စကြဝဠာ လက်နက်၏ စွမ်းပကား။
Vol. 25 Ch. 344
" မင်းကို ငါစောင့် နေတာ ကြာပြီ။ "
လင်းယွန်က အေးစက်စွာ ရေရွတ် လိုက်လေသည်။
သတ်ဖြတ် ခြင်းကို မနှစ်သက် သော်လည်း၊ တစ်စုံ တစ်ယောက်သည်၊ သူ့အား သတ်ဖြတ်ရန် ကြိုးစား လာပါက၊ ထိုသို့ မဟုတ် တော့ပေ။
ထိုအချိန်၌ အရိုးကို နင်းပြီး၊ သွေးဖြင့် မြစ် တစ်စင်းကို ဖန်ဆင်း ရပေ လိမ့်မည်။
အလံထိပ် ဖျားက လေဟာနယ်ကို ဆုတ်ဖြဲလျက်၊ လင်းယွန်အား အနက်ဝတ် သိုင်းသမားကြီးထံ ဆွဲခေါ် သွားသည်။
လျင်မြန်စွာ တိုးဝင် လာသော စကြာဝဠာ လက်နက်ကြောင့်၊ အနက်ဝတ် သိုင်းသမားကြီးမှာ အံ့သြ သွား၏။
ထို့ပြင် လင်းယွန်က စကြာဝဠာ လက်နက်ကို၊ ထုတ်ဖော် သုံးဆွဲလာ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။
သူ့ရှေ့တွင် ထူထဲသော ခုခံမှု အလွှာ၊ ကိုးလွှာ တိတိကို ဖွဲ့စည်းရန်၊ မူလ စွမ်းအင် များအား ဖြန့်ကျက် လိုက်သည်။
သို့သော် အလံငယ် ထိပ်ရှိ၊ တြိဂံ ထောင့်ချွန်း ပုံစံ အချွန်းက၊ အလွှာ ကိုးလွှာကို အလွယ် တကူ ဖြတ်လာသည်။
နောက်ဆုံး အလွှာကို ထိုးဖောက်ပြီး ချိန်၌၊ အနက်ဝတ် သိုင်းသမားကြီး ခန္ဓာ ကိုယ်တွင်၊ ခရမ်းရောင် ချပ်ဝတ်အား ထုတ်ဖော်ချိန် ရသွား ခဲ့သည်။
ကြမ်းရှသော စွမ်းအင်နှင့်၊ မူလ စွမ်းအင်ကို ပေါင်းစပ် ထားသော၊ ခရမ်းရောင် ချပ်ဝတ်မှာ၊ စကြာဝဠာ လက်နက်ကို ဟန့်တား ပြီးနောက်၊ များပြားသော အင်အား အောက်တွင်၊ အက်ကွဲ ကြောင်းများ၊ ချက်ချင်း ဖြစ်ပေါ် လာတော့သည်။
အနက်ဝတ် သိုင်းသမား ကြီးက၊ ချပ်ဝတ် ကွဲကြေ မှုကြောင့်၊ သွေးများ အန်ချလျက်၊ လွင့်ထွက် သွား ခဲ့သည်။
ခရမ်းရောင် ချပ်ဝတ်ကို ကြည့်ကာ၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။
ဤမြေခွေးအို ကြီးများသည်၊ ဒရာကိုဖီ ခန္ဓာ ကိုယ်ကို၊ ထုတ်ဖော် ပြသ ပြီးသည့်တိုင်၊ ရှေးဟောင်း တာအို ဂိုဏ်းမှ မဟုတ်ကြောင်း၊ ငြင်းဆိုရန် ကြိုးစား နေသေးသည်။
