လ ဝက်ကြာ ခရီးကြမ်း။
Vol. 25 Ch. 345
ဂိုဏ်းနှစ် ဂိုဏ်းတွင် ဤမျှ ကြီးမားသော ရန်ငြိုး ရှိလာ ခြင်းမှာ၊ အံ့သြ စရာ မဟုတ် တော့ပေ။
တစ်ချိန်တည်း မှာပင် ဘိုးဘေး ဂျင်ဝူမင်သည်၊ ရှေးဟောင်း တာအို ဂိုဏ်း တစ်ဂိုဏ်းလုံး ကိုပင်၊ သူ တစ်ဦး တည်းဖြင့်၊ နှိမ်နင်း ခဲ့ကြောင်းကို၊ သတိ ပြုမိ လိုက်သည်။
" လင်းယွန်၊ နောက်ဆို မင်းဂိုဏ်းက ထွက်သွားတဲ့ အခါ သတိ ထားရမယ်၊ အနာဂတ်မှာ ရှေးဟောင်း တာအို ဂိုဏ်းက၊ မင်းနောက်ကို လိုက်နေ ကြ မှာပဲ။ ”
လျိုဖန်းက လင်းယွန်ကို လေးနက်သော အမူ အရာဖြင့် ကြည့်လိုက်သည်။ တစ်ချိန်တည်း မှာပင် သူ့ မျက်လုံး များ၌၊ မျှော်လင့်ချက် များဖြင့်၊ ပြည့်နှက် လာပြီး၊
" နောက်တော့၊ မင်းက အခုက စပြီး၊ (၃)နှစ် အကြာမှာ၊ နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ငါတို့ရဲ့ မျှော်လင့် ချက်ပဲ။ "
ဟု ဆိုလိုက် လေသည်။
( နောက် သုံးနှစ် နေမှလား၊ မဟုတ်ဘူး၊ အခွင့် အရေး ရရင်၊ ဒီနှစ် နဂါး တံခါး ပြိုင်ပွဲကို၊ ဖြတ်သန်း ချင်တာပါ။ )
သူနှင့် ရှင်းဂျူ တို့ကြားတွင် ကွာခြားမှု များစွာ ရှိနေ သေးသည် ဖြစ်ရာ၊ ခွဲတမ်း ရှစ်ခု ရရှိ ရန်မှာ၊ အလှမ်းဝေး လှပေသည်။
နှစ်ရက် အကြာတွင် သူတို့ အဖွဲ့မှာ၊ ဓားနန်းတော်သို့၊ အန္တရာယ် ကင်းစွာ ပြန်ရောက် လာခဲ့သည်။
မွေးနေ့ပွဲတွင် ဖြစ်ပျက်ခဲ့ သမျှကို ဂိုဏ်းက သိရှိပြီး ဖြစ်၏။ ထို့ကြောင့် ကာကွယ်သူ မက်မွန်က၊ ဓားထမ်း အကြီးအကဲ ခုနစ်ယောက် နှင့်အတူ၊ လျိုဖန်း၏ အဖွဲ့အား ကြိုဆို လာခဲ့သည်။
ဂိုဏ်း၏ ဂုဏ်ကို ဆောင်ခဲ့သည့် အတွက်၊ သဘာဝ အတိုင်း ဆုလာဘ်များ ပေအပ် လာသည်။
ဓားထမ်း အကြီးအကဲ ခုနစ်ဦးက၊ လင်းယွန်အား ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၅၀၀) နှင့်၊ ဒုတိယတန်း မှော်ဆေးလုံး (၁၀) လုံးကို၊ ချီးမြှင့် ခဲ့သည်။
၎င်း ပမာဏသည် မြင့်မား လှသော ဆုလာဘ်များ ဖြစ်ရာ၊ လူများ စွာကို၊ မနာလို ဖြစ်လာ နိုင်စေသည်။
