← Chapters

ရှေးဟောင်းနတ်ဘုရားတို့၏ ‌ကောင်းချီးများကို ဖျက်စီးခြင်း

Vol. 61 Ch. 804

ရှေးဟောင်းနတ်ဘုရားတို့၏ ‌ကောင်းချီးများကို ဖျက်စီးခြင်း

Vol. 61 Ch. 804

အားလုံး လေ့လာပြီးသည့်အခါ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ထုတ်နုတ်ပြီးသွားကြသည်။ ထို့နောက် တစ်ယောက်စီက ဦးတည်ရာတစ်ခုစီ ရွေး၍ ထိုဦးတည်ရာအတိုင်း ဆက်လက် လေ့လာကြ၏။

မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများသည် အလွန်ကြီးမားသော ကျင့်စဉ်စနစ်တစ်ခု ဖြစ်သည့်အတွက် တစ်ယောက်တည်းနှင့် အကုန်လုံးလေ့လာနေလျှင် တစ်ဘဝလုံးစာ အချိန်ပေးလျှင်တောင်မှ ပြီးလိမ့်မည်မဟုတ်ပေ။

တစ်ယောက်ချင်းစီက ဦးတည်ရာတစ်ခုစီ ရွေးထားကြသော်လည်း သူတို့အတွက် အားကိုးရသောလူများစွာ လိုအပ်နေသေးသည်။ ဥပမာ အဘွားစစ်နှင့် ရွာလူကြီး စာသင်ကြားနေသော ကောင်းကင်တန်ခိုးရှင်တက္ကသိုလ်၊ တာအိုသခင်လင်းရွှမ်၏ တာအိုဂိုဏ်း၊ ဝမ်မူရန် ရှိသည့် ကျောက်စိမ်းမြို့တော်ငယ်တို့တွင် သူတို့၏ သုတေသနများကို အကူအညီပေးနိုင်သည့် ပါရမီရှင်များစွာ ရှိချေသည်။ ထိုပါရမီရှင်တို့က မိစ္ဆာလမ်းစဉ် ကောင်းကင်ရတနာများ၏ အသေးစိတ်အချက်အလက် တစ်ခုချင်းစီကို ဆက်လက်ထုတ်နုတ်ကြလိမ့်မည်။ အဘွားစစ်တို့၊ ရွာလူကြီးတို့အနေဖြင့် လမ်းကြောင်းလွဲမသွားအောင် ဦးဆောင်ပေးရန်သာ လိုအပ်၏။

အားလုံး ဆယ်ရက်ကျော်ကြာသည့်အခါ ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်ရှိ ရှေးဟောင်းနတ်ဘုရားများ၏ ကောင်းချီးတို့ကို အစီအစဉ်ချပြီးသွားသည်။ တန်ခိုးရှင်သစ်ခုတ်သမားက ရှေးဟောင်းနတ်ဘုရားများ၏ သင်္ကေတအမှတ်အသားများကို စုစည်းပြီး ဧကရာဇ်ယန်ဖုန်းဆီသို့ လက်ဆင့်ကမ်းပေးသည်။

ဧကရာဇ်ယန်ဖုန်းမှာ ဝမ်းသာလုံးဆို့ပြီး မျက်ရည်များပင် ဝဲနေတော့သည်။ “ဒီနေ့ကစပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ လမ်းစဉ်၊ ကျင့်စဉ်တွေနဲ့ ကောင်းကင်နတ်သိုင်းတွေ တရှိန်ထိုး မြင့်တက်သွားတော့မယ်”

အားလုံး စိတ်အားတရှိန်းရှိန်း မတက်ကြွမိဘဲ မနေတော့ပေ။

ကောင်းကင်နတ်အရှင်ယွီသည် ရတနာသိုက်ကြီးနှင့် တူ၏။ ကောင်းကင်နတ်အရှင်ယွီ၏ ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းကို လေ့လာရုံမျှဖြင့် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကျင့်စဉ်၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများ အရှိန်အဟုန်နှင့် တိုးတက်သွားရန် လုံလောက်ပေသည်။

“ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်၊ မင်းရဲ့စကားက မှားနေတယ်”