ဓားသုတ္တန်ကို လှည့်ပတ် ပြီးနောက်၊ လင်းယွန်က ရှေ့သို့၊ သုံးလှမ်း လှမ်းတက် လိုက်သည်။ ရန်သူ့ အမြီးကို နင်းမိပြီ ဖြစ်ရာ၊ ကစားပွဲကို လှန်ရန်၊ သူက အခွင့် အရေး မပေး လိုတော့ပေ။
အနက်ဝတ် လူက၊ ဤမြင်ကွင်းကို မြင်လိုက် ရသော အခါ အံ့အားသင့် သွားသည်။
ခရမ်းရောင် နန်းတော် နယ်ပယ်သို့၊ ရောက်ရှိ ပြီးနောက်၊ ဒရာကိုဖီ ခန္ဓာကိုယ်အား၊ စကြာဝဠာ လက်နက်ဖြင့်၊ ရင်ဆိုင်ရန် ကြိုးစား လာခြင်းမှာ၊ ထိုသူ့ အတွက် မိုက်မဲ လွန်းသည်ဟု၊ ယူဆ မိသည်။
သည်တစ်ကြိမ်မှာ အနီးကပ် အလစ် အငိုက် ခံလိုက် ရခြင်း ကြောင့်သာ ဖြစ်သည်။ ဒရာကိုဖီ ချပ်ဝတ်ကို အပြီး သတ်ချိန် မရ ခဲ့ပေ။
သူ့ ခန္ဓာကိုယ် အတွင်းရှိ၊ မူလ စွမ်းအင် များကို ချက်ချင်း လှည့်ပတ်ပြီး၊ နောက်သို့ ခြေတစ်လှမ်း ဆုတ်ကာ၊ ဒရာကိုဖီ ချပ်ဝတ်ကို ထုတ်ဖော် လိုက်ပြန်သည်။
သို့သော် သူ အသက်ရှူ မဝခင် မှာပင်၊ အလံငယ် ထံမှ မီးတောက်များ ပြေးထွက် လာကာ၊ ထိမှန် သွားပြန်သည်။
မီလောင်လု နီးပါး အခြေ အနေမှ၊ ထိတ်လန့် စွာဖြင့်၊ အလျင် အမြန် ငြိမ်းသက်ကာ၊ ထပ်မံ ဆုတ်ခွာ လိုက်ရသည်။
" မဟုတ် သေးဘူး ...၊ ဒီစကြာဝဠာ လက်နက်က ဘယ်လိုတောင် အစွမ်းထက် နေရ တာလဲ။ "
နက်နဲ သတ္တမ အဆင့်၊ သိုင်း သမားလေး တစ်ဦ၏ လက်ထဲ၌၊ စကြာဝဠာ လက်နက်သည်၊ ဤမျှ အစွမ်းထက် နေခြင်းမှာ၊ အဓိပ္ပာယ် မရှိ လှပေ။
ရိုးရိုး သားသား ဝန်ခံရ ပါလျှင်၊ လင်းယွန်သည် ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်၏ တာဝေးပစ် ပုံစံကို၊ တစ်ကြိမ်သာ ပစ်ခတ် နိုင်ပြီး၊ ထပ်မံ ထိန်းချုပ် နိုင်စွမ်း မရှိ သေးပေ။
အနီးကပ် တိုက်ခိုက်ရေး ပုံစံ အတွက်သာ၊ လွယ်လွယ် ကူကူ ကိုင်ဆွဲ နိုင်၏။
မူလ စွမ်းအင် များကို အလံငယ် ထဲသို့၊ ထပ်မံ သွန်းလောင်း လိုက် သည်နှင့်၊ ရှေးဟောင်း သားရဲ တစ်ကောင်လို၊ ကြမ်းရှသော ရောင်ဝါများ လွှမ်းခြုံ လာသည်။
" သေ ...."
