← Chapters

ရက်စက် ကြမ်းကြုတ်သော။

Vol. 26 Ch. 357

ရက်စက် ကြမ်းကြုတ်သော။

Vol. 26 Ch. 357

“ အဆိပ် ရှိတဲ့ မြွေ တစ်ကောင်က၊ သူ့ ခန္ဓာ ကိုယ်ပေါ်က ညှီနံ့ကို၊ မဖုံးကွယ် ထားနိုင် ပါဘူး၊ မင်း ထွက်လာ ခဲ့ပါ။ "

" အိုး .... ၊ ချင် အင်ပါယာမှာ ဒီလို ကျွမ်းကျင်သူ၊ တစ်ယောက် ရှိနေတယ် ဆိုတာ၊ ငါ မသိ ခဲ့ပါလား ..."

လင်းယွန်၏ စကားကို၊ တုန့်ပြန် လိုက်သော စကားသံ နှင့်အတူ၊ သစ်ပင်များ အကွယ်မှ လူ တစ်ယောက်၊ ပျင်းရိသော အမူ အယာဖြင့်၊ ပြုံးကာ ထွက်ရှိ လာလေသည်။

ထိုသူက ဖြူဖျော့သော မျက်နှာကို ပိုင်ဆိုင်ထားပြီး၊ အေးစက်စက် အရှိန် အဝါအား ထုတ်လွှတ် ထား၏။

နက်နဲ အဋ္ဌမ အဆင့် အရှိန်အဝါ နှင့်အတူ၊ လက်နှစ် ဖက်ကို နောက်ပစ်ကာ၊ လင်းယွန် ရှေ့၌ အေးဆေးစွာ ရပ်လာ ခဲ့သည်။

အစောပိုင်း တိုက်ပွဲ အတွင်း၊ စကြာဝဠာ လက်နက်အား၊ အသုံးပြု ထားသော လင်းယွန်ကို၊ မြင်ထား သည်ကြောင့်၊ ထိုသူက သူ့ကိုယ်သူ၊ များစွာ ယုံကြည်မှု ရှိလာ ခဲ့သည်။

သူ့ တွက်ချက် မှုများ အရ၊ လင်းယွန်၌ မူလ စွမ်းအင် အနည်းငယ် ကုန်ဆုံး နေသင့် ပေသည်။

သို့သော် လင်းယွန်၏ တည်ငြိမ်သော အသွင် အပြင်ကို ကြည့်ကာ၊ ခက်ခဲသော ပြိုင်ဘက် ဖြစ်ကြောင်း၊ သူ ခန့်မှန်း နိုင်သည်။

“ တိုက်ခိုက် နေချိန်မှာ မင်းငါ့ကို ရှာတွေ့ ခဲ့မယ် ဆိုတာ ငါ သိပါတယ်၊ မင်းရဲ့ ခွန်အား အရ၊ စကြာဝဠာ လက်နက် မပါဘဲ၊ သူတို့ တွေကို သတ်နိုင် တယ်လို့ ငါမြင် မိတယ်။ ”

လင်းယွန်ကို စစ်ဆေး နေစဉ် လူစိမ်းက ပြောသည်။

ရောက်ရှိ လာသော ထိုလူငယ်ကို ကြည့်ကာ၊ လင်းယွန်က ပြန်စဉ်စား မိ၏။

“ မင်းက အင်ပါယာ ပြင်ပ ဂိုဏ်းက၊ လာတာလား၊ ငါ့ဓားကို ဆွဲဖို့ ထိုက်တန်တဲ့ ပြိုင်ဘက် ပါပဲ။ "

စီနီယာ ချင်းရွှမ်ဂျွန်၏ ဝေမျှ ချက်များ အရ၊ သူ့ရှေ့ရှိ သန်စွမ်းသော ဤလူငယ်သည်၊ ဘိုင်ယွီနှင့် အတူ၊ ရောက်ရှိ လာသူ ဖြစ်ကြောင်း၊ သတိရ သွား၏။

ဘိုင်ယွီသည် ယခင် နဂါးတံခါး ပြိုင်ပွဲတွင်၊ လွင့်မျော နေသော ရေခွက် လေးနှင့်၊ မတွေ့ဆုံ ရပါက၊ ထိပ်တန်း ဆယ်ဦး စာရင်းသို့၊ ဝင်ရောက် နိုင်သော၊ နတ်ဆိုး လမ်းစဉ် ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။

