ဓားသမား နှလုံးသား။
Vol. 27 Ch. 367
ဒဏ်ရာ ရထားသော မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံက၊ ကောင်းကင် ပေါ်သို့ ပြန်လည် ခုန်တက် ထွက်ပြေး တော့မည်ကို၊ သိမြင် လိုက်သည်နှင့်၊ လင်းယွန်က ပြတ်သားသော ဆုံးဖြတ် ချက်ကို ချလိုက် ရသည်။
သူ့ မျက်လုံးတွင် လောဘများ တောက်ပ လာပြီး၊ ဓားရိုးပေါ် နောက်ပြန် ဆုပ်ကိုင် လိုက်၏။
သို့သော် ဓား မဆွဲခင်၊ မိုးကုတ် စက်ဝိုင်း ဆီမှ လူရိပ် အချို့၊ ရုတ်တရက် ပျံသန်း လာသည်ကို၊ သတိထား မိသွားသည်။
အဆိုပါ လူရိပ် များမှာ၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံအား၊ ဒဏ်ရာ ရစေသော သူများ ဖြစ်နိုင် သောကြောင့်၊ တိုက်ခိုက်ရန် တုံ့ဆိုင်း သွားမိသည်။
မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံကို သတ်ဖြတ် ခြင်းဖြင့်၊ ထိုသူ များကို အပြစ် ပြုရာ ရောက်နိုင် ပေမည်။
ခရမ်းရောင် နန်းတော် နယ်မြေရှိ နတ်ဆိုး သားရဲ တစ်ကောင်အား၊ ဒဏ်ရာ ရစေ နိုင်သော၊ ထိုသူ များ၏ စွမ်းပ ကားသည်၊ သူတို့၏ ခွန်အားကို ပြောပြရာ ရောက်နေသည်။
သို့သော် လင်းယွန်မှာ အမြဲတမ်း ပြတ်ပြတ် သားသား ရပ်တည် တက်သူ ဖြစ်သည်။ ဓား ဆွဲဖို့ ဆုံးဖြတ် ထားပါလျှင်၊ ဆွဲကို ဆွဲပေမည်။
သူ့ လက်ကို မြှောက် လိုက်ပြီး၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ဖြင့်၊ သွန်းလောင်း ထားသော ခရမ်းရောင် မူလ စွမ်းအင် များကို၊ ထုတ်လွှတ် လိုက်သည်။
နောက်ဆုံးတွင် တိုက်ခိုက်ရန် ရွေးချယ် ခဲ့၏။ ဤသို့သော အခွင့် အရေးမျိုး၊ နောက်တစ်ကြိမ် ရနိုင် တော့မည်၊ မဟုတ် သည်ကို သူ သိသည်။
ထို့ကြောင့် ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ နတ်ဆိုး သားရဲ အမြုတေကို ရယူ ချင်သော်၊ ပြတ်သားဖို့ လိုပေမည်။
မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံက၊ မည်သို့ ဒဏ်ရာ ရထား သည်ကို၊ သူ၌ ခန့်မှန်းချက် အချို့ ရှိသည်။
မိုကြိုးမိစ္ဆာ နဂါး မျောက်ဝံက၊ သူ့ခေါင်းအထက်မှ ပျံသန်း ထွက်ပြေး လာချိန်တွင်၊ လင်းယွန်က ဓားဖြင့် လျင်မြန်စွာ ထိုးခုတ် လိုက်၏။
