← Chapters

သတ္တမ ခွက်။

Vol. 27 Ch. 365

သတ္တမ ခွက်။

Vol. 27 Ch. 365

'' အဲဒီလို မဟုတ် ပါဘူး၊ သူတို့ သုံးယောက်က ငါ့ကို သတ်ဖို့ ကြိုးစား နေလို့၊ ညီငယ်က ငါ့အသက်ကို ကယ်ခဲ့ တာပါ။ ''

" ဟမ် ...... "

ချင်းရွှမ်ဂျွန်က ပြုံးလျက် ရှင်းပြ လာသောကြောင့်၊ ရှင်းယန်နှင့် တကွ တစ်ဖွဲ့ လုံး၏၊ မျက်နှာများ ပြောင်းလဲ သွားသည်။

ပြီးနောက် တိုင်ပင် ထားခြင်း မရှိဘဲ၊ လင်းယွန်အား ပြိုင်တူ လှမ်းကြည့် လိုက်ကြ၏။

သူတို့၏ ဂျူနီယာ လေးမှာ ဘီလူး တစ်ကောင်ဖြစ်ကောင်း ဖြစ်နိုင် သော်လည်း၊ ဤမျှ နိုင်ထက် စီးနင်း နိုင်သော အပြု အမူမျိုး၊ ပိုင်ဆိုင် ထားလိမ့် မည့်ဟု မထင်ထား သည်မှာ၊ ဧကန်ပင်။

လင်းယွန်က သူတို့၏ အကြည့် များကို၊ ဥပေက္ခာ ပြုကာ၊ ပန်းသင်္ချိုင်း ဓားအား ပြန်လည် သိမ်းယူရန်၊ လျှောက်လှမ်း သွားနေသည်။

အချိန် အတော်ကြာ မှင်တက် သွားပြီးနောက်၊ ရှင်းယန်က ပထမဆုံး သတိဝင် လာကာ၊ ပြုံး လျက်ဖြင့်၊

" ဂျူနီယာ မောင်းလေ၊ မင်းက တကယ်ကို နားမလည်နိုင် လောက်အောင် ပါပဲ၊ ငါတော့ မင်းကို ကြောက်လာ မိ ပြန်ပြီ။ "

“ စီနီယာ အစ်မ အဲဒီ လောက်လည်း၊ ချဲ့ကား နေဖို့ မလိုပါဘူး …”

လင်းယွန်က ပြုံးကာ၊ တုန့်ပြန်သည်။ ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် သုံးယောက်၊ သန်မာ သည်မှာ မှန်ပေ၏။

ကြာမိစ္ဆာ နယ်မြေ ထဲသို့ မဝင် ရောက်မီ၊ ကျန်းရန် တို့ဖြင့် ရင်ဆိုင် ရပါက၊ ဝှက်ဖဲများ အကုန် အစင် အသုံး ပြုပြီး နောက်တွင်ပင်၊ မိမိ ကိုယ်ကို ကာကွယ်နိုင် ရုံမျှသာ ရှိနိုင်မည်။

သို့သော် ကျန်းရန် တို့မှာ အထက်တန်း စားများ ဖြစ်သော်လည်း၊ ကြီးကျယ် ခမ်းနားသော ပါရမီ ရှင်များ မဟုတ်ပေ။

ယင်းကြောင့် ၎င်းတို့သည် မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်း၏၊ အမာခံ တပည့် ဖန်းယီထက် သန်မာခြင်း မရှိပေ။

ထို့ပြင် လင်းယွန်၏ မြင်နိုင် စွမ်းမှာ၊ အဆင့်သစ် တစ်ခုသို့ ရောက်ရှိ နေပြီ ဖြစ်ပြီး၊ 'ထိုစဉ်က သူ' ကဲ့သို့၊ သေးငယ်သော ငါးပေါက်လေး တစ်ကောင်၊ မဟုတ် တော့သည်မှာ အားလုံး မျက်မြင် ပေပင်။

ပါရမီရှင် ရှစ်ပါးထက် အားနည်း နေသေး သော်လည်း၊ မကြာမီ သူတို့ကို ရင်ဘောင်တန်း လာနိုင်မည် ဖြစ်သည်။

ဖန်းယီနှင့် တိုက်ပွဲကြောင့်၊ သူ့ ယုံကြည် ချက်ကို ပို၍ တိုးလာ စေ၏။ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ဖြင့်၊ မဟာချင် အင်ပါယာမှ ထွက်ခွာ ပြီးနောက်၊ သူ့ကိုယ်သူ နာမည် တစ်လုံး တည်ဆောက် ယူနိုင်မည်။

ချင်းရွှမ်ဂျွန်က လင်းယွန်ကို လေးလေး နက်နက် စိုက်ကြည့် လိုက်သည်။ လင်းယွန် အပေါ်၊ အမှန် တကယ် လျှော့တွက် မိခဲ့သည်။

ရှင်းယန် အပါ အဝင် ဓားနန်းတော်၏ တပည့်များက၊ ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် သုံးယောက်ကို၊ လင်းယွန်မှ ရင်ဆိုင် ခဲ့သော မြင်ကွင်းအား၊ မြင်တွေ့ လိုက်ရခြင်း မရှိပေ။