အဆိုပါ အချက် အလက်များ အရ၊ နတ်ဆိုး ဂိုဏ်းများ အပေါ်၊ အထင်ကြီး ရခြင်းလည်း ဖြစ်သည်။

ကျင်းလိန်က မျက်ခုံး ပင့်ပြီး၊

" ဒါဆို မိစ္ဆာ မီးလျှံ ဂိုဏ်းရဲ့၊ ကျော်ကြားမှုကို မင်းသိနေ တာတောင် ... ဘာလို့ အဲဒီမှာ ရပ်နေ ရတာလဲ၊ စကြာဝဠာ လက်နက်ကို စွန့်ပစ်ပြီး၊ ဒီငရဲ ကနေ ရုန်းထွက် သင့်တယ် မဟုတ်လား၊ ငါ့အစား ငါ့ရဲ့ အစ်ကိုကြီး ဘိုင်ယွီသာ ဆိုရင်၊ အခုလို ရိုးရှင်းတဲ့ လုယက်မှု ဖြစ်လာမှာ မဟုတ်ဘူး။”

“ မိစ္ဆာ မီးလျှံ ဂိုဏ်းရဲ့ ကျော်ကြား မှုလား ...၊ မင်း အရမ်း အတွေးလွန် နေပြီ၊ ငါ့ဓားက နာမည် မရှိတဲ့ သူတွေကို မသတ်ဖူးလို့ ဆိုလို တာပါ။ ”

လင်းယွန်က ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ်လိုက်ကာ၊ ရှန်ရှင်း-တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို ထုတ်လွှတ် လိုက်သည်။

ပန်းသင်္ချိုင်းဓား ထွက်ပေါ် လာ သည်နှင့်၊ သူ့ အသွင် အပြင်မှာ၊ သိသိ သာသာ ပြောင်းလဲ သွားတော့၏။

“ ဘယ်လိုများ ရယ် စရာ ကောင်း …”

ကျင်းလိန်က သူ့ စကားပင် မဆုံး လိုက်ပေ။ မျက်ဝန်း များ၌ ကြောက်ရွံ့ မှုများ ရုတ်ချည်း ပြည့်နှက် လာ၏။

ပြိုင်ဘက် လက်ထဲတွင် ကိုင်ဆွဲ ထားသော ဓားရှည် ကိုသာ မြင်လိုက် ရပြီး၊ လှုပ်ရှားမှုအား မမြင် လိုက်ရပေ။

သတိ ဝင်ချိန်တွင်၊ သူ့ မြင်ကွင်း ထဲ၌ လျှို့ဝှက် နယ်မြေ တစ်ခုလုံး၊ ဇောက်ထိုး မိုးမျှော် ဖြစ်ကုန် လေပြီ။

ခေါင်းပြတ် ကြီးက လိမ့်ဆင်း သွားကာ၊ လင်းယွန်၏ ခြေထောက်ဖြင့် ထိပြီး၊ ရပ်တန့် သွား၏။

လင်းယွန်က သူ့ဓားကို တစ်ချက် မျှသာ၊ လွှဲယမ်း လိုက်ခြင်း ဖြစ်ပြီး၊ ရလာဒ်ကို စိတ်မ၀င်စားမိ တော့ပေ။

“ ကြည့်ရတာ ကြာမိစ္ဆာ နယ်မြေမှာ၊ စကြဝဠာ လက်ရာ တွေက၊ တန်ဖိုး ကြီးပုံ ရတယ်၊ ဒါပေမယ့် ဒီလူ ကတော့ မိုက်မဲ လွန်းပါတယ်။ ”

ပြင်ပမှ ယူဆောင် လာသော စကြာဝဠာ လက်နက် များကို၊ အသုံး မပြု နိုင်သောကြောင့်၊ ဤနယ်မြေ၌ တွေ့ရှိ ရသော လက်နက် များမှာ၊ ပို၍ အသုံးဝင် လာပေသည်။

