အပြာရောင် ကြာပန်း ... ဓား ရောင်ခြည်။
Vol. 27 Ch. 368
ကျင့်ကြံခြင်း လမ်းခရီးတွင်၊ အင်အား ကြီးမားသော ပြိုင်ဘက် များနှင့် ကြုံတွေ့ဖို့ လိုအပ်သည်။
ဓားသမား တစ်ယောက် အနေဖြင့် ဖိအား ရှိမှသာ၊ တိုးတက် နိုင်မည် ဖြစ်သည်။
မူရွှန်းဟန် ကိုပင် ဖြတ်ကျော် နိုင်ခြင်း မရှိ ပါလျှင်၊ ပါရမီရှင် ရှစ်ပါးအား ရင်ဆိုင်ရန် မလိုတော့ပေ။
ထွက်ပြေး သွားနိုင်သော မူရွှန်းဟန်တွင်၊ ဒဏ်ရာ အပြင်း အထန် ရရှိ သွားခဲ့သည်။ ၎င်းမှာ မည်သူမှ မမျှော်လင့် ထားသော ရလဒ်ပင်။
လင်းယွန်က ခေါင်းကို မော့ပြီး၊ ပတ်ဝန်း ကျင်ရှိ ရပ်ကြည့် နေသူ များထံ၊ လှည့်ကြည့် လိုက်သည်။
သူနှင့် အကြည့်ချင်း ဖလှယ် မိကြသော တပည့်များ အားလုံး၊ သတိ ဝင်လာပြီး၊ ထိတ်လန့်စွာဖြင့် ချက်ချင်း ပြေးလွှား ထွက်ခွာ သွား ကုန်၏။
" မူရွှန်းဟန် မင်းမသေ ဖူးဆိုတာ ငါသိတယ်၊ ဒါကြောင့် ငါ့အသံကို မင်းကြား မှာပါ၊ ရလာဒ်ကို လက်မခံ နိုင်သမျှ၊ အချိန် မရွေး လာရှာ ကြည့်ဖို့ ဖိတ်ခေါ် ပါတယ်။ ”
ရေကန်၏ မျက်နှာပြင်ကို တည်ငြိမ်စွာ စိုက်ကြည့်ကာ၊ နိုင့်ထက် စီးနင်း ဆန်သော လေသံဖြင့် ဆိုလိုက်သည်။
" ဂျူနီယာ မောင်လေး၊ မူရွှန်းဟန်က တကယ် အသက်ရှင် နေသေးလား။ "
ရှင်းယန်က လင်းယွန်နှင့်၊ ဘေးချင်း ယှဉ်ရပ်ကာ မေးလိုက်၏။ သူတို့ အမြင်၌ လင်းယွန်၏ လှံချက်ထိ မှန်ကာ၊ ရေကန်ထဲ ပြုတ်ကျ သွားခြင်း ဖြစ်သည်။
“ အင်း ဟုတ်တယ်၊ ဒါပေမယ့် အရေး မကြီးဘူး၊ သူ .... ကြာနက် နန်းတော် ထဲကို၊ ဝင်လာ နိုင်မှာ မဟုတ် တော့ဘူး။ ”
လင်းယွန်က ပြန်ဖြေသည်။ ခရမ်းရောင် နန်းတော် နယ်ပယ်၊ နတ်ဆိုး သားရဲကို တိုက်ခိုက် ခြင်းဖြင့်၊ ဒဏ်ရာ ကြီးကြီး မားမား ရရှိ နေခဲ့ ချိန်တွင်၊ တွေ့ဆုံ မိခြင်း ဖြစ်သည် အတွက်၊ သူ ကံကောင်း သွားခြင်း ပေပင်။
ထို့ကြောင့် မူရွှန်းဟန်၏ စကြာဝဠာ လက်နက် ကွဲအက် သွားသော အခါတွင်၊ လင်းယွန်က အခွင့် အရေးကို၊ အမိ အရ ဆုပ်ကိုင် ခဲ့ခြင်း ဖြစ်သည်။
သတ်ရန် ပျက်ကွက် ခဲ့သော်လည်း၊ ဒဏ်ရာမှ ပြန်လည် ကောင်းမွန် လာရန်၊ လွယ်ကူမည် မဟုတ်ပေ။