သစ်ခုတ်သမားက ပြောသည်။ “ဧကရာဇ်၊ မင်းက ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို အထင်ကြီးပေမယ့် ကမ္ဘာလောကကြီး စတင်ဖြစ်တည်ပြီးတဲ့နောက်မှ မွေးဖွားလာတဲ့ သက်ရှိသတ္တဝါ၊ ငါတို့ရဲ့ ကျင့်စဉ်၊ လမ်းစဉ်နဲ့ ကောင်းကင်နတ်သိုင်းတွေကို မမြင်ဘူး... အမြစ်ကို လျစ်လျူရှုပြီး ထိပ်ဖျားနောက်ပဲ လိုက်မနေနဲ့”

ဧကရာဇ်ယန်ဖုန်းက ဦးညွှတ်အရိုအသေပေးကာ မေးမြန်းတော်မူသည်။ “ဆရာ ကျွန်တော့်ကို ရှင်းပြပေးနိုင်မလားခင်ဗျာ”

သစ်ခုတ်သမားက ပြောသည်။ “ငါက ခိုင်ဧကရာဇ်ရဲ့ ကောင်းကင်ဆရာသခင်.... မင်းရဲ့ ဆရာမဟုတ်ဘူး... မင်းကို ငါ မသင်ပေးနိုင်ဘူး... မင်းရဲ့ ကောင်းကင်ဆရာသခင်ကိုသာ မေးချည်”

ဧကရာဇ်ယန်ဖုန်း အတန်ငယ် မှင်သက်သွားပြီးနောက် တမုဟုတ်ချင်း အသိပြန်ဝင်သွားသည်။ သူက ဧကရာဇ်အတိုင်ပင်ခံထံမှ အဖြေတောင်းလိုက်သည်။

“အရှင်မင်းကြီး၊ ဆရာ ဆိုလိုတာက ကျွန်တော်မျိုးတို့ဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ သင်္ကေတအမှတ်အသားတွေကို ရခဲ့ပေမယ့် ဒီသင်္ကေတအမှတ်အသားတွေက ကျွန်တော်မျိုးတို့ သက်ရှိသတ္တဝါတွေနဲ့ မသက်ဆိုင်ဘူးလို့ ပြောချင်တာပါ”

ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ပြတ်သားခိုင်မာစွာ ဆက်ပြော၏။ “ကျွန်တော်မျိုးတို့တွေက မွေးရာပါအစွမ်းအစတွေ မရှိပေမယ့် ဓားတာအို၊ ဓားမတာအို၊ အနုပညာရပ်လေးရပ်နဲ့ သိုင်းပညာတွေကို ဖန်တီးနိုင်ခဲ့တယ်... ဒါတွေအကုန်လုံးက ရှေး‌ဟောင်းနတ်ဘုရားတွေရဲ့ မဟာတာအို မဟုတ်သလို၊ ကောင်းကင်နဲ့ မြေကြီးရဲ့ မဟာတာအိုလည်း မဟုတ်ဘူး... ဘာမှမရှိတဲ့ ဗလာနတ္ထိကနေ ဖန်တီးထားတဲ့အရာတွေပဲ... ဆရာက ဒါတွေဟာ ကျွန်တော်မျိုးတို့ရဲ့ အမြစ်တွေလို့ ဆိုလိုတာပါ”

ဧကရာဇ်ယန်ဖုန်း သဘောပေါက်သွားသည်။

ဧကရာဇ်အတိုင်ပင်ခံက ဆက်ပြောသည်။ “အရှင်မင်းကြီး၊ ကျွန်တော်မျိုးတို့ရဲ့ ပြုပြင်ပြောင်းလဲမှုဟာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အားသာချက်တွေကို ယူနိုင်ပေမယ့် ကျွန်တော်မျိုးတို့ရဲ့ အားသာချက်တွေကိုလည်း ပစ်ထားလို့ မရပါဘူး... နှစ်ဖက်လုံးရဲ့ အားသာချက်တွေကို အသုံးချမှသာ ကျွန်တော်မျိုးတို့ရဲ့ လူ့အဖွဲ့အစည်းကို တိုးတက်စေနိုင်ပါလိမ့်မယ်”

ဧကရာဇ်ယန်ဖုန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။ “ဧကရာဇ်အတိုင်ပင်ခံရဲ့ စကားတွေက ကိုယ်တော့်ကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့တဲ့ မေးခွန်းတွေကို ဖြေရှင်းပေးလိုက်ပါပြီ”

