သစ်သီးနှင့် လှံ ။
Vol. 26 Ch. 356
တစ်နေ့တွင် အထွတ် အထိပ်၌၊ ရပ်တည် နိုင်ရန် အတွက်၊ ဤအကျပ် အတည်းကို ဖြတ်ကျော် နိုင်မည်ဟု မျှော်လင့်လျက်၊ တပည့်များစွာက မကြောက် မရွံ့၊ တိုးဝင် နေခဲ့ ကြသည်။
လူတိုင်း အတွက် အံ့မခန်း အောင်မြင်
မှုများ၊ ဆောင်ကြဉ်း မပေး နိုင်ဟု၊ တပ်အပ် မပြော နိုင်ခြေ။
ထို့ကြောင့် သွေးနှင့် အရိုးများ၊ ပြည့်နေသည့် လမ်းဖြစ် လျှင်ပင်၊ ထိုခရီးအား လျှောက်လှမ်း ရပေ လိမ့်မည်။
လင်းယွန်က အလင်းတိုင် ဆီသို့ ဦးတည် သွားနေဆဲ၊ မဝေး ကွာသော အရပ်၌ ရင်းနှီးသော ရုပ်သွင်ကို တွေ့လိုက် ရ၏။
နတ်ဘုရား အစောင့် များခြံရံလျက်၊ သွယ်လျသော ကိုယ်ဟန်ဖြင့်၊ လျူယွီက သူ့အား အေးစက်စွာ လှမ်းကြည့် နေပေသည်။
လင်းယွန်က အနည်းငယ် အံ့သြ သွား၏။ ထို့နောက်တွင်၊ ဆိတ်သုဉ်း နေသော နယ်မြေကို၊ နတ်ဘုရား အစောင့်တပ်မှ ထိန်းချုပ်ထားသောကြောင့်၊ သူမ အတွက် ခွဲတမ်း ရရှိ မည်မှာ၊ အံ့သြစရာ မဟုတ်ကြောင်း၊ သတိ ရသွားသည်။
သို့သော် ကြာမိစ္ဆာ နယ်မြေ ကဲ့သို့ အန္တရာယ် ရှိသော ခရီးစဉ်ကို သွားနေခြင်း ဖြစ်သဖြင့်၊ အနည်းငယ် မျက်မှောင်ကြုတ် လိုက်မိ၏။
ကြာမိစ္ဆာ နယ်မြေ အတွင်း၌ လျူယွီမှာ၊ အသက် ဆုံးရှုံးရန် အခွင့် အရေးများ သည်ကို၊ သူမ၏ ဖခင် ဖြစ်သော နဂါး ဗိုလ်ချုပ်က သိရှိ ထားပေမည်။
သို့သော် ၎င်းကို လစ်လျူရှု ထား၏၊ ဤသည်မှာ လျူဖေးလောင်၏၊ စစ်သူရဲ တစ်ယောက် ခံယူ ချက်မျိုးပင်၊ ဖြစ်သည်။
လင်းယွန်က ခေါင်းယမ်းလျက်လျူယွီကိုဂရုမစိုက်တော့ဘဲ၊ အလင်း တိုင်ထဲ တိုးဝင် သွားလိုက်သည်။
" ကျန်းရန်၊ ဇောင်ကွမ်၊ ရှောင်းမင်၊ မင်းတို့ ဂိုဏ်းရဲ့ မစ်ရှင်ကို မမေ့ပါနဲ့၊ လင်းယွန်ကို သတ်ဖို့ ယုံကြည်ချက် မရှိရင် ...၊ လွယ်လွယ်နဲ့ ရန်မစ မိပါ စေနဲ့။ ”
ဝမ်ရန်းဘိုက သတိပေး လိုက်၏။ သတ်ဖြတ် လိုသော ဆန္ဒ များဖြင့်၊ ကျန်းရန်၏ မျက်လုံးများက၊ တောက်ပ လာပြီး၊
" စိတ်မပူ ပါနဲ့.... ငါ့မှာ အသိ တရား ရှိပါတယ်၊ သူ့ကို အပြစ် မပြု ပါဘူး၊ လျှို့ဝှက်နယ်မြေမှာ စကြာဝဠာ လက်နက် တွေကို၊ သုံးလို့ မရ မှတော့၊ သူ ငါတို့ဆီ ပြေးဝင် လာရင်၊ သူ့ကို လူသေ တစ်ယောက် အဖြစ်၊ ပြောင်းလဲ ပစ်လိုက် မှာပါ။ ”
" လင်းယွန်တင် မကဘူး၊ ဓားနန်းတော်ရဲ့ တပည့်တွေ အကုန်လုံး သေရ လိမ့်မယ်၊ ''
နက်နဲ နဝမ အဆင့်ရှိ အမာခံ တပည့်များ ဖြစ်သောကြောင့်၊ သူတို့ သုံးယောက် လုံးက ယုံကြည်မှု အပြည့်၊ ရှိနေ ကြသည်။
" အဲ့ဒါ ကောင်းတယ်။ ''
ဝမ်ရန်းဘိုက ခေါင်းညိတ်ကာ ဆိုလိုက်၏။