အနက်ရောင်ဝတ် သိုင်းသမား ကြီးက တစ်စုံ တစ်ရာ ကိုပင်၊ မလုပ် ဆောင်နိုင်ဘဲ၊ ဝေခွဲ မရ ဖြစ်နေ စဉ်တွင်၊ ရှေ့သို့ လှမ်းကာ အလံငယ်ဖြင့် ထိုးသွင်း လိုက်ပြန်သည်။
အလံငယ်က ကြက်သွေးရောင် အလင်းတန်း အဖြစ်သို့၊ ရုတ်တရက် ပြောင်းလဲ သွားကာ၊ မီတာ ရာဂဏန်း အကွာ ခရီးအား၊ တစ်ခဏ အတွင်း ဖြတ်သန်း သွားသည်။
လျင်မြန် လွန်းသော အဟုန်ဖြင့်၊ ကွဲအက် နေသော ခရမ်းရောင် ချပ်ဝတ်ကို ထိုးဖောက်ကာ၊ ခန္ဓာ ကိုယ်ထဲ လက်မ ဝက်ခန့်၊ နစ်ဝင် သွား၏။
အလံငယ်ကို ပြန်ဆွဲ ထုတ်လိုက် သည်နှင့်၊ တြိဂံ အချွန်းဖျား ပုံစံ၊ ဒဏ်ရာ ဆီမှ၊ သွေးများ ပန်းထွက် လာလေသည်။
ထိုတိုက်ခိုက် မှုသည် အနက်ဝတ် သိုင်းသမား ကြီး၏ ခုခံ ကာကွယ် မှုအား လုံးလုံး လျားလျား ကျိုးပဲ့ သွားစေ တော့သည်။
အနက်ရောင်ဝတ် သိုင်းသမား ကြီးက၊ သူ့ရင်ဘတ်ကို တင်းတင်း ဆုပ်ကိုင် လိုက်ပြီး၊ ပါးစပ်မှ သွေးများ စီးကျ လာ၏။
သူ၏ ကြမ်းရှသော စွမ်းအင်နှင့်၊ မူလ စွမ်းအင် တို့ဖြင့်၊ ဖွဲ့စည်း ထားသော ခရမ်းရောင် ချပ်ဝတ်မှာ၊ လျင်မြန်စွာ ပြိုကျ သွားသည်။
တစ်ချိန် တည်းမှာပင်၊ ကြက်သွေး မီးလျှံ စစ်ပွဲ အလံ ငယ်က၊ သွေးများ စိုစွတ် လာသည်နှင့်၊ သားရဲ တစ်ကောင် ကဲ့သို့၊ စိတ်လှုပ်ရှား မှုများ ပြသ လာတော့သည်။
အလံတိုင် ပေါ်ရှိ၊ ဝိညာဥ်ရေး 'ရူရ်' သဏ္ဍာန် များသည်၊ ထွန်းလင်း တောက်ပ လာပြီး၊ ထူးဆန်းသော ရောင်ဝါများ ထွက်ပေါ် လာသည်။
ချက်ချင်းပင် မြေပြင်၌ အရိုးစု များဖြင့် ဖုံးလွှမ်း သွား၏။ ယခု အချိန်၌ အဖြစ် မှန်နှင့်၊ လှည့်စားခြင်း ကြားတွင်၊ ခွဲခြားရန် ခက်ခဲသော မြင်ကွင်းများ ဖြစ်ပေါ် လာသည်။
မူလ စွမ်းအင် များကို ကြက်သွေး မီးလျှံ အလံငယ် ထဲသို့၊ သွန်းလောင်း နေသော လင်းယွန်မှာ၊ မျက်မှောင်ကြုတ် သွားသည်။
သူ မည်မျှပင် ပို့လွှတ် နေသော်လည်း၊ စကြဝဠာ လက်နက်၏ လိုအပ်သော ဆန္ဒကို၊ မဖြည့် ဆည်းပေး နိုင်သေးပေ။
