← Chapters

ငါက အသက်ကြီးပြီး၊ အနိုင်ကျင့် တယ်လို့ ပြောချင် တာလား။

Vol. 25 Ch. 350

ငါက အသက်ကြီးပြီး၊ အနိုင်ကျင့် တယ်လို့ ပြောချင် တာလား။

Vol. 25 Ch. 350

စိန်ခေါ်မှု တံဆိပ် ပြားကို၊ လင်းယွန်က လက်ခံ ရယူ ခါနီးတွင်၊ လက်ကို နောက်ပြန် ရုတ်လိုက်၏။

" အစ်မကြီး၊ ငါရှုံးမှာကို မင်းစိုးရိမ် နေတာလား။ "

လင်းယွန်က နားမလည် ဟန်ဖြင့် မျက်ခုံးပင့် မေးမြန်း မိသည်။

“ မဟုတ် ပါဘူး .. ၊ မင်းအနိုင် ရသွား မှာကို၊ ငါကြောက် နေတာပါ။ "

ရှင်းယန် စကားကြောင့် မှင်တက် သွားသော်လည်း၊ နောက်ကွယ်က ရည်ရွယ် ချက်ကို သူ နားလည်သည်။

ရင်ဘတ် ထဲ၌ နွေးခနဲ ခံစား လိုက်ရ၏၊ စိန်ခေါ်မှုကို လျစ်လျူရှုရန် အခွင့် အရေး ရှိနိုင် မည်လော။ ခေါင်းကို မော့ကာ၊ ရှင်းယန်အား ပြန်ကြည့် လိုက်မိသည်။

ရှင်းယန်၏ မျက်လုံး များတွင်၊ မှိန်ဖျော့ နေသော မျှော်လင့်ချက် အချို့ကို မြင်လိုက် ရ၏။

" ဒါပေမယ့် အစ်မကြီး၊ မင်းလည်း သွားမှာ မဟုတ်လား၊ ငါမလိုက် ရရင် မင်းကိုလည်း ခွင့်မပြု နိုင်ဘူး။ ”

လင်းယွန်က တည်ငြိမ်စွာ ကန့်ကွက် လိုက်သည်။ ရှင်းယန်၏ အမည်သည် ခွဲတမ်းတွင် ပါဝင်ကြောင်း၊ သူ မှတ်မိသည်။

ထို့ကြောင့် ကြာမိစ္ဆာ နယ်မြေ အတွင်း၊ ရှင်းယန်၏ လုံခြုံရေးကို သူ စိုးရိမ်သည်။ ဓားနန်းတော်တွင် သူ ဂရု စိုက်သော၊ လူ အနည်း ငယ်သာ ရှိပြီး၊ ရှင်းယန်မှာ ထိုသူများ ထဲရှိ၊ တစ်ယောက် ဖြစ်သည်။

“ မင်းက ငယ်သေးတယ်၊ အနာဂတ်မှာ အခွင့် အရေးတွေ အများကြီး ရလာ နိုင်တယ်၊ ငါကတော့ မတူဘူး၊ ငါက မင်းထက် သုံးနှစ်ကြီးတယ်၊ အခွင့် အရေးတွေ တဖြည်းဖြည်း ဆုံးရှုံး နေပြီ၊ ဒီတစ်ကြိမ် လက်လွှတ် လိုက်ရရင်၊ အဋ္ဌမ အဆင့်မှာ ပိတ်မိသွား လိမ့်မယ်။ ”

ရှင်းယန်က ပြုံးကာ သုံးသပ် ပြသည်။ ထို့နောက် သူမက၊

“ မင်းရဲ့ အစ်မက အားနည်း တယ်လို့ မင်းထင် နေတာလား၊ တခြား ဂိုဏ်းတွေက ငါ့ကို ပစ်မှတ် မထား ကြဘူး၊ ငါ့လို အိုကြီး အိုမ တစ်ယောက်ရဲ့ တန်ဖိုးက၊ မင်းလောက် မမြင့်မား ပါဘူး။ "

" ဒါတော့ အမှန်ပဲ၊ ရှေးဟောင်း တာအို ဂိုဏ်းက၊ မင်းကို သတ်ဖို့ ကြိုးစား ဖူးတယ် မဟုတ်လား၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း ကလည်း၊ အလားတူ ကြိုးစား မလာနိုင် ဖူးလို့၊ မင်း ပြောနိုင်လား ...''

