← Chapters

မင်းအနိုင် ရမှာကို ကြောက်မိတယ်။

Vol. 25 Ch. 349

မင်းအနိုင် ရမှာကို ကြောက်မိတယ်။

Vol. 25 Ch. 349

အဆုံးမဲ့ တောင်တန်း ကြီး၏ မြင်းမား လှသော တောင်ထွတ်ကြီး တစ်လုံးက၊ မိုးတိမ်ယံများ ဆီသို့ ထိုးဖောက် ဝင်ရောက် နေပေသည်။

တိမ်ပင်လယ် အတွင်း၌ မျက်လုံးများ မှိတ်ပြီး၊ ထိုင်နေသော လူငယ်လေး တစ်ဦး ရှိနေသည်။

လေပြင်း များက လူငယ်၏ ဓားကို မဆင် မခြင် ဖျက်ဆီးရန် ကြိုးစား လာတက်၏။

ထိုလူငယ်က ဆန်းကြယ်သော အခြေ အနေသို့ ဝင်စား နေပြီး၊ ဓား ရည်ရွယ်ချက်ကို ကောင်းစွာ ရယူ နေသည်။

မင်းသမီး မွေးနေ့ ပွဲတွင် ပေါ့ပေါ့ ဆဆ ပစ်လွှတ် လိုက်သော ဓားမှာ၊ ဂိုဏ်းပေါင်း စုံရှိ အကြီးအကဲ များကို၊ ထိတ်လန့် သွားစေသည်။

ထိုသို့သော ဖြစ်စဉ် မျိုးကို ပြန်လည် ရှာဖွေကာ၊ ဆုပ်ကိုင် မိဖို့ရန် ကြိုးစား နေခြင်း ပေပင်။

လရောင် ရေစင် ဓားကို အောင်မြင်ရုံ မျှသာမဟုတ်ဘဲ၊ အတွေး တစ်ချက် ဖြင့်ပင်၊ သူ့ဓား ရည်ရွယ်ချက်အား အဆိုပါ အဆင့်သို့၊ တွန်းပို့ နိုင်စေရန် ဖြစ်သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ မျက်စိ တစ်မှိတ် အတွင်းတွင်၊ တစ်လ ဆိုသော အချိန် ကာလမှာ၊ ကုန်ဆုံး သွားခဲ့သည်။

လွန်ခဲ့သော တစ်လနှင့် နှိုင်းယှဉ် ပါက၊ သူ၏ ဓားမှာ ယခင် ကထက် များစွာ၊ ထက်ရှ လာသည်။ လေပြင်းများ မည်မျှပင် တိုက်ခတ်နေသော်လည်း၊ ဓား ရည်ရွယ်ချက်ကို ဖျက်ဆီး နိုင်ခြင်း မရှိ တော့ပေ။

ရုတ်တရက် လျှပ်စီး လက်လာပြီး၊ အမှောင်ထုကို ဖြိုခွဲ ပစ်လိုက်သည်။

မိုးခြိမ်း သံများက မိုင်တစ်ရာ အတွင်း၊ တဒုန်ဒုန်းဖြင့် ခြိမ်းလာ၏။ မိုးဖွဲဖွဲ လေးများ ကျဆင်း လာသည်နှင့် အမျှ၊ ကောင်းကင်၌ လျှပ်စီး လက်ခြင်းမှာ၊ အကြိမ်ရေ စိတ်လာ တော့သည်။

ထိုချိန်၌ တစ်လကြာ ထိုင်နေသော လင်းယွန်က၊ ရုတ်တရက် မျက်လုံး ပွင့်လာသည်။ မျက်လုံးများ ဖွင့်လိုက်သော အခါတွင်၊ အဆုံး မရှိသော ဓား တစ်လက်က၊ သူ့ခန္ဓာ ကိုယ်မှ တဆင့်၊ ကောင်းကင်သို့ ပျံတက် သွား၏။

ဓား ရည်ရွယ်ချက်ကို ထုတ်လွှတ် လိုက် သည်နှင့်၊ ခန္ဓာ ကိုယ်၌ ဓားသွား အော်မြည် သံများ ထွက်ပေါ် လာပြီး၊ ကောင်းကင်မှ ဆူညံ နေသော မိုးခြိမ်း သံများကို၊ တိတ်ဆိတ် သွားစေ ခဲ့သည်။