လင်းယွန်က ကျင်းလိန်၏ သိုလှောင်အိတ်ကို သိမ်းယူ လိုက်ပြီး၊ တိတ်ဆိတ်စွာ ထွက်ခွာ သွားတော့သည်။

ကြာမိစ္ဆာ နယ်မြေ အတွင်း၊ နေရာ အနှံ့ တိုက်ပွဲများ မရပ် မနား ဖြစ်ပွား နေ၏။ ကျင့်ကြံသူ အချို့က၊ နတ်ဆိုး သားရဲ များကြောင့်၊ သေဆုံး ခဲ့ရ သော်လည်း၊ အများ စုမှာ အချင်းချင်း လုယက် ခြင်းဖြင့်၊ သေဆုံး ခဲ့ကြသည်။

မီးခိုးရောင် မြူများ ဖုံးလွှမ်း နေသော မြေပြင်တွင်၊ လူသေ အလောင်းများ ပြည့်နှက် လာ၏။

ကျန်ရှိ နေသော တပည့် များက၊ ထိုအလောင်း ပုံပေါ်ရှိ၊ သွေး အလိမ်းလိမ်း ပေကျံ နေသော၊ လူငယ်ကို ကြည့်ကာ၊ ဒူးထောက် လိုက်ကြသည်။

သူ့ ဓားမှ သွေးများ စီးကျ နေကာ၊ ထွက်ပေါ် လာသော အငွေ့အသက် များက၊ ကြောက်မက်ဖွယ် ကောင်းလွန်း လှ၏။

ထိူလူငယ်သည် သွေးရိုး တံခါး ဂိုဏ်း၏ အမာခံ တပည့် မူရွှမ်းဟန် ဖြစ်သည်။

သွေးဆာ နေသော ဓားသမား ဟုလည်း၊ သိရှိ ထားကြပြီး၊ ယခင် နဂါး တံခါး ပြိုင်ပွဲ၌ အဆင့် (၁၇) နေရာတွင်၊ ရပ်တည် နိုင်ခဲ့သည်။

၎င်း၏ လျင်မြန်သော ဓားချက်ကြောင့်၊ နာမည်ကြီး လာခဲ့ခြင်း ဖြစ်၏။

ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း ရာဂဏန်း ခန့်သာ တန်သော၊ ဝိညာဉ် သစ်သီး တစ်လုံး အတွက်၊ ဂိုဏ်းပေါင်း စုံမှ တပည့်များ အချင်းချင်း၊ အားစမ်း တိုက်ခိုက် နေကြခြင်း ဖြစ်သည်။

သို့သော် မူရွှမ်းဟန် ရောက်လာကာ၊ သူ့လမ်းတွင် ရပ်နေသော မည်သူ့ကို မဆို၊ ရုတ်တရက် သတ်ပစ် လိမ့်မည်ဟု၊ မည်သူမျှ မျှော်လင့် မထား ခဲ့ပေ။

တပည့် များက ဒူးထောက် လျက်ဖြင့်၊ သူတို့၌ ရှိနေသော ကြာနက် အမြုတေများ အားလုံးကို၊ ပေးအပ်ရန် ပြင်လိုက်သည်။

အနက်ရောင် ကြာပန်း သဏ္ဍာန် အမြုတေ များက၊ သွေးများ သောက်ယူ ထားသော၊ ပန်းပွင့်များ ကဲ့သို့၊ ဆန်းပြားသော အဆင်းများ ရှိနေ ပေသည်။

" မူရွှန်းဟန် ...၊ ငါတို့ရဲ့ ကြာနက် အမြုတေ အားလုံး၊ မင်းကို ပေးဖို့ ဆန္ဒ ရှိပါတယ်၊ ကျေးဇူး ပြုပြီး ... ငါတို့ကို အသက် ရှင်ခွင့် ပေးပါ။ ”

“ ဟုတ်ပါတယ် ... မင်း မယုံရင် ငါတို့ရဲ့ သိုလှောင်အိတ် တွေကို၊ စစ်ဆေး နိုင်ပါတယ်။ "

" ကျေးဇူး ပြုပြီး ငါတို့ကို လွှတ်လိုက်ပါ။ "