ထို့ကြောင့် မည်မျှ လေးနက်ရ မည်ကို၊ သူတို့ မသိခြင်း ဖြစ်သည်။

သို့သော် ချင်းရွှမ်ဂျွန် မှာမူ၊ လင်းယွန်၏ စိတ်နေ စိတ်ထားကို မြင်တွေ့ ခဲ့ရပြီး ဖြစ်ရာ၊ ပါရမီရှင် ရှစ်ပါးနှင့် အဆင့် တူ၌ ရှိကြောင်း၊ သုံးသပ် မိသည်။

ခွန်အား အရ အားနည်း နေသေး သော်လည်း၊ ရဲစွမ်း သတ္တိမှာ ပါရမီရှင် ရှစ်ပါးအောက် မလျော့ပေ။

ကြီးပြင်း လာချိန်တွင် ပါရမီရှင် ရှစ်ပါး အဆင့်ထက်၊ ကျော်နိုင် မည်ဟု သူ ထင်သည်။

ထိုအချိန်တွင်၊ မဟာချင် အင်ပါယာကြီး တစ်ခုလုံးက၊ သူ့ဓား ရှေ့၌ သေးသိမ် နေပေမည်။

အန္တရာယ် ရှိလင့် ကစား၊ ဓားနန်းတော် သခင်က လင်းယွန်အား ကြာမိစ္ဆာ နယ်မြေသို့၊ ပို့ဆောင် ခဲ့ရသည့် အကြောင်း အရင်းကို၊ ယခု အချိန်တွင် နားလည် မိပြီ ဖြစ်သည်။

နန်းတော် သခင်သည် လင်းယွန်၏ ရဲစွမ်း သတ္တိနှင့်၊ အလား အလာကို သတိ ပြုမိခြင်း ဖြစ်ရ ပေမည်။

လင်းယွန်မှာ ပုံမှန်ထက် သာလွန်သော ဉာဏ်ကြီးရှင် ဘီလူး တစ်ကောင် မဟုတ် သော်လည်း၊ နဂါး စင်စစ် ဧကန် ဖြစ်လေသည်။

ကြာမစ္ဆာ နယ်မြေသည် သူ့အတွက် နဂါး တစ်ကောင် အဖြစ်၊ အရေခွံ လဲရမည့် ရေကန် တစ်ကန် ဖြစ်လာ နိုင်သည်။

ဤနယ်မြေ၌ သူ သေခဲ့ လျှင်ပင်၊ သူ့ ကံ ကြမ္မာသာ ဖြစ်နိုင်၏။

ကမ္ဘာတုန် လောက်သော သေခြင်းမျိုး၊ သို့မဟုတ် ကြီးထွားလာ ခြင်းမျိုး စသည့်၊ ခမ်းနားသော အဖြစ် အပျက်များ ရှိလာ ရပေမည်။

သူ့ကဲ့သို့ လူမျိုးမှာ၊ သာမာန် ဖြစ်တည်လာ နိုင်စရာ အကြောင်း မရှိခြေ။ သေးနုပ်စွာ ရှင်သန်ဖို့ ရန်မှာ သာ၍ မဖြစ်နိုင်။

" အစ်ကိုကြီး ဒဏ်ရာက ဘယ်လို နေသေးလဲ"

ချင်းရွှမ်ဂျွန်၏ သွေးရောင် အရ၊ အဆင် မပြေ သည်ကို လင်းယွန်က သတိ ပြုမိသည်။ သူ ရရှိ ခဲ့သော ဒဏ်ရာ များက၊ လင်းယွန် ထင်ထား သည်ထက် ပိုပြင်း ထန်၏။

ဤသည်မှာ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် သုံးယောက်ကို၊ လင်းယွန်က အနိုင်ယူ နိုင်ခဲ့ ရသော အကြောင်း ရင်းလည်း ဖြစ်သည်။

ချင်းရွှမ်းဂျွန်၏ အကူအညီ မပါဘဲ၊ အမာခံ တပည့် သုံးယောက်ကို အနိုင်ယူ နိုင်မည်ဟု သူ ယုံကြည်သည်။ သို့သော် ယင်းကို ပြီးမြောက်ရန်၊ သူ့ အတွက် အနည်းငယ် ပိုကြာ နိုင်သည်။

“ ငါ့ ဒဏ်ရာက အဆင်ပြေ ပါတယ်၊ ဒါပေမယ့် ကြံ့ခိုင်မှု အပြည့် အဝ ပြန်ရဖို့ ....၊ လေးရက် ကနေ ငါးရက်လောက် ကြာလိမ့်မယ်၊ ကြာနက် နန်းတော် ကတော့ မကြာခင် ဖွင့်လှစ် တော့မယ့် ပုံပဲ။ ”

အနက်ရောင် အလင်း တိုင်ကြီး၊ တဖြေးဖြေး မှေးမှိန်လာ သည်ကို၊ လှမ်းမော့ ကြည့်ကာ၊ စိတ်ဓာတ် ကျသွားသည်။

ကြာနက် နန်းတော်သည် သူ့အတွက် ကောင်းမွန်သော အခွင့် အရေး တစ်ရပ် ဖြစ်သောကြောင့်၊ ၎င်းအတွင်း မဝင်ရောက် နိုင်ခဲ့ ခြင်းမှာ၊ သူ့ အတွက် ကြီးစွာသော ထိုးနှက်ချက် တစ်ခု ဖြစ်သည်။

