← Chapters

မတရားမှုကို ရင်ဆိုင်ခြင်း။

Vol. 26 Ch. 362

မတရားမှုကို ရင်ဆိုင်ခြင်း။

Vol. 26 Ch. 362

ရုတ်တရက် အလင်းတိုင် တစ်တိုင်၊ ကောင်းကင် ပေါ်သို့၊ ပျံတက် သွားသည်။

အလင်းတိုင် အတွင်း၌၊ အနက်ရောင် နန်းတော် သဏ္ဍာန်၊ အဆောက် အဦး တစ်ခုအား၊ ဝိုးတဝါး တွေ့မြင် လိုက်ရသည်။

" ကြာနက် နန်းတော်။ "

ဖန်းယီက စိတ်လှုပ်ရှား စွာဖြင့်၊ အလင်းတိုင်ကို မော့ကြည့်ကာ၊ ရေရွတ် လိုက်သည်။

" ကြာနက် နန်းတော်။ "

လင်းယွန်က ဖန်းယီ စကားကို သံယောင်လိုက်ရေရွတ်ကာ မျက်မှောင် ကြုတ်လျက် ပြန်မေးလိုက်သည်။

" မင်း .... တော်တော် သိပုံ ရတယ်။ "

" အမ် ... မင်း အဲဒါကို မကြားဖူး ဘူးလား။ "

ကြာနက် နန်းတော် အကြောင်း၊ မသိသော လင်းယွန်၏ အမူ အရာကြောင့်၊ ဖန်းယီက အံ့သြသွားသည်။

လင်းယွန်က ခေါင်းညိတ် လိုက်၏။ ကြာနက် နန်းတော် အကြောင်းကို၊ အမှန် တကယ် သူ မသိပေ။

ကျင့်ကြံခြင်း အတွင်း ၌သာ နစ်မြုပ် နေပြီး၊ ကြာမိစ္ဆာ နယ်မြေနှင့် ပတ်သတ်၍၊ အချက် အလက်များ စုဆောင်းရန် မေ့လျော့ နေမိခြင်း ဖြစ်သည်။

တန်တုံ ဆိုပါလျှင်၊ ကြာနက် နန်းတော် အကြောင်း၊ သိကောင်း သိပေ လိမ့်မည်။

" မင်းရဲ့ အသွင်အပြင် အရ၊ သိနေ လိမ့်မယ်လို့ ငါထင် ထားတာ၊ ကောင်းပြီ မင်းက ငါ့ကို ဖိအား မပေး ခဲ့တဲ့ အတွက်၊ ငါနည်းနည်း ရှင်းပြ ပေးမယ်။ "

ဖန်းယီက စိတ်ပါ လက်ပါ ရှင်းပြ လာသောကြောင့်၊ ကြာနက် နန်းတော် အကြောင်း အကြမ်းဖျင်း နားလည် သွားသည်။

ကြာနက် နန်းတော်သည်၊ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ ဆွဲဆောင်မှု အရှိဆုံး နေရာ ဖြစ်သည်။

၎င်းတွင် သတ်မှတ် ထားသော တည်နေရာ မရှိပေ၊ ကြာမိစ္ဆာ နယ်မြေ ဖွင့်ချိန် တိုင်းတွင်၊ ကျပန်း ပေါ်လာ တက်သည်။

ကြာနက် နန်းတော် ထဲတွင်၊ မရေ မတွက် နိုင်သော ရတနာ များဖြင့်၊ ပြည့်နှက် နေတက်ပြီး၊ ထိုနေရာတွင် စကြာဝဠာ လက်ရာ များပင်၊ ရှာတွေ့ နိုင်၏။

ထို့အပြင်၊ ၎င်းထက် ပို၍ လူတိုင်းကို ဆွဲဆောင် နိုင်သော အရာမှာ၊ ရှေးဟောင်း 'တာအို ရှုမြင်ခြင်း ကားချပ်' ဖြစ်သည်။

'တာအို ရှုမြင်ခြင်း ပန်းချီကား'၊ အမျိုး အစား များစွာ ရှိသည်။ ၎င်းတို့မှာ ဓားတာအို ကားချပ်များ၊ ရှေးခေတ် ထူးဆန်းသော သားရဲများ နှင့်၊ ကြီးကျယ် ခမ်းနားသော ဖြစ်ရပ် ဆန်းများ စသည် တို့အား၊ မှတ်တမ်းတင် ဖန်တီး ထားခြင်း ဖြစ်သည်။