ရုတ်တရက် စူးရှသော ဓားအလင်းများ ထွက်ပေါ်လာ ပြီးနောက်၊ မိုးကြိုး မိစ္ဆာ နဂါးမျောက်ဝံအား၊ ထိမှန် ပေါက်ကွဲ သွားစေသည်။
လူတိုင်းက မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံကို၊ ဓား တစ်ချက်ဖြင့် မသတ် နိုင်သော်လည်း၊ ဓားသုတ္တန်အား ကျင့်ကြံ ထားပြီး၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ်ချက် အပေါ်၊ ဆုပ်ကိုင် ထားနိုင်သော လင်းယွန် အတွက်မူ၊ ထိုသို့ မဟုတ် နိုင်ပေ။
မိုးကြိုးမိစ္ဆာ နဂါး မျောက်ဝံမှာ၊ ချက်ချင်း ပေါက်ကွဲ သွားပြီး၊ ပွင့်ချပ် ခုနစ်ချပ် ပါသော၊ ကြာနက် အမြုတေ အဖြစ်သို့၊ ပြောင်းလဲ ပြုတ်ကျ လာသည်။
ကြာနက် အမြုတေ ထံမှ၊ အကန့် အသတ် မရှိ၊ သိပ်သည်းသော စွမ်းအင်များ၊ ယိုစိမ့် ကျလာ၏။
ဆက်စပ် ဖြစ်စဉ်များ အနေဖြင့်၊ ကောင်းကင် ယံတွင် ခရမ်းရောင် လျှပ်စီး ကြောင်းများ၊ တဖျပ်ဖျပ် တောက်ပ သွားသည်။
သူ့လက်ကို ဝှေ့ယမ်း လိုက်ပြီး ကြာနက် အမြုတေအား ဖမ်းယူ လိုက်၏။
အဆိုပါ ဖြစ်ရပ် များကို အစ အဆုံး တွေ့မြင် လိုက်ရသော လူရိပ် သုံးရိပ်က၊ ရုတ်တရက် မှတ်တက် သွားသည်။
ခဏအတွင်း မှာပင်၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ ပေါက်ကွဲ ထွက်လာ လေသည်။
လင်းယွန် သည်လည်း ခေါင်းကို မော့ပြီး၊ အနားသို့ ပျံသန်း ရောက်ရှိ လာသော လူရိပ်သုံးရိပ်ကို၊ လှမ်းကြည့် လိုက်သည်။
အဖွဲ့ကို ဦးဆောင်လာ သူမှာ၊ သွေးရိုး ဂိုဏ်း၏ တပည့် မူရွှန်းဟန် ဖြစ်ပြီး၊ ကျန်သုံးယောက်မှာ၊ မိစ္ဆာ မီးလျှံ ဂိုဏ်း၏ တပည့် ဘိုင်ယွီနှင့်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းမှ အမာခံ တပည့် ရွှန်းဝူဟန်တို့ ဖြစ်သည်။
မူရွှန်းဟန်မှာ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ သူ့ထံ ဝင်ရောက်လာ သူတိုင်းကို၊ သတ်ပစ် ခဲ့သောကြောင့်၊ အရက်စက် ဆုံးဟုပင်၊ လူအချို့က အသိ အမှတ် ပြုထားသည်။
ဘိုင်ယွီမှာ မူရွှန်းဟန်လောက် သွေးဆာ နေသူ တစ်ဦး မဟုတ်ပေ။ သို့သော် အပြစ်ပြု စရာ၊ လူ တစ်ယောက် မဟုတ်ကြောင်း၊ မည်သူ မဆို သိရှိ ထားသည်။
