← Chapters

အကြောင်း တရားနှင့် သက်ရောက်မှု ။

Vol. 26 Ch. 360

အကြောင်း တရားနှင့် သက်ရောက်မှု ။

Vol. 26 Ch. 360

" မင်း သဘော ပါပဲ။ "

လင်းယွန်က ဘယ်ဘက် လမ်းကြောင်း အတွင်းသို့၊ လျင်မြန်စွာ တိုးဝင် ပျောက်ကွယ် သွားခဲ့သည်။

" မင်းက ငါ့ကို အန္တရာယ် ရှိတဲ့ လမ်းကြောင်း ထဲကို တွန်းပို့ဖို့ ကြိုးစား နေတာပဲ။ "

ပျောက်ကွယ် သွားသော လင်းယွန်၏ နောက်ကျောကို ကြည့်ကာ၊ ဖန်းယီက တောက်ပစွာ ပြုံးရယ် လိုက်၏။

လင်းယွန်က ပြုံးလျက်၊ ဆက်လျှောက် လာခဲ့သည်။ လမ်း တစ်လျှောက်တွင် လူသေအလောင်း များစွာကို ကြုံတွေ့ ရပြီး၊ ယင်းအလောင်း များမှာ၊ အသက် ကြီးရင့် နေပုံ ရသည်။

အချို့မှာ မှော်အခင်း အကျင်း များဖြင့် သတ်ဖြတ် ခံထား ရပြီး၊ အချို့မှာ ဖုတ်ကောင် များကြောင့်၊ သေဆုံး ကြရခြင်း ဖြစ်သည်။

ဤသို့သော လမ်းကြောင်းမျိုး၊ မြေအောက် နန်းတော်၌ တစ်ခု ထက်၊ ပို၍ ရှိနေပုံ ရ၏။

သို့သော် လျှောက်လမ်း များမှာ၊ လူသူ ဖြတ်သွား ထားခြင်း၊ ရှိပုံ မရ သေးသောကြောင့်၊ ရတနာ အချို့ ရရှိရန်၊ မျှော်လင့် မိသည်။

မြေပြင် ပေါ်ရှိ အလောင်း များမှာ၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ် ခန့်က၊ ဝင်ရောက် လာသော တပည့်များ ဖြစ်သည်။

ကြာမိစ္ဆာ နယ်မြေသည် နှစ်ပေါင်း နှစ်ဆယ်လျှင်၊ တစ်ကြိမ် မျှသာ ဖွင့်လှစ်မည် ဖြစ်ပြီး၊ အန္တရာယ်နှင့် အခွင့် အရေးများ၊ တွဲလျက် ရှိနေမည် ဖြစ်သည်။

မြေပြင် ပေါ်ရှိ အလောင်း များကို ကြည့်ကာ၊ အကြီးအကဲ လျိုဖန်းမှ၊ အဘယ်ကြောင့် အသက် ရှင်လျက် ပြန်ထွက် လာနိုင်ရန်၊ သတိ မပြတ် ပေးခဲ့ သည်ကို၊ နားလည် သွားမိ၏။

ဤအလောင်း များမှာ၊ ထိုအချိန်က ပါရမီ ရှင်များ ဖြစ်ကြ သော်လည်း၊ မြေပြင်၌ လဲလျောင်း နေရ လေသည်။

ကျင့်ကြံမှု လမ်းမသည် ရက်စက် ကြမ်းကြုတ် လွန်းသည် ဟုသာ၊ ရေရွတ် နိုင်ပေမည်။

အောင်မြင်သော သူသည် ရှင်ဘုရင် ဖြစ်၏၊ ရှုံးနိမ့်သော သူသည် အရိုးစု အဖြစ်သို့ ပြောင်းလဲ ခံရ၏။

