တံဆိပ် သုံးခု ပေါင်းစပ်ခြင်း။
Vol. 25 Ch. 347
အုပ်စိုးရှင် အဆင့် နတ်ဆိုး သားရဲ။
ကျားက ခေါင်းကို မြှောက်လိုက်ပြီး၊ လင်းယွန်ကို လှမ်းကြည့် လိုက်သည်။
၎င်း၏ ကြက်သွေးရောင် မီးလျှံများ တောက်လောင် နေသော အမွေး များက၊ မြုံသော မြေ၏ အပူ ချိန်ကို မြင့်တက် လာစေသည်။
ကြက်သွေး မီးလျှံ ကျားကို ကြည့်ကာ၊လင်းယွန်က မျက်မှောင်ကြုတ် ကြည့်လိုက်၏။
အဋ္ဌမ အဆင့်၊ အုပ်စိုးရှင် နတ်ဆိုး သားရဲ များကို၊ သူက ရှောင်ရှား လေ့ရှိသည်။
နောက်ဆုံးတွင်၊ ၎င်းတို့သည် နဝမ အဆင့် သာမန် နတ်ဆိုး သားရဲ များအား၊ အလွယ် တကူ သတ်ပစ် နိုင်ပြီး၊ တောင်ပူစာ ငယ်များ ကိုပင်၊ လက်သည်း တစ်ချက်ဖြင့်၊ ချေမှုန်း နိုင်သည်။
'ကြက်သွေး မီးလျှံ ကျား' သည်၊ မီးဝိညာဉ် စွမ်းအင်ကို ကျင့်ကြံသော သားရဲများ ကြားတွင်၊ သာမန် သားရဲ မဟုတ်ပေ။
၎င်းသည် နက်နဲ နယ်ပယ်၏၊ အဋ္ဌမ အဆင့်အထွတ် အထိပ်ရှိ၊ အုပ်စိုးရှင် နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်ပြီး၊ မည်သည့် အချိန်တွင် မဆို၊ နဝမ အဆင့်သို့ တက်ရောက် နိုင်မည်။
ယခု အချိန်၌ လင်းယွန်မှာ ဆုတ်ခွာရန် အချိန်နှောင်း သွားလေပြီ။ သို့သော် သူက ထွက်ခွာရန် ရည်ရွယ်ချက် မရှိ ခဲ့ပေ။
အဆုံးမဲ့ တောင်တန်း အတွင်းတွင် တစ်လကြာ ကျင့်ကြံ ထားပြီးနောက်၊ ခွန်အား အပြည့်နှင့် တိုက်ခိုက် ရသော ပြိုင်ဘက် မျိုးအား၊ တွေ့ကြုံ ဖူးခြင်း မရှိခဲ့ သောကြောင့်၊ စိတ်လှုပ်ရှား နေမိသည်။
ထို့ကြောင့် ကြက်သွေး မီးလျှံ ကျားကို သူက စမ်းကြည့် ချင်သည်။
ကြက်သွေး မီးလျှံ ကျားက၊ ဘယ်ညာ ယိမ်းထိုးလျက်၊ အကျော့ဆန့် လိုက်ရာ၊ သွေးနီရောင် အမွှေး များက လှိုင်း တစ်ခုလို၊ လှုပ်ရှား သွား၏။
အဆိုပါ သားရဲမှာ၊ အခြားသော နတ်ဆိုး သားရဲများ ကဲ့သို့၊ ချက်ခြင်း ဝင်ရောက် တိုက်ခိုက်ခြင်း မရှိခြေ။
ယင်းအစား၊ ၎င်းသည် လင်းယွန်ကို စောင့်ကြည့် နေခဲ့ပြီး၊ သူ၏ အရှိန် အဝါ များအား၊ ပြသလာ ခဲ့သည်။
လင်းယွန်က အားနည်း ချက်ကို ထုတ်ဖော် မိသည် အထိ၊ ဖြစ်လာ စေရန်၊ ဖိအား ပေးချင် ခဲ့ပုံ ရ၏။
ခန္ဓာကိုယ် အတွင်းရှိ ဓားသုတ္တန်ကို ဖြန့်ကျက်လိုက်သည်နှင့်၊ လင်းယွန်၏ ဓားရောင်ဝါမှာ၊ စတင် မြင့်တက် လာသည်။
