← Chapters

မျိုးရိုး မရှိသော သူ။

Vol. 26 Ch. 352

မျိုးရိုး မရှိသော သူ။

Vol. 26 Ch. 352

ရှင်းယန်က အေးစက်သော လေသံဖြင့်၊ မေးခွန်း ထုတ်လာ သောကြောင့်၊ လူအုပ် ကြီးမှာ မည်သည့် နေရာမှ၊ စပြော ရမည်ကို မသိ တော့ဘဲ၊ တိတ်ဆိတ် သွား ကုန်သည်။

သူတို့ ပြန်မဖြေ နိုင်ခင် မှာပင်၊ ကောင်းကင်မှ လူရိပ်များ၊ ထပ်မံ ဆင်းသက် လာပြန်၏။

ယင်းလူရိပ် များမှာ၊ ကာကွယ်သူ မက်မွန်၊ ဓားထမ်း အကြီး အကဲ ခုနစ်ဦးနှင့်၊ သင်းထောက် အချို့ပင် ဖြစ်သည်။

" မင်္ဂလာပါ ကာကွယ်သူ မက်မွန်၊ မင်္ဂလာပါ ဓားထမ်း အကြီးအကဲတို့ ..... ။ ''

ပတ်ဝန်း ကျင်ရှိ တပည့် များက အံ့ဩ သွားသော်လည်း၊ နှုတ်ဆက် ရန်မူ၊ မမေ့လျော့ လိုက်ကြပေ။

ကာကွယ်သူ မက်မွန်နှင့် ဓားထမ်း အကြီး အကဲ ခုနစ်ယောက် တစ်ပြိုင် နက်တည်း၊ရောက်ရှိ လာနိုင် သည်ဟု၊ သူတို့ မထင်ထား မိကြခြင်း ဖြစ်သည်။

ခဏတာ တုန်လှုပ် သွားကြ ပြီးနောက်၊ ဝတ်ရုံစကို ရုတ်သိမ်းကာ၊ လက်ဝှေ့ယမ်း နှုတ်ဆက် လိုက်ကြသည်။

ကာကွယ်သူ မက်မွန်က ခေါင်းညိတ် လိုက်ပြီး၊ လင်းယွန်ကို လှည့် မကြည့်မီ၊ လင်လျောင်ကို အရင်ကြည့် လိုက်၏။

လင်လျောင်၏ ရင်ဘတ် ပေါ်ရှိ ဒဏ်ရာကို စစ်ဆေး ကြည့်ပြီးနောက်၊ မျက်မှောင် ကြုတ်ကာ၊ ဓား ရည်ရွယ်ချက်ကို ဖြေရှင်းရန်၊ ခန္ဓာကိုယ် ထဲသို့၊ မူလ စွမ်းအင် တစ်ဆုပ်စာ ပေးပို့ လိုက်သည်။

ဓား ရည်ရွယ်ချက် ပျောက်ကွယ် သွားသော အခါ မှသာ၊ ပင့်သက်ရှည် ကြီးကို မှုတ်ထုတ်လျက်၊ အလျင် အမြန် မတ်တပ် ထရပ် လိုက်၏။

"ကျေးဇူး တင်ပါတယ်၊ ကာကွယ်သူ မက်မွန်။ "

ဦးစွာ ဦးညွှတ် လိုက်ပြီးနောက်၊ ရုတ်တရက် တစ်စုံ တစ်ရာကို တွေးမိ သွားပြီး၊ ရှက်ရွံ့စွာ ခေါင်းငုံ့ ထားလိုက်သည်။

" လင်လျောင် ...၊ ဂိုဏ်းက မင်းကို ခွဲတမ်း ပေးဖို့၊ ဆုံးဖြတ် ထားပြီး သားပါ ...၊ လင်းယွန်ကို ဘာလို့ လာနှောက်ယှက် နေရ တာလဲ၊ အတွင်း တပည့်တွေ ကျင့်ကြံ နေချိန်မှာ၊ အတင်း အကြပ် လုပ်ဆောင် ခြင်းက၊ ပြစ်မှု မြောက်တယ် ဆိုတာကို၊ မင်း မသိ ဖူးလား။ ''

