ကျတ်တီးမြေ။
Vol. 26 Ch. 353
ဂိုဏ်း အသီးသီး၏ အဓိက ပန်းတိုင်မှာ၊ ကြာမိစ္ဆာ နယ်မြေမှ ရတနာ များကို၊ ရယူရန် သာမက၊ ကြာနက် အမြုတေ များလည်း ဖြစ်သည်။
ဤသည်မှာ ဂိုဏ်းကြီးများ အတွက် ရှားပါး သော အခွင့် အရေး တစ်ရပ် ဖြစ်၏။ ၎င်းတို့၏ အခြေခံ အုတ်မြစ်ကို ခိုင်ခံ့ စေရန်၊ ယင်းကို ဆုပ်ကိုင်ရန် လိုအပ် ပေသည်။
လင်းယွန် မှာမူ ဂိုဏ်းကြီး များ၏ ဂုဏ်သတင်း အတွက်၊ နင်းတက် စရာ လှေကားထစ် မျှသာပင်။
ဆယ်ရက် ခန့်ကြာ ပြီးနောက်၊ ကြာမိစ္ဆာနယ်မြေသို့ ဝင်ရောက်မည့် သူတိုင်း၊ ဓားနန်းတော်၏ ဓားရင်ပြင်၌ စုရုံး နေကြသည်။
တန်တုံ၊ ရန်ဒင်းနှင့် ရှင်းယန် အပြင်၊ လင်းယွန် မမှတ် မိသော တပည့် လေးယောက်လည်း ရှိနေသည်။
သူတို့ တစ်ဦး ချင်းစီမှ၊ သိပ်သည်းသော ဓားအရှိန် အဝါများ ယိုစိမ့် ကျနေ၏။
အချင်းချင်း မိတ်ဆက် ပြီးနောက်၊ တစ်ယောက်နှင့် တစ်ယောက် သိရုံ မျှသာ ရှိလေသည်။
သူ အပါအဝင် လူ ကိုးယောက် ရှိနေပြီး၊ခွဲတမ်း ဆယ်နေရာ၌ တစ်ယောက် လိုနေ သေး၏။
ခဏ အကြာ၌ ရှင်းဂျူနှင့် အတူ၊ ကောင်းကင် အဆင့်မှ၊ တပည့် တစ်ယောက် ရောက်ရှိ လာသည်။
ထိုလူငယ်သည် အဖြူရောင် ဝတ်ရုံကို ဆင်မြန်း ထားပြီး၊ ထူးခြားသော စိတ်နေ စိတ်ထားကို ပိုင်ဆိုင် ထားပုံ ရသည်။
“ သူက ကောင်းကင် အဆင့်က ချမ်းရွှမ်ဂျွန်ပဲ၊ နက်နဲ နဝမ အဆင့်။ "
တန်တုံက နောက်ပေါက် ဖြစ်သူ လင်းယွန်ကို၊ ခပ်တိုးတိုး မိတ်ဆက် ပေးသည်။ ဂိုဏ်းထဲတွင် အချိန် အတော်ကြာ နေခဲ့ သောကြောင့်၊ လူတိုင်းကို လက်တွေ့ ကျကျ သိရှိ ထား၏။
ကောင်းကင် အဆင့်တွင် လူ ဆယ်ယောက်သာရှိပြီး၊ ၎င်းတို့ အားလုံးမှာ ထူးချွန် သူများ ဖြစ်ကြ လေပြီ။
သူတို့က သာမာန် အကြီးအကဲ များထက် ရာထူး ပိုမြင့် ကြ၏။
ထို့ပြင် သူတို့ ဆယ်ယောက်မှာ၊ ဓားနန်းတော်၏ အနာဂတ် ဟုလည်း၊ သတ်မှတ် နိုင်သည်၊ ယင်းကြောင့် ဂိုဏ်းက ၎င်းတို့ အတွက် အရင်း အမြစ် များစွာကို၊ အသုံးပြု ထားခဲ့ ရသည်။
အခြား ဂိုဏ်းများ အတွက်မူ၊ ဓားနန်းတော်၏ ကောင်းကင် အဆင့်ရှိ၊ တပည့် များကို၊ သူတို့ ဂိုဏ်း၌ အမာခံ တပည့် များဟု၊ ခေါ်ဝေါ် သမုတ် ကြပေမည်။
" မင်္ဂလာပါ ညီအကိုတို့ ..... "