သူ၏ ရောင်ဝါသည် ကျားထံမှ ဖိအားကို၊ အလွယ် တကူ ဖြေရှင်း နိုင်ခဲ့သည်။
ထိုအချိန်တွင် ကျား မျက်လုံးများ ထဲ၌၊ စူးရှသော အလင်း ရောင်များ လင်းလက် လာသည်။
ရုတ်တရက် ရှေ့ခြေ နှစ်ချောင်းကို မြေပြင်၌ ကုပ်ယူ ထားကာ၊ ခန္ဓာ ကိုယ်အား နောက်သို့ အားပြုလျက်၊ ချက်ချင်း ဟိန်းဟောက် လိုက်သည်။
ဝေါင်း...... ။
ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါ သွားစေ နိုင်သော ဟိန်းသံ ကြီးမှာ၊ တောလဲသံ ကြီးကဲ့သို့၊ တုန်ယင် မြည်ဟီး လာ၏။
မြေပြင်၌ လေပြင်းများ တိုက်ခတ် လာပြီး၊ တောက်လောင် နေသော မီးစွမ်းအင် များက၊ မီးတောက် သဏ္ဍာန် ဖြည်းညှင်းစွာ စုပုံ လာလေသည်။
အဆိုပါ မီးစွမ်းအင် အလုံး ထံမှ၊ ဥက္ကာခဲ များ ကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းသော အပူရှိန်ကို ထုတ်လွှတ် လာသည်။
ယင်းကို မြင်သည်နှင့်၊ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ ချက်ခြင်းပင် သူ့ခြေထောက်ကို မြေပြင်ပေါ် ဆောင့်နင်းလျက်၊ ပြန်လည် ဆုတ်ခွာ လိုက်သည်။
ထိုသို့ ဆုတ်ခွာ နေဆဲတွင် လက်သီး များဖြင့်၊ အဆိုပါ မီးလုံး ကြီးအား၊ ဟန့်တား ထိုးနှက် မိ၏။
စွမ်းအင် နှစ်ခု တိုက်မိ ပြီးနောက်၊ ဖွဲ့တည်ပြီး ကာစ၊ မီးစွမ်းအင် အလုံး ကြီးမှာ၊ ပျက်ကျ သွားသည် ။
ပေါက်ကွဲ ခြင်းဖြင့်၊ ပတ်ဝန်း ကျင်သို့ မီးတောက်များ ပျံ့နှံ့ လာသည်။ ဤမြင်ကွင်းသည် မီးမိုးများ ရွာသွန်းကာ၊ ကမ္ဘာပျက် ခြင်းနှင့် တူ၏။
သည်နယ်မြေ၌ မီးလောင် တစ်စပြင် ဖြစ်နေ ရသည့်၊ အကြောင်း အရင်းကို၊ ယခု နားလည် သွားမိသည်။
ဤကဲ့သို့ တိုက်ပွဲများ တစ်ချိန်လုံး ဖြစ်ပျက် နေခဲ့မည် ဆိုပါလျှင်၊ အဆိုပါ ဝန်းကျင်၌ သာယာ နေခြင်းမှာ၊ အဓိပ္ပါယ် မရှိ နိုင်ပေ။
ကြက်သွေးရောင် မီးလျှံ ကျားက၊ သူ၏ ခြေသည်း များကို မြေပြင်မှ ခွာကာ၊ လင်းယွန်အား ခုန်အုပ် လိုက်၏။
လင်းယွန်က လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ ထုတ်ဖော် ရှောင်တိမ်း လိုက်ကာ၊ ကြက်သွေး မီးလျှံ ကျားအား၊ လက်သီး အနည်း ငယ်ဖြင့်၊ ပြန်လည် ထိုးနှက် လိုက်၏။