ကာကွယ်သူ မက်မွန်က လင်လျောင်ကို၊ တင်းမာသော လေသံဖြင့်၊ အေးစက်စွာ မေးခွန်း ထုတ်လိုက်သည်။

“ ခွဲတမ်း မယူ ပါဘူး၊ ကျေးဇူး ပြုပြီး ဒီတပည့်ကို အပြစ်ဒဏ် ပေးပါ။ "

လင်လျောင်က ရှုံးနိမ့် ပြီးနောက်၊ ခွဲတမ်းကို လက်ခံရန် ရှက်ရွံ့ သွားသည်။ ဤနေရာမှ ယခု ချက်ချင်း ထွက်ခွာ သွားရန်သာ၊ လိုလား နေမိ ပေသည်။

" သူ့ကို ခေါ်သွားပါ။ "

ကာကွယ်သူ မက်မွန်က၊ သူ့လက်ကို ဝှေ့ယမ်းကာ လင်လျောင်ကို ခေါ်ဆောင် သွားရန်၊ သင်းထောက် များအား၊ အချက်ပြ လိုက်သည်။

လင်လျောင် ထံ၌၊ သူ့ အာရုံ မရှိ တော့ပေ။ လင်းယွန်ဘက် လှည့်ပြီး။

" လင်လျောင်က ပြန်အပ် ခဲ့တဲ့ အတွက်၊ မင်းမှာ ခွဲတမ်း ရယူဖို့၊ အခွင့် အရေး ရှိနေ သေးတယ်၊ လင်းယွန် ..... ကြာမိစ္ဆာ နယ်မြေမှာ၊ ဓားနန်းတော်ကို ကိုယ်စား ပြုဖို့ ဆန္ဒ ရှိလား။ ''

လျှို့ဝှက်နယ် မြေ၌ ကြာနက် အမြုတေ အပြင်၊ မရေတွက် နိုင်သော ရတနာ များစွာ ရှိသည်။

ရတနာ များသည် ဂိုဏ်း၏ အခြေခံ အုတ်မြစ်ကို၊ များစွာ မြှင့်တင် ပေးနိုင်ပြီး၊ ဓားနန်းတော် အနေဖြင့်၊ ၎င်းတို့ကို လိုအပ် ပေ၏။

လင်းယွန်က ချက်ချင်း ပြန် မဖြေဘဲ၊ အဝေးရှိရှင်းယန်ကို လှည့်ကြည့် လိုက်သည်။

ရှင်းယန်က ပြုံးလျက် ခေါင်းညိတ် ပြမှ သာလျှင်၊ ကာကွယ်သူ မက်မွန်ကို ကြည့်ကာ၊

“ ဓားနန်းတော်က ဒီတပည့်ကို စိတ်မပျက် စေရပါဘူး။ ”

-ဟု ပြန်ဖြေ လိုက်၏။

ကာကွယ်သူ မက်မွန်က၊ ဓားထမ်း အကြီး အကဲ များထံ လှမ်းကြည့်ကာ၊

“ ဓားထမ်း အကြီး အကဲတို့၊ မင်းတို့မှာ ကန့်ကွက် စရာ ရှိလား ... ”

“ မရှိ ပါဘူး ..... ”

“ ဒါဆို ဆက်သွားမယ်၊ ဘယ်သူ ကမှ ကန့်ကွက်ခွင့် မရှိ တော့ဘူး။ ”

ထို့နောက် ကာကွယ်သူ မက်မွန်နှင့်၊ ဓားထမ်း အကြီးအကဲ များက၊ လျင်မြန်စွာ ပြန်လည် ထွက်ခွာ သွားတော့သည်။

လင်းယွန်က ထွက်ခွာ သွားသော၊ ကာကွယ်သူ မက်မွန်၏ နောက်ကျောကို ကြည့်ကာ၊ ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးလိုက်သည်။

ကာကွယ်သူ မက်မွန်မှာ လင်လျောင်ကို သတိပြု မိပြီး ဖြစ်သော်လည်း၊ ဟန့်တားရန် ရည်ရွယ်ချက် ရှိပုံ မရ ခဲ့ခြေ။

