← Chapters

သန်မာသော ပြိုင်ဘက်။

Vol. 26 Ch. 358

သန်မာသော ပြိုင်ဘက်။

Vol. 26 Ch. 358

" မင်းက လင်းယွန် အတွက် စိတ်ပူ စရာ မလို ပါဘူး၊ ငါတို့ အားလုံး ...၊ သူ့ရဲ့ တကယ့် ခွန်အား အပေါ်၊ လျှော့တွက် နေမိ မှာကို၊ ငါ ကြောက်တယ်။ ”

ရှင်းယန်က ပြုံးကာ နှစ်သိမ့် လိုက်သည်။ ထို့ထက် ပို၍ တခြား အရာ များကို၊ သူ မပြော တော့ပေ။

ကြာမိစ္ဆာ နယ်မြေ၌ လင်းယွန်၏ ရိတ်သိမ်း နိုင်မှုမှာ၊ သူတို့ အားလုံးထက် ပိုမို များပြား နေမည်မှာ၊ သေချာသည်။

သူတို့ စိတ်ပူ နေသော လင်းယွန်မှာ၊ တစ်ဝက် တစ်ပျက် ပြိုကျ ပျက်စီး နေသော၊ အဆောက် အဦး တစ်ခု ရှေ့တွင်၊ တင်ပျဉ်ခွေ ချိတ်ထိုင် နေသည်။

သူ့ရှေ့တွင် ကြာနက် အမြုတေ အလုံး သုံးဆယ်ကျော် ရှိပြီး၊ အများ စုတွင် ပွင့်ချပ် သုံးချပ် ရှိ၏။

ကြာနက် အမြုတေ များတွင်၊ ပွင့်ချပ် သုံးချပ် တည်းသာ၊ ပါရှိ သည်ဟု မဆို လိုခြေ။

ပန်း နှလုံး သားအား၊ ဖုံးအုပ် ထားသော အလယ် ဗဟိုရှိ၊ ပွင့်ချပ် အရေ အတွက် များကို၊ ဆိုလို ခြင်းသာ ဖြစ်သည်။

ပွင့်ချပ် နှစ်ချပ်သာ ရှိသော ကြာနက် အမြုတေ များသည်၊ ပွင့်ချပ် သုံးချပ် ပါရှိသော၊ ကြာနက် အမြုတေ များထက်၊ ဖျော့တော့ နေသည်။

ပွင့်လေးချပ် လေးချပ် ပါရှိသော အမြုတေကို၊ မရ ယူနိုင် သေးသည့် အတွက်၊ သူ့ကိုယ်သူ စိတ်ပျက် လာမိသည်။

ကြာနက် အမြုတေများ အပြင်၊ ဝိညာဉ် ဆေးပင် အချို့ကိုလည်း၊ ရှာဖွေ တွေ့ရှိ ထားသည်။

ဝိညာဉ် ဆေးဖက်ဝင် အပင်များ ထဲရှိ၊ 'နက်ပြာရောင် ရေခဲ မီးတောက် သစ်သီး'က၊ ဥပမာ ဖြစ်သည်။

ပိုင်ဆိုင်မှု များရှိ တစ်ဝက်ကို၊ သူကိုယ်တိုင် ရိတ်သိမ်း ထားပြီး၊ ကျန် တစ်ဝက်မှာ သတ်ဖြတ် ခြင်းမှ၊ ရရှိ လာခြင်း ဖြစ်၏။

နက်ပြာရောင် ရေခဲ မီးတောက် သစ်သီးသည်၊ ဤနေရာတွင် တန်ဖိုး အရှိဆုံး သဘာဝ ရတနာ ဖြစ်ပြီး၊ ၎င်းကို တွေ့လိုက် ရခြင်းမှာ၊ ကံကောင်းခြင်း တစ်ခု သာပင်။

ကြာမိစ္ဆာ နယ်မြေ အတွင်း၊ တစ်နေ့တာ ကုန်ဆုံး ပြီးနောက်၊ သူ၏ ရိတ်သိမ်း နိုင်မှုမှာ၊ အလွန်တရာ ကြေနပ် စရာ ကောင်းပေသည်။