မြေပင်သို့ ခြေမချ နိုင်မီ၊ လေပြင်း များကြောင့်၊ ဟန်ချက် ပျက်သွားစဉ်၊ ကြက်သွေး မီးလျှံ ကျားက၊ ထပ်မံ ခုန်အုပ် လာပြန်သည်။
ထို့ကြောင့် လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို အဆုံးထိ တွန်းပို့ ခဲ့ရပြီး၊ နောက်ဆက်တွဲ ပုံရိပ် များအား ဖန်တီးကာ၊ မြေပြင်ပေါ် ဆင်းသက် လိုက်၏။
လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့၊ ရောက်ရှိ သွားသည့် အတွက်၊ ကံကောင်း သွားခြင်း ဖြစ်ပေသည်။
သို့မဟုတ် ပါက ခုန်အုပ် ဖမ်းဆီး ခံရ ပြီးနောက်၊ မည်သို့ ဆက်ဖြစ် မည်ကို မတွေး ရဲနိုင်ခြေ။
ကြက်သွေး မီးလျှံ ကျားက လင်းယွန်ကို၊ အထင် အမြင် သေးစွာဖြင့် လှမ်းကြည့်ကာ၊ ဟိန်းဟောက် လာ၏။
" ကြည့်ရတာ အလေး အနက် ထားရ တော့မယ့် ပုံပဲ။ "
တိုးဖွဖွ ရေရွတ် လိုက်ပြီး၊ သူ၏ မျက်လုံး များတွင် အေးစက်သော အလင်း ရောင်များ တောက်ပ လာသည်။
ခန္ဓာကိုယ် တွင် ခရမ်းရောင် ချပ်ဝတ်ကို ဖန်တီးရန်၊ မူလ စွမ်းအင်နှင့် ကြမ်းရှသော စွမ်းအင် များအား စုဆောင်း လိုက်၏။
သို့သော် ပြိုင်ဘက် ကျားရဲမှာ သဘော ကောင်းစွာဖြင့်၊ သူ့အား ထိုသို့ အချိန်ပေး ခွင့်ပြု မည့်သူ မဟုတ်ပေ။
နောက်ထပ် မီးစွမ်းအင် အလုံးကြီး တစ်လုံးကို ဖန်တီးကာ၊ ပစ်ထုတ် တိုက်ခိုက် လာပြန်သည်။
ဒရာကိုဖီ ချပ်ဝတ်ကို ဖန်တီးလျက်၊ လင်းယွန်က ကောင်းကင်သို့၊ ခုန်တက် လိုက်၏။
တစ်ချိန်တည်း မှာပင်၊ စွမ်းအင် မီးလုံးမှာ၊ လေထဲရှိ သူ၏ ချပ်ဝတ် ပေါ်သို့၊ ကျရောက် လာပြီး၊ ပေါက်ကွဲ သွား၏။
ဒရာကိုဖီ ချပ်ဝတ်ကို ထုတ်ဖော် ပြီးနောက်၊ ကြက်သွေး မီးလျှံ ကျားရဲကို ရင်ဆိုင်ရာတွင်၊ ကြောက်ရွံ့ နေစရာ မရှိတော့ပေ။
ကြမ်းရှသော စွမ်းအင် များကို၊ ခြေလက် များသို့ ဖြည့်သွင်းပြီး၊ နောက်ပြန် မဆုတ်ဘဲ၊ ဘတစ်ပြန် ကျားတစ်ပြန် ထိပ်တိုက် ရင်ဆိုင် မိသည်။
ဤတိုက်ပွဲကို အဝေးက ငေးကြည့် နေမိသော ကျားသစ်နက်၏ မျက်လုံး များတွင် ကြောက်ရွံ့ မှုများ ပြည့်နှက် လာ၏။
သူ့ အမြင်၌ ဤလူသားသည် အုပ်စိုးရှင် အဆင့်၊ နတ်ဆိုး သားရဲ တစ်ကောင်ကို၊ ရင်ဆိုင်နိုင်လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။