ဓားနန်းတော်၌ ကာကွယ်သူ မက်မွန်၏၊ မျက်ကွယ်ရာ မရှိနိုင် သည်ကို သူ သိသည်။

ဤတစ်ကြိမ် တွင်လည်း၊ သူ့ အတွက် တူးထားသော၊ တွင်းနက် ကြီးထဲသို့ ထပ်မံ ခုန်ချ မိပြန် လေပြီ။

" မင်းတို့ ဒီမှာ ဘယ်လောက် ကြာကြာ ဆက်နေ ဦးမှာလဲ၊ ဒါက ရတနာ တောင်ကုန်း နယ်မြေ ဆိုတာရော သတိ ရကြ သေးလား ... ဟမ့် ။ ”

အနီး ဝန်းကျင်ရှိ တပည့် များကို ဝေ့ကြည့်ကာ၊ ရှင်းယန်က ကြိမ်မောင်း လိုက်၏။

သူမ အကြည့်ကြောင့် ကျောရိုး တစ်လျှောက်၊ တုန်ယင် အေးစက် လာသော တပည့် များက၊ ချက်ချင်း တောင်းပန် လူစုခွဲ သွားကြသည်။

ထို့နောက် ရတနာ တောင်ကုန်း၏ တပည့်များက ရှေ့သို့ ထွက်လာပြီး၊ အဖြစ် အပျက်ကို ရှင်းပြသည်။

လင်လျောင်ကို ဓားတစ်ချက် တည်းဖြင့် အနိုင်ယူ နိုင်ခဲ့ သောကြောင့်၊ တန်တုံ၊ ရန်ဒင်းနှင့်၊ ဝမ်ဇင် တို့က မျက်လုံးပြူး သွားကြ၏။

လင်းယွန်ကို သန်မာ သည်ဟု၊ သူတို့ သိထား သော်လည်း၊ ထိုမျှ မထင်ထား မိပေ။

“ ဂျူနီယာ လင်းနဲ့ ငါပြော စရာ ရှိတယ်၊ မင်းတို့ အရင် သွားလို့ ရပြီ။ "

ရှင်းယန်က ဆိုသည်။ တန်တုံနှင့် အဖွဲ့မှာ အချင်းချင်း ကြည့်လိုက် ပြီးနောက်၊ ခေါင်းညိတ်ကာ၊ ထွက်ခွာ သွားလိုက် ကြ၏။

" ကောင်းပြီ ငါတို့ အရင် သွားနှင့်မယ်။ ''

သူတို့ ထွက်ခွာ သွားသည်နှင့်၊ ရှင်းယန်က လင်းယွန်ကို လှမ်းကြည့် လိုက်သည်။

လေထုက ထူးဆန်း နေပြီး၊ လင်းယွန်အား စိတ်မသက် မသာ ဖြစ်လာ စေသည်။

နောက်ဆုံးတွင် ကြာမိစ္ဆာ နယ်မြေသို့၊ ဝင်ရောက်ခြင်း မပြုရန်၊ ရှင်းယန်က သူ့အပေါ် ကတိ တောင်းထား ဖူး၏။

'' အစ်မ ကြီး … ငါ ”

“ မ ပြော နဲ့။ ”

ရှင်းယန်က လင်းယွန်၏ မျက်နှာရှိ ဒဏ်ရာ ပေါ်သို့၊ လက်ချောင်း များကို၊ ညင်သာစွာ ပွတ်လိုက်သည်။

ပြတ်ရှ ဒဏ်ရာမှာ ချက်ချင်းပင်၊ ပြန်ပိတ် ပျောက်ကွယ် သွား၏။ ယင်းမှာ ရှင်းယန်၏ သိုင်းဝိဥာဉ် စွမ်းအား ပေပင်။

" မင်း မျက်နှာကို ... ၊ ပျက်စီးလု နီးပါး ပါလား ... ကြည့်စမ်း။ "

ပြန်ပိတ် သွားသော ဒဏ်ရာကို ကြည့်ကာ၊ ပြုံးလျှက် ဆိုလာ သည်ကြောင့်၊ လင်းယွန်က စိတ်သက် သာရာ ရသွားသည်။