ထို့နောက် ကျန်းယန်တို့ သူတို့ သုံးဦးမှာ၊ ကြာမိစ္ဆာ နယ်မြေသို့ ဦးတည်သွား ကြသည်။
လင်းယွန်က အလင်းတိုင် ထဲသို့၊ လှမ်းဝင် လိုက်သော အခါတွင်၊ သူ့ ပတ်ဝန်း ကျင်၌၊ ရုတ်တရက် မှောင်မိုက် သွားပြီး၊ အာကာသ ကွဲလွဲ သွား သည်ကို၊ ခံစား လိုက်ရ၏။
စက္ကန့် အနည်းငယ် ကြာပြီးနောက်၊ အမြင် အာရုံများ ပြန်လည် ရရှိ လာသည်နှင့်၊ ခြောက်သွေ့ နေသော မြစ်တစ်စင်း၏ ကြမ်းပြင်၌၊ သူ့ကိုယ်သူ ပြန်လည် တွေ့ရှိ ခဲ့သည်။
ပတ်ဝန်း ကျင်ရှိ အလင်း များကို၊ ထိန်းညှိရန်အတွက်၊ မျက်လုံးများ မှိတ်ချ လိုက်ရသည်။
ခဏ အကြာတွင် မျက်လုံးများ ပြန်ဖွင့် လိုက်၏။ သူ့ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့်လိုက် သော်လည်း၊ မည်သူ့ ကိုမျှ မတွေ့ ရခြေ။
ဆိုလို သည်မှာ၊ လူတိုင်းကို ကျပန်း နည်းဖြင့်၊ တည်နေရာ ပြောင်းရွေ့ ခံရ သည်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။
ဤသို့ မဟုတ် ပါလျှင် အဝင်ဝ ၌ပင်၊ ရန်ပွဲများ ဖုံးလွှမ်း လာနိုင် ပေမည်။
လက်ရှိ အမြင်၌၊ သူ့ပတ်ဝန်း ကျင်တွင် မည်သူမျှ မရှိ သည်မှာ၊ သေချာ သလောက် ဖြစ်သည်။
နောက်တဖန်၊ သူတို့ကိုယ် သူတို့ ဖုံးကွယ် ထားခြင်း ဟူသော၊ ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိနိုင်သည်။
သည်ပတ်ဝန်း ကျင်၌၊ သူ တစ်ယောက်တည်း ရှိသည် ဟူသော အယူ အဆ မျိုးကို၊ လက်မခံ လိုပေ။
ရတနာ တစ်ခုခုသာ ထွက်ပေါ် လာပါက၊ ရုတ်ချည်း ဆိုသလို၊ ပုန်းကွယ် နေသော လူများ ထွက်ပေါ်လာ မည်မှာ၊ သေချာသည်။
“ အဲ ဒါ …”
မီတာ တစ်ရာ အကွာရှိ၊ ကျောက်ဆောင် တစ်ခု ပေါ်တွင်၊ သစ်သီး တစ်လုံးကို လှမ်းမြင် လိုက်ရသည်။
သစ်သီးမှာ ကျောက်စိမ်းရောင် တောက်ပ နေပြီး၊ ခရမ်းရောင် သန်းသော မြူများ၊ ၎င်းကို ဝန်းရံ ထားသည်။
အသိညာဏ် များကို၊ ပြန်လည် စဉ်းစား ရယူ ပြီးနောက် လင်းယွန်က၊
“ ဒါက 'နက်ပြာရောင် ရေခဲ မီးတောက် သစ်သီး' ပဲ။ ''
ဟု ဝမ်းသာ အားရ ရေရွတ် လိုက်မိ၏။
ဤသည်မှာ ထူးခြားသော သစ်သီး တစ်လုံး ဖြစ်သည်။ အပြင် ပိုင်းတွင် မီးတောက်များ ဖုံးလွှမ်း နေသော်လည်း၊ သူ၏ အနှစ် သာရ၌၊ ရေခဲ သဘာဝကို ပိုင်ဆိုင် ထားသည်။
အရိုးများ၊ အရေ ပြားနှင့်၊ အတွင်း အင်္ဂါ များ၊ သန့်စင် ရာ၌ အသုံးပြု နိုင်၏။ ရေခဲ စွမ်းအင်ကို ကျင့်သုံး သူများ အတွက်၊ ရတနာ တစ်ပါး ဖြစ်လေသည်။
ကျင့်ကြံမှု နည်းစနစ်ကို အောင်မြင်စေ နိုင်ရုံ သာမက၊ ကျင့်ကြံခြင်း ကာလ ကိုလည်း၊ တစ်နှစ်ခွဲ အထိ၊ ချုံ့ပေး နိုင်သည်။
