လျှို့ဝှက် နယ်မြေ ဖွင့်လှစ်ခြင်း။
Vol. 26 Ch. 355
မဟာ ဂိုဏ်းကြီး လေးဂိုဏ်းမှာ၊ မဟာချင် အင်ပါယာ ၌သာ တန်ခိုးထွား ကြ၏။ အင်ပါယာကို ကျော်လွန် နိုင်သော သန်စွမ်း မှုမျိုး၊ မရှိ ကြပေ။
“ ဟိုမှာ ရှေးဟောင်း တာအို ဂိုဏ်းပဲ။ ''
ရှင်းယန်က အေးစက်စွာ ဆိုသည်။ လျိုဖန်းနှင့်တကွ အဖွဲ့သား များမှာ၊ ထိုအရပ် ဆီသို့၊ တင်းမာစွာ လှည့်ကြည့် လိုက်ကြ၏။
ရှေးဟောင်း တာအို ဂိုဏ်းသည် ဓားနန်းတော် အတွက် ပိုးမွှား များလို၊ အမြဲတမ်း အနှောက် အယှက် ပေးနိုင် လွန်းပေသည်။
ဝမ်ရန်းဘိုက သူ့ အဖွဲ့သား များကို၊ ဓားနန်းတော်နှင့် မဝေး ကွာသော အရပ် ဆီ၌၊ နေရာ ချရန် ဦးဆောင် လာသည်။
ဓားနန်းတော် အဖွဲ့ နားမှ၊ ဖြတ်သွားသော အခါတွင်၊ နှစ်ဖက် စလုံးက တစ်ဖွဲ့ကို တစ်ဖွဲ့၊ သတ်ဖြတ် လိုသော ဆန္ဒ များအား၊ သိပ်သည်းစွာ ထုတ်ဖော် ပြသလာ ကြသည်။
နောက်ဆုံး အကြိမ်၊ လုပ်ကြံ သတ်ဖြတ်ခြင်းမှစကာ၊ ဂိုဏ်း နှစ်ဂိုဏ်းကြား စစ်ခင်း လုနီးပါး ဖြစ်လာ ခဲ့ရသည်။
အထူး သဖြင့်၊ ၎င်းတို့၏ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီးအကဲ တစ်ဦးကို၊ ဆုံးရှုံး ခဲ့ရသော ရှေးဟောင်း တာအို ဂိုဏ်း အတွက်၊ ပြင်းစွာသော နာကျင်မှု ပေပင်။
လင်းယွန်အား သတ်ရန် ပျက်ကွက် ခဲ့ရုံ သာမ ကဘဲ၊ သူတို့၏ လျှို့ဝှက် နည်းစနစ် ဖြစ်သော၊ ဒရာကိုဖီ ချပ်ဝတ် ကိုလည်း၊ ပေးအပ် ခဲ့ရသည်။
လျိုဖန်း၏ လှောင်ရိပ် စွန်းနေသော အကြည့်ကြောင့်၊ ဝမ်ရန်းဘို၏ မျက်နှာမှာ ပျက်ယွင်း သွား၏။ သူ့ ရင်ဘတ်၌ နာကျင် ကိုက်ခဲ မှုကို၊ ရုတ်တရက် ခံစား လာရသည်။
ထိုအချိန်က၊ လျိုဖန်း၏ တိုက်ခိုက် မှုကို ခံယူပြီးနောက်၊ အသက် ဆုံးရှုံး လုနီးပါး ပေပင်။
ဓားနန်းတော် ရှေ့မှ အဖြတ်တွင်၊ ရှေးဟောင်း တာအို ဂိုဏ်း၏ အကြီးအကဲ များစွာက၊ လင်းယွန်ကို အေးစက်စွာ စိုက်ကြည့် သွားကြသည်။
" ရှေးဟောင်း တာအို ဂိုဏ်းနဲ့၊ ဓားနန်းတော်က တစ်ခုခုတော့ တစ်ခုခုပဲ ။ "
“ ဒါက ပုံမှန် ပါပဲ၊ အချင်းချင်း ကြင်နာ ပြနေ ရင်သာ၊ အနောက် အရပ်က နေထွက် လာလိမ့်မယ်၊ အကြီးအကဲ တွေက လင်းယွန်ကို၊ ဝါးမြိုချင် နေတာ တွေ့တယ် မလား။ ''
" လင်းယွန်က ကြာမိစ္ဆာ နယ်မြေ ဝင်ခဲ့ရင်၊ သေဆုံး နိုင်ခြေ များတယ်၊ စိတ်ဝင် စားစရာ ပါပဲ။ "