'' .... မင်းက ဘိုင်ယုကို ချိနဲ့ စေခဲ့ တယ် မဟုတ်လား၊ ဒါကြောင့် ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက၊ ဒီကိစ္စကို ငြိမ်မခံမှာ သေချာတယ်။ "

တန်တုံက ရှင်းယန်နှင့် တူညီသော သဘော ထားကို ပြသ လာသည်။

သူတို့က လင်းယွန်အား ကြာမိစ္ဆာ နယ်မြေတွင် ၊ မပါ ဝင်ရန် ကြိုးပမ်း နေမိ ကြသည်။ အခြေ အနေ အမှန်မှာ၊ ငယ်ရွယ် လွန်းသော အသက် အရွယ်ကြောင့်၊ လင်ယွန်ကို မနာလို ခဲ့ပေ။

ရှင်းယန် ပြောသော စကားမှာ၊ အမှန် ဖြစ်သည်။ လင်းယွန်၏ ပါရမီ အရ စွန့်စားရန် မလို အပ်နိုင်။

သူတို့ မှာသာ အဋ္ဌမမြောက် အဆင့်၌၊ တစ်နှစ် ကြာအောင်၊ ပိတ်မိ နေခဲ့ ကြပြီး၊ ၎င်းကာလသည် ကျင့်ကြံသူ တစ်ယောက် အတွက်၊ တကယ်ပင် ကြာမြင့် လှပေ၏။

သူတို့ အသက် အရွယ် အရ၊ အနာဂတ် အပေါ် လောင်းကစား မလုပ်ရဲ တော့ခြေ။

“ အရေး ကြီးဆုံး ကတော့၊ ကြာမိစ္ဆာ နယ်မြေက၊ စကြာဝဠာ လက်ရာ တွေကို ကန့်သတ် ထားတယ်၊ ဒါကြောင့် ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်က၊ အဲဒီ နေရာမှာ အသုံး မဝင် ပါဘူး။ ”

ဟု တန်တုံ က ဆက်လက် ပြောပြ လာသည်။

" ဂျူနီယာ မောင်လေး၊ ငါ မင်းကို ဘာမှ မတောင်းဆို ဖူးပါဘူး၊ ဒါကြောင့် ဒီတစ်ကြိမ်တော့ ငါ့ကို ကတိ ပေးပါ။ "

အဆုံးတွင် ရှင်းယန်က လင်းယွန်ကို လေးနက်သော အမူ အရာဖြင့် တောင်းဆို လိုက်သည်။

“ ဒါဆို စိန်ခေါ် တာကို ငါငြင်းပယ် လိုက်မယ်။ ”

လင်းယွန်က တုန့်နှေးခြင်း မရှိ၊ ခေါင်းညိတ် ပြမိသည်။ ရှင်းယန်က သူ့ကို တစ်စုံ တစ်ရာတောင်းဆို ဖူးသည်မှာ၊ ပထမဆုံး အကြိမ် ပေပင်။

စိတ်သက် သာရာ ရသွား ဟန်ဖြင့် ချက်ချင်းပင်၊ တောက်ပသော အပြုံးကို၊ ရှင်းယန်က ထုတ်ဖော် လိုက်၏။

သူမက လင်းယွန်၏ ပါးများကို ဖျစ်ညှစ် လိုက်ပြီး၊

" ဒါက ပိုတူတယ်။ "

