ငါ အနိုင် မယူ ချင်ဘူး။
Vol. 26 Ch. 351
ဓား မဆွဲဘဲ၊ တပည့် တိုင်းကို အနိုင်ယူ သွားသော၊ လင်လျောင်၏ ခွန်အားကြောင့်၊ လူအုပ် ကြီးမှာ၊ ပို၍ စိတ်လှုပ်ရှား လာသည်။
လင်လျောင်၏ မျက်လုံး များတွင်၊ အေးစက်သော အလင်း ရောင်များ၊ တောက်ပ လာပြီး၊ ခြေလှမ်း တိုင်းတွင် အရှိန် အဝါများ ဆတက် ထမ်းပိုး မြင့်တက် လာ၏။
ခြံဝင်း တံခါးဝ ရောက်ရှိ သွားချိန်တွင် လင်လျောင်၏ အရှိန်အဝါမှာ၊ အထွတ် အထိပ်သို့ တက်ရောက် နေပေပြီ။
အရှိန်အဝါ ဖိအားကြောင့် တံခါးက ရုတ်တရက် အစိတ်စိတ် အမွှာမွှာ ကွဲအက် ပြိုကျသွား၏။
ထိုအချိန်တွင် လင်းယွန်မှာ၊ အဆုံး စွန်သော လှုပ်ရှားမှု သုံးခုကို၊ နားလည် နိုင်ရန် သစ်ပင်ကြီး တစ်ပင် အောက်၌၊ ဆင်ခြင်လျက် ရှိနေသည်။
ပျက်စီး သွားသော ဝန်းတံခါး အသံ များကြောင့်၊ လွင့်မျော နေရာမှ မျက်လုံးများ ဖွင့်ကာ၊ လှမ်းကြည့် လိုက်သည်။
မဖိတ် ခေါ် ထားသော ဧည့်သည်က၊ အဖြူနှင့် အပြာ ရောစပ် ထားသည့်၊ ၀တ်စုံအားညဆင်မြန်း ထားပြီး၊ ယေဘူယျ ဆန်သော ရုပ်ရည် မျိုးကို၊ ပိုင်ဆိုင် ထားသည်။
သို့သော် သူ့ထံမှ ကြီးမားသော ဖိအားကို ခံစားနိုင်၏။
အဋ္ဌမ အဆင့် အရှိန် အဝါကို ထုတ်ဖော်ကာ၊လင်းယွန်ကို စိုက်ကြည့် လာသော လင်လျောင်ကြောင့်၊ နောက်ပါးမှ လိုက်ပါ လာသော တပည့် များစွာက၊ အသက်ရှူ ကြပ်သွားသည်။
ခဏချင်း မှာပင် မြင့်မားသော တောင်ကုန်းကြီး ပေါ်၌၊ ကြည့်ရှုရန် လာရောက် ကြသော တပည့် များနှင့်၊ ပြည့်နှက် လာ၏။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ရောင်ဝါလဲ၊ စီနီယာ အစ်ကို လင်းလျောင်က၊ ရတနာ တောင်ကုန်းက တပည့် တွေကို လက်ဖဝါး တစ်ချက် ထဲနဲ့၊ ကျော်ဖြတ် သွားတယ်။ ”
" ဟုတ်တယ်၊ ဒါက စီနီယာ အစ်ကို လင်လျောင်ရဲ့၊ တကယ့် ခွန်အား ဖြစ်ရမယ်။ "
“ လမ်းတစ်လျှောက် သူ့ဓားကို ဆွဲဖို့တောင် မလို ခဲ့ဘူး၊ မြေကြီး အဆင့် တစ်ဆယ်က တစ်စုံ တစ်ယောက်ကို၊ လျှော့တွက်လို့ ရရိုးလား။ ”
" လင်းယွန်က ဘယ်လို တုံ့ပြန်မယ် ထင်လဲ "
