← Chapters

မိုးကြိုး မိစ္ဆာ နဂါးမျောက်ဝံ ။

Vol. 27 Ch. 366

မိုးကြိုး မိစ္ဆာ နဂါးမျောက်ဝံ ။

Vol. 27 Ch. 366

ဆဋ္ဌမမြောက် ခွက် အလှည့် ပြီးနောက်၊ တန်တုံက ပြုံးပြီး၊

“ ခုနစ် ကြိမ်မြောက် အလှည့်က ဂျူနီယာ ညီလေး အတွက် ထားကြ ရအောင်၊ သူ့ကို မမေ့ပါနဲ့၊ သူ သိသွားရင် စိတ်မကောင်း ဖြစ်မိ လိမ့်မယ်။”

“ ဒီအတွက် ကျေးဇူးတင် ပါတယ်။ ”

တန်တုံ စကားဆုံး သည်နှင့်၊ လင်းယွန်က ရုတ်တရက် ထွက်ပေါ် လာပြီး၊ ကျေးဇူးတင် စကား ဆိုကာ၊ ဝိုင်ခွက်ကို လှမ်းယူ လိုက်၏။

'' ဂျူနီယာ မောင်လေး မင်း၊ ပန်းခူးဖို့ သွားတာလား"

လင်းယွန်၏ လက်ထဲရှိ ပန်းကို ကြည့်ကာ၊ ရှင်းယန်က မေးလိုက်သည်။

လင်းယွန်က ရှင်းယန်၏ စကားကြောင့် ခဏတာ တွေဝေ သွားပြီး၊ ပြန်လည် ပြုံးပြကာ၊

“ ဟုတ်ပါတယ်၊ ဒါက ... မင်းအတွက်ပါ။ "

- ဟု တည်ငြိမ်စွာ ဆိုလိုက် လေသည်။

သုံးရက် အကြာတွင် ချင်ရွှမ်ဂျွန်မှာ ဒဏ်ရာ များမှ ပြန်လည် သက်သာ လာခဲ့သည်။

ကြာနက် နန်းတော် အတွင်း ဝင်ရန်၊ ပြင်ဆင်မှုများ မပြု လုပ်မီ မျောက်ဝိုင် နောက်တစ်အိုး ထုတ်ယူကာ၊ ဝိုင်းဖွဲ့ လိုက်ကြသည်။

" ငါတို့ အရမ်း နောက်ကျ နေပြီ လားလို့ တွေးမိတယ်။ "

ချင်းရွှမ်ဂျွန်က ခေါင်းကို မော့လိုက်ပြီး၊ ရေကန် အလယ်ရှိ အနက်ရောင် နန်းတော်ကို ငေးကြည့် လိုက်သည်။ သူတို့ ပတ်ဝန်း ကျင်၌ တခြား သူများ မရှိ တော့ခြေ။

'' ဒါက ဒီလောက် မရိုးရှင်း မှာကို၊ ငါ ကြောက်မိတယ်၊ လွန်ခဲ့တဲ့ သုံးရက် လုံးလုံး နန်းတော်ကို စောင့်ကြည့် ပြီးပြီ၊ ဒီခရီး စဉ်က အေးချမ်းတဲ့ ခရီး မဟုတ်ဘူး၊ နန်းတော်ထဲ မဝင် နိုင်ခင်၊ လူတော်တော် များများ သေဆုံး နိုင်တယ်။ ''

-ဟု တန်တုံက ဆိုသည်။

နန်းတော် အတွင်း ဝင်ရောက်ခြင်း မရှိသေး သော်လည်း၊ လွန်ခဲ့သော ရက်အနည်း ငယ်က၊ အခြေ အနေကို စောင့်ကြည့် နေခဲ့သည်။

" သွားကြ ရအောင်။ "

ချင်းရွှမ်ဂျွန်က သူတို့ ကို ခေါင်းညိတ် ပြပြီး၊ အဖွဲ့ကို ဦးဆောင်ကာ စတင် ထွက်ခွာ လိုက်မိ၏။

ရေကန် ပေါ်သို့ လှမ်းတက် လိုက်သည်နှင့်၊ ခြေထောက်များ အပေါ် အအေး ဓာတ်များ၊ စိမ့်ဝင် လာသည်။

'' ဝိုး အေး လိုက် တာ ....''