" တခြား တစ်ဖက်က တွေးရရင်၊ လင်းယွန် ကသာ အသက် ရှင်လျက် ထွက်လာ နိုင်ရင်၊ သူနဲ့ ရွယ်တူ တွေကို အဝေးမှာ၊ ထားခဲ့ လိမ့်မယ်၊ ''
ဓားနန်းတော်နှင့် ရှေးဟောင်း တာအို ဂိုဏ်းကြား၊ တင်းမာသော လေထုမှာ၊ ဂိုဏ်းအသီးသီး၏ အာရုံကို၊ ချက်ချင်း ဆွဲဆောင် နိုင်ခဲ့သည်။
မဟာချင် အင်ပါယာရှိ လူတိုင်းက၊ ဂိုဏ်းကြီး နှစ်ဂိုဏ်းကြား ရန်ငြိုး ဖွဲ့ရခြင်း အကြောင်းကို၊ သိရှိ ထားကြ၏။
မဟာချင် အင်ပါယာ နယ်မြေ အတွင်း၌၊ မရှိသော ဂိုဏ်းငယ် များပင်၊ ၎င်းကို ကြားသိ ဖူးပေသည်။
ထို့ကြောင့်ပင် ဓားနန်းတော်သည်၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အဆိပ်ဆူး တစ်ချောင်းလို၊ အသက် ရှူတိုင်း၊ နာကျင် နေခဲ့ ရ၏။
သူတို့က စကား တစ်ခွန်းမှ မဆို တော့ဘဲ၊ ၎င်းတို့ စခန်း ချမည့် အရပ် ဆီသို့၊ တည့်တည့် လျှောက်လှမ်း သွားတော့သည်။
အဆိုပါ အပြုအမူ များက လျိုဖန်းကို၊ အနည်းငယ် ထိတ်လန့် သွားစေ၏။ ဆိုရိုး စကားများ အရ၊ 'ဟောင်လွန်း သည့်ခွေး လူ မလေး' ပေ။
တနည်း အားဖြင့် ဆိုရသော်၊ ကိုက်မည့် ခွေးမှာ၊ 'ဟောင်' လိမ့်မည် မဟုတ်နိုင်။
ရှင်းဂျူ သည်လည်း၊ ထိုသို့ အနည်းငယ် စိုးရိမ် နေပုံ ရသည်။ သူက၊
“ သူတို့က ဒီလောက် လွယ်လွယ်နဲ့ အရှုံး မပေးမှာ သေချာ ပါတယ် ...၊ ဂျူနီယာ ညီလေးလင်း ... မင်း သတိထား ရမယ်။ ''
“ သူတို့ရဲ့ အမာခံ တပည့် သုံးယောက် ကိုတောင် ခေါ်ဆောင် လာတယ်၊ အရင် နဂါးတံခါး ပြိုင်ပွဲမှာ၊ အဲဒီ တပည့် သုံးယောက်ရဲ့ စွမ်းဆောင် ရည်က၊ အရမ်း ကောင်းခဲ့တယ်။ ”
ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် များကို ကြည့်ကာ၊ ချင်းရွှမ်ဂျွန်က သတိပေး ပြောကြား ခဲ့သည်။
“ သူတို့မှာ အမာခံ တပည့် ခုနစ် ယောက်ပဲ ရှိတယ်၊ အကြင်နာ ချောက်ကမ်းပါးကိုဖယ်ထုတ် ထားရင်၊ သူတို့ရဲ့ အမာခံ တပည့်တစ်ဝက် တိတိကို၊ တကယ် စေလွှတ် လိုက်တာပဲ၊ အမာခံ တပည့် သုံးယောက် စလုံးသာ၊ ကြာမိစ္ဆာ နယ်မြေထဲ သေဆုံး သွားခဲ့ရင်၊ သူတို့ အတွက် ကြီးမားတဲ့၊ ဆုံးရှုံးမှု ဖြစ်လာ မှာကို၊ မကြောက်ကြ ဖူးလား။ ”
လျိုဖန်းက ရှုပ်ထွေး သွားဟန်ဖြင့်၊ ရေရွတ် လိုက်မိသည်။