ပြေလျော့ သွားသော လင်းယွန်၏ အမူအရာကို ကြည့်ကာ၊ ရှင်းယန် မျက်နှာမှာ ချက်ချင်း ပြန်လည် တင်းမာ သွား၏။

" မင်း သူ့ကို ဓား တစ်ချက်နဲ့ အနိုင်ယူ နိုင်ရဲ့နဲ့၊ ဘာလို့ ပြန်မတိုက် ရတာလဲ၊ ဒါဏ်ရာ ရသွားရင် ဘယ်လို လုပ်မလဲ။ ”

" ဒါပေမယ့် မင်းကို ငါကတိ ပေးခဲ့မယ်။ "

လင်းယွန်က ပြန်ဖြေသည်။

" မင်း လူမိုက်လား ... ၊ ဟမ့် ... အခု ချိန်မှာ လင်လျောင်သာ သနား စရာ၊ အခြေအနေ မျိုးမှာ ရှိမနေ ခဲ့ရင်၊ ငါ သူ့ကို သင်ခန်းစာ တစ်ခု သင်ပေးပြီး နေပြီ။ "

ရှင်းယန်က ဒေါသ တကြီးဖြင့်၊ လင်းယွန်၏ ခေါင်းကို ခေါက်လိုက်သည်။

လင်းယွန်က အပြုံး ဖြင့်သာ ခံယူ လိုက်၏။ ရှင်းယန်က သူ့ ခေါင်းကို ထိလိုက်တိုင်း၊ နွေးထွေးသော ခံစား ချက်များ ဖြစ်ပေါ် လာတက်သည်။

“ မင်းရဲ့ ခွန်အားက၊ ငါ့ထက် မနိမ့်ကျ တော့ဖူးလို့ ထင်ရ တာပဲ၊ ကြာမိစ္ဆာ နယ်မြေကို သွားဖို့၊ မင်းရဲ့ အခွင့် အရေးကို၊ ငါက ပိတ်ပင်ထား လုနီးပါး ဖြစ်နေ မိပြီ၊ ..... ''

'' ... ကာကွယ်သူ မက်မွန် ကသာ၊ ခွဲတမ်းကို မင့်ထံ ပြန်မပေး လာရင်၊ ငါ နောင်တ ရမိ လိမ့်မယ်၊ ဒီတစ်ကြိမ်တော့ ဘယ်သူမှ၊ မကန့် ကွက်တော့ ဖူးလို့၊ ယုံကြည် မိပါတယ်။ ”

ရှင်းယန်က ပြုံးလျက် ဆိုလိုက်သည်။ ပြီးနောက် လင်းယွန်၏ ပါးကို လိမ်ဆွဲကာ၊

" မင်းသာ ကြာမိစ္ဆာ နယ်မြေကို သွားခွင့် မရ ခဲ့ရင်၊ ငါ့ကို အပြစ် မြင်မှာလား။ "

" ငါ မမြင် ပါဘူး။ "

လင်းယွန်က ခေါင်းယမ်း ပြသည်။ ပြီးနောက် ရှင်းယန်ကို ပြုံးပြ လျက်ဖြင့်၊

“ ဘာလို့လဲ ဆိုတော့ ... ၊ ငါ့ အစ်မ ကြီးရဲ့ စကားကို နားထောင် ရမယ် မဟုတ်လား။ ”

" ဒါပေမယ့် ငါကတော့ ... ၊ ငါ့ကိုယ်ငါ မုန်းတီး နေမိပြီ ... လာ၊ ငါ မင်းကို ပြစရာ ရှိတယ်။ "

ရှင်းယန်၏ မျက်လုံးများ ကျဉ်းမြောင်း သွားကာ၊ လင်းယွန် လက်ကို ဆုပ်ကိုင်လျက်၊ တုန့်ပြန် လိုက်၏။

နှစ်ယောက်သား တိတ်ဆိတ်စွာ ထွက်ခွာ လာပြီး နောက်တွင်၊ ယို့ယွင်း ပျက်စီး နေသော၊ လွင်ပြင် တစ်နေရာသို့ ရောက်ရှိ လာကြသည်။

