← Chapters

ကြာမိစ္ဆာ နယ်မြေ။

Vol. 25 Ch. 348

ကြာမိစ္ဆာ နယ်မြေ။

Vol. 25 Ch. 348

တံဆိပ် သုံးခု ပေါင်းစပ် စွမ်းအားသည် ကမ္ဘာတုန် လုလု၊ အဟုန်မျိုး ဖြစ်ပေါ် မလာ ခဲ့ပေ။ ယင်းအစား၊ ထက်ရှသော ဓား အလင်းသာ ဖြစ်ပေါ် လာသည်။

ကြက်သွေး မီးလျှံ ကျားကို၊ သွေးမြူ အဖြစ်၊ ပြောင်းလဲ ပစ်လိုက် ပြီးနောက်၊ မြေပြင် ပေါ်သို့၊ ပြန်လည် ဆင်းသက် လိုက်၏။

မတ်တပ် ရပ်လျက် အနေ အထားဖြင့်၊ ကောင်းကင် ပေါ်ရှိ သွေးမြူ များကို မော့ကြည့် မိသည်။

ထို့နောက် သူ့ လက်ကို ဆန့်ထုတ်ကာ၊ ကြက်သွေး မီးလျှံ ကျား၏၊ သားရဲ အမြုတေအား၊ ဖမ်းယူ လိုက်တော့သည်။

သွေးမြူများ ရှင်းလင်းသွား ပြီးနောက်၊ သားရဲ အမြုတေကို ကိုင်ထား လျက်မှ၊ သွေးတစ်လုတ် အန်ချကာ၊ မျက်နှာ တစ်ပြင်လုံး ဖြူဖျော့ သွားခဲ့သည်။

ကြက်သွေး မီးလျှံ ကျားမှာ၊ နက်နဲ နယ်ပယ် နဝမ အဆင့်၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်၏။

သူ့လက်သည်း ကုပ်ချက်ကြောင့်၊ သေဆုံးသွား လုနီးပါး ဖြစ်ရသည်။ အဆိုပါ ကျားမှာ၊ ဒဏ်ရာရ နေသော ကြောင့်သာ၊ ကံကောင်း သွားခြင်း ဖြစ်သည်။

သို့မဟုတ် ပါလျှင်၊ အကျိုးဆက် များကို၊ မှန်းဆလို့ မရ နိုင်ပေ။

ဒရာကိုဖီ ချပ်ဝတ်တွင် ကျွမ်းကျင်မှု နည်းပါး နေသောကြောင့်၊ ၎င်းသည် စကြာဝဠာ လက်နက်၏ စွမ်းအားကို ခုခံ နိုင်သော၊ အဆင့်သို့ မရောက်ရှိ သေးခြေ။

သို့သော် ယခု အဆင့် သည်ပင်၊ များစွာ အကူ အညီ ရခဲ့သည်။ ခရမ်းရောင် ချပ်ဝတ်သာ မရှိပါက၊ လက်သည်း ကုပ်ချက်ကြောင့်၊ သေဆုံး နိုင်ပေမည်။

သွေးချောင်း အနည်းငယ် ဆိုးပြီးနောက်၊ သက်ပြင်း ရှည်ကြီးကို ချလိုက် မိသည်။ လက်ထဲရှိ သားရဲ အမြုတေကို ကြည့်ကာ၊ စိတ်လှုပ်ရှား မှုများ၊ ဖြစ်ပေါ် လာခဲ့၏။

ဒရာကိုဖီ နည်းစနစ်ကို၊ စတုတ္ထ အဆင့် အထွတ် အထိပ်သို့ ရောက်ရှိရန်၊ ဤအုပ်စိုးရှင် အဆင့်၊ သားရဲ အမြုတေအား၊ အသုံးပြု ရပေမည်။

ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ် နည်းစနစ်၏၊ နောက်ပိုင်း အဆင့် များတွင်၊ ကျင့်ကြံရန် အတွက်၊ သားရဲ အမြုတေများ လိုအပ်မည် ဖြစ်သည်။