'တာအို ရှုမြင်ခြင်း ကားချပ်' တွင်၊ နားလည်မှု ရယူ ပြီးနောက်၊ ကျင့်ကြံခြင်း ကာလကို၊ ချုံ့ပစ် နိုင်သည်။

“ ငါ သိ ပြီ …”

ဤသို့ ဆိုသော် ကြာနက် နန်းတော်သို့၊ မဖြစ် မနေ သူ သွားရ မည်ကို၊ နားလည် လိုက်သည်။

ဓားများ အကြောင်း ပါရှိသော၊ 'တာအို ရှုမြင်ခြင်း ကားချပ်'၊ သို့မဟုတ် 'လေးနက်သော ခြေလှမ်း ခုနှစ် လှမ်း'နှင့်၊ 'ဒရာကိုဖီ ခန္ဓာကိုယ်' အတွက်၊ ကမ္ဘာဦး သားရဲများ အကြောင်း 'ပန်းချီ ကားချပ်'၊ စသည့် တစ်ခုခုကို၊ ရရှိရန် မျှော်လင့် မိသည်။

ရရှိ နိုင်သော အကျိုး ကျေးဇူး များကို သိပြီးနောက်၊ ထိုနန်းတော်သို့ သွားရ ပေလိမ့်မည်။

ဖန်းယီနှင့် လင်းယွန် တို့သည်သာ၊ သဘာဝ ဖြစ်စဉ်ကို မြင်မိခြင်း မဟုတ်ပေ။ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ နေရာ အနှံရှိ လူတိုင်းက၊ အဆိုပါ အနက်ရောင် အလင်း တန်းကို၊ မြင်နိုင် ကြသည်။

“ နောက်ဆုံးတော့ ကြာနက် နန်းတော် ဖွင့်လှစ် လာပြီ။ "

" ဟဲဟဲ၊ ငါအဲဒီ ကနေ ...၊ စကြာဝဋ္ဌာ လက်နက် တစ်ခုလောက် ယူရမယ်"

" 'တာအို ရှုမြင်ခြင်း ကားချပ်' ကို၊ ငါလေ့လာ နိုင်ရင် ကြေနပ် ပါပြီ၊ ဒါပေမယ့် ရတနာ နည်းနည်း ထပ်ရရင် ပိုကောင်း လိမ့်မယ်။ ”

“ နောက်ဆုံးတော့ ကြာနက် နန်းတော် ထဲမှာ၊ ဝိညာဉ် သစ်သီးတွေ ရှိသင့်တယ် မဟုတ်လား …”

ကြာမိစ္ဆာ နယ်မြေရှိ လူတိုင်းက ကောင်းကင်၌၊ ထွန်းလင်း နေသော အနက်ရောင် အလင်း တန်းကို ကြည့်ကာ၊ စိတ်လှုပ်ရှား မှုများ မြင့်တက် လာသည်။

သွေးရိုး တံခါး ဂိုဏ်း၏ တပည့် မူရွှန်းဟန်က၊ လူ ဆယ်ယောက် ကျော်အား၊ ခေါင်းဖြတ် သတ်ပစ် လိုက်ပြီးနောက်၊ ဓားမှ သွေးများကို ညင်သာစွာ သုတ်ယူ လိုက်၏။

“ နောက်ဆုံးတော့ ကြာနက် နန်းတော် ပေါ်လာပြီ၊ ဒီအမှိုက်တွေ အစား ...၊ ကျွမ်းကျင်သူ တွေကို သတ်ပစ် ရအောင်။ ”

တောအုပ် အတွင်းမှ နေ၍ ကောင်းကင် ပေါ်ရှိ၊ အနက်ရောင် အလင်း တိုင်ကို မော့ကြည့်ကာ၊ ရေရွတ် လေသည်။

သူ့ နှုတ်ခမ်းအား လျှာဖြင့် သပ်လျက်၊ တောအုပ် အတွင်းမှ ပျောက်ကွယ် သွားတော့သည်။

ပျက်စီး ပြိုကျ နေသော နန်းတော်ဟောင်း တစ်ခု ထဲတွင်၊ 'မိစ္ဆာ မီးလျှံ' ဂိုဏ်း၏ တပည့် များစွာ၊ စုဝေးနေ ကြသည်။ အားလုံးက လူငယ် တစ်ယောက်ကို ဝိုင်းရံ စောင့်ကြပ် ထား၏။