အခြား တစ်ဖက်တွင်၊ ရွှန်းဝူဟန်မှာ သူတို့ နှစ်ဦးထက် အားနည်း ပေ၏။ သို့သော် ငြားလည်း သူသည်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း၏၊ အမာခံ တပည့် ဖြစ်နေ ဆဲ ပေပင်။
သူတို့ သုံးဦးတွင် စကြာဝဠာ လက်နက်များ ကိုင်ဆောင်ထား ကြပြီး၊ ခန္ဓာကိုယ် ပေါ်တွင် ဒဏ်ရာ အသီးသီး ရရှိ နေသည်။
၎င်းမြင်ကွင်း အရ၊ လင်းယွန်၏ ထင်မြင် ယူဆ ချက်များ မှန်ကန်ကြောင်း၊ အတည်ပြု နိုင်ခဲ့သည်။
မူရွှန်းဟန်က အခြားသော တပည့်များ နှင့်အတူ၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံအား တိုက်ခိုက်ရန်၊ အုပ်စု ဖွဲ့ခဲ့ကြောင်း သိသာ လှ၏။
ထို့ပြင် စကြာဝဠာ လက်နက်များ ကိုပင် အသုံးပြု ခဲ့ကြ ရမည် ဖြစ်သည်။ သူတို့က သားရဲ အမြုတေ အတွက်၊ ဤနေရာသို့ ရောက်ရှိ လာခဲ့ သော်လည်း၊ ဓားနန်းတော်၏ တပည့် တစ်ယောက်က၊ ၎င်းကို ရယူ ထားပြီး ဖြစ်သည်။
အခြားသော ဂိုဏ်းငယ် များ၏ အမာခံ တပည့် များသည်လည်း၊ အပြေး အလွှား ရောက်ရှိ လာကြသည်။
မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံနှင့်၊ သူတို့ သုံးယောက် တိုက်ပွဲမှာ၊ အချိန် အတော်ကြာ ကပင်၊ ဖြစ်ပွား နေခဲ့ခြင်း ဖြစ်ရာ၊ ကြာနက် နန်းတော်သို့ ဝင်ရောက် လာသူ အများစု၏၊ အာရုံ စိုက်မှုအား၊ ရယူ ထားနိုင် ကြသည်။
ဓားနန်းတော်၏ တပည့် များမှာ၊ ရုတ်တရက် ဝိုင်းအုံ စုဖွဲ့ လာသော၊ အခြေအနေ များကြောင့်၊ စိုးထိတ် လာ၏။
မူရွှန်းဟန်သည် ဘိုင်ယွီနှင့် ရွှန်းဝူဟန် တို့ဖြင့်၊ ပူးပေါင်း ထားခြင်း မရှိ လျှင်ပင်၊ ခွန်အား အရာ၌ ထိပ်ဆုံးတွင် ရပ်တည်ရန်၊ ကောင်းစွာ လုံလောက် ပေသည်။
သို့သော် သူတို့၏ ဂျူနီယာ ညီလေး ပြဿနာကောင်မှာ၊ သားရဲ အမြုတေကို သိမ်းယူ ထားပြီး၊ စွန့်လွှတ်ရန် ရည်ရွယ်ချက် ရှိပုံ မရခြေ။
'' စိတ်ဝင်စားဖို့ ကောင်းလိုက်တာ။ ''
ဓားနန်းတော်၏ အတွင်း တပည့် ဝတ်စုံကို၊ ဆင်မြန်း ထားသော တပည့်ငယ် တစ်ယောက်က၊ သူ့ကို မြင်ပြီး နောက်တွင်ပင် သားရဲ အမြုတေအား၊ လွှဲအပ် ပေးလာခြင်း မရှိသည့် အတွက် အံ့အားသင့် သွားသည်။ သူက၊
'' ဓားနန်းတော်ရဲ့ ... အတွင်း တပည့်လေး တစ်ယောက်က၊ ငါ့ဆီက တစ်စုံ တစ်ခုကို လုယူဖို့ သတ္တိရှိ နေတယ်လား၊ ကြာမိစ္ဆာ နယ်မြေက ပိုပြီး၊ စိတ်ဝင် စားစရာ ကောင်းလာပြီ၊ .... ''