ခန္ဓာကိုယ် သန့်စင်သော ပညာရပ် အများ စုမှာ၊ ရှေးဟောင်း သားရဲများ၊ သို့မဟုတ် နတ်ဘုရား သားရဲ များကို၊ လေ့လာ ခြင်းမှ ဆင်းသက် လာခြင်း ဖြစ်သည်။

နတ်ဆိုး သားရဲ များ၏ ကိုယ်လုံး ကိုယ်ပေါက်သည်၊ လူသား များထက် များစွာ သန်မာ လှ၏။

သားရဲ အမြုတေ များအား၊ သန့်စင် ခြင်းဖြင့်၊ ဒရာကိုဖီ ခန္ဓာ ကိုယ်ကို၊ အားကောင်း စေနိုင် ရုံသာ မက၊ ကျင့်ကြံမှု အရှိန် ကိုလည်း၊ မြင့်တက် စေနိုင်သည်။

ဒရာကိုဖီ နည်းစနစ်သည် ပဉ္စမ အဆင့်သို့၊ ရောက်ရှိ သော အခါတွင်၊ ခရမ်းရောင် နယ်ပယ် နတ်ဆိုး သားရဲ အမြုတေကို၊ လိုအပ် ပေလိမ့်မည်။

သို့မဟုတ် ပါက နောက်ထပ် တိုးတက် မှုများပြုလုပ် နိုင်တော့မည် မဟုတ်ပေ။

နေ့တစ်ဝက် အကြာတွင်၊ ဒဏ်ရာမှ ပြန်လည် ကောင်းမွန်လာ ပြီးနောက်၊ ကြက်သွေး မီးလျှံ ကျား၏ သားရဲ အမြုတေကို၊ သန့်စင်ရန် စတင် လိုက်သည်။

သားရဲ အမြုတေတွင် နေနှင့်၊ လ၏ အနှစ် သာရ များဖြင့်၊ ပြည့်နှက် နေပြီး၊ နတ်ဆိုး အရှိန်အဝါများ သိုင်းခြုံ ထားလေသည်။ ( အနှစ် သာရ= စွမ်းအင် )

အနှစ် သာရ နှစ်မျိုး လုံးက၊ သူ့အတွက် အသုံးဝင် ပေ၏။ ဓားသုတ္တန်ကို ဖြန့်ကျက် လိုက်သော အခါတွင်၊ ခန္ဓာကိုယ် အတွင်း၊ စီးဝင် နေသော စွမ်းအင် လှိုင်းများ၊ ဖြစ်ပေါ် လာသည်။

နောက် တစက္ကန့်တွင် ခန္ဓာကိုယ် အတွင်း၌ မူလ စွမ်းအင်များ တိုးပွား လာကာ၊ အပ်စိုက်မှတ်များ သန်စွမ်း လာလေသည်။

'' ကောင်း ကောင်း နေ။ ''

ရုတ်တရက် ရုန်းကြွ လာသော နတ်ဆိုး အငွေ့ အသက် များကြောင့်၊ လင်းယွန်က အော်ဟစ် လိုက်ခြင်း ဖြစ်သည်။

ဒရာကိုဖီ ခန္ဓာ ကိုယ်ကို အသက် သွင်းလိုက် သည်နှင့်၊ စိုင်းရိုင်းသော နတ်ဆိုး သားရဲ အမြုတေရှိ ရောင်ဝါမှာ၊ ငြိမ်ဝပ် သွား၏။

၎င်းသည် ရှေးကျသော ဒရာကိုဖီ သားရဲနှင့်၊ မည်သို့မျှ မနှိုင်းယှဉ် နိုင်ပေ။ ကြက်သွေး မီးလျှံ ကျားက၊ အသက်ရှင် နေခဲ့ လျှင်ပင်၊ ရှေးဟောင်း သားရဲ ဒရာကိုဖီ၏ အငွေ့ အသက်ကို၊ ကြောက်ရွံ့ ရပေမည်။

