← Chapters

ဒုက္ခ။

Vol. 26 Ch. 354

ဒုက္ခ။

Vol. 26 Ch. 354

ရက် အနည်းငယ် ကြာပြီးနောက်၊ အဆုံးမဲ့ တောင်တန်း၏ ဗဟို နယ်မြေသို့၊ ဝင်ရောက် လာခဲ့ ကြသည်။

တိတ်ဆိတ် နေသော တောအုပ် ကြီးတွင်၊ ရုတ်ချည်း ဆူညံ သံများ၊ ထွက်ပေါ် လာသည်။

ဝေးလံခေါင်ဖျားသောအရပ်ဆီ၌ ဂိုဏ်း ပေါင်းစုံက တပည့် များကြောင့်၊ ကြက်ပျံ မကျ၊ အုန်းအုန်း ကျွက်ကျွက် ဖြစ်လာ ခဲ့လေသည်။

ဤသည်မှာ ဆိတ်သုဉ်း နေသော နယ်မြေ ပင်လော။

လင်းယွန်က ရှေ့သို့ မျှော်ကြည့် လိုက်၏။ ကောင်းကင်တွင် ကြက်သွေးရောင် တိမ်တိုက် များကို၊ ဟိုတစ်ကွက် သည်တစ်ကွက်၊ ပျံ့ကျဲစွာ တွေ့လိုက် ရသည်။

မီးခိုးရောင် ကုန်းမြေနှင့် ကြက်သွေးရောင် ကောင်းကင်၊ ၎င်းသည် မြုံနေသော နယ်မြေ တစ်ခု၏၊ အသွင် အပြင်များ ပေပင်။

လူတိုင်းက ခမ်းနား ထည်ဝါသော အရိပ် အမြွက်ကို၊ မခံစား မိသောကြောင့်၊ ကျတ်တီးမြေ အဖြစ်၊ သတ်မှတ် မိမည်မှာ၊ မဆန်း တော့ခြေ။

ပတ်ဝန်း ကျင်တွင် သိပ်သည်းသော မီးစွမ်းအင် များဖြင့်၊ ပြည့်နှက် နေသောကြောင့်၊ ကျင့်ကြံ သူတိုင်းက၊ မူလ စွမ်းအင် များကို ထုတ်ဖော်ကာ၊ အဆက် မပြတ် ခုခံ နေရန် လိုအပ်သည်။

ဂရု မစိုက် မိပါက လောင်ကျွမ်း ပြာကျ နိုင်ပေမည်။

ကျတ်တီး မြေမှာ ကြီးမား ကျယ်ပြန့် လှပြီး၊ ကောင်းကင်ဘုံ ချင်နိုင်ငံ ထက်ပင်၊ ကြီးမား လှ၏။

ဤနယ်မြေသည် ရှေးဦး ကာလ၌၊ ရတနာ နယ်မြေ တစ်ခု ဖြစ်ပြီး၊ ယင်း အချိန်တွင် ဘာသာရေး ဂိုဏ်းကြီး တစ်ဂိုဏ်း၊ ကြီးစိုးရာ နယ်မြေ ဖြစ်ကြောင်း၊ ကောလ ဟာလများ ထွက်ပေါ် ခဲ့ဖူးသည်။

ကျတ်တီးမြေ၏ အထက် နေရာတွင်၊ မိုးကုပ် စက်ဝိုင်းကို နောက်ခံ ပြုကာ၊ ကောင်းကင်၌ အက်ကွဲ ကြောင်းကြီး တစ်ခုအား၊ တွေ့မြင် လိုက်ရ၏။

ထိုအက်ကွဲကြောင်း အတွင်း၊ နက်မှောင်သော ကြာပန်း တစ်ပွင့်၏ အသွင် အပြင်ကို ယောင်ဝါးဝါး တွေ့မြင် နေရသည်။

" ကြာမိစ္ဆာပန်း ဖြစ်ပေါ် လာပြီ၊ ရက်အနည်းငယ် အတွင်း မှာပဲ၊ လျှို့ဝှက် နယ်မြေ ပွင့်လာ လိမ့်မယ်။ "

လျိုဖန်းက တပည့် များထက် သန်မာ သောကြောင့်၊ လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ၊ ကြာညို ပန်းကို လှမ်းမြင် နိုင်သည်။