တပည့် ကိုးဦးကို အသစ် ရောက်လာသော၊ ကောင်းကင် တပည့်က၊ ယဉ်ကျေးစွာ နှုတ်ဆက် လိုက်၏။
အပြန် အလှန် နှုတ်ဆက် လိုက်ကြ ပြီးနောက်၊ ရှင်းဂျူက ချမ်းရွှမ်ဂျွန်ကို လှည့်ကြည့်ကာ၊ ပြုံးပြ လိုက်သည်။
" ဂျူနီယာ ညီလေးချင်း၊ ငါမင်းနဲ့ အတူ ရှိနေ နိုင်ပေမယ့် ...၊ ကြာမိစ္ဆာ နယ်မြေ အတွင်း မှာတော့၊ သူတို့ကို စောင့်ရှောက်ဖို့၊ မင်း အပေါ်ပဲ ... အားကိုး ရလိမ့်မယ် ထင်တယ်။ ''
ရှင်းဂျူက ချင်းရွှမ်ဂျွန်၏ ပခုံးကို လက်ဖြင့် ပုတ်ကာ ဆိုသည်။ သူက လျှို့ဝှက်နယ်မြေအတွင်းသို့၊ ဝင်ရောက်မည် မဟုတ်ပေ။
ကြာနက် အမြုတေသည် သူ့အပေါ် သက်ရောက်မှု မရှိ သကဲ့သို့၊ ရှိခဲ့ လျှင်ပင် ဂိုဏ်းက သူ့ကို အန္တရာယ် တွင်းသို့၊ ဆင်းသက်ရန် ခွင့်ပြုမည် မဟုတ်ပေ။
ရှင်းဂျူမှာ နဂါး တံခါး ပြိုင်ပွဲ အတွက်၊ ဓားနန်းတော်၏ အိမ်မက် ပေပင်။
“ အဲဒါကို စိတ်မပူ ပါနဲ့ .... ငါကောင်းကောင်း လုပ်ဆောင် မှာပါ၊ ပြီးတော့ ဒါကလည်း ငါ့အတွက် အခွင့် အရေး တစ်ရပ် ပါပဲ။ ”
ချင်းရွှမ်ဂျွန်က ခေါင်းညိတ်ကာ၊ ပြန်ဖြေသည်။
သူက နဝမ အဆင့်တွင်၊ နှစ်ပေါင်း များစွာ နစ်မျော နေခဲ့ ခြင်းကြောင့်၊ ဤသည်မှာ သူ့အတွက် အကောင်း မွန်ဆုံး၊ ခရီးစဉ် ဖြစ်လာ နိုင်သည်။
သေဆုံး နိုင်ခြေ မြင့်မား လျှင်ပင်၊ ၎င်းကို သူလုပ်ယူ ရပေမည်။
တပည့် များက လျှို့ဝှက် နယ်မြေ အတွက်၊ စိုးရိမ်စိတ် များဖြင့်၊ ပြည့်နှက် နေသော စကားများကို၊ အချင်းချင်း ပြောဆို၊ သတိ ပေးလာ ကြသည်။
ခဏ အကြာတွင် လူ တစ်ဒါဇင် ခန့်နှင့် အတူ၊ အကြီးအကဲ လျိုဖန်း ရောက်ရှိ လာသည်။
လျိုဖန်းက ဓားရင် ပြင်ရှိ ရှင်းယန်တို့ အဖွဲ့ကို၊ တစ်ချက် ကြည့်လိုက်ပြီး၊
" မကြာခင် ငါတို့ ကြာမိစ္ဆာ နယ်မြေကို သွားတော့မယ်၊ မသွားခင် တစ်ခုခု ပြောဖို့ ဒီမှာ ရှိနေရ တာပဲ၊ ..... ''
'' ကြာမိစ္ဆာ လျှို့ဝှက် နယ်မြေက ဆယ်စုနှစ် နှစ်ခုမှ တစ်ကြိမ်သာ၊ ဖွင့်လှစ် နိုင်တယ်၊ အဲ့ဒီနယ်မြေ ထဲမှာ ရှေးကျတဲ့ သိုင်းပညာ ရပ်တွေ၊ ရတနာတွေ များစွာ ရှိတယ်၊ အခွင့် အရေး ရရင် ဂိုဏ်းအတွက် ပြန်ယူ လာပါ၊ ... ''
'' မပြည့် စုံတဲ့ ပညာရပ် တွေက၊ နားလည်ရ ခက်ခဲ လွန်းတာကြောင့်၊ မင်းတို့ အတွက် အသုံး မဝင် နိုင်ပေမယ့်၊ ငါတို့ ဂိုဏ်း အတွက် ကတော့ ...၊ ရတနာ တွေပါပဲ။ ''
