ စားပွဲပေါ် တင်ပြီးနောက်၊ တစ်ယောက်သော အစေခံက၊ လင်းယွန်ကို ပြုံးပြကာ၊

" သခင်လေးလင်း၊ မင်းသမီး လေးက ဒီနေ့ မင်းရဲ့ စွမ်းဆောင် မှုကို သဘော ကျတယ်၊ ဒါကြောင့် ဖီးနစ်ဝိုင်ကို၊ မင်းအတွက် ဆုလာဘ် အဖြစ် ပေးအပ် ပါတယ်။ ''

အစေခံ စကား သံက၊ ကျယ်လောင်ခြင်း မရှိသော်လည်း၊ ပတ်ဝန်း ကျင်ရှိ လူတိုင်းကို ပြတ်သားစွာ ကြားလိုက် ရစေသည်။

" ဖီးနစ်ဝိုင်၊ အဲဒါက သတ္တမတန်း ဝိုင်ပဲ၊ မဟာ ချင် အင်ပါယာ မှာတောင်၊ နှစ်အိုးပဲ ရှိတယ်လို့ ကြားမိတယ်၊ တစ်အိုးက တော်ဝင် ဘဏ္ဍာ တိုက်မှာ၊ ကျန်တဲ့ တစ်အိုးက မင်းသမီးလေး နဲ့အတူ ရှိနေတယ်။ ”

“ အင်ပါယာ မင်းမြတ်က၊ မင်းသမီး လေးကို လက်ဆောင် ပေးခဲ့တာ မဟုတ်လား။ ”

" ဒါပေမယ့် သူမက ဆုလာဘ် အဖြစ်၊ လင်းယွန်ကို ဒီလို အဖိုးတန်တဲ့ ဝိုင်၊ ပေးခဲ့ တာလား။ "

" အခု ဖီးနစ်ဝိုင်နဲ့ ယှဉ်ရင်၊ တတိယတန်း ဝိုင်ဖြစ်တဲ့၊ 'ယစ်မူး စေသော ပန်းကလေး' က၊ ဘာမှ မဟုတ်တော့ သလို ပါပဲ။ ''

" မင်း မလိုချင် ဖူးလား၊ ဒါဆို ငါ့ကိုပေး။ "

" အိပ်မက် မက်မနေနဲ့၊ တတိယတန်း စပျစ် ဝိုင်လည်း ရှားပါးတယ်၊ ပိုက်ဆံ ပေးရင်တောင် ဘယ်မှာမှ ဝယ်မရ နိုင်ဘူး။ ”

လူများ စွာက ဖီးနစ်ဝိုင်ကို မနာလို စိတ်ဖြင့်၊ ကြည့်လာ ကြသည်။ လျိုဖန်းက လင်းယွန်ကို မျက်လုံးဖြင့် အချက် ပြလိုက်၏။

လင်းယွန်က ဖီးနစ်ဝိုင်ကို လက်ခံ ရယူ ပြီးနောက်၊ လက်ဝှေ့ ယမ်းကာ၊

" မင်းသမီးလေးရဲ့ လက်ဆောင် အတွက် ကျေးဇူးတင် ပါတယ်။ "

“ ငါ့ကို ကျေးဇူးတင် နေစရာ မလို ပါဘူး၊ အဲဒီအစား ဓားနန်းတော် ကိုသာ ကျေးဇူးတင် လိုက်ပါ။ "

ဓားနန်းတော်သာ မရှိ ပါလျှင်၊ လင်းယွန်သည် ယနေ့၌၊ ဤမျှ ထွန်းလင်းစွာ တောက်ပ နေမည် မဟုတ်ပေ။

သို့သော် သူ တိတ်ဆိတ် သွားသော အခါ၊ ချင်ယု၏ နှာချေ သံက တိုးညှင်းစွာ ထွက်ပေါ် လာသည်။