သို့သော် မည်သူမျှ မနာလို မဖြစ် ခဲ့ပေ။ မည်သူ မဆို ဂိုဏ်း၏ အကျိုးကို ထမ်းဆောင် နိုင် ပါက၊ အလားတူ ဆုလာဘ်မျိုး ရရှိမည် ဖြစ်သည်။
မွေးနေ့ပွဲ သွားရောက် ခဲ့သော သူတိုင်းက၊ ၎င်းတို့၏ စွမ်းဆောင် မှုများ အတွက်၊ ဆုလာဘ် များကိုလည်း၊ ရရှိခဲ့ ကြသည်။
သို့သော် သူတို့၏ ဆုလာဘ် များမှာ၊ လင်းယွန်နှင့် မနှိုင်းယှဉ် သာပေ။
အခမ်း အနားသို့၊ တက်ရောက် လာသော ဘိုင်တင်းမှာ၊ မနာလို စိတ်များ ပေါက်ပွား လာ၏။
လျိုဖန်း၏ စွမ်းဆောင် ရည်က၊ အကြီးအကဲ ခန်းမ၏၊ ခန်းမသခင် ဖြစ်ကောင်း ဖြစ်လာ နိုင် သည်ဟု၊ လူ အများက ထင်ကြေးပေး ပြောဆို လာကြသည်။
လျိုဖန်းနှင့် ဘိုင်တင်း တို့ကြားတွင်၊ လင်းယွန်ကြောင့် ကွာဟ ချက်မှာ၊ ကြီးထွား လာတော့၏။
ဘိုင်တင်း၏ အပေါင်း အသင်း အချို့ပင်၊ သူ့အား ခပ်ခွာခွာ ဆက်ဆံ လာကြသည်။
ဘိုင်တင်း အမြင် ၌မူ၊ အရာ အားလုံးမှာ ဓားကျွန် တစ်ယောက် ကြောင့်သာဟု၊ ယူဆ ထားမိသည်။
ယင်းအချိန် ကြယ်ကိုးပွင့် ပြိုင်ပွဲ၌ လင်းယွန်ကို သတ်ခဲ့ သင့်ပေသည်။ ဘိုင်တင်းက လင်းယွန်အား နက်ရှိုင်းသော၊ မုန်းတီးခြင်း များဖြင့်၊ လှမ်းကြည့် နေမိ လေသည်။
ထို့ကြောင့် သူ့ မျက်နှာ ပေါ်၌ အပြုံးကို၊ ညှစ်ထုတ် ထား သော်လည်း၊ ရှုံ့တွ နေ၏။
သို့သော် လင်းယွန်က ဘိုင်တင်းကို ဂရု မစိုက် ခဲ့ပေ၊ ဤခွေးအိုကြီး အပေါ် မည်သည့် အရာမျှ၊ မလုပ်ယူ နိုင်သေးကြောင်း၊ သူ သိထား သောကြောင့် ဖြစ်သည်။
ဂိုဏ်း၌ အကြီးအကဲ တစ်ယောက်ကို ထိတွေ့ဖို့၊ ကြိုးစား ရသည်မှာ၊ လွယ်ကူသော အရာ မဟုတ်ပေ။
ဘိုင်တင်း သည်လည်း၊ လင်းယွန်ကို မည်မျှပင်၊ မုန်းတီး စေကာမူ၊ ၎င်းကို မြိုသိပ် ထားရသည်။ ယခု အချိန်၌ လင်းယွန်ကို မထိနိုင် သေးပေ။
မည်သို့ပင် ဆိုစေ ကာမူ၊ ဘိုင်တင်း၏ ခံစားချက်မှာ၊ လင်းယွန်ထက် ပို၍ နက်ရှိုင်း လှ၏။
ရတနာ တောင်ကုန်းသို့ ပြန်ရောက်သော အခါတွင်၊ ရှောင်လွှဲ၍ မရသော ဂိုဏ်ပြု ပွဲကို၊ တက်ရောက် ခဲ့ရသည်။
လင်းယွန်က လူအုပ်ကို ရှောင်ကာ၊ လီဝူယုအား လိုက်ရှာ နေမိသည်။ အဆုံး၌ မိုချန်မှ တဆင့်၊ လီဝူယုမှာ ခရီးကြမ်း ထွက်သွား ခဲ့ကြောင်း သိလိုက် ရသည်။