ယခု အချိန်တွင်၊ နာခံမှု ရှိလာသော နတ်ဆိုးရောင်ဝါကို သာလျှင်၊ သားရဲ အမြုတေ၌ တွေ့မြင် နိုင်မည် ဖြစ်သည်။ ဤသို့ဖြင့် စုပ်ယူ သန့်စင် ရာ၌ များစွာ ချောမွေ့ သွားတော့သည်။

အချိန် အနည်းငယ် ကုန်ဆုံး ပြီးနောက်၊ ခရမ်းရောင် ဖျော့ဖျော့ စွမ်းအင် များမှာ၊ တဖြည်းဖြည်း အနီရောင်သို့၊ ပြောင်းလဲ လာ၏။

တစ်ချိန်တည်း မှာပင်၊ သူ၏ အရှိန်အဝါတွင်၊ သတ်ဖြတ် လိုသော အသိများ၊ ပို၍ သိပ်သည်း လာပေသည်။

၎င်းသည် လင်းယွန်၏ ကြမ်းရှသော စွမ်းအင်ကို၊ ရှေးဟောင်း တာအိုဂိုဏ်း၏ ကြမ်းရှသော စွမ်းအင်နှင့်၊ ကွဲပြား သွားစေသည်။

အနီရောင် ကြမ်းရှသော စွမ်းအင်မှာ၊ ပို၍ပင် ကြောက်စရာ ကောင်းပေ၏။ ပုံစံ အမှန်ကို ပြောရ ပါလျှင်၊ ယင်းသည်ပင် ဒရာကိုဖီ၏ မူလ ပုံစံ ဖြစ်ပေသည်။

ကမ္ဘာဦး ခေတ်၌ ဒရာကိုဖီ များကို၊ ရိုင်းစိုင်းသော သားရဲ များဟု၊ လူ သိများ ကြပြီး၊ ရက်စက် ကြမ်းကြုတ်သော အပြုအမူ များမှာ၊ သူတို့၏ ဝိသေသ တစ်စိတ် တပိုင်း ပေပင်။

နဝမ အဆင့် သားရဲ အမြုတေတွင်၊ ပါရှိသော စွမ်းအင် များမှာ၊ လွန်စွာ များပြား လှသောကြောင့်၊ လင်းယွန် အတွက် နောက်ထပ်ဆယ်ရက်ခန့်၊ ထပ်မံ သန့်စင် ရပေ ဦးမည်။

၎င်းအချိန် ကာလသည် ဓားသုတ္တန် ကြောင့်၊ ဖြစ်ပြီး၊ အခြားသော နည်းစနစ် များသာ ဆိုပါက၊ လုံးလုံး လျားလျား ချေဖျက်ရန်၊ တစ်လခန့် အချိန် ယူရ ပေမည်။

တစ်ကိုယ်လုံး ပြည့်လျှံ နေသော စွမ်းအင် များကို စမ်းသပ်ရန် အတွက်၊ မြေပြင်အား လက်သီးဖြင့် ထိုးချ လိုက်၏။

ကြီးမားသော ပေါက်ကွဲသံ နှင့်အတူ၊ အက်ကွဲကြောင်းကြီး (၃)ခု၊ မြေပြင်၌ ထင်ဟပ် လာသည်။

အက်ကွဲ ကြောင်းကြီး များထံမှ၊ မရေ တွက် နိုင်သော၊ အက်ကြောင်း ငယ်များ အဖြစ်၊ ဆင့်ပွား ဖြစ်ပေါ် လာ ခဲ့၏။

“ ဆေးအိုး သုံးလုံးရဲ့ အင်အား။ ”

လင်းယွန်က ကျေနပ် အားရစွာ ရေရွတ် လိုက်၏။ ဤသားရဲ အမြုတေသည် ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်အား၊ စတုတ္ထ အဆင့်၌၊ တည်ငြိမ် သွားစေပြီး၊ ဆေးကြိုအိုး သုံးလုံးခန့်၊ ခွန်အားမျိုး ပိုင်ဆိုင် လာစေ ခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ ကျင့်ကြံမှု တိုးတက် လာခဲ့ပြီး၊ နက်နဲ သိုင်း နယ်ပယ်၏၊ အလယ် အလတ် သတ္တမ အဆင့် သို့လည်း၊ ရောက်ရှိ သွား၏။