ဒူးထောက် နေသော တပည့် အားလုံးက၊ အသက် ရှင်သန် ခွင့် အတွက်၊ တောင်းပန် လိုက်ကြသည်။

" ကျွတ်... ကျွတ် "

မူရွှန်းဟန်၏ မျက်လုံး များတွင်၊ အေးစက်သော အငွေ့ အသက်များ တောက်ပ စွာဖြင့်၊ ရယ်မော လိုက်သည်။

" မင်းတို့ အားလုံးကို သတ်ပြီးရင်၊ ကြာနက် အမြုတေတွေ အကုန် လုံးက၊ ငါ့ အပိုင်ပဲ မဟုတ်လား၊ ဘာကြောင့် မို့လို့ ... မင်းတို့ကို အသက် ရှင်ခွင့် ပေးရ မှာလဲ။ "

" မူရွှန်းဟန်... မင်း တွန်းအား မပေး ပါနဲ့။ "

" ပြောမနေနဲ့ သူနဲ့ တိုက်ရအောင်။ "

ဤမျှ သွေးဆာ နေလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားမိပေ။ သေဆုံး ရမည့် အတူတူ၊ ရုန်းကန်ချင် စိတ်များ ဖြစ်လာ သည်မှာ၊ သဘာဝ ပေပင်။

“ လာ စမ်း ပါ .... သိုးတွေကို သတ်ရတာ ပျင်းစရာ ပါပဲ။ ”

မူရွှန်းဟန်က ရယ်သည်။ ရယ်သံ ဆုံးသည်နှင့်၊ လူအုပ် အတွင်းသို့ ၊ ဓားဖြင့် လှမ်းထိုး လိုက်သည်။

သွေးစွန်း နေသော ရောင်ဝါသည် သူ့ဓား၌ အပြည့်အ၀ ပေါင်းစပ် သွားပြီးနာက်၊ ပြန်လည် ထွက်ပေါ် လာသည့် အခါတွင်၊ လူတိုင်းကို ကြောင့်ကြ စိတ်များ ဖြစ်လာ စေသည်။

အေးစက်သော ဟောက်သံ နှင့်အတူ မူရွှန်းဟန်က အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုကို စတင် လာခဲ့သည်။

သူ့ဓားမှာ လျှပ်စီး လက်နေ သကဲ့သို့၊ တစ်ချိန်လုံး ပြေးလွှား နေခဲ့ပြီး၊ သတိ ထားမိ ချိန်တွင် သူ့လက်၌ သွေးများဖြင့်၊ စီးကပ် နေပေပြီ။ မည်သူမျှ သူ့ကို မတားဆီး နိုင်ခဲ့ပေ။

ကြောက်မက်ဖွယ် ကောင်းသော အအေး ဓာတ်များ ပေါက်ကွဲ ထွက်လာပြီး၊ ဓား အလင်းများ ပတ်ဝန်း ကျင်သို့ ပျံနှံ့ သွား၏။

ထွက်ပြေး သွားသော တပည့် များမှာ၊ အဝေးသို့ မရောက်မီ၊ မူချွန်းဟန်၏ ဓား အလင်းဖြင့်၊ ဝါးမြိုခြင်း ခံလိုက် ရသည်။

ဓားကို လွှဲယမ်း လိုက်ချိန်မှ စပြီး၊ အနည်းငယ် မျှပင် ရပ်နား လိုက်ခြင်း မရှိပေ။

သူ့ ပတ်ဝန်းကျင်၌ သွေးများ ဖုံးလွှမ်း လာပြီး၊ ကြာနက် အမြုတေ များထက်ပင်၊ ပို၌ မှော်ဆန် လာစေ၏။

သူက ရယ်မော လိုက်ပြီး၊

“ ကြောင်သူတော် ဂိုဏ်းတွေ၊ ကြာနက် အမြုတေ တွေကို မသန့်စင်ဘဲ၊ ဘာလို့ အဆိပ်မြူ တွေကို ဖယ်ရှား ထားရ တာလဲ၊ နတ်ဆိုး အဆိပ်မြူ တွေက၊ ကြာနက် အမြုတေ အတွက်၊ အာဟာရ ဖြစ်တယ် ဆိုတာကို၊ မသိ ကြဖူးလား။ ''

