မယုံနိုင်ဖွယ် ။
Vol. 25 Ch. 342
“ မင်းသမီး လေးက မင်းကို တွေ့ချင် နေတာ ကြာပြီ၊ ကျေးဇူးပြုပြီး ရက် အနည်းငယ်လောက် နေပေးပါ။ "
“ ညီမလေးက ငါ့ကို ကောင်းကောင်း နားလည် ထားပုံပဲ၊ နောက်ထပ် ရက် အနည်းငယ် ငါစောင့် ပါ့မယ်။ ''
ချင်ယုက ပြုံးပြ လိုက်သည်။
“ ဒါတော့ သေချာတယ်။ ”
လာရောက် ဟန့်တားသော အဘိုးအို ကလည်း၊ ပြန်လည် ပြုံးပြ လိုက်သည်။
ချင်ယုက လှည့်ကာ၊ ခြံထဲသို့ ပြန်ဝင် လာခဲ့သည်။ အဖိုးအို ပျောက်ကွယ် သွားသည်နှင့်၊ သူ့ မျက်နှာ ပေါ်ရှိ အပြုံးမှာ၊ အေးစိမ့်သော အမူအယာ များဖြင့်၊ အစားထိုး သွား၏။
ဝမ်ယန်က အိမ်ထဲသို့ ပြန်ရောက်သော အခါတွင်၊ စိတ်မသက် မသာ ခံစား လိုက်ရသည်။ ချင်ယု၏ မျက်နှာကို မကြည့် ဝံ့ပေ။
ရုတ်တရက် အနက်ရောင် ဝတ်ရုံကို၊ ဆင်မြန်း ထားသော အဖိုးအို တစ်ယောက်၊ အမှောင်ရိပ် ထဲမှ ထွက်ပေါ် လာခဲ့သည်။
အနက်ဝတ် အဖိုးအိုက၊ ချင်ယု ဘေးတွင် တလေး တစား လာရပ် လိုက်၏။
ရုတ်တရက် ထွက်ပေါ် လာသော အဖိုးအိုကြောင့် ဝမ်ယန်မှာ၊ ထိတ်လန့် သွားသည်။ သည်အဘိုးကြီးသည် ဤနေရာ၌ တစ်ချိန်လုံး ရှိနေခဲ့ သည်လော။
အဘိုးအိုကို သူ လုံးဝ သတိ မထားမိ။ ကျွမ်းကျင်သူ တစ်ယောက်က၊ အိမ်ရှေ့ မင်းသားကို ကာကွယ် စောင့်ရှောက် နေမည်မှာ၊ သဘာဝ ပေပင်။
၎င်းကို သတိရ သွားကာ၊ တည်ငြိမ် မှုအား ပြန်လည် ရရှိ လာသည်။
“ အရှင် မင်းမြတ် …”
အဘိုးအိုက နှုတ်ဆက် လိုက်၏။ ချင်ယုက လက်ကို ဝှေ့ယမ်း လိုက်ပြီး၊
“ ငါ့ကို ပြောစမ်း၊ အဲဒီ အဘိုး ကြီးနဲ့ ရင်ဆိုင်ဖို့၊ မင်းမှာ ဘယ်လောက် ယုံကြည် ချက်ရှိလဲ။ ”
“ ငါးဆယ် ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ် … ၊ ဒါပေမယ့် ပတ်ဝန်းကျင်မှာ နောက်ထပ် ကျွမ်းကျင် သူတွေ ရှိနေ ရင်တော့၊ မသေချာပါဘူး။ ''
ဝတ်ရုံနက် အဘိုးအိုက ဆိုသည်။
ယုံကြည်ချက် ပျောက်ဆုံး သွား သကဲ့သို့၊ ချင်ယု မျက်နှာက ပြောင်းလဲ သွား၏။
