← Chapters

အမာခံ တပည့် သုံးယောက်အား ရိုက်နှက်ခြင်း။

Vol. 26 Ch. 364

အမာခံ တပည့် သုံးယောက်အား ရိုက်နှက်ခြင်း။

Vol. 26 Ch. 364

ကောင်းကင်ပေါ်မှ ဓားတစ်လက် ရိပ်ခနဲ ကျဆင်းလာ လေသည်။ မြေပြင် ပေါ်သို့ ထိုးစိုက်သွား ပြီးနောက် ၊ တုန်ယင် ယိမ်းထိုး သွားကာ၊ ကျယ်လောင်သော မြည်သံများ ပြုလာ၏။

“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ... ဓား ရည်ရွယ်ချက်လဲ။ ”

ကျန်းရန်က သူ့ရှေ့ရှိ တုန်ခါ နေသော ဓားရှည်ကို၊ မျက်မှောင် ကြုတ်လျက်၊ စိုက်ကြည့် လိုက်မိသည်။

ရှေးဟောင်း တာအို ဂိုဏ်းမှ အမာခံ တပည့် များသာ မက၊ အခြားသော ဂိုဏ်းဝင် တပည့် များ သည်လည်း၊ အော်မြည် နေသော ဓားကြောင့်၊ ထိတ်လန့် သွားပြီး၊ ဓား ပိုင်ရှင်အား အလျင် အမြန် လှည့်ပတ် ရှာဖွေ လိုက်မိ၏။

နောက်ကျောတွင် ဓားသေတ္တာ တစ်လုံးအား၊ ထမ်းပိုး ထားသော လူငယ် တစ်ယောက်က၊ သူတို့ ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်း လာနေ သည်ကို၊ တွေ့မြင် လိုက်ရ လေသည်။

ဓားနန်းတော်၏ တပည့် များကို ရှာဖွေ နေစဉ် မှာပင်၊ ချင်းရွှမ်ဂျွန်တို့ တိုက်ပွဲအား သတိထား မိသွားခြင်း ဖြစ်သည်။

ချင်းရွှမ်ဂျွန်မှာ အန္တရာယ်ရှိ နေကြောင်း တွေ့လိုက်ရ သည်နှင့်၊ အလျင် အမြန် လှုပ်ရှား လိုက်မိ၏။

ကျန်းရန်အား ဟန့်တားကာ၊ ချင်းရွှမ်ဂျွန်၏ အသက်ကို အချိန်မှီ ကာကွယ် လိုက်နိုင် သော်လည်း၊ စိုးရိမ် စိတ်မှာ ပျောက်ကွယ် သွားခြင်း မရှိ ခဲ့ပေ။

အဝေးမှ ကြည့်ရုံ ဖြင့်ပင်၊ ချင်းရွှမ်ဂျွန်၏ ဒဏ်ရာမှာ၊ မည်မျှ ပြင်းထန် လှသည်ကို၊ သူ သိသည်။

သို့သော် ခံစားချက် မဲ့သော မျက်နှာဖြင့်၊ ကျန်းရန်အား လှမ်းကြည့် လိုက်၏။

" လင်းယွန် လား ...."

ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် သုံးယောက်က၊ ဓား ရည်ရွယ်ချက် ပိုင်ရှင်မှာ၊ လင်းယွန် ဖြစ်ကြောင်း သိရှိသွား သောကြောင့်၊ အနည်းငယ် တုန်လှုပ်သွား ကြသည်။

သို့သော် ချက်ချင်းပင် မျက်လုံးများ ထဲ၌၊ သတ်ပစ် လိုသော ရည်ရွယ် ချက်များ၊ ဖြစ်ပေါ် လာ၏။

" ဂျူနီယာ ညီလေး ... အခု ထွက်သွား၊ သူတို့က မင်းအတွက် ဒီမှာ ရှိနေ ကြတာ။ "