သို့သော် ကြာမိစ္ဆာ နယ်မြေ၏၊ ရက်စက် ကြမ်းကြုတ် မှုကို သတိရ သွားသော အခါတွင်၊ ကျောရိုး တစ်လျောက် အေးစိမ့် သွား၏။

အရာ အားလုံးကို မသိမ်း ဆည်းမီ၊ စာရင်း တစ်ခု အကြမ်းဖျင်း ပြုလုပ် မိသည်။

ရိတ်သိမ်း ထားသော အရင်း အမြစ် များမှာ၊ နက်နဲ အဋ္ဌမ အဆင့်သို့ တက်လှမ်းရန်၊ မလုံလောက် သေးသောကြောင့်၊ ရတနာ များကို သန့်စင် ရမည့်၊ အချိန် မကျ သေးပေ။

အောင်မြင်မှု တစ်ခု ရယူ နိုင်လောက်သည် အထိ၊ အရင်း အမြစ် များကို ထပ်မံ စုဆောင်းချင်သည်။

မျက်ဝန်းများ တဖျပ်ဖျပ် တောက်ပ လာပြီး၊ အပျက် အစီး နယ်မြေ များကို ကြည့်ရန်၊ ပြိုကျ နေသော အဆောက် အဦး၏၊ အမိုး ပေါ်သို့ ခုန်တက် လိုက်၏။

ပတ်ဝန်းကျင် လေထု ထဲ၌၊ စိမ့်တက် သွားစေသည် အထိ၊ အေးစက်သော အငွေ့ အသက် များက၊ ရစ်သိုင်း နေသည်။

အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေတွင်၊ အလားတူ ခံစား ချက်မျိုး၊ ပေးစွမ်း နေသည့် နယ်မြေ တစ်ခုကို၊ သူ တွေ့ရှိ ခဲ့ဖူးသည်။

၎င်းကို ယခု ထပ်မံ တွေ့ရှိ လိုက်ရ ခြင်းကြောင့်၊ စိတ်ရှုပ်ထွေး သွားသည်။

ကြာမိစ္ဆာ နယ်မြေသည်၊ ဘာသာရေး ဂိုဏ်းတစ်ဂိုဏ်း၏ နယ်မြေ ဖြစ်ကြောင်း၊ သိရှိထား သော်လည်း၊ ယင်းနှင့် ပတ်သက်သော အထောက် အထား တစ်စုံ တစ်ရာမျှ၊ မကျန် ရှိတော့ပေ။

ပတ်ဝန်း ကျင်အား ကြည့်ရန်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ ထုတ်ဖော်ပြီး ရွှေကျီးကန်း တစ်ကောင် ကဲ့သို့၊ ကောင်းကင်၌ ပျံဝဲ လိုက်သည်။

မကွာ ဝေးသော အရပ်များ ဆီ၌၊ ရတနာ တစ်ပါး တစ်လေကြောင့်၊ ခိုက်ရန် ဖြစ်ပွား နေသော၊ တပည့် အချို့ကို လှမ်းမြင် လိုက်ရသည်။

သို့သော် ၎င်းတို့အား လျစ်လျူရှုကာ၊ ထို 'ရတနာများ' ကို တစ်ချက် မျှသာ၊ လှမ်းကြည့် ဖြစ်၏။

ရုတ်တရက် ပြင်းထန်သော ဝိညာဉ် ရေးရာ အတက် အကျ လှိုင်းကို၊ သတိထား မိသွား သောကြောင့်၊ အပျက် အစီးများ ပေါ်သို့ ဆင်းသက် လိုက်သည်။

သူသာ မှန်ကန်စွာ ခန့်မှန်း နိုင်ခဲ့ ပါလျှင်၊ သည်နေရာ၌ 'ခင်းကျင်းမှု' တစ်စုံ တစ်ရာ၊ ရှိသင့် ပေသည်။

လက်များကို ဝှေ့ယမ်းပြီး၊ အပျက် အစီး များအား၊ တွန်းဖယ် လိုက်၏။ အပျက်အစီး ပုံအောက်၌၊ အနက်ရောင် 'အခင်း အကျင်း' တစ်ခု ထွက်ပေါ် လာသည်။

( အစီ အရင်= တစ်စုံ တစ်ရာကို ရည်ညွှန်း တည်ဆောက် ထားသော၊ အချက် အလက်များ။ )