သို့သော် မီးခိုးရောင် အဘိုးအိုမှာ၊ အလွန် အစွမ်းထက် သည်ဟု၊ သူ မှန်းဆ ထားပြီး ဖြစ်သောကြောင့်၊ အံ့ဩခြင်း မရှိပေ။
သို့မဟုတ် ပါက၊ မင်းသမီး၏ ဖိတ်ခေါ် ချက်ကို သဘောတူ နိုင်စရာ နည်းလမ်း မရှိခြေ။
“ သူ့ရဲ့ ခွန်အားကို မပြသ ခဲ့တာ ငါးနှစ် ရှိပြီ၊ ဒါပေမယ့် အခု ဒဏ်ရာ ကနေ၊ ပြန်ကောင်းလာ လုနီးပါး ပါပဲ၊ ကြည့်ရတာ သူ ငါ့ကို ဆန့်ကျင်ဖို့၊ စိတ်ပိုင်း ဖြတ်ထား ပုံရတယ်။ ''
ချင်ယု မျက်နှာမှာ မည်းမှောင် သွားသည်။ သူ့ စိတ်ထဲ မည်သို့ ဖြစ်ပျက် နေမည်ကို မသိ နိုင်ကြပေ။
"ဟမ်.... "
ချင်ယုက ခေါင်းကို မော့လိုက်သည်။ သူက ဝမ်ယန်ကို ကြည့်ပြီး၊
" ဝမ်ယန် ငါ ဒီကိစ္စကို မင်းနဲ့ ထားခဲ့မယ်။ "
ဟု ရုတ်တရက် ဆိုလိုက်၏။
" အ... ရှင်းဂျူကို ငါဘယ်လို သတ်ရမှာလဲ၊ ငါ့ကို လက်ဖဝါး တစ်ချက် နဲ့တင်၊ သတ်လိမ့်မယ်။ "
ဝမ်ယန်က ကြောက်လန့် တကြား စကား ထစ်သွားသည်။ ပွဲကျင်းပ နေစဉ် အတွင်း၊ သူ မြင်ခဲ့ရ သော ခွန်အား အရ၊ ခရမ်းရောင် နန်းတော် နယ်မြေမှ တစ်စုံ တစ်ဦး မဟုတ် ပါက၊ မည်သူ တစ်ဦး တစ်ယောက်မျှ၊ ရှင်းဂျူကို အနိုင်ယူ နိုင်မည် မဟုတ်ကြောင်း၊ သူ ပြောနိုင် ခဲ့သည်။
ရှင်းဂျူတွင် ပါရမီရှင် ရှစ်ပါးနှင့် ယှဉ်နိုင်သော ခွန်အားမျိုး ရှိနေ သည်မှာ သေချာသည်။
ထို့ကြောင့် ဝမ်ယန်က ရှင်းဂျူကို ကြိုးစား ခြင်းသည်၊ ကျောက်တုံးကို ကြက်ဥဖြင့်၊ ပစ်ပေါက်ခြင်း မည်၏။
“ ဟုတ်ပါတယ် မင်းက သူ့ပြိုင်ဘက် မဟုတ်ဘူး”
ချင်ယုက နုံအ သော ဝမ်ယန်ကို ကျိန်ဆဲ လိုက်သည်။ သူက ဆက်ပြီး၊
“ မင်းအဖေနဲ့ ဒီကိစ္စကို ဆွေးနွေးပြီး၊ ဝမ်မျိုးနွယ်စုရဲ့ ခွန်အားကို သုံးစေ ချင်တယ်၊ အခု ငါပြော တာကို နားလည် ပြီလား။ "
" ဒါ... ဒါပေမယ့် ဒါက ဝမ် မိသားစုကို အရေး ယူဖို့၊ ဓားနန်းတော်က အခွင့် အရေး ရသွား လိမ့်မယ်။ "
ဝမ်ယန်က ချင်ယု စကားကြောင့်၊ ကြောက်ရွံ့ သွားသည်။ ဝမ်မိသား စုသည် ဓားနန်းတော်နှင့်၊ နှိုင်းယှဉ်ရန် နည်းလမ်း မရှိပေ။