ကျင့်ကြံခြင်း လမ်း၌ အားနည်း သူများ အတွက်၊ ခြေချ စရာ နေရာ မရှိခြေ။

နှလုံးသား တစ်ခုလုံး ခံစားချက် များဖြင့် ပြည့်နှက် လာသည်။ သို့သော် ဓားသမား တစ်ယောက် အတွက်၊ သူ သွားရာ လမ်းတစ်လျှောက်၊ အရာ အားလုံးကို ရှင်းလင်း ရပေမည်။

ဝိညာဉ် ရူရ်များ အပေါ် နားလည် ထားမှုကြောင့်၊ သေးငယ်သော စွမ်းအင် လှိုင်းများ ကိုပင်၊ သူက အာရုံခံ နိုင်သည်။

သတိ မပြတ် ထားကာ၊ လမ်းကြောင်း ပေါ်ရှိ ထောင်ချောက် များကို ရှောင်တိမ်းရန်၊ စိတ်ဝိညာဉ် အပေါ် အားကိုး ခဲ့ရသည်။

ထို့ပြင် သူ၏ နားလည် နိုင်စွမ်း အရ၊ ထောင်ချောက် များကို၊ ကိုင်တွယ် ဖြေရှင်း ရာ၌၊ ပြဿနာ မရှိ နိုင်ခြေ။

ယင်းကြောင့် အန္တရာယ် ကင်းသော ခရီး ဖြစ်ခဲ့ လေသည်။

အဆုံး၌ ကြီးမားသော ကြေးတံခါးကြီး တစ်ချပ်ကို မြင်လိုက် ရသည်။ လမ်းတလျှောက် မည်သည့် တံခါးမှ မကြုံဖူး သောကြောင့်၊ ၎င်းအပေါ် အာရုံစိုက် မိ၏။

ကြေးတံခါးရွက် ပေါ်တွင်၊ ရှေးဟောင် သားရဲ ကြီး တစ်ကောင်ကို ရေးထွင်း ထားသည်။

တံခါးကြီး အနား ကြမ်းပြင်တွင် အရိုးများဖြင့် ပြည့်နှက် နေပြီး၊ အလောင်း များမှာ၊ အကောင်းတိုင်း ကျန်ရစ် မနေ တော့ပေ။

ရုတ်တရက် ကြေးတံခါး ပေါ်က သားရဲက အသက် ဝင်လာပြီး၊ လင်းယွန်ကို ဟိန်းဟောက် လိုက်၏။

သတိ မလပ် ထားနေ ခဲ့သော လင်းယွန်က၊ သားရဲ ကောင်ကြီး အနား မကပ် နိုင်ခင် မှာပင်၊ ဓားကို ဆွဲထုတ် လိုက်သည်။

ပန်းသင်္ချိုင်းဓား ထံမှ အလင်း များက၊ အမှောင်ခွင်း လာသော လရောင် ကဲ့သို့၊ တောက်ပ သွား၏။

တစ်ချိန်တည်း မှာပင်၊ သူ၏ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ်ချက် မှာလည်း၊ ထွက်ပေါ် လာတော့၏။

အလင်း တန်းများ မှိန်ဖျော့ သွားသည်နှင့် လေးလံသော တစ်စုံ တစ်ရာမှာ၊ ကြမ်းပြင် ပေါ်သို့ ပြိုကျ သွားသည်။

တံခါး ပေါ်တွင် ရေးထွင်း ထားသော သားရဲ ကောင်၏ ဦးခေါင်းမှာ လွင့်စင် သွားပြီးနောက်၊ ဦးခေါင်း မပါသော ခန္ဓာကြီးက အရိုးစုပုံ ပေါ်သို့၊ လဲကျ သွားခြင်း ဖြစ်သည်။

တံခါး ဝတွင် သူ၏ ရက်ရက် စက်စက်၊ သတ်ဖြတ် ခြင်းကို၊ ခံခဲ့ ရသော တပည့်များ နှင့်အတူ၊ လဲလျောင်း သွားတော့သည်။

သားရဲ အလောင်းကို ကြည့်ကာ၊ လင်းယွန်က သက်ပြင်းချ လိုက်သည်။ ဤနန်းတော်ကို ပို၍ သတိ ထားရ ပေမည်။

