ငါက သွေးဆာ နေတဲ့ သားသတ် သမား မဟုတ်ဘူး။
Vol. 25 Ch. 343
မြင်း တစ်ကောင်၏ နှိမ့်ချ ဆက်ဆံ ခံရသော ဇာတ်လမ်းသည် မဟာချင် အင်ပါယာ တခွင်၊ ပျံ့နှံ့ သွားတော့ မည်ကို သူတို့ သိသည်။
ထွက်ခွာ သွားသော လျိုဖန်း အဖွဲ့၏ နောက်ကျောကို ကြည့်ကာ၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ တောက်လောင် လာလေသည်။
သူ့ လက်သီး များကို ကျစ်ကျစ် ပါအောင်ဆုပ်ကိုင် လိုက်ပြီး၊
" အခု မင်းကို ရယ်ခွင့် ပြုထား လိုက်မယ်။ "
ဟု ရေရွတ် လိုက်သည်။
မြို့တော်မှ ဓားနန်းတော်သို့ အပြန် ခရီးသည်၊အနည်းဆုံး သုံးရက်နှင့် အများဆုံး ခုနစ် ရက်ခန့် ကြာမည် ဖြစ်သည်။
မြို့တော်မှ ထွက်ခွာပြီး၊ နောက်တစ်နေ့တွင် လေထု ထဲရှိ၊ လွဲမှား နေသော အရာ အချို့ကို၊ လျိုဖန်းနှင့် ရှင်ဂျူးက၊ ချက်ချင်း သတိထား မိလိုက်သည်။
နှစ်ယောက်သား စကား တစ်ခွန်းမှ မပြောဘဲ၊ ဂိုဏ်းဆီသို့ တက်နိုင် သမျှ၊ မြန်မြန် နီးကပ် နိုင်ရန်၊ အရှိန် မြှင့်တင် လိုက်၏။
သို့သော် သုံးရက်မြောက် နေ့တွင်၊ အဖွဲ့ကို ဦးဆောင်လျက်၊ ဒုန်းဆိုင်း စီးနင်း နေသော၊ လျိုဖန်းနှင့် ရှင်းဂျူက၊ တုန့်ခနဲ့ ရပ်တန့် သွားသည်။
တန်တုံက '' အကြီးအကဲ လျို ဘာကိစ္စ ရှိလို့လဲ' ဟု၊ မေးမြန်း လိုက်သည်။
လျိုဖန်းက စကား တစ်ခွန်းမျှ ပြန်မဖြေ ခဲ့ဘဲ၊ ရှင်းဂျူကို လှည့်ကြည့် လိုက်သည်။ ရှင်းဂျူက ရုတ်တရက် ကောင်းကင်သို့၊ ပျံတက် သွားပြီး၊ တိမ်ယံများ အတွင်း ပျောက်ကွယ် သွား သည်။
ရှင်းဂျူ၏ ရုတ်တရက် ပေါက်ကွဲ စွမ်းအားကြောင့် လင်းယွန်က အံ့သြ သွား၏။ နက်နဲ ဒဿမ အဆင့် ခွန်အားမှာ၊ တကယ်ပင် ကြောက်စရာ ကောင်းလှ ပေသည်။
လေးနက်သော ခြေလှမ်း ခုနစ်လှမ်း ဖြင့်ပင်၊ တက်ရောက် နိုင်ခြင်း မရှိသော အမြင့် သို့တိုင်၊ ရှင်းဂျူမှာ ပျံသန်း သွား နိုင်သည်။
ယင်းမှာ သူတို့ နှစ်ဦးကြား၊ ကျင့်ကြံမှု ကွာခြား သောကြောင့် လည်း၊ ဖြစ်သည်။
သူ့၌ လုံလောက်သော မူလ စွမ်းအင် သာရှိ ပါက၊ ဤအကွာ အဝေးသို့ ခုန်တက်နိုင် မည်ဟု ထင်၏။
လက်ထဲ၌ ငှက်သေ တစ်ကောင်ကို ဆုပ်ကိုင်လျက်၊ ရှင်းဂျူက ပြန်လည် ဆင်းသက် လာခဲ့သည်။