ထိုအခိုက်တွင် သံချပ်ကာ၊ ဝတ်စုံများ တပ်ဆင် ထားသော မြင်းများ၊ အပြေး အလွှား ရောက်ရှိ လာသည်။

ရောက်ရှိ လာသော မြင်းစီး သမား များမှာ၊ တူညီ ဝတ်စုံ များကို ဆင်းမြန်း ထားပြီး၊ ထွားကြိုင်းသော အသွင် အပြင်အား၊ အထင်းသား တွေ့မြင် ရစေ၏။

သူတို့၏ အပြု အမူနှင့်၊ စိတ်နေ စိတ်ထားများ အရ၊ အင်ပါယာ တစ်ခု၏ အရည် အသွေး မြင့်သော၊ စစ်သူရဲများ ဖြစ်သည်ကို၊ သိမြင် နိုင်သည်။

ကိုင်ဆောင် လာသော အလံ ပေါ်တွင်၊ နတ်ဘုရား အစောင့်တပ် ဟူသော စကားလုံးများ ရေးထိုး ထားသည်။

ထိုစစ်သူရဲ များကြောင့်၊ ဓားနန်းတော်၏ တပည့် များမှာ၊ ရှုပ်ထွေးသွား ကုန်၏။

တစ်ဖက်တွင် အကြီးအကဲ များနှင့် သင်းထောက် များက၊ စိတ်လက် ပေါ့ပါးစွာ ပြုမူလာ ကြသည်။

နတ်ဘုရား အစောင့် တပ်သား များကို တွေ့ရှိ လိုက်ခြင်းဖြင့်၊ အဆုံးမဲ့ တောင်တန်း၏ အန္တရာယ် များသော ခရီး စဉ်မှာ၊ ပြီးဆုံး သွားပြီ ဖြစ်ကြောင်း၊ သိရှိ လိုက်ရ သောကြောင့်၊ ဖြစ်သည်။

မြင်းစီး စစ်သူရဲ များကို၊ ဦးဆောင်လာ သူက မြင်းပေါ်မှ ခုန်ဆင်း လိုက်ပြီး၊ လက်ဝှေ့ ယမ်းကာ နှုတ်ဆက် လိုက်၏။

“ အကိုကြီးလျို၊ ငါတို့ နောက်ဆုံး တွေ့ရတာ၊ အချိန် အတော် ကြာနေ ပြီနော်၊ မင်းဂိုဏ်း ဆီက ခွဲတမ်းကို၊ ငါကြည့်လို့ ရမလား။ "

လျိုဖန်းက ခေါင်းညိတ်ကာ၊ ရှေ့သို့ ခြေတစ်လှမ်း တိုးသွားပြီး၊ ဝါးယင်းလိပ် တစ်လိပ်အား၊ ကမ်းပေး လိုက်သည်။

နတ်ဘုရား အစောင့် တပ်မှူးက၊ ဝါးယင်းလိပ်ကို ကြည့်ပြီးနောက်၊ အမည် များကို ခေါ်ကာ၊ ကျောက်စိမ်းတုံး များကို ဝေငှ ပေးလာ၏။

ကျောက်စိမ်းတုံး များတွင် နွေးထွေးသော စွမ်းအင် အချို့ကို ခံစား ရနိုင်ပြီး၊ ၎င်းပေါ်တွင် ဝိညာဉ်ရေး ရူရ်များဖြင့်၊ ရေးထွင်း ထားသော စာလုံးများ ပါရှိ လေသည်။

ရူရ် များသည် ကျောက်စိမ်းတုံး ပေါ်၌ အသက် ဝင်နေ သကဲ့သို့၊ ပြေးလွှား ရုန်းကြွ နေကာ၊ ၎င်းမှာ လျှို့ဝှက် နယ်မြေ၏ သော့ချက် ဖြစ်နိုင် ပေ၏။

" လင်း ယွန်။ "

သူ့ နာမည်ကို တွေ့လိုက် ရသော အခါ၊ နတ်ဘုရား အစောင့် တပ်မှူးက၊ မျက်မှောင်ကြုတ် သွား၏။

နောက်ဆုံးတွင်၊ လျူယွီနှင့် လင်းယွန်ကြား ပဋိပက္ခများ အကြောင်းကို၊ သူက သိရှိ ထားသည်။