ဧကရာဇ်အတိုင်ပင်ခံသည် နူးညံ့ပျော့ပျောင်းသောအသံဖြင့် ပြော၏။ “ဆရာ့စကားမှာ အဓိပ္ပါယ်နောက်တစ်ခုလည်း ရှိပါသေးတယ်... ရှေးဟောင်းနတ်ဘုရားတွေရဲ့ သင်္ကေတအမှတ်အသားတွေကို နားလည်ရင် ရှေးဟောင်းနတ်ဘုရား တစ်ယောက်ချင်းစီရဲ့ အားနည်းချက်တွေကို နားလည်ပါလိမ့်မယ်”

ဧကရာဇ်ယန်ဖုန်း ရင်ထဲတွင် လှုပ်ခါသွားသည်။ “ဧကရာဇ်အတိုင်ပင်ခံ ဆိုလိုတာက”

“အရှင်မင်းကြီး နားလည်မှာပါ”

ဧကရာဇ်အတိုင်ပင်ခံက ပြောသည်။ “အခု ကမ္ဘာဦးဘုံက ပွင့်လာပြီး အင်အားစုတွေလည်း ပေါ်ထွက်လာကြပြီ.. ကျွန်တော်မျိုးတို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့ လိုပါတယ်... ခိုင်ဧကရာဇ်ခေတ်ရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ ကျွန်တော်မျိုးတို့ကို ကူညီနေပေမယ့် အဆုံးသတ်မှာ ကိုယ့်အားကိုယ်ကိုး ရမှာပါ... အရှင်မင်းကြီးသာ အရာရာတိုင်းအတွက် ခိုင်ဧကရာဇ်ခေတ်ရဲ့ နတ်ဘုရားတွေအပေါ် အားကိုးနေရင် ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ပြုပြင်ပြောင်းလဲမှုက ရည်ရွယ်ချက် ရှိပါတော့မလား... နောင်တစ်ချိန်ကျ ရှေးဟောင်းနတ်ဘုရားတွေကို ရင်ဆိုင်ဖို့ အရှင်မင်းကြီး ပြင်ဆင်ထားဖို့ လိုပါတယ်... မဟုတ်ရင်တော့ ကျွန်တော်မျိုးတို့ ဘယ်လိုနည်းနဲ့မှ ပြန်မတိုက်ခိုက်နိုင်ဘူး”

ဧကရာဇ်ယန်ဖုန်း စိုးရိမ်ထိတ်လန့်လာသည်။ သူက အားလုံး အားစိုက်ထည့်၍ အစီအစဉ်ချပေးထားသော စာအုပ်များကို ကြည့်ရင်း ယိုင်ယိုင်ယွဲ့ယွဲ့ သက်ပြင်းမှုတ်ထုတ်ကာ ပြော၏။ “ဧကရာဇ်အတိုင်ပင်ခံ ကိုယ်တော့်ကို စိတ်မပျက်စေရပါဘူး.... ဘိုး‌ဘေးတွေရဲ့ မျှော်လင့်ချက်လည်း မပျက်စီးစေရဘူး... ကိုယ်တော် အင်ပါယာအတွက် အသက်ပေးရရင်တောင်မှ ပြုပြင်ပြောင်းလဲမှု ရေရှည်တည်မြဲစေဖို့ အစွမ်းကုန်ကြိုးပမ်းပေးသွားမယ်”

ကောင်းကင်နတ်မင်း သုံးပါးနှင့် ကောင်းကင်ဆရာသခင် လေးယောက် ခေါင်းချင်းဆိုင်လိုက်ကြသည်။ တိရီယွဲ့က ဝင်းလက်ရွှန်းလဲ့နေသော မျက်ဝန်းများဖြင့် ပြော၏။ “ရှေးဟောင်းနတ်ဘုရားတွေရဲ့ ကောင်းချီးတွေကို ဖယ်ရှားဖို့ ငါ ယုံကြည်ချက်ရှိနေပြီ ဆိုပေမယ့် ကောင်းကင်နတ်အရှင်ယွီမှာက ကောင်းချီးတွေ များလွန်းတယ်... တစ်ခုနဲ့ တစ်ခုလည်း ချိတ်ဆက်နေတော့ ရှေးဟောင်းနတ်ဘုရားတွေ သိသွားနိုင်တယ်... အဲဒါကြောင့်...”