ဓားနန်းတော်တွင် ဤမျှ ပျက်စီး နေသော နယ်မြေ တစ်ခု၊ အမှန် တကယ် တည်ရှိ နေလိမ့် မည်ဟု၊ မထင် မိပေ။ အံသြ စရာ တည်ရှိ မှုများပင် ဖြစ်သည်။

လင်းယွန်က သူ့ ရှေ့ရှိ၊ ဟောင်းနွမ်း နေသော သင်္ချိုင်း ဂူကို၊ မော့ကြည့် လိုက်၏။

သင်္ချိုင်း ဂူတွင် "မဟာချင် အင်ပါယာ၏ ဗိုလ်ချုပ်ကြီး ရီယုဟန်" ဟူသော၊ စာလုံးများ ရေးထိုး ထားသည်။

ထိုစာလုံး များကြောင့် လင်းယွန်က၊ မျက်မှောင်ကြုတ် သွား၏။

" ဒါ က ... "

" ငါ့အဖေရဲ့ သင်္ချိုင်းပါ။ "

ရှင်းယန်က နွမ်းချိ နေသော အပြုံးဖြင့်၊ ခေါင်းညိတ် ပြသည်။

" ငါ ပင်ပန်းတဲ့ အခါတိုင်း၊ ဒီကို လာတယ်။ ''

" ဒါပေမယ့် သင်္ချိုင်း ပေါ်က နာမည်က ရီ .... "

" မင်းရဲ့ ဒီစီနီယာ အစ်မရဲ့ မျိုးရိုး အမည်က၊ တစ်ချိန်က 'ရီ' ဖြစ်ခဲ့ ဖူးတယ်၊ "

ဖြစ်ရိုး ဖြစ်စဉ် တစ်ခုကို ပြောနေ သကဲ့သို့၊ ရှင်းယန်က ပြန်ဖြေသည်။ သူမ၏ စကားကြောင့်၊ လင်းယွန်က တိတ်ဆိတ် သွား၏။

ဆိုလို သည်မှာ ရှင်းယန်၏ အမည်မှာ ရီရှင်းယန် ဖြစ်သည်။ မဟာချင် အင်ပါယာ၌၊ မျိုးရိုး နာမည် ဖယ်ထုတ် ခံရသော မည်သူ မဆို၊ ကြီးလေးသော ရာဇ၀တ် မှုအား၊ ကျူးလွန်ခဲ့ သူများ အဖြစ်၊ သတ်မှတ် ထားသည်။

သူနှင့် အတူ အမြဲ ပြုံးပျှော် နေတက်သော ရှင်းယန်၌၊ ထိုသို့သော အတိတ်ရှိ နေလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားမိပေ။

“ ဒါက အရေး မကြီး တော့ပါဘူး၊ ဒီနှစ် ကုန်ရင် အစ်ကိုကြီးက နဂါး တခါး ပြိုင်ပွဲမှာ၊ ပထမဆု ရလိမ့်မယ်၊ အဲ့ဒီ အခါ ငါ့တို့ရဲ့ မျိုးရိုး နာမည်ကို၊ ပြန် ရယူ မှာပါ။ ”

ဟု ရှင်းယန်က ပြန်ဖြေသည်။ ပြီးနောက် သင်္ချိုင်း ဂူဘက် ဦးညွှတ် လိုက်၏။

" ဖေ ဖေ .... ၊ ငယ်ငယ် တုန်းက ငါ့ရဲ့ တတိယမြောက် မောင်ငယ်ကို၊ မင်းပေးခဲ့ ဖူးတာ မှတ်မိလား၊ တတိယ မောင်ငယ်က ငယ်ငယ် ရွယ်ရွယ်နဲ့ ဆုံးပါး သွားပေမယ့် ...၊ အခု ငါ့မှာ မောင်လေး တစ်ယောက် ရှိလာလို့ ...၊ ပျော်ရ ပါတယ်၊ .... ''