တစ်ချိန်တည်း မှာပင်၊ လင်းယွန်က ဒရာကိုဖီ ချပ်ဝတ်ကို ဆင့်ခေါ် လိုက် သည်နှင့်၊ သူ့ ပတ်ပတ် လည်၌ ဆေးကြိုအိုး တစ်လုံး၊ လှည့်ပတ် နေသော ပုံသဏ္ဍာန် ဖြစ်ပေါ် လာသည်။
ထိုဆေးကြိုအိုး အတွင်းမှ သူတော်စင် ဂီတ သံစဉ်များ ထွက်ပေါ် လာ၏။
( ဆိုလို သည်မှာ ဖြစ်ပေါ် လာသော ထူးခြားသည့် ဆူညံ သံများကို ဆိုလို ပေသည်။)
ကမ္ဘာဦး ခေတ်တွင် အခမ်း အနားများ ကျင်းပရာ၌၊ ကြီးမားသော ဒယ်အိုးကြီး များကို အသုံး ပြုခဲ့ ကြသည်။
အခမ်းအနား ဆိုသည်မှာ၊ သန့်ရှင်းသော သူ (သူတော်စင်) များက၊ ကောင်းကင်ကို ဂုဏ်ပြုသော အားဖြင့်၊ ယင်းဒယ်အိုး ကြီးတွင်၊ သတ်မှတ် ထားသော တစ်စုံ တစ်ရာအား၊ ထည့်သွင်း ပူဇော် ကြခြင်း ဖြစ်သည်။ ( ယဇ် ပူဇော်ခြင်း။)
ထိုသို့ ပူဇော် နေစဉ် ထူးခြားသော၊ ဆူပွက် သံများ၊ ဒယ်အိုး ကြီးများ ထဲမှ၊ ထွက်ပေါ် လာတက်သည်။
ထိုဒယ်အိုး များကို မြင့်မြတ်သော ဆေးကြို အိုးများ အဖြစ်၊ တင်စား ခေါ်ဝေါ်ပြီး၊ ယင်းဒယ်အိုး များမှ ထွက်လာသော ဆူညံသံ များကို၊ သူတော် စင်ဂီတ (မြင့်မြတ်သော သံစဉ် အဖြစ်) သတ်မှတ် ကြ၏။
အဘယ်ကြောင့် ဆိုသော်၊ ယင်း သံစဉ်များ ထွက်ပေါ် လာသည်နှင့်၊ ကောင်းကင်ဘုံ သားရဲများ၊ သို့မဟုတ် လျှပ်စီး ကြောင်းများ၊ ဆင်းသက် လာခြင်း ကဲ့သို့သော၊ အံ့ဖွယ် ဖြစ်ရပ်များ၊ ဖြစ်ပေါ် လာတက် သောကြောင့် ဖြစ်သည်။
၎င်းကို ကောင်းကင်မှ အသိ အမှတ် ပြုခြင်းဟု၊ သတ်မှတ် ကြ၏။
သို့သော် စတုတ္ထ အဆင့် ၌သာ ရှိသော၊ ဒရာကိုဖီ ချပ်ဝတ်ဖြင့်၊ ထိုသို့သော ဖြစ်ရပ် မျိုးကို၊ ဖန်တီးရန် မဖြစ် နိုင်ပေ။
'' ..... ။ ''
ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ သူ့လက်သီး များမှာ၊ တုန်ခါ နေဆဲ ဖြစ်သည်။
လေထဲ၌ ဆံပင်များ တဖျပ်ဖျပ် လွင့်နေပြီး၊ မျက်လုံး များက သိမ်းငှက် သားရဲ၏ မျက်ဝန်း များလို၊ ထက်မြ နေပေ၏။
အခြား တစ်ဖက်တွင်၊ ကြက်သွေး မီးလျှံ ကျားမှာ၊ အနည်းငယ် တုန်ယင် နေသည်။
အထူး သဖြင့် လင်းယွန် ထံမှ၊ ထွက်ပေါ် နေသော အရှိန် အဝါမှာ၊ ပိုမို အားကောင်း လာသောကြောင့်၊ အန္တရာယ် သတိ ပေးချက်များ ညံလာ လေသည်။
ဤလူသားသည် သတ္တမ အဆင့်တွင် ရှိသော၊ ကျင့်ကြံသူ တစ်ယောက်နှင့် မတူ လှပေ။
