ဓားတစ်လက်။
Vol. 26 Ch. 363
" လုံလောက်ပြီ ..."
ရုတ်တရက် တည်ငြိမ်သော လေသံနှင့် အတူ၊ လျူယွီ ရှေ့၌ လူတစ်ယောက် ရိပ်ခနဲ ထွက်ပေါ် လာ၏။
ထိုလူရိပ်မှာ လင်းယွန် ဖြစ်ပြီး၊ သူ့မျက်လုံး များတွင် အေးစက်သော အလင်း ရောင်များ ထွက်ပေါ် နေပေသည်။
ပန်းသင်္ချိုင်း ဓားကို၊ ဆုပ်ကိုင် ထားသော သူ့ မျက်နှာမှာ၊ ခံစားချက် မဲ့နေ ခဲ့၏။
မည်သည့် နေရာမှ ထွက်ပေါ် မှန်း မသိလိုက်သော လင်းယွန်ကြောင့်၊ နတ်ဆိုး ဂိုဏ်း၏ တပည့် များမှာ၊ ထိတ်လန့် သွားခဲ့သည်။
သို့သော် သူ့တွင် အဋ္ဌမ အဆင့် ကျင့်ကြံခြင်း ခွန်အားသာ ရှိနေသေး သည်ကို၊ မြင်လိုက် ရသည့်အတွက်၊ မောက်မာ ခြင်းများ ပြန်လည် ဝင်ရောက် လာ၏။
" ဓားနန်းတော်က မိစ္ဆာမီးလျှံ ဂိုဏ်းရဲ့ အရေးကို ဝင်ရောက် စွက်ဖက်ဖို့ သတ္တိ ရှိတယ်လား။ "
“ ပါးနပ်မှု ရှိရင် ထွက်သွားပါ၊ မဟုတ်ရင် မိစ္ဆာ မီးလျှံ ဂိုဏ်းရဲ့၊ ငရဲကို မြည်းစမ်း ကြည့်နိုင်တယ်၊ ဦးစွာ မင်းရဲ့ အရိုး တွေကို၊ ငါတို့ ချိုးရမယ်၊ ပြီးရင် နတ်ဆိုးမီးလျှံ တွေနဲ့ ပြာချ ပစ်မယ်။ ''
မီးခိုး ရောင်ဝတ် လူငယ်ထက် အနည်းငယ် အားနည်းသော တပည့် နှစ်ယောက်က၊ အထင် အမြင် သေးဟန်ဖြင့်၊ ရယ်မော ခြိမ်းခြောက် လိုက်ကြသည်။
နက်နဲ နဝမ အဆင့်တွင် ရှိသော မီးခိုးရောင်ဝတ် လူငယ်က၊
“ သူက ဓားနန်းတော်ရဲ့ တပည့် တစ်ယောက်လေးပဲလေ၊ သူ့ကို သတ်လိုက် တော့ရော ဘာဖြစ်လဲ၊ မင်းတို့က ဘာလို့ သူနဲ့၊ စကား ပြောနေ ရတာလဲ။ "
" ကောင်းပြီ ... အချိန်ဖြုန်း ရတာကို၊ ငါလင်းယွန် ကလည်း မုန်းတယ်။ "
လင်းယွန်က ဓား ရည်ရွယ်ချက်ကို ထုတ်ဖော် လိုက်၏။ ယင်းကြောင့် ကြွေကျ နေသော ရော်ရွက်ဝါ များကို ချွန်ထက်သော ဓားသွားများ ကဲ့သို့၊ လေထဲ ပျံဝဲ လာစေ၏။
ဓားကို ဆွဲလိုက်သော အခါတွင်၊ တောက်ပ နေသည့် လရောင် သဖွယ်၊ အလင်းများ ပတ်ဝန်းကျင် အနှံ့ ဖြာထွက် သွားသည်။
လရောင် ရေစင် ဓား၏၊ တောက်ပသော လကို အသုံးပြု ခဲ့ခြင်း ဖြစ်သည်။ ထိုဓားချက် အောက်တွင်၊ မိစ္ဆာ မီးလျှံ ဂိုဏ်း၏၊ တပည့် နှစ်ယောက် မျက်နှာမှာ၊ ဖြူဖပ် ဖြူရော် ဖြစ်သွား၏။
သူတို့ မတုန့်ပြန် နိုင်ခင် မှာပင်၊ အသတ်ခံ လိုက်ရသည်။