ထိုငှက်သည် သာမန်ငှက် တစ်ကောင် မျှသာ ဖြစ်ပြီး၊ နတ်ဆိုး သားရဲ မျိုးပင် မဟုတ်ပေ။
သို့သော် ရှင်းဂျူက ထိုငှက်ကို ဆုပ်ချေ ပစ်လိုက်သော အခါတွင်၊ လူတိုင်း မျှော်လင့် နေသော သွေးမြူးများ ထွက်ပေါ် လာခြင်း မရှိပဲ၊ ယန္တရား အပိုင်းအစ များသာ ထွက်ပေါ် လာသည်။
'' ဒါက ယန္တရား ရုပ်သေး ငှက်ပဲ။ ''
၎င်းအား ချေမွှ ပြီးနောက်၊ ရေးထွင်း ထားသော ဝိညာဥ် 'ရူရ်' များကို၊ စွမ်းအင်များ ပေးပို့ အသက်ဝင် စေသော၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း တုံးအား၊ ရှင်းဂျူက ထုတ်ယူ ပြသ လိုက်သည်။
လင်းယွန်က မျက်ခုံးပင့် လိုက်၏။ တစ်ချက် ကြည့်လိုက် ရုံဖြင့်၊ ဝိညာဉ် စွမ်းအင်များ ပါရှိသော ရူရ် များမှာ၊ အစီအရင် တစ်ခု အဖြစ် ဖွဲ့စည်းရန်၊ တစ်ခုနှင့် တစ်ခု ချိတ်ဆက် ထားသည်ကို၊ သူ မြင်လိုက် ရသည်။
'' ဒါက ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ ယန္တရား သားရဲပဲ၊ ဒီငှက်က မြို့တော် ကနေ ထွက်လာ ကတည်းက၊ ငါတို့ နောက်ကို လိုက်နေတာ။ ''
ဟု ရှင်းဂျူက သက်ပြင်း ချကာ၊ ဆိုလိုက်သည်။
လျိုဖန်း၏ မျက်နှာမှာ မည်းမှောင် နေပြီး၊ လူသတ် လိုသော အရိပ် အယောင်များ၊ ထွက်ပေါ် လာသည်။
'' ငါတို့က ကြောက်နေ တယ်လို့၊ တကယ် ထင်နေ တာလား။ ''
လျိုဖန်းက သူ့အိတ် ထဲရှိ၊ ကျောက်စိမ်းပြား တစ်ပြားကို ထုတ်၍၊ ချေမွ ပစ်လိုက်သည်။
လေးနက်သော အမူ အရာကို၊ ထုတ်ဖော် ထားသော လျိုဖန်းကြောင့်၊ လူတိုင်း၏ မျက်နှာ များမှာ၊ ပြောင်းလဲ သွားကုန်၏။
ရှေးဟောင်း တာအို ဂိုဏ်းသည်၊ ဤသို့ လုပ်ကြံရန် ကြိုးစား လာလိမ့် မည်ဟု၊ သူတို့ မမျှော်လင့် ထားမိပေ။
ရုတ်တရက် ကောင်းကင် ကြီးမှာ၊ မှောင်မဲ လာပြီး၊ ကြီးမားသော အနက်ရောင် ငှက်များ ပျံဝဲ ထွက်ပေါ် လာလေသည်။
ထိုငှက်ကြီးများ ထံမှ၊ သေးငယ်သော ငှက်ငယ် ကလေးများ၊ မိုးရွာ သကဲ့သို့ လျင်မြန်စွာ ကျဆင်း လာ၏။
" ရှောင် ကြ ...အဲဒါ ရှေးဟောင်း တာအို ဂိုဏ်းရဲ့ 'ဓားနက် ကျီးကန်း' ပဲ။ ''