ဓားနန်းတော်၏ ကောင်းကင် အဆင့် တပည့် တစ်ဦးကို သတ်မိပါက၊ သေခြင်း တရားကို ဖိတ်ခေါ်ရာ ရောက်ခြင်း မည်၏။
ချင်ယုသည် သစ်သား ကုလားထိုင်၏ လက်ရန်းကို လက်ဖဝါးဖြင့်၊ အသာ အယာ ပုတ်ကစား နေရာမှ ပြုံးပြီး၊
“ မျိုးနွယ်စု လေးစု ထဲမှာ၊ ဝမ်မိသား စုက အသန်မာ ဆုံးဘွဲ့ကို လိုချင်ရင်၊ သဘာဝ အတိုင်း အရင်း အနှီး စိုက်ထုတ် ပေးရမယ်၊ ငါ သရဖူ ဆောင်းပြီးတဲ့ အခါ၊ မင်းတို့ကို ဆယ်ဆ ပြန်ဆပ်မယ်၊ ဒီအတွက် မင်းဆုံးဖြတ် စရာ မလိုဘူး၊ မင်းအဖေ ဆုံးဖြတ် ပါစေ။ ''
" ဒါပေမယ့် မင်းသား ကိုယ်တိုင်က၊ ဘာလို့ မလှုပ်ရှား တာလဲ၊ အရှင် မင်းမြတ်ရဲ့ ခွန်အားနဲ့၊ ရှင်းဂျူကို သတ်ရတာ ပိုလွယ် လိမ့်မယ်။ ”
ဝမ်ယန်က နားမလည် ဟန်ဖြင့်၊ တုံ့ပြန် ခဲ့သည်။
“ ရိုင်းလိုက်တာ။ ”
ချင်ယုက အော်ငေါက် လိုက်ပြီး၊
“ လက်ရှိ အခြေ အနေကို၊ မင်း မသိ ဖူးလား၊ လွန်ခဲ့တဲ့ ငါးနှစ်က အင်ပါယာမှာ၊ အတောက် ပဆုံး ထွန်းလင်း ခဲ့တဲ့၊ အမျိုးသမီး ပြန်လာပြီ၊ ဒီည သူမ ငါ့ကို သတိ ပေးခဲ့တယ် .... ''
'' သေချာပေါက် ချုပ်နှောင်ဖို့ ကြိုးစား လာ လိမ့်မယ်၊ ဘာပဲ ဖြစ်ဖြစ် နဂါး တံခါး ပြိုင်ပွဲမှာ၊ ပထမ ရရမယ်၊ ရှင်းဂျူ သေရမယ်၊ ဒါမှ မဟုတ်ရင်၊ အဲဒီ အမျိုး သမီးက လက်လျှော့မှာ မဟုတ်ဘူး။ ”
***
အခန်း ထဲသို့ စူးစူး ဝါးဝါး ဖြာကျ လာသော အလင်း ရောင်ကြောင့်၊ မူးဝေ ရာမှ နိုးထ လာသည်။
သူ့မျက်လုံး များကို ဖွင့်ကြည့် လိုက်ရာ၊ လွင့်မျောနေသော ရေခွက်ကို မည်သည့် နေရာမှ ရှာမတွေ့ တော့ပေ။
လွင့်မျော နေသော ရေခွက်၏၊ မနေ့ ညက မူးနေသော ပုံကို၊ ပြန်လည် သတိရ သွားပြီး၊ ပြုံးလိုက် မိသည်။
မျောက်ဝိုင်ကြောင့် နိုးထလာ ပြီးနောက်၊ လန်းဆန်း သွားသလို ခံစား ရသည်။ တစ်ကိုယ်လုံး နွေးထွေး မှုကို ခံစား လာရပြီး၊ စိတ်ကျေ နပ်မှု ရလာ စေ၏။
ကျော်ကြားသော ဝိုင်များ အားလုံးမှာ၊ ကျင့်ကြံ သူများ အတွက် အကျိုး ပြုပြီး၊ အကောင်း ဆုံးသော ဝိုင်များက၊ ကျင့်ကြံမှု အဆင့် ကိုပင်၊ တိုးလာ နိုင်စေသည်။