၎င်းကို သုံးစွဲရန် လိုအပ် ချက်မှာ၊ မြင့်မား ပေ၏။ လင်းယွန်သာ မဆင် မခြင် အသုံးပြု ရန် ကြိုးစား ပါက၊ စကြာဝဠာ လက်နက်၏ ရိုင်းစိုင်းသော ဆန္ဒကို၊ ထိန်းထား နိုင်မည် မဟုတ်ပေ။
ဆိုလို သည်မှာ၊ ယင်းကို ထိန်းချုပ် ဖို့ရန်၊ လုံလောက်သော အင်အား မရှိ သေးဟု၊ ဆိုလို ပေသည်။
( ဒါပေမယ့် ငါ အရင်ဆုံး သူ့ကို သတ်ရမယ်။ )
လင်းယွန်၏ မျက်လုံး များတွင်၊ ပြင်းစွာသော သတ်ဖြတ် လိုသည့် ဆန္ဒ များဖြင့်၊ အနက်ဝတ် သိုင်းသမား ကြီးကို၊ စူးစူး စိုက်စိုက် လှမ်းကြည့် လိုက်သည်။
အနက်ဝတ် သိုင်းသမား ကြီးမှာ၊ ခရမ်းရောင်နန်းတော် နယ်ပယ်ရှိ ကျွမ်းကျင်သူ တစ်ဦး ဖြစ်ခဲ့ သော်လည်း၊ လင်းယွန်၏ စကြာဝဠာ လက်နက်ကြောင့်၊ အသက် အန္တရာယ်နှင့်၊ နှစ်ကြိမ် တိတိ၊ ရင်ဆိုင် ခဲ့ရသည်။
" အကိုကြီး ဝမ်၊ ငါ့ကို ကူညီပါ။ "
တိုက်ခိုက်ရန် ထပ်မံ ပြေးဝင် လာသော လင်းယွန်ကို ကြည့်ကာ၊ အနက်ဝတ် သိုင်းသမား ကြီးက၊ ကူကယ်ရာ မဲ့ဟန်ဖြင့်၊ အော်ဟစ် လိုက်သည်။
" ............"
အော်ဟစ် သံကြောင့် လှည့်ကြည့် မိသော ဝမ်ရန်းဘို၏ မျက်နှာမှာ၊ လင်းယွန် လက်ထဲရှိ စကြာဝဠာ လက်နက်ကို မြင်သည်နှင့်၊ အလွန် တုန်လှုပ် သွားခဲ့သည်။
" ဓားကျွန်၊ မင်း .... လုပ် ဝံ့ လား။ "
သူ့ရှေ့ရှိ လျိုဖန်းကို လက်ဖဝါး တစ်ချက်ဖြင့် တွန်းထုတ် လိုက်ပြီး၊ အနက်ဝတ် သိုင်းသမား ထံသို့၊ အမြန် ပြေးသွား လိုက်သည်။
အနက်ဝတ် သိုင်းသမားအား သတ်ရန်၊ တိုးဝင် နေသော စကြာဝဠာ လက်နက်ကို၊ လက်သီးဖြင့် ဟန့်တား ထိုးချ စဉ်တွင်၊ တဟုန်းဟုန်း တောက်လောင် နေသော ရောင်ဝါမှာ သူ့ထံမှ၊ ပြေးထွက် သွားသည်။
အဆိုပါ ဟန်တား မှုကြောင့်၊ ထွက်ပေါ် လာသော စွမ်းအင် လှိုင်းများမှာ၊ ကျောက်တုံး ကြီးကို၊ မရေတွက် နိုင်သော ကျောက်တုံး ငယ်များ အဖြစ်၊ ကွဲကြေ လာစေ ခဲ့သည်။
လင်းယွန် သည်လည်း မသက်သာ လှပေ။ နှုတ်ခမ်း ထောင်း၌၊ သွေးများ စိမ့်ထွက် လာပြီး၊ သူနှင့် အတူ 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' မှာ၊ လွင့်ထွက် သွားတော့သည်။
" မင်းက သေချင် နေတာပဲ။ "