ဓား ရည်ရွယ်ချက်မှာ၊ အလွယ် တကူ ဖယ်ရှား၍ ရသော ဆူးတစ်ချောင်း မဟုတ်သည် ဖြစ်ရာ၊ ကြာနက် နန်းတော်သို့ ဝင်ရောက် လာရန်၊ အခွင့် အရေး မရှိနိုင်။
အခြား တစ်ဖက်တွင်၊ ကြာနက် နန်းတော် အတွင်း ဝင်ရောက် ပြီးနောက်၊ လင်းယွန်က ပိုမို အားကောင်း လာမည်မှာ သေချာသည်။
" အဲဒါ အရမ်း ကောင်းတယ်၊ ကြာနက်နန်းတော် ထဲကို ဝင်လာ နိုင်ရင်၊ သူက ဒဿမအဆင့်ကို သေချာ ပေါက်ရောက် သွား လိမ့်မယ်၊ ဒါဆို သူ့ ခွန်အားက ပြဿနာ ဖြစ်လာ နိုင်တယ်၊ အခုတော့ ... စိတ်ချ လက်ချ ငါတို့ သွား နိုင်ပြီ။ "
ချင်းရွှမ်ဂျွန်၏ အကြည့် များက ကြာနက်နန်းတော် ပေါ်သို့၊ ကျရောက် နေလျက်မှ ဆိုသည်။
သူ၏ ဦးဆောင်မှုဖြင့်၊ ဝင်ပေါက်ထံ ဦးတည်သွားမိ ကြသည်။
သူတို့ ထွက်သွားပြီး သိပ်မကြာခင် မှာပင်၊ ရေကန် မျက်နှာပြင် ပေါ်၌၊ ပေါလော မျောပါ နေသော အလောင်းကောင် များမှာ၊ နစ်မြုပ် သွားပြီး၊ ကန်ရေအား သွေးနီ ရောင်များ အဖြစ်၊ ပြောင်းလဲ သွားစေ ခဲ့သည်။
ထို့နောက် သွေးရေကန် အတွင်းမှ၊ ခေါင်းတစ်လုံး ရေမျက်နှာပြင် အထက်၊ တိုးထွက် လာ၏။
သူ့မျက်လုံး များက ဓားနန်းတော် အဖွဲ့၊ ပျောက်ကွယ် သွားရာ အရပ် ဆီသို့၊ စိုက်ကြည့် နေသည်။
" လင်း ယွန် .... "
အံကြိတ် ရေရွတ် လိုက်ပြီးနောက်၊ ရေကန် ထဲသို့ ပြန်လည် ငုပ်လျိုး သွားသည်။
ထိုအချိန်တွင် ချင်းရွှမ်ဂျွန်နှင့် အဖွဲ့မှာ၊ ကျွန်းပေါ်သို့ ရောက်ရှိ သွားပြီ ဖြစ်သည်။ ခမ်းနား ထည်ဝါ လှသော နန်းတော် ကြီးက၊ သူတို့အား စောင့်ကြို နေ၏။
ကြာနက် နန်းတော်၌ အဆင့် ဆယ်ဆင့် ရှိပြီး၊ တစ်ဆင့် ချင်းစီတွင် စမ်းသပ် မှုများ ရှိပေသည်။ ပွင့်နေသော တံခါး ဝမှ၊ လူပေါင်း များစွာ ဝင်သွား ကြသည်။
“ ဘယ်လို စွမ်းအင် မျိုးလဲ၊ ကြာနက် နန်းတော်က၊ ကြာနက် အမြုတေနဲ့ တူတယ်လား။ "
“ နန်းတော် အပြင် ကနေ၊ ဒီစွမ်းအင်ကို စုပ်ယူ လိုက်ရုံ နဲ့တင်၊ အောင်မြင်မှု တစ်ခု၊ ရယူ နိုင်မယ်လို့ ငါထင်တယ်။ ”
" နောက်ဆုံးတော့ ငါတို့ ကြာနက် နန်းတော်ထဲ ဝင်ရောက် နိုင်ပြီ။ "