ကောင်းကင်ကို ပစ်လွှတ် လိုက်သော ဓားရည်ရွယ် ချက်မှာ၊ ဖြည်းညှင်းစွာ ပြန့်ကား သွား၏။

ညာလက်ကို မြှောက်လိုက် ရုံဖြင့်၊ လေဆင် နှာမောင်း တစ်ခုလို၊ တောင်ကြီးအား လွှမ်းခြုံ ထားသည်။

အဆုံးတွင် ကောင်းကင်သို့ ပြင်းထန်စွာ တိုက်ခတ် သွားသော မုန်တိုင်းငယ် တစ်စင်းကို ဖန်တီး လွှတ်ခဲ့သည်။

" ချိုး ....."

ဓားမုန်တိုင်းမှာ ရုတ်တရက် ကွဲထွက် သွားပြီး၊ ပတ်ဝန်း ကျင်တွင် ထူးဆန်းသော ဖြစ်စဉ် တစ်ရပ် ဖြစ်ပေါ် တော့သည်။

ထိုဖြစ်စဉ်မှာ ကောင်းကင်ကို ဖုံးကွယ် ထားသော တိမ်ညိုများ ပျောက်ကွယ် သွားပြီးနောက်၊ နေရောင် ခြည်များ ပြန်လည် ထွက်ပေါ် လာခြင်း ဖြစ်သည်။

အသက် ပြင်းပြင်း ရှူရှိုက်ပြီး၊ အပြုံးဖြင့် ဖြည်းညှင်းစွာ ထရပ် လိုက်၏။

ရှန်ရှင်း ဓား ရည်ရွယ်ချက်ကို ဆုပ်ကိုင် ရန်ကြိုး စားခြင်းသည်၊ သူ ထင်ထား သည်ထက်၊ ပို၍ ခက်ခဲ ပေ၏။ သို့သော် တစ်လတာ အချိန်ကို၊ အလဟဿ မဖြစ် ခဲ့ပေ။

မင်းသမီး စံအိမ်၌ မထင် မှတ်ပဲ၊ ရှန်ရှင်း ဓား၏ တည်ရှိ မှုကို ခံစား နိုင်ခဲ့ပြီ ဖြစ်သည်။

ယခုတွင်၊ ရှန်ရှင်း- တစ်ပိုင်း 'ဓား ရည်ရွယ် ချက်' ကို၊ ပြီးမြောက် ခဲ့ပြီး ဖြစ်သော်လည်း၊ ၎င်းနှင့် စစ်မှန်သော ရှန်ရှင်း ဓားရည်ရွယ်ချက် ကြားတွင်၊ ကြီးမားသော ပင်လယ်ကွေ့ တစ်ခု ရှိနေ သေးသည်။

အခွင့် အရေးကို ရှာမတွေ့ မိပါက၊ အချိန်အတော် ကြာအောင်၊ ပိတ်ဆို့ နေပေ လိမ့်မည်။

ရှန်ရှင်း ဓား ရည်ရွယ်ချက်နှင့် နှိုင်းယှဉ် ပါက၊ ထိုအဆင့် အောက်ရှိ ဓား ရည်ရွယ်ချက်မှာ၊ ပိုးစုန်းကြူး ငယ်လေး များနှင့် တူ၏။

ဥပမာ အားဖြင့် တစ်ချိန်က၊ သူ၏ ဓား ရည်ရွယ် ချက်များ ဖြစ်သော၊ 'မပြည့် စုံသော ဓားရည် ရွယ်ချက်' များကို ဆိုလို ပေသည်။

၎င်းတို့မှာ၊ ဓားဝိညာဥ် ရှာဖွေခြင်း၊ ဓား ဝိညာဥ် ထိန်းချုပ်ခြင်း၊ ဓား နှလုံးသားနှင့် ဓား ဝိညာဥ် တို့ကို ဖြစ်၏။

အဆုံးမဲ့ တောင်တန်းတွင် နှစ်လတာ ကုန်ဆုံး ပြီးနောက်၊ လရောင် ရေစင် ဓား၏၊ နောက်ဆုံး လှုပ်ရှားမှု သုံးခုမှ လွဲ၍၊ အားလုံးကို အောင်မြင် ခဲ့သည်။