ထို အခင်း အကျင်း၏ အလယ် ဗဟိုမှ၊ အလင်းရောင် ဖျော့ဖျော့များ ထုတ်လွှတ် နေသည်။

ယင်းမှာ ထူးခြားသော 'တည်နေရာ ပြောင်းရွေ့ အစီ အရင်' ဖြစ်ကြောင်း၊ မှန်းဆ နိုင်ခဲ့သည်။

သူက အနည်းငယ် တုံ့ဆိုင်းသွား ပြီးနောက်၊ 'ခင်းကျင်းမှု' ထဲသို့ ခုန်ချ လိုက်တော့၏။ အဆုံး မရှိသော ချောက်ထဲသို့၊ ပြုတ်ကျ သွားသလို၊ လှပ်ခနဲ ခံစား လိုက်ရသည်။

နောက်ဆုံး၌ သူ့ ခြေထောက်များ၊ ကြမ်းပြင်နှင့် ထိမိ သွားမှ သာလျှင်၊ ခံစား ချက်များ ပြေလျော့ သွားသည်။

ပတ်ဝန်း ကျင်ကို ဝေ့ကြည့် လိုက်ရာ၊ ဟောင်းနွမ်း နေသော အခန်းငယ် တစ်ခု ထဲသို့၊ ရောက်ရှိ နေကြောင်း၊ သိလိုက် ရ၏။

အခန်း အတွင်း၊ ပျက်စီး နေသော ကျောက်စိမ်း ပုလင်း များဖြင့်၊ ပြည့်နှက် နေကာ၊ အရာ အားလုံး ရှုပ်ပွ နေပေသည်။

မူလ စွမ်းအင် အတက် အကျ များနှင့် အတူ၊ အဝေးမှ ပျံ့လွင့် လာသော တိုက်ခိုက် နေသံ များကိုလည်း၊ အမှတ် မထင် ကြားလိုက် ရ၏။

ကြာမိစ္ဆာ နယ်မြေ အတွင်း၊ တည်နေရာပြောင်း မှော်အစီ အရင်များ၊ များစွာ ရှိနေပုံ ရပြီး၊ ဤနေရာသို့ ရောက်ရှိလာ နိုင်သူမှာ၊ သူ တစ်ဦးတည်း မဟုတ် နိုင်ပေ။

ရုန်းရင်း ဆန်ခတ် သံများကို၊ ခဏကြာ အာရုံ စိုက်မိ ပြီးနောက်၊ အခန်း အတွင်း ထပ်မံ ဝေ့ကြည့် လိုက်သည်။

မပြည့်စုံသော ပညာရပ် ဆိုင်ရာ ကျောက်စိမ်း ပြားများမှ လွဲ၍၊ အခြား အဖိုး တန်သော အရာ များကို မတွေ့ရှိ ခဲ့ပေ။

ကျောက်စိမ်းပြား တစ်ပြားကို နဖူး ပေါ်တင် လိုက်ပြီး၊ အတွင်း ထဲရှိ အချက် အလက် များကို စုပ်ယူ လိုက်သည်။

စကားလုံး အချို့သာ ပါရှိသော၊ နည်းစနစ်တစ်ရပ် ဖြစ်၏။ ဂိုဏ်း၏ အကြီးအကဲ များမှ၊ ဆင်းသက် လာသော ပညာရပ် တစ်ခုသာ ဖြစ်နိုင်၏။

ရှေးဟောင်း ပညာရပ် တစ်ရပ် ဟုတ်ပုံ မရ သော်လည်း၊ တစ်နေရာ ရာ၌ အကျိုး ရှိနိုင် ပေမည်။

ထို့ကြောင့် ကျောက်စိမ်း ပြားများကို သိမ်းဆည်း လိုက်ကာ၊ အခန်း အတွင်းမှ ထွက်လာ မိသည်။

အခန်း တွင်းမှ ထွက်ခွာ ပြီးနောက်၊ နောက်ထပ် အခန်း များစွာကို၊ တွေ့မြင် လိုက်ရသည်။

၎င်းမှာ များပြား လှသော အခန်းငယ် များဖြင့်၊ ဖွဲ့စည်း ထားသည့် မြေအောက် နန်းတော် တစ်ခု ဖြစ်ကြောင်း၊ အကြမ်းဖျင်း ခန့်မှန်း နိုင်သည်။