မီးခိုး ရောင်ဝတ် လူငယ်က၊ ထိတ်လန့် တုန်လှုပ် သွားပြီး၊ ဤဓား ချက်ကို တားဆီးရန်၊ သူ၏ မူလ စွမ်းအင်အား၊ ချက်ချင်း ထုတ်ဖော် လိုက်သည်။
သို့သော် မူလ စွမ်းအင် အကာ အကွယ် အလွှာ ပြိုကျ သွားကာ၊ နောက်သို့ လွင့်စင် သွားသည်။
“ မင်း …”
မီးခိုး ရောင်ဝတ် လူငယ်က မတ်တပ် ထရပ်ပြီး၊ လင်းယွန်ကို ပြန်လည် တိုက်ခိုက်ရန် အားယူ လိုက်၏။
သို့သော် ရှေ့သို့ ခြေသုံး လှမ်းမျှ လှမ်းယူ လိုက်ချိန်တွင်၊ ဓားရောင်ခြည် ခုနစ် စင်းမှာ၊ သူ့ခန္ဓာ ကိုယ်မှ ပေါက်ကွဲ ထွက်လာ သောကြောင့်၊ မြေပြင် ပေါ်သို့ လဲကျ သေဆုံး သွားသည်။
ဂိုဏ်းတူ ညီအစ်ကို လင်လျောင်မှာ၊ 'အမှောင် ခွင်းသော လမင်း' ဓားချက် အောက်တွင်၊ ရှင်သန် နိုင်ခဲ့ သော်လည်း၊ လူတိုင်း တတ်နိုင် သည်ဟု မဆို လိုခြေ။ ထို့ပြင် လင်းယွန်မှာ ထိုအချိန် ကထက် ပို၍၊ သန်မာ လာပေ၏။
ဓားကို ပြန်ရုတ်သိမ်း လိုက်သော၊ လင်းယွန်အား ကြည့်ကာ၊ ပုန်းကွယ် နေခဲ့သော ဖန်းယီက ထိတ်လန့် သွားသည်။
မိစ္ဆာ မီးလျှံ ဂိုဏ်သား သုံးယောက်ကို သူက သတ်နိုင် သော်လည်း၊ လင်းယွန် ကဲ့သို့ လွယ်ကူမည် မဟုတ်ပေ။
တစ်ချက် လှုပ်ရုံဖြင့်၊ လူ သုံးယောက်ကို သတ်ပစ် ခဲ့သော လင်းယွန် အပေါ်၊ တိုက်ခိုက်ရန် အတွေးကို မေ့ပစ် လိုက်ရသည်။
ထိုအစား အပြုံးဖြင့် ဖန်းယီက၊ လင်းယွန် အနား ကပ်လာ ခဲ့သည်၊
" သူကို မင်းဘာလုပ် မှာလဲ။ "
ဖန်းယီ၏ မေးခွန်းကြောင့်၊ လင်းယွန်က လှည့်ကြည့် လိုက်ရာ၊ လျူယွီက သူ့အား အံ့သြ တကြီး၊ မယုံ နိုင်စွာ ငေးကြည့်နေ သည်ကို၊ တွေ့လိုက်ရသည်။
သိုလှောင်အိတ်ကို ပုတ်ပြီး၊ သူမ အတွက် အဝတ် အစား တစ်စုံအား ထုတ်ယူ ပေးလိုက်၏။
" သွားကြ ရအောင်။"
ပြီးနောက် ဖန်းယီကို ခေါ်ကာ၊ ထွက်ခွာရန် ပြင်လိုက်သည်။
" မင်း ဘာလို့ ငါ့ကို အတင်း အကြပ်၊ ခေါ်နေ ရတာလဲ၊ ငါသူ့ကို သေချာတောင် မကြည့် ရသေးဘူး။ ''
ဖန်းယီ၏ အကြည့် များက လျူယွီ ထံမှ မခွာ လိုခဲ့ပေ။
ထိုမှသာ လျူယွီက သတိ ဝင်လာပြီး၊ ဖွင့်ထွား လှသော ရင်နှစ်မွှာကို လက်တစ်ဖက်ဖြင့်၊ အုပ်ကွယ်လျက်၊ လင်းယွန် ပစ်ပေး လာသည့် အင်္ကျီအား ကောက်ယူကာ၊ အလျင် အမြန် ဝတ်ဆင် လိုက်သည်။
'' လင်းယွန် ....''
