ကြာနက် နန်းတော် ။
Vol. 26 Ch. 361
ဖန်းယီက ဒေါသဖြင့် မူလ စွမ်းအင်အား၊ ဖြန့်ကျက် လိုက်ရာ၊ ရင်ဘတ် ဆီမှ ပြင်းစွာသော နာကျင် မှုကို၊ ခံစား လိုက်ရသည်။
ရုတ်တရက် တုန်လှုပ် သွားပြီး၊ လူအုပ်ကို လှမ်းကြည့် လိုက်၏။
( ဒီလူပြက် တွေရဲ့ လက်ထဲမှာ၊ ငါ သေရမှာလား။ )
လမ်းအဆုံးသို့ ရောက်ရှိ သွားသော လင်းယွန်က၊ တည်နေရာ ရွေ့ပြောင်းခြင်း၊ အစီ အရင်အား ငေးကြည့် နေမိသည်။
ယင်းမှာ မြေအောက် နန်းတော်မှ ထွက်ပေါက် ဖြစ်ပေမည်။ ပြတ်သားသော ဆုံးဖြတ်ချက် နှင့်အတူ၊ အစီအရင်ထဲ တိုးဝင် လိုက်သည်။
ရုတ်တရက် ကမ္ဘာကြီး တစ်ခုလုံး ချာချာလည် သွား၏။
မျက်လုံး ပြန်ဖွင့် လိုက်ချိန်၌၊ တိမ်ပင်လယ် အတွင်း ရောက်ရှိ နေကြောင်း၊ သတိ ပြုမိ လိုက်သည်။
မြေအောက် နန်းတော်၏ ထွက်ပေါက် တိုင်းတွင်၊ 'တည်နေရာ ပြောင်းရွေ့ အစီရင်' ကို၊ ခင်းကျင်း ထားမည် ဖြစ်ပြီး၊ ထိုအစီရင်က သူ့တို့အား ကျပန်း နေရာသို့၊ ပို့ဆောင်ပေး ပေလိမ့်မည်။
သို့သော် ယင်းနယ်မြေမှာ မြေအောက်နန်းတော်နှင့် မဝေးကြောင်း သူ သိသည်။
လင်းယွန်မှာ တောင်ထိပ် တစ်ခု ပေါ်သို့၊ တည်နေရာ ပြောင်းရွေ့ ခံရ ပြီးနောက်၊ မဆိုင်း မတွ ခုန်ချ လိုက်သည်။
ဤနေရာသို့ အခြားသော တစ်စုံ တစ်ယောက်အား၊ တည်နေရာ ရွေ့ပြောင်း ခံရ နိုင်ခြင်း၊ ရှိ ... မရှိ မသေချာပေ။
ထို့ကြောင့် တိမ်ပင်လယ် အတွင်း၌ အချိန်ဖြုန်း ခြင်းမှာ၊ ပညာ မဲ့ရာ ကျပေမည်။
မြေကြီး ပေါ်သို့ ခြေချ မိသည်နှင့်၊ တိမ်ပင်လယ် ကြီးအား ပြန်မော့ ကြည့်လိုက်သည်။
ပြီးနောက် ပတ်ဝန်း ကျင်အား လှည့်ပတ်ကြည့်ရန်၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းကို၊ ထုတ်ဖော် လိုက်သည်။
အချိန် အနည်း ငယ်ကြာ ပျံသန်း ပြီးနောက်၊ကျောက်ဆောင်ကြီး တစ်ခု နောက်တွင်၊ ကျဉ်းမြောင်းသော ချိုင့်ဝှမ်း ငယ်လေး တစ်ခုအား၊ တွေ့လိုက် ရသည်။
ချိုင့်ဝှမ်း အတွင်း ခုန်ချ လိုက်ကာ၊ ပတ်ဝန်း ကျင်ကို စစ်ဆေး ကြည့်လိုက်၏။