မူရွှန်းဟန်က သူ့ ပါးစပ်အား ဖွင့်ပြီး၊ ကြာနက်အမြုတေ အားလုံးကို မြိုချ လိုက်သည်။

နောက်တစက္ကန့်တွင် သူ၏ မူလ စွမ်းအင်များ ရုန်းကြွ လာပြီး၊ ကျင့်ကြံခြင်း အဟုန်မှာ တိုးတက် လာ၏။

မျက်လုံး မှိတ်ချ လိုက်ပြီး၊ ကြာနက် အမြုတေ၏ စွမ်းအင် များကို၊ စတင် စုပ်ယူ တော့သည်။

မျက်လုံး ပြန်ဖွင့် လာသော အချိန်တွင်၊ သူ၏ သွေးစွန်းသော ရောင်ဝါသည် ပို၍ပင် အားကောင်း လာခဲ့သည်။

မူရွှန်းဟန်က နှုတ်ခမ်း များကို သပ်လိုက်ပြီး၊

“ ကြာမိစ္ဆာ နယ်မြေက တကယ် ကောင်းတဲ့ နေရာပဲ၊ ဒီနယ်မြေ ထဲမှာ နက်နဲ ဒဿမ အဆင့်ကို ရောက်ရှိ နိုင်တယ်၊ ကျင့်ကြံမှု နည်းစနစ်နဲ့၊ ပျက်စီး နေတဲ့ စကြာဝဠာ လက်နက် တွေကို၊ ရယူနိုင်ရင် ပိုကောင်း လိမ့်မယ်။ ”

ကြာမိစ္ဆာ နယ်မြေ အတွင်းရှိ တောင်ကုန်း တစ်ခု ပေါ်တွင်၊ တန်တုံက ရင်ဘတ်ကို လက်ဖဝါးဖြင့် အုပ်ကိုင်ကာ၊ သူ့ရှေ့တွင် ရပ်နေသော အနက် ရောင်ဝတ် လူငယ်ကို ဒေါသ တကြီး မော့ကြည့် လိုက်သည်။

ကြာမိစ္ဆာ နယ်မြေ ထဲသို့ မဝင်မီ၊ ချင်းရွှမ်ဂျွမ်၏ မိတ်ဆက် ပေးခဲ့ သောကြောင့်၊ ထိုလူငယ်ကို သူသိ ထားသည်။

ဤလူငယ်သည် 'ပျက်စီးခြင်း ခုနစ်ပါး နန်းတော်'မှ ဖြစ်ပြီး၊ ယခင် နဂါး တံခါး ပြိုင်ပွဲတွင်၊ အသက် ဆယ့်ခြောက် နှစ်ဖြင့်၊ အဆင့် (၁၉)ကို ရယူ ထားနိုင် ခဲ့သူ ဖြစ်သည်။

သူ၏ သတ္ထမမြောက် အစွန်းတရား ဆေဘာဓားမှာ၊ နာမည် ကြီးလှ၏။

သို့သော် တန်တုံကို အနိုင် ယူရန် အတွက်မူ၊ သူ၏ ဓားကို အသုံးပြု ဖို့ပင်၊ မလို အပ်ခဲ့ပေ။

" ဂျင်ဂျူး ... မင်း ဒိထက် လုပ်ယူဖို့ လိုသေးလား၊ ငါ့ရဲ့ ကြာနက် အမြုတေ အားလုံးကို၊ ယူပြီး သွားပြီ မဟုတ်လား။ "

" ကောင်းပြီ ...၊ ငါက မင်းကို သတ်ရင် ဘာဖြစ် မလဲ၊ ကြာမိစ္ဆာ နယ်မြေ ထဲကို ဝင်လိုက် တာနဲ့၊ သေခြင်း တရားကို မင်း လက်ခံ ရမယ်၊ ဓားနန်းတော်ရဲ့ တပည့်တွေ အားလုံးက၊ မင်းလို လူတွေ ပဲလား။ ''

ဂျင်ဂျူးက လျစ်လျူရှု ဟန်ဖြင့် ဆိုလိုက်သည်။

" တိတ် စမ်း... "