လင်းယွန်က မျက်လုံး ထဲသို့၊ မူလ စွမ်းအင်များ ဖြည့်သွင်း လိုက်ပြီး၊ ပုံမှန် မဟုတ်သော ရေကန်အား၊ စိုက်ကြည့် လိုက်၏။

ရေကန် အောက်ခြေ၌၊ အနက်ရောင် ရေခဲ တုံးများကို၊ တွေ့လိုက် ရသည်။

'' ရေကန်ရဲ့ ငြိမ်သက် မှုက၊ အပေါ်ယံ မျက်နှာဖုံး တစ်ခုပဲ၊ သတိ တွေကို မလျှော့ ပါနဲ့။ ''

လင်းယွန်က ဆိုလိုက်သည်။ သူတို့ ရှေ့ဆက်လာသည်နှင့်၊ အအေး ဓာတ်က တဖြည်းဖြည်းတိုးလာ သလို ခံစား ရ၏။

ဆယ်မိုင်ခန့် ခရီးနှင် လာပြီးနောက်၊ မှုတ်ထုတ် လိုက်သော ထွက်သက် တိုင်းက၊ ရေခဲ အဖြစ်သို့ ပြောင်းလဲ သွားသည်။

အအေး ဒဏ်ကို ခံနိုင်ရည် ရှိခြင်း မရှိ ခြင်းမှာ၊ ရုပ်ခန္ဓာဖြင့် မဆိုင်ပေ။ ထို့ကြောင့် အရေး ကြီးသော အစိတ် အပိုင်း များကို ကာကွယ် ဖို့ရန်၊ မူလ စွမ်းအင်များ လှည့်ပတ် ထားရသည်။

ထိုသို့ မဟုတ် ပါလျှင်၊ အအေး ဒဏ်ကြောင့် သွေးခဲကာ၊ မည်သို့ သေဆုံး သွားရ မည်မှန်း၊ သိလိုက် မိမည် မဟုတ်ပေ။

ရေပြင် ပေါ်တွင် ရေခဲ အဖြစ်၊ အေးခဲ သွားသော အလောင်း အချို့ပင်၊ ပေါလောမျော နေသည်။

" ဒါက ရွှေနက် ဂိုဏ်းရဲ့ တပည့် တွေပဲ။ "

တန်တုံနှင့် အခြားသော တပည့် များက၊ ထိုအလောင်း များ၏ မူလ အစကို၊ ချက်ခြင်း မှတ်မိ ကြသည်။

ရုတ်တရက်၊ လူသေကောင် သုံးကောင်သည် အနက်ရောင် မြူများဖြင့်၊ တောက်ပ နေသော မျက်လုံး များအား ဖွင့်ချ လာသည်။

သူတို့က လင်းယွန်ကို ကြည့်ကာ၊ ဟိန်းဟောက် လိုက်၏။ သို့သော် လင်းယွန် အံသြ ထိတ်လန့် သွားခြင်း မရှိပေ။

ငြိမ်သက် လွန်းသော ရေမျက်နှာ ပြင်ကြောင့်၊ သူက သတိ ထား နေခဲ့ခြင်း ဖြစ်သည်။ အခြေ အနေ အားလုံး အပေါ်၊ တွက်ဆ ပြင်ဆင် ထားပြီး ဖြစ်သည်။

လူသေ အလောင်း များက၊ သူ့တို့ထံ ဦးတည် ရာသို့၊ ခုန်ဝင် လာ၏။

အလောင်းကောင် များကို ကြည့်ကာ၊ ခရမ်းရောင် ပန်းအား ပွင့်စေလျက်၊ လက်သီးဖြင့် ထိုးချ ပစ်လိုက်သည်။

လက်သီး ချက်ကြောင့် အလောင်းကောင် (၃)ကောင်အား ကြေမွှ သွားစေပြီး၊ အလောင်း ကောင်များ အတွင်းမှ၊ အနက်ရောင် ငါးငယ် များစွာ၊ ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။

" အလောင်းစား ငါး "

လင်းယွန်က အနက်ရောင် ငါးများ၏ မူလကို၊ ချက်ချင်း မှတ်မိ သောကြောင့်၊ မျက်မှောင်ကြုတ် လိုက်သည်။

ဤငါး များသည် ရှေးကျသော မျိုးစိတ် တစ်ခု ဖြစ်ပြီး၊ ၎င်းတို့ကို လျှို့ဝှက် နယ်မြေများ၊ သို့မဟုတ် အပျက် အစီး နယ်မြေ များတွင်သာ တွေ့ရှိ နိုင်သည်။