" ပြော ....."
လင်းယွန်က နောက်ပြန် လှည့်မကြည့်ဘဲ၊ ပြန်ထူး လိုက်သည်။
" ကျေးဇူး တင်ပါတယ်။ "
လျူယွီက အဆင် မပြေသော အနေ အထားဖြင့် ဆိုသည်။ ထိုစကား များကို ပြောရန်၊ မည်မျှခက်ခဲ သည်ကို၊ သူမသာ သိသည်။
" ဒါက ဓားတစ်ချက် ပါပဲ။ "
နောက်ကျော ပေးလျက် အနေ အထားဖြင့်၊ လက်လွှဲ ပြကာ၊ ရှေ့သို့ ဆက်လျှောက် သွားသည်။
လျူယွီ အနေဖြင့် လင်းယွန်နှင့် ရန်ငြိုးဖွဲ့ ခဲ့ဖူး သော်လည်း၊ သူမကို ကူညီရန် လင်းယွန်က မတွန့်ဆုတ် ခဲ့ပေ။ ယောက်ျား တစ်ယောက်အနေဖြင့်၊ မြင့်မြတ်သော နှလုံးသား ရှိ ပေသည်။
လင်းယွန်၏ ပြန်ဖြေ လာသော စကား များကြောင့်၊ လျူယွီမှာ အံ့အားသင့် သွားသည်။ သူမ၏ အမြင် အရ၊ အရှက် တရားနှင့် ရန်ငြိုးမှာ၊ လင်းယွန် အတွက် ဓား တစ်ချက် လွှဲခုတ် လိုက်ခြင်းသာ ဖြစ်၏။
ရက် အနည်းငယ် ကြာ ပြီးနောက်၊ အနက်ရောင် အလင်း တိုင်နှင့် အနီးကပ်ဆုံး နေရာ၌၊ စကား စမြည် ပြောဆို နေကြသော လူအုပ် ကြီးအား၊ လှမ်းမြင် လိုက်ရသည်။
နောက်ထပ် အဖွဲ့ ငယ်များ၊ တဖွဲ့ဖွဲ့ ကျရောက် လာ ခဲ့သည်။ ရောက်ရှိ လာသော အဖွဲ့ များမှာ၊ ကြာနက် နန်းတော်သို့ မဝင်မီ၊ ပဋိပက္ခ များကို မည်သူမျှ မစတင် ချင်ကြပေ။
ကြာနက် နန်းတော် မဖွင့်ခင် ဒဏ်ရာ ရှိခြင်းမှာ၊ မိုက်မဲသော လုပ်ရပ်သာ ဖြစ်သည်။
နီးကပ် လာသော အခါတွင်၊ အနက်ရောင် အလင်းတိုင်သည် ဧရာမ ရေကန်ကြီး တစ်ကန်အား၊ ဖုံးအုပ် ထားကြောင်း တွေ့လိုက် ရသည်။
ရေကန် အတွင်း၌ နန်းတော်၏ အသွင် အပြင် ကိုသာ မြင်နိုင် လေသည်။ ရေကန်သို့ ရောက်ရန် အနည်းဆုံး နှစ်ရက်ခန့် အချိန် ယူရ မည်ဟု ခန့်မှန်း နိုင်ခဲ့သည်။
ရုတ်တရက် လူတစ်စုက လင်းယွန်နှင့် ဖန်းယီ ဆီသို့ ဦးတည် လာသည်။
ထိုသူ များမှာ မိစ္ဆာ တစ်ရာ တံခါးဝ၏၊ တပည့်များ ဖြစ်ကြောင်း သိသာ စေသော၊ ကြံ့ခိုင်သည့် ရုပ်ခန္ဓာ များကို၊ ပိုင်ဆိုင်ထား ကြလေသည်။
ဖန်းယီက သူတို့ကို မြင်သည်နှင့် ပြုံးရယ် လိုက်ပြီး၊