အားလုံးက သူတို့ ရှေ့မှ မြင်ကွင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေ မိကြသည်။
ပတ်ဝန်းကျင်၏ ဆွေးနွေး သံများကို ကြားရသော အခါ၊ လင်းယွန်က မျက်မှောင်ကြုတ် မိ၏။
လင်လျောင်က သူ့ကို လာရှာ လိမ့်မည်ဟု၊ မမျှော်လင့် ထားမိပေ။ ထို့ပြင် ကျင့်ကြံ နေသူ တစ်ယောက်ကို နှောက်ယှက် ခြင်းမှာ၊ တားမြစ် ထားသော လုပ်ရပ် ဖြစ်သည်။
အရေး ကြီးသော အခိုက် အတန့်တွင်၊ ဓားသမား တစ်ယောက်ကို နှောင့်ယှက် မိပါလျှင်၊ သတ်ပစ် သည်အထိ ပြန်လည် တုန့်ပြန် ခဲ့ သော်မှ အပြစ် မဆို သာပေ။
လင်းယွန်က နှလုံးသား ထဲရှိ၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်ကို မျိုသိပ် လိုက်ပြီး၊ လင်လျောင်ကို လှမ်းကြည့် လိုက်သည်။
နှောင့်ယှက် လာရသည့် အကြောင်း အရင်းကို၊ တစ်ဖက် သားက ထုတ်ဖော် လာသည် အထိ၊ သူ စောင့်နေ မိ၏။
" မင်းကို စိတ်အနှောက် အယှက် ဖြစ်မိ စေတဲ့ အတွက် တောင်းပန် ပါတယ်၊ ဒါပေမယ့် ငါရဲ့ စိန်ခေါ်မှုကို လက်ခံဖို့ ငြင်းဆိုတဲ့ အတွက်၊ အကြောင်း ပြချက် တစ်ခု ပေးပါ။ "
လင်လျောင်က သစ်ပင် အောက်တွင်၊ ထိုင်နေသော လင်းယွန်ကို ကြည့်ကာ၊ ဆိုလိုက်သည်။
“ အကြောင်း ပြချက်လား၊ မရှိ ပါဘူး၊ ငါ မင်းနဲ့ မတိုက် ချင်လို့ပါ။ ”
" မှန်တယ်၊ ငါလည်း မင်းကို မတိုက်ချင် ပါဘူး၊ ကြာမိစ္ဆာ နယ်မြေ အတွက် ခွဲတမ်း ကိုပဲ လိုချင် ပါတယ်၊ ဒါပေမယ့် နောက်ကွယ်မှာ၊ တခြား သူတွေရဲ့ စကားကို ငါမကြား ချင်ဘူး၊ ဒါကြောင့် မင်းကို အနိုင် ယူဖို့ ငါရောက် လာတာ။ "
လင်လျောင်က မောက်မာ စွာဖြင့်၊ ဓားကို ဆွဲပြော၊ ပြောလာ ခဲ့သည်။
(ဓားအလင်းဖြင့် ပစ်လွှတ် လိုက်ခြင်း ဖြစ်သည်။)
သူ၏ အရှိန်အဝါ များက၊ လှိုင်းလုံးများ ကဲ့သို့ ပြန့်ကျဲ လာပြီး၊ ဓားအလင်း တစ်စ နှင့်အတူ၊ လင်းယွန်ထံ တိုးဝင် သွား၏။
ချက်ချင်းပင် လင်းယွန်က ခုန်ထ လိုက်ပြီး၊ ခြေလှမ်း ဆယ်လှမ်းခန့်၊ နောက်ပြန်ဆုတ် လိုက်ရသည်။