'' ဟိတ် ... ။ ''
လင်းယွန်က ကျား-နဂါး လက်သီးကို ထုတ်ဖော်ကာ၊ ကြက်သွေး မီးလျှံ ကျား အပေါ် လက်သီး မိုးများ၊ ထပ်မံ ရွာသွန်း လိုက်သည်။
လက်သီး ချက်များ အောက်တွင် ကြက်သွေးရောင် အရှိန် အဝါ များမှာ၊ အမှန်တကယ် ကျဆင်း လာပြီး၊ ပြိုကျ တော့မည့် လက္ခဏာများ၊ ပြသ လာသည်။
" သားရဲလှိုင်း ပေါက်ကွဲခြင်း။ ''
ရာနှင့် ချီသော သားရဲများ တိုးဝင်လာ သကဲ့သို့၊ စွမ်းအင် လှိုင်းများကို ထုတ်လွှတ် လိုက်ချိန်၌၊ ကြက်သွေး မီးလျှံ ကျားမှာ၊ တောင့်မခံ နိုင်တော့ပေ။
'' ဘန်း ...... ''
ပြင်းထန်သော ပြတ်ရှ ရာကြီး နှင့်အတူ၊ အဝေးသို့ လွင့်စင် သွား၏။
မြေပြင်ပေါ်သို့၊ လဲကျ သွားသော ကြက်သွေး မီးလျှံ ကျားကြီးက၊ မတ်တပ် ထရပ်ရန် လှည့်ပတ် အားယူ လိုက်သည်။
လင်းယွန် မှာမူ၊ သူ့ကိုယ် ဟန်ကို ထိန်းရန်၊ မြေပြင်ပေါ် ဆင်းသက် ပြီးနောက်၊ ရှေ့သို့ ခြေလှမ်း အနည်းငယ် လှမ်းယူ လိုက်ရသည်။
ခန္ဓာကိုယ် အတွင်း စွမ်းအင်များ၊ ပြည့်နှက် နေသေးသော၊ ကြက်သွေး မီးလျှံ ကျားကို ကြည့်ကာ၊ မျက်မှောင်ကြုတ် မိလိုက်၏။
အုပ်စိုးရှင် နတ်ဆိုး သားရဲ၏၊ တိုက်ပွဲဝင် ဆန္ဒမှာ၊ မယုံနိုင် လောက်အောင် ထက်သန် လွန်းပေသည်။
သာမာန် နတ်ဆိုး သားရဲ တစ်ကောင်သည်၊ ယခု အချိန်၌ သေဆုံးသွား လိမ့်မည် ဖြစ်သည်။
ကြက်သွေး မီးလျှံ ကျားမှာမူ၊ ဒဏ်ရာ ပြင်းထန် ရုံမျှသာ ရှိပြီး၊ တိုက်ပွဲ ဝင်လို စိတ်များ၊ ဆက်လက် လောင်ကျွမ်း နေဆဲ ပေပင်။
သည်အထိ ရောက်ရှိ ပြီးနောက်၊ ဆက်သွားရန် ဆုံးဖြတ် လိုက်၏၊ ရွှေကျီးကန်း တံဆိပ်မှာ၊ ရုတ်တရက် ပွင့် လာပြီး၊ ကြက်သွေး မီးလျှံ ကျား ရှေ့သို့၊ ချက်ချင်း တွန်းပို့ လိုက်သည်။
" နဂါးနှင့် ကျား၏ အုပ်စိုးမှု။ "
တစ်ဆက် တည်းမှာပင် ကျား-နဂါး လက်သီး၏၊ အပြင်းထန် ဆုံး ပုံစံကို၊ ထုတ်လွှတ် လိုက်သည်။
ဘယ်ဘက်လက်၌ နဂါးနှင့်၊ ညာဘက် လက်၌ ကျားကို၊ ကန့်သတ်ချက် အထိ၊ တွန်းပို လိုက်သော အခါတွင်၊ ရွှေရောင် ဖျော့ဖျော့ အလင်းများ၊ ထွက်ပေါ် လာခဲ့သည်။
ကြက်သွေး မီးလျှံ ကျားမှာ၊ ခြေထောက်ပေါ် ပြန်တက် လာနိုင် ချိန်တွင်၊ လင်းယွန်၏ နဂါး အရှိန်အဝါ ပါဝင်သော လက်သီးဖြင့်၊ ထိုးနှက် ခံလိုက် ရသည်။