အစောပိုင်း အချိန်၌ သတိ မထား ပါက၊ မြေပြင်၌ အလောင်း တစ်လောင်း အဖြစ်၊ လဲလျောင်း ရနိုင်သည်။

တံခါး ရှေ့တွင် ရပ်လိုက်ပြီး၊ ကြေးတံခါး ရွက်ကြီးပေါ်၊ ပန်းသင်္ချိုင်း ဓားကို လွှဲခုတ်လိုက်၏။

" ချိုး ..... "

ဓားရည်ရွယ် ချက်ကို ထုတ်ဖော် လိုက်သော အခါတွင်၊ ကြေးတံခါး ရွက်ကြီးမှာ၊ အပိုင်းပိုင်း ကွဲထွက် သွားသည်။

တံခါး အပိုင်း အစများ မြေပြင်ပေါ် မကျခင်၊ မူလ စွမ်းအင် များက ဖုန်မှုန့်များ အဖြစ်၊ ပြောင်းလဲ ပစ် လိုက်၏။

တံခါး ကွဲထွက် သွားသည်နှင့်၊ အခန်း ထဲ၌ ဝိညာဉ်ရေး ရူရ်များဖြင့်၊ ဖန်တီး ထားသော မရေ မတွက် နိုင်သည့် သားရဲများ၊ ပြေးထွက် လာသည်။

( ဝိညာဉ် ရူရ် များဖြင့်၊ ဖန်တီး ထားသော သားရဲ= မှော်သားရဲ။)

မူလ စွမ်းအင် များကို လက်သီး ထဲသို့ ပို့လွှတ် လိုက်ပြီးနောက်၊ မှော်သားရဲ များကို တည်ငြိမ်စွာ ရင်ဆိုင် လိုက်၏။

လင်းယွန်၏ လက်သီးမှ၊ နဂါး တစ်ကောင်က၊ ဓားကဲ့သို့ ပျံထွက် သွားကာ၊ တိုးဝင် လာနေသော မှော်သားရဲ များကို၊ ဖျက်ဆီးပစ် လိုက်သည်။

ကြေးတံခါး ကြီးနောက်တွင်၊ ခန်းမကြီး တစ်ခု ရှိသည်။ အရာ အားလုံး ပြီးမြောက် သွားပြီးနောက်၊ အနည်းငယ် တုံ့ဆိုင်း သွားကာ၊ ခန်းမ ထဲသို့ လှမ်း၀င် လိုက်၏ ။

လင်းယွန်က အခန်း ထဲသို့ လှမ်းဝင် လာသည့် အခိုက်တွင်၊ အစီအရင် တစ်ခု လှုပ်ခတ် သွားသလို၊ အနည်း ငယ်သော အပြောင်း အလဲအား၊ သတိထား မိလိုက်သည်။

နောက်တစက္ကန့် အတွင်း မရေ မတွက် နိုင်သော၊ မှော်သားရဲများ နံရံမှ ခုန်ထွက် လာပြီး၊ အော်ဟစ် ဟိန်းဟောက် လာလေပြီ။

'' .............. ''

ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်းကာ၊ ဘယ်၊ ညာ နှစ်ဖက်တွင်၊ ကျားနှင့် နဂါး၏ ပုံရိပ်ကြီးကို ပေါ်လွင် လာစေ၏။

လက်သီး များကို ဆောင့်ထိုး လိုက်သည်နှင့်၊ ပုံရိပ်ယောင် သားရဲကြီး နှစ်ကောင်မှာ၊ ပို၍ ကြီးမားသော တောင်ကြီး တစ်လုံး အဖြစ်၊ ဖြစ်တည် လာသည်။

၎င်းမှာ ကျား-နဂါး လက်သီး၏ အသန်မာဆုံး ခံစစ် လှုပ်ရှားမှု ဖြစ်သည်။

မှော်သားရဲ များ၏ တိုက်ခိုက် မှုများ အောက်တွင်၊ တောင်ကြီး တစ်လုံးလို၊ ခုခံ ကာကွယ် ရေး အလွှာ အတွင်း၌၊ ခိုင်မာစွာ ရပ်တည် နိုင်ခဲ့သည်။