'' .... နာကျင်မှုတွေ မခံစား ချင်ရင် ခုပဲ လွှဲပေး လိုက်ပါ၊ မဟုတ်ရင် မင်းရဲ့ ဆုံးဖြတ်ချက် အတွက်၊ နောင်တ ရလိမ့်မယ်။ "
"နောင် တ... လား "
လင်းယွန်က နောင်တ ဆိုသော စကားလုံးကို၊ သဘော ကျစွာ ရေရွတ် လိုက်ပြီး၊
'' ငါဒီ စကား လုံးကို မေ့နေတာ ကြာပြီ၊ ဆုံးဖြတ် ချက် တိုင်းမှာ၊ နောင်တ ဆိုတာ မရှိဘူး၊ ငါ ယူပြီး နောက်တော့ ... တစ်ယောက် ယောက်ကို ပြန်ပေးဖို့ ဆိုတာ၊ မဖြစ် နိုင်တာ သေချာတယ်၊ မင်းက ဒဏ်ရာရ နေတာတောင်၊ ရဲဝံ့ နေသေးရင် ငါ့ကို လာတိုက်ပါ၊ ဒါပေမယ့် ဒါကို မလုပ် ဖို့တော့ သတိပေး ပါရစေ ။ "
ကြားလိုက် ရသော စကားကြောင့်၊ ဂိုဏ်း အသီး သီးရှိ ရပ်ကြည့် နေသော အမာခံ တပည့် များ၏၊ မျက်နှာများ ပြောင်းလဲ သွားသည်။
မူရွှန်းဟန် လက်ထဲတွင်၊ မရေ မတွက် နိုင်သော အသက်ပေါင်း များစွာ ပျက်စီး ကြရသည်။ ထို့ကြောင့် ကြာမိစ္ဆာ နယ်မြေ၏ အသန်မာဆုံး နတ်ဆိုး တစ်ပါး အဖြစ်၊ အသိ အမှတ် ပြုထား ရ၏။
သူ့ထက် အနည်းငယ် အားနည်းသော သိုင်း သမားများ ကပင်၊ ရန်ငြိုး ဖွဲ့ရန် မဝံ့ ရဲပေ။
သို့သော် ဓားနန်းတော်၏ တပည့် တစ်ယောက်သည်၊ မူရွှန်းဟန်၏ သားရဲ အမြုတေကို၊ လုယူ လိုက်ရုံ သာမက၊ သူ့ ကိုပင် ခြိမ်းခြောက် နေခဲ့သည်။
ဤလင်းယွန်မှာ မောက်မာ လွန်းလှ သည်ဟု၊ သူတို့ အားလုံးက တွေးယူ လိုက်မိသည်။
'' ငါ့ရှေ့မှာ ဒီလို မောက်မာတဲ့၊ အပြု အမူမျိုး လုပ်ရဲ ရအောင်၊ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ မင်းက ပါရမီရှင် ရှစ်ပါး ထဲက တစ်ယောက်လို့ ထင်ထား တာလား၊ ... သေ လိုက်...စမ်း။ "
မူရွှန်းဟန်က အော်ငေါက် ကျိန်ဆဲ လိုက်ပြီး၊ သူ့လက် ထဲရှိ ကြာပွတ်ကို၊ လင်းယွန်ထံ လွှဲရိုက် လိုက်၏။
စကြာဝဠာ လက်နက် ဖြစ်သော ကြာပွတ်မှာ၊ ကြောက်စရာ ကောင်းသော ဖိအားကို ထုတ်လွှတ်လျက်၊ လေဟာ နယ်အား ပိတ်ဆို့ ပစ်လေသည်။
'' ဝှီး..... ''
လေထုအား ထိုးခွဲ လာသော ပုံရိပ် များကြောင့်၊ လူတိုင်းက လင်းယွန် သေပြီဟု၊ ယူဆ လိုက်သည်။