" စီနီယာ အစ်ကို ဘိုင်ယွီ၊ ကြာနက် နန်းတော် ပွင့်ပြီ။ "

“ စီနီယာ အစ်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲ စလို့ ရပြီ။ '

" စီနီယာ အစ်ကို၊ မင်းဘယ်တော့ သွားမှာလဲ။ "

စောင့်ကြပ် နေသော တပည့် များက၊ မျက်လုံး ပွင့်လာသော လူငယ်ကို ကြည့်ကာ၊ တစ်ယောက် တစ်ခွန်း၊ အလု အယက် မေးယူ လိုက်ကြသည်။

သူတို့ အစ်ကို ကြီး၏ ခွန်အား အပေါ်၊ ယုံကြည်ချက် အပြည့် ရှိပေသည်။

“ အစုလိုက် အပြုံလိုက် သတ်ဖြတ် မှုတွေကို၊ စတင်ဖို့ မလို ပါဘူး၊ ဒါပေမယ့် သေခြင်းထက် ဆိုးတဲ့ အရသာ ကိုတော့ ...၊ သူတို့ ခံစား စေရမယ်။ ”

ဘိုင်ယွီက ရက်စက်သော အပြုံးကို ထုတ်ဖော် လိုက်ပြီး ပြန်ဖြေ လိုက်သည်။

" သွား ရ အောင် ''

သူ့အား စောင့်ကြပ် နေသော တပည့် များကို ဦးဆောင်ကာ၊ ကြာနက် နန်းတော် ဆီသို့ ဦးတည် လိုက်ကြ၏။

တစ်ချိန်တည်း မှာပင် တောင်တန်း၏ အနက် ရှိုင်းဆုံး တစ်နေရာ၌၊ လူငယ် တစ်ယောက် ရပ်လျက်၊ ကောင်းကင်အား မော့ကြည့် လေသည်။

တိုက်ပွဲ ဝင်လို စိတ်များ တောက်လောင် နေသော၊ မျက်ဝန်း များတွင်၊ ပျင်းရိ ခြင်းများ ပျောက်ကွယ် သွားသည်။

“ ကြာနက် နန်းတော်က နောက်ဆုံးတော့ ဖွင့်လှစ် လာပြီပဲ၊ အရာ အားလုံး စိတ်ဝင် စားဖို့ ကောင်းလာ တော့မယ်၊ ငါဂျင်ဂျူးကို စိတ်မပျက် စေဖို့၊ မျှော်လင့် ရတာပဲ။ ”

ယခင် နဂါး တံခါး ပြိုင်ပွဲတွင် ပါဝင် ခဲ့သည့် အချိန်၌ သူ၏ အသက်မှာ၊ ဆယ့်ခြောက် နှစ်သာ ရှိသေးသည်။

သို့သော် အဆင့် တစ်ဆယ့်ကိုး နေရာသို့၊ တက်လှမ်း နိုင်သော အခါ၊ လူတိုင်းက လေးနက်စွာ အသိ အမှတ် ပြုလာ၏။

ထိုရလဒ် ကြောင့် ပါရမီရှင် ဓားသမား တစ်ဦး အဖြစ်၊ သတ်မှတ် လာကြပြီး၊ သုံးနှစ် အကြာတွင် သူမည်မျှ သန်မာ လာမည်ကို၊ လူတိုင်းက သိချင် နေပေသည်။

ဤလူငယ်မှာ ဂျင်ဂျူး ဖြစ်ပြီး၊ အစောပိုင်း အချိန်၌၊ ရှင်းယန်နှင့် တိုက်ပွဲတွင်၊ အင်အား အပြည့် ထုတ်ဖော် လိုခြင်း မရှိ သောကြောင့်၊ ဆုတ်ခွာ လာခြင်း ဖြစ်သည်။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၊ လနတ်ဆိုး ဗိမ္မာန်ဂိုဏ်း၊ နတ်ဘုရား အစောင့်တပ်၊ ရှေးဟောင်း တာအိုဂိုဏ်း စသည့်၊ အစ ရှိသော ဂိုဏ်းကြီး များ၏ တပည့် များက၊ မိုးကုတ် စက်ဝိုင်းကို ဖြတ်၍၊ လင်းလက် လာသော အနက်ရောင် နန်းတော် ကြီးအား၊ လှမ်းကြည့် လိုက်ကြသည်။