ဟု ပြုံးရွှင်စွာ ဆိုလိုက် လေသည်။

တစ်ရက်ခွဲ ကြာပြီးနောက်၊ ဓားနန်းတော်အတွင်း၊ စိန်ခေါ်မှုကို ငြင်းပယ် လိုက်သော လင်းယွန်၏ သတင်းမှာ၊ ပျံ့နှံ့ သွားခဲ့ လေပြီ။

" ဘယ်လို.. စီနီယာ အစ်ကို လင်းက စိန်ခေါ် မှုကို ငြင်းဆန်ခဲ့ တာလား၊ အဲဒါက သူ့ပုံစံ မဟုတ် သလိုပဲ ။ ”

" မင်းသမီး စံအိမ် မှာတောင်၊ ပြိုင်ဘက် နှစ်ယောက် လုံးကို၊ မကြောက် မရွံ့နဲ့၊ ရင်ဆိုင် ခဲ့တာကို၊ ငါကြားမိ ပါတယ်။ "

“ ဒါက ထူးဆန်းတယ်၊ တကယ်ကို ထူးဆန်း လွန်းတယ်။ ”

ထိုသတင်းသည် ကာကွယ်သူ မက်မွန်၏ နားထဲသို့ ရောက်ရှိ သွား၏။ သူက အကြီး အကဲ လျိုဖန်းနှင့်၊ လက်ဖက်ရည် သောက်နေရာမှ၊ မျက်မှောင်ကြုတ် သွားပြီး၊

" ဘာလို့ အရှုံးပေး လိုက်တာလဲ၊ အဲဒါက သူနဲ့ မတူဘူး။ ”

" ဒါက အဲ့ဒီ ကောင်မလေး ရှင်းယန် ကြောင့်ပါ၊ ဒီ ကောင်မလေးက လင်းယွန်ကို၊ သူ့မောင်လေး တစ်ယောက်လို ဆက်ဆံ နေတယ်၊ လင်းယွန်ကို ခွဲတမ်း ကနေ ဖယ်ထုတ်ဖို့၊ အကြိမ်ပေါင်း များစွာ ကြိုးစား ခဲ့တယ်။ ”

အကြီးအကဲ လျိုဖန်းက ပြုံးကာ ဆိုသည်။ ကာကွယ်သူ မက်မွန်က၊ ကူကယ်ရာ မဲ့စွာ ပြုံးလိုက်ပြီး၊

" ဒါက ငါနဲ့ မဆိုင် ပါဘူး၊ ဒါပေမယ့် နန်းတော် သခင်က၊ ဆုံးဖြတ် ထားတဲ့ ကိစ္စ မိုလို့ သာပါ၊ အဲဒါနဲ့ ပတ်သက်ပြီး၊ ငါလည်း ဘာမှ မတက် နိုင်တော့ဘူး။ "

နန်းတော် သခင် အကြောင်းကို၊ တွေးမိ သွားကာ၊ နှစ်ယောက်သား ငြိမ်ကျ သွား၏။

" မေ့ လိုက် ပါ။ "

ကာကွယ်သူ မက်မွန်က သက်ပြင်းချ လိုက်ပြီး၊

“ သူက ဆန္ဒ မရှိရင်၊ ဂိုဏ်းက အတင်းအကြပ် သွားခိုင်းမှာ မဟုတ် ပါဘူး၊ လင်လျောင်က အဋ္ဌမ အဆင့်မှာ၊ နှစ်နှစ် ကြာအောင် နေခဲ့ ရတယ် မဟုတ်လား။ ”

" ဟုတ်ပါတယ်၊ နှစ်နှစ်ရှိ ပါပြီ။ "

လျိုဖန်းက ခေါင်းညိတ်သည်။

" နက်နဲ နယ်မြေရဲ့၊ နှောင်းပိုင်း အဆင့်က အောင်မြင်မှု ရဖို့ ခဲယဉ်းတယ် ...၊ သူက စွန့်စားဝံ့ရင် သွားခွင့် ပြုလိုက်ပါ .... ''