လျိုဖန်းက အော်ဟစ် သတိပေး လာသည် ကြောင့်၊ ရှင်းဂျူနှင့် အဖွဲ့မှာ၊ လျင်မြန်စွာ နောက်ဆုတ် လိုက်ရသည်။ မြင်းများ မှာမူ ထိတ်လန့် တကြား၊ ကဆုန်ပေါက် ထွက်ပြေး သွားကြ ကုန်၏။
ဓားနက် ကျီးကန်း များက မြေပြင်ကို ထိမှန် မိပြီးနောက်၊ ပေါက်ကွဲ သွားသည်။ ဆက်တိုက် ဆိုသလို ပေါက်ကွဲ သံများ ဖုံးလွှမ်း လာပြီး၊ မြေပြင်ကို တုန်ခါ လာစေ ခဲ့၏။
လျိုဖန်းနှင့် ရှင်းဂျူမှ လွဲ၍၊ မည်သူ မဆို ထိုပေါက်ကွဲမှု အတွင်းကျ ရောက်သွား ပါက၊ သေဆုံး နိုင်ပေသည်။
ယန္တရား ရုပ်သေး ငှက်ကိုသာ၊ သတိ မထား မိပါလျှင်၊ သူတို့ အခြေ အနေမှာ၊ မည်မျှ ဆိုးရွား သွားမည်ကို၊ တွေးကြည့် မရ နိုင်ခြေ။
ပေါက်ကွဲ မှုကြောင့် စွမ်းအင် အတက် အကျ လှိုင်းများ ဖြစ်ပေါ် နေပြီး၊ တန်တုံနှင့် ကျန်သူ များကို စိတ်မသက် မသာ ဖြစ်လာ စေ၏။
ဖုန်မှုန့် များကြား၊ စူးစိုက် ကြည့် လိုက်ရာ၊ ဘေးကင်းစွာ ထွက်ခွာ သွားသော၊ နဂါးသွေး မြင်းကို မြင်လိုက် ရသဖြင့်၊ လင်းယွန်က စိတ် သက်သာရာ ရသွားသည်။
တစ်ချိန်တည်း မှာပင် သတ်ဖြတ် လိုသော ဆန္ဒများ တောက်ပ လာ၏။ ရှေးဟောင်း တာအို ဂိုဏ်းမှာ၊ ကောက်ကျစ် ကြမ်းကြုတ်သူ ဖြစ်သည်။ ဂရု မစိုက် မိပါလျှင် သေဆုံး ရပေမည်။
'' ဟိတ် ...... ။ ''
စူးစူး ရှရှ ကြုံးဝါးသံ နှင့်အတူ၊ မျက်နှာဖုံး တပ်ဆင် ထားသော၊ ပုံရိပ် လေးရိပ် ကောင်းကင်မှ ဆင်းသက် လာသည်။
ထိုပုံရိပ် ရှင်များက၊ နားမလည် နိုင်သော အရိပ် အယောင်ကို ထုတ်လွှတ် ထားကြသည်။
၎င်းတို့တွင် လူ အများ အပြား မပါရှိ သော်လည်း၊ သူတို့ အားလုံးမှာ ခရမ်းရောင် နန်းတော် နယ်မြေတွင် ရှိနေ ကြသည်။
ထိုသူ လေးယောက်ကို မြင်လိုက် ရပြီးနောက်၊လျိုဖန်း၏ နှလုံးသားမှာ တုန်လှုပ် သွားသည်။
မွေးနေ့ပွဲ မစခင် ၌ပင်၊ ရှေးဟောင်း တာအို ဂိုဏ်းက၊ သူတို့၏ လုပ်ကြံ သတ်ဖြတ် မှုကို၊ စီစဉ် ထားခဲ့ ပုံရ၏။
နှစ်ရက် အတွင်း ခရမ်းရောင် နန်းတော် သိုင်းသမား များကို စုဆောင်း ရန်မှာ၊ တဆိတ် မြန်ဆန် လွန်းလှ ပေသည်။
သူ၏ မျက်နှာမှာ နစ်မြုပ် သွား၏၊ ရှေးဟောင်း တာအို ဂိုဏ်းသည် သူတို့၏ အမူအကျင့် များကို၊ နှစ်ပေါင်း ရာကျော် ကြာပြီး သည့်တိုင်၊ ပြောင်းလဲ ကျင့်သုံး ချင်ပုံ မရခြေ။