တန်တုံက ဓားနန်းတော် အပေါ်၊ စွဲချက်တင် ခံရခြင်း အတွက်၊ ဒေါသ ထွက်လာ ခဲ့သည်။

" မပူပါနဲ့ မင်းကို အရင် သတ်ပေးမယ်။ ''

ဂျင်ဂျူး၏ မျက်လုံး များက အထင် အမြင် သေးစွာဖြင့်၊ တောက်ပ လာသည်။

သူ့ဓားကို တစ်ချက် လွှဲလိုက် ရုံဖြင့်၊ ဟန့်တားသော တန်တုံ၏ ဓားမှာ လက်မှ ပြုတ်ကျ သွားသည်။

တစ်ချိန်တည်း မှာပင် တန်တုံ၏ ရင်ဘတ် ပေါ်၌ ကြီးမားသော ပြတ်ရှ ရာကြီး ထပ်မံ ဖြစ်ပေါ် လာ၏။

" သေ ... "

မျက်လုံး များတွင် စာနာမှု တစ်စုံ တစ်ရာ မရှိဘဲ၊ ရှေ့သို့ ခြေတစ်လှမ်း တိုးကာ၊ တန်တုံ၏ လည်မြိုအား ဓားဖြင့်၊ ထိုးဖောက် လိုက်သည်။

သို့သော် ဂျင်ဂျူး၏ ဓားသည် တန်တုံထံ မရောက် မီတွင်၊ ကြက်သွေးရောင် အလင်းများ၊ တောက်လောင် နေသော ဓားတစ်လက်က၊ ပိတ်ဆို့ ဟန့်တား လာ၏။

ထိုဓား ပိုင်ရှင်မှာ ရှင်းယန် ဖြစ်သည်။ တန်တုံကို ကယ်တင်ရန် အတွက် အချိန် မှီလေး ပေပင်။

သူ၏ ဓားကို ဟန့်တား နိုင်ခဲ့သော ရှင်းယန်ကို ကြည့်ကာ၊ ဂျင်ဂျူးက ပြုံးလိုက်၏။

" ဒီမှာ နောက် တစ်ယောက် သေချင် နေတာကိုး ... "

ဂျင်ဂျူးက 'သတ္တမမြောက် အစွန်း တရား ဆေဘာ ဓား' ကို ခင်းကျင်း လိုက်သည်။

တစ်ချိန်တည်း မှာပင် ရှင်းယန်က၊ သွေးမီးလျှံ ဓားကို ကွပ်မျက် ခဲ့၏။

နှစ်ယောက်သား မျက်စိ တစ်မှိတ် အတွင်း၊ အကြိမ်ပေါင်း တစ်ဒါဇင်ကျော် ထိပ်တိုက် ရင်ဆိုင် လိုက်ကြသည်။

“ စိတ်ဝင်စား စရာပဲ။ ”

ဂျင်ဂျူးက အေးစက်စွာ ပြုံးရယ် ပြလိုက် ပြီးနောက်၊ သူ့ ဓားကို ရှေ့သို့ ထပ်မံ တွန်းထုတ် တော့မည့် အချိန် မှာပင်၊ နောက်ထပ် လူရိပ် နှစ်ရိပ် ရောက်ရှိ လာလေသည်။

ထိုပုံရိပ် နှစ်ရိပ်မှာ ရန်ဒင်းနှင့်၊ ဝမ်ဇင် တို့ဖြစ်၏။

ဂျင်ဂျူးက သူ့ကို ပစ်မှတ် ထားချိန်တွင်၊ စစ်ကူများ အနီး အနားတွင် ရှိနေသည့် အတွက်၊ တန်တုံမှာ ကံကောင်း သွားလေသည်။

ထပ်မံ ရောက်ရှိ လာသော လူရိပ် များကြောင့်၊ ဂျင်ဂျူးက ခဏတာ တုံ့ဆိုင်း သွားပြီးနောက်၊ သူ့ ဆေဘာ ဓားကို ရုတ်သိမ်းကာ၊ ထွက်သွားရန် ပြင်ဆင် လိုက်၏။

“ အနည်း ဆုံးတော့ ဓားနန်းတော်က၊ လူတိုင်း အမှိုက် မဟုတ် ဖူးပဲ၊ ငါတို့ ပြန်ဆုံ ကြမယ်။ "