မပြည့် စုံသော နည်းစနစ် များကို ကျင့်ကြံရန်၊ လက်တွေ့တွင် မဖြစ် နိုင်သော်လည်း၊ ၎င်းတို့ ထံမှ၊ နက်နဲသော လျှို့ ဝှက်ချက် များအား ရယူရန်၊ ပါရမီ ကြီးမားသော၊ အကြီး အကဲများ ရှိပေသည်။
ဆယ်စုနှစ် တစ်စု ကြာပြီး နောက်တွင်၊ ပါရမီရှင် အကြီး အကဲ များမှာ၊ ၎င်းနည်းစနစ် များကို ပြီးမြောက် အောင်မြင် ပြီးနောက်၊ ဂိုဏ်း၏ အခြေခံ အုတ်မြစ်ကို၊ မြှင့်တင် ပေးနိုင်ခြင်း ရှိ မရှိအား၊ မည်သူမျှ မသိ နိုင်ပေ။
ထို့အပြင်၊ ပျက်စီး နေသော စကြာဝဋ္ဌာ လက်ရာ များကိုပင်၊ ဂိုဏ်းက ပြန်လည် ပြုပြင် နိုင်သည်။
“ ဒါပေမယ့် မင်းတို့ရဲ့ အသက်က အရေး အကြီးဆုံး ဆိုတာကို သတိ ရပါ၊ ကြာမိစ္ဆာ နယ်မြေက သေဆုံးနှုန်း အမြင့် မားဆုံး နယ်မြေပဲ၊ လုံးဝ ပျက်သုဉ်း သွားတဲ့ အထိကို၊ ခံစားလိုက် ရတဲ့ မျိုးနွယ်စု တွေတောင် ရှိခဲ့ ဖူးတယ်၊ ဒါကြောင့် မင်းတို့တွေ သက်ရှင်လျက် ပြန်လာဖို့၊ ငါ မျှော်လင့်တယ် ... ”
'' .............. ''
'' .... သတိ ရပါ၊ အသက် ရှင်လျက် ပြန်လာပါ။ "
လျိုဖန်းက ဒုတိယ အကြိမ်မြောက် ထပ်မံ သတိ ပေးလိုက်၏။
" နားလည် ပါပြီ။ "
ဤခရီးစဉ် အတွက် အစောင့် အကြပ် အဖြစ်၊ လိုက်ပါမည့် အဖွဲ့ကို၊ ကြည့်မိသော အခါတွင်၊ လူတိုင်းက ထိတ်လန့် သွားခဲ့သည်။
အဖွဲ့ အတွင်း၌၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီးအကဲ ဆယ့်ရှစ်ဦး နှင့်အတူ၊ သင်းထောက် လေးဆယ် ပါဝင် လေသည်။
ထို့ပြင် လိုအပ် ပါက၊ ပေါင်းစပ် သိုင်းကွက်ကို ထုတ်ဖော် နိုင်ရန် အတွက်၊ မြေကြီး အဆင့်၌ ရှိသော အထက် တန်းစား၊ လက်ရွေးစင် အယောက် တစ်ရာ ကိုလည်း၊ ခေါ်ယူ ထားသည်။
အဆိုပါ အခင်း အကျင်းသည်၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ ကျွမ်းကျင် သူများ ကိုပင်၊ ဟန့်တား နိုင်၏။
ယင်းအပြင်၊ ဤခရီး စဉ်၌ လိုအပ်သော အရာ အားလုံးကို စီမံ ခန့်ခွဲရန်၊ ထွေထွေ ထူးထူး မဟုတ်သော၊ ကိစ္စ ကြီးငယ် များစွာ အတွက်လည်း၊ ထိုတပည့် များကို အသုံးပြု လိုခြင်း ဖြစ်သည်။
နောက်ဆုံးတွင် အကြီးအကဲ များမှာ၊ အရာ အားလုံးကို၊ သူတို့ ကိုယ်တိုင် မကိုင်တွယ် လိုကြပေ။