ဖိအားများ ခံစား လာရ သဖြင့်၊ ရှေးဟောင်း တာအို ဂိုဏ်းက တတ်နိုင် သမျှ၊ အလေး အနက်ထား တုံ့ပြန် လာပုံ ရသည်။
ဆိုလို သည်မှာ၊ လင်းယွန် အတွက်၊ သူတို့၏ အမာခံ တပည့် သုံးယောက်ကို၊ စေလွှတ်လိုက် ကြခြင်း ဖြစ်သည်။
လင်းယွန်က ဘေးနားမှ ငြိမ်သက်စွာ နားထောင် နေ၏။
သူ့ ပတ်ဝန်း ကျင်၌၊ နက်နဲ နယ်မြေ နဝမ အဆင့်ရှိ၊ အမာခံ တပည့် များ၏ ခွန်အားအပေါ်၊ လူတိုင်းက အထင်ကြီး နေကြသည်။
သို့သော် လင်လျောင်ကို အနိုင်ယူ ပြီးနောက်တွင်၊ လင်းယွန်က သူ၏ ခွန်အား အပေါ်၊ သုံးသပ်မှု အချို့ လုပ်ဆောင် နိုင်ခဲ့၏။
ရှန်ရှင်း ဓား ရည်ရွယ် ချက်မှာ၊ သူထင် ထား သည်ထက်၊ ပို၍ ကြောက်စရာ ကောင်းပေသည်။
ရှန်ရှင်းဓား ရည်ရွယ် ချက်ကို၊ လရောင် ရေစင် ဓားသို့ ပေါင်းစပ် ခြင်းဖြင့်၊ ဤနေရာရှိ လူ အချို့ လက်ထဲမှ၊ သူ့ အသက်ကို ထိန်းထား နိုင်မည် ဖြစ်သည်။
ကံကောင်းလျှင် သူတို့ကို အနိုင် ယူနိုင် စွမ်းပင်၊ ရှိလာ နိုင်မည်။ သို့သော် ယင်းမှာ၊ ကြာမိစ္ဆာ နယ်မြေ အတွင်း တွင်သာ ဖြစ်၏။
နှစ်ရက် အကြာတွင် 'ဆိတ်သုဉ်း နေသောနယ်မြေ'သို့၊ နောက်ထပ် အဖွဲ့ နှစ်ဖွဲ့၊ ထပ်မံ ရောက်ရှိ လာသည်။
( ဆိတ်သုဉ်း နေသော နယ်မြေ ဆိုသည်မှာ၊ ကြာမိစ္ဆာ နယ်မြေကို ချိပ်ပိတ် ထားရာ၊ အဆုံးမဲ့ တောင်တန်း ကြီး၏၊ ဗဟို ဒေသကို ခေါ်ဆိုခြင်း ဖြစ်သည်။ )
အဆိုပါ အဖွဲ့ နှစ်ဖွဲ့မှာ ချင်အင်ပါယာ၏ နယ်စပ် ဒေသတွင် ရှိကြ သော်လည်း၊ သူတို့က အင်ပါယာကို ဦးညွှတ် ကြသည်။
တပည့်များ အချင်းချင်း၊ ရောနှော နေထိုင် ကြသောကြောင့်၊ ဂိုဏ်း နှစ်ဂိုဏ်းကြား ဆက်ဆံရေး ကောင်းမွန် ပုံရ၏။
ထိုတပည့် များအနက် လူ နှစ်ယောက် သည်သာ၊ လူတိုင်း၏ အာရုံကို ဖမ်းစား နိုင်သည်။
ယင်းတပည့် နှစ်ယောက်မှာ၊ အသီးသီးသော တပည့် များ၏ ခေါင်းဆောင် ဖြစ်ပုံ ရကာ၊ သန်မာ ထွားကြိုင်းသော လူငယ် တစ်ယောက်က၊ ပတ်ဝန်း ကျင်ကို ဝေ့ကြည့် လာသည်။
တောင့်တင်းသော ခန္ဓာကိုယ် ဖွဲ့စည်းပုံ အောက်၌၊ ဖောင်းကြွ နေသည့်၊ ကြွက်သား များမှာ၊ ရုန်းကြွ နေပေသည်။
နောက်ကျောတွင် ပုဆိန် တစ်လက်ကို၊ ပိုးလွယ် ထားသော အသွင် အပြင် အရ၊ ဂူအောင်း လူသားများ ကဲ့သို့၊ အရိုင်း ဆန်သော အသွင် အပြင်အား၊ ခံစား ရမိ စေသည်။
ရိုးရှင်းသော စကားဖြင့်၊ ပြောရ ပါမူ လူရိုင်း တစ်ယောက် ဖြစ်ပေ၏။