ထိုမျှမက လေထဲ ဝဲပျံ နေစဉ် မှာပင်၊ ကျား အရှိန်အဝါများ ပါဝင်သော လက်သီးက၊ ထပ်မံ ဝင်ရောက်လာ ပြန်သည်။
ဤတစ်ကြိမ်၌ မြေပြင် ပေါ်သို့ လဲကျ သွားသည်နှင့်၊ ကြက်သွေး မီးလျှံ ကျားမှာ၊ နာကျင်စွာ လူးလိမ့် သွားတော့သည်။
လက်သီး များကို ဖြေလျော့ လိုက် ပြီးနောက်၊ လင်းယွန်၏ ပတ်ဝန်း ကျင်ရှိ ရွှေရောင် အလင်းများ၊ ကွယ်ပျောက် လေသည်။
သွေးများ ဖုံးလွှမ်း နေသော ကြက်သွေး မီးလျှံ ကျားက၊ လင်းယွန်ကို လှမ်းကြည့် လိုက်သည့်၊ မျက်ဝန်းများ ထဲတွင် ကြောက်ရွံ့ မှုများ ရှိနေ ခဲ့လေသည်။
ပြန်လည် ထရပ်ရန် ကြိုးစား လိုက် သော်လည်း၊ လဲကျ သွားကာ၊ တိုက်ပွဲဝင် ဆန္ဒများ ပျောက်ကွယ် သွားတော့သည်။
လင်းယွန်ကို ဖြားယောင်း ခေါ်ငင် ခဲ့သော ၊ ကျားသစ်နက်မှာ အနက်ရောင် အလင်းတန်း အဖြစ်သို့၊ ပြောင်းလဲ လိုက်ကာ၊ ထွက်ပြေး သွားခဲ့သည်။
သူက ကျားသစ်နက် ဆီသို့၊ တစ်ချက်မျှ ကြည့်လိုက် ရုံသာ ဖြစ်သော်လည်း၊ ထိုအခိုက် အတန့် သည်ပင်၊ ကြက်သွေး မီးလျှံ ကျား အတွက်၊ အခွင့် အရေး ရရှိသွား ခဲ့သည်။
ရုတ်ချည်း ဆိုသလို ဝါကျင့်ကျင့် လက်သည်းကြီး များဖြင့်၊ သူ့ ရင်ဘတ်အား ကုပ်ချ ခံလိုက် ရသည်။
ဒရာကိုဖီ တိုက်ပွဲဝင် ချပ်ဝတ်မှာ၊ ချက်ချင်းပင် ကွဲထွက် သွားပြီး၊ ရင်ဘတ်မှ သွေးများ ပန်းထွက် လာ၏။
သွေးတစ်လုတ်ကို အန်ချ လိုက်ရ ပြီးနောက်၊ အဝေးသို့ လွင့်စင် သွားသည်။
နံရိုးများ အက်ကွဲ သွားသည်ကို၊ သူ ကောင်းကောင်း ခံစား နိုင်သည်။
နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ များကို သုတ်ယူကာ၊ မော့ကြည့် လိုက်သော အခါတွင်၊ ကြက်သွေး မီးလျှံ ကျားက၊ မတ်တပ် ရပ်လျက်ဖြင့်၊ သူ့အား စူးစိုက် ကြည့်နေ ခဲ့သည်။
သည်တစ်ကြိမ်၌ ကြက်သွေး မီးလျှံ ကျား၏၊ အငွေ့ အသက်မှာ ပို၍ ကြောက်မက်ဖွယ် ကောင်းလာ၏။
ကြက်သွေး မီးလျှံ ကျားသည်၊ သေလု မျောပါး အချိန်၌၊ အောင်မြင်မှု တစ်ခုအား၊ ပြုလုပ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း၊ သူ သိလိုက် ရသည်။
၎င်းသည် သူ့ ခန္ဓာကိုယ် ပေါ်ရှိ ဒဏ်ရာ များကို ဂရု မစိုက်ဘဲ၊ လင်းယွင်အား ကြည့်ကာ၊ အသံနက် ကြီးဖြင့်၊ ဟောက်သံ ပြုလိုက်၏။