နဝမ အဆင့် အထက်တွင်၊ နတ်ဘုရား ဝိုင်နှင့်၊ ကောင်းကင် အဆင့် ဝိုင်များ ရှိသည်။
၎င်းတို့သည် လူ တစ်ဦး၏ သက်တမ်းကို တိုးမြှင့် နိုင်ကာ၊ နားလည်နိုင် စွမ်းများ တိုးပွား လာစေ နိုင်ကြောင်း၊ ကောလ ဟလများ ထွက်ပေါ် ခဲ့ဖူးသည်။
ဖီးနစ်ဝိုင်မှာ သတ္တမတန်း ဝိုင်ဖြစ် သောကြောင့်၊ မည်မျှ တန်ဖိုးရှိ မည်ကို၊ တွေးကြည့် နိုင်၏။
နောက်ဆုံးတွင် မဟာချင် အင်ပါယာ၌ ဝိုင်နှစ်အိုးသာ ရှိပေသည်။ တောင်ပိုင်း ရှေးဟောင်း နယ်မြေ တစ်ခုလုံး တွင်ပင်၊ ရှာတွေ့ရန် ခက်ခဲသော ဝိုင် ဖြစ်၏။
ကိုယ်လက် သန့်စင် ပြီးနောက်၊ ဓားနန်းတော်သို့ ပြန်ရန်၊ ပြင်ဆင်မှုများ ပြုလုပ် ခဲ့သည်။
အပြန် ခရီးတွင် မြင်းခြောက်ကောင် တန်းစီလျက်၊ ပြုံးရွှင်သော အမူ အရာ များဖြင့်၊ စကား စမြည် ပြောဆို လာကြသည်။
မင်းသမီးလေး၏ မွေးနေ့သည်၊ သံသယ ဖြစ်စရာ မလို အောင်ပင်၊ ကောင်းမွန်သည့် ပွဲတစ်ပွဲ ဖြစ်ခဲ့ ပေ၏။ ဤခရီးစဉ်မှာ အချည်းနှီးမဟုတ်ဟု၊ လူ အများက ယူဆ ကြသည်။
နဂါးသွေး မြင်းပေါ်တွင် လင်းယွန်က ပျော်ရွှင်စွာ အသားကျ စီးနင်းနေ မိသည်။ သူ့ ခွန်အားမှာ ဤမျှ သန်မာလာ လိမ့်မည်ဟု တွေးမကြည့် ဖူးပေ။
အတိတ်၌ သူ မျှော်ကြည့် ခဲ့ရသော၊ လူငယ် ဖြင့်ပင်၊ ခွက်ချင်း ဖလှယ် နိုင်ခဲ့သည်။
သို့သော် ဖိအားမှာ လျော့ကျ သွားခြင်း မရှိ သေးပေ။ ဘိုင်လိရွှမ်မှာ ကျင့်ကြံ ရာမှ၊ ထွက်လာသော အခါတွင်၊ သူတော်စင် ခန္ဓာကိုယ် ကို၊ ပိုင်ဆိုင် ထားမည် ဖြစ်သည်။
သူတို့ နှစ်ယောက်ကြား ရန်ငြိုးသည်၊ စီရွှယ်ယီနှင့် ဖြေရှင်း သကဲ့သို့၊ လွယ်ကူမည် မဟုတ်ပေ။
သူ့ နောက်က မလိုက် လာခဲ့ လျှင်ပင်၊ သူက ဘိုင်လိရွှမ် နောက်သို့၊ လိုက်ရ ပေမည်။
ရုတ်တရက် လင်းယွန်၏ မြင်းမှ လွဲ၍ ကျန်သော မြင်း ငါးကောင်မှာ၊ ထိတ်လန့် မှုကြောင့် မငြိမ် မသက် ဖြစ်လာ၏။
'' ကျွတ်... ကျွတ် ၊ ဓားနန်းတော်က အရည် အချင်း ရှိတဲ့ မြင်းတစ်ကောင် ကိုတောင်၊ ရှာမတွေ့ တော့ဖူးလား။ "