" ဟား ဟား ဟား ... မင်း တစ်ယောက်ထဲ စကြာဝဠာ လက်နက် ရှိတယ်လို့၊ ထင်နေလား။ "
လင်းယွန်က ရယ်မောပြီး၊ သိုလှောင်အိတ်ကို ပုတ်ကာ၊ ရှေးဟောင်း လှံ တစ်စင်းအား၊ ချက်ချင်း ထုတ်ယူ လိုက်သည်။
ပေါက်ကွဲ သံများ ပွင့်ထွက် လာပြီး၊ သူတို့ နှစ်ဦး၏ တိုက်ပွဲကြောင့်၊ ကြီးမားသော ရုန်းရင်း ဆန်ခတ် မှုများ၊ ဖြစ်လာ ခဲ့သည်။
လက်ရည်တူ ရင်ဆိုင် တိုက်ခိုက် လိုက်ကြ ပြီးနောက်၊ ခဏချင်း မှာပင် ပြန်လည် ဆုတ်ခွာ လိုက်ကြသည်။
ခပ်လှမ်း လှမ်းသို့၊ ပြန်လည် ဆုတ်ခွာ ခဲ့ရသော မူရွှန်းဟန်က၊ လင်းယွန် လက်ထဲရှိ လှံကို စိုက်ကြည့်ကာ၊ အနည်းငယ် စိုးရိမ် သွားသည်။
လှံဖြင့်၊ သူ့ကို အံ့အားသင့် စေသော ဟန့်တားမှုများ၊ လင်းယွန်က ဖန်တီး နိုင်ပေသည်။
" မူရွှန်းဟန် ... ငါသားရဲ အမြုတေကို စွန့်လွှတ် လိုက်ပြီ၊ ဒါကို မင်းပဲ ယူနိုင် ပါတယ်။ "
ရွှန်းဝူဟန်က မျက်တောင်များ ပုတ်ခတ် ပုတ်ခတ် လုပ်ကာ၊ တောက်ပသော အပြုံးဖြင့်၊ ဆိုလိုက်သည်။
လင်းယွန်၏ လှံမှာ၊ အသုံးပြု ထားခြင်း မရှိ သေးကြောင်း၊ သူ သိသည်။ သူတို့ သုံးယောက် မှာမူ၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံနှင့် တိုက်ပွဲ၌၊ စကြာဝဠာ လက်နက် များကို၊ အကြိမ်ကြိမ် အသုံးပြု ခဲ့ရပြီး ဖြစ်၏။
သူတို့၏ စကြဝဠာ လက်နက် များမှာ၊ ပြိုပျက် လုနီးပါး ယုတ်လျော့ နေလေပြီ။
ဤသည်မှာ ရွှန်းဝူဟန် နောက်ဆုတ်ရန်၊ ဆုံးဖြတ် လိုက်ရသော အကြောင်းရင်း၊ ပေပင်။
ထို့ပြင် မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံမှာ၊ သေဆုံး သွားခဲ့ပြီး ဖြစ်သောကြောင့်၊ ကြာနက် နန်းတော်သို့ ဝင်ရန်၊ နောက်ထပ် အတား အဆီးများ မရှိ တော့ပေ။
သည့်အတွက် အချိန် မဖြုန်း လိုသောကြောင့် ဖြစ်သည်။
မူရွှန်းဟန်က စိတ်တွင်းမှ ကျိန်ဆဲ လိုက်သည်။ရွှန်းဝူဟန် စိတ်ထဲရှိ အရာ များစွာကို၊ သဘာဝ ကျကျ သူ သိသည်။
ထို့ကြောင့် ရွှန်းဝူဟန်အား လျစ်လျူရှု လိုက်ကာ၊ သူက ဘိုင်ယွီဘက် လှည့်ကြည့် လိုက်ပြီး၊
" မင်း .... ''
" ငါကတော့ မင်းနဲ့ အမြင် တူပါတယ်။ "
ဘိုင်ယွီက သတ်ဖြတ် လိုသော ဆန္ဒများ၊ ထုတ်ဖော် ပြသ လိုက်လေသည်။
'' သူ့ကို တားလိုက် .... ။ ''
