← Chapters

ကျင့်ကြံခြင်း။

Vol. 25 Ch. 346

ကျင့်ကြံခြင်း။

Vol. 25 Ch. 346

ဤနည်းဖြင့် အလွယ် ဆုံးမှ စတင်ကာ၊ အခက် ခဲဆုံးနှင့်၊ အဆုံး သတ်မည် ဖြစ်သည်။

ထို့ကြောင့် ကျန်ရှိသော အချိန် များကို၊ အဆုံးမဲ့ တောင်တန်း အတွင်း ၌သာ၊ ဆက်လက် လေ့ကျင့်ရန် ဆုံးဖြတ် မိသည်။

အဆုံးမဲ့ တောင်တန်း ကြီး၏ ဗဟို ဒေသသည် ဓားနန်းတော်နှင့်၊ ဝေးကွာ လွန်းလှသည်။

ဤဒေသ၌ နတ်ဆိုး သားရဲများ၊ မည်မျှ ကျင်လည် ကျက်စား နေကြ မည်ကို၊ နတ်ဘုရား များသာ သိတော်မူ ပေမည်။

ရံဖန် ရံခါတွင် တောအုပ် အတွင်းမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ဖြာထွက် နေတက်သည်။

ယင်းက တောင်တန်း ကြီးကို၊ အချိန်မရွေး ပေါက်ကွဲ တော့မည့်၊ မီးတောင် တစ်လုံး ကဲ့သို့၊ ခံစား လာရ စေသည်။

သို့သော် ကြောက်မက်ဖွယ် ကောင်းသော၊ ပေါက်ကွဲ သံများ နှင့်အတူ၊ ဓားတစ်လက်က ကောင်းကင်သို့၊ ထိုးတက် သွားသော ကြောင့်၊ အနီး ဝန်းကျင်ရှိ နတ်ဆိုး သားရဲ များမှာ၊ ကြောက်ရွံ့ တုန်လှုပ် သွားကုန်သည်။

သန်မာသော သားရဲ များက၊ သူတို့ကိုယ် သူတို့ ဖုံးကွယ်ရန်၊ အတတ် နိုင်ဆုံး ကြိုးစား ကြသော်လည်း၊ အများ စုမှာ ကြောက်ရွံ့ တုန်လှုပ် နေကြ ဆဲပင်။

နတ်ဆိုး သားရဲများ နေထိုင်ရာ နယ်မြေများတွင်၊ ဝိညာဉ် စွမ်းအား များဖြင့်၊ ပြည့်နှက် နေသောကြောင့်၊ ၎င်းတို့၏ နယ်မြေ များကို အလွယ် တကူ စွန့် မခွာ လိုကြပေ။

သို့သော် ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ အောက်တွင်၊ ထိတ်လန့် နေသော နတ်ဆိုး သားရဲ များက၊ ၎င်းတို့၏ နယ်မြေများကို စွန့်လွှတ် ရန်မှ တပါး၊ အခြား ရွေးချယ် စရာ မရှိ တော့ပေ။

သို့ရာတွင်၊ ရန်လိုမှု အပြည့်နှင့် ဓားအလင်း ထံသို့၊ ချဉ်းကပ် လိုသော နတ်ဆိုး သားရဲ အချို့လည်း၊ ရှိနေ သေး၏။

" တံဆိပ် သုံးခု၊ ပေါင်းစပ်။ "

ရုတ်တရက် အော်ဟစ်သံ တစ်သံ ပဲ့တင် ထပ်လာပြီး၊ မတူညီသော တံဆိပ် မျိုးစုံကို ပေါင်းစပ် ဖို့ရန်၊ ကြိုးစား နေသည်။

သို့သော် ၎င်းတံဆိပ် သုံးခုမှာ၊ ပေါင်းစပ် ခါနီး၌ ရုတ်တရက် ပြိုကျ သွားသည်။ ညည်းတွားသံ ထွက်ပေါ် လာပြီး၊ လင်းယွန်၏ မျက်နှာမှာ၊ ဖြူဖျော့ သွား၏။