'' ... လင်းယွန်က မသွား ရင်တောင် ဂိုဏ်းက ဘာမှ ဆုံးရှုံးမှာ မဟုတ်ဘူး၊ နောက်ဆက်တွဲ ဆိုးကျိုးတွေ အဖြစ်၊ အဲဒီ နေရာမှာ သူသေဆုံး သွားရင်သာ ... ၊ ဒါက ငါလက်ခံ နိုင်တဲ့ အရာ မဟုတ်ဘူး။ ''

ထိုအတွေးကြောင့် ကာကွယ်သူ မက်မွန်က ခေါင်းယမ်းကာ၊ ပင့်သက်ရှိုက် လိုက်သည်။

အခြား တစ်ဖက်တွင်၊ လင်းယွန်က ရှင်းယန်ကို နှုတ်ဆက် ပြီးနောက် သူ့အိမ်သို့၊ ပြန်လာ ခဲ့သည်။

ကျင့်ကြံမှု အပေါ် ပြန်လည် အာရုံစိုက် လိုက်၏။ လရောင် ရေစင် ဓားတွင်၊ သူ့အတွက် သင်ယူရန်၊ နောက်ဆုံး ဓားရေး (၃) ကွက်၊ ကျန်ရှိ နေသေးသည်။

၎င်းတို့မှာ- 'အမှောင် ခွင်းသော လမင်း'၊ 'အနန္တ နှင်းလွင်ပြင်' နှင့်၊ 'လရောင် အလင်း ပြန်ခြင်း' တို့ ဖြစ်သည်။

အကယ်၍ ဤဓားရေး သုံးရပ်ကို အောင်မြင်စွာ လေ့ကျင့် နိုင်ခဲ့ ပါက၊ လရောင် ရေစင် ဓားကို၊ ပြီးပြည့် စုံသော ကျွမ်းကျင်မှုသို့၊ ရရှိမည် ဖြစ်သည်။

ယခု အချိန်တွင် လရောင် ရေစင် ဓား၌ ချို့ယွင်း ချက်များ ရှိနေ သော်လည်း၊ ၎င်းကို ရှန်းရှင်း- တစ်ပိုင်း ဓားရည်ရွယ် ချက်ဖြင့်၊ ပိတ်ဆို့ ထားနိုင်သည်။

ထို့ကြောင့် ချိုးဖျက်ရန် လွယ်ကူမည် မဟုတ်ပေ။ ဆန့်ကျင်ဘက် အနေနှင့်၊ သူ၏ ပြိုင်ဘက်မှာ၊ သတိ ပြုမိ ချိန်၌ ပြီးဆုံး သွားမည် ဖြစ်သည်။

သို့သော် နောက်ဆုံး ဓားရေး သုံးရပ်ကို၊ အပြီး သတ်ရန် ဆုံးဖြတ် မိသည်။

ကြာမိစ္ဆာ နယ်မြေ အတွက်မူ၊ ဆုံးဖြတ်ချက် ချပြီး သည်နှင့်၊ နောင်တ ကင်းစွာ မေ့ပစ် လိုက်ပြီ ဖြစ်သည်။

သုံးရက် အကြာတွင် မစ်ရှင် ခန်းမ ထဲမှ ထွက်ရှိ လာသော ပုံရိပ် တစ်ရိပ်ကြောင့်၊ တပည့် တိုင်းက အာရုံ စိုက်သွား မိ၏။

“ ကြည့်စမ်း.... စီနီယာ အစ်ကို လင်လျောင် ပဲ။ ”

" လင်းယွန်နဲ့ တိုက်ပွဲ မတိုင်ခင်၊ ပြင်ဆင်တဲ့ အနေနဲ့၊ မစ်ရှင် အတွက် 'သွေးအရိုး တောအုပ်' ထဲကို၊ သူ သွားခဲ့တာ မဟုတ်လား။ ''