သို့သော် အဆုံး မရှိ တိုးဝင် နေဆဲ၊ မှော်သားရဲများကြောင့်၊ တောင်တန်းကြီး သဏ္ဍာန် ကာကွယ် ရေး အလွှာမှာ၊ အက်ကွဲ ကြောင်းများ ထင်ဟပ် လာသည်။

ယင်းကို သတိ ပြုမိ လိုက်သော လင်းယွန်၏ မျက်နှာမှာ၊ ချက်ချင်း ပြောင်းလဲ သွား၏။

ပတ်၀န်း ကျင်ရှိ မှော်သားရဲ များ၏၊ တိုက်ခိုက်မှု များမှာ၊ ရပ်တန့် သွားခြင်း မရှိခဲ့ သလို၊ သူ၏ ခံစစ် သည်လည်း၊ ၎င်းနှင့် ပတ်သက်၍ မည်သို့မျှ ခုခံ နိုင်ခြင်း၊ မရှိ တော့ပေ။

တောင်တန်းကြီး ကွဲထွက် သွားချိန်တွင်၊ ကြီးမားသော ကျားကြီး တစ်ကောင် အဖြစ်၊ စုဆောင်း ထားသော၊ မူလ စွမ်းအင် များကို၊ လက်သီးမှ တဆင့် တွန်းထုတ် ပစ်လိုက်သည်။

'' သားရဲ လှိုင်း ပေါက်ကွဲခြင်း ။ ''

အခန်း အတွင်း ပြင်းထန်စွာ တုန်ခါ သွားပြီး၊ သူ့ထံ အားယူ နေသော မှော်သားရဲ များမှာ၊ မူလ စွမ်းအင် ပေါက်ကွဲ မှုကြောင့်၊ ချက်ချင်း ကွဲကြေ သွားသည်။

သို့သော် သူ အသက် မရှူ နိုင်မီတွင်၊ ကျောက်နံရံ များက၊ လင်းလက် တောက်ပ လာပြီး၊ နောက်ထပ် မှော်သားရဲ များအား၊ ထုတ်လွှတ် လိုက်ပြန်သည်။

၎င်းသားရဲ များမှာ၊ အဆုံးမဲ့ ရေလှိုင်းများ သဏ္ဍာန်၊ တိုးဝင် လာသောကြောင့်၊ လင်းယွန်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားတော့၏။

အခြေအနေ အရ၊ အစီ အရင်ထဲ ပိတ်မိ သွားပုံရ၏။ ဤအတိုင်း ဆက်သွား ပါက၊ မူလ စွမ်းအင် ကုန်ဆုံးကာ၊ သေဆုံး ရပေ လိမ့်မည်။

ရုတ်တရက် မျက်လုံး များကို ပိတ်ချ လိုက်၏။ ပတ်ဝန်း ကျင်ရှိ မှော်သားရဲ များကို၊ လျစ်လျူရှု ထားပြီးနောက်၊ ချင်းဇီအန် မှတ်တမ်းကို ပြန်လည် မှတ်မိရန်၊ အစွမ်းကုန် ကြိုးစား လိုက်သည်။

မှော်သားရဲများ ကိုက်စား ခံရ ခါနီးတွင်၊ လင်းယွန်၏ မျက်လုံးများ၊ ရုတ်တရက် ပြန်ဖွင့် လာကာ၊ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်၏။

ဝှစ် ။

ကြမ်းပြင်သို့ ငုံ့ကြည့်ပြီး၊ ဓားဖြင့် ထိုးခုတ် လိုက်၏။

ကြမ်ပြင်၌ ဝှက်ထားသော ရူရ် များက၊ ဖျက်ဆီး ခံလိုက်ရ သောကြောင့်၊ ပြိုကွဲ သွားသည်။

အချက် အလက်များ ပျက်စီး သွားကာ၊ ကြာပန်း တစ်ပွင့်က ဓားကိုင် ထားသော သူ့ ခန္ဓာ ကိုယ်အား၊ လှည့်ပတ် လာ၏။