“ တကယ်လို့ စီနီယာ အစ်ကို ချင်းက၊ ကြာနက် နန်းတော်ထဲ မဝင်နိုင် ဖူးဆိုရင် ... ရှေးဟောင်း တာအို ဂိုဏ်းက၊ ဒီကောင် တွေလည်း ဝင်ရဖို့ အိပ်မက် မက်မနေနဲ့ ... ''

ရှင်းယန်က လေးနက်သော အသံဖြင့်၊ ဆိုလိုက်သည်။

" ဒါက ပထမဆုံး အကြိမ် မဟုတ်ဘူး။ "

“ ဒီအချိန်မှာ ဂျူနီယာ ညီလေးလင်း ရှိလို့ကံကောင်း တယ်၊ နောက်တစ်ခါ ဒီလို ကံကောင်း နိုင်မလား မသိပါဘူး။ ”

'' ဒီကောင်တွေ နည်းနည်းတော့ လွန်တယ်။ ''

'' ဟုတ်တယ် ကြာနက် နန်းတော်ထဲ၊ မဝင် ရလဲ ဘာအရေး လဲ၊ သူတို့ကို စောင့်ပြီး သတ်မယ်။ ''

တန်တုံနှင့် အခြားသော တပည့် များက၊ ၎င်းတို့၏ ဒေါသ များကို ထုတ်ဖော် ပြသ လာခဲ့ ကြသည်။ ချင်းရွှမ်ဂျွန်က ပြုံးပြပြီး၊

" မင်းတို့ ဘာတွေ ပြောနေ တာလဲ၊ ငါ့ကြောင့် ဒီအခွင့် အရေးကို မင်းတို့ ဆုံးရှုံးလို့ မရဘူး၊ မဟုတ်ရင် ကြာမိစ္ဆာ နယ်မြေထဲ လာရတာ၊ ဘာအဓိပ္ပာယ် ရှိတော့ မှာလဲ။ ”

“ ဒီလောက်လည်း လောနေ စရာ မလို ပါဘူး၊ စီနီယာ အစ်ကိုကြီး ဒဏ်ရာ ကနေ၊ ပြန်ကောင်း လာတဲ့ အထိ၊ ငါတို့ စောင့်နိုင် ပါတယ်၊ ရှေးဟောင်း တာအို ဂိုဏ်းအတွက် ကတော့... ၊ သူတို့ရဲ့ ဒဏ်ရာ တွေက၊ စီနီယာ အစ်ကို ချင်းထက်၊ ပိုပြင်းထန် တာကို ငါအာမ ခံနိုင် ပါတယ်။ ”

ဟု လင်းယွန်က ဝင်ရောက် ပြောကြား လိုက်သည်။

ခန္ဓာ ကိုယ်မှ၊ ရှန်ရှင်း တစ်ပိုင်း၊ ဓား ရည်ရွယ် ချက်ကို ဖယ်ရှား ရန်မှာ၊ လွယ်ကူသော လုပ်ရက် မဟုတ် လှပေ။

ဖြစ်နိုင် သည်မှာ လင်းယွန်၏ ဓားကို၊ လက်ခံ ရယူ ပြီးနောက်၊ ကျန်းရန် အခြေအနေ ကောင်းနိုင်မည် မဟုတ် သည်မှာ၊ သေချာသည်။

အနည်းငယ် တုန့်ဆိုင်း ပြီးနောက် လင်းယွန်က၊ ဆက်လက်၍၊

" ရက်နည်းနည်း နောက်ကျမှ ဝင်ရောက် ရလို့လည်း၊ ကံဆိုး နိုင်မယ်လို့ ပြောမရ ပါဘူး၊ အရင်ဆုံး ဝင်ရောက်တဲ့ သူအတွက် အခွင့်အရေး ရလိမ့်မယ် လို့တော့ မထင် မိတာ အမှန်ပဲ။ ”

သူ့ စကားကြောင့် လူတိုင်း အံ့အား သင့်သွား ကြသည်။ ဤသို့သော ကျိုးကြောင်း ဆင်ခြင် နိုင်စွမ်းမျိုး လူတိုင်း၌ ရှိကြ သော်လည်း၊ ကြာနက် နန်းတော်၏ သွေးဆောင် မှုကို၊ မည်သူမျှ သည်းခံ နိုင်မည် မဟုတ်ပေ။

" ဟိုမှာ ဂျင်ဂျူး "

ရုတ်တရက် ထပ်မံ ရောက်ရှိ လာသော၊ လူငယ် တစ်ဦး၏ အသွင် အပြင်က၊ လူတိုင်း အာရုံကို ဆွဲဆောင် နိုင်ခဲ့သည်။

' ပျက်စီးခြင်း ခုနစ်ပါး နန်းတော်' ၏၊ 'သတ္တမမြောက် အစွန်း တရား ဆေဘာ ဓား' နည်းစနစ်ကို အောင်မြင်အောင် လေ့ကျင့် ထားနိုင်ပြီး၊ ယခင် နဂါးတံခါး ပြိုင်ပွဲတွင် အသက် ဆယ့်ခြောက် နှစ်ဖြင့်၊ မြင့်မားသော အောင်မြင်မှု တစ်ရပ်အား၊ ရယူထား နိုင်ခဲ့သူ ဖြစ်သည်။