“ ငါ့ရဲ့ မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်းရဲ့၊ တပည့် တွေက တကယ်ကို သန်မာ လွန်းတယ်၊ သူတို့အားလုံး အခုချိန် အထိ၊ ကြာမိစ္ဆာ နယ်မြေ ထဲမှာ၊ ရှင်သန် နိုင်ခဲ့ တာပဲ။ ”
ကြာမိစ္ဆာ နယ်မြေ အတွင်း၊ အန္တရာယ် များလွန်းသော အခြေ အနေ များကြောင့်၊ နေ့တိုင်း သေဆုံးမှု များစွာ ရှိသည်။
ထို့ကြောင့် 'မိစ္ဆာ တစ်ရာ တံခါးဝ' ဂိုဏ်းမှ၊ လူတိုင်း အသက်ရှင် ကျန်ရစ် ရန်မှာ၊ လွယ်ကူသော လုပ်ဆောင်ချက် တစ်ခု မဟုတ်ပေ။
'' စီနီယာ အစ်ကိုကြီး ဖန်းယီ ''
" စီနီယာ အစ်ကို၊ ဒီကောင်က ဘယ်သူလဲ"
မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်း၏ တပည့် များက၊ ဖန်းယီအား နှုတ်ဆက် ပြီးနောက်၊ လင်းယွန်ကို လှည့်ကြည့် လိုက်ကြသည်။
ဖန်းယီက သူ့ ဂျူနီယာများ နှင့်အတူ၊ လင်းယွန်ကို ပြန်ကြည့်ကာ၊ မျက်လုံး များတွင် အလင်း တစ်စ၊ ဖျတ်ခနဲ တောက်ပ လာပြီး၊
" သူက ငါခေါ်ယူ ထားတဲ့၊ လက်ပါးစေ တစ်ယောက်ပါ။ "
" အိုး... အကိုကြီး၊ မင်းက ဘာလို့ ဒီလောက် ပျော့ညံ့တဲ့ လက်ပါး စေကို၊ ခေါ်ယူ ရတာလဲ။ "
“ သူက အဋ္ဌမ အဆင့် မှာပဲ ရှိသေးတယ်၊ ကောင်လေး မင်းနာမည် ဘယ်လို့ ခေါ်လဲ။ "
မိစ္ဆာတစ်ရာ တံခါးဝ ဂိုဏ်း၏ တပည့် များက၊ လင်းယွန်ဘက် လှည့်ကာ၊ စူးစမ်းလာ ကြသည်။
လင်းယွန် မျက်နှာ ပေါ်ရှိ၊ ရွှတ်နောက်နောက် အပြုံးကို မြင်သော အခါတွင်၊ စိုက်ကြည့် နေသော သူ့ ဂျူနီယာ များကို၊ ချက်ချင်းပင် နှောက်ယှက် လိုက်၏။
" မင်း မြန်မြန် ထွက်သွား သင့်တယ်၊ ကြာနက်နန်းတော်မှာ ပြန် မဆုံဖို့၊ မျှော်လင့် ပါရစေ။ ”
သူ့အပေါ် လုယက်မှု အတွက် လင်းယွန်အား ဒေါသ တကြီး ဆဲဆို မိဖူးသည်။ သို့သော် မိစ္ဆာမီးလျှံ ဂိုဏ်းသား တပည့် သုံးယောက်ကို၊ ဓား တစ်ချက်ဖြင့် သတ်ပစ် လိုက်သော မြင်ကွင်းကြောင့်၊ တုန့်ပြန့်ချင် စိတ်များ ကုန်ဆုံး သွားသည်။