“ နဂါး ဗိုလ်ချုပ် လျူက၊ ဖြောင့်မတ်တဲ့ သူတစ်ယောက် ဖြစ်လို့၊ ပုဂ္ဂိုလ်ရေး ရန်ငြိုးတွေ အတွက်၊ လက်စား ချေမှာ မဟုတ် ပါဘူး၊ ငါတို့က ရိုင်းစိုင်းတဲ့ သူကို၊ ပိုယဉ်ကျေး သင့်တယ် မဟုတ်လား။ ”

နတ်ဘုရား အစောင့် တပ်မှူးက၊ ကျောက်စိမ်း တုံးကို ကမ်းပေးကာ၊ ဆိုလိုက်သည်။ သူ့ လေသံ၌၊ မည်သည့် ခြိမ်းခြောက် မှုမျိုးမှ၊ ပါရှိ မနေ ခဲ့ပေ။

လင်းယွန်က ကျောက်စိမ်း တုံးကို လက်ခံ ရယူကာ၊

“ ငါသာ အမှတ် မမှားရင် ...၊ သူက အမြဲတမ်း ရိုင်းပျ နေတဲ့ လူ တစ်ယောက်ပဲ၊ သူသာ ငါ့နဲ့ လာမရှုပ် ခဲ့ရင် ...၊ ငါ သူ့ကို အနှောက် အယှက် ပေးစရာ အကြောင်း မရှိ ပါဘူး။ "

" မင်းက လျှာစောင်း ထက်တယ်။ "

နတ်ဘုရား အစောင့် တပ်မှူးက လင်းယွန်နှင့်၊ အချိန်ဖြုန်း လိုခြင်း မရှိ သောကြောင့်၊ အခြားသော ကိစ္စများ ဆောင်ရွက်ရန် ထွက်ခွာ သွားတော့သည်။

" အကြီးအကဲ လျို၊ ကြာမိစ္ဆာ နယ်မြေ ထဲကို ဝင်ဖို့၊ နတ်ဘုရား အစောင့် တွေရဲ့၊ ခွင့်ပြုချက် လိုသလား။ "

ရှင်းယန်က မျက်မှောင် ကြုတ်လျက် လှမ်းမေး လိုက်သည်။ ယင်းမှာ လူတိုင်း သိချင်သော၊ မေးခွန်း တစ်ခု ပေပင်။ လျိုဖန်းက ပြုံးပြီး၊

" ကြာမိစ္ဆာ နယ်မြေကို ထိန်းချုပ် မထားရင်၊ ဒီနေရာက နတ်ဆိုး စွမ်းအင်တွေ ပျံနှံ့ သွားပြီး၊ အဆုံးမဲ့ တောင်တန်းကြီး တစ်ခု လုံးကို၊ မိစ္ဆာ တောင်တန်းကြီး အဖြစ်၊ ပြောင်းလဲ သွားစေ လိမ့်မယ်၊ မိစ္ဆာ သားရဲတွေ ကြီးထွား လာတဲ့ အခါ၊ အနီးစပ် ဆုံးမှာ ရှိတဲ့၊ 'ကောင်ကင်ဘုံ ချင် နိုင်ငံတော်' ထဲကို၊ သားရဲ အုပ်တွေ ပြိုကျ လာ နိုင်တယ် .... ''

'' ဒါကြောင့် တော်ဝင် မျိုးနွယ်က၊ ဒီနေရာကို စောင့်ကြပ် နေခဲ့ တာပဲ၊ အကျိုးဆက် အနေနဲ့၊ သူတို့ရဲ့ မျိုးနွယ်စုဝင် တွေကို၊ များစွာ ဆုံးရှုံး ခဲ့ရတယ်၊... ''

'' ... နောက်ဆုံးတော့ တော်ဝင် မျိုးနွယ်က၊ မျိုးနွယ်စု လေးစု၊ ဂိုဏ်းကြီး လေးဂိုဏ်ရဲ့၊ အကူ အညီကို ရယူပြီး၊ ကြာမိစ္ဆာ နယ်မြေကို၊ ပိတ်ပစ် လိုက်ရတယ်၊ ဒီနယ်မြေ ထဲက နတ်ဆိုး သားရဲ တွေရဲ့၊ မျိုးပွား နှုန်းကို ထိန်းချုပ်ဖို့ အတွက် ကတော့၊ သူတို့ရဲ့ မျိုးဆက်သစ် လူငယ် တွေကို၊ ရံဖန် ရံခါ စေလွှတ် လေ့ရှိတယ် ''