“ ငါတို့ ဒီချီးကျူး မှုကို မခံဝံ့ ပါဘူး၊ မင်းသမီးလေးရဲ့ လက်ဆောင် မိုလို့၊ သူက မင်းကို ကျေးဇူးတင် ရပါမယ်၊ လင်းယွန်က မင်းကို စိတ်မပျက် စေရ ဖူးလို့၊ ငါယုံကြည် ပါတယ်။ "

လျိုဖန်း၏ တုန့်ပြန် မှုကို၊ ဖီးနစ် မင်းသမီးက၊ မှတ်ချက် မပေး တော့ပေ။ ယင်းအစား သူမ၏ လက်ကို ဝှေ့ယမ်းပြီး၊

“ ငါ ပင်ပန်း နေပြီ၊ မင်းတို့ အားလုံး အခု ထွက်သွား နိုင်တယ်။ "

ဂိုဏ်း အသီးသီး တို့က အပြုံး များစွာဖြင့်၊ ဝိုင်များကို လက်ခံ ယူလိုက် ကြသည်။ ပြီးနောက် နှုတ်ဆက် လိုက်ကြ၏။

လင်းယွန်က သူ့ လက်ထဲရှိ၊ ဖီးနစ်ဝိုင်ကို ကြည့်လိုက်ကာ၊ ငြိမ်သက် သွားသည်။

" ဟီးဟီး၊ ငါပြောတာ မှန်ပုံ ရတယ်၊ မင်းက ဒီနေ့ မင်းသမီး လေးရဲ့၊ အာရုံ စိုက်မှုကို ရရှိ သွားပြီ၊ လူတိုင်းက ငါ့ကို အနာဂတ်မှာ နတ်ဆရာ အဖြစ်၊ အသိ အမှတ်ပြု နိုင်ပါတယ်။ ”

ရှင်းယန်က ပြုံးကာ ဆိုလိုက်သည်။ တန်တုံနှင့် ကျန်သူ များမှာ လိုက်ပါ ပြုံးရယ် မိကြသည်။

“ ငါတို့ရဲ့ ဂျူနီယာ လေးက အရမ်း ချောမောပြီး၊ တောက်ပတဲ့ အနာဂတ်တွေ ရှိတယ်၊ ဘယ်သူ သိမလဲ၊ တစ်နေ့မှာ မင်းသမီးရဲ့ ကြင်ယာတော် ဖြစ်မလာ နိုင်ဖူးလို့။ ”

" မင်းတို့ ဘာတွေ လျှောက်ပြော နေကြ တာလဲ ပါးစပ် ပိတ်ထားကြ။ "

လျိုဖန်းက သူတို့ကို ကြိမ်းမောင်း လိုက်သော်လည်း၊ သူ့ မျက်ဝန်း များတွင် ဒေါသ ထွက်နေသော အရိပ် အယောင်များ မရှိ ခဲ့ပေ။

လူတိုင်းက စကား စမြည် ပြောပြီး၊ ရယ်ကာ မောကာဖြင့် ကျွန်းမှ ထွက်ခွာသွား ကြသည်။

လင်းယွန်က သံသယ စိတ်ဖြင့်၊ လှမ်းလက်စ ခြေလှမ်းကို ရပ်ကာ၊ လည်ပြန် လှည့်ကြည့် လိုက်သည်။

တိုက်ဆိုင် စွာပင်၊ ဖီးနစ် မင်းသမီး လေးက၊ သူ့ကို ကြည့်နေသော မျက်ဝန်း များနှင့်၊ ဆုံတွေ့ သွားမိသည်။ ဇာပဝါ နောက်ကွယ်ရှိ မျက်ဝန်း များမှာ၊ အနည်းငယ် ထိတ်လန့်သွား ပုံရသည်။

နှစ်ဦးသား အတန်ကြာ စိုက်ကြည့် နေကြ ပြီးနောက်၊ ထိတ်လန့် သွားသည့် အရိပ် အယောင်များ ပျောက်ကွယ် သွားပြီး၊ မင်းသမီး လေးက လှည့်ထွက် သွားသည်။