ပို၍ အံ့သြ သွားစေ သည်မှာ၊ ဓားထမ်း အကြီးအကဲ တစ်ဦး လိုက်ပါ လာခြင်း ဖြစ်သည်။
ဓားနန်းတော် တစ်ခု လုံးတွင်၊ ဓားထမ်းသော အကြီးအကဲ ဆယ့်ရှစ် ဦးသာ ရှိပြီး၊ ၎င်းတို့အနက်၊ ခုနစ်ဦး သည်သာ အစစ် အမှန် အကြီး အကဲများ ဖြစ်သည်။
ထိုခုနစ် ဦးသည် ခရမ်းရောင် နန်းတော်၏ နှောင်းပိုင်း အဆင့်တွင် ရှိနေ ကြ၏။
မဟာချင် အင်ပါယာတွင် ယင်းအကြီး အကဲ များ၏ ခွန်အား အရ၊ အထွတ် အထိပ် ဖြစ်တည် မှုမျိုး ဖြစ်ပြီး၊ ဓားနန်းတော်၏ အုတ်မြစ် များလည်း ဖြစ်ပေသည်။
အစောပိုင်း အစီ အစဉ်များ အရ၊ ဓားထမ်း အကြီးအကဲများ လိုက်ပါရန် ဆန္ဒ မရှိ ကြပေ။
သို့သော် လွန်ခဲ့သော နှစ်လက၊ ရှေးဟောင်း တာအို ဂိုဏ်းမှ လုပ်ကြံ သတ်ဖြတ်ရန်၊ ကြိုးပမ်း လာမှုသည်၊ ဓားနန်းတော်ကို သတိလက်လွှတ် မနေဝံ့သော အခြေ အနေသို့ တွန့်ပို့ လာခဲ့သည်။
ထို့ကြောင့် ဓားထမ်း အကြီးအကဲ တစ်ဦးကို၊ စေလွှတ် ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် လမ်းတစ်လျှောက်တွင် အန္တရာယ် များစွာ ရှိပေ သေးသည်။
ဓားထမ်း အကြီးအကဲ တစ်ဦးကို စေလွှတ် ခြင်းဖြင့်၊ ၎င်းတို့၏ သေဆုံး နိုင်ခြေအား လျှော့ချ ပေးကာ၊ မလိုလား အပ်သော ပြဿနာ များမှ၊ လွတ်မြောက် နိုင်မည် ဖြစ်သည်။
သူတို့ ထွက်လာ ကြသည့် အခါတွင်၊ ဓားထမ်း အကြီးအကဲနှင့်၊ အကြီးအကဲ အချို့က ဓားငှက် များဖြင့်၊ ကောင်းကင်မှ လိုက်ပါလာ ကြသည်။
လျိုဖန်းနှင့် တပည့်များ မှာမူ၊ မြေပြင်မှ မြင်းများကို စီးနင်းလျက်၊ ခရီး ဆက်လာ ကြသည်။
ကောင်းကင်တွင် ပျံသန်း နေသော ဓားငှက် များကို မော့ကြည့်ကာ၊ တပည့် များစွာ၏ ရင်၌ မနာ လိုခြင်း များဖြင့်၊ ပြည့်နှက် သွားသည်။
ဓားငှက် များကို နက်နဲ နယ်ပယ်သို့၊ ရောက်ရှိ လာရန် ပျိုးထောင် ရသည်မှာ၊ လွယ်ကူသော အလုပ် မဟုတ်ပေ။
သို့မဟုတ် ပါလျှင် လူတိုင်းက ဓားငှက် များကို၊ စီးနင်း နေကြ ပေလိမ့်မည်။
တစ်နာရီ အကြာ၌ လင်းယွန်တို့ အဖွဲ့မှာ၊ အဆုံးမဲ့ တောင်တန်း၏ တောင်ခြေသို့၊ ရောက်ရှိ လာ၏။
" စီနီယာ အစ်ကိုတန်၊ ကြာမိစ္ဆာ နယ်မြေက အဆုံးမဲ့ တောင်တန်းမှာ၊ ရှိတာလား။ "