လူသူ ကင်းရှင်းကြောင်း သေချာ သည်နှင့်၊ သိုလှောင်အိတ်ကို ပုတ်လျက်၊ ရတနာ များကို ထုတ်ယူသည်။
ပွင့်ချပ် ငါးချပ်နှင့်၊ ပွင့်ချပ် လေးချပ် ကြာနက် အမြုတေ အပါအဝင်၊ အရာ အားလုံးကို ထုတ်ယူ လိုက်သည်။
၎င်းတို့မှာ အမြုတေများ အပြင်၊ နက်ပြာရောင် ရေခဲ မီးတောက် သစ်သီးနှင့်၊ ဆေးဖက်ဝင် ဝိညာဉ် ဆေးပင် အချို့ပင် ဖြစ်သည်။
“ အောင်မြင်မှု ရယူဖို့ အချိန် တန်ပြီ။ ”
လင်းယွန်က ခပ်တိုတိုး ကြုံးဝါး မိ၏။ လုံလောက်သော အရင်းအမြစ် များကို စုဆောင်း ပြီးသည်နှင့်၊ အဆင့်ချိုး ဖြတ်ရန်၊ ဆုံးဖြတ်ထား ပြီးသား ပေပင်။
နောက်ဆုံးတွင်၊ ခွန်အားသည် ကြာမိစ္ဆာနယ်မြေ အတွက်၊ အာဏာကို ကိုယ်စား ပြုပေ၏။
အရင် အမြစ်များ ပိုမို ရယူ လိုပါက၊ သန်မာ နေရမည်။ ထို့အပြင် မိမိ ကိုယ်ကိုယ်၊ ခုခံ ကာကွယ် ရန်အတွက်၊ ခွန်အားမှာ အရေး ကြီးသော နေရာ၌၊ ပါရှိ နိုင်၏။
ကြာနက် အမြုတေရှိ၊ အနက်ရောင် အဆိပ်မြူ များကို၊ စတင် ဖယ်ရှားရန် ပြင်ဆင် လိုက်သည်။
၎င်းတို့အား မဖယ်ရှား ပါလျှင်၊ သူ၏ စိတ်အခြေ အနေ အပေါ်၊ သက်ရောက်မှု ရှိလာမည် ဖြစ်သည်။ အနက်ရောင် အဆိပ်မြူ များမှာ၊ မိစ္ဆာ ကျင့်ကြံသူများ အတွက်သာ အကျိုး ရှိ၏။
အဆိပ်သင့် ခြင်းဖြင့်၊ သွေးဆာ နေသော လူသတ် သမား တစ်ယောက် အဖြစ်၊ ပြောင်းလဲ သွားနိုင်ကာ၊ ပို၍ စိုးရွားသော အခြေ အနေ များ၌၊ နတ်ဆိုး ကျင့်ကြံသူ တစ်ယောက်ပင်၊ ဖြစ်လာ နိုင်သည်။
မျက်လုံး များကို မှိတ်ချ လိုက်ပြီး၊ ဓားသုတ္တန်ကို ဖြန့်ကျက်ကာ၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်အား၊ ဖြန့်ထုတ် လိုက်၏။
စွမ်းအင်ဖြင့် ဖန်တီး ထားသော၊ အလွှာ အတွင်း ဆံပင် များက၊ လှိုင်းများ သဏ္ဍာန် ရွေ့လျား လာပြီး၊ မြေပြင် ပေါ်ရှိ ကြာနက် အမြုတေများ အားလုံးကို လေထဲသို့၊ ဆွဲယူ လိုက်သည်။
အဝေးမှ လှမ်းကြည့် မိပါလျှင်၊ ကြာနက် အမြုတေ များက၊ လင်းယွန် တစ်ဝိုက်တွင် လှည့်ပတ် နေသည်ကို မြင်ရ ပေမည်။
ရုတ်တရက် ဓား ရည်ရွယ် ချက်ကြောင့်၊ ကြာနက် အမြုတေ အတွင်းရှိ၊ အနက်ရောင် မြူများ ကွဲအက် သွားသည်။