ဤသည်မှာ အုပ်စိုးရှင် အဆင့် သားရဲ အမြုတေကို၊ ပထမဆုံး အကြိမ် သန့်စင်သော ကြောင့်လည်း ဖြစ်သည်။

နောက်တစ်ကြိမ် ထပ်မံ သန့်စင် ရပါက၊ အကျိုး ဆက်မှာ၊ ဤမျှ ဖြစ်ထွန်းမည် မဟုတ်ပေ။

“ ဒီနေရာက ကျင့်ကြံလို့ သင့်တော်မယ့် ပုံပဲ၊ ဓား ရည်ရွယ်ချက်ကို နားလည်မှု ရယူဖို့၊ ဒီမှာပဲ ကြိုးစား ကြည့်ရအောင်။ "

မီးလောင် ပျက်စီး နေသော နယ်မြေကို လှမ်းကြည့်ကာ၊ ခပ်တိုးတိုး ရေရွတ် လိုက်သည်။ တစ်ခါ တစ်ရံတွင် မြေပြင်မှ ကျောက်ရည်ပူများ၊ စီးထွက် လာသည်ကို၊ သူ မြင်လိုက် ရသည်။

ပတ်ဝန်းကျင်က ကြမ်းတမ်း လွန်းသော်လည်း၊ ဝိညာဉ် စွမ်းအင်များ ထူထပ် ပေသည်။ ယင်းသည် ကြက်သွေး မီးလျှံ ကျားမှ၊ သည်နေရာသို့၊ သိမ်းပိုက် ထားရသော အကြောင်း ရင်းလည်း ဖြစ်၏။

လင်းယွန်၏ အကြည့် များက၊ အပူရှိန်များ ထွက်ပေါ် နေသော တောင်ကုန်းထံ၊ ကျရောက် သွားကာ၊ ခြေလှမ်း များကို ဦးတည် လိုက်သည်။

တောင်ကုန်း ထိပ်သို့ ရောက်ရှိ လိုက်သည်နှင့်၊ အံသြဖွယ် ကောင်းသော သစ်သီး တစ်လုံးကစောင့်ကြို နေခဲ့ လေပြီ။

" တိမ်လွှာ မီးလျှံ သစ်သီး။ "

လင်းယွန်က ချက်ချင်း မှတ်မိ လိုက်သည်။ ၎င်းကို ဆေးလုံးများ အဖြစ် သန့်စင်ခြင်း၊ သို့မဟုတ် တိုက်ရိုက် စားသုံး နိုင်သည်။

မီးသဘာဝ ကျင့်ကြံခြင်း နည်းစနစ် များကို၊ ဆုပ်ကိုင်ထား သူများ အတွက်၊ အလွန် အကျိုး ရှိပေ၏။

ဤသည်မှာ ကြက်သွေး မီးလျှံ ကျားမှ၊ စွမ်းအင် မီးတောက်လုံး များကို၊ ဆင့်ခေါ် နိုင်သော အရင်း အမြစ်လည်း၊ ဖြစ်သည်။

သို့သော် သူအတွက် အသုံး မဝင် သည်မှာ၊ နှမျော စရာ ကောင်းပေသည်။ ၎င်းမှာ နဂါးသွေး မြင်းနှင့် လိုက်ဖက် လှ၏။ လင်းယွန်က ပြုံးပြီး၊ အသီးကို ဆွတ်ယူ လိုက်သည်။

" ငါ ဒီမှာပဲ အဆင် ပြေတယ်။ "

ထို့ထက် ပို၍ သင့်တော်မည့်၊ နေရာမျိုး ရှာမတွေ့ တော့ပေ။ ရှေးဟောင်း ဓားသေတ္တာကို ဘေးတွင် ချထား လိုက်ပြီး၊ ရှန်ရှင်း ဓား ရည်ရွယ်ချက်သို့ ဖြတ်ကျော် ခြေချရန်၊ စတင် ကြိုးစား မိသည်။