( သူ ငါ့ကို ကြည့်နေ တာ မဟုတ်နိုင် ပါဘူး။ )

လင်းယွန်က သူ့ကိုယ်သူ လှောင်ပြောင် လိုက်ကာ၊ ကျွန်းအပြင် ဘက်ရှိ ရှုခင်းများ အပေါ်၊ အာရုံပြောင်း လိုက်သည်။

နေဝင်ချိန်တွင် အထီးကျန် ဆန်သော၊ ဝမ်းနည်းဖွယ် ခံစား ချက်များ ဝင်ရောက် လာသည်။

ထို့ကြောင့် အရုဏ်တက် ချိန်ကို ပို သဘောကျ မိသည်။ မေ့မရ နိုင်သော မီးတောက် တစ်စလို၊ ထွန်းလင်း နိုင်ပေ၏။

……

ည၌ လသည် မြင့်၏။

အိမ်ငယ် လေးထဲ ပြန်ရောက် သည်နှင့်၊ ဓားသုတ္တန်ဖြင့်၊ ဒဏ်ရာ များကို ကုသ ပြီးနောက်၊ မျက်လုံးများ ဖြည်းညှင်းစွာ ပွင့်လာ ခဲ့သည်။

ရှူထုတ် လိုက်သော လေတွင် တက်ကြွသော အသက် စွမ်းအင်များ ပါရှိ နေသည်။ အထူး သဖြင့် ရှေးဦးကျမ်းကို၊ ဒုတိယ အဆင့်သို့ ရောက်ရှိ လာပြီးနောက်၊ သူ၏ မူလ စွမ်းအင်မှာ သဘာဝ တရားနှင့်၊ ပို၍ လိုက်လျော ညီထွေ ဖြစ်လာသည်။

ကြေမွှ ကုန်သော ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်း အမှုန် များကို နံဘေးသို့၊ ပေါ့ပေါ့ တန်တန် ပစ်ထုတ် လိုက်ပြီး၊ ရေကန် ထဲရှိ ထင်ဟပ် နေသော လမင်းကို ကြည့်လိုက်သည်။

ရေကန်ပေါ် လျောတိုက် လျှောက်လှမ်း လာသော ပုံရိပ် တစ်ရိပ်က၊ လင်းယွန်၏ အိမ်ငယ် လေးထံ၊ ဦးတည် လာနေ သည်ကို တွေ့မြင်လိုက် ရသည်။

ထိုလူရိပ်ကို တွေ့လိုက်ရ သည်နှင့်၊ အနည်းငယ် အံ့အားသင့် သွားသည်။ ၎င်းသည် သဘာဝ အတိုင်း လွင့်မျော နေသော ရေခွက်လေး ဖြစ်၏။ ပြောင်နေသော ဦးပြည်းကို မြင်ရုံ ဖြင့်ပင် သူ မှတ်မိ နိုင်သည်။

လင်းယွန်က သူ့ လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ ဧည့်သည်ကို ကြိုဆို ဖို့ရန်၊ ထရပ် လိုက်သည်။

စားပွဲခုံ တစ်လုံးတွင် အရံသင့် စောင့်ကြို နေသော၊ လင်းယွန်ကို ကြည့်ကာ၊

" အစ်ကိုလင်း၊ ငါဒီကို လာလိမ့် မယ်လို့၊ မင်းဘယ်လို သိတာလဲ။ "

" ကောင်းကင်က လမင်းကို မြင်လိုက် တာနဲ့၊ သိလိုက် တာပဲ။ "

လင်းယွန်က ဖီးနစ်ဝိုင်ကို ထုတ်ကာ၊ ပြုံးလျက် ဆိုလိုက်သည်။

လွင့်မျော နေသော ရေခွက် လေးက၊ အနည်းငယ် အံအားသင့် သွား ပြီးနောက်၊ သူ့ ခေါင်းကို ပွတ်ကာ၊ ရုတ်တရက် ရယ်မော လိုက်သည်။