လျိုဖန်းက အလျင် အမြန်၊ နောက်က လိုက်ပါ ပြေးဝင် လာပြီး၊ ဝမ်ရန်းဘို၏ ရင်ဘတ် ပေါ်သို့၊ လက်ဖဝါး တစ်ချက် ရိုက်ချ လိုက်သည်။
လက်ဖဝါးချက် ထိမှန် သွား သည်နှင့်၊ ကျယ်လောင်သော အရိုး ကွဲအက် သံများကို၊ ကြားလိုက် ရသည်။
ထိုအချိန်တွင် မိုးကုတ် စက်ဝိုင်း ဆီမှ၊ စူးရှသော အလင်း စက်များ ထွက်ပေါ် လာသည်။
ထို အလင်းစက် သဏ္ဍာန် မှသည်၊ လျင်မြန်စွာ ကြီးထွားသော၊ ဓား ရောင်ဝါကို ကြည့်ကာ၊ လင်းယွန်အား သတ်ရန်၊ အခွင့် အရေး မရှိ တော့ကြောင်း၊ ဝမ်ရန်းဘို သိသည်။
၎င်းမှာ ဓားနန်းတော်၏ ဓားငှက်များ ဖြစ်ပေသည်။ ထို့ကြောင့်ပင် သူက “ ပြန် ဆုတ် ” ဟု၊ ခပ်မြန်မြန် အော်ဟစ် လိုက်ရ တော့၏။
ရှင်းဂျူ တို့နှင့်၊ တိုက်ခိုက် နေသော အနက်ရောင်ဝတ် သိုင်းသမားကြီး နှစ်ယောက်က၊ အမိန့်ရ သည်နှင့်၊ ချက်ချင်း ဆုတ်ခွာ နိုင်ခဲ့ သော်လည်း၊ လင်းယွန်ကြောင့် ဒဏ်ရာ ရရှိ သွားသော အနက်ဝတ် သိုင်းသမား ကြီးမှာမူ၊ အနည်းငယ် လေးလံ နေဆဲ ပေပင်။
လျိုဖန်းက သူ့ လက်ချောင်း များကို၊ ထိုသိုင်းသမား ထံသို့၊ ချိန်ရွယ် လိုက်ပြီး၊ တောက်ထုတ် လိုက်လေသည်။
" ကောင်းကင် လက်များ ။ "
တမဟုတ် ချင်းမှာပင်၊ ဓား အလင်းများ ပြေးထွက် သွားကာ၊ အနက်ဝတ် သိုင်းသမားအား ထိမှန် သွားလေသည်။
ဓားအလင်းဖြင့် ထိမှန် ခံလိုက် ရပြီးနောက်၊ အနက်ဝတ် သိုင်းသမား၏ ခန္ဓာ ကိုယ်မှာ၊ ဖောင်းပွ လာပြီး၊ ပေါက်ကွဲ သွား၏။
ဝမ်ရန်းဘိုက ပေါက်ကွဲ သွားသော သွေးမြူ များထံ၊ တစ်ချက် လှည့်ကြည့် လိုက်ကာ၊ အံကြိတ်လျက် ဆက်လက် ပြေးထွက် သွားသည်။ သူ့မျက်ဝန်း များတွင် အမုန်း တရားများ ပြည့်နှက် သွားလေပြီ။
" မောင်လေး မင်းအဆင်ပြေ ရဲ့လား။ "
ရှင်းယန်က လင်းယွန်ထံ ပြေးလာကာ၊ မေးမြန်း လိုက်သည် ။
လင်းယွန်က နှုတ်ခမ်း ထောင့်စွန်းရှိ၊ သွေးစ များကို သုတ်ယူ လိုက်ပြီး၊ ပြုံးကာ ပြန်ဖြေ တော့မည့် အချိန်တွင်၊ ရုတ်တရက် မူးနောက် တုန်ယင် သွားသည်။ ရှင်းယန်က အလျင် အမြန် ဖေးမ လိုက်ရ၏။
လျိုဖန်းက ပျံသန်း ရောက်ရှိ လာပြီး လင်းယွန်၏ ရင်ဘတ်ကို သုံးကြိမ် ပုတ်လိုက်သည်။