အနက်ရောင် မြင်းကို စီးနင်းလျက်၊ ဝမ်ရန်းဘိုက လှောင်ပြောင် လိုက်သည်။ သူ၏ မြင်းထံမှ၊ နတ်ဆိုး ဆန်သော အငွေ့ အသက်များ ထွက်ပေါ် လာပြီး၊ ၎င်းကို ဓားနန်းတော်၏ မြင်းများ ဆီသို့၊ တွန်းပို့ နေခဲ့သည်။
အနက်ရောင် မြင်းဆိုး များတွင်၊ ချီလင် သွေးများ ပါရှိသော မြင်း မျိုးဆက်ဟု၊ ယူဆ ကြသည်။
မျိုးဆက် သွေးမှာ အားနည်း နေနိုင် သော်လည်း မြင့်မြတ်သော သားရဲ၏ မျိုးဆက် အဖြစ် ရှိနေ သေးသည်။
( ချီလင် ဆိုသည်မှာ တရုတ် ဒဏ္ဍာရီလာ ခြေ လေးချောင်းပါ၊ တွားသွား သတ္တဝါ ဖြစ်သည်။ ဦးချို နှစ်ဖက် ပါရှိပြီး၊ လည်ဆံမွှေး၊ အကြေးခွံ များနှင့်၊ လှပသော အမြီးကို ပိုင်ဆိုင်ထား ပေသည်။
နဂါးသွေး အချို့ကို ပိုင်ဆိုင် ထားသော သားရဲမျိုး ဖြစ်ကာ၊ မီးစွမ်းအင်ကို ထုတ်ဖော် တိုက်ခိုက် နိုင်သည်။
လည်ဆံမွေး၊ အကြေးခွံနှင့် အမြီးမှာ နဂါးကို ကိုယ်စား ပြုပြီး၊ မီးတောက်များ ထုတ်လွှတ် နိုင်၏။
အထူးသဖြင့် သူ၏ ခွာများနှင့် လည်ဆံမွှေး တစ်ဝိုက်တွင်၊ မီးလျှံများ တောက်ပ နေတက်သည်။
သို့သော် ၎င်းသားရဲ များသည် အေးချမ်းသော သတ္တဝါများ ဖြစ်ပေရာ၊ အသား စားခြင်းမှ ရှောင်ကျဉ် ကြသည်။ )
ထို့ကြောင့်၊ ၎င်း၏ မြင့်မြတ်သော နတ်ဆိုး ရောင်ဝါ အောက်တွင်၊ ဓားနန်းတော်၏ မြင်းများမှာ ရပ်တည်ရန် မဖြစ်နိုင် ကြပေ။
လျိုဖန်းကို ကြည့်ကာ ဝမ်ရန်းဘိုက ပြုံးပြီး၊
" မင်း မနေ့က သန်မာတယ် မဟုတ် ဖူးလား၊ အခု ငါ့ကို တွေ့တာနဲ့၊ ဘာလို့ မတည် မငြိမ် ဖြစ်နေ ရတာလဲ။ "
"ဟား ဟား ဟား။ "
ဝမ်ရန်းဘို စကားကြောင့်၊ ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များ အားလုံး၊ ရယ်မော လိုက်ကြသည်။
ဓားနန်းတော်သည် မွေးနေ့ပွဲ အတွင်း၊ မီးမောင်း ထိုးပြ ခံရ ပြီးနောက်၊ ယခု ကဲ့သို့ လှောင်ပြောင်ရန်၊ အခွင့် အရေး ရခဲ့ သည်မှာ၊ မဆိုး လှပေ။
မင်းသမီး စံအိမ် အထွက်တွင်၊ အသွား အလာ များပြား လှသည် ဖြစ်ရာ၊ အနည်း ငယ်သော ပျက်လုံး သည်ပင်၊ ဓားနန်းတော်ကို လက်စား ချေရာ ရောက်နိုင်မည်။