ယင်းကြောင့် ကွင်းဆက် အနေဖြင့်၊ လင်းယွန်ထံ ခုန်ဝင် လာသော မှော်သားရဲ များကို၊ ရေကဲ့သို့ အငွေ့ပျံ ပျောက်ကွယ် သွားစေ တော့သည်။

ဓားကို သိမ်းဆည်း လိုက်ပြီး၊ ရှည်လျားစွာ သက်ပြင်း မှုတ်ထုတ် လိုက်၏။

" ဒါက အန္တရာယ် များလွန်းတယ်။ "

အခန်း ထဲသို့ ဝင်ရောက် ချိန်၌၊ အနည်းငယ် ပေါ့ဆ သွားမိမှန်း သူ သိသည်။ ချင်းဇီအန်၏ မှတ်တမ်းမှ ရရှိသော၊ နားလည်မှု ကြောင့်သာ မဟုတ် ပါက၊ သေဆုံး ရပေ လိမ့်မည်။

ရှာဖွေမှု မစတင် မီတွင် အန္တရာယ်များ မရှိ တော့ကြောင်း၊ သေချာ စေရန် တစ်နာရီခန့် ငြိမ်သက်စွာ ဆက်လက် ရပ်နေ မိသည်။

နံရံ နောက်တွင် လျှို့ဝှက်ခန်း တစ်ခန်း ရှိပြီး၊ ၎င်းအတွင်း၌ ပညာရပ် ဆိုင်ရာ၊ ကျောက်စိမ်းပြား များစွာ ရှိ၏။

ကျောက်စိမ်းပြား များကို မြင်သော အခါ၊ လင်းယွန်၏ မျက်နှာမှာ၊ ရွှင်မြူး သွားသည်။ ၎င်းတို့သည် ရှေးကျသော သိုင်းနည်း စနစ်များ ဖြစ်သည်။

နည်းစနစ် အပြည့် အစုံများ ဖြစ်သောကြောင့်၊ ယင်းတို့ကို ပြီးမြောက်အောင် ကြိုးစားရန်၊ အကြီးအကဲ များက အချိန် ကုန်သက်သာ သွားမည် ဖြစ်သည်။

ပျက်စီး သွားသော နည်းစနစ် များကို ဖြေရှင်းရန်၊ နှစ်ပေါင်း များစွာ အချိန် ယူရ ပေလိမ့်မည်။

ကျောက်စိမ်းပြား များသည်၊ ဂိုဏ်းမှ ပြန်ပေး လာနိုင်သော အရင်းအမြစ် များကို၊ ကိုယ်စားပြု ရုံသာမက၊ ဓားနန်းတော်၏ အုတ်မြစ် ကိုလည်း၊ ခိုင်ခံ့အောင် ကူညီရာ ရောင်စေမည် ဖြစ်သည်။

လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ မဆိုင်း မတွ သိုလှောင်အိတ် အတွင်း၊ သိမ်းဆည်း လိုက်၏။

အခန်း ထောင့်ရှိ ကွဲအက် နေသော၊ ကျောက်စိမ်း ပုလင်း များကို စူးစမ်း ကြည့်လိုက်ရာ၊ ရှေးဟောင်း ဆေးလုံးများ ဖြစ်သောကြောင့်၊ ရင်နင့်စွာ ခံစား လိုက်ရသည်။

ရှေးဟောင်း ဆေးလုံးများ ဖြစ်ပေရာ၊ အညံ့ ဖျင်းဆုံး ဆေးလုံးများ ပင်လျှင်၊ တန်ဖိုး မဖြတ် နိုင်သော၊ ရတနာ တစ်ပါး ဖြစ်သည်။