လင်းယွန်က နားမလည် ဟန်ဖြင့် မေးမြန်း လိုက်သည်။ သူ့ အမေးကြောင့် တန်တုံက၊ အံ့အားသင့် သွားပြီး၊
“ ဂျူနီယာ ညီလေးလင်း၊ မင်းက ကျင့်ကြံဖို့ကိုပဲ တကယ် အာရုံစိုက် နေတာကိုး၊ ကြာမိစ္ဆာ နယ်မြေက အဆုံးမဲ့ တောင်တန်းရဲ့ ဗဟိုနယ်မြေမှာ ရှိတာပါ၊ မဟာချင် အင်ပါယာရဲ့ ပိုင်နက် အဆုံးပဲ၊ အရမ်း ဝေးတယ်။ "
အဆုံးမဲ့ တောင်တန်း အတွင်း၊ အချိန် အတော်ကြာ လေ့ကျင့် နေခဲ့ သော်လည်း၊ လင်းယွန်က တောင်တန်း၏ အနက် ရှိုင်းဆုံး ဒေသသို့၊ မသွား ရောက်ခဲ့ ဖူးပေ။
ထိုနေရာကို တားမြစ် နယ်မြေ အဖြစ် သတ်မှတ် ထားပြီး၊ သန်မာသော နတ်ဆိုး သားရဲ အရှိန်အဝါ များကြောင့်၊ သူ အနား မကပ်နိုင်။
သို့သော် ကြာမိစ္ဆာ နယ်မြေသည် အဆိုပါ နေရာ၌ တည်ရှိ နေခဲ့သည်။
တောင်တန်း အတွင်းရှိ နတ်ဆိုး သားရဲ များစွာ တို့ကလည်း၊ ဤမျှ များပြား လှသော လူစု လူဝေး ကြီးကို တစ်ခါမျှ၊ မမြင် တွေ့ဖူး သောကြောင့်၊ ထိတ်လန့် ရှောင်တိမ်း ကုန်ကြသည်။
မြေကြီး အဆင့်ရှိ အထက် တန်းစား တစ်ရာသည်၊ အကြီးအကဲ များနှင့် အတူ၊ သင်းထောက်များ ခြံရံ ပြီးနောက်၊ ၎င်းသားရဲ များကို ခြိမ်းခြောက်ရန် လုံလောက် လေသည်။
အတား အဆီး မရှိဘဲ၊ အဆုံးမဲ့ တောင်တန်းအတွင်း၊ တရွေ့ရွေ့ ဖြတ်သန်း လာခဲ့ ကြ၏။
ရုတ်တရက် ပြောင်းလဲ လာသော လေထုကြောင့်၊ သွားလာ နေသည့် အရှိန်ကို၊ လျှော့ချ လိုက်ရသည်။
ပတ်ဝန်းကျင် တည်နေရာ အရ၊ အဆုံးမဲ့ ဒေသ၏ ဗဟို နယ်မြေဖြင့်၊ နီးကပ် လာကြောင်း၊ သတိ ပြုမိသည်။
ကောင်းကင်၌ တိမ်မိုး ကြိုးများ ဖုံးလွှမ်း နေသဖြင့်၊ ဓားငှက် များက မြင့်မြင့် မပျံသန်း ရဲတော့ချေ။
ယင်း အချိန်တွင် မြေပြင်မှ ခရီးနှင် နေသောသူများသာ သွားလာရ၊ ပို အဆင်ပြေ လာ၏။
လမ်း တစ်လျှောက်တွင် တွေ့ကြုံ ရသည့် နတ်ဆိုး သားရဲ များမှာ၊ ကြောက်မက်ဖွယ် ကောင်းသော်လည်း၊ ၎င်းတို့ကို ကိုင်တွယ်ရန် အကြီးအကဲ များနှင့်၊ သင်းထောက် များကြောင့်၊ အရာရာ အဆင်ပြေ နေခဲ့သည်။
တစ်ခါ တစ်ရံ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ နတ်ဆိုး သားရဲ များကို၊ ကြုံတွေ့ ရလေ့ ရှိ၏။
သို့သော် အကြီး အကဲများ အတူတကွ ပူးပေါင်း ရင်ဆိုင်ကာ၊ လမ်းကြောင်းပေါ် တက်လာ သမျှ၊ နတ်ဆိုး သားရဲ များကို အလွယ် တကူ သတ်ပစ် နိုင်ခဲ့၏။