'' ... ဒါပေမယ့် ဒီမောင်လေးက နည်းနည်းတော့ မိုက်မဲတယ်၊ ငါ့စကားကြောင့် သူ့အသက်ကို စွန့်လု နီးနီး ပါပဲ၊ ဒါက တတိယ မောင်ငယ်နဲ့ တူတယ် မဟုတ်လား .... ”

စကားဆုံး သည်နှင့်၊ ရှင်းယန်က အားရ ပါးရ ငိုရှိုက် လိုက်တော့သည်။ ထို့နောက် သူမ မျက်ရည် များကို သုတ်လိုက်ပြီး၊ လင်းယွန်အား လှည့်ကြည့်ကာ၊

" မင်းကို လက်ဆွဲ ခေါ်လာပြီး ...၊ ငါ့မောင် အရင်း တစ်ယောက်လို ဆက်ဆံ မိတာ၊ အပြစ် မတင် ဖူး မဟုတ်လား။ "

" အစ်မကြီး ပျော်နေ သရွေ့ ...၊ ငါငြင်းဆန် နေမှာ၊ မဟုတ် ပါဘူး။ "

လင်းယွန်က ပြန်ဖြေ လိုက်ပြီး၊ မျောက်ဝိုင် အိုးကို ထုတ်ယူ လိုက်၏။

“ ဦးလေးကို မတွေ့ဖူး ပေမယ့်၊ ငါ လေးစား ပါတယ်၊ အစ်မကြီး ရှင်းယန်ကို စိတ်ချပါ၊ ဓားနန်းတော်မှာ ကောင်းမွန်စွာ ရှင်သန် နေနိုင် ပါတယ်၊ ရတနာ တောင်ကုန်း မဟာမိတ် အဖွဲ့ ဝင်တိုင်း ကလည်း၊ သူ့ကို လေးစား ကြပါတယ်။ ”

" သွားကြစို့၊ ငါတို့ ပြန်ရမယ်။ "

လင်းယွန်၏ စကား များကြောင့်၊ ရှင်းယန် မျက်လုံးများ ကျဉ်းမြောင်း သွားကာ၊ နွေးထွေးသော အပြုံးကို၊ ထုတ်ဖော် လိုက်၏။

နှစ်ယောက်သား ထွက်ခွာ သွားသည်နှင့်၊ ကျောက်ဆောင် အကွယ်မှ လူရိပ် တစ်ရိပ်၊ တိတ်တဆိတ် ထွက်ပေါ် လာသည်။

ထိုလူရိပ်မှာ ရှင်းဂျူ ဖြစ်ပြီး၊ ထွက်ခွာ သွားသော လူ နှစ်ယောက်၏ နောက်ကျောကို ပြုံးကာ၊ ကြည့်နေ လေသည်။

ရှင်းယန်မှာ ဤနေရာ၌ လာရောက် ငိုကြွေး နေလိမ့် မည်ဟု၊ သူ ထင်ခဲ့သည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီး၊ ကြာမိစ္ဆာ နယ်မြေ၏ သတင်းကြောင့်၊ အသီးသီးသော ဂိုဏ်းများမှာ၊ စတင် လှုပ်ရှားလာ ကြသည်။

ရှေးဟောင်း တာအို ဂိုဏ်း၏၊ ဒုဂိုဏ်း ချုပ်ကြီး ရှားလောင်ယဲက၊ အချိန် အတော် ကြာအောင် မျက်မှောင်ကြုတ် လျက်ဖြင့်၊

" အကြီး အကဲဝမ်၊ လင်းယွန်က ဓားနန်းတော်ရဲ့ ခွဲတမ်းမှာ၊ ပါတာ သေချာလား။ ''

“ လုံးဝ သေချာပါတယ် ဒုဂိုဏ်းချုပ်... ”

ဝမ်ရန်းဘို၏ မျက်နှာမှာ မည်းမှောင် နေပြီး အေးစက်စက် ပြန်ဖြေ လာ၏။ ပြီးနောက် အံကြိတ် လိုက်ကာ၊

“ ဒီလို ကိစ္စ မျိုးကို၊ အမှား အယွင်း ဖြစ်စရာ၊ မရှိ ပါဘူး။ ”