" မအောင်မြင် ပြန်ဖူးလား။ "

လွန်ခဲ့သော ဆယ့်ငါးရက် အတွင်း၊ ကျရှုံး ခဲ့သည့် အကြိမ် အရေ အတွက်ကို၊ မှတ်မရ နိုင်ခဲ့ပေ။

ကျား-နဂါး လက်သီး၏ တံဆိပ်များ ဖွဲ့စည်း ရာမှ၊ မူလ စွမ်းအင် ပေါက်ကွဲ မှုကို၊ ခံရသည့် အခါ တိုင်းတွင်၊ အရိုးများ ကွဲအက် သွားခဲ့သည်။

ကံကောင်း ထောက်မ စွာဖြင့်၊ ဒရာကိုဖီ ခန္ဓာ ကိုယ်ကြောင့်၊ ဒဏ်ရာ များမှာ အလျင် အမြန် သက်သာ လာတက်သည်။

သူ့ နေရာ၌ အခြားသော တစ်စုံ တစ်ဦးသာ ဆိုပါက၊ စမ်းကြည့် ဖို့ရန် ဝံ့ရဲ ကြမည် မဟုတ်ပေ။

“ ဒါက အောင်မြင် သင့်တယ်၊ တစ်ခုခုတော့ လွဲနေ ပုံပဲ၊ ပေါင်းစပ်ဖို့ အတွက် တံဆိပ် သုံးခုကို ငါဖိနှိပ် ထားတာပဲ မဟုတ်လား။ ”

မူလ စွမ်းအင် များကို ပြန်လည် ဖြည့်စွမ်း နေလျက်မှ၊ ခွဲခြမ်း စိတ်ဖြာ နေခဲ့သည်။

တံဆိပ် သုံးခုတွင် ကိုယ်ပိုင် အရှိန် အဝါများဖြစ်သော၊ လွှမ်းမိုး ချုပ်ကိုင် လိုသည့်၊ ဆန္ဒများ ပါရှိ လေရာ၊ ယင်းတို့ကို ပေါင်းစပ် ပြီးနောက်၊ ထွက်ပေါ် လာမည့် အရာကို သိချင် နေမိသည်။

သို့သော် သေခြင်း တရားကို ရင်ဆိုင် ရဲသော သတ္တိ မရှိ ပါလျှင်၊ ပေါင်းစပ် ခြင်းကို ပြုလုပ် ရဲမည်၊ မဟုတ်ကြောင်း သူသိသည်။

ညင်သာသော လေခွင်းသံ အချို့ကို၊ ကြားလိုက်ရ သည်ကြောင့်၊ ရုတ်တရက် မျက်ခုံးပင့် လိုက်မိသည်။

အေးစက်စက် အပြုံး တစ်ပွင်မှာ၊ နှုတ်ခမ်း ထောင့်စွန်း၌ ထွက်ပေါ် လာ၏။

လွန်ခဲ့သော လဝက် အတွင်း နတ်ဆိုး သားရဲ များစွာက၊ သူ့ထံသို့ လာရောက် ခဲ့ကြ သော်လည်း၊ အညောင်း အညာ မပြေလောက် အောင်ပင်၊ အားနည်း လွန်းလှ ပေသည်။

အဆုံးမဲ့ တောင်တန်းသည် အလွန် ကြီးမား ကျယ်ပြန့် သောကြောင့်၊ တောနက် အတွင်း၌၊ အစွမ်း ထက်သော နတ်ဆိုး သားရဲများ ရှိသော်လည်း၊ တွေ့ရန် မလွယ် ကူပေ။

သို့သော် ဤတစ်ကြိမ် တွင်မူ၊ သူ စိတ်ပျက်ခြင်း မရှိ စေရန်၊ မျှော်လင့် နေမိသည်။

အတွေးထဲ နစ်မျော နေစဉ် မှာပင်၊ နတ်ဆိုး သားရဲ သုံးကောင်က၊ သူ့ရှေ့သို့ ရောက်ရှိ လာခဲ့သည်။