အဆိုပါ သစ်သီးသည် ပြင်ပတွင် ဒုတိယတန်း၊ ဝိညာဉ် ကျောက်စိမ်း (၁,၀၀၀) ခန့်၊ တန်ကြေး ရှိပြီး၊ စျေးကွက်တွင် ရောင်းလိုအား မရှိပေ။
လင်းယွန်က မဆိုင်း မတွ၊ လျှောက်လှမ်း လိုက်ပြီး၊ သစ်သီးကို လှမ်းယူ လိုက်၏။
သို့သော် ရုတ်တရက် လက်တစ်ဖက်က ဆန့်ထွက် လာကာ၊ သူ့ လက်ကောက် ဝတ်ကို၊ ဆုပ်ကိုင် လာသည်။
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို ထုတ်ဖော်ကာ၊ ချက်ချင်း ရှောင်တိမ်း လိုက်သည်။ သစ်သီးကို ခူးယူပြီး၊ အလျင် အမြန် ပြန်ဆုတ် လာမိ၏။
မြေပြင်ပေါ် မဆင်းသက် ခင်မှာပင်၊ သူ့ ရှေ့၌ ပိတ်ဆို့ လာသော ပုံရိပ် တစ်ရိပ်ကို၊ သတိ ထားမိ လိုက်သည်။
ထိုပုံရိပ်မှာ စုတ်ပြတ် နေသော ချပ်ဝတ် တန်ဆာကို၊ ဝတ်ဆင် ထားသည့် အလောင်းကောင် တစ်ကောင် ဖြစ်သည်။
ကြာမိစ္ဆာ နယ်မြေ ထဲရှိ အဆိပ်မြူ များကြောင့်၊ ဖုတ်ကောင် တစ်ကောင် ကဲ့သို့၊ ပြောင်းလဲ သွားသော ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
သူ့ မျက်ဝန်း များ၌၊ အေးစက်သော အလင်း ရောင်များ တောက်ပ နေသည်။
ထို့ကြောင့် 'နက်ပြာရောင် ရေခဲ မီးတောက် သစ်သီး' သည်၊ ဤအလောင်း ကောင်ကို စုပ်ယူ စားသုံး ပြီးနောက်၊ ကြီးထွား လာခြင်း ဖြစ်ပေမည်။
လင်းယွန်သာ အနည်းငယ် တုန့်နှေး မိပါလျှင်၊ ဖမ်းမိ သွားနိုင် ပေမည်။
အလောင်း ကောင်၏၊ အသား အရည် များမှာ၊ ပုပ်ပွ နေပြီး၊ အနက်ရောင် အဆိပ်မြူ များဖြင့်၊ ဖုံးအုပ် နေသည်။
အလောင်ကောင် ထံမှ၊ ထိုအဆိပ် မြူများ ကူးစက် ခံရမည် ဆိုပါက၊ အကျိုးဆက် များကို၊ သူ မခန့်မှန်း နိုင်ခြေ။
ထို့ကြောင့်၊ မျက်မှောင်ကြုတ် လိုက်မိသည်။ တစ်ချိန် တည်းမှာပင် အလောင်း ကောင်က ရှေ့သို့ ခုန်တက် လာပြီး၊ သူ့ကို ဟိန်းဟောက် လာ၏။
နက်ပြာရောင် ရေခဲ မီးတောက် သစ်သီးကို၊ သိမ်းဆည်း ပြီးနောက်၊ လင်းယွန်က လက်သီး တစ်ချက်ဖြင့်၊ ထိုးထုတ် ဟန့်တား လိုက်သည်။
ဆေးကြိုအိုး သုံးလုံးခန့် ခွန်အားမှာ၊ အလောင်းကောင် ပေါ်သို့ ထိမှန် သွား၏၊ အလောင်း ကောင်၏ ခန္ဓာတွင်၊ ထိခိုက် ဒဏ်ရာ ရရှိ သွားခြင်းမျိုး မရှိ ခဲ့ဘဲ၊ မီတာ အနည်း ငယ်ခန့်၊ နောက်ပြန် ဆုတ်သွားသည်။
“ ထပ် လာ မယ် ”
လင်းယွန်က မျက်လုံးများ မှေးကျဉ်း သွားလျက်မှ အော်ဟစ် လိုက်၏။ လက်သီး များကို ဆုပ်ကိုင်ကာ၊ ဓား ရည်ရွယ် ချက်ဖြင့် ပေါင်းစပ် ထိုးထုတ် လိုက်သည်။
၎င်းလက်သီးတွင် စွမ်းအား အပြည့် ပါဝင် သွားပြီး၊ အရာ အားလုံးကို ခွဲထုတ် နိုင်သော ဓား တစ်လက်နှင့် တူ၏။