အခန်းဖွဲ့ စည်းပုံမှာ ဝင်္ကပါ ကဲ့သို့၊ ရှုပ်ထွေး နေသော်လည်း၊ သူ့တွင် ဦးတည်ရာ ပန်းတိုင် မရှိ သောကြောင့်၊ ထိတ်လန့် သွားခြင်း မရှိခြေ။ ခြေဦး တည့်ရာသို့ ရောက်တက် ရာရာ လျှောက်လှမ်း သွားနေ မိသည်။

လှည့်ပတ် ကြည့်နေ ဆဲမှ နီးစပ်ရာ၊ ခန်းဆောင် တစ်ခု ထဲသို့၊ လှမ်းဝင် လိုက်၏။

အခန်း အတွင်း ကျောက်သား နရံ များဖြင့် ကာရံ ထားကာ၊ ယခင် ထွက်ခွာ လာသော အခန်းနှင့်၊ တူညီသော ဖွဲ့စည်းပုံ ရှိပေသည်။

တစ်ခု တည်းသော ခြားနား ချက်မှာ၊ အခန်းထောင့်၌ လူနှစ်ယောက် ရှိနေခြင်း ဖြစ်သည်။ ထိုသူ နှစ်ယောက်မှာ အသက် ဓာတ်များ ခမ်းခြောက် နေပေ၏။

အလောင်းကောင် များမှာ၊ ကြာမိစ္ဆာ နယ်မြေသို့ ရောက်ရှိ လာပြီးနောက်၊ အချင်းချင်း တိုက်ခိုက် ခဲ့ကြသော၊ တပည့် နှစ်ဦး ဖြစ်ကောင်း ဖြစ်နိုင်သည်။

သူတို့၏ သိုလှောင်အိတ် အတွင်း၊ မည်သည့် ရတနာမျှ ရှိမနေ တော့ပေ။

ဆိုလို သည်မှာ ၎င်းတို့သည်၊ သူတို့၏ ကြာနက် အမြုတေ များနှင့်၊ ဝိညာဉ် ရေးရာ ဆေးဖက်ဝင် အပင် များကို၊ သန့်စင် ပြီးသား ဖြစ်နိုင် သည်ဟု ဆိုလိုသည်။

သို့သော် သိုလှောင်အိတ် များတွင်၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း၊ အလုံး (၂၀၀၀ ) နီးပါးခန့်၊ ကျန်ရှိ နေသေး သည်ကို၊ အံ့သြစွာတွေ့ရှိ လိုက်သည်။

အလောင်းကောင် နှစ်ကောင်မှာ၊ ဂိုဏ်းတစ်ဂိုဏ်း၏ အမာခံ တပည့်များ၊ ဖြစ်ကောင်း ဖြစ်နိုင်၏။

သို့သော် ဤနေရာ၌၊ လူမသိ သူမသိ သေဆုံး ခဲ့ရ သောကြောင့်၊ ကျင့်ကြံမှု လမ်းခရီးမှာ၊ မည်မျှ ခက်ခဲ လှသည်ကို၊ တွေ့မြင် ရပေမည်။

ဒုတိယမြောက် အခန်း အတွင်းမှ၊ ထွက်ခွာ လာပြီးနောက်၊ အခြားသော အခန်း များစွာကို ဝင်ရောက် ကြည့်ရှု ခဲ့သည်။

တန်ဖိုး မရှိသော၊ ပညာရပ် ဆိုင်ရာ ကျောက်စိမ်းပြား များသာ ရရှိ ခဲ့၏။ ၎င်းတို့ အတွက် သင့်တော်သော၊ ဒုတိယတန်း ဝိညာဉ် ကျောက်စိမ်း များဖြင့်၊ လဲလှယ် ရရှိ နိုင်သည်။

အခန်းပေါင်း များစွာ ဝင်ထွက် ရှာဖွေ ပြီးနောက်၊ အဝေးမှ လာသော တိုက်ပွဲ သံများကို၊ ဖျတ်ခနဲ ကြားလိုက် ရသည်။