သူတို့၏ ကြီးမားသော ခန္ဓာကိုယ် များကြောင့်၊ မြေပြင် ပေါ်သို့ ဆင်းသက် လိုက်သော အခါတွင်၊ ပတ်ဝန်း ကျင်ရှိ သစ်ပင်များ တုန်ခါ လာပြီး၊ သစ်ရွက်များ ကြွေကျ လာကုန်၏။

လင်းယွန်က နတ်ဆိုး သားရဲ သုံးကောင်ကို ငေးကြည့် လိုက်သည်။ တစ်ကောင်က အမြီးဖျားတွင်၊ ခရမ်းရောင် မီးလျှံများ တောက်လောင်နေသော၊ 'နက်ပြာရောင် မီးလျှံ မြေခွေး' ကြီး ဖြစ်သည်။

ဒုတိယ တစ်ကောင်မှာ သံ ချပ်ဝတ်နှင့် တူသော အရေခွံ များဖြင့်၊ ဖုံးအုပ် ထားသည့်၊ အနက်ရောင် အစက် အပြောက်များ ပါရှိသော 'ကျားသစ်နက်' ဖြစ်သည်။

နောက်ဆုံး တစ်ကောင်မှာ 'မြွေအမြီး ခြင်္သေ' ဖြစ်၏။ ၎င်း၏ အမြီးတွင် မြွေတစ်ကောင်၏ အဆိပ်များ ပါရှိသော ခြင်္သေ့ကြီး ဖြစ်သည်။

အဆိုပါ နတ်ဆိုး သားရဲ သုံးကောင်သည်၊ နက်နဲ အဋ္ဌမ အဆင့်ရှိ၊ အထက်တန်းစား နတ်ဆိုး သားရဲများ ပေပင်။

သူတို့ ထံမှ ထွက်ပေါ် လာသော နတ်ဆိုး ရောင်ဝါမှာ၊ သိပ်သည်း လွန်းလှ သည်ကြောင့်၊ ၎င်းတို့ ပတ်ပတ် လည်၌၊ အနီရောင် အလွှာ တစ်လွှာ အဖြစ်၊ သိုင်းခြုံ နေပေသည်။

တူညီသော နယ်ပယ်ရှိ၊ ကျင့်ကြံသူများ ကြားတွင်ပင်၊ ခွန်အား ကွာခြားမှု ရှိသည်။

ဤသို့သော ယုတ္တိ ဗေဒ သဘော တရားမှာ၊ နတ်ဆိုး သားရဲများ အပေါ် တွင်လည်း၊ သက်ရောက် ပေသည်။

တူညီသော နယ်ပယ် အတွင်းတွင်၊ နတ်ဆိုး သားရဲ များကို 'အထက် တန်းစား'၊ 'အုပ်စိုးရှင်' နှင့်၊ 'ဘုရင် အဆင့်' ဟူ၍၊ အမျိုး အစားများ ခွဲခြား ထားသည်။

အထက် တန်းစား နတ်ဆိုး သားရဲ တစ်ကောင်သည်၊ တူညီသော နယ်ပယ်ရှိ သာမန် နတ်ဆိုး သားရဲ ဆယ်ကောင်ကို၊ အလွယ် တကူ သတ်နိုင်၏။

ဥပမာ အားဖြင့် ဓားနန်းတော်ရှိ တန်တုံတို့ ကဲ့သို့သော၊ မြေကြီး အဆင့် တစ်ရာ အတွင်း၊ ဝင်ရောက် နိုင်သည့် တပည့်များ ဖြစ်သည်။

အုပ်စိုးရှင် နတ်ဆိုး သားရဲ များမှာ၊ အထက် တန်းစား နတ်ဆိုး သားရဲ များကို၊ အကောင်လိုက် မျိုချ နိုင်သည်သော သားရဲများ ပေပင်။

ရှင်းယန်နှင့် ဇိုယန်မှာ၊ ဤအဆင့်၌ ရှိသော တပည့်များ ဖြစ်လေသည်။

ဘုရင် အဆင့် နတ်ဆိုး သားရဲများ အတွက်မူ၊ ကြီးကျယ် ခမ်းနားသော ဉာဏ်ကြီး ရှင်များဟု၊ သတ်မှတ် ခံရသော ကျင့်ကြံသူ များနှင့် ညီမျှ၏။