စာပေသမားက ပြုံးပြီး ပြောလိုက်သည်။ “အစမ်းသပ်ခံ လိုတယ်”

ကျန်ကောင်းကင်ဆရာသခင်များနှင့် ကောင်းကင်နတ်မင်းများ ချင်မူဆီသို့ ပြိုင်တူကြည့်လိုက်ကြသည်။

ချင်မူမှာ မည်သည်ကိုမျှ သတိမထားမိသေးဘဲ လူသားဧကရာဇ်များကို ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာ ဖွဲ့တည်နည်း သင်ပေးနေသည်။ သူက လူသားဧကရာဇ်ရီရှန်းနှင့် လူသားဧကရာဇ်ချီကန်းကို အစမ်းသပ်ခံအဖြစ် အသုံးချရန် ကြံစည်နေ၏။

လူသားဧကရာဇ်ရီရှန်းနှင့် လူသားဧကရာဇ်ချီကန်းမှာ မှုန်ကုပ်နေကြသော်လည်း ကျန်လူသားဧကရာဇ်များကတော့ အင်မတန် ပျော်နေကြသည်။ ပထမလူသားဧကရာဇ်ကလည်း ခေါင်းညိတ်ပြီး လူသားဧကရာဇ်ရီရှန်းနှင့် လူသားဧကရာဇ်ချီကန်းကို ငြင်းပိုင်ခွင့်မပေးပေ။

စာပေသမားက အကြည့်လွှဲပြီး ယပ်တောင် တဖျတ်ဖျတ် ခတ်လျက် ပြုံးလိုက်ရင်း တိရီယွဲ့ဆီသို့ ကြည့်လိုက်သည်။ “နံပါတ်တစ် ကောင်းကင်နတ်မင်းက အထူးချွန်ဆုံး ပါရမီရှိတဲ့ လူတစ်ယောက်အဖြစ် ခိုင်ဧကရာဇ် ချီးကျူးတာ ခံခဲ့ရတယ်နော်... မင်း အမိကမ္ဘာမြေရဲ့ ကောင်းချီးကို ဖယ်ရှားနိုင်ရင် ကောင်းကင်နယ်စားမင်းရဲ့ ကောင်းချီးကိုလည်း ဖယ်ရှားနိုင်လား”

တိရီယွဲ့သည် သူ့ကို ကြည့်၍ မှင်သေသေ ပြောလိုက်၏။ “ခိုင်ဧကရာဇ်ရဲ့ နံပါတ်တစ် ဝင်္ကပါဆရာသခင်၊ ရွှင်ပျော်ပျော်ကျေးရွာကို ခိုင်ဧကရာဇ် ခေါ်သွားခဲ့တဲ့ တစ်ယောက်တည်းသောသူ... သူက ရှင့်ကို ကျွန်မထက်တောင် အရေးထားပါသေးတယ်... ကျစ်ရှီ ကောင်းချီးဘယ်နှခု ဖယ်ရှားနိုင်လဲ”

စာပေသမား ပြုံးလျက် ပြောလိုက်သည်။ “ခိုင်ဧကရာဇ်က ငါ့တစ်ယောက်တည်းကို ရွှင်ပျော်ပျော်ကျေးရွာဆီ ခေါ်သွားလို့ မင်းတို့တွေ ငါ့ကို မကြည်ကြတာ သိပေမယ့် ငါ ခိုင်ဧကရာဇ်ကို တစ်ခါမှ သစ္စာမဖောက်ခဲ့ဘူး.... ကောင်းကင်ဆရာသခင်လေးယောက်ထဲက တစ်ယောက်မှလည်း သူ့ကို သစ္စာမဖောက်ခဲ့ဘူး... ဒါပေမဲ့ ကောင်းကင်နတ်မင်းလေးယောက်ထဲက နှစ်ယောက်ကတော့ စိတ်ပျက်စရာကောင်းခဲ့တယ်”