သူက ဖီးနစ်ဝိုင်ကို တစ်ချက်ကြည့် လိုက်ပြီး၊

“ ဖီးနစ်ဝိုင်၊ ဖီးနစ် တွန်မြူး ခြင်းကြောင့်၊ ခန်းမ ရှေ့မှာ စီးဆင်း နေတဲ့၊ ရေကသာ ငါ့ကို မှတ်မိ မယ်။ ”

လွင့်မျော နေသော ရေခွက် လေးက၊ သူ့ သီချင်းကို ရပ်လိုက်ပြီး၊

“ ဒီမှာ အရမ်း ကောင်းတဲ့ ဝိုင်တွေ အပြင်၊ ဝိုင်တိုင်းရဲ့ နောက်ကွယ်မှာ၊ ပုံပြင် တစ်ပုဒ်စီ ရှိကြတယ်၊ မင်းသမီးက မင်းကို ရည်ရွယ် ထားတာမို့၊ ငါ လက်မခံ နိုင်ဘူး၊ အဲဒီ့ အစား မျောက်ဝိုင် သောက်ရအောင်။ ”

“ မင်း သဘောပါပဲ။ ”

လင်းယွန်က ဖီးနစ်ဝိုင်ကို ဖယ်လိုက်ပြီး၊ မျောက်ဝိုင် ဆယ်အိုးကို ထုတ်ယူကာ၊ စားပွဲပေါ် တင်လိုက်သည်။

လွင့်မျော နေသော ရေခွက်က တောက်ပ နေသော မျက်လုံး များဖြင့်၊ မျောက်ဝိုင်ကို ကြည့်လိုက်ပြီး၊

“ မျောက်ဝိုင်ကို ချစ်တယ်၊ သူက အကောင်းဆုံး ပါပဲ၊ ဒီကမ္ဘာမှာ ဝိုင်အများ အပြား ရှိပေမယ့်၊ သူတို့ အားလုံး နီးပါးက၊ ဝမ်းနည်းစရာ ဇာတ်လမ်း တွေကို ပိုင်ဆိုင် ထားကြတယ်၊ ဒါပေမယ့် မျောက်ဘုရင် ချက်တဲ့၊ မျောက်ဝိုင် ကတော့ ဆန့်ကျင် ဘက်ပဲ၊ လူကို လန်းဆန်း စေတယ်၊ လာ .... သောက်ရအောင်။ ''

လွင့်မျော နေသော ရေခွက် လေးက၊ စားပွဲကို လက်ဖြင့် ပုတ်ကာ၊ ပျံတက် လာသော ဝိုင်အိုးကို ဖမ်းယူ လိုက်သည်။ ပြီးနောက် အိုးလိုက် မော့သောက် တော့၏။

လွင့်မျော နေသော ရေခွက် လေးမှာ၊ သူ၏ ဘွဲ့နှင့်၊ အမှန် တကယ် ထိုက်တန်သူ ဖြစ်သည်။ သူ၏ အထိန်း အကွပ် မဲ့စွာ၊ သောက်ယူ နေသော ပုံစံက၊ လင်းယွန်ကို အသက်ရှူ ရပ်သွား စေသည်။

စိတ်ကြိုက် မော့သောက် ပြီးသည်နှင့်၊ လွင့်မျော နေသော ရေခွက် လေးက ရယ်မောကာ၊

“ ကောင်းလိုက်တာ၊ လင်းယွန်လာ သောက်စို့၊ ဒီနေ့ ပြီးရင် မင်းရဲ့ ကျော်ကြား မှုက၊ မဟာချင် အင်ပါယာ တစ်ခု လုံးကို ပျံ့နှံ့ တော့မယ်၊ နည်းနည်းလောက် သောက်ရအောင် ... ငါဆိုလို တာက အိုးနည်းနည်း။ ”

လင်းယွန်က ပြုံးပြီး၊ ဝိုင် တစ်ခွက်ကို ကောက်ယူ မော့ချ လိုက်သည်။ သည်နေ့ လမ်းခွဲ ပြီးနောက်၊ မည်သည့် အချိန်မှ၊ ပြန်ဆုံကြ မည်ကို၊ သူတို့ မသိနိုင် ကြပေ။