ကျန်တစ်ဦးမှာ အဆိပ် ရှိသော မြွေ တစ်ကောင် ကဲ့သို့၊ အေးစက်သော မျက်လုံး တစ်စုံဖြင့်၊ အရာရာကို အလေး အနက် ထားသည့်၊ အသွင် အပြင်အား ပြသ နေပေသည်။
သူတို့ နှစ်ယောက်ကို မြင်လိုက် သည်နှင့်၊ ချင်းရွှမ်ဂျွန်က မျက်နှာ ပြောင်းလဲ သွားပြီး၊
“ သူတို့ နှစ်ယောက်က တကယ် ရောက်လာ တာလား …”
ဟု ရေရွတ် လိုက်သည်။
" ဘာလို့လဲ ...၊ သူတို့က သန်မာ ကြလို့ လား။ "
" အင်း ဟုတ်တယ် ... သူတို့က သန်မာ ရုံတင် မကဘူး၊ နဂါး တံခါး ပြိုင်ပွဲမှာ၊ အဆင့် (၁၁)နဲ့ (၁၃) နေရာမှာ၊ ရပ်တည်ထား နိုင်ခဲ့တယ်၊ သူတို့ နှစ်ယောက် လုံးက၊ တူညီတဲ့ ပြိုင်ဘက် ကိုသာ၊ မတွေ့ ခဲ့ရရင်၊ ပါရမီရှင် ရှစ်ပါးထဲ ဝင်ရောက် လာနိုင်မှာ၊ သေချာ ပါတယ်။ ”
" ဘယ်သူ့ကို ရှုံးခဲ့ လို့လဲ။ "
" အဟက် ...၊ ဘယ်သူ ရှိရ မလဲ ... သူတို့ နှစ်ယောက် လုံးက၊ ကံမကောင်း စွာနဲ့ပဲ၊ 'လွင့်မျော နေသော ရေခွက်လေး' ဆီ၊ ပြေးသွား မိခဲ့တယ်။ ''
ချင်းရွှမ်ဂျွန်က ပြုံးပြီး၊ ဆိုလိုက် သည်ကြောင့်၊ တပည့် များမှာ 'လွင့်မျော နေသော ရေခွက်လေး' ကို၊ မြင်ယောင် မိကာ၊ ပြုံးရယ် သွားမိ၏။
ထိုသူ နှစ်ယောက်မှာ၊ တကယ်ပင် ကံဆိုး လှပေသည်။ ၎င်းတို့သည် အခြားသော ပါရမီရှင် များနှင့် ကြုံတွေ့ ရပါက၊ အခွင့် အရေး ရှိကောင်း ရှိနိုင် သော်လည်း၊ လွင့်မျောနေသောရေခွက်ကို ရင်ဆိုင် ရခြင်းမှာ၊ ကျောက်ဆောင်ကို ကြက်ဥဖြင့် ပေါက်ခြင်း မည်ပေ၏။
အမှန် တကယ် ကံ မကောင်းခြင်း ပေပင်။
“ အဲ့ဒီ လူရိုင်းရဲ့ နာမည်က ဖန်းယီ၊ နောက်တစ်ယောက် ကတော့ ဘိုင်ယွီ၊ သုံးနှစ် ရှိပြီမို့၊ သူတို့က သဘာဝ အတိုင်း၊ ပိုအားကောင်း လာလိမ့်မယ်၊ အင်ပါယာ ထဲက ဂိုဏ်းငယ်လေး တွေက၊ တကယ်ကို ရက်စက် လွန်းတယ်၊ ဒီလိုမျိုး ပါရမီရှင် တွေကို၊ ဆုံးရှုံး သွားရမှာ သူတို့ မကြောက် ကြဘူး။ ”
ချင်းရွှမ်ဂျွန်က အင်ပါယာ၏ ပိုင်နက် အပြင်၊ ဘက်ရှိ ဂိုဏ်းခွဲ များကို၊ အကြောင်း ပြောဆိုနေချိန်တွင်၊ ခေါင်းကိုက် လာသည်။
အကောင်းဆုံး တပည့် များကို၊ စေလွှတ် ရမည် ဆိုပါက၊ ဂိုဏ်းကြီးများ အနေဖြင့် စဉ်းစား ရပေမည်။
ဂိုဏ်းကြီး လေးဂိုဏ်းနှင့် မတူဘဲ၊ အားနည်းသော ဂိုဏ်းငယ်များ မှာမူ၊ ထိုကဲ့ သို့သော အတွေးမျိုး မရှိပေ။