တိရိယွဲ့၏ မျက်နှာ တမုဟုတ်ချင်း မည်းမှောင်သွားသည်။

သိကြားဗုဒ္ဓလည်း မျက်နှာမကောင်းပေ။

တျန်းရှုက တော်ဝင်မုခ်ဝနတ်ဓားမကို ပင့်မြှောက်လျက် သရော်တော်တော် ပြော၏။ “အဲဒီတော့ ဘာလုပ်ရမှာလဲ... မမေ့နဲ့ ၊ ငါက မြေအောက်ဘုံအရှင်သခင်ရဲ့ ချိုကို ခုတ်ဖြတ်ခဲ့တဲ့သူ... ငါ့ကြောင့်သာ ဖုန်းတု တည်ရှိလာခဲ့တာ... ငါ့ကြောင့်သာ ခိုင်ဧကရာဇ်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေ ခိုနားစရာ နေရာရခဲ့တာ... ငါ့ကြောင့်သာ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ‌ဘေးကင်းခဲ့တာပဲ... ကောင်းကင်ဆရာသခင်လေးယောက်ကတော့ ထွက်ပြေးသူက ပြေး၊ ပုန်းသူက ပုန်းကြတယ်... သူ့ကိုယ်သူ အပြစ်တင်ပြီး နှစ်နှစ်သောင်းစလုံး ကျောက်ရုပ်အဖြစ် ပြောင်းခဲ့တဲ့ တစ်ယောက်တောင် ရှိခဲ့သေးတာပဲ... မင်းတို့ ကောင်းကင်ဆရာသခင်လေးယောက်က ဘယ်မျက်နှာနဲ့ ငါတို့ကို အပြစ်တင်နေတာလဲ”

သစ်ခုတ်သမားနှင့် တံငါသည် တိတ်ဆိတ်သွားသည်။ စစ်ရှုံးသွားသည့်အချိန်တွင် သူတို့နှစ်ယောက်လုံး ကျောက်ရုပ်တုအဖြစ် ပြောင်းလဲခဲ့ကြသည်။

လယ်သမားလည်း စကားတစ်ခွန်းမပြော။ စစ်ရှုံးပြီးနောက် သူသည် သို့နျိုကမ္ဘာကိုသာ စောင့်ရှောက်ရင်း ဇာတ်မြှုပ်နေခဲ့၏။

ထို့ကြောင့် အခြေအနေအရ မင်တုကောင်းကင်နတ်မင်း တျန်းရှုက အများဆုံး လုပ်ဆောင်ပေးခဲ့သူ ဖြစ်နေသေးသည်။

စာပေသမားက ခနဲ့သည်။ “မင်တုကောင်းကင်နတ်မင်းက အမှန်တကယ် လုပ်ပေးခဲ့ပေမယ့် ကောင်းကင်ဆရာသခင်လေးယောက်မှာ အဆင့်အနိမ့်ဆုံးပဲ... နံပါတ်တစ်ကောင်းကင်နတ်မင်းက စစ်ကြီးမစခင် ကောင်းကင်ယင်သားတော်နဲ့ လက်ထပ်သွားပြီး မင်္ဂလာဦးညမှာတင် အသတ်ခံခဲ့ရတယ်... သူက နှစ်နှစ်သောင်းတောင် သေနေခဲ့တာလေ... ခိုင်ဧကရာဇ်ရဲ့ အင်အားအကြီးဆုံး လက်ရုံးတော်တပ်ဖွဲ့ ပျက်စီးသွားမှတော့ ငါတို့ ကောင်းကင်ဆရာသခင်တွေက ဘယ်လိုတိုက်ခိုက်ရတော့မှာတုန်းကွ... ငါတို့က စာသင်ပေးတဲ့ ဆရာတွေလေ... တိုက်ခိုက်ရမယ့် စစ်သည်တော်တွေမှ မဟုတ်တာ”

သူမသည် သိကြားဗုဒ္ဓဆီသို့ ကြည့်ကာ အေးစက်စက် ပြောလိုက်၏။ “ကောင်းကင်နတ်မင်းလီရုံလန်ကလည်း နံပါတ်သုံးကောင်းကင်နတ်မင်း ဖြစ်ပြီး ကောင်းကင်ဘုံအတုရဲ့ ဇာမဏီနတ်မင်းချီရှားယွီနဲ့ ပတ်သတ်ခဲ့တာ အမှန်တကယ် အားကိုးရပါပေတယ်... ခိုင်ဧကရာဇ်က မင်းကို ရွှင်ပျော်ပျော်ကျေးရွာ တည်ဆောက်ခိုင်းခဲ့တယ်... မင်းက အချစ်စိတ်မွှန်နေလို့ ဘုန်ကြီးဝတ်သွားတယ်... စစ်နတ်ဘုရားဖြစ်တဲ့ မင်းလိုကောင်က ထွက်ပြေးပြီး ငါတို့လို ကျောင်းဆရာတွေကို တိုက်ခိုက်ဖို့ ထားခဲ့မှတော့ စစ်ကြီးရှုံးခဲ့တာ အံ့ဩစရာရှိသေးရဲ့လား”