တည်ငြိမ်စွာ ရပ်လိုက် နိုင်မှ သာလျှင်၊ ပြန်လည် မော့ကြည့် မိ၏၊ သူ မူလ ထိုင်နေ ခဲ့သော၊ နေရာရှိ သစ်ပင် ကြီးမှာ၊ နှစ်ခြမ်းခွဲ ခံ လိုက်ရ လေသည်။
ဓား၏ နောက်ကွယ်ရှိ ခွန်အားကြောင့်၊ လူတိုင်း ထိတ်လန့် သွား ကြသည်။ လင်းယွန် သည်သာ အနည်းငယ် တုံ့နှေး နေပါက၊သစ်ပင် ကဲ့သို့၊ ထက်ခြမ်း ဖြစ်ပေ တော့မည်။
“ ငါ့ရဲ့ ဓားကို လွယ်လွယ်နဲ့၊ ရှောင်တိမ်း နိုင်မှတော့၊ မင်းက လွယ်ကူတဲ့ ပြိုင်ဘက် တစ်ယောက် မဟုတ် နိုင်ဘူး၊ ငါ မင်းထက် နှစ်အနည်းငယ် လောက်သာ၊ အသက် မကြီး ခဲ့ဖူး ဆိုရင် ...၊ မင်းကို အနိုင် ယူဖို့၊ ယုံကြည်ချက် ရှိမိမှာ မဟုတ်ဘူး။ "
လင်လျောင်၏ မျက်လုံး များတွင်၊ တိုက်ပွဲ့ ဝင်လို စိတ်များဖြင့်၊ တောက်ပ လာသည်။
ဤခရီး စဉ်တွင် အချည်းနှီး မဖြစ် တော့ပေ၊ လင်းယွန်ကို အနိုင်ယူ ခြင်းဖြင့်၊ ကြာမိစ္ဆာ နယ်မြေ ခွဲတမ်း အတွက်၊ အရည်အချင်း ပြည့်မီကြောင်း၊ အခိုင် အမာ သက်သေ ပြနိုင် ပေမည်။
" ငါ့ ဓားကို ယူ စမ်း ။ "
ကြုံးဝါး သံနှင့် အတူ၊ လင်လျောင်က ထပ်မံ ခုတ်ပိုင်း လာပြန်သည်။ ရိပ်ခနဲ ရွေ့လျား သွားပြီး၊ မူလ စွမ်းအင် လှိုင်းများ ရုန်းကြွ လာ၏။
၎င်းသည် ဓားပေါ်သို့ စုရုံးကာ၊ ဓားရောင်ခြည် တစ်ခု ဖြစ်ပေါ် လာသည်။
ထို ဓားချက်ကြောင့် လူ အတော် များများက၊ အံ့သြ တကြီး အော်ဟစ် မိကြသည်။
“ အရမ်း တောက်ပ လွန်းတယ်။ ”
" အင်း၊ ငါသာ သတိ မထားရင်၊ ဒီဓားကို မြင်နိုင်မှာ မဟုတ်ဘူး။"
" သူ့ရဲ့ မူလ စွမ်းအင်ကို၊ ဓားထဲ လောင်းထည့် လိုက်တာနဲ့၊ မိုးခြိမ်း သံတွေ မြည်လာ တာပဲ။ "
" လင်းယွန်ရဲ့ အရှိန် အဝါက လုံးလုံး လျားလျား ချုပ်ငြိမ်း သွားပြီ။ "
လင်းယွန်၏ မျက်နှာမှာ မှုန်မှိုင်း နေ၏။ ဓားက ဝါးမြိုလု နီးပါး၊ တိုးဝင် လာပြီ ဖြစ်သောကြောင့်၊ မျက်မှောင်ကြုတ် လိုက်၏။
သို့သော် ချက်ချင်းပင် သက်ပြင်းချ လိုက်သည်။ လက်တုံ့ ပြန်ချင် သော်လည်း၊ ရှင်းယန်ကို ပေးထားသော ကတိကို၊ ပြန်သတိ ရသွားခြင်း ဖြစ်သည်။
လေးနက်သော ခြေလှမ်း ခုနစ်လှမ်းကို၊ ထုတ်ဖော်ကာ၊ တိုက်ခိုက် မှုကို ရှောင်တိမ်း မိ၏။