" သူ့ရဲ့ ရောင်ဝါကို ကြည့်စမ်း၊ လွန်ခဲ့တဲ့ တစ်လလောက် ကထက်၊ အများကြီး ပိုသန်မာ လာတယ်။ "

" လင်းယွန်က သူ့ရဲ့ စိန်ခေါ်မှုကို ငြင်းပယ် လိုက်တာ သိရရင်၊ သူဘယ်လို တုန့်ပြန်မယ် ထင်လဲ။ ''

“ ကျေနပ် သွားမှာပါ၊ မင်းသမီး မွေ့နေ့ပွဲ တုန်းက၊ လင်းယွန်ရဲ့ အောင်မြင်မှု တွေက၊ ထိတ်လန့် စရာ မဟုတ်လား၊ နှစ်လ ကြာပြီး တဲ့နောက်၊ လင်းယွန်က ပိုသန်မာ လာမှာ သဘာဝ ပါပဲ။ ''

'' လင်လျောင်က ကျင့်ကြံ မှုမှာ၊ အားသာချက် ရှိပေမယ့်၊ သူအနိုင် ရဖို့ အလား အလာက၊ မမြင့်မား ပါဘူး။ ”

လင်လျောင်က သူ့အပေါ် အကြည့် များကို စိတ်မ၀င် စားမိပေ။

မြေကြီး အဆင့် တစ်ဆယ်တွင် ရပ်တည် ထားနိုင်သော သူ့ခွန်အား အရ၊ လူတိုင်း၏ အာရုံ စိုက်မှုကို၊ သွားလေ ရာ၌ ခံရလေ့ ရှိသည်။

ထို့ကြောင့် လင်းယွန်က စိန်ခေါ်မှုကို၊ ငြင်းဆိုကြောင်း ပြောဆို နေကြ သံကို၊ တစ်စုံ တစ်ရာ သံသယ ၀င်ခြင်း မရှိပေ။ ယင်းမှာ ပုံမှန် ဖြစ်နေကြ အာရုံ စိုက်မှု များသာ ဖြစ်သည်ဟု၊ ယူဆ လိုက်သည်။

ကျင့်ကြံသူ များက ကြာမိစ္ဆာ နယ်မြေ၏ ခွဲတမ်းမှာ၊ အရေး ပါသည့် အတွက်၊ စိန်ခေါ် မှုကို ငြင်းဆို ခဲသည်။

မည်သို့ပင် ဆိုစေ ကာမူ လင်းယွန်က ငြင်းဆန် ခဲ့သည်။

ဤအခိုက်တွင် သူနှင့် ရင်းနှီးသော တပည့် တစ်ဦးက လျှောက်လှမ်း လာပြီး၊ စိန်ခေါ်မှု တံဆိပ် ပြားကို ပြန်ကမ်း ပေးလာ၏။

“ အကိုကြီး၊ ဂုဏ်ယူ ပါတယ်၊ လင်းယွန်က သူ့ကိုယ်သူ မင်းရဲ့ ပြိုင်ဘက် မဟုတ်မှန်း သိတဲ့အတွက် စိန်ခေါ်မှုကို ငြင်းဆန် ခဲ့ပါတယ်။ ''

" သူက ငါ့ ပြိုင်ဘက် မဟုတ် ဖူးလား။ "

လင်လျောင်က မျက်မှောင် ကြုတ်ကာ၊ တံဆိပ် ပြားကို ကြည့်လိုက်သည်။ ထိုသတင်းကို သယ်ဆောင် လာသော တပည့်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။

လင်လျောင်၏ မျက်နှာတွင် ပျော်ရွှင် မှုကို၊ အရိပ် အမြွက်မျှ မတွေ့ရ သောကြောင့်၊ တစ်စုံ တစ်ရာ မှားယွင်း နေသည်ကြောင်း၊ သူ သတိ ပြုမိ လိုက်သည်။