လင်းယွန်က ဖန်းယီအား လေးလေး နက်နက် စိုက်ကြည့်ကာ၊ ပြုံးလျက် လှည့်ထွက် လာခဲ့၏။ ဖန်းယီသာ ပါးနပ်မှု မရှိ ပါက၊ ယခု အချိန်တွင် သူ့ အနေဖြင့်၊ လူသတ် ပွဲအား စတင် တော့မည်၊ ဖြစ်သည်။
ကြာနက် နန်းတော် အနီးတွင် လူအများ အပြား စုဝေး နေခဲ့ ကြသည်။ ဤနေရာ၌ ဓားနန်းတော်၏ တပည့်များ၊ စုရုန်း နေကြ လိမ့်မည်ဟု သူ ထင်သည်။
ရေကန်ကြီး အပေါ်ရှိ အနက်ရောင် အလင်း တန်းများ ပျောက်ကွယ် သွားမည့် အချိန်ကို စောင့်မျှော် နေသော တပည့် များစွာက၊ နေရာအနှံ့ ပျံ့ကျဲ နေသည်။
၎င်းတို့ အားလုံးသည်၊ တိုက်ပွဲ များကို အတက် နိုင်ဆုံး ရှောင်ရှားလို ကြသည်။
သို့သော် တိုက်ပွဲ အနည်း ငယ်ကို၊ မြင်တွေ့ နေရဆဲ ဖြစ်ပြီး၊ ထိုတိုက်ပွဲမှာ လူတိုင်း၏ အာရုံကို ဆွဲဆောင် နိုင်ခဲ့သည်။
ရှေးဟောင်း တာအိုဂိုဏ်း ဝတ်စုံကို ဝတ်ဆင် ထားသော တပည့် သုံးယောက်က၊ ဓားနန်းတော်၏ တပည့် တစ်ယောက်ကို၊ ဝိုင်းဖွဲ့ တိုက်ခိုက် နေခြင်း ဖြစ်၏။
ဓားနန်းတော်၏ တပည့်မှာ၊ ဓားရေးတွင် မြင့်မားသော အောင်မြင် မှုကို၊ ရရှိ ထားပုံသည်။ ကြာမိစ္ဆာ နယ်မြေ ၌ပင် ထိုသူ၏ ခွန်အားမှာ သန်မာ သည်ဟု ယူဆ နိုင်၏။
သို့သော် သူသည်၊ အဆင့်တူ ပြိုင်ဘက် သုံးဦးနှင့်၊ ရင်ဆိုင် နေရသည့် အတွက်၊ အဆင်ပြေသော အနေ အထားတွင် ရှိမနေ ခဲ့ပေ။
နဝမ အဆင့်တွင် ရှိသော၊ ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် သုံးဦးက၊ လက်သီး များဖြင့်၊ ဝိုင်းရံ ထိုးနှက် လိုက်သည်။
တူညီသော အဆင့်တွင် ပြိုင်ဘက် သုံးဦးနှင့်၊ ရင်ဆိုင် ရသော အခါ၊ ဓားနန်းတော် တပည့်၏ ထက်မြက်သော ဓားရေးမှာ၊ ဖိနှိပ် ခံလာ ရသည်။
အချိန်ကြာ လာသည် နှင့်အမျှ၊ ဆိုးရွားသော အနေ အထားသို့၊ လျင်မြန်စွာ တွန်းပို့ နိုင်ခဲ့သည်။
“ အိုး ဟိုး ... ၊ အဲဒါ ရှေးဟောင်း တာအို ဂိုဏ်းနဲ့၊ ဓားနန်းတော်ပဲ ... ''
“ ဂိုဏ်းနှစ် ဂိုဏ်းက ခါးသီးတဲ့၊ ပြိုင်ဘက် တွေပဲ၊ ကြာနက် နန်းတော် ဖွင့်ခါနီး မှာတောင်၊ တိုက်ခိုက် နေကြတယ် …”