ဘိုင်ယွီ မျက်နှာ ပေါ်ရှိ ဖော်ရွေသော အပြုံးကို၊ မြင်သည်နှင့် ချင်းရွှမ်ဂျွန်က၊ အော်ဟစ်လိုက်၏။
သူ့ အမိန့်ကြောင့် ရှင်းယန်က၊ ဦးဆောင် လိုက်ပြီး၊ ဓားဆွဲကာ၊ ဘိုင်ယွီအား ရပ်တန့်ရန် ရှေ့သို့ ပြေးတက် သွားမိသည်။
'' ဓားနန်းတော်ရဲ့ အမှိုက် တွေက၊ တကယ်ပဲ စည်းလုံး တယ်လား၊ မင်းကို မကူညီခင် ဒီကောင်ကို ငါအရင် သတ်ဦးမယ်။ "
မူရွှန်းဟန်က မျက်မှောင်ကြုတ်ကာ၊ ဘိုင်ယွီကို လှမ်းပြော လိုက်သည်။ သူ့အရှိန် အဝါများ ပြောင်းလဲ လာပြီး၊ နတ်ဆိုး အငွေ့ အသက်များ တစိုးတစိ ကပ်ညိ ပါဝင် လာသည်။
သို့သော် လင်းယွန်က ကြောက်ရွံ့ နေခြင်း မရှိပေ။ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ဖြင့်၊ မည်သို့သော ဆိုးညစ်မှု များကို မဆို၊ ရှင်းထုတ် နိုင်မည်။
နောက်တစ် စက္ကန့်တွင် သူတို့ နှစ်ဦးမှာ၊ ကြာနက် ရေကန် အတွင်း၊ ပြင်းထန်သော တိုက်ပွဲ များ ဆင်နွှဲ လိုက် ကြသည်။
နှစ်ယောက် စလုံးက စကြာဝဠာ လက်နက်များ ကိုင်ဆောင် ထားကြ၏။ လင်းယွန်က ဓားအစား လှံကို သုံးကာ၊ လရောင် ရေစင် ဓားကို ထုတ်ဖော် သည်။
သူ၏ ကျင့်ကြံမှုမှာ အဆင့် တစ်ဆင့် နိမ့် သော်လည်း၊ ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကြောင့်၊ ခိုင်မာစွာ ရပ်တည် နိုင်ခဲ့သည်။
အခွင့် အရေးက အချိန် မရွေး၊ ထွက်ပေါ် လာနိုင် သည်မို့၊ မူရွှန်းဟန်၏ အပြင်း ထန်ဆုံးသော တိုက်ခိုက်မှု များကို၊ စိတ်ရှည် လက်ရှည် ခုခံ နေမိသည်။
သိုင်းကွက် တစ်ဒါဇင် ကျော်ခန့်၊ အလဲ အလှယ် ပြုလုပ် ပြီးနောက်၊ မူရွှန်းဟန်၏ လက်ထဲရှိ စကြာဝဠာ လက်နက်မှာ၊ အပိုင်းပိုင်း ပြိုကွဲ သွား၏။
" သေ ဟ... "
မူရွှန်းဟန်က စကြာဝဠာ လက်နက် ပြိုကျ လာသည်ကို သတိ ထားမိ သောကြောင့်၊ စိတ်ပျက် လက်ပျက် ညည်းတွား မိသည်။
စကြာဝဠာ လက်နက် မပြို ကွဲမီ လင်းယွန်ကို၊သတ်နိုင် လိမ့်မည် ဟူသော အတွေးမှာ ဆုံးရှုံး သွားလေပြီ။ ဆုတ်ခွာရုံ မှတပါး၊ အခြား ရွေးစရာ မရှိ တော့ပေ။
သို့သော် သူ ဆုံးဖြတ်ပြီး၊ မလုပ်ဆောင် နိုင်ခင်၊ လင်းယွန်၏ မျက်လုံး များ၌၊ အေးစက်သော အလင်း ရောင်များ၊ လင်းလက် လာသည်ကို၊ သတိ ထားမိ လိုက်သည်။