သူတို့ အားလုံးက မဆိုင်း မတွပင်၊ အလင်းတိုင် ထွက်ပေါ် လာရာ အရပ် ဆီသို့၊ ဦးတည် ပြေးသွား မိ၏။

ကြာနက် နန်းတော် အပြင် ဘက်တွင်၊ လူအများ စုဝေး လာနေ ကြသည်။

ကြာနက် နန်းတော် အတွင်း၊ ရတနာ များကြောင့်၊ ရက်စက် ကြမ်းကြုတ်သော တိုက်ပွဲများ၊ မကြာခင် ထွက်ပေါ် လာ ပေတော့မည်။

ဤတိုက်ပွဲများ အတွင်း ကံကို ယုံပြီး၊ ဆူးပုံ နင်းမည့် သူများ အတွက်၊ သေခြင်း တရား သည်သာ ရှိလာ နိုင်၏။

အဆုံး အထိ အသက်ရှင် လိုပါက၊ သူတို့၏ ခွန်အား အပေါ်၊ အားကိုး ရမည် ဖြစ်သည်။

လင်းယွန်က ကောင်းကင်ကို မော့ကြည့်ကာ၊ အလျင် လိုခြင်း မရှိပေ။ အလင်းတိုင် မပျောက် မချင်း နန်းတော်မှာ၊ ပွင့်လာမည် မဟုတ်နိုင်။

အနက်ရောင် အလင်းတန်းမှာ၊ အနည်းဆုံး မီတာ ထောင်ဂဏန်း အကွာ အဝေးတွင်၊ ထွက်ရှိ နေခြင်း ဖြစ်သည်။

ထို့အပြင် နန်းတော်သို့ ဝင်ခွင့် ရခြင်းဖြင့်၊ ရတနာ အားလုံးကို ရယူနိုင် သည်ဟု မဆိုလို။

ဝင်ရောက် သူ၏ ကြံ့ခိုင်မှု အပေါ်သာ မူတည် ပေသည်။ လုံလောက်သော ခွန်အား မရှိ ပါလျှင်၊ ရတနာကို ရရှိ ပြီးနောက်၊ ထိန်းသိမ်း နိုင်ခြင်း ရှိမည် မဟုတ်ပေ။

အလင်းတိုင် ဆီသို့၊ ဦးတည် သွားနေသော လင်းယွန်အား ကြည့်ကာ၊ ဖန်းယီက အနည်းငယ် တွေဝေ သွားသည်။

ပြီးနောက် လင်းယွန် နောက်သို့ လိုက်ပါ သွားပြီး၊ တစ်ခါ တစ်ရံ သူ့ နောက်ကျောအား ကြည့်ကာ၊ စစ်ဆေး နေမိ၏။

လင်းယွန်က ပြန်လှည့် ကြည့်ချိန် တိုင်းတွင်၊ ရှုခင်းကို သဘောကျ ဟန်ဆောင်ကာ၊ ပတ်ဝန်း ကျင်အား လှည့်ပတ် ကြည့်လိုက်သည်။

ဖန်းယီ၏ စိတ်ထဲ၌ ဖြစ်ပျက် နေသော ခံစားချက် များကို၊ လင်းယွန်က ခန်းမှန်း နိုင်၏။

ဒဏ်ရာ အားလုံးမှ ပြန်လည် ကောင်းမွန်လာ ချိန်တွင်၊ သူ့ထံမှ ပြန်လည် လုယက်ရန် ရည်ရွယ် နေပုံ ရသည်။

သို့သော် ထို့အတွက် လင်းယွန်က စိတ်ပူခြင်း မရှိပေ။ သူ၏ လက်ရှိ ခွန်အား အပေါ်၊ စမ်းသပ် လိုသော ဆန္ဒကို ဖန်းယီဖြင့်၊ စတင် ချင်သည်။