ထို့ကြောင့် သူတို့ နှစ်ယောက်သား၊ လမင်းကို ငေးကာ ဝိုင်သောက် နေမိ ကြသည်။

အရက်ကြောင့် စိတ်ကြွ လာချိန်တွင်၊ 'မိုးကောင်းကင် တံဆိပ်' ကို၊ လေ့ကျင့် ရာ၌ မ

အောင်မြင် နိုင်ခဲ့ ပုံကို၊ လင်းယွန်က ပြန်ပြော ပြခဲ့သည်။

လွင့်မျော နေသော ရေခွက် လေးက၊ ပြုံးပြီး ပြောင်နေသော ခေါင်းပြည်းကို ညွှန်ပြ လာသည်။

လွင့်မျော နေသော ရေခွက် လေးကို ကြည့်ပြီး၊ လင်းယွန်က၊

" မိုးကောင်းကင် တံဆိပ် အတွက်၊ ငါ့ခေါင်းကို သုံးပြီး၊ နှလုံးသားကို အသုံး ချရ မယ်လို့၊ မင်းပြော နေတာလား။ "

" ဟား ဟား ဟား အဲ့ဒီလို မဟုတ် ပါဘူး၊ မင်းရဲ့ ခေါင်းပေါ်မှာ ငါ့လိုပဲ လတစ်စင်း လိုတယ်လို့ ပြောတာ။ ”

ဟုဆိုကာ၊ လွင့်မျော နေသော ရေခွက် လေးက၊ ရယ်မော လိုက်သည်။

လင်းယွန်က ခဏတာ အံ့အားသင့် သွားသည်။ သူထင်သည့် အတိုင်းပင်။

မိုးကောင်းကင် တံဆိပ်ကို ကျင့်ကြံရန် ဦးပြည်း ရိပ်ကာ၊ ဗုဒ္ဓ အယူ ဝါဒကို ဆုပ်ကိုင် ထားရ ပေမည်။

ဗုဒ္ဓ အယူ ဝါဒ များကို လိုက်နာရန် ရည်ရွယ်ချက် မရှိ သောကြောင့်၊ မိုးကောင်းကင် တံဆိပ် ကိုသာ၊ စွန့်လွှတ် ရပေ တော့မည်။

သူတို့ နှစ်ယောက်သား ဝိုင်သောက် လျှက်မှ၊ ပျော်ရွှင်စွာ စကား စမြည် ပြောဆို နေမိ ကြသည်။

တစ်ချိန်တည်း မှာပင်၊ မင်းသမီး စံအိမ် တစ်နေရာ၌၊ တင်းမာသော မျက်နှာဖြင့်၊ အိမ်ရှေ့ မင်းသား ချင်ယု ထိုင်နေသည်။

ပွဲအပြီးတွင် ပြောင်းလဲ သွားသော၊ အမူ အယာ များကြောင့်၊ ချင်ယု ဘေးတွင် ရပ်နေသော ဝမ်ယန်ကို၊ ကြောက်ရွံ့ လာမိ စေသည်။

အိမ်ရှေ့မင်းသားက အဘယ်ကြောင့်၊ ဤမျှ အမျက် ထွက်နေ ရသည်ကို၊ အကြမ်းဖျင်း တွေးတော လိုက်မိသည်။

မင်းသမီးလေး မွေးနေ့ ပွဲကို နောက်ဆုံး ကျင်းပ ခဲ့သည်မှာ၊ ငါးနှစ် ရှိပြီ ဖြစ်သည်။ ယခု အကြိမ် ပြန်လည် ကျင်းပ ချိန်၌ တချိန်က ပွဲများ ထက်ပင်၊ ခမ်းနား နေခဲ့ လေပြီ။