“မြစိမ်းဧကရာဇ်ကိုတော့ မပြောလိုဘူး... သူက အသက်ကြီးနေပြီ ငါတို့ရဲ့အကြီးအကဲလည်း ဖြစ်တယ်.. ဒါပေမဲ့ တျန်းရှု မင်းကရော... စစ်ကြီးအဆုံးသတ်ခါနီးမှာ မင်းက ကောင်းကင်ဘုံအတုရဲ့ လက်ဝဲယံလက်ထောက်ဝန်မင်း ယန်ရှောင်ချင်း လှည့်စားခံရပြီး တော်ဝင်မုခ်ဝနတ်ဓားမထဲမှာ ပိတ်မိနေခဲ့တယ်လေ... မင်းတို့တွေမှ မရှိရင် ငါတို့ ကောင်းကင်ဆရာသခင်တွေက ဘယ်လိုတိုက်ခိုက်ရမှာတုန်းကွ... ငါ ဝင်္ကပါခင်းတတ်တယ်... ဝင်္ကပါခင်းတတ်အောင် သင်ပေးတတ်တယ်... အနုပညာရပ်လေးရပ် သင်ပေးတတ်တယ်... ဒါပေမဲ့ စစ်တပ်ကြီးကို တစ်ခါမှ မဦးဆောင်ဖူးဘူး... လယ်သမား၊ တံငါသည်၊ သစ်ခုတ်သမား ... မင်းတို့စဉ်းစားကြည့် ဘယ်သူက စစ်တပ်ကြီးကို ဦးဆောင်ခဲ့ဖူးလို့လဲ”

သူမက သရော်တော်တော် ဆက်ပြောသည်။ “ခိုင်ဧကရာဇ်က စစ်အင်အားကို မင်းတို့လက်ထဲ ထည့်ပေးခဲ့ပေမယ့် မင်းတို့တွေက တစ်ယောက်ပြီး တစ်ယောက် ပျက်စီးကုန်ပြီး... ငါတို့ကောင်းကင်ဆရာသခင်လေးယောက် လက်ထဲ စစ်တပ်ကြီးကိုထည့်၊ ပြင်ပကောင်းကင်နတ်ဘုံနဲ့ သူသေကိုယ်သေ တိုက်ခိုက်ခိုင်းခဲ့တယ်... ငါတို့မှ မရှုံးရင် ဘယ်သူ ရှုံးမလဲ”

တိရီယွဲ့၊ သိကြားဗုဒ္ဓနှင့် တျန်းရှုတို့ တိတ်ဆိတ်သွားကြသည်။

တခဏကြာသော် တိရီယွဲ့ သက်ပြင်းချပြီး ဦးညွှတ်အရိုအသေပေးလေသည်။ “တောင်းပန်ပါတယ် အဆွေတော်တို့... ရီယွဲ့  စိတ်ပျက်စေခဲ့မိပါတယ်”

သိကြားဗုဒ္ဓနှင့် တျန်းရှုလည်း ဦးညွှတ်အရိုအသေပေးကြသည်။

“ငါ့ကို တောင်းပန်နေလည်း အလကားပဲ”

စာပေသမားက သူတို့ကို မထူပေးဘဲ အေးစက်စက် ပြောသည်။ “မင်းတို့ကက ငါတို့ကို စိတ်ပျက်စေခဲ့တာမဟုတ်ဘူး.... ခိုင်ဧကရာဇ်ကို စိတ်ပျက်စေခဲ့တာ... တိုက်ပွဲကျသွားတဲ့ စစ်သည်တော်တွေကို စိတ်ပျက်စေခဲ့တာ... ခိုင်ဧကရာဇ်ခေတ်ရဲ့ ပြည်သူတွေကို စိတ်ပျက်စေခဲ့တာပဲ... ဟီးဟီး နှစ်နှစ်သောင်းတိုင် တည်တံ့ခဲ့တဲ့ နတ်ဘုရားနိုင်ငံတော်ဟာ အဲဒီအတိုင်း ပျောက်ကွယ်သွားခဲ့သတဲ့...

“အသက်ပေါင်းများစွာ မရေမတွက်နိုင်အောင် သေဆုံးခဲ့ပြီး မင်းသားချင်ဝူ ကယ်တင်ခဲ့တဲ့ အနည်းစုပဲ ရှင်သန်ခဲ့ကြတယ်... ငါလည်း လိပ်ပြာမလုံဘူး... ကောင်းကင်ဆရာသခင်လေးယောက်လည်း လိပ်ပြာမလုံဘူး... အဲဒီကပ်ဘေးမှာ ကောင်းမှုအများဆုံးတစ်ယောက်က ငါတို့ကောင်းကင်ဆရာသခင် လေးယောက်မဟုတ်ဘူး... မင်းတို့ ကောင်းကင်နတ်မင်း လေးယောက်လည်း မဟုတ်ဘူး... တပ်ပြေးလို့‌ ခေါ်ကြတဲ့ မင်းသားချင်ဝူပဲ... ငါတို့အားလုံးက အပြစ်သားတွေ...”