အဋ္ဌမ အဆင့်သို့ ထိုးဖောက် ဝင်ရောက် ပြီးနောက်၊ သူမည်မျှ သန်မာလာ မည်ကို၊ မသိ ရသေး သောကြောင့်၊ ဖန်းယီမှာ သင့်တော်သော ပြိုင်ဘက် ဖြစ်လာ နိုင်ခြင်း၊ ရှိ မရှိ ကိုလည်း၊ သူ မသိပေ။

ခုနစ်ရက် အကြာတွင်၊ လမ်းခရီး၌ နက်နဲ အဋ္ဌမ အဆင့် နတ်ဆိုး သားရဲ အုပ်စုနှင့်၊ ပက်ပင်း တိုးမိ၏။ နတ်ဆိုး သားရဲ များက၊ လင်းယွန်အား ဝိုင်းရံ တိုက်ခိုက် လာလေသည်။

ထိုဖြစ်ရပ်ကြောင့် နောက်မှ ခပ်ခွာခွာ လိုက်လာသော၊ ဖန်းယီ၏ မျက်လုံး များအား၊ တောက်ပ လာစေသည်။

ခွန်အား (၆၀%) ခန့်ကို ပြန်လည် ရရှိ ထားပြီး ဖြစ်သည့် အတွက်၊ အခွင့်သာ ပါက လင်းယွန်အား တိုက်ခိုက်ရန်၊ လုံလောက် ပေမည်။

ယင်း အတွေးကြောင့် မျက်လုံး များတွင် အေးစက်သော အလင်းများ တောက်ပ လာပြီး၊ မူလ စွမ်းအင် များကို ဖြန့်ကျက် လိုက်ကာ၊ လင်းယွန် အနားသို့၊ တိတ်တဆိတ် ချဉ်းကပ် လိုက်သည်။

သို့သော် လင်းယွန် အနား မရောက်ခင် မှာပင်၊ ထိတ်လန့် စရာ ကောင်းသော မြင်ကွင်းက၊ စီးကြို နေခဲ့သည်။

လင်းယွန် ထံမှ ထူးဆန်းသော ဓားရောင်ခြည် ဆယ်စင်း ထွက်ပေါ် လာကာ၊ နတ်ဆိုး သားရဲ များကို၊ ချက်ချင်း ချေမွှပစ် လိုက်ခြင်း ဖြစ်သည်။

နတ်ဆိုး သားရဲ များမှာ၊ အနားသို့ ချဉ်းကပ် နေလျက်ဖြင့်၊ သေဆုံးသွား ကြ၏။ ပေါက်ကွဲ ကြေမွှ သွားကုန်သော နတ်ဆိုး သားရဲ များကို ကြည့်ကာ၊ ဖန်းယီက အံ့သြ သွားသည်။

ရုတ်တရက် မှင်တက် သွားပြီးနောက်၊ လင်းယွန်ကို တိုက်ခိုက် ဖို့ပင်၊ မေ့လျော့ နေမိ၏။

အဝတ် အစား ပေါ်ရှိ ဖုန်မှုန့် များကို ခါထုတ် လိုက်ပြီး၊ လင်းယွန်က ပြန်လှည့် ကြည့်လာသည်။

" မင်း ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ အစ်ကိုဖန်း "

စကား သံကြောင့်၊ ရုတ်တရက် လန့်နိုး လာပြီး၊ လင်းယွန်အား ကျိန်ဆဲ လိုက်မိသည်။

( ဒီ ကောင် .... )

မည်သည့် အချိန် မှစကာ၊ လင်းယွန်က ဤမျှ သန်မာ လာသည်ကို သူမ သိပေ။

ထို့ပြင် လင်းယွန်၏ မထီမဲ့မြင် နိုင်သော မျက်နှာ ပေးကြောင့်၊ အဆင် မပြေသော ခံစား ချက်များ၊ ဝင်ရောက် လာသည်။

မြေပြင်၌ ပြန့်ကျဲ နေသော၊ ကြာနက် အမြုတေ များအား ငုံ့ကြည့် လိုက်ပြီးနောက်၊ ရုတ်တရက် အကြံ တစ်ခု ရသွား၏။

" မင်းဘာကြည့် နေတာလဲ၊ မြေပြင် ပေါ်က ဒီကြာနက် အမြုတေ တွေကို၊ ကောက်ယူဖို့ ငါကို ကူညီ စေချင် တာလား၊ ငါကို ဘယ်သူ ထင်နေလဲ။ "