ဓား ရည်ရွယ် ချက်နှင့် ဓားသုတ္တန်ကို ပိုင်ဆိုင် ထား သောကြောင့်၊ အနက်ရောင် မြူများအား ဖယ်ရှားသည့် လုပ်ငန်း စဉ်မှာ၊ အခြား သူများထက် ပို၍ မြန်ဆန် ပေသည်။
နေ့တစ်ဝက် သာသာတွင်၊ အနက်ရောင် ကြာပန်း အမြုတေ များမှာ၊ ကျောက်စိမ်းရောင် ကြာပန်းများ အဖြစ်သို့၊ ပြောင်းလဲ သွားသည်။
ပြီးနောက် မျက်လုံး များကို ဖွင့်ကာ၊ ပွင့်ချပ် ငါးချပ် ကြာပန်း ကို မျိုချ လိုက်သည်နှင့်၊ လင်းယွန်၏ အရှိန် အဝါမှာ၊ တဟုန်တိုး မြင့်တက် လာ၏။
“ လာ .... ။ ''
ပွင့်ချပ် ငါးချပ် ကြာနက် အမြုတေမှာ ၊ သူ့ ခန္ဓာကိုယ် ထဲသို့ ဝင်ရောက် သွားသော အခါတွင်၊ မွှေးညှင်း ပေါက်များ ထံမှ ကျောက်စိမ်း အလင်းများ၊ ထုတ်လွှတ် လာလေသည်။
အဝတ် အစားများ သည်လည်း၊ တဟူးဟူး လွင့်ပျံ လာ၏။ သတ္တမ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိရန် လက်တွေ့ ကျကျ၊ အချိန် ယူခဲ့ ရသည်။
သိပ်မကြာ ခင်မှာပင်၊ ပွင့်ချပ် လေးချပ်ပါ ကြာနက် အမြုတေကို၊ ထပ်မံ မြိုချ လိုက်၏။
ပြီးနောက်တွင်၊ သူ၏ ခန္ဓာကိုယ်မှ ထွက်လာသော ကျောက်စိမ်း အလင်း ရောင်မှာ၊ ပို၍ပင် တောက်ပ လာသည်။
နက်နဲ သိုင်းနယ်ပယ် အဋ္ဌမ အဆင့်သို့၊ ရောက်ရှိရန် ပိတ်ဆို့ မှုအား၊ စတင် ဖြိုခွဲ လာတော့သည်။
အန္တရာယ် များမှန်း သိသော်လည်း၊ လူများ စွာက ကြာမိစ္ဆာ နယ်မြေသို့၊ အဘယ်ကြောင့် ဤမျှ ဝင်ချင် နေကြ သည်ကို၊ သူ နားလည် လိုက်သည်။
နောက်ဆုံးတွင် ကြာနက် အမြုတေမှာ၊ အလွန် အစွမ်းထက် လှ၏။ သို့သော် လင်းယွန်က ယခု အချိန်တွင် အောင်မြင်မှု တစ်ခုကို ရယူရန်၊ အလျင် လိုခြင်း မရှိ ခဲ့ဘဲ၊ ရှေးဦးကျမ်းကို ထုတ်ဖော် ဖြန့်ကျက် လိုက်ပြန်သည်။
ခန္ဓာကိုယ် အတွင်း အတား အဆီးကို၊ ချိုးဖြတ် နေသော စွမ်းအင် များအား၊ ရှေးဦးကျမ်းက ချက်ချင်း ဖိနှိပ် ပစ်လိုက်၏။
ရှေးဦးကျမ်းသည် ကြာနက် အမြုတေ ထံမှ၊ စွမ်းအင် များကို စုပ်ယူ နေသော ရေမြှုပ်ကောင် နှင့်တူ၏။ လုပ်ငန်းစဉ် အတိုင်း စွမ်းအင်များ အားလုံးကို၊ သန့်စင်ပြီး သန့်စင် နေမိသည်။