ဂိုဏ်း ပေါင်းစုံက လေးစား မှုများ ရှိနေဆဲ ပေပင်။ ယင်းက သူ့ကို စတင် သတိပေး သောကြောင့်၊ ချင်ယုအား ပို၍ စိတ် မချမ်း မသာ ဖြစ်စေ ခဲ့သည်။

ချင်ယုက ရုတ်တရက် ထရပ် လာပြီး၊

" ရှင်းဂျူကို ဖယ်ရှား ရမယ်။ "

ဟု ရေရွတ် လိုက်သည်။

ထိုစကားကြောင့် ဝမ်ယန်က အံ့သြ သွား၏။ မွေးနေ့ ပွဲ၌ လင်းယွန် တောက်ပ နေပုံကို၊ ပြန်သတိရ သွားသော အခါ၊ အံကြိတ် လိုက်ပြီး၊

" လင်းယွန်ကော ဘယ်လိုလဲ။ "

"လင်း ယွန် ....."

ချင်ယုက ဝမ်ယန်ကို ပြန်ကြည့် လိုက်၏။ ပြီးနောက် ရယ်မော လိုက်ကာ၊

“ မင်းရဲ့ အမြင်က ဓားကျွန် ကိုပဲ၊ မြင်နိုင် တာလား၊ ဒီဓားကျွန်က ကြောက်စရာ ကောင်းရင်တောင်၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ ပါရမီရှင် ရှစ်ပါးကို ကျော်ဖြတ်ပြီး၊ ပထမ နေရာကို ရနိုင် လိမ့်မယ်လို့ မင်းထင်လား။ ”

“ ဟုတ်ကဲ့ နားလည် ပါပြီ။ ”

ဝမ်ယန်က လျင်မြန်စွာ ပြန်ဖြေ လိုက်သည်။

“ သွား ...။ ”

ချင်ယု၏ မျက်လုံး များတွင်၊ လူသတ် ရောင်ဝါ များဖြင့်၊ တောက်ပ လာသည်။

မဟာချင် အင်ပါယာရှိ အသက်နှင့် သေခြင်းကို၊ အမြဲတမ်း အဆုံး အဖြတ် ပေးတတ်သူ ဖြစ်သည်။ သူ့စိတ်ထဲ ပေါ်လာ သည်နှင့် တုံ့ဆိုင်း နေမည် မဟုတ်ပေ။

သူတို့ နှစ်ယောက် ခြံဝင်း ထဲမှ ထွက်ခွာ တော့မည့် အချိန်တွင်၊ မီးခိုးရောင် ဝတ်ဆင် ထားသော အဘိုးအို တစ်ဦး၊ ရုတ်တရက် ရောက်ရှိ လာသည်။

ထိုအဘိုးအိုက ပြုံးပြ လာပြီး၊

“ မင်းသမီး လေးက မင်းသားလေးကို တွေ့ချင် နေတာ ကြာပြီ၊ ကျေးဇူးပြုပြီး ရက် အနည်းငယ် လောက် နေပေးပါ။ "

“ ညီမလေးက ငါ့ကို ကောင်းကောင်း နားလည် ထားပုံပဲ၊ ငါ့ကိုယ် ငါတောင် နားမလည် နိုင်ခင်၊ သူက ဖမ်းဆုပ် နိုင်တယ်၊ ဒီအတွက် ကျေးဇူးတင် ပါတယ်၊ နောက်ရက် အနည်းငယ် ငါစောင့် ပါ့မယ်။ ''

ချင်ယုက ပြုံးပြ လိုက်သည်။

“ ဒါတော့ သေချာတယ်။ ”

လာရောက် ဟန့်တားသော အဘိုးအို ကလည်း၊ ပြန်လည် ပြုံးပြ လိုက်၏။

ချင်ယုက လှည့်ကာ၊ ခြံထဲသို့ ပြန်ဝင် လာခဲ့သည်။

အဖိုးအို ပျောက်ကွယ် သွားသည်နှင့်၊ သူ့ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ အေးစိမ့်သော အမူအယာ များဖြင့်၊ အစားထိုး သွား၏။

***

All Chapters