ရုတ်တရက် လင်လျောင်က မူလ စွမ်းအင်များ ထုတ်ဖော်ကာ၊ လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ စိန်ခေါ်မှု တံဆိပ် ပြားအား၊ ချေမွှပစ် လိုက်သည်။

“ ငါက အသက် ကြီးပြီး၊ သူ့ကို အနိုင်ကျင့် နေတယ်လို့၊ လူတိုင်းကို ပြောဖို့ ကြိုးစား နေတာလား၊ ဒါက ဒေါသ ထွက်စရာ ပါပဲ။ ”

အေးစက်သော ရောင်ဝါကို ထုတ်လွှတ် လိုက်ပြီးနောက်၊ လင်လျောင်၏ မျက်နှာမှာ၊ မည်းမှောင် သွား၏။

ထိုမျက်နှာဖြင့် နောက်ပြန် မလှည့် တော့ဘဲ၊ ရတနာ တောင်ကုန်း ပြည်နယ်သို့၊ ဦးတည် လိုက်သည်။

ပတ်ဝန်း ကျင်ရှိ တပည့် များက၊ အနည်းငယ် တွေဝေ သွားသော်လည်း၊ မကြာမီ မှာပင် သူတို့၏ မျက်နှာ ပေါ်၌၊ ရွှင်မြူး ရိပ်များ စွန်းထင်းကာ၊ နောက်ပါးမှ ပြေးလိုက်သွား ကြသည်။

“ စီနီယာ အစ်ကိုကြီး လင်လျောင်က၊ ဒီလိုဒေါသ ထွက်နေ တာမျိုး၊ ငါမမြင် ဖူးဘူး။ ''

“ ကြည့်ရတာ သူ့အရည် အချင်းကို၊ ယုံကြည်မှု အပြည့် ရှိနေ ပုံရတယ်။ ”

“ဟား ဟား ဟား၊ ဒီတစ်ခါတော့ ကြည့်လို့ ကောင်းမယ့်၊ ဇာတ်လမ်း တစ်ပုဒ်ပဲ၊ လာ... ရတနာ တောင်ကုန်းကို၊ မြန်မြန် သွားရအောင်။ ”

" တိုက်ပွဲက ရှောင်လွှဲလို့၊ မရ တော့ဘူး၊ သွားကြည့် ရအောင်၊ စီနီယာ အစ်ကို လင်လျောင်ရဲ့ ခွန်အားကြောင့်၊ တိုက်ပွဲက စိတ်ဝင် စားစရာ ကောင်းလာ လိမ့်မယ်၊ သူ့ ပြိုင်ဘက် ကလည်း၊ မဟာချင် အင်ပါယာ တစ်လျှောက်၊ တဟုန်ထိုး ကျော်ကြား လာတဲ့၊ လင်းယွန်ပဲ မဟုတ်လား။ ''

လင်လျောင်၏ နောက်တွင် တပည့်များ၊ စုဝေးရန် အချိန် မကြာ လိုက်ပေ။

ရတနာ တောင်ကုန်း ဆီသို့၊ ဦးတည် နေသော လူအုပ် ကြီးကြောင့်၊ အခြားသော တပည့်များ မှာလည်း၊ မျက်လုံးများ တောက်ပ လာကာ၊ အလျင် အမြန် လိုက်ပါ လာကြသည်။

ယင်းကြောင့် ရတနာ တောင်ကုန်းသို့၊ လင်လျောင် ရောက်ရှိ လာချိန်တွင်၊ သူနှင့် အတူ ထောင်ပေါင်း များစွာသော တပည့်များ၊ ပါဝင် လာလေသည်။