ရှေးဦးကျမ်းကို ဆက်လက် ဖြန့်ကျက် နေချိန်တွင်၊ ဖောင်းပွ နေသော စွမ်းအင် များမှာ၊ လျင်မြန်စွာ လျော့ပါး လာ၏။
အကြိမ်ပေါင်း များစွာ လည်ပတ် ပြီးနောက်၊ ထုတ်လွှတ် ထားသော ကျောက်စိမ်း အလင်း ရောင်မှာ၊ သဘာဝ အတိုင်း သန့်စင် လာသည်။
ဖောင်းပွ နေသော စွမ်းအင် များမှာ၊ သိပ်သည်း ကျစ်လစ် လာ၏။
နက်နဲ သတ္တမ အဆင့်၊ အထွတ် အထိပ်တွင်၊ အုတ်မြစ် ခိုင်မာ စေလို သောကြောင့်၊ အဋ္ဌမမြောက် လေးနက်သော သွေးပြန် ကြောကို၊ ဖွဲ့စည်းရန် အလျင် မလို ခဲ့ပေ။
သူ၏ ရည်မှန်းချက်မှာ အခြေခံ အုတ်မြစ် မခိုင်မာ သေးသည့် အချိန်၌၊ အောင်မြင်မှု တစ်ခုကို မပြုလုပ် လိုခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် ခန္ဓာကိုယ် ထဲရှိ၊ ကြာနက်အမြုတေ၏ စွမ်းအင် များကို၊ ထပ် တလဲလဲ သန့်စင် နေမိခြင်း ဖြစ်၏။
ရုတ်တရက် လင်းယွန်၏ မျက်လုံးများ ပွင့်လာကာ၊ နက်ပြာရောင် ရေခဲ မီးတောက် သစ်သီးနှင့်၊ ဝိညာဉ် ဆေးပင် များကို၊ ထပ်မံ မြိုချ လိုက်သည်။
နောက်ဆက်တွဲ အနေဖြင့်၊ သူ့ ပတ်ဝန်း ကျင်ရှိ အပူ ချိန်မှာ၊ ကျဆင်း သွား၏။
အေးစက်သော အငွေ့ အသက်များ၊ အစားထိုး ဝင်ရောက်လာ ပြီးနောက်၊ နှင်းပွင့် များပင်၊ တဖျပ်ဖျပ် ပွင့်လာသည်။
မျက်လုံး မှိတ်လျက် အနေ အထားဖြင့်၊ ခန္ဓာကိုယ် အတွင်း၊ တောက်လောင် နေသော နက်ပြာရောင် မီးတောက် များကို၊ ဖိနှိပ် လိုက်၏။
တစ်ချိန် တည်းတွင်၊ ဒါန်တမ် အတွင်းရှိ ခရမ်းရောင် ပန်းမှာ၊ ရေခဲ မီးတောက် စွမ်းအင် အပေါ်၊ စိတ်လှုပ်ရှား နေပုံ ရသည်။
သူက အငမ်းမရ စုပ်ယူပြီး၊ မကြာခင် မှာပင်၊ ခရမ်းရောင် ပန်း၌၊ နောက်ထပ် ပွင့်ချပ် တစ်ချပ်၊ ဖွဲ့တည် လာသည်။
ဝိညာဉ် သစ်သီးကို သန့်စင် လိုက်ချိန်တွင်၊ သတ္တမ အဆင့် အတား အဆီးအား၊ အလွယ် တကူ ဖြတ်ကျော် သွားကာ၊ အဋ္ဌမြောက် နက်နဲ သွေးပြန် ကြောကို၊ ဖြစ်ပေါ် လာစေ ခဲ့သည်။