လက်သီး ထိမှန် သွားသော အလောင်း ကောင်၏ ရင်ဘတ်တွင်၊ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ် လာသည်။
လင်းယွန်က ရှေ့သို့ တစ်လှမ်း တိုးလိုက် သည်နှင့်၊ နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ်ကို၊ ကျန်ရစ် ခဲ့သည်။
နောက်ဆက်တွဲ ပုံရိပ်များ တစ်ထပ်ထဲ ပြန်လည် ပေါင်းစပ် သွားပြီးနောက်၊ အလောင်း ကောင်မှာ တဟုန်းဟုန်း တောက်လောင် နေသော လျှပ်စီး များကြောင့်၊ လွင့်စင် သွား၏၊
ပြီး ... အနက်ရောင် ကြာပန်းငယ် တစ်ပွင့် အဖြစ်သို့၊ ပြောင်းလဲ သွားတော့သည်။
'' ကြာနက် အမြုတေ "
လက်ကို ဝှေ့ယမ်း လိုက်ပြီး ကြာနက် အမြုတေကို ဆွဲယူ လိုက်၏။ ၎င်းတွင် စွမ်းအင် များဖြင့်၊ ပြည့်နှက် နေသော၊ ပွင့်ချပ် သုံးချပ် ပါရှိကာ၊ ထိတ်လန့်ဖွယ် ကောင်းလောက် အောင်ပင် သန့်စင် နေသည်ကို၊ သတိပြု မိသည်။
သို့သော်၊ ယင်းကို မသန့်စင် မီတွင် အနက်ရောင် အဆိပ်မြူ များကို၊ ဦးစွာ ဖယ်ရှား ပစ်ရမည် ဖြစ်သည်။
ကြာနက် အမြုတေကို သိမ်းဆည်း ပြီးနောက် ဆက်လက် လျှောက်လှမ်း လာခဲ့သည်။
သိပ် မကြာခင် မှာပင်၊ နတ်ဆိုး သားရဲ များဖြင့်၊ ထပ်မံ ကြုံတွေ့ လိုက်ရ ပြန်၏။ ရာပေါင်း များစွာသော ပိုးကောင်ငယ် များက၊ မြှားတံများ ကဲ့သို့၊ ပြေးဝင် လာကြ ခြင်း ဖြစ်သည်။
ထိုပိုးကောင်ငယ် များတွင်၊ ချွန်ထက်သော အစွယ်များ ပါရှိ လေသည်။
" သူတို့က ကြောက်စရာ ကောင်းပေမယ့်၊ ပျော့ညံ့ လွန်းပါတယ်။ "
လက်သီးကို ဆုပ်ကိုင် လိုက်သည်နှင့်၊ သူ့ပတ်လည်တွင် နဂါး တစ်ကောင် ထွက်ပေါ် လာသည်။
'' ပျံသန်း နေသော နဂါး။ ''
နဂါးကြီးက ဟောက်သံ ပြုပြီး၊ ပျံထွက် သွားကာ၊ သူ့ လမ်းကြောင်း ပေါ်ရှိ၊ ပိုးကောင်ငယ် များကို၊ အဝေးသို့ တွန်းလွှတ် လိုက်သည်။
ကံမကောင်း စွာဖြင့်၊ ပိုးကောင် တစ်ကောင်မျှ မသေ ခဲ့ပေ။ သို့သော် လင်းယွန်၏ ခွန်အားကို မြည်းစမ်း ရပြီးနောက်၊ ချက်ချင်း ခွဲထွက်ကာ၊ ပုန်းအောင်း သွားတော့သည်။
ပိုးကောင် ငယ်များ ပျောက်ကွယ် သွားသည်နှင့်၊ ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်လိုက်ရာ၊ လူ အရိုးစု များကို တွေ့လိုက် ရသည်။
ဤပိုးကောင်ငယ် များကြောင့်၊ သေဆုံး သွားသော တပည့်ငယ် များပင်၊ ဖြစ်ပေမည်။
“ ကြာမိစ္ဆာ နယ်မြေက အန္တရာယ် ရှိတယ်လို့၊ လူတိုင်း ပြောနေ ကြတာ အံ့သြ စရာတော့၊ မရှိ တော့ပါဘူး၊ ဒီနယ်မြေက နတ်ဆိုး သားရဲ တွေက အနည်းငယ် ဆန်းပြား ကြတယ်၊ သူတို့ အားလုံးမှာ သိပ်သည်းတဲ့ အသက် စွမ်းအင်တွေ ပိုင်ဆိုင်ထား ကြတာကြောင့်၊ ဂရုမစိုက် မိရင် ချက်ချင်း သေလိမ့်မယ်။ ”