ဖန်းယီက ရှေ့သို့ တိုးလာပြီး၊ ကြာနက် အမြုတေ များကို၊ ကောက်ယူ လိုက်သည်။ သူတို့အား လင်းယွန်ထံ ပေးအပ် လိုက်ပြီး၊

“ မင်းကို ငါကူညီ ပေးပြီးပြီ၊ ဘာလို့ ကြာနက်အမြုတေ တစ်လုံးလောက်၊ မပေး ရတာလဲ။ ”

“ အိပ်မက် မက်မနေနဲ့။ ”

လင်းယွန်က သူ့လက်အား ဝှေ့ယမ်းပြီး၊ ကြာနက် အမြုတေ အားလုံးကို၊ သိမ်းယူ လိုက်သည်။

ကြာနက် အမြုတေများ အားလုံး ပျောက်ကွယ် သွားသည်ကို၊ မြင်လိုက်သော အခါတွင်၊ ဖန်းယီက ထပ်မံ ကျိန်ဆဲ လိုက်သည်။

လင်းယွန်ကို လုယက် နိုင်ရန်၊ အမြန် ပြန်ကောင်းလာ ဖို့သာ၊ ယခု မျှော်လင့် နိုင်တော့မည်။

ကြာနက် အမြုတေ မည်မျှပင်၊ သိမ်းယူ နိုင်ပါစေ၊ နောက်ဆုံးတွင် သူ့ လက်ထဲသို့ ရောက်ရှိ လာရ ပေမည်။ ယင်းကို တွေးကြည့် ရုံဖြင့်၊ ဖန်းယီက ကျယ်လောင်စွာ ရယ်မော လိုက်၏။

'' ဟား ဟား ဟား.... မင်းက တကယ်ပဲ၊ လမ်းလျှောက် နေတဲ့ ရတနာ အိတ်ကြီးပဲ၊ ဟေ့ ဟေ့ .... ငါ့ကို စောင့်ဦး၊ မင်းဘာလို့ ဒီလောက် အလျင် လိုနေ ရတာလဲ။ ''

အော်ဟစ်လျက် လင်းယွန် နောက်သို့၊ အပြေး လိုက်သွား မိ၏။

ငါးရက် အကြာတွင် ဖန်းယီ၏ ဒဏ်ရာမှာ၊ ပြန်လည် သက်သာ လာသည်။ သူက လင်းယွန်ကို မကြည့် ခဲ့ဘဲ၊ မည်သို့ အနိုင် ယူရ မည်ကို၊ တစ်ချိန်လုံး စဉ်းစား နေမိသည်။

သို့သော် လမ်းတစ်လျှောက် လင်းယွန်၏ ခွန်အားကို မြင်တွေ့ လိုက်ရတိုင်း၊ သူ့ယုံကြည် ချက်များ ပျောက်ဆုံး သွားတက်၏။

စိတ်ရှည် သည်းခံ နိုင်စွမ်များ ဆုံးရှုံး သွားကာ၊ပြေးဝင် တိုက်ခိုက်ရန် ဆုံးဖြတ် လိုက်ချိန် မှာပင်၊ ရုတ်တရက် တိုက်ပွဲ ဖြစ်ပွား နေသော အသံများ၊ ကြားလိုက် ရသောကြောင့်၊ တုန့်ခနဲ ရပ်လိုက် မိသည်။

သူတို့ နှစ်ယောက်ဖြင့် မဝေး ကွာသော အရပ်ဆီ၌၊ အမျိုးသမီး တစ်ဦးကို တိုက်ခိုက် နေသည့်၊ လူ သုံးယောက်အား တွေ့လိုက် ရသည်။

အမျိုးသမီး၏ မျက်နှာတွင်၊ ချွေးများ စီးကျ နေပြီး၊ သူမ အဝတ် အစား များမှာ၊ ဟိုတစ်စ သည်တစ်စ၊ ဖြတ်တောက် ခံထား၏။

ကျန်သုံး ဦး၏ ဝတ်ရုံများ အရ၊ မဟာချင် အင်ပါယာရှိ ဂိုဏ်းများမှ မဟုတ်ကြောင်း၊ လင်းယွန်က ချက်ချင်း သိလိုက်သည်။