ကျား-နဂါ လက်သီး၏ တံဆိပ် သုံးခု ကိုလည်း၊ ပေါင်းစပ် နိုင်ခဲ့ပြီး၊ ဒရာကိုဖီ ခန္ဓာ ကိုယ်အား၊ ဆေးကြိုအိုး သုံးလုံး၏ ခွန်အားနှင့် ညီမျှသော၊ စတုတ္ထ အဆင့် အလယ် အလတ်သို့၊ ရောက်ရှိ ခဲ့သည်။

ထို့အပြင်၊ ဒရာကိုဖီ ချပ်ဝတ် တွင်လည်း၊ အောင်မြင်မှု အချို့ ရရှိ ခဲ့သည်။ ၎င်းချပ်ဝတ်သည် ခုခံ ကာကွယ်ရေး နည်းစနစ် ဖြစ်ပြီး၊ ကျူးဖန် ဆီမှ ရရှိ ခဲ့သော နည်းစနစ်မှာ၊ တိုက်ခိုက်ရေး နည်းစနစ် တစ်ရပ် ဖြစ်သည်။

ထိုပညာရပ် နှစ်ခုကို တွဲဆက် ခြင်းဖြင့်၊ 'ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ်' နည်းစနစ်ဟု၊ ခေါ်တွင်ခြင်း ဖြစ်သည်။

ယခုမူ 'ကျား နဂါး လက်သီး'၊ 'လေးနက်သော ခြေလှမ်း ခုနှစ်လှမ်း' နှင့်၊ 'ဒရာကိုဖီ ခန္ဓာကိုယ် 'ကို၊ စိတ်ရှိတိုင်း အကောင် အထည် ဖော်နိုင် နေပြီ၊ ဖြစ်သည်။

ခွန်အားမှာ ယခင်ထက် နှစ်ဆ ပိုတိုး လာ၏။ အရေး အကြီး ဆုံးမှာ၊ ကမ္ဘာသစ် တစ်ခုအား ဖွင့်ပေး လိုက်သည့် 'ရှန်ရှင်း တစ်ပိုင်း၊ ဓားရည်ရွယ် ချက်'ကို၊ ဆုပ်ကိုင် မိခြင်း ဖြစ်သည်။

ဓားသမား တစ်ယောက် အတွက်၊ ဓား တစ်လက်၏ ဆန္ဒကို နားလည် နိုင်ခြင်းသည်၊ များစွာ ဂုဏ်ရှိ ပေ၏။

“ ပြန်ချိန် ရောက်ပြီ။ ”

ဓားသေတ္တာ ပေါ်ရှိ ဖုန်မှုန့် များကို ညင်သာစွာ ပွတ်သပ် ရှင်းထုတ် လိုက်သည်။ ရုတ်တရက် နားထဲတွင် လေတိုး သံများ ကြားလိုက် ရသောကြောင့်၊ လက်နှစ်ဖက်ကို ဖြန့်ကာ မြေပြင် ပေါ်သို့၊ ခုန်ချ လိုက်သည်။

'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' သည်၊ ပြီးပြည့် စုံသော ကျွမ်းကျင် မှုသို့၊ ရောက်ရှိ သွားပြီ ဖြစ်ကြောင်း၊ ထင်ရှားစွာ ပြသ လာသည်။

ရုတ်တရက် ဟောက်သံ တစ်သံ ထွက်ပေါ် လာသည်ကြောင့်၊ အသံ ထွက်ပေါ် လာရာ အရပ်ထံ၊ ခေါင်းလှည့် ကြည့်လိုက်၏။

ကြက်သွေး မီးလျှံ ကျားထက် အားနည်းသော နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်သည့်၊ 'အနက်ရောင် သံမဏိ မိစ္ဆာ မြေခွေး' ကို၊ တွေ့လိုက် ရသည်။

အဆိုပါ သားရဲသည် အစ ပိုင်းတွင် ဒေါသ တကြီး ရန်လို နေခဲ့ သော်လည်း၊ ပတ်၀န်းကျင်ရှိ ဓားသွားကို ခံစားလိုက် ရသော အခါတွင်၊ ချက်ချင်းပင် ထိတ်လန့် သွား၏။