ယင်းမှာ စီရွှယ်ယီ၊ ရှင်းဂျူနှင့် ဘိုင်လိရွှမ် ကဲ့သို့သော၊ တပည့်မျိုး များပင်။

လင်းယွန် ပင်လျှင် ထွက်ပြေး ရပေမည်။ သူက အဋ္ဌမ နယ်ပယ်၊ ဘုရင် အဆင့် နတ်ဆိုး သားရဲကို၊ တစ်ကြိမ် တွေ့ဖူးသည်။

အတွေ့ အကြုံမှာ အလွန် ကြောက်စရာ ကောင်းလှပြီး၊ သာမန် နတ်ဆိုး သားရဲ များက၊ ထိုသားရဲ ရှေ့၌ အေးခဲ နေခဲ့၏။

အဋ္ဌမ အဆင့် အထက် တန်းစား နတ်ဆိုး သားရဲ သုံးယောက်ကို၊ မျက်နှာချင်း ရင်ဆိုင် နေရသော လင်းယွန်၏ မျက်နှာက၊ ပို၍ လေးနက် လာသည်။

နတ်ဆိုး သားရဲ များ၏ မျက်လုံး များတွင်၊ ကျင့်ကြံသူ များမှာ၊ အစာနှင့် အာဟာရသာ ဖြစ်သည်။

နက်ပြာရောင် မီးလျှံ မြေခွေးက၊ ခရမ်းရောင် လျှပ်စီး ကြောင်းကို ထုတ်ဖော်ကာ၊ ဦးစွာတိုက်ခိုက်ရန် အစပြု လာသည်။

" ဘယ်လောက် တောင် မြန်လိုက်လဲ။ "

လင်းယွန်က အံသြသွား ပြီးနောက်၊ ပြုံးလိုက်သည်။ ရုတ်တရက် မူလ နေရာမှ၊ ပျောက်ကွယ် သွားပြီး၊ မီတာ သုံးဆယ် အကွာ သစ်ပင်ကြီး တစ်ပင် အောက်၌၊ ပြန်လည် ထွက်ပေါ် လာ၏။

လွန်ခဲ့သည့် လဝက် အတွင်းတွင် လေးနက်သော ခြေလှမ်း ခုနှစ်လှမ်းကို၊ လေ့ကျင့် ရာ၌ မမေ့လျော့ ခဲ့ပေ။

တံဆိပ် သုံးခုကို ပေါင်းစပ် ခြင်းထက်၊ လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို ပြီးမြောက် ရန်မှာ၊ ပိုမို လွယ်ကူ သောကြောင့် ဖြစ်သည်။

ထို့ကြောင့် သူ့၏ ရွေ့လျားမှု နည်းစနစ်ဖြင့်၊ မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ မီတာ သုံးဆယ်ကို ခရီး ဆက်နိုင် ခဲ့သည်။

ယင်းက သူ့ကိုယ်သူ ယုံကြည်မှု ပိုမို ရှိလာစေသည်။

နက်ပြာရောင် မီးလျှံ မြေခွေးက၊ ၎င်း၏ တိုက်ခိုက်မှု လွဲချော် သွားသည့် အတွက်၊ အတော်လေး ထိတ်လန့် သွားသည်။

လင်းယွန် အတွက်မူ၊ နက်ပြာရောင် မီးလျှံ မြေခွေး၏ တိုက်ခိုက် မှုကို၊ ရှောင်တိမ်း နိုင်ခဲ့သော်လည်း၊ ကျားသစ်နက်၏ တိုက်ခိုက် မှုအား ရှောင်တိမ်း နိုင်ခြင်း မရှိ ခဲ့ပေ။

ကျားသစ်နက်၏ မျက်လုံး များတွင် ရက်စက်ကြမ်းကြုတ်သော အလင်း ရောင်များ တောက်ပ နေကာ၊ လင်းယွန် ဆင်းသက် လာနိုင် မည်ဟု၊ ထင်ထားသည့် နေရာသို့၊ ခုန်အုပ် လိုက်လေသည်။