ရလဒ်က မည်သို့ပင် ရှိစေ ကာမူ၊ ပိုမို အားကောင်း ကြီးထွား လာရန်၊ မည်သည့် အခွင့် အရေး ကိုမျှ၊ လက်လွှတ် မခံ လိုကြ သည်မှာ၊ သူတို့ သဘာဝပင် ဖြစ်သည်။
ထို့ကြောင့် သူတို့၏ အသန်မာဆုံး တပည့်များ၊ သေဆုံး သွားနိုင် ခြေကို၊ ထည့်မတွက် ကြခြင်း ဖြစ်သည်။
“ လူတွေ အများကြီး ရှိတယ်၊ ဒါပေမယ့် စိတ်ဝင် စားစရာ တစ်ယောက်မှ ..၊ မရှိတာ စိတ်ပျက် စရာ ပါပဲ။ ”
ဂိုဏ်း အသီးသီး၏ တပည့် များကို ဝေ့ကြည့်ပြီးနောက်၊ ဖန်းယီက ပြုံးကာ ဆိုလိုက်သည်။ ဘိုင်ယွီက၊
“ ပါရမီရှင် ရှစ်ပါးက လွဲရင် လူတိုင်းက အသုံးမဝင် ပါဘူး၊ မဟာချင် အင်ပါယာက၊ ဂိုဏ်းတွေက အရမ်း ကြောက်တက် ကြတာပဲ။ ”
ဖန်းယီ၏ အကြည့်က၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းသို့ ကျရောက် သွားပြီးနောက်၊
" ထာဝရမြင့် မြတ်ခြင်း ဂိုဏ်းက၊ အမှိုက်တွေကို သတ်ပစ် ရအောင်၊ ဂိုဏ်းပြင်မှာ လက်ရည် မသွေး ရတာ ကြာပြီ။ "
၎င်းတို့ နှစ်ဦးက သူတို့၏ အသံ များကို၊ ထိန်းသိမ်း ထားရန်၊ စိတ်မဝင် စားခဲ့ သောကြောင့်၊ ပတ်ဝန်း ကျင်ရှိ ကျင့်ကြံ သူတိုင်း၊ ကြားလိုက် ရသည်။
“ ရိုင်းပျ လိုက်တဲ့ လူရိုင်းကောင်၊ မင်းတို့ နှစ်ယောက်က၊ စီနီယာ လွင့်မျော နေသော ရေခွက်ရဲ့၊ ပြိုင်ဘက်တောင် မဖြစ် ခဲ့ဖူး၊ မဟုတ်လား ... ဟမ်။ ”
“ စီနီယာ လွင့်မျော နေသော ရေခွက်က၊ အခု မရှိ ရင်တောင်၊ ဒီနေရာမှာ မင်းတို့တွေ မောက်မာ ရအောင်၊ အရည် အချင်း မရှိ သေးဘူး။ ”
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အမာခံ တပည့် ခေါင်းဆောင် တောင်းယန်းက၊
“ ဒီလို မိစ္ဆာ ကျင့်ကြံသူ တွေကို၊ ဘာလို့ ... ဂရုစိုက် နေရ တာလဲ၊ လျှို့ဝှက် နယ်မြေထဲ ရောက်ရင်၊ သတ်ပစ် လိုက်ရုံပဲ မဟုတ်လား။ ''
အင်ပါယာ၏ ပိုင်နက် အပြင် ဘက်ရှိ၊ ဂိုဏ်းငယ် တိုင်းက ရက်စက် ကြမ်းကြုတ်သောကြောင့်၊ လူများ စွာ၏ အမြင်၌ နတ်ဆိုးများ အဖြစ်၊ ရှုမြင် ထားကြသည်။
ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းတွင် ဗုဒ္ဓ အယူ ဝါဒကို လက်ကိုင် ကျင့်ကြ သောကြောင့်၊ မိစ္ဆာလမ်းစဉ်ကို ကျင့်ကြံ သူများ အပေါ် ကောင်းမွန်သော အမြင် မရှိပေ။
ထို့ကြောင့် တောင်းယန်း၏ စကား များမှာ ချဲ့ကား ပြောနေခြင်း မမြည်။