မူလ နေရာတွင် တောင့်တောင့်ကြီး ရပ်ကာ၊ သုံးသပ် နေမိသည်။ ထက်ရှသော ဓား ရည်ရွယ်ချက်က၊ ၎င်း၏ ခန္ဓာကိုယ် ပေါ်တွင် မရေတွက် နိုင်သော ဒဏ်ရာ များကို ပေးအပ် လာနိုင်မည်။

မမြင် နိုင်သော ဓား တစ်လက်ဖြင့်၊ လည်မျိုကို ထိုးချိန် ခံထားရ သကဲ့သို့၊ ခံစား မိ၏။ သတိ လက်လွတ် ဖြစ်ပါလျှင် ဓားမှာ၊ ခန္ဓာကိုယ် အတွင်း၊ ထိုးဖောက် သွားမည် ဖြစ်သည်။

အနက်ရောင် သံမဏိ မိစ္ဆာ မြေခွေးက၊ ကျိန်းတွ လာသော ခံစားချက် များကို၊ သည်းမခံ နိုင်တော့ဘဲ၊ လှည့်၍ ထွက်ပြေး သွားတော့သည်။

“ မြန်လိုက်တဲ့ သားရဲကောင်။ ”

ထိုသားရဲမှာ ထွက်မပြေး ခဲ့ပါက၊ ရှန်ရှင်း-တစ်ပိုင်း ဓား ရည်ရွယ် ချက်မှာ၊ မည်မျှ အစွမ်းထက် မည်ကို၊ စမ်းသပ် မိပေမည်။

ခဏ အကြာတွင် ကြမ်းရှသော နတ်ဆိုး သားရဲ အရှိန်အဝါ များနှင့် အတူ၊ တောတိုး သံများ ထွက်ပေါ် လာ၏။

ကြက်သွေးရောင် လျှပ်စီး ကြောင်းလို လင်းလက် လာသဖြင့်၊ ယင်းရောင်ဝါမှာ သူ့ထက် သန်မာကြောင်း သတိပြု မိသည်၊ ထို့ကြောင့် မျက်လုံးများ မှေးစင်း သွား၏။

နဂါး သွေးမြင်း။ နဂါးသွေးမြင်းသည်

နက်နဲ နယ်မြေ၏ အဋ္ဌမမြောက် အဆင့်တွင် ရှိနေပြီး၊ မည်သည့် အချိန်တွင် မဆို၊ အောင်မြင်မှု တစ်ခု ပြုလုပ် နိုင်မည့်၊ အလား အလာများ ပြသ လာသည်။

ကြောက်စရာ ကောင်းသော အဟုန်ဖြင့်၊ တိုးတက် လာခဲ့သည်။ ၎င်းမှာ နဂါး သွေးကို ပိုင်ဆိုင်သော၊ နတ်ဆိုး သားရဲ တစ်ကောင် ဖြစ်ရန်၊ အမှန် တကယ် ထိုက်တန် ပေသည်။

"ဒီမှာ ။"

လင်းယွန်က ပြုံးကာ၊ တိမ်လွှာ မီးလျှံ သစ်သီးကို၊ နဂါးသွေး မြင်းရှေ့ ပစ်ချ လိုက်သည်။

နဂါးသွေး မြင်းက မျက်လုံးများ တောက်ပ လာပြီး၊ လျင်မြန်စွာ မျိုချ လိုက်တော့၏။

ခဏချင်း မှာပင် မီးလျှံများ တစ်ကိုယ်လုံး ဖုံးလွှမ်း သွားကာ၊ မီးတောက် များဖြင့် ထွင်းထု ထားသော မြင်းတစ်ကောင် ကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါကို ပြသ လာလေသည်။

လျင်းယွန် အတွက် အလျင် လိုခြင်း မရှိ သောကြောင့်၊ တိမ်လွှာ မီးလျှံ သစ်သီးကို သန့်စင် ပြီးသည် အထိ၊ နဂါးသွေး မြင်းကို စောင့်ဆိုင်းရန် ဆုံးဖြတ် မိသည်။

ဆယ်ရက် ကြာပြီးနောက်၊ ဓားနန်းတော်သို့ ပြန်လာ ခဲ့ကြသည်။

" မင်္ဂလာပါ စီနီယာ အစ်ကို လင်း။ "