ချင်းရွှမ်ဂျွန်က သတိ လှမ်းပေး လိုက်သည်။

ချင်းရွှမ်ဂျွန်၏ စကား များကြောင့်၊ လင်းယွန်က အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ ကျန်းရန် တို့မှာ သူ့အတွက် ရောက်ရှိ လာခဲ့ခြင်း သည်လော။

" မင်း ဒီကို ရောက်နေ မှတော့ ... ဘာလို့ ထွက်သွား ချင်နေ ရတာလဲ။ "

ဇောင်ကွမ်က ရှေ့တစ်လှမ်း လှမ်းတက် လိုက်ပြီး ပြုံးလျက်ဖြင့်၊

" ကြာမိစ္ဆာ နယ်မြေ ထဲမှာ မင်းရဲ့ ရိတ်သိမ်း နိုင်မှုက အခြေ အနေ ကောင်းခဲ့ ပုံပဲ၊ တစ်လတာ အချိန်လေးနဲ့ အောင်မြင်မှု တစ်ခုကို၊ ရယူ ထားနိုင် ခဲ့တယ်၊ တကယ်ပဲ ကြီးမြတ်တဲ့ ပါရမီရှင် တစ်ယောက်၊ ပီသ ပါပေတယ်။ "

" ငါတို့ သူ့ကို အသက် ရှင်ခွင့် မပြု နိုင်ဘူး၊ ကြာမိစ္ဆာ နယ်မြေ ကနေ ထွက်သွား နိုင်ရင်၊ သူ ဘယ်လောက် အထိ ပျံသန်း နိုင်မယ် ဆိုတာ၊ နတ်ဘုရား တွေသာ သိလိမ့်မယ်။

'' သတ် .... ''

ကျန်းရန်က အမိန့်ပေး လိုက်သည်။

ဇောင်ကွန်နှင့် ရှောင်းမင် တို့က ရယ်မောလျက်၊ သူတို့၏ မူလ စွမ်းအင် များကို ထုတ်ဖော် လိုက်ကြ၏။

" သေ စမ်း.... "

သူတော်စင် ဂီတ သံစဉ် များနှင့် အတူ၊ သူတို့ နှစ်ဦး၏ လက်သီး များမှာ၊ လင်းယွန်ထံ ဦးတည် လိုက်သည်။

ကြမ်းရှသော စွမ်းအင်နှင့် မူလ စွမ်းအင်များ၊ ပေါင်းစပ် သွား ပြီးနောက်၊ သူတို့၏ တိုက်ခိုက်မှု များမှာ၊ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ သွား၏။

'' သ တိ ထား ... ''

ချင်းရွှမ်ဂျွန်က အော်ဟစ် လိုက်သည်။

" သနား စရာ ကောင်းတဲ့၊ ကလေးကွက် လေတွေ။ "

လင်းယွန်က အေးစက်စွာ ရေရွတ် လိုက်၏။ကျန်းရန်တို့ သုံးယောက်သည်၊ နက်နဲ နဝမ အဆင့်တွင် ရှိနေ သော်လည်း၊ ဖန်းယီနှင့် တူညီသော အဆင့်တွင် ရှိ မနေပေ။

နက်နဲ သတ္တမ အဆင့်တွင် ရှိစဉ်၊ ဖန်းယီကို ပြန်လည် ရင်ဆိုင် နိုင်သည်။ ထို့ကြောင့် အဋ္ဌမအဆင့်သို့ ရောက်ရှိ ပြီးနောက်၊ မှုစရာ အကြောင်း မရှိနိုင်။

ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ်ခြင်း မပြု ခဲ့ဘဲ၊ လက်သီးဖြင့်ပင် ပြန်လည် တိုက်ခိုက် လိုက်သည်။

သူ၏ ကြမ်းရှသော စွမ်းအင်တွင်၊ ကြက်သွေး ရောင်များ တောက်ပ နေပြီး၊ ဇောင်ကွမ်၊ ရှောင်းမင် တို့၏ ကြမ်းရှသော စွမ်းအင် များထက်၊ ပိုမို သိပ်သည်း လှ၏။