“ ရတနာ တစ်ခု ခုကြောင့်၊ သူတို့ တိုက်ခိုက်နေကြတာပဲ ဖြစ်ရမယ်။ ”

ဤသည်မှာ ကြာမိစ္ဆာ နယ်မြေ ဖြစ်သည်။ တစ်စုံ တစ်ရာသော ရတနာကို ရိတ်သိမ်းခွင့် မကြုံခဲ့ လျှင်ပင်၊ စိတ်ရှည် သည်းခံ နေသ၍၊ သင့်တော်သော အရင်း အမြစ်များ ရနိုင်မည်။

အသံ ထွက်ပေါ် လာသည်နှင့်၊ နီးကပ်လာ သည်နှင့် အမျှ၊ မူလ စွမ်းအင် များကို ပြန်လည် ရုတ်သိမ်း ထားလိုက်သည်။

ခပ်လှမ်းလှမ်း ဆီမှ ကျောက်မျက် များဖြင့်၊ အလှဆင် ထားသော ခန်းမကြီး တစ်ဆောင်ကို၊ လှမ်းမြင် လိုက်ရသည်။

ပြိုးပြက် လင်းလက် နေသော အလင်း ရောင်များ ထွက်ပေါ် နေကာ၊ နန်းတော်ကြီး တစ်ဆောင်လို ခမ်းနား ထည်ဝါ လှပေ၏။

ဟောင်းနွမ်း ပျက်စီး နေသော အခန်းများ အလယ်၌၊ ဒေါင်း တစ်ကောင် ကဲ့သို့ ဝင့်ထည်နေ၏။

ခန်းမ ထဲ၌ လူ ဆယ်ယောက် ကျော်ခန့် စုရုံးနေသည်။ ခန်းမ အလယ်တွင် ခေါင်းငိုက်စိုက်ကျနေသော အဖိုးအို တစ်ဦး၊ ထိုင်လျက် ရှိနေ၏။

သူ ခန္ဓာတွင် ဖုန်မှုန့် များဖြင့် ဖုံးလွှမ်း နေပြီး၊ မည်သည့် အချိန်က သေဆုံး သွားခဲ့ သည်ကို၊ မည်သူမျှ မခန့်မှန်း နိုင်ပေ။

တစ်ချိန်တည်း မှာပင် ထိုအဖိုးအို လက်ထဲရှိ၊ မြေမှုန့်များ ဖုံးလွှမ်း နေသော၊ ရှေးဟောင်း ဓားတစ်လက် ကိုလည်း၊ သတိပြု မိသည်။

" ထွက် သွား ... ဒီဓားရဲ့ ပိုင်ရှင်က ငါပဲ၊ ငါ့ဆီ ကနေ ဘယ်သူမှ လုယူခွင့် မရှိဘူး။ ”

" မင်း နေ့ခင်း ကြောင်တောင် အိပ်မက် မက်နေတာလား။ "

" သေ စမ်း .... "

“ ဘယ်လို အမှိုက် တွေလဲ၊ ထွက် သွား ...."

တိုက်ပွဲ များကို လျစ်လျူရှု ပြီးနောက်၊ လင်းယွန်၏ အကြည့် များက၊ ရှေးဟောင်း ဓားရှည် ပေါ်သို့၊ ကျရောက် သွား၏။

ဤရှေးဟောင်း ဓားရှည်မှာ၊ စကြဝဠာ လက်ရာ တစ်ခု ဖြစ်ပြီး၊ ၎င်း၏ စွမ်းပကားကို အမှန်တကယ် ထိန်းသိမ်း ထားနိုင် ခဲ့သည်။

သည်ဓားကို ရယူ နိုင်ပါက၊ သူ့ အသက် အတွက် အာမခံချက် ရရှိ ခြင်းပင် ဖြစ်၏။

ထိုအချက် တစ်ခု တည်းဖြင့်ပင်၊ ရှေးဟောင်း ဓားရှည်မှာ၊ စိတ်ဝင် စားစရာ ကောင်းလာ ခဲ့သည်။

အဘိုးအို လက်ထဲရှိ ရှေးဟောင်း ဓားအတွက်၊ လူတိုင်း တိုက်ခိုက် နေကြ စဉ်တွင်၊ သိပ်သည်းသော မူလ စွမ်းအင်များ၊ အခန်းတွင်း ရိုက်ခတ် လာ၏။