လမ်းတလျှောက် တွေ့ဆုံ မိသော တပည့် တိုင်းက၊ သူ့ကို နှုတ်ဆက် လာကြ သည်ကြောင့်၊ လင်းယွန်က ခေါင်းညိတ် ရုံသာ၊ တုံ့ပြန် လိုက်သည်။

ရတနာ တောင်ကုန်းသို့၊ ပြန်ရောက်သော အခါတွင်၊ လေထု ထဲရှိ၊ အပြောင်း အလဲ အချို့ကို သတိ ထားမိ လိုက်သည်။

စိတ်များ ရှုပ်ထွေး နေချိန် မှာပင်၊ ရှင်းယန်က သူ့ကို ရှာနေကြောင်း၊ တပည့် တစ်ယောက်က သတင်း ပို့လာသည်။

ထိုတပည့် မျက်နှာ ပေါ်ရှိ၊ စိုးရိမ် ကြောင့်ကြ မှုကို ကြည့်ကာ၊ ရှင်းယန်က အကြာကြီး၊ စောင့်ဆိုင်း နေခဲ့ပုံ ရကြောင်း၊ ခန့်မှန်း မိသည်။

ထို့ကြောင့် ရှင်းယန်၏ နေအိမ်သို့၊ ချက်ချင်း လိုက်သွား ခဲ့သည်။ ရောက်ရှိ သည်နှင့် ရှင်းယန် အပြင်၊ အခြားသော တပည့် များပါ၊ ရောက်ရှိ နေသည်ကို၊ သတိ ပြုမိ လိုက်သည်။

ရှင်းယန်၊ တန်တုံ၊ ဒင်းရန်နှင့်၊ ဝမ်ဇင်တို့ အပါ အဝင်၊ အခြားသော အထက် တန်းစား၊တပည့် အချို့ ဖြစ်သည်။

သူတို့ ထဲရှိ တပည့် အနည်းငယ်က၊ လင်းယွန်ကို အံ့သြ တကြီး မျက်လုံး များဖြင့်၊ စစ်ဆေး ကြည့်လိုက်သည်။

နှစ်လ ကြာပြီးနောက် လင်းယွန်၏ စိတ်နေစိတ်ထား ပြောင်းလဲ သွား သည်ကို၊ သူတို့ ခံစား ရသည်။ သို့သော် မည်သည့် အပြောင်း အလဲများ ဖြစ်သည်ကို၊ မြင်နိုင်ခြင်း မရှိပေ။

" အစ်မကြီး၊ မင်းငါ့ကို ရှာနေ တာလား။ "

လင်းယွန်က အခန်း တံခါးကို ပြန်ပိတ်ကာ၊ ရှင်းယန်ဆီ တည့်တည့် လျှောက်လှမ်း သွားသည်။

" ဂျူနီယာ မောင်လေး၊ ကြာမိစ္ဆာ နယ်မြေကို မင်းကြား ဖူးလား။ "

ရှင်းယန်က ခေါင်းညိတ် ပြကာ၊ ခရီးဦး မစိုက် မေးမြန်း လိုက်သည်။

“ ငါ မကြားဖူး ပါဘူး။ ”

မဆိုင်း မတွပင် ပြန်ဖြေ လိုက်သည်။ တတ်နိုင်သမျှ အချက် အလက် အားလုံးကို၊ တွေးယူ လျှင်ပင်၊ တစ်ကြိမ်မျှ မကြားဖူး သည်မှာ၊ သေချာ၏။

သူ့ အဖြေ ကြောင့်၊ တန်တုံက ကြာမိစ္ဆာ နယ်မြေ၏၊ အချက် အလက် များကို၊ ဝင်ရောက် ရှင်းပြ လာသည်။

ထိုရှင်းပြ ချက်ကို ကြားသော အခါတွင်၊ လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ကြာမိစ္ဆာ နယ်မြေရှိ သားရဲ အမြုတေ များမှာ၊ ဓားတိမ်ယံ အမြုတေ များနှင့် အနည်းငယ် ဆင်တူကြောင်း တွေ့ရှိ ရသည်။