အရာ အားလုံး ချောမွေ့စွာ ဖြစ်ပျက် နေ၏။ နက်ပြာရောင် ရေခဲ မီးတောက် သစ်သီးကို အကုန် အစင် သန့်စင် ပြီးနောက်၊ ခရမ်းရောင် ပန်းတွင် ပွင့်ချပ်ပေါင်း၊ ခုနစ်ဆယ် အထိ ရှိလာ လေသည်။
ဓားသုတ္တန်၏ နဝမ အဆင့်သို့ ရောက်ရှိရန်၊ ပွင့်ချပ် နှစ်ချပ် မျှသာ၊ လိုပေ တော့သည်။
ထို့ကြောင့် ကျင့်ကြံ မှုနှင့် ဓားသုတ္တန် နှစ်ခု စလုံးတွင်၊ အောင်မြင်မှုကို တစ်ချိန် တည်း ရယူရန်၊ ကြိုးစား လိုက်မိသည်။
အချိန် အနည်းငယ် အကြာတွင်၊ အသက်ရှူသံ ပြင်းပြင်းကို မှုတ်ထုတ်ကာ၊ မျက်လုံးများ ပြန်ဖွင့် ကြည့်လိုက်၏။
သည်တစ်ကြိမ်တွင် သူ၏ စိတ်နေ စိတ်ထားမှာ သိသိ သာသာ ပြောင်းလဲ သွားသည်။
နှစ်ခု စလုံးတွင် အောင်မြင်မှု များ ရယူနိုင်ပြီးနောက်၊ ယခင် ကထက် နှစ်ဆ ပိုမို သန်မာ လာ၏။
သူ့မျက်လုံး များထဲတွင် နက်ပြာရောင် မီးတောက်များ တောက်လောင် နေသည်။
ရုတ်တရက် ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ်ပြီး၊ မီတာ တစ်ထောင် ပတ်လည် အတွင်းရှိ၊ အရာ အားလုံးကို အေးခဲ စေလိုက်၏။
ပြီးနောက် ပန်းသင်္ချိုင်း ဓားကို လွှဲယမ်း လိုက်သော အခါတွင်၊ အေးခဲ နေသည့် အရာ အားလုံးမှာ၊ အစိတ်စိတ် အမွှာမွှာ ကွဲကြေ သွားတော့သည်။
ဤသည်မှာ လရောင် ရေစင် ဓား၏၊ ဒုတိယမြောက် အဆုံး စွန်သော လှုပ်ရှားမှု 'အနန္တ နှင်းလွင်ပြင်' ဖြစ်လေသည်။
“ လရောင် ရေစင် ဓားက တကယ်ကို အစွမ်းထက် တာပဲ၊ နောက်ဆုံး လှုပ်ရှားမှုဆို ... ဘယ်အထိများ သန်မာ လိုက်မလဲ။ ”
နက်ပြာရောင် ရေခဲ မီးတောက် သစ်သီး၏၊ အကျိုး ဆက်များ ပျောက်ကွယ် ခါနီးတွင်၊ အဆုံး စွန်သော လှုပ်ရှားမှု သုံးခု ထဲမှ တစ်ခုကို၊ နားလည် နိုင်ခဲ့သည်။
'အနန္တ နှင်းလွင်ပြင် ' သည်၊ 'အမှောင် ခွင်းသော လမင်း' ထက်၊ ပို၍ အားကောင်း ပေ၏။
ထိုအချိန်တွင် အဝေး တစ်နေ ရာမှ၊ တိုးညှင်းသော ခြေသံကို၊ ကြားလိုက် ရသောကြောင့်၊ မူလ စွမ်းအင် များကို ရုတ်သိမ်းကာ၊ ချက်ချင်း ပုန်းကွယ် လိုက်ရသည်။