ခုနစ်ရက် အကြာတွင် သူတို့ အဖွဲ့၌၊ သင်းထောက် အချို့ ဒဏ်ရာ အနည်းငယ် ရလာ ခဲ့သည်။ တစ်ယောက်စ နှစ်ယောက်စပင်၊ အသက် ဆုံးရှုံး လာ၏။
တောနက် လေလေ၊ အဆိပ် မြူခိုး များက သစ်တော အနှံ့၊ ပိတ်ဆို့ ဖုံးလွှမ်း နေလေလေ ပေပင်။
အကြီးအကဲ များက ထိုမြူများ အတွင်း၊ အဖွဲ့သားများ ဘေးကင်းရန် အတူတကွ လုပ်ဆောင် လာခဲ့ ကြသည်။
ရုတ်တရက် လျိုဖန်းက မြူများ အတွင်းသို့၊ ကြည့်ကာ မျက်မှောင်ကြုတ် သွား၏။
'' ရှေ့မှာ ခရမ်းရောင် နန်းတော် နယ်ပယ်က၊ ဘုရင် အဆင့် နတ်ဆိုး သားရဲ၊ တစ်ကောင် ရှိနေတယ်၊ ငါတို့ ကံ မကောင်းဘူး …"
" လမ်းကြောင်း ပြောင်းကြ မလား။ "
ရှင်းဂျူက အဖွဲ့သား များထံ လှည့်ကြည့်ကာ၊ လျိုဖန်းထံ ပြန်လှည့် မေးလိုက်သည်။
“ လမ်းကြောင်း ပြောင်းဖို့က အဆင် မပြေ လောက်ဘူး။”
လျိုဖန်းက ခေါင်းယမ်း လိုက်သည်။ ထို့နောက် သူက ကောင်းကင် ပေါ်ရှိ၊ ဓားငှက်ကို မော့ကြည့်ကာ၊
" စီနီယာ ချင်ဇူအို၊ ကျေးဇူး ပြုပြီး၊ ကူညီ ပါဦး။ "
ဟု လှမ်းပြော လိုက်၏။
ကောင်းကင်က အကြောင်း မပြန် ခဲ့ပေ။ ဓားထမ်း အကြီးအကဲမှာ၊ လျိုဖန်း၏ စကား များကို၊ မကြားလိုက် သလိုပင်။
သို့သော် ရုတ်တရက် ကျယ်လောင်သော အသံ တစ်သံ နှင့်အတူ၊ ဓားအလင်း တစ်စ၊ အဆိပ် မြူခိုး များထဲ ပြေးဝင် သွား၏။
နောက်ဆက်တွဲ အနေဖြင့်၊ လျှပ်စီး အလင်းများ စူရှစွာ လင်းလက်သွား ပြီးနောက်၊ နာကျင်စွာ အော်ဟစ် လိုက်သံ ထွက်ပေါ် လာသည်။
'' ဟမ့် ...... ''
မြူခိုးများ လွင့်ပါး လာချိန်တွင်၊ ကောင်းကင်မှ အော်ငေါက်သံ နှင့်အတူ၊ ဓားအလင်း သုံးသွယ်၊ ထပ်မံ ဆင်းသက် လာပြီး၊ မှောင်မည်း နေသော တောအုပ်ကို၊ မီး ထွန်းညှိ လိုက် သကဲ့သို့၊ လင်းထိန် သွား၏။
အဆိပ် မြူများ အတွင်း၊ သွေးများ ဖျန်းခနဲ ပန်းထွက် သွား သည်ကို၊ အလင်း ရောင်၌ လှမ်းမြင် လိုက်ရသည်။
အတော် လှမ်းလှမ်း ဆီမှ၊ ပြေးဖို့ ကြိုးစား နေသော နတ်ဆိုး သားရဲကြီး တစ်ကောင်ကို၊ လူတိုင်း လှမ်းမြင် နိုင်၏၊ လျိုဖန်း တို့ကို တားဆီးရန် သတ္တိ မရှိ တော့ပေ။
မြူထဲရှိ တစ်ဖက်သတ် တိုက်ပွဲကြောင့်၊ လင်းယွန်က အံ့အားသင့် စွာဖြင့်၊ ဓားငှက်ပေါ် မော့ကြည့် လိုက်မိသည်။