လင်းယွန်က စကား တစ်ခွန်းမှ ဝင်ရောက် ပြောဆိုခြင်း မရှိ ခဲ့ဘဲ၊ နဂါးသွေး မြင်း၏ လည်ပင်းကို၊ အသာ အယာ ပုတ်လိုက်သည်။
ရုတ်တရက်၊ နဂါးသွေး မြင်းမှ နတ်ဆိုး ရောင်ဝါများ တောက်ပ လာသည်။
ကျင့်ကြံသူ များကိုပင် ကြောက်လန့် စေသည့် ထိုရောင်ဝါမှာ၊ အနက်ရောင် မြင်းဆိုးများ ဆီသို့၊ ဦးတည်သွား၏။
နဂါးသွေး မြင်းသည်၊ စစ်မှန်သော နဂါး မျိုးဆက်သွေး အနည်းငယ်ကို၊ ပိုင်ဆိုင် ထားသည် ဖြစ်ရာ၊ ချီလင်မှ တဆင့် ပေါက်ပွား လာသော၊ အနက်ရောင် မြင်းဆိုး များမှာ၊ တုပ နိုင်စရာ နည်းလမ်း မရှိပေ။
ကြောင်နှင့် ခွေးများက ကျား၏ အကြည့်ကြောင့် တုန်လှုပ် သွား သလိုပင်။
အနက်ရောင် မြင်းဆိုး များက၊ ဘိုးဘေး ရှေ့ရောက်ရှိ သွားသော လူငယ် လေးများ ကဲ့သို့၊ ကြောက်ရွံ့ မှုများ ရုတ်တရက် ဖြစ်ပေါ် လာသည်။
" ဘာတွေ ဖြစ်နေတာလဲ။ "
ဝမ်ရန်းဘိုက တည်ငြိမ်မှု ပျောက်ဆုံး လာသော မြင်းများ ကြောင့်၊ အံ့သြ သွားသည်။
ဇာတ်ကြိုး များကို တင်းတင်း ကြပ်ကြပ် ဆွဲကိုင် လိုက်ကာ၊ ကြောက်ရွံ့ စိတ်များ ပျောက်ကွယ် သွားအောင်၊ ကြိုးစား လိုက်၏။
ရုတ်တရက် နဂါးသွေး မြင်း၏ ဦးချို ပေါ်တွင်၊ လျှပ်စီး ကြောင်းများ တဖျပ်ဖျပ် ခတ်လာပြီး၊ ရုတ်ချည်း ထူးဆန်းသော အလင်းများ လင်းလက် လာလေသည်။
ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး၊ ကျယ်လောင်စွာ ဟိန်းဟောက် လိုက်သည်နှင့်၊ နေရောင် အောက်ရှိ နဂါးသွေး မြင်း၏ အမွေး များ၌၊ ကြက်သွေးရောင် အလင်းများ ဖြာထွက် လာ၏။
ထိုဟိန်းဟောက် သံကြောင့်၊ အနက်ရောင် မြင်းဆိုး များက၊ မြေပြင် ပေါ်သို့ တုန်ယင်စွာ ဝပ်တွား သွားသည်။
ကျောများ ပေါ်ရှိ၊ ရှေးဟောင်း တာအို ဂိုဏ်းဝင် များကို၊ သူတို့နှင့် အတူ မြေပြင် ပေါ်သို့၊ လိုက်ပါ လဲကျ စေကုန်သည်။
ယင်းကြောင့် ဝမ်ရန်းဘိုနှင့် အခြား သူများက၊ လဲကျ သွားရာမှ၊ အလူး အလဲ ကုန်းထ လိုက်ရ၏၊ ထိခိုက်မှု တစ်စုံ တစ်ရာ၊ မရရှိ ခဲ့သော် ငြားလည်း၊ အရှက်ဖွယ် ဖြစ်လာ ခဲ့သည်။