လင်းလျောင်၏ ခွန်အား အရ၊ မြေကြီး အဆင့် (၁၀)တွင်၊ ရပ်တည် ထားနိုင် သော်လည်း၊ သူ၏ ဓား အလင်းမှာ၊ လင်းယွန် ခန္ဓာကိုယ် ပေါ်သို့ ကျရောက် သည်နှင့်၊ မျက်နှာပျက် သွားသည်။
ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်ကြောင့်၊ လင်းယွန်၏ အရေပြား ကိုပင်၊ မထိုး ဖောက်နိုင် ခဲ့ပေ။
" ရှောင်ချင် တာလား။ ”
လင်လျောင်က ကြိမ်းမောင်း လိုက်ပြီး၊ သူ့ဓားကို နောက်တစ်ကြိမ် လွှဲခုတ် လိုက်ပြန်၏။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ လင်လျောင်က ဓားချက် ဆယ်ချက်ထက် မနည်း၊ ထုတ်ဖော် တိုက်ခိုက် လိုက်လေသည်။ ဓားချက် များမှာ တစ်စထက် တစ်စ ပို၍ ပြင်းထန် လာ၏။
ရပ်ကြည့် နေမိသော တပည့်များ မှာမူ၊ အမှန် တကယ် ဖြစ်ပျက် နေသည့် အရာ များကို၊ မသိခဲ့ ကြဘဲ၊ လင်းယွန်သည် လင်လျောင်၏ ပြိုင်ဘက် မဟုတ်ဟု၊ ထင်မြင် နေမိ ကြသည်။
“ လင်းယွန်ရဲ့ ကျင့်ကြံမှုက တစ်ဆင့် နိမ့်နေတယ်။ ”
" ဒါပေမယ့် လင်းယွန်က အားနည်း တယ်လို့၊ မပြော နိုင်ပါဘူး၊ အနည်း ဆုံးတော့၊ စီနီယာ အစ်ကို လင်လျောင်ရဲ့၊ တိုက်ခိုက်မှု တော်တော် များများကို၊ သူ ခံနိုင်ရည် ရှိခဲ့ တာပဲ မဟုတ်လား၊ ဒါက အံ့ဩ စရာ ပါပဲ။ ”
“ ဖြစ်ကောင်း ဖြစ်နိုင် ပါတယ် ... ။ ”
“ ဂျူနီယာ လင်းက အရမ်း ငယ်သေးတယ်၊ သူ့ အတွက် အချိန် ပိုလိုတယ်။ ”
တပည့် အများ စုက ခေါင်းကို ခါယမ်းကာ၊ စိတ်ပျက် သွားပုံ ရသည်။ နှစ်ပိုင်းပြတ် လုနီးနီး၊ ခုတ်ပိုင်း ခံနေ ရသော လင်းယွန်ကြောင့်၊ လူအုပ်ကြီးက အော်ဟစ်ပြီး၊ အသက်ရှု ကြပ်သွား ကြ၏။
ဓားချက်ကို ရှောင်ရှား နိုင်ခဲ့ သော်လည်း၊ လင်းယွန်၏ မျက်နှာတွင် ဒဏ်ရာ တစ်ခု၊ ရရှိ သွားခဲ့သည်။
လင်လျောင်ကို မျက်နှာ မူထားသော လင်းယွန်က၊ သူ့ ဒဏ်ရာကို ထိလိုက်ကာ၊ မျက်ခုံး နှစ်ဖက် စုကျုံ့ လိုက်၏။
လင်းယွန် ထံမှ ပြောင်းလဲ သွားသော ခံစားချက် များကို သတိ ထားမိ လိုက်သည်နှင့်၊ လင်းလျောင်မှာ စိတ်လှုပ်ရှား သွားသည်။