ရုတ်တရက် ပြင်းထန်သော လေပြင်းများ တိုက်ခတ် လာမှုကြောင့်၊ တိုက်ခိုက် နေသော လူအုပ် ကြီးမှာ၊ အခန်း ထောင့်သို့ လွင့်စင် သွားခဲ့သည်။

လူတိုင်းက ထိတ်လန့် သွားပြီး၊ လေပြင်းများ၏ ဦးတည် ရာသို့ လှမ်းကြည့် လိုက်ရာ၊ သူတို့ ယူဆထား သကဲ့သို့၊ လေပြင်းများ တိုက်ခတ် လာခြင်းမျိုး မဟုတ် ခဲ့ဘဲ၊ လူတစ် ယောက်၏ နောက်ဆက်တွဲ ပုံရိပ်များ ဖြစ်ကြောင်း၊ သိရှိ လိုက်ကြသည်။

နောက်ဆက်တွဲ ပုံရိပ် ပိုင်ရှင်က၊ အဖိုးအို ရှေ့သို့ ရောက်ရှိ သွားပြီး၊ ရှေးဟောင်း ဓားရှည်ကို မဆိုင်း မတွ ဆုပ်ကိုင် လိုက်သည်။

ဤသည်မှာ လူအုပ်ကြီး ထံမှ သတ်ဖြတ် လိုသော ရည်ရွယ် ချက်များ၊ ဖြစ်ပေါ် လာစေ တော့သည်။

အဆိုပါ ရတနာ ဓားရှည် အတွက်၊ တိုက်ပွဲ ဖြစ်ပွား လာခဲ့ သည်မှာ၊ ကြာမြင့် နေပြီ ဖြစ်သည်။

သို့ဆို ပါလျှင် တစ်စုံ တစ်ဦးမှ၊ ယူဆောင် သွားခြင်းကို၊ မည်သူမျှ ခွင့်ပြုရန် ဆန္ဒ ရှိမည် မဟုတ်ပေ။

" ရှေးဟောင်း ဓားရှည်ကို ချန်ထား ခဲ့စမ်း ... "

“ မင်းက သေချင် နေတာလား၊ နက်နဲ သတ္တမ အဆင့် ခွန်အား လေးနဲ့ ...၊ မင်းလက်ကို ထုတ်ရဲ တယ်လား။ ”

" ဓားနန်းတော်ရဲ့ တပည့် တစ်ယောက် ဖြစ်တာနဲ့ပဲ၊ ငါတို့ မင်းကို ဘာမှ မလုပ်ဝံ့ ဖူးလို့ မထင် လိုက်နဲ့။ "

" ဘာလို့ အချိန်ဖြုန်း နေရ တာလဲ၊ သူ့ကို သတ်ရအောင်။ "

“ သတ် ... ”

လင်းယွန်၏ ကျင့်ကြံ မှုမှာ၊ သတ္တမ အဆင့် တွင်သာ ရှိနေသေး သည်ကို၊ တွေ့လိုက် ရသော အခါတွင်၊ လူတိုင်းက အထင် သေးစွာ၊ လှောင်ပြောင် လိုက် ကြသည်။

ထို့ကြောင့် သူတို့က တုံ့ဆိုင်း မနေဘဲ၊ ချက်ချင်းပင် စွဲချက် တင်လာ ကြ၏။

ရှေးဟောင်း ဓားကို၊ စစ်ဆေး နေသော လင်းယွန်၏ မျက်လုံး များတွင်၊ အေးစက်သော အရိပ် အယောင်များ ဖြစ်ပေါ် လာသည်။

ရှေးဟောင်း ဓားရှည်ကို ကိုင်ထား လျက်ဖြင့်၊ဓားအား လွှဲယမ်းကာ၊ ဓား အလင်းအား ထုတ်လွှတ် လိုက်သည်။

ရှေးဟောင်း ဓားရှည်မှာ၊ တုန်ယင် သွားပြီး ၎င်းပေါ်ရှိ ဖုန်မှုန့်များ ရုတ်တရက် လွင့်ထွက် သွားသည်။