တစ်ချိန်တည်း မှာပင် မူရွှန်းဟန်၏ နှလုံးသားအတွင်း၊ အန္တရာယ် အငွေ့ အသက်များ ခံစား လာရ၏။
ဤအခွင့် အရေးကို လင်းယွန်က စောင့်မျှော် နေခဲ့ခြင်း ဖြစ်သည်၊ ထို့ကြောင့် မူရွှန်းဟန်အား လွတ်မြောက်ရန်၊ မည်သို့မျှ ခွင့်ပြု နိုင်မည် မဟုတ်ပေ။
" သေ စမ်း ...... "
လှံကို အသုံး ပြု၍၊ မူချွန်းဟန်၏ ရင်ဘတ်ကို၊ချိန်ရွယ် တွန်းထုတ် လိုက်သည်။
ရင်ဘတ်ကို ထိတွေ့ သွားသည်နှင့်၊ သွေးများ ဖျန်းခနဲ ထွက်ကျ လာသော်လည်း၊ အသက်အား နှုတ်ယူ နိုင်ခြင်း မရှိ ခဲ့ပေ။
မူရွှန်းဟန်က လှံမရောက် မီတွင်၊ ၎င်း၏ အရေး ကြီးသော နေရာ များကို၊ ကာကွယ် ထားနိုင် ခဲ့သည်။
အဆိုပါ ရလာဒ် အပေါ်၊ လင်းယွန်က အံ့သြခြင်း မရှိပေ။
သူ့ လက်နက်ကို ဆွဲထုတ်ရန်၊ ပြင်နေသော မူရွှန်းဟန်၏၊ လက်ကောက် ဝတ်အား၊ လက်နက် မဆွဲ နိုင်အောင်၊ လှံဖြင့် ထိုးကာ တားဆီး လိုက်သည်။
ထပ်ခါ ထပ်ခါ ဆင့်ထိုး လာသော၊ လှံချက် ငါးချက် တိတိကို၊ လက်ခံ ရယူ ပြီးနောက်၊ မူရွှန်းဟန် မျက်နှာမှာ၊ ဖြူဖျော့ သွားသည်။
သူ့ဘ၀တွင် ဤမျှ ပြတ်သားသော ရန်သူ မျိုးနှင့်၊ တစ်ကြိမ်မျှ မဆုံ ဖူးပေ။
အကြောက် တရားများ ပြည့်နှက် လာသော မျက်ဝန်း များဖြင့်၊ ပြိုင်ဘက်ကို မော့ကြည့် လိုက်မိသည်။
တစ်ချိန်လုံး ရန်သူကို လျှော့တွက် ထားမိကြောင်း၊ သူ သတိပြု မိလာသည်။
ဒဏ်ရာ ရနေ ချိန်တွင်၊ လင်းယွန်အားတိုက်ခိုက်ရန်၊ မရွေးချယ် သင့်ပေ။ လင်းယွန်က ပွဲစ ကတည်း ကပင်၊ သူ့အား သတ်ပစ်ရန် ရည်ရွယ် ထားခဲ့ကြောင်း၊ သူ သိလိုက် ရ၏။
ထို့ကြောင့် သူ၏ စကြာဝဠာ လက်နက်၊ ပျက်စီးသွား ချိန်တွင်၊ အပြင်းထန် ဆုံးသော တိုက်ခိုက်မှု များစွာကို၊ လျင်မြန်စွာ လုပ်ဆောင် လာခြင်း ဖြစ်သည်။
လင်းယွန်၏ အတွေးကို၊ ဖမ်းယူ မိလိုက် သည်နှင့်၊ မူရွှန်းဟန်မှာ တကယ်ပင် တုန်လှုပ် သွား သည်။
ကြာမိစ္ဆာ နယ်မြေ အတွင်း၊ သူ့အား သတ်ဖြတ်ရန် ကြိုးစား လာသူ တစ်ဦးကို၊ ပထမ ဦးဆုံးအကြိမ်၊ ကြုံတွေ့ လိုက်ရခြင်း ပေပင်။
နောက်ဆုံး လှံချက်ကို ခံယူကာ၊ ရေကန် ထဲသို့ ချက်ချင်း ငုတ်လျိုး ပစ်လိုက် မိသည်။
'' မူ ရွှန်း ဟန် "