သူတို့မှာ အလောင်းကောင် များတွင်၊ ပုန်းအောင်း နေသော၊ ကပ်ပါးကောင် မျိုးနွယ်ဝင် ငါးများ ပေပင်။

ငါးများက မေးရိုး များကို ဖွင့်လျက်၊ အနက်ရောင် ရေခဲမျှင် များအား မှုတ်ထုတ်ကာ၊ လင်းယွန် ချုပ်နှောင် လိုက်၏။

ပြင်ဆင်ချိန် မရခင် မှာပင်၊ အနက်ရောင် ရေခဲမျှင် များက၊ သူတို့ ပေါ်သို့ ပြိုကျ လာသည်။

ရှင်းယန်နှင့် အဖွဲ့မှာ မျက်နှာများ ပြောင်းလဲသွားသည်။ ချက်ချင်းပင် ဓားများကို ဆွဲထုတ် လိုက်ကြ သော်လည်း၊ အနည်းငယ် နောက်ကျ နေဆဲ ဖြစ်သည်။

ပတ်ပတ် လည်တွင် ပိတ်ဆို့ လာသော၊ အနက်ရောင် ရေခဲမျှင် များကြောင့်၊ တိုက်ခိုက်ရန် ဓားများကို မသုံးနိုင် ကြတော့ပေ။

ငါးများက ၎င်းတို့၏ မေးရိုးကို ကျယ်ကျယ်ဖွင့်ကာ၊ အနက်ရောင် ရေခဲမျှင် များကို၊ ဆက်ကာ ဆက်ကာ မှုတ်ထုတ် နေသည်။

ရှင်းယန်တို့ အဖွဲ့အား ကြပ်ထုပ် စည်းရန်၊ ကြိုးစား လာခြင်း ဖြစ်၏။

" သေ ကြ စမ်း "

ချင်းရွှမ်ဂျွန်က သတိ ဝင်ကာ၊ ပထမဆုံး တုံ့ပြန် နိုင်ခဲ့သည်။

'ယန် မီးလျှံ ဓား'၏ အရှိန်အဝါကို ထုတ်လွှတ် သည်နှင့်၊ အနက်ရောင် ရေခဲ မျှင်များ ပြတ်ရှ သွား၏၊ ပြီးနောက် ဓားအား ထပ်မံ လွှဲယမ်း လိုက်ရာ၊ ငါး ဆယ်ကောင် ခန့်ကို၊ သတ်ပြစ် လိုက်လေသည်။

တခြားသော သူများ သည်လည်း၊ ပူပြင်းသော ဓား အလင်း ရောင်ကြောင့်၊ ပုတ်နှိုး ခံလိုက်ရ သကဲ့သို့၊ သတိဝင် လာကြ၏။

နောက်ဆုံးတွင် သူတို့ အားလုံးမှာ၊ ဓားနန်းတော်၏ အထက် တန်းစားများ ဖြစ်ကြပြီး၊ ခက်ခဲသော ပိတ်ဆို့မှု များမှ၊ ရုန်းထွက် လာနိုင် တော့သည်။

မကြာမီ ၎င်းတို့ အပေါ် ပိတ်ဆို့ လာမှု များအား ချိုးဖြတ် လိုက်ပြီး၊ 'အလောင်းစား ငါး' များ အားလုံးကို သတ်ပစ် နိုင်ခဲ့၏။

သို့သော် သူတို့ အနား မယူနိုင် ခင်တွင်၊ 'အလောင်းစား ငါး' များက၊ ရေကန် ထဲမှ နေ၍၊ ထပ်မံ ပစ်လွှတ် လာကြ ပြန်သည်။

ဤတစ်ကြိမ်တွင် အနက်ရောင် ရေခဲ မျှင်များ၊ ထုတ်လွှတ် လာသော ငါး အရေ အတွက်မှာ၊ထောင် ဂဏန်းခန့် ရှိလာသည်။

" များလိုက်တဲ့ ငါးတွေ။ "

ချင်းရွှမ်ဂျွန်က မျက်မှောက် ကြုတ်လျက်ရေရွတ် လိုက်သည်။ ကြာနက် ရေကန် ထဲတွင်၊ မျောနေသော လူများ သေဆုံး သွားရသည့် အကြောင်း အရင်းကို၊ နားလည် လိုက်မိ၏။