လင်းယွန်၏ 'ပျံသန်း နေသော နဂါး' သည် သန်မာ လှပြီး၊ နက်နဲ အဠမ အဆင့်ရှိ နတ်ဆိုး သားရဲ များကိုပင် သတ်နိုင်၏။ သို့သော် ပိုးကောင် ငယ်များ ကိုမူ သတ်ရန် မလုံ လောက် ခဲ့ပေ။
ခန်းခြောက် နေသော မြစ်ကြမ်းပြင် အဆုံးတွင်၊ မည်သည့် အရာများ စောင့်ကြိုနေ မည်ကို၊ သူ သိချင် လာသည်။
လမ်းတစ်လျှောက် နတ်ဆိုး သားရဲကောင် များစွာကို ရင်ဆိုင်ကာ၊ ရှေ့သို့ ဆက်လျှောက် လာခဲ့သည်။ နတ်ဆိုး သားရဲ၊ အများ အပြားက သူ့ လက်ချက်ကြောင့်၊ လွင့်စင် နေဆဲ ဖြစ်သည်။
လင်းယွန်ကို တွေ့လိုက်တိုင်း ဝင်ရောက် တိုက်ခိုက် လာခဲ့ကြ သော်လည်း၊ ပြိုင်ဘက် မဟုတ်မှန်း သိရှိ သွားသည်နှင့်၊ ချက်ချင်း ပြန်လည် ထွက်ပြေး သွားကုန်သည်။
ဤသို့ဖြင့် အသက်လု တိုက်ပွဲပေါင်း များစွာကို၊ ရှောင်ရှား နိုင်သော်လည်း၊ တစ်ဖက်တွင် ဆုံးရှုံးမှု များရှိ လာခဲ့သည်။
ယခု အချိန် အထိ ကြာနက် အမြုတေ လေးခုသာ၊ ရယူ နိုင်ခဲ့ သောကြောင့်၊ သူ့အတွက် တွက်ခြေ မကိုက် လှပေ။
တစ်နာရီခန့် ကြာပြီးနောက် မြစ်ကြမ်းပြင် အဆုံးကို ရောက်ရှိ လာသည်။ နောက်ဆုံးတွင် မြစ် ကြမ်းပြင်မှ တက်လာ ခဲ့သည်။
ကမ်းပေါ် တက်လိုက် သည်နှင့်၊ ပထမဆုံး မြင်လိုက် ရသည်မှာ၊ နတ်ဆိုး သားရဲ များ၏ အရိုး စုများ ဖြစ်သည်။
'' ဟမ် .... ''
အရိုးစု တောင်ကုန်းကို၊ သတိပြု မိလိုက် သောကြောင့်၊ မျက်လုံးများ တောက်ပလာ ခဲ့သည်။
အရိုးစုများ အတွင်း၊ တစ်ခါ တရံ စွမ်းအင်လှိုင်း အနည်းငယ် ထွက်ရှိ လာတက်သည်။
ဝိညာဥ် ရူရ် များကို နားမလည် ထားပါက၊ ၎င်းအား သတိပြု မိမည် မဟုတ်ပေ။
'' ဒါက ရှေးဟောင်း စကြာဝဠာ လက်နက်၊ ဖြစ်နိုင် မလား။ ''
အကယ်၍ ၎င်းသည် အမှန် တကယ်ပင်၊ စကြာဝဠာ လက်ရာ တစ်ခု ဖြစ်ခဲ့ ပါက၊ ပျက်စီး နေပြီး နောက်တွင်ပင်၊ အလွန် တန်ဖိုး ရှိမည် ဖြစ်သည်။
ဓားနန်းတော်က မလို အပ်ခဲ့ သော်ငြား၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များနှင့်၊ လဲလှယ် နိုင်ပေမည်။
ဓားသုတ္တန်ကို ကျင့်ကြံ ရာတွင်၊ လိုအပ်သော အရင်း အမြစ် ပမာဏ များမှာ၊ အလွန်ကြီးမား လှလေသည်။
ဂိုဏ်းမှ သူ ရရှိသော၊ လစဉ် အထောက် အပံ့ များမှာ၊ လုံလောက်ခြင်း မရှိပေ။
လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ ထုတ်ဖော် ပြီးနောက်၊ လင်းယွန်က မူလ နေရာမှ ပျောက်ကွယ် သွားခဲ့သည်။
သူ ပြန်ပေါ် လာသော အခါတွင်၊ အရိုးစုပုံ အတွင်း၌ ရှိနေပြီ ဖြစ်သည်။ ၎င်းကို ဆွဲထုတ်လိုက်သော အခါတွင်၊ များပြား လှသော အရိုးစု များက သူ့အပေါ် ပြိုကျ လာ၏။