တစ်ချိန်တည်း မှာပင်၊ ဓားနန်းတော်၌ အကြီး အကဲ အများ အပြားသည်၊ ကာကွယ်သူ မက်မွန် နှင့်အတူ၊ အစည်း အဝေး တစ်ခု ကျင်းပ နေကြသည်။

" ကြာမိစ္ဆာ နယ်မြေကို နှစ်လ အတွင်း ဖွင့်လှစ် တော့မယ်၊ ငါတို့မှာ ခွဲတမ်း ဆယ်ခု ရှိတယ်၊ ဓားနန်းတော်ရဲ့ ဘယ်သူ တွေကို၊ ပို့သင့်တယ် ထင်လဲ။ "

ကာကွယ်သူ မက်မွန်က မေးလိုက်သည်။

ကြာမိစ္ဆာ နယ်မြေ ပွင့်လာ တော့မည်ကို၊ ကြားလိုက် ရသော အခါတွင်၊ ဓားထမ်း အကြီး အကဲ များနှင့်၊ အခြားသော အကြီး အကဲ များစွာ တို့၏၊ မျက်နှာများ ပြောင်းလဲ သွားသည်။

သူတို့ အားလုံး တွန့်ဆုတ် လာပြီး၊ ချက်ချင်း တွေဝေ သွားကုန်၏။ ကြာမိစ္ဆာ နယ်မြေသည် အန္တရာယ် များဖြင့်၊ ပြည့်နှက် နေသော ခရီး ဖြစ်သည်။

ဆယ်ဦးတွင် တစ်ဦး သေဆုံး နိုင်၏။ အကယ်၍ ကံမကောင်း ပါက၊ ထက်ဝက်ခန့် ဖြစ်သွား နိုင်မည်၊ သို့မဟုတ် ၎င်းတို့ အားလုံးလည်း၊ ဖြစ်နိုင် ပေသည်။

ထို့နောက် တစ်ဖန်၊ ကြာမိစ္ဆာ နယ်မြေ၏ အကျိုး အမြတ် များမှာ၊ အလွန် ကြီးမား လှသည်။

နယ်မြေ အတွင်းရှိ၊ နတ်ဆိုး သားရဲ များကို သတ်ခြင်းဖြင့်၊ သားရဲ အမြုတေ များအား ရရှိနိုင် ပေမည်။

သားရဲ အမြုတေ များမှာ လေထုနှင့်၊ ထိတွေ့ ပြီးနောက်၊ အနက်ရောင် ကြာပန်း အဖြစ်သို့ ပြောင်းလဲ သွားမည် ဖြစ်သည်။

အဆိုပါ ကြာနက် များတွင်၊ နတ်ဆိုး အငွေ့ အသက်များ ပါရှိ သော်လည်း၊ ၎င်းကို ဖယ်ရှား နိုင်ပါက၊ များစွာ အကျိုးရှိ ပေမည်။

နက်နဲ နယ်ပယ်၏ နှောင်းပိုင်း အဆင့်ရှိ၊ ကျင့်ကြံ သူများပင်၊ ၎င်းကို အားကိုးပြီး အောင်မြင်မှု တစ်ခုအား၊ ပြုလုပ် နိုင်သည်။

သတ္တမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ အောင်မြင်မှု တစ်ခု ရရှိ ရန်မှာ၊ ခဲယဉ်း ပေလိမ့်မည်။

ထူးကဲသော အရည် အချင်း၊ သို့မဟုတ် အရင်း အမြစ် များဖြင့်၊ ပံ့ပိုး ပေးနိုင်ခဲ့ လျှင်ပင်၊ အောင်မြင်မှု ရယူရန်၊ အချိန် တစ်ခု ပေးဆပ် ရမည် ဖြစ်သည်။