ခြေသံ ပိုင်ရှင်မှာ ဖန်းယီ ဖြစ်၏။ သူ့ခန္ဓာ အနှံ့ ဒဏ်ရာများ ပြည့်နှက် နေကာ၊ အခြေ အနေ ကောင်းပုံ မပေါ်ပေ။
ရုတ်တရက် သွေး တစ်လုပ်ကို အန်ချ လိုက်၏။ ပြီးနောက် နောက်သို့ လည်ပြန် လှည့်ကြည့် လိုက်သည်။
သူ့နောက် မည်သူမျှ လိုက်မလာ သည်ကို မြင်လိုက် ရမှ သာလျှင်၊ စိတ် သက်သာရာ ရသွားသည်။
သေခြင်း တရားနှင့် လွန်စွာ နီးကပ် ခဲ့ရ ပေသည်။ မြေအောက် နန်းတော် အတွင်း၊ လူပြက်များ လက်မှ၊ လွတ်မြောက် ဖို့ရန်၊ ဝှက်ဖဲ များအား ထုတ်ဖော် လိုက်ရသည်။
တစ်ဖက် တွင်မူ လင်းယွန်မှာ၊ ဖန်းယီ တစ်ယောက်၊ မည်ကဲ့သို့ ဖြစ်ပျက် ခဲ့သည်ကို၊ အတိ အကျ မတွေး နိုင်ပေ။
" အဲဒီ လူယုတ်မာတွေ ... မင်းတို့ စောင့်နေ၊ ငါ့ဒဏ်ရာတွေ ပြန်ကောင်း လာပြီးရင်၊ မင်းတို့အားလုံးကို ငါသတ်မယ်။ ”
မြေအောက် နန်းတော် ထဲသို့ ယုံကြည်မှု ရှိစွာဖြင့် ဝင်ရောက် မိပြီး၊ လမ်းတစ်လျှောက် လူပေါင်း များစွာအား၊ နောက်မတွန့်တန်း သတ်ဖြတ် ခဲ့သည်။
အဆုံးတွင် ဤမျှ သနား စရာ ကောင်းသော၊ အနေ အထား မျိုးဖြင့်၊ ရုန်းကန် ထွက်ပြေး ရလိမ့် မည်ဟု၊ မမျှော်လင့် ထားမိပေ။
" အဲ့ဒီ ကောင်လေး လင်းယွန် ... "
လင်းယွန် အကြောင်းကို တွေးမိ သွားသော အခါတွင်၊ အံကြိတ် လိုက်၏။
သို့သော် ပတ်ဝန်း ကျင်ရှိ ပုံမှန် မဟုတ်သော ပြောင်းလဲ မှုကို၊ ရုတ်တရက် သတိ ထားမိ သွားသည်။
အေးစက် နေသော လေထုအား၊ မယုံ နိုင်စွာ လှည့်ပတ် ကြည့်လိုက်၏။ သူ့အတွေ့ အကြုံ အရ၊ အနီး နားတွင် ရတနာ တစ်ပါး ရှိနေ ခဲ့ခြင်း၊ ဖြစ်ရ ပေမည်။
ဤသို့သော ပြောင်းလဲ နေမှု မျိုးမှာ၊ ကြာမိစ္ဆာ နယ်မြေ ၌ကား၊ ဖြစ်ရိုး ဖြစ်စဉ် တစ်ခု မျှသာ ဖြစ်ပြီး၊ မည်သည့် နေရာတွင် မဆို၊ ရတနာများ ရရှိ နိုင်သည်။
ဖန်းယီက စိတ်လှုပ်ရှား စွာဖြင့်၊ လှည့်ပတ် ကြည့်တော့သည်။
သို့သော် မျက်ကွယ် အရပ် ဆီမှ၊ မထင်မှတ် ထားသော လူ တစ်ယောက်က၊ သူ့အား ရပ်ကြည့် နေခဲ့ သည်ကို၊ တွေ့လိုက် ရသည်။
ထိုလူ၏ အသွင် အပြင်ကြောင့်၊ သူ့မျက်နှာ ပေါ်ရှိ အပြုံးများ၊ ချက်ချင်း ပျောက်ကွယ် သွားသည်။