နောက်ဆုံးတွင် ကြီးပြင်း လာသော လီဝူယုကို၊ မြင်လိုက် ရသောကြောင့်၊ ကျေနပ် သွားမိ သည်။
လီဝူယုမှာ ယခင် ကဲ့သို့၊ ပျင်းရိ နေပါက၊ မဟာချင် အင်ပါယာတွင်၊ အသန်မာဆုံး ဓားသမား ဖြစ်လာရန် မဆိုနှင့်၊ ခြေချ စရာ နေရာပင်၊ ရှိတော့မည် မဟုတ်ပေ။
ရက် အနည်းငယ် တိုင်အောင်၊ ရတနာ တောင်ကုန်း နယ်မြေသို့၊ လာရောက် လည်ပတ် သူများဖြင့် ပြည့်နှက် နေခဲ့သည်။
၎င်းတို့သည် မဟာချင် အင်ပါယာရှိ၊ အမျိုးမျိုးသော မျိုးနွယ်စု များ၏၊ ခန်းမ အသီးသီးမှ၊ အကြီး အကဲများ ဖြစ်၏။
သို့သော် လင်းယွန်မှာ ထိုသို့သော အလွှာ များဖြင့်၊ မပတ် သက်ချင် သောကြောင့်၊ ရှင်းယန်ကို နှုတ်ဆက်ကာ၊ ထွက်ခွာရန် ပြင်ဆင် လိုက်သည်။
တစ်လခွဲ ကြာပြီးနောက်။
အဆုံးမဲ့ တောင်တန်း အတွင်း၊ မြင့်မားသော ရေတံခွန်ကြီး တစ်ခု အောက်တွင်။
တိတ်ဆိတ် နေသော တောအုပ်ကြီး အတွင်းတွင်၊ ပြိုကျ နေသော ရေသံများ သည်သာ၊ တစ်ခု တည်းသော ဆူညံသံ ဖြစ်နေသည်။
ရုတ်တရက် ရေတံခွန် အောက်ခြေရှိ၊ ရေကန် မျက်နှာ ပြင်သည်၊ ပြင်းထန်စွာ တုန်ခါ သွားကာ၊ ခရမ်းရောင် လှိုင်းလုံးများ ဖြစ်ပေါ် လာလေသည်။
တဝုန်းဝုန်း ရိုက်ခတ် နေသော ရေတံခွန်ကြီး အတွင်းမှ၊ ဓားအော် မြည်သံများ ဆူညံ လာ၏။
တစ်ချိန်တည်း မှာပင် ဓား ရည်ရွယ် ချက်နှင့်၊ မူလ စွမ်းအင် များက၊ ရေကန် မျက်နှာပြင် တစ်လျှောက်၊ ပျံ့နှံ့ သွား ပြီးနောက်၊ လျင်မြန်စွာ ရပ်တန့် သွားသည်။
ရေမျက်နှာ ပြင်ကို ခွဲလျက်၊ အလင်း တစ်စ ပျံထွက် လာသည်ကြောင့်၊ ကြီးမားသော လှိုင်းများ ထကြွ လာကုန်သည်။
သို့သော် ထိုရောင်ခြည်သည် ဓားအလင်း မဟုတ်ပေ၊ လူငယ် တစ်ယောက်သာ ဖြစ်ပေသည်။
ထိုလူငယ်မှာ ကောင်းကင်သို့၊ ထိုးတက် သွားချိန်တွင်၊ သူ့ခန္ဓာ ကိုယ်မှ ပြင်းထန် လွန်းသော အပူ ရှိန်ကြောင့်၊ ရေစို နေသော အဝတ် အစား များက၊ လျင်မြန်စွာ ခြောက်သွေ့ သွားကာ၊ လေထဲ၌ ဆံပင်များ တဖျပ်ဖျပ် လွင့်နေ ခဲ့လေသည်။