ဇောင်ကွမ်နှင့် ရှောင်းမင် တို့က၊ တစ်ဦးချင်းအနေဖြင့်၊ လင်းယွန်ကို နှိမ်နှင်း နိုင်မည် မဟုတ်ကြောင်း၊ သတိ ထားမိ သဖြင့်၊ နှစ်ယောက်သား ပူးပေါင်း တိုက်ခိုက် လိုက်ခြင်း ဖြစ်သည်။

လက်သီးချင်း တိုက်မိသော အခါတွင်၊ ကမ္ဘာဦး သားရဲ ကြီးများ ထိပ်တိုက် တွေ့ဆုံသွား သကဲ့သို့၊ ကြောက်မက်ဖွယ် ကောင်းလှ၏။

" စတုတ္ထ အဆင့် ဒရာကိုဖီ ခန္ဓာကိုယ် "

တိုက်ပွဲကို ရပ်ကြည် နေမိသော ကျန်းရန်က၊ မျက်မှောင်ကြုတ် သွားသည်။

ဒရာကိုဖီ နည်းစနစ်ကို၊ ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များ သည်သာ စတုတ္ထ အဆင့်သို့၊ တက်လှမ်း နိုင်သည်။

ဤသို့ အပြင်လူ တစ်ဦးမှ၊ ၎င်းအား မည်သို့ ပြီးမြောက်အောင် ဆောင်ရွက် နိုင်ခဲ့ သည်ကို၊ သူ မသိနိုင်။

မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ သူတို့ သုံးယောက်သား၊ ဆယ်ကြိမ်ထက် ပိုသော လှုပ်ရှားမှု အသီးသီးအား၊ ထုတ်ဖော် မိလိုက် ကြသည်။

လင်းယွန်က ဇောင်ကွမ်းတို့ နှစ်ယောက်အား၊ လက်ရည်တူ ရင်ဆိုင် နေလျက်မှ၊ ပြုံးလိုက်သည်။

" မင်းတို့ရဲ့ ခွန်အားက ဒါပဲလား။ "

လင်းယွန်က အထင် အမြင် သေးစွာဖြင့်၊ လှောင်ပြောင် လိုက်၏။

" ဘယ်လောက်တောင် မောက်မာ လိုက်တဲ့ မာန မျိုးလဲ ....ဟမ်။ ''

ဇောင်ကွမ်းနှင့် ရှောင်းမင်တို့ နှစ်ယောက်လုံး ရှက်ရွံ့ သွားသည်။ ဤတိုက်ပွဲကို မဝေး ကွာသော အရပ်များ ဆီမှ၊ ရပ်ကြည့် နေသူ များစွာ ရှိပေသည်။

လင်းယွန်၏ မျက်လုံး များတွင် နိမ့်ချ ရှုမြင် ခြင်းများ၊ ထင်ဟပ် လာချိန်၌ နှလုံး သားများ၊ တဆစ်ဆစ် နာကျင် သွားသည်။

'' သေ စမ်း ... ''

ကြမ်းရှသော စွမ်းအင်များ အရှိန် အဟုန်ဖြင့် တိုးထွက် လာပြီး၊ လင်းယွန်းအား နှစ်ယောက် ညှပ်ကာ၊ ထိုးချ လိုက်၏။

'' ချပ်.... ချပ် ချပ် ''

သို့သော် သူတို့၏ လက်သီး များက၊ လင်းယွန်အား ထိမှန် ချိန်တွင်၊ ခရမ်းရောင် အကြေးခွံ ချပ်ဝတ်ကို တွေ့ရှိ လိုက်ရ သဖြင့်၊ တုန်လှုပ် သွား ကြသည်။

သူတို့၏ တိုက်ခိုက်မှု များက၊ ထိုချပ်ဝတ်ကို ဖြတ်ကျော် နိုင်ခြင်း မရှိခဲ့ပေ။ လင်းယွန်၏ ချပ်ဝတ်မှာ၊ သူတို့ မြင်ဖူး ထားသော ပုံစံ များနှင့် ကွဲလွဲ လှ၏။