ဂျင်ဂျူးကို မြင်သော အခါ တန်တုံ၏ မျက်နှာမှာ ရှုံ့တွ သွား၏။

“ စီနီယာ အစ်ကို တန်၊ မင်း သူ့ဆီ ပြေးဝင် မိခဲ့တာလား။ ”

လင်းယွန်က စူးစမ်းလို စိတ်ဖြင့် မေးသည်။

“ အင်း ... ဟုတ်တယ်၊ သူ ငါ့ကို သတ်လု နီးပါး ပါပဲ၊ ကံကောင်းပြီး စီနီယာ အစ်မရှင်း၊ အချိန်မီ ရောက်လာ ခဲ့လို့ သာပေါ့။ ”

တန်တုံက သက်ပြင်း ချလျက် ပြန်ဖြေသည်။

ရှင်းယန်မှ ဟန့်တား ပေးခဲ့ သော်လည်း၊ ဂျင်းဂျူက နောက်ဆုတ်ရန် ရည်ရွယ်ချက် ရှိပုံ မပြ ခဲ့ပေ။

နောက်ထပ် ဂိုဏ်းတူ ညီအစ်ကို များ၊ ထပ်မံ ရောက်ရှိ လာမှ သာလျှင်၊ ပြန်လှည့် ထွက်သွားခြင်း၊ ဖြစ်သည်။

" မူ ရွှန်း ဟန် "

ရုတ်တရက် အေးစိမ့်စိမ့် လေညှင်းများ တိုက်ခတ် လာပြီး၊ လူတိုင်း ရှေ့၌ ဖော်ရွေသော အသွင် အပြင်ဖြင့်၊ လူငယ် တစ်ယောက် ထွက်ပေါ် လာသည်။

သူ့မျက်နှာ ပေါ်တွင် နှစ်လိုဖွယ် ကောင်းသော အပြုံးကို ထုတ်ဖော် ထား သော်လည်း၊ လူတိုင်းက အဆိပ် ရှိသော ကပ်ပါးပိုး တစ်ကောင် ကဲ့သို့ ရှောင်ခွာ သွားကုန်၏။

မူရွှန်းဟန်မှာ ကြာမိစ္ဆာ နယ်မြေတွင်၊ နာမည် ဆိုးဖြင့် ကျော်ကြား ပေသည်။ သူ့ ဆီ ပြေးသွားမိ သူတိုင်း နီးပါး၊ သေဆုံး ကြရ၏။

ထို့ကြောင့်ပင် သူ၏ ခွန်အားမှာ၊ ဤနယ်မြေ အတွင်း၌ အသန် မာဆုံး ဖြစ်ကြောင်း၊ လူများစွာက မှတ်ထင်လာ ကြသည်။

" ဘိုင်ယွီနဲ့ မိစ္ဆာ မီးလျှံ ဂိုဏ်းသား တွေလည်း ရောက်လာပြီ။ "

" ဟိုမှာ လူရိုင်းကြီး ဖန်းယီ ။ "

" ဟိုတစ်ယောက်က နဂါး တံခါး ပြိုင်ပွဲမှာ၊ အဆင့် နှစ်ဆယ် ချိတ်ခဲ့တဲ့၊ တိုင်ရီ မဟုတ်လား။ ''

“ ကျွမ်းကျင် သူတွေ ပိုများ လာတယ်။ ”

အားလုံး စုရုံး လာကြ သည်နှင့် အမျှ လေထုမှာ၊ တဖြည်းဖြည်း အထွတ် အထိပ်သို့၊ ရောက်ရှိ သွားသည်။

လူတိုင်းက ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် သုံးယောက်ကို၊ အနိုင်ယူ ခဲ့သော လင်းယွန်၏ စွမ်းဆောင် မှုအား၊ မေ့လျော့ သွားကုန်သည်။

နာမည် ကြီးများ အကုန် အစင် ရောက်ရှိ လာပြီးနောက်၊ လူတိုင်း၏ အာရုံမှာ၊ ကြာနက်နန်းတော် ဆီသို့၊ တဖြည်းဖြည်း ပြောင်းလဲ သွား၏။

အားလုံးက ကြာနက် နန်းတော်တွင်၊ အဆုံး စွန်သော အောင်နိုင်သူ မည်သူ ဖြစ်မည်ကို၊ မှန်းဆ နေကြသည်။

ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ် ပေးနေသော အနက်ရောင် အလင်းတိုင်မှာ၊ ရုတ်တရက် ပြိုကျ သွားပြီး၊ ခမ်းနား ထည်ဝါသော နန်းတော်ကြီး တစ်ခုအား၊ ဖွားခနဲ ထွက်ပေါ် လာစေ၏။

" ကြာနက် နန်းတော် .... "

" နန်းတော် ပွင့် ပြီ။ "

“ အချိန် ကောင်းပဲ။ ”