တစ်ချိန်တည်း မှာပင်၊ ကျန်ရှိနေသော 'မြွေအမြီး ခြင်္သေ့'က၊ သူ၏ ခြေသည်းကို ဖြန့်ကား အားယူကာ၊ ကုပ်ဆွဲ လာ၏။

ထိုလက်သည်း များမှာ၊ အဋ္ဌမ အဆင့် သိုင်းသမား တစ်ယောက်အား၊ အလွယ် တကူ သတ်ပစ် နိုင်သော တိုက်ခိုက်မှု တစ်ရပ် ဖြစ်သည်။

အန္တရာယ် ရှိသော အခြေ အနေ ပေမို့ လင်းယွန်က၊ သူ၏ မူလ စွမ်းအင်ကို လျင်မြန်စွာ ဖြန့်ကျက် လိုက်သည်။

သူ့ လက်သီးကို ဆုပ်ကိုင် လိုက်သော အခါတွင်၊ လက်သီး ပတ်လည်၌ နဂါးကြီး တစ်ကောင် ရစ်ခွေ လာသည်။

လက်သီးကို ပို၍ တင်းတင်း ကျပ်ကျပ် ဆုပ်ကိုင် လိုက်သည်နှင့်၊ နဂါးထံမှ ဟောက်သံ ထွက်ပေါ် လာပြီး၊ လက်သီးထံ ပြန်လည် တိုးဝင် သွားသည်။

ဤသည်မှာ ကျား-နဂါး လက်သီး၏၊ 'နဂါးပန်းချီ- နဂါး ပျံသန်းခြင်း' ဖြစ်သည်။

လင်းယွန်၏ လက်သီးမှ ထွက်လာသော၊ ပေါက်ကွဲ စွမ်းအားက၊ ကျားသစ်နက်ကို ထိတ်လန့် သွားစေသည်။

ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ ကျားသစ်နက်မှာ အဝေးသို့ တွန်းပို့ ခံလိုက် ရသည်။

မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက် နိုင်သော အခါတွင်၊ ကျားသစ်နက်၏ ခန္ဓာကိုယ် ပေါ်၌ နက်ရောင် အကြေး ခွံများ ထွက်ပေါ် လာကာ၊ လက်သီး အတွင်းမှ၊ ဝင်ရောက် လာသော ဓား အလင်း များအား၊ ချေဖြတ်ရန် စတင် လုပ်ဆောင် တော့သည်။

ဘယ်ဘက် လက်တွင် နဂါး တစ်ကောင်နှင့်၊ ညာဘက် လက်တွင် ကျား တစ်ကောင်ကို တွဲလျက်၊ ဖြစ်ပေါ် လာစေ ပြီးနောက်၊ လင်းယွန်က လက်သီး များကို ထိုးထုတ် လိုက်သည်။

သူ့အား ဝန်းရံ ထားသည့် ကြီးကျယ် ခမ်းနားသော တောင်ကြီး၊ တစ်လုံး ဖြစ်တည် လာရန်၊ တောင်နှစ် လုံးကို ပေါင်းစပ် လိုက် သလိုပင်။

'' ပုန်းကွယ် နေသော နဂါး၊ ဝပ်တွား နေသော ကျား။ ''

၎င်းသည် တိုက်ခိုက် ခြင်းနှင့်၊ ကာကွယ်ခြင်းကို တပြိုင် နက်တည်း အသုံးပြု နိုင်သော၊ ပုံစံတစ်မျိုး ဖြစ်သည်။

ပျံသန်း နေသော နဂါး၊ ပုန်းကွယ် နေသော ကျားနှင့် မတူပေ။

မြွေအမြီး ခြင်္သေ့၏ ခြေသည်းများ ကျဆင်း လာသော အခါတွင်၊ မြေပြင်မှာ တဆက်ဆက် တုန်ခါ လာခဲ့သည်။