ခရမ်းရောင် အကြေးခွံ များအတွင်း၊ ကြက်သွေးရောင် မြူများ ပါရှိ နေခြင်း ဖြစ်သည်။

'' ........ ''

နှစ်ယောက်သား ထိတ်လန့် နေစဉ်၊ လင်းယွန်၏ ခန္ဓာ ကိုယ်မှ ဟောက်သံ တစ်ခု ထွက်ပေါ် လာပြီး၊ သူတို့ နှစ်ယောက်အား အဝေးသို့၊ တွန်းထုတ် လာတော့၏။

တစ်ဆက်တည်း မှာပင်၊ လင်းယွန်၏ နောက်ကျော၌၊ ကျားကြီး တစ်ကောင် ထွက်ပေါ် လာကာ၊ ဝုန်းခနဲ ခုန်အုပ် လာပြန်သည်။

စွမ်းအင် ကျားကြီးမှာ၊ ဇောင်ကွမ်နှင့် ရှောင်းမင် တို့ကို အုပ်မိ သွားပြီး၊ ထပ်မံ လွင့်စင် သွားစေ ပြန်၏။

" သေ စမ်း .... "

ဘေးမှ ရပ်ကြည့် နေသော ကျန်းရန်က၊ ဇောင်ကွမ်းတို့ အပေါ် အာရုံ ရောက်နေသော လင်းယွန်ကို၊ လက်သီးဖြင့် ကြားဝင် တိုက်ခိုက် လိုက်သည်။

ကြမ်းရှသော စွမ်းအင် များက လင်းထိန် သွားကာ၊ လေထုအား ဝါးမြို ပစ် လိုက်၏။ ပြီးနောက် မီးပင်လယ် အသွင် ပြောင်းလျက်၊ လင်းယွန်အား ဖုံးလွှမ်း သွားလေသည်။

ထိုလက်သီးကြောင့် ဖြစ်ပေါ် လာသော ဖြစ်စဉ်မှာ၊ ပြင်းထန်လွန်း လှပြီး၊ လူတိုင်း၏ အာရုံအား ဖမ်းစား နိုင်ခဲ့သည်။

တဟုန်းဟုန်း တောင်လောင် နေသော မီးပင်လယ် အတွင်း၌၊ ကန့်သတ် ခံထား ရသော၊ လင်းယွန်ကို မျက်တောင် မခတ် စိုက်ကြည့် လိုက်မိ၏။

'' ဓား ...... ''

သို့သော် မြေပြင်၌ ထိုးစိုက် နေသော ပန်းသင်္ချိုင်း ဓားမှာ၊ ရုတ်တရက် စူးရှသော မြည်သံများ ပြုလာပြီး၊ မီးပင်လယ်ထဲ ဖြတ်ပျံ သွားသည်။

ပြီးနောက် လမင်းကြီး တစ်စင်း ကဲ့သို့၊ အေးရှ နေသော ဓားအလင်း များက၊ ကြမ်းရှသော စွမ်းအင်ဖြင့် ပိတ်ဆို့ ထားသော လေထုကို၊ ချေမှုန်း ပစ်လိုက်၏။

ပိုးစုန်းကြူး တစ်ကောင်သည်၊ လမင်း ကြီးဖြင့်၊ ယှဉ်နိုင် စရာ နည်းလမ်း မရှိခြေ။

လင်းယွန်အား လွှမ်းခြုံ ထားသော မီးပင်လယ်ကြီး အတွင်း၊ ထက်ရှသော ဓားတစ်လက် ခွဲဖွင့် ထွက်လာ ခဲ့၏။

လေဟာနယ်ကို ပိတ်ဆို့ ထားသော၊ စွမ်းအင် အလွှာ ပြိုကျ နေစဉ်၊ ကျန်းရန်က အလျင် အမြန် ဆုတ်ခွာ လိုက် သော်လည်း၊ အနည်းငယ် နောက်ကျ သွား၏။