၎င်းသည် ပေါ့ပေါ့ ပါးပါး လွှဲယမ်း လိုက်ပုံ ရသော်လည်း၊ သိပ်သည်းသော ဓား အလင်းမှာ၊ ပေါက်ကွဲ သွားကာ၊ ချက်ချင်းပင် လူ ဆယ်ဦးကျော်အား သေဆုံး သွားစေ ခဲ့သည်။

" ငါတို့က နတ်ဆိုး တစ်ကောင်ဆီ ပြေးသွား မိပြီ။ ”

" သူ ...သူက လင်းယွန်ပဲ ...၊ ဓားနန်းတော်က ဘီလူး။ ”

ကျန်သူ များက လင်းယွန်ကို၊ ကြောက်လန့် တကြား ကြည့်ကာ၊ ချက်ချင်းပင် ပြန်လှည့် ပြေးသွား ကြသည်။

" သေ .... "

သူတို့ ဝင်ပေါက်သို့ ရောက်ရှိ ခါနီးတွင်၊ သူတော်စင် ဂီတ သံစဉ်များ ထွက်ပေါ် လာပြီး၊ မူလစွမ်းအင်လှိုင်းများက ဆီးကြို ရိုက်ခတ် လာတော့သည်။

အဆိုပါ တိုက်ခိုက် မှုကြောင့်၊ လူ ဆယ်ဦးကျော် ထပ်မံ သေဆုံး သွား၏။

အသက်ရှင် ကျန်ရစ် သူများပင်၊ ဒဏ်ရာ ကြီးငယ်များ ရရှိသွား ကုန်သည်။

" ထွက်သွား ... ငါ့ လမ်းမှာ ထပ်ပေါ် မလာနဲ့။ "

ရုတ်တရက် အခန်းဝ ဆီ၌ ပြုံးရွှင် နေသော၊ လူ တစ်ယောက် ထွက်ပေါ် လာကာ၊ အော်ဟစ်လိုက်၏။

'' ဝှစ် ....... ''

သူ့လက်သီး ချက်ကြောင့် တပည့် တစ်ဦးမှာ၊ ဘောလုံး တစ်လုံး ကဲ့သို့၊ ကြမ်းပြင်ပေါ် လိမ့်ကျ သွား၏။

ဤကပ်ဆိုးမှ သန်မာသော သူ အချို့သာ

လွတ်မြောက် သွား၏၊ ထို့ကြောင့် အခွင့် အရေးကို ချက်ချင်း ရယူ၍၊ ထွက်ပြေး သွားကြသည်။

' မိစ္ဆာ တစ်ရာ တံခါးဝ' ဂိုဏ်း၏ ဖန်းယီ။

တံခါး ဝမှ ဝင်ရောက် လာသော သူကို၊ မှတ်မိ လိုက် သောကြောင့်၊ လင်းယွန်က မျက်ခုံး ပင့်လိုက်သည်။

၎င်းသည် နတ်ဆိုး ဂိုဏ်းသား ဘိုင်ယွီ ကဲ့သို့ပင်၊ ကျော်ကြား ခဲ့သူ ဖြစ်သည်။

လွန်ခဲ့သော သုံးနှစ်က၊ လွင့်မျော နေသော ရေခွက်ကို ရှုံးနိမ့်ကာ၊ နဂါးတံခါး ပြိုင်ပွဲမှ၊ လှည့်ပြန် လာခဲ့ ရ၏။ ယခု ချိန်၌ မည်မျှ သန်မာ မည်ကို သူ သာလျှင်၊ အသိဆုံး ဖြစ်ပေမည်။

အလွန် ကြောက်စရာ ကောင်းသော ပြိုင်ဘက် ဖြစ်သည်ကို၊ လင်းယွန်က သိလိုက် သောကြောင့်၊ သတိ လက်လွတ် ပြုမူခြင်း မပြုရန်၊ သူ့ကိုယ်သူ သတိ ပေးလိုက် မိသည်။

အတွေးနက် နေစဉ် မှာပင်၊ လင်းယွန် လက်ထဲရှိ ရှေးဟောင်း ဓားရှည်မှာ၊ ကျိုးကျ သွားသည်။ ဓားရိုးကို ပြန်ငုံ့ ကြည့်ပြီးနောက်၊ မချိပြုံး ပြုံးလိုက် မိလေသည်။