အားလုံးက စိတ်လှုပ်ရှား စွာဖြင့်၊ ရေကန် ပေါ်၌ ဖြစ်တည် နေသော၊ ကြာနက် နန်းတော်ကြီး ဆီသို့၊ သတိ မမူဘဲ ပြေးဝင် သွား ကြသည်။

ရွေ့လျားမှု နည်းစနစ် မျိုးစုံကို၊ ထုတ်ဖော် ပြေးလွှား နေကြသော၊ မြင်ကွင်းကြောင့်၊ ထိတ်လန့် ဖွယ်ရာ ကောင်းနေ ပေသည်။

ဆယ့်ငါး မိနစ်ခန့် အကြာတွင် လူအုပ် ကြီးမှာ၊ လျော့ပါး ပျောက်ကွယ် သွားသည်။ ကျန်ရှိသော သူများ သည်လည်း၊ နန်းတော် ဆီသို့ အလျင် အမြန် ပြေးသွား နေကြ ဆဲပင်။

ချင်းရွှန်ဂျွမ်က ပါးစပ် ဟလျက်၊ စကား ပြောတော့မည့် အမူအရာကို မြင်လိုက် သည်နှင့်၊

" စီနီယာ အစ်ကို ချင်း၊ မင်း ဒီလောက် အလျင်လို နေစရာ မလိုဘူး၊ ငါတို့ ဝင်သွားလို့၊ မင်းတစ်ခုခု ဖြစ်သွားရင်၊ ဘယ်သူ တာဝန် ယူနိုင် မှာလဲ။ ”

" ဒါ အမှန်ပဲ ... စီနီယာ အစ်ကို၊ သက်တောင့် သက်သာနဲ့၊ မင်းရဲ့ ဒဏ်ရာ တွေကို ဒီမှာ ကုစား ပါ၊ ငါတို့ မင်းကို ကာကွယ် ပေးမယ်။ "

ရှင်းယန်နှင့် လင်းယွန်က ပြုံးကာ၊ ဆိုလိုက်သောကြောင့်၊ ကျန်သည့် တပည့်များ အားလုံး သည်လည်း၊ ချင်းရွှမ်ဂျွန် စိတ်လက် ပေါ့ပါး သွားစေရန်၊ ပြုံးရယ် ပြလိုက် ကြသည်။

လင်းယွန်က၊ သိုလှောင်အိတ်ကို ပွတ်သပ်ပြီး၊ မျောက်ဝိုင် အိုးအား ထုတ်ယူ ပေးလိုက်၏။

“ ဒီဝိုင်ကို မျောက်ဝိုင်လို့ ခေါ်တယ်၊ သူ့ကို သန့်စင် နိုင်ရင်၊ အားလုံးရဲ့ ခွန်အားတွေ ပိုတိုး လာ လိမ့်မယ်။ ”

" မျောက် ဝိုင် လား .. "

တန်တုံနှင့် အခြားသော တပည့် များ၏ မျက်လုံး များက၊ ဝိုင်ကို မြင်သော အခါ၊ တောက်ပ သွားကြသည်။

“ ဒါက ဝိညာဉ် ကျောက်စိမ်း တွေနဲ့တောင် ...၊ ဝယ် မရ နိုင်တဲ့ ဒဏ္ဍာရီလာ မျောက်ဝိုင်ပဲ။ ''

မျောက်ဝိုင်သည် ၎င်း၏ အရသာ အတွက်သာ မက၊ ကျင့်ကြံခြင်း တွင်လည်း၊ အကျိုး ရှိပေ၏။ သောက်သုံး ခြင်းဖြင့်၊ ခွန်အားကို တိုးတက် စေမည်။

သူက အကြိမ်ပေါင်း များစွာ သောက်သုံး ထားပြီး ဖြစ်သော်လည်း၊ တန်တုံတို့ အတွက်မူ၊ တစ်ကြိမ် တစ်ခါမျှ သောက်သုံး ထားဖူးခြင်း မရှိပေ။

ထို့ကြောင့်၊ လင်းယွန် အတွက် သက်ရောက် မှုများ လျော့နည်း သွားပြီ ဖြစ်သည်။

သူ့ကိုယ်စား အဖွဲ့ အပေါ်၊ လင်းယွန်က လျော်ကြေး ပေးနေကြောင်း၊ ချင်းရွှမ်ဂျွန်က သိသည်။

ထို့ကြောင့် ဆက်လက် ငြင်းဆိုခြင်း မပြု တော့ဘဲ၊ ဒဏ်ရာကို ကုသရန်၊ စွမ်းအင် ကျင့်ကြံခြင်း နည်းစနစ်အား၊ စတင် ဖြန့်ဝေ လိုက်၏။

ဝိုင်အိုး အဖုံးကို ဖွင့်လိုက် သည်နှင့်၊ ပြင်းရှသော ဝိုင် ရနံ့များ ထွက်ပေါ် လာသည်။ ရန်ဒင်းက ဦးဆောင်ကာ ဝိုင်ခွက် အနည်း ငယ်အား အမြန် ထုတ်ယူ လိုက်၏။

မျောက်ဝိုင်မှာ လူတိုင်း၏ စိတ်ဝင် စားမှုကို ရရှိ သွားလေသည်။

" ဂျူနီယာ မောင်လေး ဘယ်သွား မလို့လဲ။ "