“ အဲဒီ ဓားသမားက ချင်းရွှမ်ဂျွန် ဖြစ်ပုံ ရတယ်၊ သူ သုံးနေတာ 'ယန် မီးလျှံ ဓား' ပဲ၊ အချိန် အတော် ကြာပြီး တဲ့နောက်၊ သူက ပိုကျွမ်းကျင် လာတယ်။ ”
“ ဒါပေမယ့် သေခြင်း တရားက မလွတ် သေးဘူး၊ သူ ရင်ဆိုင် နေရ တာက၊ ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ အမာခံ တပည့် သုံးယောက်လေ။ ”
ပတ်ဝန်း ကျင်ရှိ လူအုပ် ကြီးက၊ ရန်ပွဲအား စိတ်ဝင် စားလာ ကြသည်။ နှစ်ဖက် စလုံးက ဒဏ်ရာ ပြင်းထန်စွာ ရရှိ ပါလျှင်၊ သူတို့အတွက် အခွင့်အရေး အချို့ ဖြစ်လာ နိုင်သည်။
'' ကျန်းရန်၊ ဇောင်ကွမ်၊ ရှောင်းမင်၊ မင်းတို့ သုံးယောက်က... အရေ အတွက်နဲ့၊ အခွင့် အရေး ယူရအောင်... တကယ်ပဲ အရှက်မဲ့ နေကြ တာလား။ ''
ချင်းရွှမ်ဂျွန်က ဒေါသတကြီး အော်ဟစ် လိုက်သည်။
" ဟား ဟား ဟား .... ချင်းရွှမ်ဂျွန် ... မင်းရဲ့ ခွန်အား ကသာ၊ မင်းကို ကယ်တင် နိုင်လိမ့်မယ်၊ ဓားနန်းတော်ရဲ့တပည့် တစ်ယောက်က ကိုယ်ကျင့် တရား အကြောင်း၊ ဘယ်လိုများ ပြောရဲ ရတာလဲ။ ''
" တရား မျှတတဲ့ တိုက်ပွဲလား၊ ချင်းရွှမ်ဂျွန် ... မင်း အိပ်မက် မက်နေ တာပဲ။"
“ ရက်စက်တဲ့ လူလို့၊ ငါတို့ကို အပြစ် မတင် ပါနဲ့၊ ဓားနန်းတော် တပည့် ဖြစ်ပြီး အားနည်း လွန်းတဲ့ အတွက်၊ မင်းကိုယ် မင်းသာ အပြစ် တင်ပါ။ ''
ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် သုံးယောက်က အထင် အမြင် သေးစွာဖြင့်၊ တုန့်ပြန် လိုက်သည်။
သူတို့၏ ခွန်အား အရ၊ ချင်းရွှမ်ဂျွန်ကို တစ်ဦးချင်း ဆန့်ကျင် တိုက်ခိုက် နိုင်ရန်၊ မသေချာ သည့် အတွက်၊ တရား မျှတစွာ တိုက်ခိုက်ရန် စိတ် မဝင်စား ကြပေ။
" ယန်မီးလျှံ ဓား- နေရောင်ခြည် တောက်ပမှု။ "
မူလ စွမ်းအင် အားလုံးကို ဓား ထဲသို့၊ သွန်းလောင်း ပြီးနောက်၊ ချင်းရွှမ်ဂျွန်က တိုက်ခိုက် မှုကို စတင် လိုက်သည်။
ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် သုံးယောက်မှာ၊ ချင်းရွှမ်ဂျွန်ထက် အနည်း ငယ်သာ အားနည်းသည်။