ပုတ်လိုက်သည့် အကြိမ် တိုင်းတွင်၊ သူ၏ မူလ စွမ်းအင် များကို၊ လင်းယွန်၏ ခန္ဓာကိုယ် ထဲသို့၊ လောင်းထည့် လိုက်၏။
မူလ စွမ်းအင်များ ခန္ဓာ ကိုယ်ထဲ၊ စိမ့်ဝင် လာသည် နှင့်အမျှ၊ ညှိုးနွမ်း သွားသော ခရမ်းရောင် ပန်းမှာ၊ ဒါန်တမ် အတွင်း၌ ပြန်လည် တောက်ပ လာသည်။
လင်းယွန်က မျက်လုံးများ ပြန်ပွင့် လာကာ၊ လျိုဖန်းအား ကျေးဇူး တင်သော အကြည့်ဖြင့် ၊ မော့ကြည့် လိုက်သည်။
“ အကြီး အကဲလျို၊ သူ ….... ”
ရှင်းယန်၏ စိုးရိမ် နေသော စကားသံ၊ မဆုံး ခင်တွင်၊ လျိုဖန်းက ပြန်ဖြေ လာခဲ့သည်။
“ သူ ကောင်းပါတယ်၊ စကြာဝဠာ လက်နက်ကို၊ အတင်း အကြပ် သုံးစွဲ ခဲ့လို့၊ မူလ စွမ်းအင် ကုန်ခန်း သွားတာပါ။ "
လျိုဖန်း၏ မျက်လုံး များမှာ၊ လင်းယွန် ထံမှ မခွာ နိုင်ခဲ့ပေ။
စကြာဝဠာ လက်နက်၏ စွမ်းအား များစွာကို၊ ထုတ်လွှတ် နိုင်သော၊ လင်းယွန်၏ မူလ စွမ်းအင် အပေါ်၊ စိတ်ဝင် စား သွားမိသည်။
စကြာဝဠာ လက်နက်မှ၊ လိုအပ်သော စွမ်းအင်ကို ထုတ်ပေး နိုင်သည့်၊ ကျင့်ကြံမှု နည်းစနစ်မှာ၊ ကြောက်စရာ ကောင်းလောက် အောင် အစွမ်းထက် ရပေမည်။
လင်းယွန် နေရာ၌ အခြားသူ တစ်ဦးသာ ဖြစ်ခဲ့မည် ဆိုပါလျှင်၊ ယခု အချိန်၌ လူသေ တစ်ယောက် အဖြစ်သို့၊ ပြောင်းလဲ နေပြီး ဖြစ်သည်။
လျိုဖန်းက၊
“ ဒါက ပြဿနာ ကြီးကြီး မားမားတော့ မဟုတ် ပေမယ့်၊ အနာဂတ်မှာ ထပ်ပြီး မဆင်မချင် မလုပ် ပါနဲ့။ ”
လင်းယွန်က ခေါင်းညိတ် လိုက်သည်။ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ကျွမ်းကျင်သူ တစ်ဦးကို တွန်းလှန်ရန်၊ နည်းလမ်း မရှိ သော ကြောင့်သာ၊ ဖြစ်ပေသည်။
" ဒါပေမယ့် မင်းရဲ့ ကျေးဇူးကြောင့်၊ ရှေးဟောင်း တာအို ဂိုဏ်းက၊ ခရမ်းရောင် နန်းတော် နယ်ပယ်၊ အကြီး အကဲ တစ်ယောက်ကို၊ ငါတို့ သတ်နိုင် ခဲ့တယ်၊ ဒါက သူတို့ကို သင်ခန်း စာပေးရာ ကျပါတယ်။ ”
လျိုဖန်းက သဘော ကျစွာ ရယ်မော လိုက်သည်။
ဓားနန်းတော် ဝတ်ရုံကို၊ ဝတ်ဆင် ထားသော၊ သက်လတ်ပိုင်း အရွယ်၊ အကြီးအကဲ တစ်ယောက်က၊ ဓားငှက် ပေါ်မှ ခုန်ဆင်း လာခဲ့သည်။