" ဟိတ် ........ ''
လင်းယွန်က ပြုံးပြီး အရိုးစု အားလုံးကို ပျံလွင့် သွားစေရန်၊ ရှန်ရှင်း- တစ်ပိုင်း ဓားရည်ရွယ်ချက်အား ထုတ်လွှတ် လိုက်သည်။
“ တ ကယ် ပဲ …”
သူ့ လက်ထဲရှိ 'အရိုး' ပေါ်က၊ ဖုန်မှုန့် များအား. မှုတ်ထုတ်ကာ၊ သူ့ သံသယကို အတည် ပြုမိ၏။
ဖုန်မှုန့်များ ကင်းစင် သွားသည်နှင့်၊ လှံ တစ်စင်း ထွက်ပေါ် လာသည်။ ၎င်းမှ သက်ရောက်နေသော အတက် အကျ လှိုင်းများကို အကဲ ဖြတ်ကာ၊ အဆင့်နိမ့် စကြာဝဠာ လက်နက် တစ်ခု အဖြစ်၊ အသိ အမှတ် ပြုလိုက်သည်။
ရွှေခေတ်က သိုင်းနည်းစနစ် များလိုပင်၊ ထိုအချိန်၌ ရေးထိုး ကြသော ဝိညာဉ် ရူရ် များမှာ၊ ပို၍ သန်မာ အားကောင်း ပေသည်။
ရှေးဟောင်း အဆင့်နိမ့် စကြာဝဠာ လက်ရာများမှာ၊ အလွန် အစွမ်း ထက်မည် မဟုတ် သော်လည်း၊ ၎င်းသည် ယနေ့ခေတ် စကြာဝဠာ လက်ရာ များထက်၊ များစွာ အားကောင်း၏။
သို့သော် 'ရူရ်' အများစု၊ ပျက်စီး နေသည်မှာ၊ နှမျော စရာ ပေပင်၊ ဝိညာဉ်ရေး 'ရူရ်' များက၊ ဆယ်ပုံ တစ်ပုံ အောက်သာ ကျန်ရှိ တော့သည်။
အရေး အကြီးဆုံး အချက်မှာ၊ လှံတွင် အက်ကြောင်းများ ထင်ရှိ နေခြင်း ဖြစ်သည်။။ ဤလှံကို အကြိမ်ရေ မည်မျှ၊ အသုံး ပြုနိုင် မည်ကို သူ မသိပေ။
သို့သော်၊ လှံ၏ အက်ကွဲကြောင်း များတွင်၊ နတ်ဆိုး အဆိပ်မြူ များကို တွေ့ရှိ လိုက်သော အခါတွင်၊ မျက်မှောင်ကြုတ် သွားသည်။
"နတ်ဆိုး မြူတွေလား "
သူ၏ မူလ စွမ်းအင်ကို ယင်းလှံ ထဲသို့ ထိုးသွင်း ခြင်းဖြင့်၊ စကြာဝဠာ လက်နက် တစ်ခု၏ စွမ်းပကားကို၊ ထုတ်လွှတ် နိုင်ဆဲ ဖြစ်ကြောင်း၊ လင်းယွန်က ခံစား သိရှိ လိုက်သည်။
သူ ယူဆောင် လာသော 'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' မှာမူ၊ သာမန် လက်နက် အဖြစ်သို့ လျှော့ချ ခံထား ရသည်။
ထို့ကြောင့် ပြဿနာမှာ နတ်ဆိုး အဆိပ် မြူများ ဖြစ်၏။ ဤနေရာရှိ စကြာဝဠာ ပစ္စည်းများ အားလုံးကို၊ နတ်ဆိုး မြူများက ဖိနှိပ် ထားသည်။
ဆိုလို သည်မှာ စကြာဝဠာ လက်ရာ များသည်၊ ကြာမိစ္ဆာ နယ်မြေ၏ ဥပဒေသ များနှင့်၊ လိုက်လျော ညီထွေမှု ရှိရန်၊ လိုအပ်သည်။
'ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ်' အား၊ ကြာမိစ္ဆာ နယ်မြေ၌၊ နှစ်ပေါင်း ရာကျော် ကြာအောင် ထားရှိ ခဲ့ပါက၊ ၎င်း၏ စွမ်းအားကို ထုတ်ဖော် အသုံးပြု နိုင်မည် ဖြစ်သည်။
အရိုး ရှင်းဆုံး ဆိုရ ပါမူ၊ ပြင်ပ ကမ္ဘာ၏၊ စကြာဝဠာ လက်နက်များ ပေါ်ရှိ 'ရူရ်' များကို၊ ကြာမိစ္ဆာ နယ်မြေမှ နတ်ဆိုး အဆိပ်မြူ များက၊ ဖိနှိပ် ထားခြင်း ဖြစ်သည်။