ယင်း လူငယ်မှာ ဧည့်သည် များကို၊ ရှောင်တိမ်း လာသော၊ လင်းယွန် ဖြစ်၏။
ရတနာ တောင်ကုန်းမှ ထွက်ခွာ ပြီးနောက်၊ လရောင် ရေစင် ဓားနှင့်၊ ရှေးဦးကျမ်းကို လေ့ကျင့်ရန်၊ ဤနေရာသို့ ရောက်ရှိ လာခြင်း ဖြစ်သည်။
ထို့ပြင် နဂါး မီးလျှံ သစ်သီးကြောင့်၊ တိုးမြင့် လာသော အဆင့် နှစ်ဆင့်ကို တည်ငြိမ်အောင်၊ လုပ်ယူ ရပေ ဦးမည်။
အခြားသော သူများသာ ဆိုပါလျှင်၊ အဆိုပါ ရလာဒ် အပေါ် ကြေနပ် နေနိုင်သည်။
သို့သော် လင်းယွန် မှာမူ၊ သူ၏ ကြီးထွား လာမှု အတွက်၊ စိတ်မသက် မသာ ခံစား နေရ ဆဲပင်။
ခွန်အားမှာ မူလ စွမ်းအင် ပမာဏ ပေါ်တွင်၊ မူတည် ခြင်း မရှိပေ၊ မူလ စွမ်းအင်၏ အရည် အသွေး ၌သာ မူတည် ကြောင်း၊ သူ သိရှိ ထားသော ကြောင့်၊ ဖြစ်သည်။
“ လဝက် ကြာပြီး တဲ့နောက်၊ ငါ့ရဲ့ မူလ စွမ်းအင်ကို သန့်စင်ဖို့၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၃,၀၀၀)ကို၊ ဖြုန်းတီး ခဲ့ရ တာပဲ။ ''
လင်းယွန်က ရေကန် မျက်နှာပြင် ပေါ်သို့ ပြန်လည် ဆင်းသက်ကာ၊ ရေရွတ် လိုက်ပြီးနောက်၊ ကမ်းစပ် ဆီသို့ လျှောက်လှမ်း သွားသည်။
ရေစို နေသော သူ့ အဝတ် အစား များမှာ၊ လုံးဝ ခြောက်သွေ့ သွားကုန် လေပြီ။
လွန်ခဲ့သော လဝက်နှင့် နှိုင်းယှဉ် ပါက၊ သူ၏ အသွင် အပြင်မှာ၊ ပို၍ပင် သဘာဝ တရားနှင့်၊ လိုက်လျော ညီထွေ ဖြစ်လာ ပေ၏။
အသေး အမွှား ကိစ္စများ အပေါ်၊ နောက်ဆံတင်းခြင်း မရှိ တော့ဘဲ၊ မူလ စွမ်းအင်ကို၊ သန့်စင်ခြင်း ၌သာ၊ ပြန်လည် အာရုံစိုက် လိုက်သည်။
ခရမ်းရောင် နန်းတော် သိုင်းသမာ ကြီးနှင့် တိုက်ပွဲက၊ သူ့ကို ဖိအား ကြီးစွာ ခံစား စေခဲ့ ရသည်။
တိုက်ပွဲ တစ်လျှောက်တွင် သူ၏ တိုက်ခိုက်မှု များမှာ၊ အနက်ဝတ် သိုင်းသမား၏ မူလ စွမ်းအင်ကို မထိ ရောက်ကြောင်း၊ သူ သတိ ပြုမိ ခဲ့သည်။
အကယ်၍ သူ့တွင် စကြာဝဠာ လက်နက် မရှိ ပါလျှင်၊ အသတ် ခံနေ ရပြီး ဖြစ်၏။ ထို့နောက် အတွေး များမှာ၊ ပါရမီရှင် ရှစ်ပါးထံ ရောက်ရှိ သွားခဲ့သည်။
၎င်းတို့မှာ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ကျွမ်းကျင် သူများနှင့်၊ တိုက်ခိုက် နိုင်၏။