လင်းယွန်က ရုတ်တရက်၊ ထထွက် သွားသည်ကို မြင်လိုက် ရ သဖြင့်၊ ရှင်းယန်က မေးမြန်း လိုက်သည်။

“ စိတ်မပူ ပါနဲ့ စီနီယာ အစ်မ၊ ခဏနေ ငါပြန် လာပါ့မယ်၊ ငါ့အတွက် တစ်ခွက်လောက် ချန်ထား လိုက်ပါ။ "

ပြုံးကာ ပြန်ဖြေ လိုက်ပြီး၊ ရှင်းယန်၏ မြင်ကွင်းမှ ရိပ်ခနဲ၊ ပျောက်ကွယ် သွားသည်။

ထွက်ခွာ သွားသော လင်းယွန်၏ နောက်ကျောကို ကြည့်ကာ၊ ရှင်းယန်က ပြုံးလိုက်သည်။ မောင်ငယ်မှာ အမှန် တကယ် ကြီးပြင်း လာပြီ ဖြစ်ရာ၊ သူ့ အတွက် စိုးရိမ် နေစရာ မလို တော့ပေ။

***

တစ်ချိန်တည်း မှာပင်။

“ အကိုကြီး၊ မင်းဒဏ်ရာ တွေကို ဒီမှာ ကုသလို့ရတယ်၊ ငါတို့ အရင် သွားနှင့် လိုက်မယ်။ "

" ဟုတ်တယ်၊ ကြာနက် နန်းတော်က ပွင့်နေပြီ ဆိုတော့၊ ငါတို့ မင်းနဲ့ အတူ မနေ နိုင်တော့ဘူး။ "

ဇောင်ကွမ်နှင့် ရှောင်းမင် တို့၏ ဆုံးဖြတ်ချက် များကြောင့်၊ ကျန်းရန်၏ မျက်နှာမှာ ပျက်ယွင်း သွားသည်။

ကြာနက် နန်းတော်က ယခုမှ ပွင့်လာခြင်း ဖြစ်သော်လည်း၊ စောင့်ဆိုင်း ဖို့ရန် စိတ်မရှည် ဖြစ်လာ ကြပြီ ဖြစ်သည်။

သူတို့ နှစ်ဦးမှာ လင်းယွန် ထံမှ လက်သီးချက် မျှသာ ရရှိ ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ကျန်းရန် ရင်ဘတ်ရှိ ဒဏ်ရာနှင့်၊ နှိုင်းယှဉ် နိုင်စရာ မရှိပေ။

လင်းယွန်၏ တိုက်ခိုက် ခြင်းကို၊ အတူတူ မျှယူ လိုက်သော အခြေ အနေကြောင့်၊ ကျန်းရန်ထက် ကောင်းမွန်သော ရလာဒ်များ၊ ရှိနေ ကြသည်။

ဇောင်ကွမ်းတို့ နှစ်ယောက်က ဦးဆောင်ကာ၊ အခြားသော တပည့်များ အားလုံး ထွက်ခွာ သွား ပြီးနောက်၊ ရင်ဘတ်ရှိ ဒဏ်ရာကို ကုသရန် ပြင်လိုက် မိချိန်တွင်၊ ကျန်းရန်၏ မျက်နှာမှာ မည်းမှောင် သွားသည်။

'' ဒီ ... ခွေးကောင် ''

ဒဏ်ရာက မပြင်းထန် သော်လည်း၊ ချန်ထား ခံခဲ့ ရသော ဓားကို ဖယ်ရှား ရန်မှာ၊ ခက်ခဲ နိုင်ပေ၏။

မူလ စွမ်းအင်ကို ဖြန့်ကျက် လိုက်ချိန် တိုင်းတွင်၊ အပ်ချွန်ချွန်ဖြင့် ထိုးစွ နေသကဲ့သို့၊ ဒဏ်ရာက နာကျင် နေတက်သည်။

သည်အခြေ အနေဖြင့်၊ ကြာနက် နန်းတော်ထဲ ဝင်ဖို့ရန် မသင့်တော် တော့ပေ။

" လင်းယွန်၊ မင်းဆီ ကနေ ငါ ပြန်ယူ ရမယ်၊ မင်းကို မသတ် နိုင်ရင်တောင်၊ မင်းရဲ့ ပတ်ဝန်း ကျင်က လူတိုင်းကို၊ ငါဒီနေ့ ခံစား နေရတဲ့ ဝေဒနာထက်၊ ပိုခံစား စေရမယ်။ "

ကျန်းရန်က အော်ဟစ် ကြုံးဝါး လိုက်၏။ သို့သော် ရုတ်တရက် အေးစက်သော၊ လေပြင်း အချို့ကြောင့်၊ သူ့မျက်နှာ ပြောင်းလဲ သွားသည်။

ပတ်ဝန်း ကျင်အား သံသယဖြင့်၊ လိုက်ကြည့်မိ၏။ အနည်းငယ် ခြောက်သွေ့ နေသော၊ သစ်ပင်ကြီး အောက်၌ ငြိမ်သက်စွာ ရပ်နေ ခဲ့သည့်၊ လူငယ် တစ်ယောက်အား တွေ့မြင် လိုက်ရသည်။