ညည့်နက် လာသည် နှင့်အမျှ၊ လူများ စွာက ဆိတ်သုဉ်း နေသော နယ်မြေ၏ အပူ ဒဏ်ကို၊ ခက်ခဲစွာ ဖြတ်ကျော် နေရသည်။
ညဘက်တွင် တပည့်များ အချင်းချင်း တိုက်ပွဲ များစွာ ဖြစ်ပွား နေခဲ့၏။ ဆိတ်သုဉ်း နေသောနယ်မြေတွင်၊ ကျင့်ကြံသူ အများ အပြား စုဝေး လာပြီးနောက်၊ အားစမ်းပွဲ များမှာ ရှောင်လွှဲ၍ မရပေ။
ဂိုဏ်းတိုင်းက သူတို့၏ တပည့်များ အပေါ် စောင့်ကြည့် သတိပေး နေကြသည်။
ထို့ကြောင့် ရန်ပွဲ အချို့ ရှိနေ သော်လည်း၊ ကြာမိစ္ဆာ နယ်မြေ မဖွင့်ခင်၊ ပြင်းထန်သော တိုက်ပွဲများ ဖြစ်လာခြင်း၊ မရှိ တော့ပေ။
လင်းယွန် မှာမူ ဒုတိယတန်း ဝိညာဉ်ကျောက်စိမ်း များကို ထုတ်ယူကာ၊ ပတ်ဝန်းကျင် အပေါ် လစ်လျူရှု ထားမိသည်။
ကျင့်ကြံရာ၌ နစ်မျော ခြင်းဖြင့်၊ ဓားသုတ္တန်မှ အအေးဒြပ် သဘာဝ စွမ်းအင်ကို၊ ခံစားရ ပြီးနောက်၊ ပတ်ဝန်း ကျင်ရှိ အဆင် မပြေမှု များအား၊ မခံစား ရတော့ပေ။
လေထု အတွင်း အအေးဒြပ် သဘာဝ စွမ်းအင်များ မရှိ လျှင်ပင်၊ သူ၏ စိတ်နေ စိတ်ထား အရ၊ ကသိ ကအောက် ဖြစ်နေမည် မဟုတ်ပေ။
တန်တုံနှင့် တခြားသော တပည့် များက၊သောက်စား ကြရန်၊ သူ့ကို ဖိတ်ခေါ်ချင် ခဲ့သော်လည်း၊ ကျင့်ကြံ နေသော သူ့ အမူ အယာကြောင့်၊ လှည့်ထွက် သွားကြသည်။
“ ဂျူနီယာ ညီငယ်က အထင်ကြီး စရာ ကောင်း လွန်းတယ်၊ သူ့ရဲ့ စိတ်နေ စိတ်ထားကြောင့် ဓားနန်းတော်မှာ၊ အချိန်တို အတွင်း နာမည် တစ်ခု၊ ရလာ နိုင်တာ တိုက်ဆိုင်မှု မဟုတ် ပါဘူး။ ''
'' ကြာမိစ္ဆာ နယ်မြေက ဖွင့်တော့မယ်၊ နယ်မြေ အတွင်းမှာ အန္တရာယ် တွေနဲ့ ပြည့်နှက်ပြီး၊ သေဆုံး နိုင်ခြေ မြင့်မား ပါတယ်၊ ရှင်သန် နိုင်ရင်တော့ ကောင်းကင်ကို၊ ပျံသန်း နိုင်မဲ့ အခွင့် အရေးတွေ၊ ရှိလာ နိုင်တယ်။ ”
“သွားပြီးတော့ ကျင့်ကြံ ကြရအောင်၊ နည်းနည်းလေး ပိုသန်မာ လာရင်၊ ငါတို့ အသက်ကို ကယ်နိုင် မလား ဆိုတာ ဘယ်သူ သိမှာလဲ။ ”
“ ဟုတ်တယ်၊ ဒါ မှန်တယ်။ ”
လင်းယွန်ကို ကြည့်ပြီး၊ တန်တုံတို့ အဖွဲ့မှာ ကျင့်ကြံမှု အပေါ်၊ ပြန်လည် အာရုံစိုက် မိလာ ကြသည်။
လင်းယွန် ကဲ့သို့ အာရုံ အပြည့်အဝ စိုက်ထုတ် နိုင်ခြင်း၊ ရှိ မရှိ ကိုမူ မသေချာ လှခြေ။