" အစ်ကို ဖန်းယီ၊ မင်းက ... ငါ့ကို ရန်ငြိုးထား နေပုံ ရတယ်။ "
နောက်ကျောတွင် ဓားသေတ္တာအား၊ ထမ်းပိုး ထားသော လင်းယွန်က၊ တစ်လှမ်းချင်း လျှောက်လှမ်း လာလျက်မှ၊ မေးမြန်း လိုက်လေသည်။
လင်းယွန်ကို မြင်သည်နှင့် ဖန်းယီတွင်၊ သတ်ပစ်ချင် စိတ်များ ဖြစ်ပေါ် လာသည်။
သို့သော် မကြာခင် မှာပင်၊ သူ့ ဆန္ဒများ ငြိမ်သက် သွားပြီး၊ ပြုံးရွှင် စွာဖြင့် တုန့်ပြန် လိုက်လေသည်။
“ တိုက်ဆိုင် လိုက်တာ၊ ငါမင်းကို ဒီမှာ ထပ်တွေ့ ရလိမ့် မယ်လို့၊ ဘယ်တုန်း ကမှ မျှော်လင့် မထား မိဘူး၊ ဒီနားက ရတနာ တွေကို၊ မင်းရယူ ထားနိုင် မယ်လို့၊ ငါ ယုံကြည်တယ်၊ ဒီလို ဖြစ်လာ မှတော့ .... ငါအရင် ထွက်သွား လိုက်မယ်။ "
" နေပါဦး၊ ... မင်းရဲ့ သိုလှောင်အိတ် ထဲမှာ၊ ငါ စိတ်ဝင်တဲ့ ရတနာ နည်းနည်း ရှိတယ်၊ ငါတို့ တွေ့ကြုံမှု အရ ...၊ မင့်ကို ရွေးချယ်မှု တစ်ခု ပေးမယ်၊ မင်းကိုယ်တိုင် ပေးမလား၊ ငါကိုယ်တိုင် လာယူရ မလား။ "
လင်းယွန်က အေးစက်သော အသံဖြင့်၊ ဖန်းယီကို စိုက်ကြည့်ကာ ဆိုလိုက်သည်။
ထိုစကားလုံး များမှာ သူ့ အတွက် ရင်းနှီး နေသောကြောင့်၊ ဖန်းယီမှာ တုန်ယင် လာ၏။ ပထမဆုံး တွေ့ဆုံ ချိန်တွင်၊ လင်းယွန်ကို သူပြော ခဲ့သော စကားများ ပေပင်။
ကာလဝိပါက်သည် ဤမျှ မြန်မြန် ဆန်ဆန် ရောက်လာ လိမ့်မည်ဟု၊ သူ ဘယ်တုန်း ကမှ မထင် ထားမိပေ။
ထွက်ပြေး ဖို့ရန် ကြိုးစား ရခြင်းမှာ၊ သူ၏ ရတနာ များကို၊ မပေးအပ် လိုသောကြောင့် ဖြစ်သည်။ သို့သော် ကံကို ရှောင်လွှဲ၍၊ ရမည့်ပုံ မပေါ် တော့ခြေ။
မျက်လုံး များတွင် တွန့်ဆုတ်မှု များဖြင့်၊ ပြည့်နှက် နေသော်လည်း၊ အတောက် ပဆုံး ပြုံးပြ လိုက်ကာ၊
“ ငါ ကိုယ်တိုင် ပေးမယ်။ ”
လင်းယွန် ထံမှ နားမလည် နိုင်သော ခံစားချက်များ ပေးအပ် နေပြီကို၊ သူ သတိထား မိသည်။
ဒဏ်ရာ မရ ရှိခဲ့ လျှင်ပင်၊ လင်းယွန်ကို အနိုင်ယူ နိုင်မည် မဟုတ်ဟု၊ ထင်မှတ် လာ၏။