လူတိုင်းက စိတ်လှုပ်ရှား နေကြသည်။ တစ်ချို့က နန်းတော်ကို ကြည့်ကာ၊ သက်ပြင်း ချလိုက်၏။ သည်ခရီးတွင် လွယ်ကူခြင်း မရှိခဲ့ပေ။
“ ကျောက်စိမ်းရောင် အလင်း တွေက ပုံမှန် မဟုတ် သလိုပဲ၊ ငါသာ အမှတ် မမှားရင်၊ ဒီအလင်းက ကြာနက် အမြုတေ ထဲက၊ စွမ်းအင် တွေနဲ့ ဆက်စပ် နေရမယ်။ ''
ကျောက်စိမ်းရောင် လဲ့လဲ့ အလင်းများ ဖြာထွက် နေသော နန်းတော်အား ကြည့်ကာ၊ တန်တုံက လေးလေး နက်နက် ဆိုလိုက်သည်။
ကျောက်စိမ်းရောင် အလင်း တန်းတွင် ပါရှိသော၊ စွမ်းအင် များမှာ၊ အလွန် သန့်စင်ပြီး၊ လူတိုင်းက ၎င်းကို၊ ရှင်းရှင်း လင်းလင်း ခံစား နိုင်၏။
ထို့ကြောင့် ကျောက်စိမ်းရောင် စွမ်းအင် များက၊ ကျင့်ကြံမှုတွင်၊ တိုးတက်အောင် ကူညီ ပေးနိုင်ကြောင်း သိရှိလာ ကြသည်။
ဆိုလို သည်မှာ ကြာနက် အမြုတေ အတွင်းရှိ စွမ်းအင် မျိုးကို၊ ကြာနက် နန်းတော်မှ ထုတ်လွှတ်နေ သည်ဟု၊ ဆိုလို ပေသည်။
ယင်းကို အပြာရောင် နေမင်း လျို့ဝှက် နယ်မြေ၌၊ လင်းယွန်က ခံစား ဖူးသည်။
ထိုနယ်မြေမှာ နတ်ဆိုး များ၏ လက်၌ ဖျက်ဆီး ခံခဲ့ရသော၊ ဂိုဏ်းကြီး တစ်ခုလည်း ဖြစ်သည်။
အဆိုပါ ဂိုဏ်းတွင် ဓား သူတော်စင် ကဲ့သို့သော၊ သူ တစ်ယောက် ကိုပင်၊ မွေးဖွား ပေးနိုင် ခဲ့သည်။
သို့သော် ကြာနက် မိစ္ဆာ နယ်မြေသည်၊ အပြာရောင် နေမင်း လျှို့ဝှက် နယ်မြေနှင့် အနည်းငယ် ကွာခြားသည်။
ယင်းမှာ လင်းယွန်က ခံစား မိသော ခံစားချက် မျှသာ ဖြစ်ပြီး၊ ၎င်းကို မည်သို့ ရှင်းပြ ရမည်အား၊ သူ မသိပေ။
နန်းတော်အား ဖုံးလွှမ်း နေသော စိမ်းလဲ့လဲ့ အလင်း ရောင်ကို ကြည့်ပြီးနောက်၊ အတွေးနက် သွားသည်။
ကြာမိစ္ဆာ နယ်မြေသည် နတ်ဆိုး မြူများဖြင့် ပြည့်နှက် နေသော်လည်း၊ ကျောက်စိမ်း ရောင်အလင်း၌၊ ရှင်းသန့်သော သန့်စင်မှု တစ်ခု ရှိသည်။
" မဝင်ခင် မင်းတို့ကို ငါ ပြောစရာ ရှိတယ်။ ''
ချင်းရွှမ်ဂျွန်က တပည့် များကို ဝေ့ကြည့်ပြီး၊
'' နန်းတော်ရဲ့ အတွင်း ပိုင်းဟာ၊ ဖွင့်ချိန် တိုင်းမှာ၊ အမြဲ ပြောင်းလဲ သွား တတ်တယ်၊ ဒါပေမယ့် သေချာပေါက် မပြောင်း လဲတဲ့၊ အရာ နှစ်ခု ရှိတယ်၊ ....''