ချင်းရွှမ်ဂျွန်၏ ဓား ချက်မှာ နေမင်း ကဲ့သို့၊ ပူလောင် စူးရှသော ခံစား ချက်များ၊ ပေးစွမ်း လေသည်။
ဤသည်မှာ ရှေးဟောင်း တာအို ဂိုဏ်းမှ၊ အမာခံ တပည့် သုံးဦးကို ထိတ်လန့်ရန် လုံလောက် ပေသည်။
ချင်းရွှမ်ဂျွန်က သည်မျှ အစွမ်း ထက်လိမ့် မည်ဟု သူတို့ မမျှော်လင့် ထားပေ။
သို့သော် 'နေရောင်ခြည် တောက်ပမှု' နှင့်၊ ညီမျှသော အစွမ်း ထက်သည့်၊ တိုက်ခိုက် မှုကို၊ အတူ တကွ ထုတ်ဖော် ကာကွယ် ရန်မူ၊ မမေ့လျော့ ကြပေ။
တူညီသော တိုက်ခိုက်မှု များအား ထုတ်ဖော်ကာ၊ တွန်းလှန် နိုင်ခဲ့ကြ သောကြောင့်၊ ထိတ်လန့် ခြင်းမှ၊ ပြန်လည် သက်သာ လာကြသည်။
ပြင်းထန်သော စွမ်းအင်များ လောင်ကျွမ်း ပေါက်ကွဲ သွား ပြီးနောက်၊ ဖုန်မှုန့် တိမ်တိုက်များ ဖြစ်ပေါ် လာတော့၏။
တိမ်များ၏ အပူ ရှိန်မှာ မီးပင်လယ်ကြီး ကဲ့သို့၊ လောင်မြိုက် ပူပြင်း လွန်းလှ ပေသည်။
သုံးယောက်သား ကောင်းကင်ပေါ် ခုန်တက်သွားကာ၊ ချင်းရွှမ်ဂျွန်ကို အတူတကွ ထိုးနှက်ရန် ကြိုးစား လိုက်မိ ကြ၏။
သူတို့၏ လက်သီးချက် များကို ရင်ဆိုင် ရာ၌၊ချင်းရွှမ်ဂျွန်၏ ဓားအရှိန် အဝါမှာ၊ အက်ကြောင်း များ ဖြစ်ပေါ် လာတော့သည်။
သိပ်မကြာခင် မှာပင်၊ ဓားအရှိန် အဝါများ ပြိုကျ သွားပြီး၊ ချင်းရွှမ်းဂျွန်က သွေးအပြည့် အန်လျက်၊ လွင့်စင် သွားသည်။
ဓားရေး နည်းစနစ်မှာ အစွမ်းထက် လှသော်လည်း၊ အမာခံ တပည့် သုံးယောက်အား၊ တစ်ဦးတည်း ရင်ဆိုင်ရန် နည်းလမ်း မရှိပေ။
အမာခံ တပည့် သုံးယောက်က မြေပြင်၌၊ လှဲလျောင်း နေသော ချင်းရွှမ်ဂျွန်ကို၊ အေးစက်စွာ ကြည့်လိုက်သည်။ ကျန်းရန်က၊
“ ချင်းရွှမ်ဂျွန် ၊ ဒီနေ့ မင်းရဲ့ ကံဆိုးမှုလို့ ယူဆ နိုင်ပါတယ်၊ လင်းယွန်ကို ရှာမတွေ့ တဲ့အတွက်၊ သူ့အစား မင်းကို သတ်ရ လိမ့်မယ်၊ ဒါပေမယ့် အဲဒါကို မင်း စိတ်ပူ နေစရာ မလို ပါဘူး၊ မင်းရဲ့ ဂျူနီယာ တွေကို၊ မကြာခင် ငရဲပြည် ပို့ပေး လိုက်ပါမယ်။ "