ပြီးနောက် မြေပြင်ကို သိမ့်သိမ့်တုန် စေသော အဟုန်ဖြင့်၊ ပြေးဝင်လာ တော့သည်။
အသက် တရှိုက်စာ အတွင်း၊ လင်းယွန် ရှေ့သို့ ရောက်ရှိ လာကာ၊ ကြောက်မက်ဖွယ် ကောင်းသော ဖိအားများ ကျဆင်း လာပြီး၊ အသက်ရှူ ကြပ်လာ စေ၏။
အနီရောင် အလင်းတန်း ကြီးလို ပြေးဝင်လာ နေသော၊ ကြက်သွေး မီးလျှံ ကျားကို ကြည့်လိုက်ကာ၊ လင်းယွန်း၏ မျက်ဝန်း များ၌ တိုက်ခိုက်ရေး စိတ်ဓာတ်များ၊ တောက်လောင် လာသည်။
'' မင်း ငါ့ကို သတ်ချင် နေတာလား၊ မင်း မလုပ် နိုင်မှာကို ငါ ကြောက်မိတယ်။ ''
ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်ကို ထုတ်လွှတ် လိုက်၏။ သူ့အငွေ့ အသက်မှာ၊ အကြိမ်ပေါင်း များစွာ ပြောင်းလဲ မြင့်တက် လာသည်။
ပထမဆုံး အနေဖြင့်၊ မီးလျှံများ တောက်လောင်နေ သကဲ့သို့ ပူပြင်း လှ၏။ ထို့နောက် တိုက်ပွဲဝင် ဆန္ဒ များကြောင့်၊ သူရဲကောင်း ဆန်သော အရှိန်အဝါများ၊ ထွက်ပေါ် လာသည်။
နောက်ဆုံးတွင်၊ ရွှေရောင် အလင်းများ အဖြစ်သို့၊ ပြောင်းလဲ သွားကာ၊ သူ၏ ခန္ဓာ ကိုယ်ကို ဖုံးလွှမ်း သွားတော့သည်။
အရှိန်အဝါ သုံးဆင့် မြင့်တက် လာပြီး သည်နှင့်၊ ကျယ်လောင်သော ကြုံးဝါးသံ နှင့်အတူ၊ ကောင်းကင်သို့ ခုန်တက် လိုက်၏။
တံဆိပ် သုံးခုကို ပေါင်းစပ်ရန် ကြိုးစား လိုက်သော အခါတွင်၊ ခန္ဓာကိုယ် အတွင်း ကြမ်းရှသော စွမ်းအင် များဖြင့်၊ ပြည့်နှက် လာကာ၊ ပေါက်ကွဲ လုနီးပါး၊ ရုန်းကြွ လာသည်။
နောက်ဆုံး အချိန်ထိ ဖိနှိပ် ထားပြီး၊ ကြက်သွေး မီးလျှံ ကျား၏ တိုက်ခိုက် မှုဖြင့်၊ ထိမိ ခါနီးတွင် ပေါင်းစပ် တံဆိပ် သုံးခုကို၊ တွန်းထုတ် လိုက်၏။
ထိုအချိန်၌ ကမ္ဘာတုန် လုလု၊ အဟုန်မျိုး ဖြစ်ပေါ် မလာ ခဲ့ပေ။ ယင်းအစား၊ ကြက်သွေး မီးလျှံ ကျားကို၊ သွေးမြူ အဖြစ်သို့၊ ပြောင်းလဲ သွားစေမည့်၊ ဓား ရောင်ဝါသာ လင်းလက် လာ၏။
မြေပြင် ပေါ်သို့ ညင်သာစွာ ပြန်လည် ဆင်းသက် လာပြီး၊ မတ်တပ်ရပ် လျက်ဖြင့်၊ ကောင်းကင် ပေါ်ရှိ သွေးမြူ များကို မော့ကြည့် လိုက်သည်။
ထို့နောက် သူ့ လက်ကို ဆန့်ထုတ်ကာ၊ ကြက်သွေး မီးလျှံ ကျား၏၊ သားရဲ အမြုတေအား ဖမ်းယူ ဆုပ်ကိုင် လိုက်တော့၏။
***