အထူး သဖြင့် ဓား၏ ဇာစ်မြစ်ကို စဉ်းစား နေစဉ် မှာပင်၊ စကြာဝဠာ လက်နက်မှာ၊ အမှန်တကယ် ကျိုးသွား လိမ့်မည်ဟု၊ မမျှော်လင့် ထားခဲ့ မိပေ။

ကျိုးသွားသော ဓားရှည်ကို လှမ်းကြည့်ပြီး၊ ဖန်းယီက မျက်မှောင်ကြုတ် လိုက်သည်။

“ နောက်ထပ် ပျက်စီး နေတဲ့၊ စကြာဝဠာ

လက်နက်လား၊ ဒီမှာ ရတနာ တစ်ခု ရှိနေလိမ့် မယ်လို့ ...၊ ငါ ထင်ခဲ့တာ။ "

ကြာမိစ္ဆာ နယ်မြေတွင်၊ ပျက်စီး နေသော စကြာဝဠာ လက်ရာများ၊ အများ အပြား ရှိသည်။

ထို့ကြောင့် ဖန်းယီက ကျိန်ဆဲ ရုံမျှသာ တုန့်ပြန် လိုက်ပြီး၊ ၎င်းအပေါ် အလွန် အမင်း မစဉ်းစားခဲ့ပေ။

စကားဆုံး သည်နှင့် သူ့ အကြည့် များက၊ လင်းယွန်ပေါ် ရောက်သွားပြီး၊ အေးစက်သော အလင်း ရောင်များ တောက်ပ လာ၏။

လင်းယွန်က ဖန်းယီကို ပြုံးပြ လိုက်ပြီး၊

“ ရှေးဟောင်း ဓားရှည်က ကျိုးသွားပြီ၊ မင်း ငါနဲ့ တိုက်ချင် သေးလား။ "

ဟု လှမ်းမေး လိုက်သည်။

သူ့၌ ရွေးချယ်ခွင့် ရှိပါလျှင်၊ တိုက်ခိုက် ခြင်းကို ရှောင်ရှား လိုပေသည်။ ၎င်းမှာ ပြိုင်ဘက်ကို ကြောက်ရွံ့ နေသည်ဟု မဆိုလို။

“ ဟဲ ဟဲ ...၊ မင်းက တော်တော် သန်မာ တာပဲ၊ မီတာ ရာဂဏန်း အကွာ ကတောင်၊ မင်းရဲ့ ဓားကို ငါ ခံစားနိုင် ခဲ့တယ်၊ ဒါပေမယ့် မင်းရဲ့ ရတနာ တွေက၊ ငါ့ကို ပို စိတ်ဝင်စား စေတယ်။ "

လင်းယွန်၏ သိုလှောင်အိတ်ကို စိုက်ကြည့်ကာ၊ ဖန်းယီက ပြုံးလိုက်သည်။

“ ငါ့မှာ ရတနာတွေ အများကြီး ရှိပါတယ်၊ ဒါပေမယ့် မင်း ငါ့ဆီ ကနေ၊ မယူ နိုင်မှာကို၊ ငါ ကြောက်မိတယ်။"

တိုက်ပွဲက ရှောင်လွှဲ နိုင်ပုံ မရ တော့သောကြောင့်၊ လက်ကို ဝှေ့ယမ်းကာ၊ ပန်းသင်္ချိုင်း ဓားအား၊ ဓားသေတ္တာ ထဲမှ ဆင့်ခေါ် လိုက်သည်။

ထို့နောက် နှစ်ယောက်သား မျက်နှာချင်း ဆိုင်လျက်၊ တစ်ယောက်ကို တစ်ယောက် တင်းမာစွာ စိုက်ကြည့် လိုက်ကြ၏။

တစ်ချိန်တည်း မှာပင်၊ နှစ်ပေါင်း များစွာ သေဆုံးနေ ခဲ့သော၊ အဖိုးအို၏ လက်ချောင်း များက၊ ဓားကျိုး ပေါ်သို့ ကျရောက် သွားသည်ကို၊ သတိ မထား မိခဲ့ကြပေ။

***

All Chapters