" အိပ်မက် မက် မနေနဲ့ .... ဟိတ် ။ "
ချင်းရွှမ်ဂျွန်က အော်ဟစ် လိုက်သည်။ ရုတ်တရက် ကောင်းကင်သို့ ခုန်တက် လိုက်ပြီး၊ ကျန်းရန်ကို သတ်ရန် ပြင်လိုက် သော်လည်း၊ နောက်ထပ် လက်သီးများ ထိမှန် သွားကာ၊ နံရိုးများ ကျိုးကြေ သွားသည်။
အရုပ် ကြိုးပြတ် ပြန်လည် ပြုတ်ကျ သွားသော ချင်းရွှမ်ဂျွန်အား၊ သနား ကြင်နာခြင်း မရှိပဲ၊ သတ်ဖြတ်ရန် ပြင်ဆင် လိုက်သည်။
" သေ စမ်း ... "
ကျန်းရန်က ရက်စက်သော အပြုံးကို ထုတ်ဖော်ကာ၊ လက်ဖဝါးဖြင့် ထပ်မံ ရိုက်ချ လိုက်၏။
သို့သော် ထိုအချိန်၌ မိုးကုတ် စက်ဝိုင်းအား၊ ဖြတ်ကျော် ပျံသန်း လာသော စူးရှသော အလင်းတန်း တစ်စက၊ ကောင်းကင်မှ ပြိုကျ လာလေသည်။
ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလွန်းသော၊ အေးစက်စက် အငွေ့ အသက် များအား၊ ခံစား လိုက်ရ သောကြောင့်၊ လက်ဖဝါးကို ရုတ်သိမ်းကာ၊ နောက်ပြန်ဆုတ် လိုက်ရ၏။
ထိုအလင်းတန်းမှာ နတ်သစ်သားဖြင့်ပြုလုပ်ထားသော ဓားတစ်လက် ဖြစ်လေသည်။ ထိုးဆင်း လာသော အဟုန်ကြောင့်၊ မြေပြင်၌ ပင့်ကူ မျှဉ်များ သဏ္ဍာန် အက်ကွဲ ကြောင်းများ ပျံ့နှံ့ လာသည်။
ထိုးစိုက် နေသော အဆိုပါ ဓားရှည်မှာ၊ တုန်ယင် ယိမ်းထိုးလျက်၊ ကျယ်လောင်သော မြည်သံများ ပြုလာ တော့၏။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ... ဓား ရည်ရွယ်ချက်လဲ။ ”
ကျန်းရန်က သူ့ရှေ့ရှိ ဓားရှည်ကို၊ မျက်မှောင် ကြုတ်လျက်၊ စိုက်ကြည့် လိုက်မိသည်။
ရှေးဟောင်း တာအို ဂိုဏ်းမှ အမာခံ တပည့် များသာ မက၊ အခြားသော ဂိုဏ်းဝင် တပည့် များ သည်လည်း၊ အော်မြည် နေသော ဓားကြောင့်၊ ထိတ်လန့် သွားသည်။
ခေါင်းကို မော့ကာ၊ ဓား ပိုင်ရှင်အား အလျင် အမြန် လှည့်ပတ် ရှာဖွေ လိုက်မိသည်။
နောက်ကျောတွင် ဓားသေတ္တာ တစ်လုံးအား၊ ထမ်းပိုး ထားသော လူငယ် တစ်ယောက်က၊ သူတို့ ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာနေ သည်ကို၊ တွေ့မြင် လိုက်ရ လေသည်။
***