သို့သော် ကြာနက် အမြုတေမှာ၊ ပို၍ အသုံး ဝင်ပုံ ရ၏။ ဓားတိမ်ယံ အမြုတေသည်၊ ဓားသမားများ အတွက်သာ ဆွဲဆောင်မှု ရှိလှပြီး၊ ကြာနက် အမြုတေ မှာမူ၊ ကျင့်ကြံ သူတိုင်း အတွက် အကျိုး ရှိပေသည်။

“ အခြေခံ အားဖြင့်၊ ကြာနက် အမြုတေကို သန့်စင် နိုင်ရင်၊ ကျင့်ကြံမှု တိုးလာ နိုင်တယ်၊ ပြီးတော့ အခြားသော ရတနာ တွေလည်း၊ ရနိုင်သေးတယ်။ ''

တန်တုံ၏ မျက်လုံး များက၊ အကြောက် တရား များဖြင့် တဖျပ်ဖျပ် ခတ်လာကာ၊ အကြည့်များ စူးရှ လာသည်။

လင်းယွန်က ခဏ အကြာ ငြိမ်သက် သွားပြီးနောက်၊

" ဒါဆို နက်နဲ နဝမ အဆင့်က တပည့်တွေ အတွက်၊ ပိုအကျိုး ရှိမယ်လို့ ဆိုလို တာပဲ၊ မဟုတ်လား။ "

သူသည် သတ္တမ အဆင့် တွင်သာ ရှိသောကြောင့်၊ ခွဲတမ်းကို ရရှိ ရန်မှာ၊ အဓိပ္ပါယ် မရှိပေ။

" ဒါအမှန်ပဲ၊ ကြာမိစ္ဆာ နယ်မြေ နယ်မြေက၊ အနှစ် နှစ်ဆယ်မှ တစ်ကြိမ်ပဲ၊ ဖွင့်လှစ် လာလိမ့်မယ်၊ သေဆုံး နိုင်ခြေက တစ်ရာ ရာခိုင်နှုန်း ရှိတယ် .... ''

'' ... အများအား ဖြင့်တော့ ဂိုဏ်းက လိုက်မယ့် တပည့် တွေကို ရွေးတဲ့ အခါ၊ အရမ်းကြီး သတိထား ရတယ်၊ နဝမ အဆင့်နဲ့ ကောင်းကင် အဆင့် မှာ ရှိတဲ့၊ သူတွေသာ သေဆုံး သွားခဲ့ရင်၊ ဂိုဏ်းအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုပဲ။ ”

ရှင်းယန်က ပြောလက်စ စကားကို ရပ်ကာ၊ လင်းယွန်ကို ကြည့်ပြီး၊ သက်ပြင်းချ လိုက်၏။ ပြီးနောက်၊

" ဒါကြောင့် ဂိုဏ်းက ကောင်းကင် အဆင့်က တပည့် တစ်ယောက်နဲ့၊ မြေကြီး အဆင့်က တပည့် ကိုးယောက်ကို၊ ဒီတစ်ကြိမ် စေလွှတ် လိမ့်မယ်။ "

လင်းယွန်က ရှင်းယန်၏ မျက်လုံး များမှ အသေးစိတ် အချက် အလက် များစွာကို ဖမ်းယူ လိုက်ပြီး၊

" မြေကြီး အဆင့် ကိုးယောက် ထဲမှာ၊ ကျနော် ပါနေ လို့လား။ ''

" အင်း ဟုတ်တယ်။ "

ရှင်းယန်က ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက်သည်။ လင်းယွန်မှာ ပါးနပ် သောကြောင့်၊ ခန့်မှန်းသွား နိုင်၏။

တန်တုံက သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး၊

“ ဒီကြေငြာ ချက်ကြောင့်၊ ငါတို့လည်း အံ့သြသွားတယ်၊ ဒါပေမယ့် ခွဲတမ်းက သတ်မှတ် ပြီးပြီ၊ မင်းနာမည်က အဲဒီမှာ ရှိနေတယ်။ "

စကား ဆုံးသည်နှင့်၊ တန်တုံက ဝါးယင်းလိပ် တစ်လိပ်ကို ထုတ်ပေး လာ၏။ ဝါးယင်း လိပ်တွင် ဓားနန်းတော် အတွက် ခွဲတမ်း များနှင့်အတူ၊ ကြာမိစ္ဆာ နယ်မြေ၏ သမိုင်း ကြောင်းကို ရှင်းပြ ပေးထားသည်။