ရုတ်တရက် အားနည်းသော တပည့် တစ်ဦး၊ 'အလောင်းစား ငါး' ကိုက်ခံ လိုက်ရ ခြင်းကြောင့်၊ နာကျင်စွာ အော်ဟစ်သံ တစ်သံ ထွက်ပေါ် လာသည်။

ကြီးမားသော အသား စိုင်များ ပဲ့ပါ သွားသော မြင်ကွင်း ကြောင့်၊ မည်မျှ နာကျင် ရမည်ကို၊ အားလုံးက တွေးကြည့် နိုင်ပေသည်။

" သေစမ်း...ဒီ အလောင်းစား ငါးတွေက၊ ကြောက်စရာ ကောင်းလိုက်တာ။

တန်တုံက အော်ဟစ် ကျိန်ဆဲ လိုက်၏။ အလောင်းစား ငါးများမှာ အားနည်း လှ သော်လည်း၊ ၎င်းတို့၏ မေးရိုးနှင့် သွားများက၊ မာကျော ထက်မြ လှသည်။

အလောင်းစား ငါး များနှင့်၊ ရင်ဆိုင် နေသော လင်းယွန်က၊ ငါးများ ထွက်ပေါ် လာရာ ရေကန် အတွင်းသို့၊ စတင် စစ်ဆေး တော့သည်။

မကြာ မီတွင် ဤအခြေ အနေအား၊ မည်သို့ ဖြေရှင်းရ မည်ကို၊ အရိပ် အမြွက် တွေ့ရှိ လိုက်ရသည်။

ရေကန် အောက်တွင် မီတာ ရာဂဏန်း ခန့် ကြီးမားသော၊ ငါးကြီး တစ်ကောင် လှည့်ပတ်နေသော အရိပ် တစ်ရိပ်ကို၊ လှမ်းမြင် လိုက်ရခြင်း ဖြစ်သည်။

( အလောင်းစား ငါး ဘုရင်လား။ )

လင်းယွန်က ရေကန် ထဲသို့၊ ဓား ရောင်ခြည်ကို ပစ်ထုတ် လိုက်သော်လည်း၊ အလောင်းစား ငါးဘုရင် ကျွမ်းကျင်စွာ ရှောင်တိမ်း သွား ခဲ့သည်။

ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ်ချက်မှာ၊ အစွမ်းထက် သော်လည်း၊ ရန်သူကို မထိမှန် ပါက၊ အသုံး မဝင်ပေ။

ထိုအချိန်တွင်၊ အလောင်းစား ငါးများ ရေကန်ထဲမှ အဆက် မပြတ် ထွက်ပေါ် လာ၏။

" ငါ့ရဲ့ တိုက်ခိုက်မှု တွေကို၊ မင်း ဘယ်လောက် ကြာကြာ၊ ရှောင်နိုင် မလဲ ဆိုတာ ..... ၊ ကြည့်ရအောင်။"

လင်းယွန်က ဓားကို ရုတ်သိမ်း လိုက်၏။ ပြီးနောက် ကြမ်းရှသော စွမ်းအင်နှင့်၊ မူလ စွမ်းအင်ကို ပေါင်းစပ်ကာ၊ ရေကန် ထဲသို့ လက်သီး တစ်ချက် ပစ်ချ လိုက်သည်။

လက်သီး ချက်ကြောင့်၊ ရေကန် အတွင်း ကြီးမားသော ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာပြီး၊ ငါးဘုရင်မှာ ရေကန် ထဲမှ ပျံထွက် လာခဲ့၏။

'' သတ် ...... ''

လူတိုင်းက လွင့်ပျံ နေသော၊ လေထဲရှိ ငါးကြီးအား တိုက်ခိုက်ရန်၊ ချက်ချင်း လုပ်ဆောင် လိုက်သည်။

ငါးဘုရင်၏ လှုပ်ရှားမှု များမှာ၊ လေထဲတွင် နှေးကွေး လာသောကြောင့်၊ အနည်းငယ် အားစိုက်ရုံ ဖြင့်ပင်၊ သူတို့၏ တိုက်ခိုက်မှု များက၊ ထိမှန် သွား၏။