" ဒါ ဘာလဲ .... "

ဟောင်းနွမ်း နေသော ဝါညစ်ညစ် ဘူးသီး ခြောက်ကို ကောက်ကိုင် လိုက်မိသည်။

ဘူးသီးခြောက် အဖုံးကို ဖွင့်လိုက် သည်နှင့်၊ အကန့် အသတ်မဲ့ စူးရှသော အငွေ့ အသက်များ၊ ဘူးသီး အတွင်းမှ တိုးထွက် လာသည်။

မျက်ခုံးများ ပင့်ကာ ရွှင်မြူး သွားသော အမူအရာ များဖြင့်၊ ဘူးသီး ဝကို ပြန်ပိတ် လိုက်၏။

" ဒါက 'နားခိုခြင်း ဘူးသီးခြောက်' ပဲ။ "

ထိုရတနာနှင့် ပတ်သတ်၍၊ ရှေးဟောင်း မှတ်တမ်း များတွင်၊ သူ ဖတ်ဖူး ထားသည်။ ဓားကို သိမ်းဆည်း ကျွေးမွေးရန်၊ အသုံးပြု နိုင်သည့်၊ ရှားပါး ရတနာ တစ်ပါး ဖြစ်သည်။

တစ်ချိန်က လူ တစ်ယောက်သည် ဘူးသီးခြောက် အတွင်း၊ ဓားတစ်သိန်း တိတိ သိမ်းဆည်း ထားခဲ့ဖူး သည်ဟု၊ မှတ်တမ်းများ ရှိခဲ့ ဖူးသည်။

ဆိုလို သည်မှာ ဘူးသီး ခြောက်ကို ဖွင့်ကာ၊ ဓား တစ်သိန်းကို ရရှိ ခဲ့ဖူး သည်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။

သို့သော် ဘူးသီးခြောက် ထဲတွင်၊ ဓားများစွာ သိမ်းဆည်း ခြင်းသည်၊ အမြဲတမ်း အကောင်းမွန် ဆုံးသော၊ ရွေးချယ်မှု မဟုတ်ပေ။

ဘူးသီးခြောက် အမျိုးမျိုးတွင် မတူ ညီသော၊ အကျိုးသက် ရောက်မှုများ ရှိသောကြောင့်၊ သုံးစွဲ သူများက ၎င်းကို စစ်ဆေးရန်၊ အချိန် ပေးရ ပေမည်။

သို့သော် ဘူးသီးခြောက် အားလုံးတွင်၊ ဓားများကို မွေးမြူရန် အတွက်၊ အသုံး ပြုရသော လိုအပ်ချက် တစ်ရပ် ရှိသည်။

၎င်းမှာ ဝိညာဉ် ကျောက်စိမ်းများ အသုံးပြု ရခြင်း ဖြစ်သည်။

ဝိညာဉ် ကျောက်စိမ်း တုံးများ အလုံ အလောက် ရှိနေ သရွေ့၊ ဓားများကို အဆင့်တက် အောင်ပင်၊ ကူညီပေး နိုင်၏။

" အပြင် ရောက်ရင်၊ စုံစမ်း ကြည့်ရမယ်။ "

ရှားပါး ရတနာကို သေချာစွာ သိမ်းဆည်း လိုက်သည်။ ယင်းအတွက် ဖန်းယီကို တကယ်ပင် ကျေးဇူးတင် ရပေမည်။

ဖန်းယီသာ ညာဘက် လမ်းကို အတင်း အကြပ် မလုယူ ခဲ့ပါက၊ ဤသို့သော ရတနာ မျိုးကို ရရှိမည် မဟုတ်ပေ။

ဆက်လက် ရှာဖွေ မိရာ၊ အခန်းထောင့် စွန်းရှိ ကျောက်စားပွဲ ပေါ်တွင်၊ ပွင့်ချပ် ငါးချပ် ပါရှိသော ကြာနက် အမြုတေ တစ်ခုအား၊ တွေ့ရှိ ခဲ့သည်။

ဤနေရာ ပိုင်ရှင်သည်၊ ကပ်ဆိုးနှင့် ကြုံတွေ့ ခဲ့ရ ပြီးနောက်၊ ငြိမ်းချမ်းစွာ သေဆုံးရန် ရွေးချယ် ခဲ့ခြင်း ဖြစ်မည်။

" စီနီယာ ခွင့်လွှတ် ပါ ...."