အားလုံး တိတ်ဆိတ်သွားကြသည်။

ပထမလူသားဧကရာဇ် ချင်ဝူသာ ခိုင်ဧကရာဇ်ခေတ်၏ လက်ကျန်ပြည်သူများကို ကယ်တင်ပြီး ဘေးကင်းရာသို့ မပြောင်းရွှေ့ပေးခဲ့လျှင် ထာဝရငြိမ်းချမ်းရေးအင်ပါယာဟူ၍ တည်ရှိလာခဲ့မည်မဟုတ်ပေ။

တန်ခိုးရှင်သစ်ခုတ်သမားက တိတ်ဆိတ်နေရာမှ ရုတ်တရက် မေးသည်။ “ပြီးခဲ့တာတွေ ထားပါတော့... ခိုင်ဧကရာဇ် ကျန်းမာရဲ့လား”

စာပေသမားက မဖြေဘဲ နောက်လှည့်ကြည့်လိုက်၏။

အဝေးရှိ ချင်မူ၏ နားရွက်များက ကြီးလာသည်။ နားရွက်နှစ်ဖက်က ဘေးနှစ်ဖက်တွင် ကပ်နေခဲ့ရာမှ ယခုတွင် သူ့နောက်စေ့ ရောက်နေပြီး ခိုးနားထောင်နေလေသည်။

စာပေသမား အကြည့်လွှဲလိုက်ပြီး စကားမပြောပေ။ သူမက လက်ဟန်ခြေဟန်ဖြင့် ပြောနေသည်။

ဤအချိန်တွင် ချင်မူ့နောက်စေ့ရှိ ဆံပင်များကြားမှ မျက်နှာတစ်ဖက် ထွက်လာပြီး မျက်လုံးများသည် သူမ၏လက်များဆီသို့ ပြူး ကြည့်နေ၏။

စာပေသမား မျက်မှောင်ကြုတ်သွားကာ ခပ်တိုးတိုး ပြောလိုက်သည်။ “အသိစိတ်အလျဉ်နဲ့ ပြောရအောင်”

အဆင့်မြင့်သိုင်းပညာရှင်ခုနစ်ယောက်၏ အသိစိတ်အလျဉ်များ ပူးကပ်သွားပြီး စာပေသမား စကားပြောရန် ပြောလိုက်စဉ် အရေအတွက် ရေကြည့်ရင်း မှင်သက်သွားတော့သည်။ အရေအတွက်က ရှစ်ခု ရှိနေလေသည်။

စာပေသမားမှာ ခေါင်းကြီးသွားပြီး အံတင်းတင်းကြိတ်လိုက်၏။ “နောက်ရက်မှ ပြောကြမယ်”

သစ်ခုတ်သမားက ချင်မူ့ကို လှမ်းခေါ်ကာ ပြုံးလိုက်သည်။ “မူအာ၊ ငါတို့ ကောင်းကင်နတ်အရှင်ယွီရဲ့ ခေါင်းနောက်က ကောင်းချီးတွေကို ဖယ်ရှားဖို့ ယုံကြည်ချက်အပြည့် ရှိပေမယ့် စမ်းသပ်ကြည့်ဖို့ လိုသေးတယ်... ကောင်းကင်ဆရာသခင်တို့၊ ကောင်းကင်နတ်မင်းတို့... ချင်မူကို အစမ်းသပ်ခံအဖြစ် အသုံးချရက်လား”

ကျန်ခြောက်ယောက်၏ မျက်လုံးများ စူးရှလာတော့သည်။ သူတို့က သူ့ကို ပြိုင်တူ ကြည့်လိုက်ကြ၏။ “အသုံးမချရက်စရာ ရှိလို့လား”

ချင်မူ့နဖူးမှ ချွေးပေါက်များ ကျလာပြီး တိတ်တိတ်ကလေး နောက်ဆုတ်သွားသည်။ သူက အပြစ်ကင်းဖြူစင်စွာ ပြုံးရင်း ပြောလေသည်။ “ဆရာ၊ ဆရာဦးလေးတို့ ကျွန်တော် ဘာမှမကြားပါဘူးဗျာ...”