သို့သော် ကြာမိစ္ဆာ နယ်မြေသည်၊ အဆိုပါ ပြဿနာ များကို၊ ဖြေရှင်း ပေးသည်။ ထိုနယ်မြေ ထဲ၌ ကျင့်ကြံ ခြင်းဖြင့်၊ အချိန် သုံးနှစ်မှ၊ ငါးနှစ် အထိ ချုံပစ် နိုင်၏။

သို့သော်၊ ကြာမိစ္ဆာ နယ်မြေတွင် အန္တရာယ်များ ပြည့်နှက် နေသည် ဟူသော အချက် ကိုမူ၊ မေ့ထား၍ မရ သေးပေ။

“ ကာကွယ်သူ မက်မွန်၊ ကောင်းကင် အဆင့်က၊ ငါတို့ရဲ့ တပည့် တွေကို၊ မစေလွှတ် သင့်ဖူးလို့၊ ငါယူဆ မိတယ်၊ သူတို့ ထဲက တစ်ယောက် ယောက်၊ သေဆုံး သွားရင် ဂိုဏ်း အတွက်၊ ကြီးမားတဲ့ ဆုံးရှုံး မှုပဲ။ ”

ဟု ဓားထမ်း အကြီးအကဲ တစ်ဦးက၊ ပြောကြား လိုက်သည်။

" ဒါတော့ အမှန်ပဲ၊ ငါတို့က သူတို့ကို မပို့ သင့်ဘူး။ ”

“ ဒါဆို မြေကြီး အဆင့် ကနေ၊ ရွေးရ မှာပေါ့၊ မြေကြီး အဆင့် ထိပ်သီး ဆယ်ယောက်က၊ အဋ္ဌမ အဆင့်မှာ၊ ပိတ်မိ နေတာ မဟုတ်လား၊ သူတို့ အနေနဲ့ ဒီအန္တရာယ်ကို ရင်ဆိုင်ဖို့၊ ဆန္ဒ ရှိနိုင် ပါတယ်။ ”

“ ဒါပေမယ့် ကောင်းကင် အဆင့်က၊ တပည့် တစ်ယောက်တော့ ထည့်သင့်တယ် ထင်တယ်၊မဟုတ်ရင် တခြား ဂိုဏ်းတွေက၊ အခွင့် အရေး ယူလာ နိုင်တယ်။ ''

" ကြာမိစ္ဆာ နယ်မြေရဲ့ ရတနာ တွေက ဂိုဏ်းအတွက်၊ အရင်းအမြစ် တွေပဲ။ ”

ကောင်းကင် အဆင့်ရှိ တပည့် တစ်ဦးကို၊ စေလွှတ်သင့် မသင့်၊ လူတိုင်းက မဆုံးဖြတ် နိုင်ခဲ့ပေ၊ ထို့ကြောင့် အချိန် အတော်ကြာ ဆွေးနွေး ခဲ့ရသည်။

ကာကွယ်သူ မက်မွန်က အကြမ်းဖျင်း ဆုံးဖြတ် ထားသော ကြောင့်၊ ၎င်းအား ကန့်ကွက် လိုခြင်း မရှိ ခဲ့ပေ။

ကြာမိစ္ဆာ နယ်မြေသည်၊ ခရမ်းရောင် နန်းတော် နယ်မြေသို့၊ ဝင်ရောက်ရန် အထောက် အကူ မဖြစ် သောကြောင့်၊ နက်နဲ ဒဿမ အဆင့် တပည့်များ အတွက်၊ ကံစမ်း စရာ မလို အပ်ခြေ။

ယင်းအစား၊ နက်နဲ သိုင်းနယ်ပယ်၏ နဝမ အဆင့်၊ တပည့် တစ်ဦးကို စေလွှတ် နိုင်သည်။

ထိုတပည့်သည် အောင်မြင်မှု ရရန်၊ အခွင့် အရေး အတွက် တိုက်ပွဲ ဝင်နိုင်ပြီး၊ အခြားသော ဂိုဏ်းများ၏ ရန်လို လာမှု ကိုလည်း၊ ကာကွယ် ပေးနိုင် ပေမည်။