( နစ်မြုပ်= အတွေးထဲ နစ်ဝင် သွားသည်၊ စျာန်ဝင်သည်။)
'' ကောက်ကျစ်တဲ့ ရှေးဟောင်း တာအို ဂိုဏ်းသားတွေ ငါတို့ကို အလွယ် တကူ အနိုင် ယူလို့ ရမယ် ထင်နေလား ဟမ့်။ ''
'' ငါတို့က ရှေးဟောင်း တာအို ဂိုဏ်းက မဟုတ်ဘူး၊ မင်းတို့ကို သတ်ဖို့၊ ငါတို့ ဒီမှာ ရောက်နေတယ် ဆိုတာ၊ မင်းသိထား ဖို့ပဲ လိုတယ်။ "
အနက်ဝတ် လူက မျက်နှာဖုံး အောက်မှ၊ ကြောက်မက်ဖွယ် ကောင်းသော သတ်ဖြတ်ခြင်း၊ အငွေ့ အသက်ကို ထုတ်ဖော် ပြသ လိုက်သည်။
ထိုအနက်ဝတ် အသံရှင်မှာ၊ ဝမ်ရန်းဘို လေသံဖြင့် တူသောကြောင့်၊ လင်းယွန်က မျက်ခုံးပင့် လိုက်၏။ ဤမြေခွေး အိုကြီးက၊ အပေါစား ပြက်လုံး များကို၊ ထုတ်သုံး နေခဲ့သည်။
ဝမ်ရန်းဘိုက သူ့ အကြည့်ကို လင်းယွန် ပေါ်သို့ လှည့်လိုက်သည်။
လင်းယွန်ကို မြင်သည်နှင့်၊ သူ့နှလုံးသား ထဲတွင် လူသတ် လိုသော အရိပ် အယောင်များ တိုး၍ လာခဲ့သည်။ သူက၊
'' ဒီအဖိုးကြီးကို ငါကိုင်တွယ် ထားမယ်၊ မင်းတို့ သုံးယောက် သွားပြီးတော့ လင်းယွန်ကို သတ်လိုက်။ "
ဝမ်ရန်းဘိုက ဓားကို ဆွဲထုတ်ပြီး၊ လျိုဖန်းအား စတင် ခုတ်ပိုင်း လိုက်သည်။ သူ့ ဓားထံမှ အေးစက်သော ရောင်ဝါများ ထုတ်လွှတ် လာလေသည်။
" မိုးကောင်းကင် လက်များ။ "
လျိုဖန်းက သူ့ လက်ချောင်း များကို ပုတ်ထုတ် လိုက်ပြီး၊ ဝမ်ရန်းဘို၏ ဓားချက်အား ဟန့်တား၊ ဖျက်ဆီးပစ် လိုက်သည်။
'' ငါတို့ နောက်ဆုံး တိုက်ပွဲ ဖြစ်ပြီး ခဲ့တာ နှစ်အနည်းငယ် ကြာခဲ့ ပါပြီ၊ မင်းက ပိုသန်မာ လာပုံပဲ။ ''
ဝမ်ရန်းဘိုက ပြုံးကာ ဆိုလိုက်သည်။ သူတို့ နှစ်ယောက် ရင်ဆိုင် လိုက်သော အခါတွင်၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ အခြားအကြီးအကဲ သုံးဦးမှာ၊ လင်းယွန် ဆီသို့ ပြေးသွား ကြ၏။
လျှပ်စီးလက် သကဲ့သို့၊ သူ့ဓားကို ရှင်းဂျူကဆွဲထုတ် လိုက်ကာ၊ သူတို့ ထဲက တစ်ယောက်ကို ဟန့်တား လိုက်သည်။
ကျန်နှစ်ယောက်က ဆက်လက် တိုးဝင်လာ သောကြောင့်၊ ရှင်းဂျူက အော်ဟစ် သတိပေး လိုက်သည်။