ဘိုင်ယွီက တိုက်ခိုက် နေရာမှ၊ ထိုမြင်ကွင်းကြောင့်၊ အံ့သြ သွားသည်။
ဖြစ်စဉ် အပေါ် အလွန် အမင်း တွေးတောခြင်း မပြု တော့ဘဲ၊ ကြာနက် နန်းတော်၏ တံခါးဝ ဆီသို့၊ ဦးတည် လှည့်ပြေး လိုက်သည်။
ရေကန် မျက်နှာ ပြင်ပေါ်၊ စိုက်ကြည့် နေလျက်မှ၊ လင်းယွန်က မျက်မှောင်ကြုတ် လိုက်သည်။
" ဂျူနီယာ ညီလေး၊ မင်း ... မူရွှန်းဟန်ကို အနိုင် ယူခဲ့ တာလား။ ''
ချင်းရွှမ်ဂျွန်က ဝမ်းသာ အားရ လှမ်းမေး လိုက်သည်။
'' ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့ ပုံပဲ၊ ငါသူ့ကို တကယ် အနိုင် မယူ နိုင်ခဲ့ ပါဘူး၊ သူ့ကို သတ်ပစ်ချင် နေတာ၊ ဒါပေမယ့် ... သူ ထွက်ပြေး နိုင်ခဲ့တယ်။ ''
လင်းယွန်က စိတ်ပျက် လက်ပျက် ခေါင်းခါ ညည်းတွား လိုက်သည်။
ပြန်ဖြေ လာသော စကားကြောင့်၊ ချင်းရွှမ်ဂျွန်က ထိတ်လန့် သွား၏။ လင်းယွန်က မူရွှန်းဟန်ကို သတ်ချင် နေလိမ့် မည်ဟု၊ သူ မမျှော်လင့် ထားမိပေ။
သူသာ မူရွှန်းဟန်နှင့် ရင်ဆိုင် ရပါက၊ သတ်ဖို့ တွေးမိမည် မဟုတ်နိုင်။ ယင်းအစား လွတ်မြောက် နိုင်မည့် နည်းလမ်း ကိုသာ၊ တွေးမိ ပေ လိမ့်မည်။
၎င်းသည်ပင် လင်းယွန်နှင့် သူ့ကြား ကွာဟ ချက်ကို၊ ပြသရာ ရောက်ပေ၏။
လင်းယွန်က မူရွှန်းဟန်ကို အလွှတ် မပေးချင် သော်လည်း၊ ရပ်ကြည့် နေလိုက် ရသည်။
ထွက်ပြေး လိမ့်မည်ဟု မထင်ထား သောကြောင့်၊ ဤသို့ လွတ်မြောက် သွားလိမ့် မည်ဟု၊ မထင် ထားခဲ့ပေ။
မူရွှန်းဟန် ကဲ့သို့ ရေကန်ထဲ လိုက်ပါ၊ ငုပ်လျိုးရန်မူ သူ မဝံ့။
သို့သော် ဒဏ်ရာများ ပျောက်ကင်း သွား ချိန်၌၊ မူရွှန်းဟန်နှင့် ပြန်လည် ဆုံတွေ့ မိပါက၊ သက်သာ လိမ့်မည် မဟုတ်ကြောင်း၊ သိထား မိသည်။
ယင်းသို့ နားလည် ထားသော်လည်း၊ စိုးထိတ် သွားခြင်း မရှိပေ။ ကျင့်ကြံခြင်း လမ်းခရီးတွင်၊ အင်အား ကြီးမားသော ပြိုင်ဘက်များ လိုအပ် လေသည်။
ဓားသမား တစ်ယောက် အနေဖြင့် သေခြင်း တရားကို ကြောက်ရွံ့ နေစရာ မရှိခြေ။ ဖိအား ရှိမှသာ တိုးတက် နိုင်မည် ဖြစ်သည်။
မူရွှန်းဟန် ကိုပင် ဖြတ်ကျော် နိုင်ခြင်း မရှိ ပါလျှင်၊ ပါရမီရှင် ရှစ်ပါးအား ရင်ဆိုင်ရန် မလိုတော့ သည်မှာ သေချာ လေပြီ။
***