ဓားကိုင်ကာ ရပ်လျက် အနေ အထားဖြင့်၊ မြူထဲ စိုက်ကြည့် နေသော၊ အကြီးအကဲ တစ်ယောက်ကို၊ မှုန်ဝါးဝါး တွေ့မြင် လိုက်ရသည်။
အခြားသော တပည့် များစွာ ကလည်း၊ ထိုပုံရိပ်ကို မြင်သည်နှင့်၊ မျက်လုံးများ ထဲတွင်၊ လေးစား မှုများ တဖွားဖွား ဖြစ်ပေါ် လာလေသည်။
ကောင်းကင် တိမ်လွှာဓား။
၎င်းလက်နက်သည် ဓားနန်းတော်တွင် ရာစုနှစ် များစွာ ကြာအောင်၊ ထွင်းထု ခဲ့ရသော၊ စကြဝဠာ အဆင့်၊ ဓားတစ်လက် ဖြစ်ပြီး၊ ဂိုဏ်း၌ ခုနစ် လက်သာ ရှိသည်။
မဟာချင် အင်ပါယာရှိ ကျော်ကြား လှသော ဓားသမား များစွာက၊ 'ကောင်းကင် တိမ်လွှာ ဓား' ကဲ့သို့သော၊ ဓား တစ်လက်ကို ပိုင်ဆိုင်ရန်၊ စိတ်ကူး ယဉ်ခဲ့ ကြဖူးသည်။
ထိုသို့သော အရှိန်အဝါ ကြီးမားသည့်၊ ဓားခုနစ် လက်ကို၊ ဓားနန်းတော်မှ ပိုင်ဆိုင်ထားခြင်းမှာ၊ ဂိုဏ်းအတွက် ဂုဏ်ယူ စရာ ဖြစ်၏။
ယခုမူ အဆိုပါ ဓားတစ်လက်အား၊ ဓားထမ်း အကြီးအကဲ တစ်ဦးက၊ ကိုင်ဆောင် ထားသောကြောင့်၊ ယင်းကို မြင်ရခြင်း အတွက်၊ ဂုဏ်ယူ ဝမ်းမြောက် ဖွယ်ရာပင်။
အစောပိုင်း ထုတ်ဖော် လိုက်သော ဓားချက်ကို၊ လင်းယွန်သာ ရင်ဆိုင် ရပါလျှင်၊ သေဆုံးရ ပေလိမ့်မည်။
သို့သော် 'လေးနက်သော ခြေလှမ်း ခုနစ်လှမ်း' ကို၊ အထွတ် အထိပ် အထိ အသုံး ပြုပါက၊ ၎င်းအား ရှောင်တိမ်းရန် အခွင့် အရေး အနည်းငယ် ရှိနိုင်၏။
တစ်နေ့တွင် ပန်းသင်္ချိုင်း ဓားမှာ၊ ဤအဆင့်သို့ ရောက်ရှိ လာနိုင်မည် ဟုသာ၊ မျှော်လင့် မိသည်။
ထိုအတွေးကြောင့် မျက်လုံး များတွင် မျှော်လင့်ချက် များဖြင့်၊ တောက်ပ လာတော့၏။
ပတ်ဝန်း ကျင်၌ အဆိပ် ပြင်းသော မြူများ ပျောက်ကွယ် သွားကာ၊ အဟန့် အတား မရှိ လင်းလက် သွားသည်။
ရက် အနည်းငယ် ကြာပြီးနောက်၊ အဆုံးမဲ့ တောင်တန်း၏ ဗဟို နယ်မြေသို့၊ ဝင်ရောက် လာခဲ့ ကြသည်။
တိတ်ဆိတ် နေသော တောအုပ် ကြီးတွင်၊ ရုတ်ချည်း ဆူညံ သံများ၊ ထွက်ပေါ် လာသည်။
မည်သူမျှ လာရောက် လည်ပတ်ခြင်း၊ မရှိသော ဤနေရာသည် အမှန် တကယ်ပင်၊ လူ အများဖြင့် စည်ကား နေပေ၏။
တောကြီး မျက်မည်း အတွင်း၌၊ ဂိုဏ်း ပေါင်းစုံက တပည့် များကြောင့်၊ ကြက်ပျံ မကျ၊ အုန်းအုန်း ကျွက်ကျွက် ဖြစ်လာ ခဲ့လေသည်။
***