၎င်းနောက်တွင် နက်ပြာရောင် မီးလျှံ မြေခွေး၏ တိုက်ခိုက်မှု မှာလည်း၊ တွဲလျက် ဝင်ရောက် လာပြန်သည်။

ထိုနောက်တွင် အထက် တန်းစား နတ်ဆိုး သားရဲ သုံးကောင်၏၊ တိုက်ခိုက် မှုပေါင်း တစ်ဒါဇင် ကျော်ကို၊ ရှောင်တိမ်း နိုင်ခဲ့သည်။

ပြီးနောက် နတ်ဆိုး သားရဲ သုံးကောင်က၊ နောက်ထပ် တိုက်ခိုက်မှု များကို၊ ထုတ်ဖော် လာတော့မည့် အချိန်တွင်၊ လင်းယွန်း၏ အရှိန် အဝါမှာ၊ ရုတ်တရက် ပွင့်ထွက် လာ၏။

သူ့ အမူ အရာမှာ ရုတ်တရက် ပြောင်းလဲ သွားပြီး၊ မျက်လုံးမှိတ် ထားသော၊ ဧရာမ ကျားကြီး တစ်ကောင်၊ လေထု ထဲ၌ ထွက်ပေါ် လာ၏။

လက်သီးကို နတ်ဆိုး သားရဲ သုံးကောင် ထံသို့၊ ထိုးချ လိုက်သည်နှင့်၊ ပုံရိပ်ယောင် စွမ်းအင်ကျားကြီးမှာ၊ ရုတ်တရက် မျက်လုံးပွင့် လာပြီး၊ တော်ဝင် အရှိန် အဝါကို၊ ထုတ်လွှတ် လိုက်လေသည်။

ထိုလက်သီး ထဲတွင် ဓား ရည်ရွယ်ချက်၊ မူလ စွမ်းအင်နှင့် ကြမ်းရှသော စွမ်းအင် တို့ကို ပေါင်းစပ် ထား၏။

ပုံရိပ်ယောင် စွမ်းအင် ကျားကြီးမှာ၊ ဘုရင် အဆင့် သားရဲနှင့် တူပါက၊ လက်သီး ချက်သည် တော်ဝင် မင်းသားများ ကဲ့သို့၊ အငွေ့ အသက်များ၊ ကပ်ညိ ပါဝင် နေ၏။

ရာပေါင်း များစွာသော သားရဲ များကြောင့်၊ ဖြစ်ပေါ် လာသည့် လှိုင်းလုံး များလို၊ တုန်လှုပ်ဖွယ် မူလ စွမ်းအင်များ၊ ထုတ်လွှတ် လာလေသည်။

ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်လှိုင်းများက၊ နတ်ဆိုး သားရဲ သုံးကောင်၏ တိုက်ခိုက်မှုကို ချေမှုန်းပစ် လိုက်သည်။

ပထမဦးစွာ 'ပုန်းကွယ် နေသော နဂါး၊ ဝပ်တွား နေသော ကျား' ကို အသုံး ပြုလိုက် သည်နှင့်၊ ပြိုင်ဘက် သားရဲ သုံးကောင်၏ တိုက်ခိုက် လာမှု များကို၊ အချိန် အတော်ကြာ အဟန့် ဖြစ်စေ ခဲ့ပြီး၊ မူလ စွမ်းအင်များ စုဆောင်းချိန် ရခဲ့၏။

မူလ စွမ်းအင်များ ပြည့်နှက် လာပြီးနောက်၊ ရာပေါင်း များစွာသော 'သားရဲ လှိုင်း ပေါက်ကွဲခြင်း'ကို၊ ထုတ်လွှတ် လိုက်ခြင်း၊ ဖြစ်သည်။

နတ်ဆိုး သားရဲ သုံးကောင် ကြားတွင်၊ ခုခံအားအနိမ့် ကျဆုံး ဖြစ်သော၊ 'နက်ပြာရောင် မီးလျှံ မြေခွေး' ကို ထိမှန်ကာ၊ သွေးမြူများ အဖြစ်သို့၊ ပြောင်းလဲ သွား၏။