" မိုးကြိုး တိမ်တိုက် ပြိုကွဲခြင်း။ "
လင်းလျောင်က တဟုန်ထိုး မြင့်တက် လာသော၊ ဓားအလင်း များဖြင့်၊ ရှေ့သို့ တွန်းပို့ လိုက်သည်။
သူ့ဓား ချက်မှာ၊ မြန်ဆန် လွန်းပြီး သူ၏ တိုက်ခိုက်မှု များက၊ လင်းယွန် အတွက်၊ ဆုတ်ခွာ သွားနိုင်မည့် လမ်းကြောင်း တိုင်းကို၊ ပိတ်ဆို့ ထားသည်။
ထိတ်လန့် တုန်လှုပ် ဖွယ်ရာ၊ အဟုန်နှင့် အတူ လင်လျောင်က ရယ်မောကာ၊
“ ပြန်တိုက်ပါ၊ မဟုတ်ရင် နိုင်ပွဲက၊ အဓိပ္ပါယ် မရှိ ပါဘူး၊ အနည်း ဆုံးတော့ မင်းမှာ လက်တုံ့ ပြန်ဖို့၊ အခွင့် အရေး ရှိသေးတယ်။ ''
" ကောင်းပြီ ....၊ မင်းဆန္ဒ အတိုင်း ..... "
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို၊ ဆင့်ခေါ် လိုက်ပြီးနောက်၊ သူ့ အကြည့်များ ပြောင်းလဲ သွားကာ၊ ရှန်ရှင်း- တစ်ပိုင်း ဓား ရည်ရွယ် ချက်အား ထုတ်ဖော် လိုက်၏။
ဓားကို ဆွဲလိုက် သည်နှင့်၊ မယုံနိုင် စရာ မြင်ကွင်း တစ်ခု ထွက်ပေါ် လာသည်။
စူးရှသော ဓား အလင်းမှာ၊ သူ့ အပေါ်သို့ အုပ်မိုး ဖြာထွက် လာ၏။ ၎င်း မြင်ကွင်းသည် ကောင်ကင်၌ တောက်ပစွာ ထွန်းလင်း နေသော လနှင့်၊ တူ၏။
လင်းယွန်၏ ဓားအလင်းနှင့် နှိုင်းယှဉ် ပါလျှင်၊ လင်လျောင်၏ ဓားအလင်းမှာ၊ ပိုးစုန်းကြူးငယ် ကဲ့သို့၊ မှိန်ပျ နေသည်။
လရောင် အောက်၌ ပိုးစုန်းကြူး ငယ်၏၊ ဂုဏ်မောက် နေသော အပြုအမူ များကြောင့်၊ ရှက်ရွံ့ဖွယ် ကောင်းလွန်း ပေ၏။
ဓားအလင်း နှစ်ခု ရိုက်မိ ပြီးနောက်၊ လင်းလျောင် လက်ထဲရှိ ဓားမှာ၊ အဝေးသို့ လွှင့်စင် သွားပြီး၊ ရင်ဘတ် ပေါ်တွင် ကြီးမားသော ပြတ်ရှ ရာကြီး တစ်ခု ရရှိ သွား၏။
သူ့ မျက်နှာက ချက်ချင်းပင် ဖြူဖျော့ လာပြီး၊ လင်းယွန်ကို ထိတ်လန့်စွာ မော့ကြည့် လိုက်သည်။
“ အနိုင် မယူ ချင်တာကြောင့်၊ ငါ့ဓားကို မဆွဲခဲ့တာပဲ၊ မင်းငါ့ကို အခွင့် အရေး ပေးစရာ မလို ပါဘူး။ "
လင်းယွန်က အေးစက်စွာ ဆိုလိုက်သည်။ ထိုစကားမှာ ရိုးရှင်းလွန်း လှ၏။
လင်းယွန်က ဓားဖြင့် ပြန်လည် တိုက်ခိုက်ရန် မစွမ်း ဆောင်နိုင်ဟု၊ လင်းလျောင်က ယူဆထား မိသည်။ သို့သော် အမှန် တရားမှာ ခါးသက် လှပေသည်။