ကြက်သွေး မီးလျှံ စစ်ပွဲ အလံငယ် ပေါ်ရှိ၊ ရူရ်များကို အသုံးပြု လိုပါက၊ နတ်ဆိုး အဆိပ်မြူ များ၏၊ ခွင့်ပြုချက် ရအောင်၊ နှစ်ပေါင်း များစွာ ကြိုးစား ရပေမည်။
ဤနယ်မြေ အတွင်းရှိ စကြာဝဠာ လက်နက် များမှာမူ၊ ထိုသို့ မဟုတ် တော့ပေ။
ထို့ကြောင့် မူလ စွမ်းအင် များအား၊ လှံထဲသို့ လောင်းထည့် လိုက်သော အခါတွင်၊ ၎င်းမှ အေးစက်သော အငွေ့ အသက်များ၊ ထွက်ပေါ် လာ သည်ကို၊ သူ ခံစား လိုက်ရသည်။
ဤလှံသည် ၎င်း၏ အထွတ် အထိပ် ပုံစံ၌၊ မည်မျှ အစွမ်းထက် မည်ကို၊ သူ မခန့် မှန်းနိုင်။ အစွမ်းထက် နိုင်မည် ကိုတော့ သူ သိသည်။
ရုတ်တရက် သတ်ဖြတ် လိုသော အသိ များဖြင့်၊ ပြေးလွှား လာနေသော လူရိပ် လေးရိပ်ကို၊ လှမ်းမြင် လိုက်ရသည်။
ထိုသူ များမှာ မဟာချင် အင်ပါယာ ပြင်ပရှိ၊ ဂိုဏ်းငယ် များမှ တပည့်များ ဖြစ်ကြောင်း၊ သူ ပြောနိုင်သည်။ တနည်း အားဖြင့် နတ်ဆိုး လမ်းစဉ်ကို၊ ကျင့်ကြံ ကြသူများ ဖြစ်သည်။
အစောပိုင်း အချိန်၌ ဖြစ်ပေါ်ခဲ့သော၊ ဝိညာဉ် စွမ်းအင် လှိုင်း များကြောင့်၊ သတိထား မိသွား ကြပုံ ရသည်။
သူတို့ လေးယောက်က၊ လင်းယွန် လက်ထဲရှိ လှံကို မြင်သော အခါတွင်၊ မျက်လုံးများ တောက်ပ လာသည်။
" ဟီးဟီး၊ ဒီကောင် လေးက လျှို့ဝှက် နယ်မြေကို ရောက်တာနဲ့ စကြာဝဠာ ပစ္စည်း တစ်ခုကို ရလောက်အောင်၊ တော်တော် ကံကောင်းတဲ့ ကလေးပဲ။ "
“ ဟဲဟဲ၊ ဒါပေမယ့် အခု ... သူ ကံဆိုး သွားပြီ။ ”
“ ထွက် သွား ... ”
၎င်းတို့ လေးဦး၏ ကျင့်ကြံမှု အဆင့်မှာ၊ နက်နဲ သိုင်း နယ်ပယ်၊ အဋ္ဌမ အဆင့်တွင် ရှိနေသည်။ ထို့ကြောင့် သတ္တမ အဆင့်၌ ရှိသော၊ လင်းယွန်ကို မျက်စိထဲ မထည့် မိပေ။
သူတို့က ရှေ့သို့ တစ်လှမ်း တိုးလိုက်ပြီး၊ သူတို့ကိုယ် သူတို့ တကယ်ပဲ၊ စောင့်ထိန်း နေရသည့်ဟန်ဖြင့်၊ မောင်းထုတ် လာသည်။
သို့သော် လင်းယွန်က ၎င်းတို့ကို ကြည့်ကာ၊ ငြိမ်သက် သွားသည်။ တစ်ချိန် တည်း မှာပင်၊ သူ့စိတ် ထဲ၌ မေးခွန်း တစ်ခု ထွက်ပေါ် လာခဲ့သည်။
ဤသို့သော အပြုအမူ များဖြင့်၊ သူတို့ ဘဝ တစ်လျှောက်လုံး ရှင်သန် နေရ သည်မှာ၊ ပင်ပန်း လှပေမည်။ သို့သော် သည်နေ့ ပြီးနောက် ပင်ပန်းမည် မဟုတ် တော့ပေ။
မူလ စွမ်းအင်ကို လှံထဲသို့ လောင်းထည့် လိုက်ပြီး၊ ဝှေ့ယမ်း ပစ်ထုတ် လိုက်သည်။
လှံထံမှ စွမ်းအင် အလင်းများ လခြမ်းကွေး သဏ္ဍာန် ဖြာထွက် သွားပြီး၊ နတ်ဆိုး လမ်းစဉ် သိုင်း သမား လေးဦးအား၊ အံ့အား သင့်စွာ ဖမ်းမိ သွားသည်။
'' ဝှစ် ........ ''
'' ဘန်း ......''