မြွေအမြီး ခြင်္သေ့ မှာမူ၊ ကြောက်စရာ ကောင်းသော၊ လောင်ကျွမ်း နေသည့် လက်သီး ဒဏ်ရာကြီး တစ်ခု ရရှိ သွားခဲ့သည်။ ထိုဒဏ်ရာ အပြင် ခန္ဓာကိုယ် အနှံ့၊ ပြတ်ရှရာ များဖြင့် ဖုံးလွှမ်း နေလေသည်။

နောက်ဆုံး သားရဲ ဖြစ်သော ကျားသစ်နက် သားရဲသည်၊ ၎င်း၏ အကြေးခွံ ကြီးများ ကွာကျ လာပြီး၊ သွေးချင်းချင်း ရဲနေ ခဲ့၏။

ကျားသစ်နက် သားရဲထက်၊ ဒဏ်ရာ ပိုပြင်း သော မြွေအမြီး ခြင်္သေ့ကို၊ တစ်ချက် လှည့်ကြည့် လိုက်သည်။

ထို့နောက် သူ၏ တိုက်ခိုက်မှု များကို ထပ်မံ ထုတ်ဖော် လိုက်လေသည်။ လက်သီး များက ကြယ် ကြွေလာ သကဲ့သို့၊ မြွေအမြီး ခြင်္သေ့ ခန္ဓာ ကိုယ်ပေါ်၊ အတွဲလိုက် ထိမှန် ကုန်၏။

လက်သီး တစ်ဒါဇင်ခန့် ထိမှန် ခံရ ပြီးနောက်၊ ဧရာမ ခြင်္သေ့ ကြီးသည်၊ ၎င်း၏ အကြေး ခွံများ ကွာကျ ကုန်ကာ၊ မူလ ခန္ဓာကိုယ် အရွယ် အစားသို့၊ ပြန်လည် ရောက်ရှိ လာသည်။

မြွေအမြီး ခြင်္သေ့ ကြီးက၊ အဆိပ် ရှိသော သူ့အမြီးဖြင့်၊ လင်းယွန်ကို ရိုက်ချရန် ကြိုးစားလာ၏၊ ဤအမြီးနှင့် အရိုက် ခံရ ပါက၊ ပြင်းထန်စွာ အဆိပ်သင့် သေဆုံး ရပေ လိမ့်မည်။

သို့သော် မြွေအမြီးကို မကြည့်ဘဲ၊ သူ့ လက်ချောင်း များကို တောက်ထုတ် လိုက်၏။

ဝှစ်။

ခရမ်းရောင် ဓားများ ပြေးထွက် သွားကာ၊ အဆိပ် ရှိသော မြွေ အမြီးကို၊ ခုနစ်ပိုင်း ခွဲဖြတ် လိုက်သည်။

ထိုအချိန်တွင် နောက်ဆုံး လက်သီးကို မြွေအမြီး ခြင်္သေ့၏ ဦးခေါင်းထံ၊ လှည့်၍ ထိုးချ လိုက်၏။

'' ဘန်း ...... ''

မြေအမြီး ခြင်္သေ့မှာ၊ ထိုလက်သီးကို ရှောင်တိမ်းပြီး၊ သူ့ ခန္ဓာဖြင့် ခံယူ လိုသော်လည်း နောက်ကျ သွားခဲ့ လေပြီ။

ဦးခေါင်း ပေါက်ကွဲ နေသော ခန္ဓာကိုယ် ကြီးသာ၊ လွင့်စင် ပြိုကျ လာ၏။

ဖုန်မှုန့်များ ထူထပ်စွာ ပျံ့နှံ့ လာပြီး၊ ပတ်ဝန်း ကျင်ရှိ သစ်ပင်များမှာ၊ မြေငလျင် လှုပ်ခါခံ လိုက်ရ သကဲ့သို့၊ ယိမ်းထိုး သွားသည်။

မြွေအမြီး ခြင်္သေ့ သေဆုံး သွားသည်ကို မြင်သည်နှင့်၊ ကျားသစ်နက်မှာ တိုက်ပွဲအတွင်းမှ၊ တိတ်တဆိတ် ဆုတ်ခွာ ထွက်ပြေး တော့သည်။