နှစ်ရက် အကြာတွင် လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ၊ အနက်ရောင် ကြာပန်းကြီး တစ်ပွင့်၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ မိုးကုတ် စက်ဝိုင်း တစ်ခု လုံးအား၊ ဖုံးလွှမ်း သွားသည်။
" လျှို့ဝှက် နယ်မြေ ပွင့်ပြီလား။ "
အကြီး အကဲ များနှင့် တပည့် များက သူတို့၏ ဆန္ဒ များကို မထိန်းနိုင် ကြတော့ပေ။ သူတို့၏ မျက်လုံး များတွင်၊ စိတ် လှုပ်ရှားမှု များဖြင့်၊ တောက်ပ လာကုန်၏။
လေဟာနယ် အက်ကွဲကြောင်း အတွင်းမှ တစ်စုံ တစ်ရာသော စွမ်းအင် များကြောင့်၊ ကြာညို ပန်းကြီးက ကောင်းကင်၌ ရှင်းလင်းစွာ ဖြစ်တည် လာလေသည်။
ကြာညို ပန်းက ပြင်ပ ကမ္ဘာတွင် ဖြစ်တည် လာသည်နှင့်၊ စမ်းသပ် စစ်ဆေး လိုသော အနေဖြင့်၊ နတ်ဆိုး ရောင်ဝါ များကို ထုတ်လွှတ် လိုက်၏။
သို့သော် ၎င်းအခြေ အနေမှာ၊ ကြာမြင့်စွာ ဖြစ်ပေါ် လာခြင်း မရှိခြေ။
တစ်ချိန်တည်း မှာပင်၊ နတ်ဘုရား အစောင့် အကြပ်များ ထဲရှိ၊ တစ်စုံ တစ်ယောက်က ဂိုဏ်းကြီး လေးဂိုဏ်း ပူးပေါင်း၍၊ ခင်းကျင်း ထားသည့် အစီ အရင် ကို၊ စတင် အသက်သွင်း လာ၏။
မြေပြင် ပေါ်တွင် ဖြန့်ချ ထားသော ပန်းချီကား တစ်ချပ် ကဲ့သို့၊ ဝိညာဉ်ရေး 'ရူရ်'များ၊ ရုန်းကြွ လာသည်။
အမျိုးမျိုးသော အလင်းတန်း များက ဖိတ်စင် သွားသော မှင်များ ကဲ့သို့၊ ပန်းချီကား အတွင်း ပျံ့နှံ့ သွား၏။
တစ်စုံ တစ်ယောက်က၊ ပန်းချီကား အတွင်း၊ တောင်တန်း တစ်ဆယ့် ရှစ်လုံး၊ ထွက်ပေါ် လာသည် အထိ၊ ဝိညာဉ်ရေး ရူရ် များကို ရေးထွင်းကာ၊ အစီအရင် ကြီးထဲ၊ ရိုက်သွင်း နေ၏။
မြေပြင်၌ တောင်တန်း ငယ်များ ပေါ်ပေါက် လာ သည့်နှင့်၊ လေဟာနယ် အက်ကွဲ ကြောင်းကြီး အတွင်းမှ ထွက်ပေါ် လာသော၊ ကြာညို ပန်းအား၊ ဆွဲငင် ယူသွား လေသည်။
ဆိုလို သည်မှာ အနက်ရောင် ကြာပန်း ကြီးကို၊ ဖွင်းလှစ်ရန် အတွက်၊ မြေပြင်၌ ခင်းကျင်း ထားသော ပန်းချီကား ငယ်ဖြင့်၊ ပေါင်းစပ်ခြင်း ဖြစ်သည်။
ဤမြင်ကွင်းက လင်းယွန်ကို ထိတ်လန့် သွားစေ သော်လည်း၊ ၎င်းအတွေ့ အကြုံက သူ့ အမြင်ကို ကျယ်ပျံ့ လာစေ ခဲ့သည်။
ရုတ်တရက် အပြာရောင် နေမင်း လျှို့ဝှက်နယ်မြေ အကြောင်း၊ တွေးလိုက် မိသည်။
၎င်းနယ်မြေ နှစ်ခုသည် အနည်းငယ် ဆင်တူ လှသော်လည်း၊ အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေကို၊ ဝိညာဉ်ရေး ဆိုင်ရာ ရူရ် များဖြင့်၊ ပိတ်ဆို့ ဖုံးကွယ် ထားသောကြောင့်၊ ပို၍ လေးနက် ပေ၏။