လင်းယွန်က ဦးညွှတ် အရိုအသေ ပြုပြီးနောက်၊ ကြာနက် အမြုတေကို သိမ်းဆည်း လိုက်၏။

အနည်းငယ် အကြာတွင် ခန်းမ အတွင်းမှ ထွကာ၊ ရှေ့သို့ ခရီး ဆက်လိုက်သည်။ လမ်းတစ်လျှောက် ကြာနက် အမြုတေ များစွာ ကိုလည်း၊ ရယူ နိုင်ခဲ့သည်။

သို့သော်၊ လမ်းတွင် 'နားခိုခြင်း ဘူးသီးခြောက်' ကဲ့သို့၊ အံ့သြ ဖွယ်ရာ ရတနာများ မရရှိ တော့ခြေ။

နှစ်ရက် အကြာ၌ လမ်း၏ အဆုံးသို့ ရောက်ရှိ သွားပြီး၊ တည်နေရာ ရွေ့ပြောင်းခြင်း၊ အစီ အရင်အား တွေ့မြင် လိုက်ရ လေသည်။ မြေအောက် နန်းတော်မှ ထွက်ပေါက် ဖြစ်ပေသည်။

သူနှင့် ယှဉ်ပါလျှင်၊ ဖန်းယီမှာ ကံဆိုး လှ၏။ လုယူ ရွေးချယ် ခဲ့သော လမ်းမှာ၊ မည်သူ တစ်ဦး တစ်ယောက်မှ၊ မဖြတ်သန်း ဖူးသော လမ်းတစ်လမ်း ဖြစ်ပြီး၊ အရိုးစု များဖြင့် ပြည့်နှက် နေသည်။

လင်းယွန်က လမ်းတလျှောက် စူးစမ်း ဆင်ခြင် ခဲ့သော်လည်း၊ ဖန်းယီက ထိုသို့ မလုပ်ပေ။

အစီရင် ထဲ၌ လျင်မြန်စွာ ပိတ်မိ သွားချိန်တွင်၊ ၎င်းအား ဂရု မစိုက်ဘဲ၊ အရာရာကို ခွန်အား ဖြေရှင်း လိုက်သည်။

သို့သော် ရတနာ များကို မရိတ်သိမ်း နိုင်ရုံ မျှသာ မက၊ ဒဏ်ရာများ ရရှိ လာပြီး၊ ခက်ခဲသော အခြေ အနေသို့ ရောက်ရှိ သွားသည်။

သူ၏ သန်မာသော ခန္ဓာကိုယ် ဖြင့်ပင်၊ မခံ နိုင်တော့ပေ။ ပြန်လှည့် ချင်သည့် အချိန်၌ အဝင်လမ်းကို မေ့နေပြီ ဖြစ်သည်။ အဆုံးတွင် အားတင်းကာ၊ ရှေ့ဆက် မိသော်လည်း၊ လဲပြို ကျသွား၏။

ခဏတာ အနားယူ ပြီးနောက်၊ သူ့ရှေ့ရှိ နံရံ တိုင်းကို နွားရိုင်းကြီး တစ်ကောင် ကဲ့သို့၊ ပြေးဝင် ဖြိုဖျက် သွားသည်။

နှစ်ရက် အကြာတွင် မရေ မတွက် နိုင်သော နံရံ များကို ချိုးဖြတ် နိုင်ခဲ့ပြီး၊ အခန်း တစ်ခန်း အတွင်း ရောက်ရှိ လာ၏။