'' အဲ့ဒီထဲက တစ်ခုက ... စမ်းသပ်မှု တွေကို ဖြတ်ကျော် နိုင်ရင်၊ ရတနာတွေ ရယူ နိုင်ဖို့ အခွင့် အရေး ရှိမယ် ....''
'' ငါသိ ထားပုံ အရဆို လွန်ခဲ့တဲ့ နှစ်ပေါင်း ထောင်ဂဏန်း အတွင်း၊ ဒဿမ အဆင့် မပြောနဲ့၊ နဝမ အဆင့် ကိုတောင် ရောက်နိုင် တဲ့သူ မရှိ သေးဘူး၊ ကောလ ဟာလတွေ ထဲမှာတော့၊ လူ တစ်ဦးက ဒဿမ အဆင့်ကို တက်သွား နိုင်ခဲ့ ဖူးတယ်တဲ့၊ ....''
'' ဒါက ဟုတ်မဟုတ် ငါလည်း တပ်အပ် မပြော နိုင်ဘူး၊ သေချာတာ ကတော့ တက်ရောက် ဖို့က၊ ပိုခက်ခဲ လာမှာ အမှန်ပဲ၊ ဆဋ္ဌမ အဆင့်က လူတိုင်း အတွက် ကန့်သတ် ချက်ပဲ၊ .....”
“ .... နောက်တစ်ခုက နတ်ဘုရား အစောင့်တွေ ပေးခဲ့တဲ့ ကျောက်စိမ်း တုံးကို၊ မှတ်မိ သေးလား။ ''
“ မှတ်မိတယ်.... ”
လူတိုင်းက သူတို့၏ ကျောက်စိမ်းတုံး များကို ထုတ်ယူ လိုက်ကြသည်။ ကျောက်စိမ်းတုံး မပါပဲ၊ ကြာမိစ္ဆာ နယ်မြေထဲ ဝင်ရောက် နိုင်မည်မဟုတ်ပေ။
ချင်းရွှမ်ဂျွန်က ခေါင်းညိတ် ပြလိုက်ပြီး၊
" ကြာမိစ္ဆာ နယ်မြေက ဆယ်ရက် ကြာရင် ပိတ်တော့ မယ်၊ သူပိတ် တာနဲ့ ...၊ မင်း ဘယ်နေရာ ရောက် နေနေ၊ အပြင်ကို ပို့ဆောင် ခံရ လိမ့်မယ်၊ ဒီအတော အတွင်း အသက်ရှင် အောင်နေပါ၊ ဒါကြောင့် အန္တရာယ် ကြုံလာရင် ကျောက်စိမ်း တုံးကို ချေမွှ ပစ်လိုက်၊ ကိုယ့်ကိုယ်ကို ဖိအား ပေးဖို့ မကြိုးစား ပါနဲ့။ "
ဆယ်ရက် အတွင်း၊ ကြာမိစ္ဆာ နယ်မြေ ပိတ်တော့မည် ဖြစ်သောကြောင့်၊ အဆုံး အထိ နေရန်၊ မိမိ ကိုယ်ကို တွန်းအား ပေးခြင်းမှာ၊ အဓိပ္ပါယ် မရှိပေ။
"သွားကြ ရအောင်။"
ထို့နောက် သူတို့ အဖွဲ့သည် ဂိတ်ပေါက် ဆီသို့ ဦးတည် သွားခဲ့သည်။
အပြာရောင် အလင်းတန်း များကို၊ ဖြတ်ကျော် လိုက်သည့် အချိန်တွင်၊ လူတိုင်းက မျက်လုံးများ မှိတ်ထားပြီး၊ သန့်စင်သော စွမ်းအင်များကို စုပ်ယူနိုင် ဖို့ရန်၊ ကျင့်ကြံမှု နည်းစနစ်များ ဖြန့်ကျက်ကာ၊ ထိုင်ချ လိုက်ကြသည်။
ခဏအကြာတွင် မျက်လုံးများ မှိတ်ထား ရာမှ၊ လင်းယွန်က ပြန်လည် ဖွင့်ကြည့် လိုက်မိသည်။