ထိုအထဲမှ အိမ်ရှေ့ မင်းသား ချင်ယုက၊ ခရမ်းရောင် နန်းတော် သိုင်းသမား တစ်ဦး ကိုပင်၊ သတ်ပစ် နိုင်သည်ဟု၊ သူ ကြားသိ ထားသည်။
သို့သော် ပါရမီရှင် ရှစ်ပါးသည် ခရမ်းရောင် နန်းတော်- တပိုင်း နယ်ပယ်တွင်၊ ဖြစ်ကြောင်း သူ မသိ ခဲ့ပေ။
လင်းယွန်က မျက်လုံးများ ပြန်ဖွင့်ကာ၊ ရေကန်ကို လှမ်းကြည့် လိုက်သော အခါတွင်၊ လှိုင်းလုံး ကြီးများမှာ ငြိမ်သက် သွားနှင့် လေပြီ။
ပါရမီရှင် ရှစ်ပါး၏၊ မူလ စွမ်းအင် အရည် အသွေးသည်၊ သူနှင့် များစွာ ကွာခြားမှု မရှိ ကြောင်းကို၊ မသိခဲ့ သောကြောင့်၊ ဖိအား များစွာ ခံစား နေရသည်။
မျက်လုံးများ ရုတ်တရက် တောက်ပ လာပြီး၊ လက်သီး တစ်ချက် ထိုးထုတ် လိုက်၏။
ပေါက်ကွဲမှု သုံးကြိမ် နှင့်အတူ၊ မူလ စွမ်းအင်များက၊ ရေမြှား သုံးဆယ့် ခြောက်စင်း သဏ္ဍာန် ကောင်းကင်သို့၊ ပျံတက် သွားခဲ့သည်။
မူလ စွမ်းအင်များ လေထုထဲ ပျံ့နှံ့ သွားသော အခါ၊ သူ့ အောက်ရှိ မြေပြင်မှာ တဆတ်ဆတ် တုန်လာသည်။
" ရေ ....."
လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းကာ အော်ဟစ် လိုက်၏။ ခရမ်းရောင် ပန်းမှာ ပွင့်လာပြီး၊ ရေမြှားပေါင်း သုံးဆယ့် ခြောက်စင်းကို၊ လေထု ထဲ၌ ရပ်တန့် အေးခဲ သွားစေ ခဲ့သည်။
ရေခဲမြှား များက နေရောင် အောက်တွင် တောက်ပ နေသော ပုလဲ များနှင့် တူ၏။
" ချိုး .... "
မျက်လုံးများ ထဲတွင် အေးစက်သော အလင်း တစ်စ လင်းလက် လာပြီ၊ လက်သီးကို ဆုပ်ကိုင် လိုက်သော အခါတွင်၊ အေးခဲ နေသော ရေခဲ မြှားများမှာ၊ ချက်ချင်းပင် ရေ အဖြစ်သို့၊ ပြန်လည် ပြောင်းလဲ သွား၏။
" မဆိုး ပါဘူး၊ နက်နဲ သတ္တမ အဆင့် ကနဦး နယ်ပယ် ဆိုပေမယ့်၊ ငါရဲ့ မူလ စွမ်းအင်က၊ အရင် ကထက်၊ ပိုမို အားကောင်း လာပြီ၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း (၃၀၀၀)ကို၊ အချည်းနှီး ဖြစ်ပုံ ရဘူး။ ”
လင်းယွန်က သူ့ကိုယ်သူ ရေရွတ် အားပေး လိုက်သည်။ ၎င်းသည် သူလို ချင်သော ရလာဒ် ပေပင်။