ထိုမျှမက အနက်ရောင် မြင်းဆိုး များမှာ၊ သူတို့၏ တင်ပါး များကို လှုပ်ခါလျက်၊ နဂါးသွေး မြင်းကို မျက်နှာချို သွေးလာ ကြသည်။
၎င်းသည် ခွေးငယ် လေးများ သခင်ကို တွေ့လိုက်ရ သကဲ့သို့၊ ပလူး ပလဲ နိုင်လှ ပေ၏။
သူတို့ အတွက်မူ နဂါးသွေး မြင်းသည် ချီလင် သားရဲနှင့်၊ အဆင့် တူ၌ ရှိသော ဘိုးဘေးကြီးတစ်ဦး ပေပင်။
နာမည် ဆိုးဖြင့် ကျော်ကြား လှသော၊ အနက်ရောင် မြင်းဆိုး များ၏၊ အပြု အမူများ ကြောင့်၊ ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့် များမှာ၊ မျက်နှာများ နက်မှောင် လာသည်။
'' ဟီး.....ဟစ် ဟစ် ''
ဓားနန်းတော်မှ နိမ့်ကျသော မြင်း တစ်ကောင်က၊ သူတို့ကို ကြည့်ကာ၊ ရယ်မော နေလေသည်။
" ဘာတွေ ဖြစ်နေ တာလဲ၊ အနက်ရောင် မြင်းဆိုး တွေက ဘာလို့ မလှုပ်တော့ တာလဲ။ ''
" မင်းမှာ မျက်လုံး မပါ ဖူးလား၊ အနက်ရောင် မြင်းဆိုး တွေက ဓားနန်းတော်ရဲ့ မြင်းတွေကို ကြောက်နေ တာလေ၊ လင်းယွန် စီးထားတဲ့ မြင်းကို ကြည့်၊ အဲ့ဒါက ယူနီကွန် အမျိုး အစား၊ နဂါးသွေး ပါတဲ့ မြင်း တစ်ကောင်ပဲ၊ သူ့ကို အနက်ရောင် မြင်းဆိုး ရှစ်ကောင်က ယှဉ်နိုင် စရာလား။ ''
( ယူနီကွန် ဆိုသည်မှာ နဖူး၌ ချိုတစ်ချောင်း ပါရှိသော ဒဏ္ဍာရီလာ မြင်း အမျိုး အစား ဖြစ်သည်။
ယူနီကွန် များမှာ၊ တကယ် မရှိပေ။ စိတ်ကူးယဥ် သားရဲ မျိုးစိတ် ဖြစ်သည်ဟု၊ ကမ္ဘာ့ သုတေသီ များက သတ်မှတ် ထားသည်။
ဗုဒ္ဓ ရာဇဝင် များတွင် 'သိင်္ဂဿ မြင်း' ဟုလည်း ခေါ်ဆို ကြသည်။ )
" အိုး၊ ဒါပေမယ့် ဒီမြင်း ဘာဖြစ် နေတာလဲ၊ သူ ရယ်နေ တာလား။ "
“ ဒီ မြင်းက ရယ်နေတယ်၊ ဟား ဟား ဟား ... ၊ မြင်း တစ်ကောင်က တကယ် ရယ်နေ တာပဲ၊ ဟား ဟား ဟား ကြည့်ပါဦး ...၊ သူရယ်တဲ့ ပုံက တကယ်ကို စက်ဆုပ် ဖွယ်ပဲ။ ''
" ဟား ဟား ဟား၊ ဒီနေ့ အလင်း ရစေ ပါတယ်၊ရှေးဟောင်း တာအို ဂိုဏ်းက မြင်း တစ်ကောင်ရဲ့၊ အရှက် ခွဲတာကို ခံနေ ရတာပဲ၊ ကိုယ်တိုင် မမြင် ရရင်၊ ယုံမိမှာ မဟုတ်ဘူး။ ”