မောပန်း နွမ်းနယ် နေသော မျက်နှာ ပေါ်တွင်၊ ရွှင်မြူးသော အမူ အရာများ ဖြစ်ပေါ် လာပြီး၊

“ နောက်ဆုံးတော့ ငါ ထွက်နိုင်ပြီ၊ ဒီမှာ ရတနာတွေ ရှိရမယ်။ "

သို့သော် ရုတ်တရက် ခန်းမ အတွင်းရှိ၊ လူတစ်စုက သူ့ကို စူးစမ်း ဟန်ဖြင့်၊ ပြန်ကြည့် နေသည်ကို တွေ့လိုက် ရသောကြောင့်၊ အံ့သြသွား၏။

" ထွက် သွား ။ "

ဖန်းယီက လူအုပ် ကြီးကို တွန်းထုတ် လိုက်သည်။ ခန်းမ အတွင်း ရှင်းရှင်း လင်းလင်း ပြန်မြင် ရချိန်တွင်၊ သူ မူးမေ့ လဲလု နီးပါး ဖြစ်သွား၏။

ဤခန်းမသည် သူ စတင် ခဲ့သော ခန်းမဖြစ်သည်။ စိတ်ဓာတ်ကျ လာမှုကြောင့်၊ ဖန်းယီက သွေး တစ်လုတ်ကို၊ အန်ထုတ် ပစ်လိုက် ရသည်။ သူ့ မျက်နှာမှာ ဖြူဖျော့ သွားတော့၏။

" အစ်ကို ဖန်းယီ မင်းဒဏ်ရာ တွေက၊ ပြင်းထန်ပုံရတယ်။ "

အသံ တစ်သံ ထွက်ပေါ် လာပြီး လူအုပ် ကြီးက မနာလို စိတ်ဖြင့်၊ သူ့အား လှမ်းကြည့် နေ ကြသည်ကို၊ တွေ့လိုက် ရသည်။

“ ဟီး ... ဟီး၊ 'မိစ္ဆာ တစ်ရာ တံခါးဝ' ဂိုဏ်းက ဖန်းယီ၊ မင်းကို ဒီလောက် သနားစရာ ကောင်းတဲ့ အခြေ အနေမျိုးနဲ့ ၊ တွေ့ရ လိမ့်မယ်လို့၊ ငါ မထင် ထားခဲ့ မိဘူး။ ''

" သူက လူပေါင်း များစွာကို သတ်ခဲ့တယ်၊ ဒါကြောင့် သူ့မှာ ရတနာတွေ အများကြီး ရှိရမယ်။ "

" သူ့ ဒဏ်ရာကို ကြည့်စမ်း ... ဒါက ငါတို့အတွက်၊ ကြီးမားတဲ့ အခွင့် အရေးပဲ။ ”

လူအုပ်စုက တဖြည်းဖြည်း ချဉ်းကပ် လာပြီး၊ ဖန်းယီအား သားကောင် တစ်ကောင် ကဲ့သို့၊ ပြုမူ လာ၏။

ဖန်းယီက ဒေါသဖြင့် တုန့်ပြန်ရန်၊ မူလ စွမ်းအင်အား၊ ဖြန့်ကျက် လိုက်သည့် အခိုက်တွင်၊ ရင်ဘတ် ဆီမှ ပြင်းစွာသော နာကျင် မှုကို၊ ခံစား လိုက်ရသည်။

ရုတ်တရက် အသိ တရား တစ်ခုနှင့် အတူ၊ တုန်လှုပ် သွားပြီး၊ လူအုပ်ကို လှမ်းကြည့် လိုက်၏။

( ဂရု မစိုက်ရင် ဒီလူပြက်တွေ လက်ထဲမှာ၊ ငါ သေသွား လိမ့်မယ်။ )

“ သတ် ... ”

တစ်စုံ တစ်ယောက်က စိတ် မရှည် တော့ဟန်ဖြင့်၊ လူတိုင်းကို ဦးဆောင်ရန် အော်ဟစ် ကြုံးဝါး လိုက်တော့သည်။

***

All Chapters