အဖွဲ့ ခေါင်းဆောင် လူငယ်၏ ကျင့်ကြံ မှုသည်၊ နက်နဲ နဝမ အဆင့်တွင် ဖြစ်ပြီး၊ ကျန်နှစ်ဦးမှာ နက်နဲ အဋ္ဌမ အဆင့်၌၊ ဖြစ်လေသည်။

အမျိုး သမီးမှာ သူတို့ သုံးယောက်အားပြန်လည် တိုက်ခိုက် နိုင်ခြင်း မရှိခြေ။ သူတို့ သုံးယောက်၏ စော့ကစား ခြင်းကို၊ ခံနေ ရခြင်း ဖြစ်သည်။

ထိုအမျိုး သမီးအား ဂရုတစိုက် ကြည့်လိုက် မိသော အခါ၊ လင်းယွန်က အံ့သြ သွား၏။

" အဟား၊ သူ့ အသား အရည်က ဘယ်လောက် တောင် နူးညံ့ လိုက်လဲ .... ကြည့်စမ်း၊ သူက ငါတို့ နယ်မြေက၊ မိန်းမ တွေထက်တောင် ပိုလှတယ်၊ ကြည့်ရတာ ငါ့ အိပ်ယာကို နွေးထွေး စေမယ့် ပုံပဲ ... ဟား ဟား ဟား။ ”

ဖန်းယီက သဘော ကျစွာ ရယ်မော လိုက်သည်။

“ သူက နတ်ဘုရား အစောင့် တပ်ရဲ့၊ နဂါးဗိုလ်ချုပ် လျူဖေးလောင်ရဲ့ သမီးပဲ၊ မင်း သူ့ကို ဖမ်းဖို့ သတ္တိ ရှိလား။ "

လင်းယွန်၏ စကားကို ကြားသော အခါ၊ ဖန်းယီ၏ မျက်နှာမှာ၊ ချက်ချင်း ပြောင်းလဲ သွားသည်။

စိတ်ပျက် လက်ပျက်ဖြင့် လျူယွီကို ပြန်ကြည့်ကာ၊

" ဒါဆို ငါမတက် နိုင်ပါဘူး၊ ဒါပေမယ့် အဲဒီ ကောင်မလေး ကံဆိုးတယ်၊ ဒီကောင်တွေ သုံးယောက်ကို ငါ ကောင်းကောင်း သိတယ်၊ သူတို့ တွေက နတ်ဆိုး မီးလျှံ ဂိုဏ်းကပဲ၊ ဘာမဆို လုပ်မယ့် အရူးတွေ ...”

ဖန်းယီ၏ စကားကြောင့် လင်းယွန် မျက်နှာမှာ၊ ပြောင်းလဲ သွားခဲ့ သော်လည်း၊ ပြန်လည် တုန့်ပြန်ခြင်း မရှိ တော့ပေ။

" ဟား ဟား ဟား သူက မဆိုးဘူး။ "

" ဟုတ်တယ် သူမှာ ရုပ်ရည် ရှိတယ်၊ ဟီးဟီး၊ အပျို ဖြစ်ရ မယ်လို့၊ ငါ အာမ ခံတယ်။ ”

“ ကြည့်စမ်း၊ အသား အရည်လေး တွေကို ညက်နေ တာပဲ... ၊ သူ ငါတို့ကို ထိန်းနိုင်မယ် ထင်လား။ ”

သုံးယောက်သား လျူယွီ၏ ခန္ဓာ ကိုယ်ကို၊ အာသာ တငမ်းငမ်း စစ်ဆေး နေခဲ့သည်။

“ လူပြက် တွေ .... နင်တို့ သေရမှာ၊ မကြောက် ဖူးလား၊ ငါက နဂါး ဗိုလ်ချုပ်ရဲ့ သမီးပဲ၊ ငါ့ကို ထိဝံ့ရင်၊ ဆိတ်သုဉ်း နေတဲ့ နယ်မြေ ထဲကနေ၊ မထွက်နိုင် စေရ ဖူးလို့ ... ငါ အာမ ခံတယ်။ ”