သွေးများ ပန်းထွက် လာကာ၊ အဝတ် အစား တစ်ခုလုံး အရောင်စွန်း ကုန်၏။

ဓားအလင်းမှာ သူ့ ရင်ဘက်အား ထိမှန် သွားခြင်း ဖြစ်လေသည်။

" စီနီယာ အစ်ကို ။ "

ဇောင်ကွမ် နှင့် ရှောင်းမင်တို့ နှစ်ယောက်က၊ ထိတ်လန့်စွာ အော်ဟစ်လိုက် ကြသည်။

" ငါ အဆင် ပြေတယ်။ "

ကျန်းရန်က အံကြိတ်လျက် ပြန်ဖြေ လိုက်ပြီး၊ လင်းယွန်အား လှည့်ကြည့် လိုက်၏။

ဓားသေတ္တာကို ထမ်းပိုး ထားလျက်မှ၊ လက် နှစ်ဖက်အား နောက်ပစ်ကာ၊ လင်းယွန်က သူ့ကို စိုက်ကြည့် နေလေသည်။

အေးစက်စက် မျက်ဝန်းများ နှင့်အတူ၊ ဘေးတွင် စိုက်ဝင် နေသော ဓားတစ်လက် ထံမှ၊ အန္တရာယ် ရှိသော ခံစား ချက်များ ပေးစွမ်း လာသည်။

လင်းယွန်ကို သတ်ပစ် လိုပါက၊ ဝှက်ဖဲများ အသုံး ပြုရ မည်ဟု၊ ချက်ခြင်း နားလည် လိုက်၏။

သူ့အား ဖြတ်ကျော် နိုင်ခြင်း မရှိဘဲ၊ ချင်းရွှန်ဂျွန် ဆီသို့ ရောက်ရန်၊ နည်းလမ်း မရှိပေ။

ဝှစ်။

လင်းယွန်က သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ်ကာ၊ ဓား ရည်ရွယ် ချက်ကို သွန်းလောင်း လိုက်၏။

တစ်ဆက်တည်း မှာပင်၊ လူအုပ်ကြီး ထံမှ ဓားရှည် များက၊ မြည်ကြွေး သံများ သံပြိုင်၊ ဟစ်ကြွေး လာကြသည်။

ရုတ်တရက် စူးရှသော အော်မြည် သံများ ပြုလျက်၊ တုန်ယင် လာသော ဓားများကြောင့်၊ လူတိုင်းက တုန်လှုပ် သွားသည်။

မျက်လုံး များတွင် သံသယ စိတ်များဖြင့်၊ သူတို့၏ ဓားရှည် များကို၊ အလျင် အမြန် ဆုပ်ကိုင် ထိန်းချုပ် လိုက်ရသည်။ လင်းယွန်က မည်သည်ကို ပြုလုပ်ရန် ကြိုးစား နေမှန်း သူတို့ မသိ နိုင်ပေ။

ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် သုံးယောက် သည်လည်း၊ စူးရှသော ဓားသွား အော်မြည်သံ များကြောင့်၊ မျက်မှောင်ကြုတ် သွားကြ၏။

'' ဟိတ် ...... ''

ရုတ်တရက် လင်းယွန်က ဟောက်လိုက်ပြီး၊ လက်ထဲရှိ ပန်းသင်္ချိုင်း ဓားကို၊ သူတို့ သုံးယောက်ထံ၊ လှမ်းပစ် လိုက်သည်။

ကြောက်စရာ ကောင်းလှသော အရှိန် အဝါများ ထုတ်ဖော်လျက်၊ ပြေးဝင် လာသော ပန်းသင်္ချိုင်း ဓားကြောင့်၊ သုံးယောက်သား ထိတ်လန့် တုန်လှုပ် သွားပြီး၊ ချက်ချင်း လက်တုံ့ပြန် လိုက်သည်။

သို့သော် ပျံသန်း လာသော ပန်းသင်္ချိုင်း ဓားမှာ၊ သူတို့ ထံသို့ တိုးဝင် လာခြင်း မရှိဘဲ၊ ယင်းအစား ပြင်းထန်စွာ တွန်းထုတ် လာခြင်း ဖြစ်သည်။