ယခု အချိန်၌ သူ၏ ကျင့်ကြံမှု အဆင့်နှင့်၊ ပတ်သက်၍ မကျေနပ် ချက်များ၊ လျင်မြန်စွာ ပျောက်ကွယ် သွားတော့သည်။
သို့သော်၊ ဓားထမ်း အကြီး အကဲ ခုနစ်ဦး ထံမှ၊ ရရှိ ခဲ့သော ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များကို၊ ကုန်ဆုံး စေခဲ့သည်။
ဤပမာဏ ကြောင့်၊ လူပေါင်း မည်မျှ ထိတ်လန့် သွားမည်ကို၊ နတ်ဘုရားများ သာလျှင်၊ သိနိုင် ပေလိမ့်မည်။
သူ၏ ကျင့်ကြံ အဆင့်မှာ၊ ထပ်မံ တိုးတက်ရန်၊ အလားအလာ မရှိ သော်လည်း၊ သိုင်းနည်းစနစ် များကို တိုး၍ ဆုပ်ကိုင် နိုင်ရန်၊ အခွင့် အရေးများ ရှိနေ သေးသည်။
ကျား-နဂါး လက်သီးတွင် ပုံစံ အချို့အား နားလည်ရန် ကျန်ရှိ နေပြီး၊ တံဆိပ် သုံးခုကို ကျွမ်းကျင်စွာ ပေါင်းစပ် လိုသေးသည်။
လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း ကိုလည်း၊ မကျန် စေလို မိပေ။
တစ်ချိန်တည်း မှာပင်၊ ဒရာကိုဖီ နည်းစနစ်ကို စတုတ္ထ အဆင့် အထွတ် အထိပ်သို့၊ မြှင့်တင်ကာ၊ 'ဒရာကိုဖီ တိုက်ပွဲဝင် ချပ်ဝတ်' အတွက်၊ လျှို့ဝှက် နည်းစနစ်ကို၊ ကျင့်ကြံ ရပေ ဦးမည်။
၎င်းသည် စကြာဝဠာ လက်ရာများ ကိုပင် ခုခံ ကာကွယ် နိုင်သည့် နည်းစနစ် တစ်ရပ်ဖြစ်သည်။
ထို့အပြင်၊ လရောင် ရေစင် ဓား နှင့်၊ ရှန်ရှင်း ဓား ရည်ရွယ် ချက်ကိုလည်း၊ ထိုထွင်း သိမြင်ဖို့ရန်၊ ကြိုးစား ရပေ ဦးမည်။
အဆိုပါ အချက် အလက်များ အရ၊ ရှုပ်ပွ နေသော နည်းစနစ် များဟု၊ ယူဆကောင်း ယူဆ နိုင်သည်။
သို့သော် ၎င်းနည်းစနစ် များမှာ၊ ရွေ့လျားမှု နည်းစနစ်၊ (ကျင့်ကြံခြင်း နည်းစနစ်) ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ်၊ လျှို့ဝှက်နည်းစနစ်၊ သိုင်းနည်းစနစ်နှင့်၊ ဓားရည်ရွယ် ချက်သာ ဖြစ်ပေသည်။
ဤနည်းဖြင့် အလွယ် ဆုံးမှ စတင်ကာ၊ အခက် ခဲဆုံးနှင့်၊ အဆုံး သတ်မည် ဖြစ်သည်။
ထို့ကြောင့် ကျန်ရှိသော အချိန် များကို၊ အဆုံးမဲ့ တောင်တန်း အတွင်း ၌သာ၊ ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ် ခဲ့သည်။
***