ကြီးမားသော ပြတ်ရှရာ ကြီးမှာ၊ ပြင်းထန် လွန်းသောကြောင့်၊ မျက်ဝန်း များတွင်၊ ကြောက်စိတ်များ ထင်ဟပ် လာသည်။
" မင်းက သေမင်းကို ဖိတ်ခေါ် နေတာပဲ။ ''
သူတို့ လေးယောက်က သွေးညှီ နံ့များ၊ လှိုင်လှိုင်ထ နေသော၊ ကြက်သွေးရောင် နတ်ဆိုး အရှိန် အဝါကို၊ ထုတ်လွှတ် လိုက်၏။
သူတို့၏ အရှိန် အဝါများ အရ၊ အသက်ပေါင်း မည်မျှ သတ်ဖြတ် ခဲ့မည်ကို၊ နတ်ဘုရား များသာ သိပေမည်။
သို့သော်၊ ရှန်ရှင်း-တစ်ပိုင်း ဓား ရည်ရွယ်ချက်ကို၊ ပိုင်ဆိုင် ထားသော လင်းယွန် ပေါ်တွင်၊ ၎င်းတို့၏ အရှိန်အဝါ များမှာ၊ သက်ရောက် နိုင်ခြင်း မရှိခြေ။
သူတို့ လေးဦးမှာ ဒဏ်ရာ ပြင်းထန်လှ သော်လည်း၊ ထွက်ပြေးရန် ရည်ရွယ်ချက် မရှိဘဲ၊ သတ်ဖြတ်လို ဆန္ဒ များကို ထုတ်ဖော် တိုက်ခိုက်လာ ကြသည်။
'' မင်းတို့က သေချင် နေတာပဲ။ ''
လင်ယွန်က ရေရွတ် လိုက်ပြီး၊ လရောင် ရေစင် ဓားကို၊ ချက်ချင်း ထုတ်ဖော် တိုက်ခိုက် လိုက်၏။
ပတ်ဝန်း ကျင်၌ လှံကြောင့် လှိုင်းများ ဖြစ်ပေါ် လာကာ၊ သူတို့ လေးယောက် အပေါ်၊ လေပြေ ညှင်းများ တိုးဝှေ့သွား သကဲ့သို့၊ ဖြတ်သန်း သွားသည်။
လေးယောက်သား ရင်ဘတ် ပေါ်ရှိ၊ ပြတ်ရှ ရာများကို၊ မျက်လုံး အပြူး သားဖြင့် စိုက်ကြည့် လိုက်မိ၏။ သူတို့၏ မျက်လုံး များတွင်၊ မယုံနိုင် ဟန်များ၊ ထင်ဟပ် လာလေသည်။
ထို့နောက် သူတို့၏ အသက်ကို နုတ်ယူ ခံလိုက်ရမှန်း သိသွားကာ၊ မြေပေါ်သို့ လဲကျ သွားတော့၏။
လင်းယွန်းက လှံပေါ်ရှိ သွေးများကို သုတ်ယူ လိုက်ချိန်တွင်၊ နာကျင် မှုကို ခံစား လိုက်ရသည်။
အဘယ့်ကြောင့် ဆိုသော် လှံ၏ အက်ကွဲ ကြောင်း များက၊ ပို၍ ကျယ်ပြန့် လာသောကြောင့် ဖြစ်သည်။
ကြာမိစ္ဆာ နယ်မြေ၌၊ စကြာဝဠာ လက်နက် များကို ရရှိရန်၊ သူ့ အတွက် လွယ်ကူမည် မဟုတ်ပေ။
ထိုသို့ ပျက်စီး လာမည်မှန်း သိရှိ မိပါက၊ ၎င်းတို့ လေးဦး အပေါ်၊ စမ်းသပ်ခြင်း မပြု မည်မှာ၊ သေချာသည်။
သို့သော် ဤလက်နက်မှာ သူ့အတွက် သတင်းကောင်း တစ်ပုဒ် ပေပင်။ ဆိုလို သည်မှာ ကြာမိစ္ဆာ နယ်မြေတွင်၊ လှံကို ဝှက်ဖဲ အဖြစ် အသုံးပြု နိုင်မည်။
ပေကျံ နေသော လှံပေါ်ရှိ သွေးစ များကို၊ သန့်စင် ပြီးနောက်၊ ပြုံးကာ သိမ်းဆည်း လိုက်၏။
သို့သော် သူ့ အပြုံးမှာ အေးစက်သော အသွင်ကို ဆောင်နေ ခဲ့သည်။ သူက၊
“ အဆိပ် ရှိတဲ့ မြွေ တစ်ကောင်က၊ သူ့ ခန္ဓာ ကိုယ်ပေါ်က ညှီနံ့ကို၊ မဖုံးကွယ် ထားနိုင် ပါဘူး၊ မင်း ပုန်းအောင်း မနေ ပါနဲ့။ "
" အိုး .... ၊ ချင် အင်ပါယာမှာ ဒီလို ကျွမ်းကျင်သူ၊ တစ်ယောက် ရှိနေတယ် ဆိုတာ၊ ငါ မသိ ခဲ့ပါလား ..."
စကားနှင့် အတူ၊ သစ်ပင်များ အကွယ်မှ လူ တစ်ယောက်၊ ပျင်းရိသော အမူ အယာဖြင့်၊ ပြုံးကာ ထွက်ရှိ လာလေသည်။
***