ရိပ်ခနဲ ထွက်ခွာ သွားသော ဂျင်ဂျူး နောက်သို့၊ လိုက်ပါရန် ပြင်ဆင် နေသော ဝမ်ဇင် တို့ကို၊ ရှင်းယန်က ဟန့်တား လိုက်သည်။

“ ထားလိုက်တော့ သူ ထွက်သွားဖို့ စိတ်ပိုင်း ဖြတ်ထားရင်၊ ငါတို့က သူ့ကို မတား နိုင်ဘူး၊ ဂျူနီယာ အစ်ကို တန်ရဲ့ ဒဏ်ရာကို အရင် ကြည့်ရအောင်။ ”

တန်တုံ၏ ရင်ဘတ် ပေါ်ရှိ၊ ကြီးမားသော ပြတ်ရှရာကို ကြည့်လိုက် ပြီးနောက်၊ သူတို့ အားလုံး အေးစက်သော သက်ပြင်းကို မှုတ်ထုတ် လိုက်ကြသည်။

ဒဏ်ရာက ပြင်းထန် လှသော်လည်း၊ ရှင်းယန်၏ စိမ်းပြာ လမင်း သိုင်းဝိညာဉ်ဖြင့်၊ ကံကောင်းစွာ အသက်ကို၊ ကယ်တင် နိုင်ခဲ့သည်။

" ကျေးဇူးတင် ပါတယ် စီနီယာ အစ်မ၊ မင်း အချိန်မီ မလာရင် ဘာဖြစ်မယ် ဆိုတာ ငါ စိတ်ကူး လို့တောင် မရဘူး။ ”

ဟု တန်တုံက ဆိုသည်။

“ ကြာမိစ္ဆာ နယ်မြေက တကယ်ကို ကြောက်စရာ ကောင်းတယ်၊ လမ်းတလျှောက် အလောင်းချင်း ထပ်နေတယ်။ ”

“ ရက်စက် လွန်းတယ်၊ တချို့ အလောင်းတွေဆို နက်နဲ နယ်ပယ်ရဲ့ အဋ္ဌမ အဆင့်က တပည့်တွေပါ။ ”

ဝမ်ဇင်နှင့် ရန်ဒင်းက၊ စကား စမြည် ပြောဆို နေကြ၏၊ သူတို့၏ မျက်နှာ အမူအရာ များတွင်၊ ထိတ်လန့် ဟန်များ စွန်ထင်း နေသည်။ အဆင် ပြေပုံ မရပေ။

တန်တုံက မတ်တပ် ရပ်ရန် အားပြု လိုက်ပြီး၊

“ ငါတို့ လေးယောက် အတူ ရှိနေပြီး နောက်တော့ ... အဆင်ပြေ သင့်တယ် မဟုတ်လား၊ ဒါပေမယ့် ဂျူနီယာ လင်းက ဘယ်ရောက် နေမှန်း မသိ သေးဘူး… ဒီနေရာက တစ်ယောက်တည်း နေဖို့၊ ရက်စက် လွန်းတယ်။ ”

" မင်း သူ့အတွက် စိတ်ပူ စရာ မလို ပါဘူး၊ ငါတို့ထက် သူ့က အတွေ့ အကြုံ ပိုရှိတယ်၊ ယခုပဲကြည့် သူ့ရဲ့ ဓား ရည်ရွယ်ချက်က ငါတို့ နားလည် နိုင်တဲ့ အရာ မဟုတ်ဘူး၊ ငါတို့အားလုံး သူ့ရဲ့ တကယ့် ခွန်အား အပေါ်၊ လျှော့တွက် မိမှာကို၊ ငါ ကြောက်တယ်။ ”

ဟု ရှင်းယန်က ပြုံးကာ ဆိုလိုက်သည်။

ထို့ထက် ပို၍ ရှင်းယန်က တခြား အရာ များကို၊ ထပ်မဆို တော့ပေ။ ကြာမိစ္ဆာ နယ်မြေ၌ လင်းယွန်၏ ရိတ်သိမ်း နိုင်မှုမှာ၊ သူတို့ အားလုံးထက် ပိုမို များပြား နေမည်မှာ၊ သေချာသည်။

***

All Chapters