'' သူတို့ကို အခွင့် အရေး မပေးနဲ့၊ ဂျူနီယာ ညီလေးကို ကာကွယ်ဖို့ သတိ ရပါ၊ ငါတို့ရဲ့ အကူတွေ မကြာခင် ရောက်လာ တော့မယ်။ ''
" နားလည် ပါပြီ။ "
တန်တုံနှင့် အခြားသော သူများမှာ၊ ထိတ်လန့်နေကြ သော်လည်း၊ ၎င်းတို့မှာ ဓားနန်းတော်၏ အထက် တန်းစားများ ဖြစ်လေသည်။
ထို့ကြောင့် လျင်မြန်စွာ အားသွင်းပြီး၊ ဓားများကို ဆွဲထုတ်လျက်၊ တုံ့ပြန်ရန် ပြင်လိုက် ကြသည်။
" ဂျူနီယာ မောင်လေးကို ကာကွယ်ပါ။ "
ရှင်းယန်က ဦးဆောင်ကာ၊ ဓားများ ဆွဲလျက်၊ လင်းယွန်ကို ကာကွယ်ရန် ဝိုင်းရံခဲ့ ကြသည်။
" ဘယ်လောက် တောင် မိုက်မဲ လိုက်လဲ။ ''
အနက်ဝတ် အမျိုးသား နှစ်ဦးက လှောင်ပြောင် ရေရွတ် လိုက်ကာ၊ ဟန်တား လာသော ရှင်းယန်နှင့် အဖွဲ့ကို၊ စတင် တိုက်ခိုက် တော့သည်။
၎င်းတို့၏ မူလ စွမ်းအင် များမှာ၊ လှိုင်းထ လာပြီး၊ ရှင်းယန်နှင့် အဖွဲ့ အပေါ် ကြီးမားသော ဖိအားများ၊ ဖြစ်ပေါ် လာစေ၏။
" ထွက် သွား ....။ "
သူတို့ ထဲရှိ တစ်ယောက်က၊ မူလ စွမ်းအင်ဖြင့် ဖန်တီး ထားသော၊ ခရမ်းရောင် လက်ဖဝါး ကြီးကို ထုတ်လွှတ် လိုက်သည်။
ထိုလက်ဖဝါး ကြီးမှာ၊ တောင်ပူစာ တစ်လုံး ကဲ့သို့၊ ကောင်းကင်ကို ဖုံးလွှမ်း သွားပြီး၊ ရှင်းယန်နှင့် အခြားသူ များအပေါ် ပြိုကျ သွားသည်။
မူလ စွမ်းအင် လက်ဖဝါး ကြီး၏ ဖိအား ကြောင့်၊ လူတိုင်း လွင့်ထွက် သွားကာ၊ နှုတ်ခမ်း ထောင့်မှ၊ သွေးများ ယိုစီးကျ လာ၏။
မြေပြင် ပေါ်သို့ ဆင်းသက် လိုက် ချိန်တွင်၊ အတွင်း အင်္ဂါများ ပေါက်ပြဲ သွားသော ကြောင့်၊ သွေးများ အန်သွား ကြသည်။
လင်းယွန်က ဒူးတစ်ဖက် ထောက်လျက် အနေ အထားဖြင့်၊ ရင်ဘတ်ကို ဆုပ်ကိုင် ထား၏။
ခရမ်းရောင် နန်းတော် သိုင်းသမား နှစ်ယောက်ကို၊ ရင်ဆိုင်ရန် နည်းလမ်း မရှိပေ။
ယင်းသည် ၎င်းတို့ထက် နယ်ပယ် တစ်ခုလုံး ကွာဟ ပေ၏၊ ဆိုလို သည်မှာ လုပ်ကြံ သတ်ဖြတ်သူ နှစ်ဦး၏ မူလ စွမ်းအင် များကို၊ ရင်ဆိုင် ရသော အခါတွင်၊ သူတို့၏ မူလ စွမ်းအင် များမှာ၊ အချည်း အနှီးသာ ဖြစ်ပွား ခဲ့သည်။
ခရမ်းရောင် နန်းတော်ကို ဖွဲ့တည် ပြီးနောက်၊မည်မျှ ထိတ်လန့် စရာ ကောင်းမည်ကို၊ တွေးကြည့်နိုင် လေပြီ။