လျိုဖန်းက အနည်းငယ် အနားယူ ပြီးနောက်၊ စကားကို ဆက်ပြော လိုက်သည်။

“ မှော် အခင်း အကျင်းကို၊ တော်ဝင် မျိုးနွယ်က ထိန်းချုပ် ထားပေမယ့်၊ နတ်ဘုရား အစောင့်တပ် တွေက၊ နတ်ဆိုး သားရဲတွေ အားလုံးကို၊ သူတို့ ဘာသာ သူတို့၊ မသတ်နိုင် ပါဘူး၊ ဒါကြောင့် ငါတို့ရဲ့ တပည့် တွေကို စေလွှတ်ဖို့ ဖိတ်ခေါ် ရတာပဲ။ ”

ကျောက်စိမ်းတုံး များမှာ၊ မှော်အခင်း အကျင်း အတွင်း ဝင်ရောက် ရမည့်၊ သော့များဖြစ်သည်။

တပည့် များက ကျောက်စိမ်း တုံးများ မပါ ရှိဘဲ၊ ကြာမိစ္ဆာ နယ်မြေ အတွင်းသို့၊ ၀င်ရောက် နိုင်မည် မဟုတ် ကြပေ။

နတ်ဆိုး စွမ်းအင်များ အကြောင်း၊ ကြားသိ ရုံဖြင့် လင်းယွန်က ခေါင်းကိုက် သွားသည်။

ဤနယ်မြေရှိ နတ်ဆိုး စွမ်းအင် များမှာ၊ အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေ၌ ရှိသော၊ နတ်ဆိုး စွမ်းအင်များ ကဲ့သို့၊ ကြောက်စရာ ကောင်းနိုင် မည်လား ဟုပင်၊ တွေးနေ မိ၏။

အဆိုပါ နယ်မြေတွင် ဓား သူတော်စင်မှ တုန်လှုပ် စရာ၊ ကောင်းသော စွမ်းဆောင်မှု တစ်ခု ဖြစ်သည့်၊ သူတော်စင် ခန္ဓာ ကိုယ်ဖြင့်၊ နတ်ဆိုး တို့၏ ရုပ်ခန္ဓာ များကို၊ ဖိနှိပ်ထား နိုင်ခဲ့သည်။

" အနား ယူဖို့ နေရာ ရှာရအောင်"

လျိုဖန်းက လူတိုင်းကို ဦးဆောင်ကာ၊ လေဟာနယ် အက်ကြောင်း ဆီသို့၊ ဦးတည် သွားခဲ့သည်။

တစ်ရက်ခွဲ ကြာ ပြီးနောက်၊ လေဟာနယ် အက်ကွဲ ကြောင်းမှာ၊ ပို၍ ကြည်လင် လာ၏။

၎င်းသည် မည်သူ မဆို ထင်ထား သည်ထက် ကြီးမား လှပြီး၊ မျက်နှာပြင် အက်ကွဲ ကြောင်းမှာ၊ ဆိုးရွား လှသော ဒဏ်ရာကြီး တစ်ခု ကဲ့သို့၊ ဖြစ်တည် လာနေသည်။

အနက်ရောင် ကြာပန်း တစ်ပွင့်ကို၊ လေဟာနယ် အက်ကွဲ ကြောင်းကြီး ထဲတွင် မြင်တွေ့ နိုင်ပြီး၊ ထိုအက်ကွဲ ကြောင်း ထံမှ၊ ယိုစိမ့် လာသော မိစ္ဆာ စွမ်းအင် များကြောင့်၊ လူတိုင်း အတွက်၊ စိတ် မသက် မသာ ခံစား လာရ စေသည်။

အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီးနောက်၊ ဂိုဏ်းခွဲ ငယ်များ ပိုမို ရောက်ရှိ လာကာ၊ ပတ်ဝန်း ကျင်၌ စခန်းချ နေကြသည်။