နောက်မှ လိုက်ပါ လာသော လူအုပ် ကြီးကို၊ မသိ မသာ ဝေ့ကြည့်ကာ၊ ကျေနပ် သွားမိသည်။

ဤလူများ ရှေ့၌ အနိုင် ရလဒ်ကို၊ ဖော်ဆောင် နိုင်ပါက၊ ဂုဏ် သတင်းမှာ ချက်ချင်း ပျံ့နှံ့သွား နိုင်မည်။

သူက လင်းယွန်ကို တတ်နိုင် သမျှ၊ များပြားသော လူအုပ်ကြီး ရှေ့၌၊ သက်သေ ပြုကာ၊ အနိုင် ယူလို ခဲ့သည်။ သို့မဟုတ် ပါလျှင်၊ လူ အများက သူ့ခွန်အား အပေါ်၊ သံသယ ဝင်လာ ပေလိမ့်မည်။

" စီနီယာ အစ်ကို လင်လျောင်၊ မင်းဘာလုပ်ဖို့ ကြိုးစား နေတာလဲ။ "

ရတနာ တောင်ကုန်း အဖွဲ့ဝင်၊ တပည့် တစ်ဦးက၊ လင်လျောင်နှင့် နောက်မှ လိုက်ပါ လာသော လူအုပ် ကြီးကို၊ သတိပြုမိ သွားကာ မေးမြန်း လိုက်သည်။

" မင်းနဲ့ ဘာမှ မဆိုင်ဘူး ... ထွက် သွား စမ်း ။ "

လင်လျောင်၏ မျက်လုံး များတွင်၊ အေးစက်သော အလင်း ရောင်များ လင်းလက် လာပြီး လက်ဖဝါးဖြင့် ရိုက်ချ ပစ်လိုက်သည်။

ဟန့်တား မေးမြန်း လာသော တပည့်မှာ၊ ထိုလက်ဖဝါး ချက်ကြောင့်၊ လွင့်စင် သွား၏။

မြေကြီး အဆင့် တစ်ဆယ်၌ ရှိသော၊ တစ်စုံ တစ်ယောက်၏ ခွန်အားမှာ၊ တပည့် တစ်ဦး ခံနိုင်ရည် ရှိသော၊ အရာ မဟုတ်ပေ။

ရတနာ တောင်ကုန်း ပေါ်သို့၊ တက်ရာ လမ်းတစ်လျှောက်၊ ဟန့်တား လာသော တပည့် တိုင်းကို၊ ရိုက်နှက် မောင်းထုတ် ပစ်လိုက်သည်။

လင်လျောင်မှာ အဘယ်ကြောင့် ဤမျှ ဒေါသ ထွက်နေရ သည်ကို၊ မကြာမီ သူတို့ နားလည် သွားကြသည်။

ဓား မဆွဲဘဲ၊ တပည့် တိုင်းကို အနိုင်ယူ သွားသော၊ လင်လျောင်၏ ခွန်အားကြောင့်၊ လူအုပ် ကြီးမှာ ပို၍ စိတ်လှုပ်ရှား လာတော့၏။

" ငါ့ရဲ့ စိန်ခေါ်မှုကို ငြင်းဆန် ချင်တာလား၊ မင်း ဒီလောက် လွယ်မှာ မဟုတ်ဘူး၊ ရှုံးနိမ့် မှုကို မင်းအပြည့် အဝ၊ ယုံကြည်အောင် လုပ်ရမယ်။ "

လင်းယွန်၏ နေအိမ် အပြင် ဘက်မှ၊ အော်ငေါက် နေသော လင်လျောင်၏ မျက်လုံး များတွင်၊ အေးစက်သော အလင်း ရောင်များ၊ တောက်ပ လာသည်။

လှမ်း လိုက်သည့် ခြေလှမ်း တိုင်းက၊ သူ၏ အရှိန် အဝါကို ဆတက် ထမ်းပိုး၊ တိုးတက် လာ စေ၏။

***

All Chapters