ဖန်းယီမှာ အတော် အတန် ရိတ်သိမ်း ထားနိုင်ပြီး ဖြစ်သည်။ သူက ကြာနက် အမြုတေ ဒါဇင်ပေါင်း များစွာ၊ ဝိညာဉ် ဆေးပင် သုံးမျိုးနှင့်၊ ဝိညာဉ် အသီး တစ်လုံး တို့ကို၊ ထုတ်ပေး လိုက်သည်။
လင်းယွန် မှာမူ ယဉ်ကျေးမှု တရား၊ ရှိပုံ မရပေ။ ၎င်းတို့ အားလုံးကို ယူဆောင် သွားသည့် အပြင်၊ ထပ်မံ မျှော်လင့် နေသည်။ ယင်းကိုသတိ ထားမိ သွားသော ဖန်းယီက၊
" ဖျာ လား ..... "
" .... မင်း ငါ့ကို တစ်ခုခုတော့ ထားခဲ့လို့၊ မရဖူးလား။ "
ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးလျက် ရေရွတ် လိုက်သည်။
“ စိတ်ဝင် စားဖို့ ကောင်းတယ်၊ ဖျာက မင်းဘဝထက် ပို အရေး ကြီးလား၊ ဒါမှ မဟုတ် ငါပေးတဲ့ အခွင့် အရေးကို မင်းမယူ ချင်တာလား။ ''
လင်းယွန်၏ မျက်လုံး များက၊ တောက်ပ လာပြီး၊ အေးစက်စွာ ဆိုလိုက်သည်။
" မင်း ..... ကောင်း ပြီ။ ”
နောက်ဆုံးတွင် ဖန်းယီက အံကြိတ်လျက်၊ ဖျာကို ပေးအပ် လိုက်သည်။
ဖျာကို ထုတ်ယူ နေစဉ်၊ သိုလှောင် အိတ်ကို စိုက်ကြည့် နေဆဲ ဖြစ်သော လင်းယွန်ကြောင့်၊ နာကျင် မှုအား မထိန်းချုပ် နိုင်တော့ပေ။ သူက၊
“ လင်းယွန်၊ ငါ့ကို တွန်းမပို့ ပါနဲ့၊ မဟုတ်ရင် ... ငါမင်းကို ဒီအတွက် တိုက်ခိုက် ရလိမ့်မယ်။ "
ဟု အံကြိတ်လျက် ပြတ်သားစွာ ရေရွတ် လိုက်လေသည်။
ဖန်းယီ၏ တုန့်ပြန် မှုတွင်၊ အရာရာ ချင့်ချိန် နိုင်စွမ်းများ၊ ပျောက်ဆုံး နေသည်ကို၊ လင်းယွန်က သတိထား မိသည်။
ထပ်မံ ဖိအား ပေးမိ ပါက၊ အမှန် တကယ်ပင် တိုက်ခိုက် လာပေ လိမ့်မည်။
သို့သော် သူက ဖန်းယီ၏ စကားများ အတွက် စိတ်အနှောက် အယှက် မဖြစ် မိပေ။
ဒဏ်ရာ အကြီး အကျယ် ရရှိ ထားသော်လည်း၊ ဖန်းယီတွင် ဝှက်ဖဲများ ရှိနေဦး မည်ကို၊ သူ စိုးရွံ့ မိသည်။
ရုတ်တရက် အလင်းတိုင် တစ်တိုင်၊ ကောင်းကင် ပေါ်သို့၊ ပျံတက် သွားသည်။
အလင်းတိုင် အတွင်း၌၊ အနက်ရောင် နန်းတော် သဏ္ဍာန်၊ အဆောက် အဦး တစ်ခုအား၊ ဝိုးတဝါး တွေ့မြင် လိုက်ရသည်။
" ကြာနက် နန်းတော်။ "
ဖန်းယီက စိတ်လှုပ်ရှား စွာဖြင့်၊ အလင်းတိုင်ကို မော့ကြည့်ကာ၊ ရေရွတ် လိုက်လေသည်။
***