မဟာချင် အင်ပါယာ၏ မျိုးနွယ်စုများ အပြင်၊ အင်ပါယာ အပြင် ဘက်ရှိ ဂိုဏ်းငယ် အချို့လည်း ရောက်ရှိ လာသည်။

နောက်ဆုံးမှ ရောက်ရှိ လာသော အဖွဲ့မှာ၊ လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း ဖြစ်သည်။

လင်းယွန်က တစ်ချက် လှမ်းကြည့် လိုက်ရာ၊ စီရွှယ်ယီ အနား တစ်ဝိုက်၌၊ အထက် တန်းစား များစွာ၊ ဝိုင်းရံ မိတ်ဖွဲ့ နေသည်ကို၊ သူ သတိ ပြုမိ လိုက်သည်။

စီရွှယ်ယီ၏ အရည်အချင်း ကြောင့်၊ သူ့ ဖြစ်တည် မှုမှာ၊ မဟာချင် အင်ပါယာ၏ ဘုန်း အသရေ ဖြစ်သည်။ ထို့ကြောင့် ၎င်းမြင်ကွင်း မျိုးမှာ သာမန်သာ ဖြစ်၏။

ဓားနန်းတော်၏ ပတ်လည်တွင် ဂိုဏ်းခွဲ များစွာ စခန်းချ လာကြသည်။

လူတိုင်းက ဓားနန်းတော် တပည့် များကို လှမ်းကြည့်ကာ၊ ဂိုဏ်းကြီး လေးဂိုဏ်း၊ နတ်ဘုရား အစောင့် တပ်များ အကြောင်း၊ ရောက်တက် ရာရာ ပြောဆို နေတက် ကြသည်။

မဟာချင် အင်ပါယာတွင် ခရိုင်ပေါင်း တစ်ရာကျော် ရှိသော်လည်း၊ ဂိုဏ်းကြီးလေး ဂိုဏ်းသည်သာ၊ အထွတ် အထိပ် ဖြစ်တည် မှုမျိုး ဖြစ်၏။

ထို့ပြင် အားနည်းသော ဂိုဏ်းများစွာ ရှိပြီး၊ ယင်းဂိုဏ်းများ အပေါ်၊ လျှော့တွက်၍ မရပေ။

ဥပမာ အားဖြင့် ဂိုဏ်းငယ် တစ်ဂိုဏ်းမှာ၊ သူတို့၏ အဋ္ဌမ အဆင့်တွင် ရှိသော၊ တပည့် တစ်ဦးကို၊ စေလွှတ်နိုင် သကဲ့သို့၊ အချို့သော ဂိုဏ်းငယ် များက၊ နဝမ အဆင့် တပည့်များ ကိုပင်၊ စေလွှတ်လာ ကြသည်။

" ဒီမှာ... မိတ်ဆွေ ဟောင်းတွေ အများကြီး ပြန်တွေ့ လာရ တာပဲ။ ''

ချင်းရွှမ်ဂျွန်က သက်ပြင်း ချကာ ဆိုလိုက်သည်။

" မိတ်ဆွေဟောင်း ဆိုတော့ ...၊ သူတို့က အရင်က နဂါး တံခါး ပြိုင်ပွဲရဲ့၊ ပြိုင်ပွဲဝင် တပည့် တွေလို့၊ ဆိုလိုတာ မဟုတ်လား။ "

တန်တုံက မေး၏။ ချင်းရွှမ်ဂျွန်က နဂါး တံခါး ပြိုင်ပွဲတွင်၊ ထိပ်တန်း ဆယ်ယောက် အတွင်း၊ မပါဝင် နိုင်ခဲ့ သော်လည်း၊ ကောင်းမွန်စွာ စွမ်းဆောင် နိုင်ခဲ့သည်။

ထို့ကြောင့် ချင်းရွှမ်ဂျွန်၏၊ မိတ်ဆွေဟောင်း ဟူသော အသုံး အနှုန်းကို၊ ကြားလိုက် ရသော အခါတွင်၊ ရှင်းယန်နှင့် အခြား သူများက စိတ်ဝင်စား သွားကြသည်။