နာကျင်မှုကြောင့် အလောင်စား ငါး ဘုရင်မှာ၊ လေထဲတွင် တွန့်လိမ်လျက်၊ ရေကန်ထဲ ပြန်ပြုတ် ကျသွားသည်၊ ပြီးသည်နှင့် ချက်ချင်း အနက် ရှိုင်းဆုံး ကြမ်းပြင် ဆီသို့၊ ကူးခတ် သွားတော့သည်။

နောက်ထပ် သူ့ကိုယ်သူ ကိုယ်ထင် ထပ်မပြ ရဲတော့ခြေ။

ရေမျက်နှာ ပြင်၌ အလောင်းစား ငါးဘုရင် ဆီမှ၊ ညိုပုတ်ပုတ် သွေးများ ဖြာခနဲ ပျံ့နှံ့ ကုန် လေပြီ။

ထို့အတွက်ကြောင့် အခြားသော ငါးငယ် လေးများ သည်လည်း၊ သူတို့ကိုယ် သူတို့ မပြဝံ့တော့ပေ။

" ဒါက နန်းတော် အဝင်ပဲ ရှိသေးတယ်၊ ဒါပေမယ့် ငါတို့ တော်တော် ဒုက္ခ ရောက်နေပြီ။ "

ရှင်းယန်က သက်ပြင်း ချကာ ဆိုလိုက်သည်။

တနည်း အားဖြင့် ဆိုရသော် သတင်းကောင်း တစ်ခုလည်း ဖြစ်ပေသည်။

ကြာနက် နန်းတော်သို့၊ ဝင်ရောက် လာသူ အရေ အတွက်မှာ၊ များများ စားစား မဟုတ် ခဲ့သည့် အပြင်၊ လူတိုင်းက လွယ်ကူမည် မဟုတ် သောကြောင့်၊ သူတို့ကို လိုက်မှီ လာနိုင် မည်ဟု ထင်သည်။

" ဒါအမှန်ပဲ၊ ငါတို့ သတိထား ရမယ် ... ''

ချင်းရွှမ်ဂျွန်က ခေါင်းညိတ် သဘော တူသည်။ သူက အဖွဲ့ကို ဦးဆောင်ကာ၊ ရေကန် ပေါ်တွင် မျောနေသော နောက်ထပ် အလောင်း ကောင်များ ဆီသို့၊ ပြေးဝင် မိပြန်သည်။

သဘာဝ အားဖြင့် အလောင်းကောင် များအတွင်း၊ အလောင်းစား ငါးများ ဝင်ရောက် ထိန်းချုပ် ထား သောကြောင့်၊ ထိုအလောင်းကောင် များနှင့်၊ ဆုံတွေ့ချိန် တိုင်းတွင် တိုက်ပွဲ များကို ရှောင်လွှဲ၍ မရ ခဲ့ပေ။

သို့သော် ကံကောင်း စွာဖြင့်၊ အလောင်းစား ငါးဘုရင် များအား ရေကန် ထဲမှ၊ ထွက်ပေါ် လာစေ ခြင်းဖြင့်၊ သူတို့ အုပ်စု၏ အင်အားကို အပြည့် အဝ အသုံးချ နိုင်ခဲ့သည်။

ဤနည်းဖြင့် သူတို့ အတွက်၊ အလောင်းစား ငါးများကို၊ ကိုင်တွယ် ရာ၌ ပို၍ လွယ်ကူ လာ၏။

ထို့ကြောင့်ပင် အားလုံးက လင်းယွန်ကို ကျေးဇူး တင်မိ ကြသည်။ တခြားသူ တစ်ဦးသာ ဆိုပါလျှင်၊ ရေအောက်က ငါးကို ထိုးနှက်ရန်၊ ခေါင်းကိုက် ရပေမည်။

လူတိုင်း၌ လင်းယွန် ကဲ့သို့၊ ဆေးကြို အိုးနှင့် ညီမျှသော အစွမ်း သတ္တိမျိုး မရှိ ကြချေ။

နေ့တစ်ဝက် အတွင်း မှာပင်၊ ကြီးကျယ် ခမ်းနားသော နန်းတော် အဝင် ဝသို့၊ ရောက်ရှိ လာခဲ့သည်။

အနက်ရောင် နန်းတော်မှာ၊ ရေကန်၏ အလယ် ဗဟို၌ တည်ရှိပြီး၊ ကြည်လင် တောက်ပ နေသော အလွှာ တစ်လွှာဖြင့်၊ ဖုံးအုပ် ထားသည်။