'' ဘယ်လို လူမိုက် တွေလဲ၊ ခရမ်းရောင်
နန်းတော် နယ်မြေက ဘယ်လောက်ထိ ကြောက်စရာ ကောင်းလဲ ဆိုတာ မသိ ဖူးလား။ ''
အနက်ဝတ် သိုင်း သမားကြီး နှစ်ယောက်က ရယ်မော လိုက်ကြသည်။ စောင့်ဆိုင်း နေမည့် အစား ချက်ချင်းပင် လင်းယွန်ထံ တိုးဝင် သွားသည်။ လင်းယွန်ကို တတ်နိုင် သမျှ၊ အမြန်ဆုံး ဖယ်ရှား ပစ်ဖို့ရန် လိုပေမည်။
'' ဟမ့် ... ခရမ်းရောင် နန်းတော် သိုင်းသမား တွေကို၊ အရင်က မတိုက်ခိုက် ဖူးဘူးလို့၊ ထင်နေလား၊ ငါ့မောင် ငယ်ကို သတ်ချင်ရင်၊ ငါ့ကို အရင် ဖြတ်ကျော်ပါ။ "
ရှင်းယန်မှ အေးစက်သော ရောင်ဝါ တစ်ခု ထွက်ပေါ် လာသည်။ စက္ကန့် ပိုင်းလေး အတွင်း မှာပင်၊ ကြက်သွေးရောင် မီးလျှံများ တောက်လောင် နေသည့် ဓားဖြင့်၊ သုံးကြိမ် တိတိ ခုတ်ပိုင်း လိုက်၏။
" သူတို့ကို ထိန်းထား။ "
ရှင်းယန်၏ အရှိန် အဝါမှာ၊ ကြက်သေ သေနေသော တန်တုံတို့ အဖွဲ့ကို၊ ပုတ်နှိုး လိုက်သည်။
အနက်ဝတ် သိုင်း သမားကြီး တစ်ဦးက ရုတ်တရက် သူ့ ကျောရိုး တစ်လျှောက် အေးစက် လာသော ခံစား ချက်ကြောင့်၊ ခေါင်းမော့ ကြည့် လိုက်သည်။
ရှင်းယန်နှင့် အခြား တပည့် သုံးဦးက၊ သူ့နောက်ကို မကြောက် မရွံ့၊ တွန်းအား ပေးလာ သည်ကို၊ တွေ့လိုက် ရ၏။
သူက မျက်မှောင်ကြုတ် လိုက်ကာ၊
'' ဓားနန်းတော်ရဲ့ တပည့် တွေက တကယ်ပဲ သတ္တိ ရှိနေ တာကိုး၊ ငါ ဒီလူပြက် လေးတွေကို
ကိုင်တွယ်မယ်၊ မင်း သူ့ကို သွားသတ်။ ''
'' အဆင်ပြေ တယ်။ ''
အနက်ဝတ် သိုင်း သမားကြီး နှစ်ယောက်က၊ လင်းယွန်ကို ကြည့်ကာ၊ တာဝန်များ ခွဲယူ လိုက်သည်။
ရှင်းယန်နှင့် အဖွဲ့မှာ သူတို့၏ အသက်ကိုပင် စိုးရိမ်ခြင်း မရှိဘဲ၊ အနက်ဝတ် လူကို ချုပ်နှောင်ရန် ကြိုးစား နေသည်ကြောင့်၊ လင်းယွန်က သူတို့ အတွက် စိုးရိမ် သွားသည်။
သို့သော် ထို့ထက် ပို၍ တွေးတော နေချိန် မရ တော့ပေ။ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ကွပ်မျက် လိုက်ပြီး၊ နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ်အား ဖြစ်ပေါ် လိုက်ရ၏။