သိကြားဗုဒ္ဓက လက်ညှိုးဆန့်ထုတ်လိုက်ရာ ရွှေရောင်ကြိုးတစ်ချောင်း ထွက်လာပြီး ချင်မူ့ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ သူတို့အရှေ့သို့ ဆွဲခေါ်သွား၏။

ချင်မူ အော်ဟစ်အကူအညီတောင်းတော့မည့်အချိန် သစ်ခုတ်သမားက ကောင်းကင်နတ်သိုင်းတစ်ခုဖြင့် သူ့ပါးစပ်ကို ပိတ်လိုက်သည်။

“စကြစို့”

ခုနစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး ရုတ်တရက် စာပေသမားနှင့် တိရီယွဲ့ လှုပ်ရှားလိုက်ကြသည်။ သူတို့က ချင်မူ့ကို ဝန်းရံ၍ သူ့ခေါင်းနောက်ရှိ ကောင်းချီးဆီသို့ ရိုက်ထည့်လိုက်ကြ၏။

ဘုန်း ဘုန်း

ထစ်ချုန်းသံများ ဟိန်းထွက်လာသည်။ တိရီယွဲ့သည် ဧကရာဇ်ပလ္လင်အဆင့် နတ်ဘုရား ဖြစ်ပြီး စာပေသမားမှာ ဧကရာဇ်ပလ္လင်အဆင့် မဟုတ်သော်လည်း ကျင့်စဉ်စွမ်းအင်က ကြောက်မက်ဖွယ်ရာ မြင့်မား၏။ နှစ်ယောက်လုံးတွင် အားသာချက်ကိုယ်စီ ရှိကြပြီး သိုင်းကွက်ပေါင်းစုံဖြင့် အမိကမ္ဘာမြေ၏ မဟာတာအိုမှ သင်္ကေတအမှတ်အသားများကို ဖျက်စီးနေကြသည်။ များစွာမကြာလိုက်ဘဲ ချင်မူ့ခေါင်းအနောက်ရှိ ရောင်ခြည်စက်ဝန်းမှာ ကြေမွလာပြီး မှေးမှိန်လာတော့သည်။

စာပေသမားက ရုတ်တရက် ထပြောသည်။ “အားလုံး သတိထားကြ... အမိကမ္ဘာမြေ ငါတို့ကို သိသွားပြီ... ညီသုံး၊ မင်တု‌ကောင်းကင်နတ်မင်း”

လယ်သမားက ခြေထောက်နှစ်ချောင်းကို ကွေး၍ လေပေါ် ခုန်တက်လိုက်၏။ သူ အောက်သို့ ငုံ့ကြည့်သည့်အခါ နန်းစိုက်မြို့တော်၏ အနောက်အရပ်ရှိ မြေပြင်၌ တောင်တန်းများ တုန်ခါနေကြောင်း တွေ့လိုက်ရသည်။ ဧရာမသတ္တဝါကြီးတစ်ကောင် မြေကြီးအောက်မှ ရွေ့လျားလာနေသယောင် ထင်ရလေသည်။

လယ်သမား ကြွေးကြော်အော်ဟစ်လိုက်ကာ ခြေတစ်လှမ်းဖြင့် မိုင်တစ်ထောင် ဖြတ်သန်းလိုက်သည်။ သူက မြေပြင်‌ပေါ်သို့ လက်သီးချက်များ ပစ်လွှတ်နေ၍ နန်းစိုက်မြို့တော်တစ်မြို့လုံး လှုပ်ခါနေတော့သည်။ မြို့တော်ထဲရှိ လူတိုင်း အနောက်အရပ်ရှိ ကောင်းကင်တွင် အလင်းတန်းများ‌ တောက်ပနေသည်ကို မြင်နေကြရ၏။

ဤအခိုက်အတန့်တွင် ဓားမရောင်တစ်ချက်က ကောင်းကင်ထက်မှ ဖြာကျလာသည်။ မင်တုကောင်းကင်နတ်မင်း တျန်းရှုက ဓားမကို မြေကြီးထဲသို့ ထိုးစိုက်လိုက်၏။ မြေကြီးအောက်မှ နတ်ဘုရားသွေးများ ပန်းထွက်လာပြီး ထူမြစ်ဆီသို့ စီးဝင်သွားသဖြင့် ထူမြစ်ရေများ နီစွေးသွားတော့သည်။

၎

င

၎

၎

All Chapters