ထိုအလွှာအတွင်း ကျောက်စိမ်းရောင် ဖျော့ဖျော့များ ယှက်သန်း နေပြီး၊ အဝေးမှ မြင်ခဲ့ ရသော အရောင် များနှင့်၊ သိသိ သာသာ ကွာခြား လေသည်။

ကျွန်းပေါ်ရှိ နန်းတော်ကြီး အတွင်း၊ အခြေ အနေကို အတိ အကျ မသိနိုင် သေးသော်လည်း၊ လမ်းခရီး၌ လူတိုင်းက အခက် အခဲ များစွာ ကြုံတွေ့ နိုင်ကာ၊ နှောင့်နှေး သင့်ကြောင်း၊ ချင်းရွှမ်ဂျွန်က တွက်ဆ မိသည်။

သူတို့ ရှေ့ရှိ အချို့သော သူများကို ကျော်တက်ရန် မကြာ တော့ပေ။

" သွားကြ ရအောင်။ "

လူတိုင်းက ယုံကြည် ချက်များ တိုးပွား လာသောကြောင့်၊ ပို၍ မြန်ဆန် လာခဲ့၏။

သို့သော် ခြေလှမ်း အနည်း ငယ်ခန့်၊ ထပ်မံ လှမ်းလိုက်သော အခါတွင်၊ လင်းယွန် အပါ အဝင်၊ လူတိုင်း၏ မျက်နှာအား ပြောင်းလဲ သွားစေသော၊ နတ်ဆိုး အငွေ့ အသက် များအား၊ လှမ်းမြင် လိုက်ရသည်။

၎င်းမှာ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ နတ်ဆိုး သားရဲ တစ်ကောင်၏ အရှိန်အဝါ ဖြစ်၏။

ခပ်လှမ်းလှမ်းရှိ လူပေါင်း များစွာမှာ၊ ကြာနက် နန်းတော် ဆီသို့၊ ဆက်လက် တိုးဝင် သွားခြင်း မရှိဘဲ၊ ဟိုယောင်ယောင် သည်ယောင်ယောင်၊ လုပ်နေ ကြခြင်း၏ အကြောင်း ရင်းကို၊ နားလည် သွားသည်။

၎င်းတို့သည် ခရမ်းရောင် နန်းတော် နယ်မြေရှိ နတ်ဆိုး သားရဲ တစ်ကောင်နှင့်၊ ပက်ပင်း တိုးမိ သွားခြင်း ဖြစ်၏။

ခရမ်းရောင် နန်းတော် နယ်မြေရှိ နတ်ဆိုး သားရဲ များသည်၊ ရက်စက် ကြမ်းကြုတ်သော သဘော သဘာဝကို၊ အပြည့် အဝ ပိုင်ဆိုင် ထားပေသည်။

သို့သော် အကြောင်း တစ်ခုခုကြောင့်၊ ဤနတ်ဆိုး သားရဲမှာ၊ ရောက်ရှိ လာပုံ ရသည်။

နတ်ဆိုး သားရဲ တစ်ကောင်က၊ စောင့်ကြပ် နေခြင်းမှာ၊ သာမာန် ဖြစ်ရပ် ဖြစ်သော်လည်း၊ ကျွန်းပေါ်၌ မဖြစ် သင့်ပေ။

သည့်ထက် ပို၍ လေးလေး နက်နက် မစဉ်းစား နိုင်ခင် မှာပင်၊ သူတို့နှင့် မီတာ နှစ်ထောင် အကွာ အရပ် ဆီ၌၊ နတ်ဆိုး သားရဲကြီး တစ်ကောင်၊ ခုန်ပျံ ကျရောက် လာ၏။

ရေကန်၏ မျက်နှာပြင် ပေါ်သို့၊ ကြောက်မက်ဖွယ် ကောင်းသော အဟုန်ဖြင့်၊ ဒဏ်ရာများ ဖုံးလွှမ်း နေသော၊ မျောက်ဝံကြီး တစ်ကောင် ပြုတ်ကျ လာခြင်း ဖြစ်သည်။

" မိုးကြိုး မိစ္ဆာ ဒရာကိုပီ။ "

( ဒရာကိုပီ= နဂါးနှင့် မျောက်ဝံ ပေါင်းစပ် ထားသော သတ္တဝါ။ )

( ဒရာကိုဖီ= နဂါးနှင့် ဆင် ပေါင်းစပ် ထားသော သတ္တဝါ။ )

လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။ ယခင်က 'မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံ' ကို၊ တစ်ကြိမ် တွေ့ဆုံ ခဲ့ဖူးသည်။

၎င်းသည် ရှေးဟောင်း 'နဂါး မိစ္ဆာ' များ၏၊ သွေး မျိုးဆက်ကို ဆက်ခံ ထားသော နတ်ဆိုး သားရဲ မျိုးစိတ် ဖြစ်သည်။

ထိုအချိန်က တွေ့ရှိ ခဲ့ဖူးသော သားရဲမှာ၊ နက်နဲ နယ်ပယ် တွင်သာ ဖြစ်ပြီး၊ လက်ရှိ သားရဲ မှာမူ၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ သားရဲကောင် ဖြစ်လေသည်။

သို့သော် ၎င်း၏ အမူ အရာ များနှင့်၊ အားနည်း နေသော ရောင်ဝါကို ကြည့်ကာ၊ ပြင်းထန်သော အတွင်း ဒဏ်ရာများ၊ ရရှိ ထားပုံ ရသည်ဟု၊ ခန့်မှန်း နိုင်သည်။

ခရန်းရောင် နန်းတော် နယ်ပယ်ရှိ၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံကို၊ ဒဏ်ရာ ရအောင် လုပ်နိုင်စွမ်း သူမှာ ကြောက်စရာ၊ ကောင်း လောက်အောင် အစွမ်းထက် ရပေမည်။

ကြာမိစ္ဆာ နယ်မြေ ထဲရှိ၊ ခရမ်းရောင် နန်းတော်နယ်ပယ်၊ နတ်ဆိုး သားရဲ တစ်ကောင်၏ ဖြစ်တည်မှု မျိုးမှာ၊ လက်တွေ့ အားဖြင့်၊ မယုံ ကြည်နိုင်သော တည်ရှိ မှုမျိုး ဖြစ်သည်။

ဤအခြေ အနေတွင် မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံက၊ မည်မျှ ဒေါသ ထွက် နေမည်ကို၊ သူတို့ စိတ်ကူး မယဉ် နိုင်ပေ။

ဝိုင်းရံ ထားရုံ ဖြင့်ပင်၊ ဒဏ်ရာ ပြင်းထန်စွာ ရရှိ နိုင်မည် ဟူသော၊ အဓိပ္ပါယ် ပေပင်။

လင်းယွန်က တွေးတော နေစဉ် မှာပင်၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံက၊ သူတို့ကို တစ်ချက်သာ လှည့်ကြည့်ပြီး၊ ကောင်းကင် ပေါ်သို့ ပြန်လည် ခုန်တက် သွားသည်။

ယခု အချိန်တွင် ပြတ်သော ဆုံးဖြတ် ချက်များ ချလိုက် ဟန်ဖြင့်၊ လင်းယွန်၏ မျက်လုံးတွင် လောဘများ တောက်ပ လာပြီး၊ လက်ကို ဓားရိုးပေါ်၊ နောက်ပြန် တင်လိုက်၏။

ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာကိုယ် နည်းစနစ်၊ ပဉ္စမ အဆင့် အတွက်၊ ခရမ်းရောင် နန်းတော် နယ်ပယ်ရှိ၊ နတ်ဆိုး သားရဲ အမြုတေကို၊ လိုအပ် ပေသည်။

မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံတွင်၊ ဒရာကိုဖီ ခန္ဓာကိုယ် ဖွဲ့တည်ရန် အတွက်၊ ပြီးပြည့်စုံသော ရှေးဟောင်း နဂါး သွေးကို ဆက်ခံ ထားကြောင်း၊ အရိပ် အယောင်များ ပြသ နေသည်။

သို့သော် သူ တိုက်ခိုက် ခါနီးတွင်၊ မိုးကုတ်စက်ဝိုင်း ဆီမှ လူရိပ် အချို့၊ ရုတ်တရက် ပျံသန်း လာသည်ကို၊ သတိထား မိလိုက်၏။

အဆိုပါ လူရိပ် များမှာ၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံအား၊ ဒဏ်ရာ ရစေသော သူများ ဖြစ်နိုင် သောကြောင့်၊ တိုက်ခိုက်ရန် တုံ့ဆိုင်း သွားမိခြင်း ဖြစ်လေသည်။

***

All Chapters