မထင်မှတ် ထားသော သူကို၊ တွေ့လိုက် ရသဖြင့် အံ့သြ သွား၏။ ထိုသူ၏ နောက်ကျောတွင် ဓားသေတ္တာ တစ်လုံးအား ထမ်းပိုးလျက်၊ မျက်ဝန်း များ၌ အေးစက်သော အလင်း ရောင်များ တောက်ပ နေပေသည်။

" မင်းငါ့ကို သတ်ဖို့ လာတာလား။ "

ကျန်းရန်က ခံစားချက် မဲ့သော လေသံဖြင့် မေးလိုက်သည်။ သူက တုန်လှုပ် နေပြီး၊ နှလုံးသား ထဲ၌ ကြောက်ရွံ့မှု များနှင့်၊ မကျေနပ် ချက်များ၊ တပြိုက် နက်တည်း ခံစားလာရ၏။

သို့သော် လင်းယွန်က သူ့ကို အကြောင်း ပြန်ခြင်း မရှိ ခဲ့ပေ။

“ ဘဝ ဆိုတာ ... တစ်စုံ တစ်ယောက်ကို သတ်ဖို့ ဒါမှ မဟုတ်၊ အသတ်ခံ ရဖို့ ပြင်ဆင် ထားရမယ်၊ မင်းငါ့ကို သတ်ဖို့ ဒီကို ရောက်လာတာ ငါ မအံ့သြ ပါဘူး၊ ဒါပေမယ့် မင်း.... ဒါကို မလုပ် ဖို့တော့ ငါ အကြံပေး ပါရစေ။ "

ရုတ်တရက် ဝတ်ရုံ စဖြင့် ဖုံးအုပ် ထားသော၊ သူ့ လက်ဖဝါး ထဲတွင်၊ ဓားနက် ကျီးကန်း တစ်ကောင် ရောက်ရှိ ထွက်ပေါ် လာပြီး၊ မူလ စွမ်းအင် များအား လောင်းထည့်ကာ၊ ပြင်ဆင် ထားလိုက်၏။

လင်းယွန် ထံမှ တုန့်ပြန် လာခြင်း မရှိ သောကြောင့်၊ ကျန်ရန်၏ မျက်နှာတွင် အပြုံး တစ်ပွင့် တွဲခို လာကာ၊

" ဂိုဏ်းကြီး လေးဂိုဏ်း ထဲက၊ အမာခံ တပည့် တစ်ယောက်ကို သတ်ခြင်းရဲ့ အကျိုး ဆက်က မင်းထင်ထား သလောက် မရိုးရှင်း ပါဘူး၊ ငါ့ကို ဒဏ်ရာ ကြီးကြီး မားမား ရအောင် စွမ်းဆောင် နိုင်နေ ရင်တောင် ...၊ မင်းငါ့ကို သတ်နိုင် တယ်လို့ မဆိုလို သေးဖူးလေ။ ”

ရှေးဟောင်း တာအို ဂိုဏ်း၏ အမာခံ တပည့် တစ်ယောက် မဆိုနှင့်၊ ယုန်တစ် ကောင်ပင်၊ အသက် ဘေးဖြင့် ရင်ဆိုင် ရပါက၊ ပြန်ကိုက် ပေလိမ့်မည်။

သို့သော် ယခု အချိန် အထိ လင်းယွန်က၊ စကား တစ်ခွန်းမျှ မတုန့်ပြန် သေးပေ။

" ဒါဆို ....သေ လိုက် တော့ ''

မူလ နေရာ၌ တစ်ချိန်လုံး ငြိမ်သက်စွာ ရပ်နေသော လင်းယွန်ကို ကြည့်ကာ၊ ဒေါသ ထွက်ရမည့် အစား၊ စိုးထိတ်လာ လေသည်။

ထို့ကြောင့် တိတ်တဆိတ် အသက် သွင်းထားသော ဓားနက် ကျီးကန်ဖြင့်၊ အားကုန် ပစ်ပေါက် လိုက်လေသည်။

ပြီးနောက် ဒရာကိုဖီ ချပ်ဝတ်ကို ထုတ်ဖော်လျက် လက်သီးဖြင့်၊ အလစ် အငိုက် ပြေးဝင် ထိုးချ လိုက်၏။

'' ဝှစ်.......''

ကျန်းရန် လှုပ်ရှား လာသည်နှင့်၊ လင်းယွန်က သူ့လက်ကို မြှောက်ပြီး၊ ခရမ်းရောင် ဓားအလင်း များအား၊ တောက်ထုတ် လိုက်သည်။

ဓားနက် ကျီးကန်းမှာ ခရမ်းရောင် စွမ်းအင် ဓား တစ်လက်ဖြင့်၊ ထိုးဖောက်ခြင်း ခံလိုက် ရကာ၊ မြေပြင် ပေါ်သို့ ပြုတ်ကျ သွား၏။

တစ်ချိန်တည်း မှာပင် ပန်းသင်္ချိုင်း ဓားမှာ၊ လက်ခနဲ ထွက်ပေါ်လာ ပြီးနောက်၊ ချက်ချင်း ပြန်လည် ပျောက်ကွယ် သွားတော့သည်။