နက်နဲ နယ်ပယ် အဋ္ဌမ အဆင့်ရှိ၊ သူ၏ ကျင့်ကြံ မှုမှာ၊ လုံးဝ တည်ငြိမ် သွားကြောင်း ခံစား ရ၏။
ပတ်ဝန်း ကျင်အား သတိတရ လှည့်ပတ် ကြည့်လိုက်ရာ၊ ချင်းရွှမ်ဂျွန်နှင့် ကျန်သော အဖွဲ့သား များကို၊ မည်သည့် နေရာ တွင်မှ၊ မတွေ့ ရှိတော့ပေ။
သူ တစ်ယောက် တည်းသာ ဝင်ပေါက် ဝ၌ ကျန်ရစ် ခဲ့သည်။
" စမ်းသပ်မှု စနေပြီ ထင်တယ်။ "
လင်းယွန်က မအံ့သြ ပေ။ ကြာနက် နန်းတော်တွင် အဆင့် ဆယ်ဆင့် ရှိကာ၊ စမ်းသပ်မှု များမှာ၊ အဆင့်တိုင်း အတွက် မတူညီပေ။
စမ်းသပ်မှု မအောင်မြင် ပါက၊ ပြန်လည် ပို့ဆောင်ခြင်း ခံရမည် ဖြစ်သည်။ တနည်း အားဖြင့် ဆိုရသော်၊ ကြာမိစ္ဆာ နယ်မြေ ခရီး စဉ်မှာ၊ ပြီးဆုံး သွားပြီဟု ဆိုလိုသည်။
မည်သို့သော စမ်းသပ်မှု မျိုးက၊ စောင့်ကြို နေနိုင် မည်နည်းဟု တွေးတော မိကာ၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ်လျက်၊ ဒူးပေါ် တင်လိုက်သည်။
ဤနေရာ၌ သူ အသက်ရှူ ရုံဖြင့်ပင်၊ ကျင့်ကြံမှုမှာ ဆက်လက် တိုးပွား နေပေ လိမ့်မည်။
တစ်နာရီခန့် ကြာပြီးနောက်၊ ထိုင်လျက်ဖြင့် ပတ်ဝန်း ကျင်ရှိ အပြောင်း အလဲ များကို၊ စတင် ခံစားလိုက် ရ၏။
မျက်လုံး များကို ဖွင့်ကြည့် လိုက်ရာ၊ အပြာရောင် ကြာပလ္လင်ဖြင့်၊ ပိတ်ဆို့ ထားသော အပြာရောင် လမ်းမကြီး တစ်လမ်း ထွက်ပေါ် လာသည်။
ထိုအပြာရောင် ကြာပန်း ပေါ်တွင်၊ ဓားသမား တစ်ဦး ထိုင်နေသည်။
ထိုသူသည် အကြမ်းထည် ဖွဲ့တည် ထားသောကောက်ကြောင်း မျှသာ ဖြစ်၏။ သို့သော် သူ အနီးကပ် မကြည့် နိုင်မီ၊ ကြာပန်း ပေါ်တွင် ထိုင်နေသော အဆိုပါ ဓားသမားက၊ ရုတ်တရက် ဓားကို လှမ်းဆွဲ လိုက်သည်။
လျင်မြန် လွန်းသော အဟုန်ကြောင့်၊ မျက်မှောင် ကြုတ်ကာ ပန်းသင်္ချိုင်း ဓားကို ဆွဲကိုင် လိုက်သည်။ ပြီးနောက် တိုက်ခိုက် လာမှုကို ရှောင်တိမ်း လိုက်၏။
ဓား အလင်းမှာ၊ သူ့အား ဖြတ်ကျော် သွားခဲ့သည်။ သို့သော် အခြားသော ဂိုဏ်းဝင် တပည့်များ အတွက်မူ၊ ထိုဓား ချက်မှာ မလွယ်ကူ လှပေ။