" လင်းယွန်က ဒီလို မြင်း တစ်ကောင်ကို၊ သူ့ဘယ်လို ရခဲ့ တာလဲ၊ ဒါက ရယ်စရာ ကောင်းလွန်းတယ်။ ”
အနီး နားရှိ ကျင့်ကြံသူ များက၊ နဂါးသွေး မြင်းကို ကြည့်မိ ပြီးနောက်၊ ရယ်မော ခြင်းကို မထိန်းနိုင် ကြတော့ပေ။
လျိုဖန်းက သူ့မြင်းကို ပုတ်ကာ ပြုံးလျက်၊ အနက်ရောင် မြင်းဆိုး များထံ၊ လှမ်းသွား လိုက်သည်။
" ဝမ်ရန်းဘို ငါ့ရဲ့ဓားနန်းတော်က မွေးနေ့ ပွဲကို လွှမ်းမိုး နိုင်ခဲ့ ပေမယ့်၊ မင်း ဒီလောက်ယဉ်ကျေး နေစရာ မလို ပါဘူး၊ ငါတို့ကို ဒီအနက်ရောင် မြင်းဆိုး တွေ ပေးအပ် နေတာလား၊ လက်မခံ ပါရ စေနဲ့၊ မင်းရဲ့ လက်ဆောင်ကို ငါ ငြင်းပါ ရစေ၊ သွားကြ ရအောင်၊ ဟား ဟား ဟား။ "
ဓားနန်းတော်က ထွက်ခွာ သွားချိန်တွင်၊ ပတ်ဝန်း ကျင်မှ ရယ်မော သံများ၊ ဆူညံစွာ ထွက်ပေါ် လာလေသည်။
" ထွက်သွားစမ်း၊ မင်းတို့က ဘာတွေ ကြည့်နေ တာလဲ။ ''
" မင်း ဘာရယ် တာလဲ၊ မင်း ဆက်ပြီး ရယ်ဝံ့ရင်၊ ငါလည်း သတ်ဝံ့တယ်။ "
ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့် များက၊ သူတို့အား ရယ်မော နေကြသော သူများကို၊အော်ဟစ် ကြိမ်းမောင်း လိုက်ကြသည်။
ရှေးဟောင်း တာအို ဂိုဏ်းသည်၊ ဂုဏ်သိက္ခာ ရှိသော ဂိုဏ်းလေး ဂိုဏ်း အနက်မှ၊ တစ်ဂိုဏ်းဖြစ်လေရာ၊ လူတိုင်းက ရယ်မော ခြင်းကို ချက်ချင်း ရပ်တန့် လိုက်ရသည်။
သို့သော် ရှေးဟောင်း တာအို ဂိုဏ်းမှာမူ၊ အလွန် အရှက်ရ နေဆဲပင်။
ဤဇာတ်လမ်းသည် မဟာချင် အင်ပါယာ တခွင်၊ ပျံ့နှံ့ သွားတော့ မည်ကို သူတို့ သိနိုင်သည်။
ဝမ်ရန်းဘို၏ မျက်နှာမှာ မည်းမှောင် သွား၏။ ထွက်ခွာ သွားသော လျိုဖန်း အဖွဲ့၏ နောက်ကျောကို ကြည့်ကာ၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ တောက်လောင် လာလေသည်။
သူ့ လက်သီး များကို ကျစ်ကျစ် ပါအောင် ဆုပ်ကိုင် လိုက်ပြီး၊
" အခု မင်းကို ရယ်ခွင့် ပြု ထားလိုက်မယ်။ "
-ဟု ဆိုလိုက်၏။
***