ထိုမိတ်ဆွေဟောင်း များမှာ၊ လွန်ခဲ့သော သုံးနှစ်က နဂါးတံခါး ပြိုင်ပွဲသို့၊ ပါဝင် ခဲ့ဖူးသော ကျွမ်းကျင် သူများ ဖြစ်ရ ပေမည်။

သုံးနှစ် ကျော်လွန် သွားပြီးနောက်၊ ထိုသူ တို့မှာ မည်မျှ သန်မာ လာကြ မည်ကို၊ စူးစမ်းချင် လာမိ၏။

ချင်းရွှမ်ဂျွန်က ကြာမိစ္ဆာ နယ်မြေတွင်၊ သူရင်ဆိုင် ရမည့် ဒုက္ခကို၊ စိတ်ကူး ကြည့်ရုံ မျှဖြင့်၊ ခေါင်းယမ်း လိုက်ရသည်။

'' ရွှမ်ဂျွန်၊ သူတို့ကို ရှင်းပြ လိုက်ပါ၊ ပြင်ဆင် စရာ ရှိရင်၊ ပြင်ဆင် ကြရအောင်။ ”

လျိုဖန်းက တောင်းဆို လိုက်သည်။ ချင်းရွှမ်ဂျွန်က ခေါင်းညိတ် ပြကာ၊ အဖွဲ့ တစ်ဖွဲ့ ဆီသို့၊ တစ်ချက် လှမ်းကြည့် လိုက်ပြီး၊

" အဲဒါက 'ပျက်စီးခြင်း ခုနစ်ပါး နန်းတော်' ပဲ၊ ဒီဂိုဏ်းက အင်ပါယာ အပြင် ဘက်မှာ တည်ရှိပြီး၊ မျိုးနွယ်စု တစ်ဆယ့် နှစ်စုကို၊ ချုပ်ကိုင် ထားတယ်၊ သူတို့မှာ ဓားနန်းတော်လို နက်နဲတဲ့ အုတ်မြစ် မရှိဘူး၊ ဟိုမှာ အနက်ရောင် ဝတ်ထားတဲ့ သူကို တွေ့လား၊ သူ့ကို ဂျင်ဂျူးလို့ ခေါ်တယ်၊ ... ''

'' ... အဲ့ဒီတုန်းက သူ့ အသက်က ဆယ့်ခြောက်နှစ်သာ ရှိသေး ပေမယ့်၊ နဂါး တံခါး ပြိုင်ပွဲရဲ့၊ အဆင့် တစ်ဆယ့်ကိုး နေရာကို ရရှိ ခဲ့တယ်၊ သူရဲ့ ရန်လိုတဲ့ အရှိန်အဝါက၊ လူတိုင်းကို အခက်တွေ့ စေခဲ့ ဖူးတယ်၊ သုံးနှစ် ကြာပြီး တဲ့နောက်၊ ပိုမို အားကောင်း လာမှာ၊ သေချာတယ်၊ ... ''

'' .... ရန်လိုတဲ့ ရောင်ဝါက 'ပျက်စီးခြင်း ခုနစ်ပါး နန်းတော်' ရဲ့၊ 'သတ္တမမြောက် အစွန်း တရား ဆေဘာ ဓား' နဲ့၊ ပေါင်းစပ်နိုင် တယ်လို့ ငါကြား မိတယ်။ ''

အားလုံးက 'ပျက်စီးခြင်း ခုနစ်ပါး နန်းတော်' ၏၊ ဦးတည် ရာသို့ လှည့်ကြည့် လိုက်ကြသည်။

မျက်လုံးများ မှိတ်လျက်ဖြင့်၊ ပတ်ဝန်း ကျင်ကို လစ်လျူရှု ထားသော ဂျင်ဂျူးမှာ၊ အိပ်ပျော် နေသော သားရဲ တစ်ကောင်နှင့် တူ၏။

ချင်းရွှမ်ဂျွန် တို့၏ အကြည့် များကို၊ ခံစား မိသွား ဟန်ဖြင့်၊ ဂျင်ဂျူး၏ မျက်လုံးများ ပွင့်လာ ခဲ့သည်။ သူ့ အကြည့်ကို ဓားနန်းတော်ထံ ပို့လွှတ် ပြီးနောက်၊ ပြုံးပြ လာ၏။