စောင့်ကြည့် နေသော တပည့် များက ထိတ်လန့် တုန်လှုပ် ကြပြီး၊ မယုံ ကြည်နိုင်မှု များဖြင့်၊ မျက်လုံးများ ပြူးလာ ကြသည်။ ပြီးနောက် လေးစားစွာ ကြည့်လိုက် ကြသည်။
“ အရမ်း အားကောင်း လွန်းတယ်၊ ဓားတစ်လက်က ဒီလောက် အထိ၊ ကြောက်စရာ ကောင်းတာလား။ "
" ဒါက လရော ရေစင် ဓားရဲ့၊ အဆုံး စွန်သော လှုပ်ရှားမှု ပါပဲ၊ အရင်က တစ်ယောက်ယောက် သုံးတာ ငါ တွေ့ဖူးတယ်၊ ဒါပေမယ့် ဂျူနီယာလင်း ထက်တော့ အားနည်း ပါတယ်။ ”
" စီနီယာ အစ်ကိုလင်ကို အနိုင် ယူဖို့၊ ဂျူနီယာလင်းက ဓား တစ်ချက်ပဲ လိုတာလား။ ''
" ဂျူနီယာ လင်းက မဟာချင် အင်ပါယာ မှာ၊ကျော်ကြား လာပြီး ကတည်းက၊ သူ့ အရည် အချင်း အပေါ်၊ သံသယ ဖြစ်စရာ မရှိ ပါဘူး။ "
" ငါတို့က အတွက် မှားသွား ပုံပဲ။ "
ဓားကို ဆွဲထုတ် လိုက်သည်နှင့်၊ တိုက်ပွဲ ပြီးဆုံး သွားလိမ့် မည်ဟု၊ မထင်ထားသောကြောင့်၊ လူ အများက သက်ပြင်းချ ခဲ့ကြသည်။
ထိုအချိန်တွင် နောက်ထပ် လူ အချို့က၊ သတ်ဖြတ် လိုသော ရည်ရွယ်ချက် များဖြင့်၊ တိုက်ပွဲဆီ ပြေးဝင် လာ ကြ၏။
၎င်းတို့မှာ ရှင်းယန်နှင့် အတူ ကြာမိစ္ဆာ နယ်မြေ အတွက်၊ ပြင်ဆင် မှုများ ပြုလုပ် နေသော၊ အထက် တန်းစားများ ဖြစ်သည်။
သတင်း ကြားကြားချင်း ချက်ချင်း ပြေးလာ ကြခြင်း ဖြစ်သည်။ သို့သော် လင်လျောင်၏ သနားဖွယ် အသွင် အပြင်ကို၊ တွေ့လိုက် ရသော အခါတွင်၊ သူတို့၏ မျက်နှာများ ပြောင်းလဲ သွားသည်။
" ဘာဖြစ် နေတာလဲ။ "
သတ်ရန် ရည်ရွယ် ချက်က၊ ရှင်းယန်၏ မျက်နှာမှ ပျောက်ကွယ် သွားပြီးနောက်၊ အေးစက်သော လေသံဖြင့်၊ မေးခွန်း ထုတ်လိုက်၏။
လူအုပ်ကြီးက မည်သည့် နေရာမှ စပြော ရမည် မသိ သောကြောင့်၊ တိတ်ဆိတ် သွား ကုန်သည်။
သူတို့ ပြန်မဖြေ နိုင်ခင် မှာပင်၊ ကောင်းကင်မှ လူရိပ်များ၊ ထပ်မံ ဆင်းသက် လာပြန်သည်။
အဆိုပါ လူရိပ် များမှာ၊ ကာကွယ်သူ မက်မွန်၊ ဓားထမ်း အကြီး အကဲ ခုနစ်ဦးနှင့်၊ သင်းထောက် အနည်းငယ် တို့ဖြစ် လေသည်။
***