ခြေလှမ်း အနည်းငယ်ခန့် ဆုတ်ခွာ ပေးလိုက် ရပြီး၊ မူလ ရပ်နေသော နေရာ၌၊ ပန်းသင်္ချိုင်းဓားက ထိုးစိုက် သွားလေသည်။

သုံးယောက်သား တုန်ခါ နေသော ပန်းသင်္ချိုင်းဓားကို ကြည့်ကာ၊ မျက်နှာများ မည်းမှောင် သွားကုန် လေပြီ။ ဓားတစ်လက်က သူတို့အား ထိတ်လန့် တကြား ဆုတ်ခွာရန် တွန်းပို့ နိုင်ခဲ့၏။

၎င်းကို သတိ ပြုမိ ပြီးနောက်၊ ရှက်ရွံ့နေဆဲ မှာပင်၊ ထပ်မံ ကြားလိုက် ရသော စကား သံကြောင့်၊ သွေးအန် မတက် ဒေါသ ထွက် သွားသည်။

" မင်းတို့ သုံးယောက် ဒီဓားကို၊ ဖြတ်ကျော်ဖို့ ကြိုးစား ကြည့်နိုင် ပါတယ်။ "

လင်းယွန်က မထီမဲ့မြင် နိုင်သော အမူ အယာဖြင့်၊ စိုက်ကြည့်ကာ ဆိုလိုက်ခြင်း ဖြစ်သည်။

'' ဘာလဲဟ... သူက ခြိမ်းခြောက် နေတာလား။ ''

ကျန်းရန်၊ ဇောင်ကွမ်၊ ရှောင်းမင် တို့၏ မျက်နှာများ၊ ပို၍ ဆိုးရွားစွာ ပျက်ယွင်း သွား၏။

ဂျူနီယာ တစ်ယောက်က သူတို့ သုံးယောက်အား၊ အမှန် တကယ် ခြိမ်းခြောက် လာသောကြောင့်၊ အရှက် တရားများ ဝင်ရောက်လာ မိသည်။

မြေပြင် ပေါ်တွင် စိုက်ဝင် နေသော ပန်းသင်္ချိုင်း ဓားအား ပြန်ကြည့် မိသော အခါတွင်၊ နှလုံးသားများ ရုတ်ချည်း အေးစက်သွား ခဲ့သည်။

အစောပိုင်း တိုက်ခိုက်မှု များကို သတိ ရသွား ပြီးနောက်၊ လင်းယွန်အား မကြည့် ဝံ့ကြ တော့ပေ။

'' ကြောက်စရာ ကောင်းလိုက်တာ ... ဓားနန်းတော်ရဲ့ အတွင်း တပည့်လေး တစ်ယောက်က၊ ရှေးဟောင်း တာအို ဂိုဏ်းရဲ့ အမာခံ တပည့် သုံးယောက်ကို၊ မောင်းထုတ် နေတာလား။ ''

" သူ ...သူက လင်းယွန် ဟုတ်တယ် မလား ၊ ဖီးနစ် ပန်းကလေး မွေးနေ့က စပြီး၊ ကျော်ကြားလာတာ၊ ဘာကြာ သေးလို့လဲ၊ သူ ဒီလောက် မြန်မြန် ကြီးထွား လာမယ်လို့၊ မထင် ထားမိဘူး။ "

" ကြာမိစ္ဆာ နယ်မြေထဲ ကံကောင်း သွားခဲ့ ပုံပဲ။ ''

ရုတ်ခြည်း ပြောင်းလဲ သွားသော တိုက်ပွဲ ရလာဒ် များက၊ လူတိုင်း၏ မျှော်လင့် ချက်အား ကျော်လွန် သွားခဲ့သည်။