“ နှုတ်ခွန်း ဆက်ပါတယ် စီနီယာ လျို ... ”
လျိုဖန်းက ခေါင်းညိတ် လိုက်၏။ ထို့နောက် သူ့ မျက်လုံး များတွင်၊ ရက်စက်သော အလင်း ရောင်များ တောက်ပ လာပြီး၊
" ဝမ်ရန်းဘိုက ဒဏ်ရာ အပြင်း အထန် ရသွားတယ်၊ နောက်သုံးရက် အတွင်း၊ ဒီနေရာ ကနေ၊ သူ ထွက်နိုင်မှာ၊ မဟုတ် သေးဘူး၊ ဒါကြောင့် သူ့ကို လိုက်ဖမ်း ခိုင်းလိုက်ပါ။ ”
" ဟုတ်ကဲ့ နားလည် ပါပြီ။ "
သက်လတ်ပိုင်း အရွယ် အကြီးအကဲက၊ ခေါင်းညိတ် ပြပြီး၊ ဓားငှက်ပေါ် ခုန်တက်ကာ၊ ချက်ချင်း ထွက်ခွာ သွားသည်။
" အကြီးအကဲ လျို ... ဒီမှာပါ။ "
ရှင်းဂျူက သေဆုံး သွားသော အနက်ဝတ် သိုင်းသမား ကြီး၏ သိုလှောင်အိတ်ကို ပေးအပ် လိုက်သည်။
သိုလှောင်အိတ်ကို လက်ခံ စစ်ဆေး ပြီးနောက်၊ ကျောက်စိမ်းတုံး တစ်တုံးကို၊ လျိုဖန်းက ထုတ်ယူ လိုက်သည်။ သူက လင်းယွန်ကို ပြန်လှည့် ကြည့်ကာ၊
"ဒါက ရှေးဟောင်း တာအို ဂိုဏ်းရဲ့ လျှို့ဝှက်ချက် တစ်ခုပဲ၊ မင်း စိတ်ဝင်စား သင့်တယ်။ "
ဟု ဆိုလျက် ကမ်းပေး လိုက်၏။
လင်းယွန်က လက်ခံ ရယူပြီး၊ စူးစမ်း ကြည့်လိုက်သည်။ ၎င်းမှာ အနက်ဝတ် သိုင်း သမားကြီး၊ အသုံးပြု ခဲ့သော၊ ခရမ်းရောင် ချပ်ဝတ် ဖြစ်သည်။
ယင်းသည် ဒရာကိုဖီ ချပ်ဝတ်ကို၊ ဖန်တီးရန်အတွက်၊ ဒရာကိုဖီ စွမ်းအင်နှင့် မူလ စွမ်းအင် များကို၊ ပေါင်းစပ် ရသော ထူးခြားသည့်၊ နည်းစနစ် တစ်ရပ် ဖြစ်သည်။
စကြာဝဠာ လက်နက် ကိုပင်၊ ခံနိုင်ရည် ရှိသောကြောင့်၊ ဤလျှို့ဝှက် နည်းစနစ်မှာ၊ မည်မျှ အစွမ်းထက် မည်ကို၊ သိရှိ နိုင်သည်။
“ ကျေးဇူးတင် ပါတယ် အကြီး အကဲလျို။ ”
“ ငါ့ကို ကျေးဇူးတင် နေစရာ မလို ပါဘူး၊ မင်းက သူ့ကို ဒဏ်ရာ ရစေ ခဲ့တဲ့ သူပဲ၊ ဒီလျှို့ဝှက်နည်းစနစ်က ဒရာကိုဖီ နည်းစနစ် နဲ့ပဲ၊ သက်ဆိုင် တာကြောင့်၊ မင်းတစ်ယောက် တည်းသာ ကျင့်ကြံ နိုင်မှာပါ။ ''
အကြီးအကဲ လျိုဖန်း၏ သဘော ထားကို ရှင်းယန်က ထောက်ခံပြီး၊ ငြီးတွား လိုဟန်ဖြင့်၊