လင်းယွန်က လိုက်လံ ဖမ်းဆီးရန်၊ အလျင် မလို ခဲ့ပေ။ သားရဲ အမြုတေ နှစ်ခုကို၊ ထုတ်ယူ ပြီးနောက် မှသာ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့် ကောင်းကင်သို့၊ ခုန်တက် လိုက်တော့သည်။

အတောင်ပံဖြန့် ပျံသန်း နေသော ရွှေကျီးကန်းတစ်ကောင် ကဲ့သို့၊ မီတာ သုံးရာ ခရီးကို၊ အသက် တစ်ရှိုက်စာ အတွင်း၊ နှင်နိုင် ခဲ့ပြီ ဖြစ်သည်။

မြေပြင် ပေါ်သို့၊ ဆင်းသက် လိုက် ပြီးနောက်၊ နောက်တစ်ကြိမ် ခုန်တက် လိုက်သည်။ သိပ်မကြာ ခင်မှာပင်၊ ကျားသစ်နက်ကို လိုက်မီ လာ၏။

သို့သော် ရုတ်တရက် ပတ်ဝန်း ကျင်ရှိ၊ အပူရှိန် ပြောင်းသွား သည်ကို၊ သတိ ထားမိ လိုက်သည်။

ကြပ်တည်းမြေ (မြုံ နေသော မြေ)။ ယင်းသည် ပျက်စီး နေသော နယ်မြေ တစ်ခုဖြစ်သည်။

ကြောက်မက်ဖွယ် ကောင်းသော အပူ စွမ်းအင် များကို၊ ထုတ်လွှတ် နေသည့် ကျောက်တုံး များဖြင့်၊ ပြည့်နှက် နေပေသည်။

လင်းယွန်က မြေပြင် ပေါ်သို့ ဆင်းသက်ကာ၊ ပတ်ဝန်း ကျင်အား ဝေ့ကြည့် လိုက်သည်။ အဝေး တစ်နေရာတွင် မီး စွမ်းအင်များ ထုတ်လွှတ် နေသော၊ တောင်ထွတ် တစ်လုံးကို တွေ့လိုက် ရသည်။

သူ့ အထက်တွင် ထူထပ်သော မိုးကြိုး တိမ်တိုက်များ သိုင်းဖွဲ့ နေကာ၊ ကြက်သွေးရောင် အလင်းများ ရောနှော နေ ပေ၏။

ကျားသစ်နက်က လင်းယွန်အား ကောက်ကျစ်သော အကြည့်ဖြင့်၊ ပြန်လှည့်ကြည့် လာသည်။

ထို့နောက် ကျောက်ဆောင်များ ပေါ်သို့၊ ခုန်ကူး ပျောက်ကွယ် သွားခဲ့သည်။

ကျားသစ်နက်က ရုတ်တရက် ပျောက်ကွယ် သွားသည့် အတွက်၊ အံ့အားသင့် နေစဉ် မှာပင်၊ ကောင်းကင်မှ အလင်းရောင် ဖျော့ဖျော့များ၊ ဆင်းသက် လာသည်။

တစ်ချိန်တည်း မှာပင် သွေးနီ ရောင်များ ဖုံးလွှမ်း နေသော ကျားကြီး တစ်ကောင်၊ ကျောက်တုံးများ ကြားမှ၊ ခုန်ထွက် လာတော့သည်။

အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ။

ကျားသစ်နက်သည် တကယ်ပင်၊ ကောက်ကျစ် လှပေ၏။ ၎င်းမှာ အမှန် တကယ် ပျောက်ကွယ် မသွား ခဲ့ဘဲ၊ ကြီးမားသော ကျား နောက်တွင်၊ ပုန်းအောင်း နေခဲ့သည်။

ကျားက ခေါင်းကို မြှောက်လိုက်ပြီး၊ ပါးစပ်ဝ ရောက်လာသော၊ သားကောင်ကို အာသာ ငမ်းငမ်း စိုက်ကြည့် လာလေသည်။

***

All Chapters