ဂျင်ဂျူး ထံမှ ရန်လိုသော ခြိမ်းခြောက် မှုကို၊ ခံစား လိုက်ရ သဖြင့်၊ ချက်ချင်းပင် အကြည့်များအား၊ ရုတ်သိမ်း လိုက်ကြသည်။ တန်တုံက၊

“ သူက ရိုးရှင်းပုံ မရဘူး၊ အကြည့် တစ်ချက်နဲ့တင်၊ ပေးလာတဲ့ ခံစား ချက်က မလွယ်ဘူး။ ”

ဂျင်ဂျူးက ပျင်းရိသွား ဟန်ဖြင့်၊ စိတ်မဝင်စား တော့ဘဲ၊ မျက်လုံး ပြန်မှိတ် သွား၏။

ချင်းရွှမ်ဂျွန်က သူ့အကြည့် များကို တခြား သူများဘက် ရွေ့လိုက်ပြီး၊

“ အဲဒီ လူက 'သွေးရိုး တံခါး' ရဲ့ တပည့်၊ မူရွှန်းဟန်ပဲ၊ သူ့ဂိုဏ်းက မဟာချင် အင်ပါယာရဲ့နယ်စပ်မျဉ်း ပေါ်မှာ တည်ရှိတယ်၊ ယခင် နဂါးတံခါး ပြိုင်ပွဲမှာ၊ အဆင့် (၁၇)၊ .... ''

'' .... သူ့ကို 'သွေးဆာသော ဓားသမား' အဖြစ် လူသိ များတယ်၊ သူ့ဓားက လျင်မြန် လွန်းတာကြောင့်၊သွေးတစ်စက် မစွန်းဘဲ၊ ပြိုင်ဘက်ရဲ့ အသက်ကို နှုတ်ယူ နိုင်တယ်၊ သူ့ကို မနှိမ့်ချ မိစေနဲ့၊ ဖော်ရွေပုံ ရပေမယ့်၊ လူတစ်ယောက်ကို သတ်ဖို့ တွန့်ဆုတ် နေမှာ မဟုတ်ဘူး၊ တကယ် ရက်စက်တဲ့ သူ ... ”

မူရွှန်းဟန် ထံမှ ဓားသမား အချင်း ချင်းသာ၊ နားလည် နိုင်သော တည်ငြိမ် မှုကို၊ ခံစား ရသောကြောင့်၊ လင်းယွန်က အတွေးထဲ နစ်မျော သွားခဲ့သည်။

မူရွှန်းဟန်၏ အေးစက် မှုသည် ဓားသုတ္တန်နှင့် ယှဉ်ပါလျှင်၊ မည်မျှ ပို၍ အေးစက် နိုင်မည်ကို သိချင်လာ မိ၏။

မူရွှန်းဟန် အကြောင်း ပြောနေ သည်ကို ကြားသည်နှင့်၊ လျိုဖန်း၏ မျက်နှာမှာ၊ ပြောင်းလဲ သွားသည်။

" သွေးရိုး တံခါး ဂိုဏ်းက၊ မဟာချင် အင်ပါယာရဲ့ ဓားသမား တွေကို သဘော မကျဘူး၊ အထူး သဖြင့် ငါတို့ ဓားနန်းတော် ကိုပဲ၊ ငါတို့ရဲ့ တပည့် တော်တော် များများက၊ သူတို့ ဓားနဲ့ သေကုန်တာ များတယ်၊ မင်းတို့ ပို ... သတိ ထားရမယ်။ ''

ချင်းရွှမ်ဂျွန်က ခေါင်းညိတ် လိုက်ပြီး၊ နောက်ထပ် လူ အနည်း ငယ်ကို၊ မိတ်ဆက် ပေးပြန်၏။

အဓိက အားဖြင့်၊ သူ မိတ်ဆက် ပေးသော လူ အများ စုမှာ၊ မဟာချင် အင်ပါယာ၏ နယ်နိ မိတ်ကို၊ ကျော်လွန်သော ဂိုဏ်းငယ် များမှ၊ ဖြစ်ကြသည်။

ဂိုဏ်းကြီးလေး ဂိုဏ်းရှိ ကျွမ်းကျင် သူများ ကိုမူ၊ ချင်းရွှမ်ဂျွန်မှ၊ မိတ်ဆက် ပေးရန်၊ မလို အပ်တော့ သောကြောင့် ဖြစ်သည်။