သွေးများ ပန်းထွက် လာ သောကြောင့်၊ ကျန်းရန်၏ မျက်လုံးများ ပြူးကျယ် သွားပြီး၊ နောက်ဆုံး ထွက်သက်ကို မှုတ်ထုတ် လိုက်ရသည်။

ထိုဓားကို တားဆီးရန် မဆိုနှင့်၊ ပန်းဏ ဓားက ထွက်ပေါ် လာခြင်းရှိ မရှိပင်၊ မဝေခွဲ နိုင်မိပေ။

ကျန်းရန်၏ ခေါင်းပြတ် ကြီးက၊ လင်းယွန်၏ ခြေထောက်နား ဆီသို့၊ လှိမ့်ဆင်း လာ၏။

ကျန်းရန်က လင်းယွန်ကို လက်သီးဖြင့်၊ ထိုးလိုက် သော်လည်း၊ ဓားက သူ့ထက် မြန်သွား ခဲ့လေသည်။

ပွဲ မစခင် ၌ပင်၊ အရာ အားလုံးမှာ လင်းယွန်၏ ထိန်းချုပ်မှု အောက်တွင် ရှိနေ ခဲ့သည်။

ကျန်းရန်အား သေချာသော သတ်ဖြတ် ခြင်းကို လုပ်ဆောင် နိုင်ရန်၊ သူ့ အားနည်း ချက်အား ရည်ရွယ်ချက် ရှိရှိ၊ ထုတ်ဖော် ပြသ ထားခဲ့ခြင်း ဖြစ်သည်။

ကျန်းရန်၏ တိုက်ခိုက် မှုကိုဘ သူ မကြောက် ခဲ့ပေ။ ကျန်းရန် ထွက်ပြေး သွားမည် ကိုသာ၊ စိုးရိမ် နေမိခြင်း ဖြစ်သည်။

ထက်ရှသော ဓားချက်က၊ ကျန်းရန် နောက်ကျောရှိ ကျောက်တုံး ကြီးအား ထက်ခြမ်း ခွဲပစ်ကာ၊ တောရိုင်း ပန်းပင် တစ်ပင်ကို ထင်ရှား လာစေ၏။

ကျောက်တုံးကြီး၏ လောင်းရိပ်မှ လွတ်သည်နှင့်၊ ရဲရဲ နီသော ပန်း တစ်ပွင့်ကို၊ ပွင့်အာ လာစေသည်။

တောရိုင်း ပန်းပင် ဆီမှ ပန်းပွင့် ငယ်ကို ကြည့်ပြီး၊ ညင်သာစွာ ငုံနမ်း လိုက်၏။

“ မင်းမှာလည်း သနား စရာ ကောင်းတဲ့ ဘဝ တစ်ခု ရှိနေ တာပဲ၊ မင်း ဘယ်လောက် ရုန်းကန် နေရလဲ ဆိုတာ ဘယ်သူမှ မမြင် နိုင်ခဲ့ဘူး၊ ပြီးတော့ မင်းရဲ့ အလှ တရားကို လျစ်လျူရှု ခံထား ရတဲ့ အတွက်၊ မင်းလည်း ကံဆိုး ပါတယ်။ "

ဓားနန်းတော် အဖွဲ့၏ စုဝေးရာ အရပ်၌ တန်တုံက ဝိုင်များကို ဂရု တစိုက် လောင်းထည့် နေသည်။

မျောက်ဝိုင်သည် အဖိုးတန်၏။ တစ်စက် မျှပင်၊ ဖိတ်စင် လိုခြင်း မရှိ သောကြောင့်၊ အာရုံစိုက် လောင်းထည့် နေမိသည်။

ဆဋ္ဌမမြောက် ခွက် အလှည့် ပြီးနောက်၊ တန်တုံက ပြုံးပြီး၊

“ ခုနစ် ကြိမ်မြောက် အလှည့်က ဂျူနီယာ ညီလေး အတွက် ထားကြ ရအောင်၊ သူ့ကို မမေ့ပါနဲ့၊ သူ သိသွားရင် စိတ်မကောင်း ဖြစ်မိ လိမ့်မယ်။”

“ ဒီအတွက် ကျေးဇူးတင် ပါတယ်။ ”

တန်တုံ စကားဆုံး သည်နှင့်၊ လင်းယွန်က ရုတ်တရက် ထွက်ပေါ် လာပြီး၊ ဝိုင်ခွက်ကို လှမ်းယူ လိုက်၏။

ချက်ချင်း ပြန်လည် ထွက်ပေါ် လာသော လင်းယွန်ကြောင့်၊ လူတိုင်း အံ့အားသင့် သွားသည်။

'' ဂျူနီယာ မောင်လေး မင်း၊ ပန်းခူးဖို့ သွားတာလား"

လင်းယွန်၏ လက်ထဲရှိ ပန်းကို ကြည့်ကာ၊ ရှင်းယန်က မေးလိုက်သည်။

လင်းယွန်က ရှင်းယန်၏ စကားကြောင့် ခဏတာ တွေဝေ သွားပြီး၊ ပြန်လည် ပြုံးပြကာ၊

“ ဟုတ်တယ်၊ ရော့ ... ဒီမှာ မင်းအတွက်ပါ။ "

- ဟု တည်ငြိမ်စွာ ဆိုလိုက် လေသည်။

***

All Chapters