ရှင်းယန်၊ တန်တုံ၊ ဝမ်ဇင် နှင့် ဒင်းရန်တို့ အပါအဝင် လူသိ များသော နာမည်များ ပါရှိ နေသည်။ လင်းယွန်၏ နာမည်ကို အဆုံး၌ ရေးထိုး ထား၏။

“ ငါ့ခွန်အား အပေါ် မယုံ ကြည်တဲ့၊ သူတွေ ရှိနေ မှာကို၊ ငါကြောက် မိတယ်”

လင်းယွန်က လေးနက်စွာ ခေါင်းယမ်းလျက်ဆိုသည်။ တန်တုံနှင့် အခြား သူများက အကြည့်ချင်း ဖလှယ် လိုက်ကြ၏။

ရှင်းယန်က မျက်လုံးများကို မှေးစင်း ထားလျက်ဖြင့်၊

" မင်းက ဉာဏ်ကောင်း လွန်းပါတယ်၊ ဒါက မင်းကို ငါတို့ တွေ့ချင် ရတဲ့၊ အကြောင်း အရင်းပဲ၊ အခုချိန်မှာ ဂိုဏ်းကို မင်းရောက်ဝာာ တစ်နှစ်ပဲ ရှိသေးတယ် .... ''

'' ..... ကျင့်ကြံမှု ကလည်း သတ္တမ အဆင့်မှာ ဆိုတော့၊ အများ စုက မင်းကို မယုံကြည် ကြဘူး၊ ဒါကြောင့် တပည့် တစ်ယောက်က၊ မင်းကို စိန်ခေါ်မှု တစ်ခု ပြုလုပ် ထားတယ်။ ”

" ဘယ် သူ လဲ။ "

" မြေကြီး အဆင့် သတ်မှတ်ချက် တစ်ဆယ်က လင်လျောင်၊ မင်းက သူ့ ခွဲတမ်းကို ယူထားတာ ဆိုတော့၊ သူက မင်းကို စိန်ခေါ်ချက် ထုတ်တာပဲ၊ အခု ကစ ခုနစ်ရက် မြောက်တဲ့ နေ့မှာ၊ မင်းကို တိုက်ခိုက် လိမ့်မယ် ..... ''

'' .... သူရှုံးရင် ခွဲတမ်းကို စွန့်လွှတ်မယ်၊ သူအနိုင် ရရင် ခွဲတမ်းကို ပြန်ပေး ရမယ်၊ ဒီသဘော တူညီ ချက်ကို၊ ကာကွယ်သူ မက်မွန်က သဘောတူ ပြီးသားပါ။ ”

ရှင်းယန်က စိန်ခေါ်မှု တံဆိပ်ပြားကို ထုတ်ပေး လာသည်။ လင်းယွန်က လက်ခံ ရယူ ခါနီးတွင်၊ လက်ကို နောက်ပြန် ရုတ်လိုက်၏။

" အစ်မကြီး၊ ငါရှုံးမှာကို မင်းစိုးရိမ် နေတာလား။ "

လင်းယွန်က နားမလည် ဟန်ဖြင့် မျက်ခုံးပင့် မေးမြန်း မိသည်။

“ မဟုတ် ပါဘူး .. ၊ ဆန့်ကျင်ဘက် အနေနဲ့ မင်းအနိုင် ရသွား မှာကို၊ ငါကြောက် နေတာပါ၊ ရှုံးရင် နည်းနည်း အရှက်ရ သွားရုံ ပါပဲ၊ ဒါက အရေး မကြီး ပါဘူး၊ ဒါပေမယ့် မင်းအနိုင် ရသွား ရင်တော့၊ မင်းဘဝ အပါ အဝင်၊ အရာ အားလုံးကို ဆုံးရှုံးသွား နိုင်တယ်။ "

ရှင်းယန်က အလေး အနက်ထား ပြောဆို လိုက်သည် ကြောင့်၊ အခြားသော သူများ ကလည်း၊ လင်းယွန်ကို လှည့်ကြည့် လာကြသည်။

***

All Chapters