မိတ်ဆက် ရှင်းပြ ပေးမှုများ ကြားနာ ပြီးနောက်၊ လူတိုင်း၏ မိုးကုပ် စက်ဝိုင်းမှာ၊ ကျယ်ပြန့် လာတော့သည်။

မဟာချင် အင်ပါယာ အပြင်ဘက် နယ်မြေ များ၌၊ ဤမျှ ကြောက်စရာ ကောင်းသော ကျွမ်းကျင် သူများ ရှိနေ လိမ့်မည်ဟု၊ သူတို့ မထင် ထားမိ ကြပေ။

“ ဒီဂိုဏ်း တွေက မြန်မြန် ကြီးထွား လာတက်ပြီး၊ မြန်မြန်ပဲ ပျက်သုဉ်း သွား တက်တယ်၊ သူတို့ အာဏာ ရဖို့ အတွက်ဆို၊ ဓားပြ တိုက်၊ အချင်းချင်း သတ်ဖြတ် သုတ်သင် ပစ်ဖို့၊ ဝန်မလေး ကြဘူး၊ ... ''

'' ... သူတို့တွေ ထဲကမှ၊ သက်တမ်း အရင့်ဆုံး ဂိုဏ်းငယ် တွေတောင်၊ နှစ်ရာ ဂဏန်း လောက်ပဲ ရှိသေးတယ်၊ နဂါး တံခါး ပြိုင်ပွဲမှာ တောက်ပကောင်း၊ တောက်ပ ပေမယ့်၊ သူတို့က ... အခု အချိန် အထိ၊ ပါရမီရှင် ရှစ်ပါး နေရာကို၊ မရယူ နိုင်သေး ပါဘူး။ ”

ချင်းရွှမ်ဂျွန်က ခေါင်းညိတ် လိုက်ပြီး၊

“ အကြီးအကဲလျို ပြောတာ အမှန် ပါပဲ၊ သမိုင်း တစ်လျှောက်... ပါရမီရှင် ရှစ်ပါး နေရာကို၊ သူတို့ ထဲက တစ်ယောက်မှ၊ မရယူ နိုင်ခဲ့ဘူး။ ''

" ကြာမိစ္ဆာ နယ်မြေထဲ ရောက်လို့ သူတို့ဆီ ပြေးသွား မိတဲ့ အခါ၊ မင်းတို့ သတိထား ရမယ်၊ ပဋိပက္ခတွေ မစတင်ဖို့ ကြိုးစားပါ၊ သူတို့က ခွေးရူးတွေ လိုပဲ၊ သူတို့ရဲ့ ဂိုဏ်းတွေက၊ မဟာချင် အင်ပါယာ ပိုင်နက်မှာ၊ မရှိတဲ့ အတွက်၊ ငါတို့က လက်တုံ့ ပြန်လာ မှာကို၊ ကြောက်နေမှာ မဟုတ်ဘူး၊ ဒါက အလှမ်းဝေးလွန်းတယ်။ ”

လျိုဖန်းက လေးနက်စွာ သတိပေး လိုက်သည်။

ယင်းမှာ သဘာဝ ကြပေသည်။ မဟာ ဂိုဏ်းကြီး လေးဂိုဏ်းမှာ၊ မဟာချင် အင်ပါယာ ၌သာ တန်ခိုးထွား ကြ၏။ အင်ပါယာကို ကျော်လွန် နိုင်သော သန်စွမ်း မှုမျိုး၊ မရှိ ကြပေ။

“ ဟိုမှာ ရှေးဟောင်း တာအို ဂိုဏ်းပဲ။ ''

ရှင်းယန်က အေးစက်စွာ ဆိုသည်။ လျိုဖန်းနှင့်တကွ အဖွဲ့သား များမှာ၊ ထိုအရပ် ဆီသို့၊ တင်းမာစွာ လှည့်ကြည့် လိုက်ကြ၏။

ရှေးဟောင်း တာအို ဂိုဏ်းသည် ဓားနန်းတော် အတွက် ပိုးမွှား များလို၊ အမြဲတမ်း အနှောက် အယှက် ပေးနိုင် လွန်းပေသည်။

***

All Chapters