အပြာရောင် နေမင်း နယ်မြေကို၊ ပိတ်ဆို့ ထားသော အခင်း အကျင်းသည်၊ ဂိုဏ်းလေး ဂိုဏ်းမှ ခင်းကျင်း ထားသည်ထက်၊ သာလွန် နေသည်လော။
အကယ်၍ ဤသို့ ဆိုပါလျှင်၊ အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေ အပေါ်၊ သူ နားမလည် နိုင်ခဲ့ သည်မှာ၊ အံ့သြ စရာ မဟုတ်ပေ။
ပန်းချီကား အတွင်း ကြာညိုပန်း မြုပ်ဝင် သွားသော အခါတွင်၊ အလင်းတိုင် တစ်စက မီးရှူးတိုင် တစ်တိုင် ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။
လူတိုင်းက ထိုအလင်းတိုင် အတွင်း၌၊ ကမ္ဘာသစ် တစ်ခုအား လှမ်းမြင် လိုက်ရ၏။ ၎င်းမှာ ကြာမိစ္ဆာ နယ်မြေ ဖြစ်သည်။
လျိုဖန်းက ကောင်းကင်ရှိ အလင်းတိုင်ကို မော့ကြည့်ကာ၊
“ ဝင်သွားပါ၊ မင်းတို့ရဲ့ လုံခြုံ ရေးက၊ တခြား အရာ တွေထက်၊ ပိုအရေး ကြီးတယ် ဆိုတာ မမေ့ ပါနဲ့၊ ဂိုဏ်းရဲ့ အခြေခံ အုတ်မြစ်က မချို့တဲ့ ပါဘူး၊ ဒါကြောင့် မင်းတို့ ဘဝထက် ဘယ်အရာ ကမှ၊ ပိုအရေး မကြီးဖူး ဆိုတာ သတိ ရပါ။"
အကြိမ်ပေါင်း မရေ မတွက် နိုင်အောင် ထပ်ခါတလဲလဲ၊ လမ်းတစ်လျှောက် မှာကြား ထားပြီး ဖြစ် သော်လည်း၊ လျှို့ဝှက် နယ်မြေ ပွင့်သော အခါတွင်၊ လျိုဖန်းက ထပ်မံ သတိပေး လာခဲ့ ပြန်သည်။
လျိုဖန်းက စကား ဆိုနေ စဉ်တွင်၊ အခြားသော ဂိုဏ်းများ၏ တပည့် များစွာက၊ အလင်းတိုင် ဆီသို့၊ ပြေးဝင်သွား ကြတော့သည်။
ခဏ အကြာတွင် အက်ကွဲကြောင်း ကြီးအတွင်း၊ မရေ မတွက် နိုင်သော လူပေါင်း များစွာဖြင့်၊ ပြည့်နှက် နေသည်ကို၊ လှမ်းမြင် လိုက်ရသည်။
" သွားကြ ရအောင်။ "
ဦးဆောင် ဆော်သြ လိုက်သော၊ ချင်းရွှမ်ဂျွန်၏ မျက်လုံး များတွင်၊ စိတ် လှုပ်ရှားမှု များဖြင့်၊ တောက်ပ လာသည်။
တစ်နေ့တွင် အထွတ် အထိပ်၌၊ ရပ်တည် နိုင်ရန် အတွက်၊ ဤအကျပ် အတည်းကို ဖြတ်ကျော် နိုင်မည်ဟု မျှော်လင့်လျက်၊ တပည့်များစွာက မကြောက် မရွံ့၊ တိုးဝင် နေခဲ့ ကြသည်။
လူတိုင်း အတွက် အံ့မခန်း အောင်မြင်
မှုများ၊ ဆောင်ကြဉ်း မပေး နိုင်ဟု၊ တပ်အပ် မပြော နိုင်ခြေ။
ထို့ကြောင့် အသွေးနှင့် အရိုးများ၊ ပြည့်နေသည့် လမ်းဖြစ် လျှင်ပင်၊ ထိုခရီးအား လျှောက်လှမ်း ရပေ လိမ့်မည်။
***