'' ရှေးဟောင်း တာအို ဂိုဏ်းက ရူးသွား ပြီလား၊ ဘာလို့ ဂျူနီယာ လင်းကို သတ်ဖို့ ကြိုးစား နေကြ တာလဲ။ ”
တန်တုံနှင့် အခြားသော တပည့်များ မှာလည်း ရှုပ်ထွေး သွားကုန် ကြသည်။ လျိုဖန်းက သက်ပြင်းချ လိုက်ပြီး၊
" ရှေးဟောင်း တာအို ဂိုဏ်းနဲ့၊ ဓားနန်းတော်ကြား ရန်ငြိုး တွေက၊ နက်ရှိုင်း လွန်းပါတယ်၊ ဓားနန်းတော်ရဲ့ တည်နေရာက၊ တစ်ချိန်က ရှေးဟောင်း တာအို ဂိုဏ်းရဲ့ ပိုင်နက်ပဲ .... ''
'' တစ်ချိန် တုန်းက၊ ဘိုးဘေး ဂျင်ဝူမင်က၊ ဓားနန်းတော်ကို တည်ထောင်ဖို့ အတွက်၊ ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ တည်နေရာကို နှစ်သက် ခဲ့တယ် .... ''
'' ဒါကြောင့် သူက ရှေးဟောင်း တာအို ဂိုဏ်းကို၊ ဖယ်ရှား ပစ်တယ်၊ ဘိုးဘေးက နူးညံ့တဲ့ နှလုံးသား ရှိတာကြောင့်၊ အားလုံး ကိုတော့ မသတ် ခဲ့ပါဘူး .... ''
“ .... အချိန် အတော် ကြာတဲ့ အထိ၊ ရှေးဟောင်း တာအို ဂိုဏ်းက၊ ဘာမှ ပြန်မလုပ် ရဲခဲ့ဘူး၊ နောက်တော့ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းနဲ့၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းတို့၊ ကျော်ကြား လာတဲ့ အခါ၊ ဓားနန်းတော်က မဟာချင် အင်ပါယာကို လက်ဝါးကြီး အုပ်ထား ရာကနေ၊ လွှတ်ပေး လိုက် ရတယ်၊ အဲ့ဒီ အချိန် မှသာ၊ ရှေးဟောင်း တာအို ဂိုဏ်းက၊ ပြန်လည် ရှင်သန် လာရဲတာ .... ''
'' ဒါကြောင့်လည်း လွန်ခဲ့တဲ့ ရာစုနှစ်၊ အနည်းငယ် ကစပြီး၊ ရှေးဟောင်း တာအို ဂိုဏ်းက၊ ဓားနန်းတော်ရဲ့ ပါရမီ ရှင်တွေ အပေါ်၊ ပစ်မှတ် ထားလာ ခဲ့တာပဲ၊ ဓားနန်းတော်ကို လက်စားချေ ချင်နေပုံ ရတယ်။ ''
ဂိုဏ်းနှစ် ဂိုဏ်းကြား ရန်ငြိုး ဖွဲ့လာ မှုကို၊ ယခု မှပင် ရှင်းရှင်း လင်းလင်း နားလည် လိုက်ရသည်။
ဂိုဏ်းနှစ် ဂိုဏ်းတွင် ဤမျှ ကြီးမားသော ရန်ငြိုး ရှိလာ ခြင်းမှာ၊ အံ့သြ စရာ မဟုတ် တော့ပေ။
တစ်ချိန်တည်း မှာပင် ဘိုးဘေး ဂျင်ဝူမင်သည်၊ ရှေးဟောင်း တာအို ဂိုဏ်း တစ်ဂိုဏ်းလုံး ကိုပင်၊ သူ တစ်ဦး တည်းဖြင့်၊ နှိမ်နင်း ခဲ့ကြောင်းကို၊ သတိ ပြုမိ လိုက်သည်။
***