ထို့အပြင် ကာကွယ်သူ မက်မွန်က တစ်စုံ တစ်ဦး အတွက် ခွဲတမ်း ယူလို မိသည်။

သူက အကြီးအကဲ များထံ ဝေ့ကြည့်ကာ၊

'' ငါတို့ လင်းယွန်ကို အဲဒီ ခရီးအတွက်၊ လွှတ်ရ လိမ့်မယ်။"

ဟု ဆိုလိုက်၏။

ရုတ်တရက် အစည်းဝေး ခန်းမမှာ၊ အချိန် အတော်ကြာ တိတ်ဆိတ် သွားသည်။

" အဲဒါက မသင့်တော် ဖူးလားလို့၊ လင်းယွန်က နက်နဲ သတ္တမ အဆင့် မှာပဲ၊ ရှိသေး တယ်လေ၊ ပြီးတော့ သူ သေသွားရင်၊ ဂိုဏ်း အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ ”

“ ဟုတ်ပါတယ်၊ လင်းယွန်ရဲ့ တန်ဖိုးက၊ ကောင်းကင် အဆင့်မှာ ရှိတဲ့၊ တပည့် တွေထက် မနိမ့်ကျ ပါဘူး။ ''

“ ဒီအန္တရာယ် ခရီးကို ငါတို့ မစွံ့စား ဝံ့ဘူး၊ သူ့ရဲ့ အရည်အချင်း အရ၊ ဒီလို ကံစမ်း နေစရာမျိုး၊ မလိုအပ် ပါဘူး။ ”

လူတိုင်းမှ ကန့်ကွက် နိုင်လိမ့် မည်ဟု၊ ကာကွယ်သူ မက်မွန်က၊ မျှော်လင့် ထားပြီး ဖြစ်သည်။

ထို့ကြောင့် " ဒါက နန်းတော် သခင်ရဲ့ ဆုံးဖြတ်ချက် ပါပဲ '' ဟု ပြုံးကာ၊ ဆိုလိုက်သည်။

'' နန်းတော် သခင်ရဲ့ ဆုံးဖြတ် ချက်လား။ ''

ဓားထမ်း အကြီးအကဲ များက အံ့ဩသွား ကြသည်။ ဓားနန်းတော်၏ နန်းတော် သခင်သည်၊ များသော အားဖြင့်၊ သီးသန့် နေထိုင် တက်ပေရာ၊ သူ့ကိုယ်သူ ပြသ ခဲ၏။

ဂိုဏ်း၏ အရေး ကိစ္စများ ကိုပင်၊ ဂရုစိုက်ခြင်း မရှိ တော့ပေ။ ထို့ကြောင့် လင်းယွန်ကို ကြာမိစ္ဆာ နယ်မြေသို့၊ စေလွှတ်ရန် ဆန္ဒ ရှိနေသည့် အတွက်၊ အံ့သြသွား ကြသည်။

ယင်းအတွက် ကန့်ကွက် သံများ၊ တိတ်ကျ သွား သော်လည်း၊ တစ်စုံ တစ်ယောက် မှာမူ၊ ကာကွယ်သူ မက်မွန်အား စောဒက တက်လိုက်သည်။

“ ကာကွယ်သူ မက်မွန်၊ လင်းယွန်က သတ္တမ အဆင့် မှာပဲ၊ ရှိသေးတဲ့ အတွက်၊ တပည့် တိုင်းရဲ့ ယုံကြည်မှုကို မရ နိုင်မှာ၊ ငါကြောက် မိတယ်။ ”

“ အဲ့ဒါက သူ့ ပြဿနာပဲ၊ ဒါကိုတောင် သူ မဖြေရှင်း နိုင်ရင်၊ ကြာမိစ္ဆာ နယ်မြေ ထဲကို၊ သူ ဝင်ဖို့ မလို တော့ပါဘူး။ ”

ကာကွယ်သူ မက်မွန်က ပြုံးကာ၊ ဆိုလိုက် လေသည်။

***

All Chapters