လျူယွီက အေးစက်စွာ ဆိုသည်။

မီးခိုး ရောင်ဝတ် လူငယ်၏ မျက်နှာက၊ ရုတ်တရက် လေးနက် သွားသည်။ သူက ရှေ့သို့ ခြေတစ်လှမ်း တိုးကာ လျူယွီကို လက်ဖဝါးဖြင့် ရိုက်ချ လိုက်သည်။

ပြင်းထန်သော လက်ဖဝါး ချက်ကြောင့်၊ လျူယွီမှာ လွင့်စင် လဲကျ သွားသည်။ နှုတ်ခမ်း ထောင့်စွန်းရှိ သွေးစ များကို သုတ်ပြီး၊ ပြန် မော့ကြည့် လိုက်၏။

“ မင်းရဲ့ အထောက် အထားကို၊ ငါတို့ မသိ ဖူးလို့ ထင်နေ တာလား၊ ကြာမိစ္ဆာ နယ်မြေ ထဲကို ဝင်လာ ရဲမှတော့၊ မင်းက သေမင်းကို ဖိတ်ခေါ် ခဲ့တာပဲ၊ နာခံမှု ရှိရင် မင်း အသက်ကို ငါနှမြော နိုင်တယ်၊ မဟုတ်ရင် ....''

'' ... ငါတို့ မင်းကို ချွတ်ပြီး ဒီသစ်ပင် ပေါ်မှာ ဆွဲထား ရလိမ့်မယ်၊ နဂါး ဗိုလ်ချုပ်ရဲ့ သမီးကို လူတိုင်း သဘောကျ မှာပါ။ ”

" မင်း လုပ် ရဲ လား။ "

လျူယွီ၏ မျက်လုံး များတွင်၊ ကြောက်ရွံ့မှု များနှင့် အတူ၊ မျက်ရည် ကြည်များ ရစ်ဝိုင်းလာသည်။

" ငါမလုပ် ဝံ့ဖူးလို့ မင်းထင်လား ... "

မီးခိုး ရောင်ဝတ် လူငယ်က လှောင်ပြောင် လိုက်ပြီး၊ သူ့အဖော် များကို အချက်ပြ လိုက်၏။ သူတို့ အချင်းချင်း အချက် ပြမှုကို နားလည် သွားကာ၊ လျူယွီအား ဝိုင်းလိုက်သည်။

ထိုသို့ ပြောင်းလဲ လာမှု များကြောင့်၊ လျူယွီကို ထိတ်လန့် သွားစေသည်။ ဖခင် ဖြစ်သူ၏ အရိပ် အောက်တွင်၊ နေထိုင် လာရခြင်း ဖြစ်ရာ၊ ဤသို့သော အခြေ အနေ မျိုးအား၊ တစ်ကြိမ်မျှ မကြုံ ဖူးပေ။

" နင် .... နင် မ လာ နဲ့ ... "

တုန်ယင် လာသော အသံဖြင့်၊ အော်ဟစ် လိုက်သည်။ သို့သော် မြေပြင်မှ ပြန်မထ နိုင်ခင် မှာပင်၊ လေးပြင်း များကြောင့်၊ အဝတ် အစားများ စုတ်ပြဲ သွားကာ၊ နှို့နှစ်ရောင် အတွင်း သားများ ထွက်ပေါ် လာတော့သည်။

"ဟား ဟား ဟား.... "

မိစ္ဆာ မီးလျှံ ဂိုဏ်း၏ တပည့် နှစ်ယောက်က၊ မလုံ့ တလုံ ထွက်ပေါ် နေသော၊ ရင်သား နှစ်မွှာကို ကြည့်ကာ၊ ရယ်မော လိုက်ကြသည်။

" လုံလောက်ပြီ ..."

ရုတ်တရက် တည်ငြိမ်သော လေသံနှင့် အတူ၊ လျူယွီ ရှေ့၌ လူတစ်ယောက် ရိပ်ခနဲ ထွက်ပေါ် လာ၏။

ထိုလူရိပ်မှာ လင်းယွန် ဖြစ်ပြီး၊ သူ့မျက်လုံး များတွင် အေးစက်သော အလင်း ရောင်များ ထွက်ပေါ် နေပေသည်။

ပန်းသင်္ချိုင်း ဓားကို၊ ဆုပ်ကိုင် ထားသော သူ့ မျက်နှာမှာ၊ ခံစားချက် မဲ့နေ ခဲ့၏။

***

All Chapters