မွေးနေ့ပွဲ အပြန် ခရီးစဉ်၌၊ လင်းယွန်ကို လုပ်ကြံရန် ပျက်ကွက် ခဲ့ပြီး၊ လျိုဖန်း ထံမှ လက်ဖဝါး ကိုပင်၊ ခံယူ လိုက်ရ၏။

ယခု အချိန်ထိ ထိုဒဏ်ရာ များက၊ မသက်သာ သေးပေ။

" ဓားနန်းတော်က ဒီလို ဘီလူး မျိုးကို၊ ကြာမိစ္ဆာ နယ်မြေထဲ စေလွှတ် ရအောင်၊ ရူးနေ တာပဲ ဖြစ်ရမယ်၊ ဒါပေမယ့် ဒီကောင်က ဘီလူး တစ်ကောင် ဖြစ်နေလဲ အရေး မကြီး ပါဘူး၊ သူက သတ္တမ အဆင့်မှာပဲ၊ ရှိနေ သေးတယ် မဟုတ်လား။ "

ဒုဂိုဏ်းချုပ် ရှားလောင်ယဲက တွေးဆ ဆဖြင့်၊ အဝေး တစ်နေရာကို မျှော်ကြည့် လျက်မှ ဓားနန်းတော် အပေါ် ၊ သုံးသပ် လိုက်သည်။

“ သူရဲ့ ကျင့်ကြံ မှုနဲ့သာ ....၊ ကြာမိစ္ဆာ နယ်မြေထဲ ဝင်ခဲ့ရင်၊ သေခြင်း တရားကို ဆွဲဆောင် ရာရောက်ပြီ၊ လျှို့ဝှက် နယ်မြေက စကြ၀ဠာ လက်ရာ တွေကို၊ တားမြစ် ထားတယ်။ "

ဝမ်ရန်းဘိုက အမုန် တရားများ၊ ပြည့်နှက် နေသော လေသံဖြင့်၊ ဖြည့်စွက် လာ၏။

" ဒါပေမယ့် သူ အသက် ရှင်လျက် ထွက်လာ နိုင်ရင်ကော .... ။ ''

အကြီးအကဲ တစ်ဦးက လေးနက်သော အမူ အရာဖြင့် ထုတ်မေး လိုက်သည်။

ထိုမေးခွန်းကြောင့်၊ ဒုဂိုဏ်းချုပ် ရှားလောင်ယဲ၏ အကြည့် များမှာ၊ အေးစက် လာ၏။ သူက ဝမ်ရန်းဘိုကို ပြန်ကြည့်ကာ၊

“ အစ်ကိုဝမ်၊ ခွဲတမ်းကို ပြန်ညှိပါ၊ အခွင့် အရေး ရရင် .... ကြာမိစ္ဆာ နယ်မြေ ထဲမှာ၊ သူ့ကို သတ်ပစ် လိုက်ပါ။ "

“ နားလည်ပါပြီ။ ”

ဝမ်ယန်ဘိုက ပြုံးကာ ခောင်းညိတ် လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ ဓားနန်းတော် ခွဲတမ်းတွင်၊ လင်းယွန် လိုက်ပါ လာမည်ဟု၊ ဆိုသော သတင်းကြောင့်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းကလည်း၊ ၎င်းတို့၏ ခွဲတမ်းကို ချိန်ညှိ ခဲ့သည်။

ဂိုဏ်း အသီးသီး၏ အဓိက ပန်းတိုင်မှာ၊ ကြာမိစ္ဆာ နယ်မြေမှ ရတနာ များကို၊ ရယူရန် သာမက၊ ကြာနက် အမြုတေ များလည်း ဖြစ်သည်။

ဤသည်မှာ ဂိုဏ်းကြီးများ အတွက် ရှားပါး သော အခွင့် အရေး တစ်ရပ် ဖြစ်၏။ ၎င်းတို့၏ အခြေခံ အုတ်မြစ်ကို ခိုင်ခံ့ စေရန်၊ ယင်းကို ဆုပ်ကိုင်ရန် လိုအပ် ပေသည်။

လင်းယွန် မှာမူ နင်းတက် စရာ လှေကားထစ် မျှသာပင်။

***

All Chapters