လင်းယွန်က မီတာ တစ်ရာ အကွာသို့၊ ပျံသန်း ဆုတ်ခွာလိုက် ချိန်၌၊ သူ ချန်ရစ် ခဲ့သော ပုံရိပ် များကို၊ လက်ဖဝါးကြီး တစ်ဖက်က ဖျက်ဆီး သွားသည်။
၎င်းတို့၏ မူလ စွမ်းအင်မှာ တူညီသော အဆင့်၌ မဟုတ် သောကြောင့်၊ ဒရာကိုဖီ ခန္ဓာ ကိုယ်သာ မရှိ ပါက၊ ပြင်းထန်စွာ ဒဏ်ရာ ရရှိ သွားမည် ဖြစ်သည်။
( ဂိုဏ်းက ဒီကလေးကို သေစေ ချင်နေတာ၊ အံ့သြ စရာတော့ မဟုတ် ဖူးပဲ၊ သူက ငါ့ရဲ တိုက်ခိုက်မှု ကနေ တောင်၊ လွတ်မြောက် အောင် စွမ်းဆောင် နိုင်တယ်။ )
သူ၏ တိုက်ခိုက်မှုမှ လွတ်မြောက် နိုင်ခဲ့သည့် အတွက်၊ လင်းယွန် အပေါ် အံ့အားသင့် သွားသည်။ သို့သော်။
" တိမ်မိစ္ဆာ လက်သီး "
အနက်ဝတ် သိုင်းသမား ကြီးက ကောင်းကင်သို့ ခုန်တက် သွားကာ၊ လက်သီးကို လင်းယွန်ထံ ထပ်မံ ပစ်ချလိုက် ပြန်သည်။
အနက်ရောင် မူလ စွမ်းအင် များမှာ၊ ကြီးမားသော လက်သီး ကြီးနှင့်၊ ပေါင်းစပ် သွားပြီးနောက်၊ တောင်ကြီး တစ်လုံးလို ပြိုကျ သွား၏။
ယခု တစ်ကြိမ်တွင် သူ့အား ဟန့်တား မည့်သူ မရှိ သောကြောင့်၊ လင်းယွန် အပေါ် အပြည့် အဝ အာရုံစိုက် နိုင်ခဲ့သည်။
ကောင်းကင်မှ ကျဆင်း လာသော လက်သီးထံ၊ လင်းယွန်က တစ်ချက် မော့ကြည့်ကာ၊ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ပြီး၊ သခင်ဓားအား ချက်ချင်း ကွပ်မျက် လိုက်သည်။
သူ့ခန္ဓာ ကိုယ်ထဲတွင် သွေးများ ပွက်ပွက်ဆူ လာပြီး၊ လွှမ်းမိုး ကြီးစိုး နိုင်လွန်းသော ရောင်ဝါများ ပွင့်ထွက် လာကာ၊ အနက်ရောင် လက်သီး ကြီးကို ထိုးဖောက် သွား၏။
ဓားဖြင့် ဟန့်တား ခံလိုက်ရ သည်ကြောင့်၊ ကျဆင်း လာသော၊ အဆိုပါ လက်သီးကြီး၏ အဟုန်မှာ၊ အနည်းငယ် နှေးကွေး သွားသည်။
ထိုအချိန် မှာပင် ရွှေကျီးကန်း တံဆိပ်မှာ ပွင့်ထွက် လာပြီး၊ လင်းယွန်က ကောင်းကင်သို့ ခုန်တက်ကာ၊ ရှောင်တိမ်း ချိန်ရ လိုက်၏။
အနက်ရောင် လက်သီးက၊ မြေပြင်ပေါ် ကျရောက် သွား ပြီးနောက်၊ ကြယ်တစ်စင်း ကြွေကျလာ သကဲ့သို့၊ အနီး ပတ်ဝန်း ကျင်ရှိ ကျောက်တုံးကြီး များအား၊ ကြေမွှ လွင့်စင် သွားစေသည်။
လက်သီး အောက်မှ၊ လွတ်မြောက် သွားသော်လည်း၊ ရိုက်ခတ် လာသော စွမ်းအင် အကြွင်း အကျန်လှိုင်း များကို ချေဖြတ်ရန်၊ လင်းယွန်က၊ လေထဲ ၌ပင် လရောင် ရေစင် ဓားအား ထုတ်လွှတ် လိုက်ရသည်။
မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်ချိန်တွင်၊ ထပ်မံ ဝင်ရောက် လာမည့်၊ တိုက်ခိုက် မှုများ အပေါ်၊ ရှောင်တိမ်း နိုင်စွမ်း မရှိ တော့ပေ။
အနက်ဝတ် သိုင်းသမား ကြီးက ဒေါသ တကြီး လင်းယွန်ကို လှမ်းဆွဲကာ၊ ဖမ်းဆုပ် လိုက်သည်။
" သေ စမ်း .... "
စိတ်ရှည် သည်းခံ မှုများ မရှိ တော့ဘဲ၊ သူ၏ ကျင့်ကြံမှု အဆင့်ကို အသုံးချကာ၊ လင်းယွန်အား တိုက်ရိုက် ဖိနှိပ်ချင် လိုပုံ ရသည်။
ဤမျှ အန္တရာယ် များသော အခြေ အနေတွင်၊ လင်းယွန်က သူ့ဓားကို ရုတ်သိမ်း လိုက်ပြီး၊ ကြက်သွေးရောင် စစ်ပွဲ အလံငယ်ကို ထုတ်ယူကာ၊ အနီးကပ် တိုက်ပွဲဝင် ပုံစံ ငယ်သို့၊ ချက်ချင်း ပြောင်းလဲ လိုက်သည်။
ကြက်သွေးရောင် များဖြင့် ဖုံးအုပ် ထားသော အလံ ငယ်တွင်၊ ဓါးနှစ်ချောင်း ထွက်ပေါ် လာပြီး၊ တြိဂံ သဏ္ဍာန် ရုတ်တရက် ပြောင်းလဲ သွား၏။
လက်ထဲတွင် ကြက်သွေး မီးလျှံ စစ်ပွဲ အလံ ငယ်ကို ကိုင်ဆွဲလျက်၊ သွေးဆာ နေသော သားရဲ ကောင်ကြီး ကဲ့သို့၊ ချက်ချင်း ပြောင်းလဲ သွားသည်။
လင်းယွန်၏ နှလုံးသား ထဲရှိ သတ်ဖြတ် လိုသော ဆန္ဒ များကို သတိပြု မိသွား သည်နှင့်၊ ဓါးသွား အတွင်းမှ၊ သွေးဆာ နေသော တစ်စုံ တစ်ရာက၊ စတင် လှုပ်ခတ်လာ လေသည်။
လင်းယွန်၏ မျက်လုံး ရှေ့ မြင်ကွင်းမှာ၊ ရုတ်တရက် ပြောင်းလဲ သွား၏။ သွေးမြစ်အတွင်း လျှောက်လှမ်း နေရ သကဲ့သို့၊ ခံစား လိုက်ရသည်။
ဆိုလို သည်မှာ ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်က၊ လူပေါင်း များစွာ၏ အသက်ကို နှုတ်ယူ နိုင်ခဲ့ခြင်း ဖြစ်သည်။
တိုးဝင် လာသော အနက်ဝတ် သိုင်းသမား ကြီးထံ အလံငယ်ကို ထိုးချိန် လိုက်ပြီး၊
" မင်းကို ငါစောင့် နေတာ ကြာပြီ။ "
ဟု ရေရွတ် လိုက်တော့၏။
သတ်ဖြတ် ခြင်းကို မနှစ်သက် သော်လည်း၊ တစ်ယောက် ယောက်မှ၊ သူ့ကို သတ်ဖို့ရန် ကြိုးပမ်း လာပါက၊ ထိုသို့ မဟုတ် တော့ပေ။
ထိုအချိန်၌ အရိုးကို နင်းပြီး၊ သွေးဖြင့် မြစ် တစ်စင်းကို ဖန်ဆင်း ရပေ လိမ့်မည်။
***