မှင်တက် နေသောကြောင့်၊ အချိန်မီ တုန့်ပြန် နိုင်ခြင်း မရှိဘဲ၊ ထိမှန် သွားသည်။ ၎င်းတို့၏ မျက်လုံး များကို၊ ပြန်လည် ဖွင့်လိုက်သော အခါတွင်၊ ပြင်ပသို့ ပို့ဆောင်ခြင်း ခံထား ရကြောင်း သိရှိ လိုက်မိသည်။
ကြာမိစ္ဆာ နယ်မြေတွင်၊ သူတို့၏ အတွေ့ အကြုံများ ပြီးဆုံး သွားပြီ ဖြစ်သည်။
“ ကြာနက် နန်းတော်က အရင် ကထက် စောပြီး ဖွင့်ထားပုံ ရတယ်။ ”
“ ပထမ အသုတ် ဖယ်ထုတ် ခံရမဲ့၊ သူတွေ ထွက်လာ သင့် နေပြီ၊ ပထမ အဆင့် မှာတင် ကျရှုံး ကြတာ၊ သူတို့ တကယ် ကံမကောင်း ကြဘူး။ ”
“ အဲဒီမှာ သူတို့ မသေတာ ကံကောင်း ပါတယ်။ ”
ဂိုဏ်းအသီး သီးမှ အကြီးအကဲများ အချင်းချင်း ဆွေးနွေး လာကြသည်။
ပထမဆုံး ပြင်ပသို့၊ ရွေ့ပြောင်း ပို့ဆောင် ခံရ တော့မည်၊ အရိပ် အယောင်များ တွေ့မြင် ရသည်နှင့်၊ ရှင်းဂျူက စိတ် လှုပ်ရှားစွာ ပြေးလွှား သွားသည်။
ပို့ဆောင် ခံရသူ များကို၊ တစ်ချက် စစ်ကြည့် လိုက်ပြီး၊ ဓားနန်းတော် အခြေချ စခန်းသို့ ပြန်လှည့် လာသည်။
“ ဓားနန်းတော်က ဘယ်သူ့ ကိုမှ မတွေ့ဘူး၊ သူတို့ ပထမဆုံး စမ်းသပ်မှုကို အောင်ခဲ့ ပုံပဲ။”
" ကျွတ်... ကျွတ် လူသေ တွေကို၊ ကြာနက် နန်းတော်က ဘယ်လိုလုပ် ပြန်ပို့ နိုင် မှာလဲ၊ မင်းတို့ ဓားနန်းတော် တပည့် တွေက၊ သေနေပြီ ဆိုလျှင်ကော ... ။ ”
ဝမ်ရန်းဘိုက လှောင်ပြောင် ရေရွတ် လိုက်သည်။
သူ့နောက်တွင် ပြန်လည် ပို့ဆောင် ခံရသော၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ တပည့် တစ်ယောက် ရပ်လျက် ရှိနေ၏။ ၎င်းသည် ပထမ ဦးစွာ ဖယ်ရှား ခံခဲ့ ရသူ ဖြစ်သည်။
လျိုဖန်းက ပြုံးကာ၊ ဝမ်ရန်းဘို နောက်ကျောရှိ၊ တပည့်အား ကြည့်လိုက်သည်။
“ အနည်းဆုံးတော့ မင်းရဲ့ ရှေးဟောင်း တာအို ဂိုဏ်က ဂိုဏ်းကြီးလေး ဂိုဏ်းထဲမှာ အညံ့ဖျင်းဆုံး ဆိုတာ ငြင်းမရ ဖူးမလား။ ''
-ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားသော အခါ ဝမ်ရန်းဘို၏ မျက်နှာမှာ မည်းမှောင် သွား၏။ သူ့နောက်တွင် ရပ်နေသော တပည့်က၊ ရှက်ရွံ့ စွာဖြင့်၊ ခေါင်းငုံ လိုက်သည်။
ထိုတပည့်က အသံ မထွက်ရဲ တော့ပေ။ အပြာရောင် ကြာပန်းကို မြင်ရသော အခါတွင်၊ သူ့ စိတ်များ လှုပ်ရှား လာပြီး၊ သတိ မထား နိုင်ခင်၊ ဖယ်ထုတ် ခံလိုက် ရခြင်း ဖြစ်သည်။
“ စောင့်ကြည့် ရအောင်၊ အရမ်းပျော် မနေ ပါနဲ့။ ''
ဝန်ရန်းဘိုက အံကြိတ်လျက် ပြန်လည် ဖြေကြား ခဲ့သည်။ ကျန်းရန်နှင့် အခြားသော အမာခံ တပည့် နှစ်ယောက်က၊ လင်းယွန်အား သတ်ပစ် နိုင်မည်ဟု၊ သူ ယုံကြည် ခဲ့သည်။
ဝမ်ရန်ဘို ထွက်သွား ပြီးနောက်၊ ဓားနန်းတော်၏ အခြားသော အကြီး အကဲ များမှာ၊ စိတ်မသက် မသာ ဖြစ်ခဲ့ ရသည်။
ရှင်းဂျူက ရှင်းယန်နှင့် ပတ်သတ်၍၊ စိတ်ပူ နေပေသည်။
" အကြီးအကဲ လျို၊ ငါ ထွက်ပေါက်မှာ သွားစောင့် ချင်တယ်။ ''
" လုပ် ပါ .... "
လျိုဖန်းက ခေါင်းညိတ် လိုက်သည်။ တစ်စုံ တစ်ဦးကို ဖယ်ရှား ခံရမည့်၊ အချိန်အား ထပ်မံ မျှော်လင့် ထားမိသည်။
ထို့မှသာ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ မည်သို့ ဖြစ်ပျက် နေသည်ကို၊ ကြားသိ နိုင် လိမ့်မည်။
ဤသို့ဖြင့် သူ့အား ခြိမ်းခြောက် နေသော၊ အတွေး များမှလည်း၊ ရုန်းထွက် နိုင်မည် ဖြစ်၏။
ကြာနက် နန်းတော် တစ်နေရာတွင်၊ လင်းယွန်က ပြာမှုန် နေသော ကြာပန်းကို ကြည့်ကာ၊
" မြန် သွား လို့ ကံကောင်း တယ်။ "
ဟု အော်ဟစ် ညည်းတွား လိုက်သည်။
ပထမ စမ်းသပ် ချက်မှာ ရိုးရှင်း လှ၏။ သို့သော် ၎င်းသည်ပင်၊ ဤနေရာရှိ လူ အရေ အတွက် လေးပုံ တစ်ပုံကို၊ ဖယ်ထုတ် ခံလိုက် ရသည်ကို၊ သူ မသိပေ။
ဓားရောင်ခြည်ဖြင့် ခုတ်ပိုင်း ခံရသော လူတိုင်းကို၊ ပြင်ပသို့ တည်နေရာ ပြောင်း ပို့ဆောင် ပေလိမ့်မည်။
“ ပထမ အဆင့်က ဘာတွေ ရနိုင် မလဲ ကြည့်ရအောင်။”
လင်းယွန်၏ မျက်ဝန်း များတွင် မျှော်လင့်ချက် များဖြင့် ပြည့်နှက် လာခဲ့သည်။
***