အမာခံ တပည့် သုံးယောက်ကို ဓားတစ်လက်ဖြင့်၊ ပြောင်းပြောင် တင်းတင်း ခြိမ်းခြောက် ဝံ့သော၊ ဂျူနီယာ တစ်ယောက်၏ ကြီးစိုး နိုင်လွန်းသော ဖြစ်တည်မှု မျိုးကို၊ တွေ့မြင် လာရ ပေပြီ။

ရုတ်တရက် တိုက်ပွဲ ဆီသို့ လူပေါင်းများစွာ ပြေးလာ ကြသည့် ခြေသံ များကြောင့်၊ တိတ်ဆိတ် နေသော အခြေ အနေကို၊ ပျက်စီးသွားစေ တော့၏။

ထိုခြေသံ များမှာ ဓားနန်းတော်နှင့် ရှေးဟောင်း တာအို ဂိုဏ်း၏ တပည့်များ ဖြစ်ပေသည်။

စစ်ကူများ ရောက်ရှိ လာသော်လည်း၊ ကျန်းရန်၏ မျက်ဝန်း များမှာ တက်ကြွ လာခြင်း မရှိဘဲ၊ ပန်းသင်္ချိုင်း ဓားကို စိုက်ကြည့် လျက်ဖြင့်၊

" သွားကြ ရအောင် "

ဟု ဆိုလိုက် လေသည်။

ဓားနန်းတော်၏ တပည့်များ ထပ်မံ မစုဝေး လာမီ၊ ရှေးဟောင်း တာအို ဂိုဏ်းသားများ ထံသို့ အချက် ပြကာ၊ လျင်မြန်စွာ ထွက်ခွာ သွားတော့၏။

" စီနီယာ အစ်ကို ချင်း... ဘာဖြစ် တာလဲ။ ''

ပြင်းထန် လှသော ဒဏ်ရာ များကို မြင်လိုက်ရသည်နှင့်၊ ရှင်းယန် တို့မှာ မျက်နှာများ ပြောင်းလဲ သွားသည်။

" စီနီယာ အစ်ကို ချင်းက ဂျူနီယာ ညီလေးကို၊ အဲဒီ လူ ယုတ်မာတွေ လက်ကနေ၊ ကယ်တင် ခဲ့တာပဲ ဖြစ်မယ်။ "

တန်တုံက ကျိုးကြောင်း ဆက်စပ်ပြ လိုက်သည်။ သူ့ စကားကြောင့် ချင်းရွှမ်ဂျွန်က မချိပြုံး ပြုံးပြ လာကာ၊

'' အဲဒီလို မဟုတ် ပါဘူး၊ သူတို့ သုံးယောက်က ငါ့ကို သတ်ဖို့ ကြိုးစား နေလို့၊ ညီငယ်က ငါ့အသက်ကို ကယ်ခဲ့ တာပါ။ ''

" ဟမ် ...... "

ရှင်းယန်နှင့် တကွ တစ်ဖွဲ့ လုံး၏၊ မျက်နှာများ ပြောင်းလဲ သွားသည်။ ပြီးနောက် လင်းယွန်အား ပြိုင်တူ လှမ်းကြည့် လိုက်ကြ၏။

ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် သုံးယောက် လက်မှ၊ ချင်းရွှမ်ဂျွန် အသက်အား ကယ်တင် ခဲ့သည် ဟူသော၊ ခွန်အား အပေါ် မယုံကြည် နိုင်ခဲ့ ကြခြေ။

သူတို့၏ ဂျူနီယာ လေးမှာ ဘီလူး တစ်ကောင်ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ ဤမျှ နိုင်ထက် စီးနင်း နိုင်သော အပြု အမူမျိုး၊ ပိုင်ဆိုင် ထားလိမ့် မည့်ဟု မထင်ထား သည်မှာ၊ ဧကန်ပင်။

လင်းယွန်က တန်တုံ တို့၏ အကြည့် များကို၊ ဥပေက္ခာ ပြုကာ၊ ပန်းသင်္ချိုင်း ဓားအား ပြန်လည် သိမ်းယူရန်၊ လျှောက်လှမ်း သွားလိုက်သည်။

***

All Chapters