← Chapters

တိုက်ပွဲ ။

Vol. 27 Ch. 369

တိုက်ပွဲ ။

Vol. 27 Ch. 369

ပထမ စမ်းသပ် ချက်မှာ ရိုးရှင်း လှသော်လည်း၊ ၎င်းသည်ပင် ဤနေရာရှိ လူ အရေ အတွက် လေးပုံ တစ်ပုံကို၊ ဖယ်ထုတ် ခံလိုက် ရသည်။

ဓားရောင် ခြည်ဖြင့် ခုတ်ပိုင်း ခံရသော မည်သူ မဆို၊ ပြင်ပသို့ ပြန်လည် ပို့ဆောင် ပေမည်။

“ ပထမ အဆင့်က ဘာတွေ ရနိုင် မလဲ ကြည့်ရအောင်။”

လင်းယွန်၏ မျက်ဝန်း များတွင် မျှော်လင့်ချက် များဖြင့်၊ ပြည့်နှက် လာခဲ့သည်။

ကြာနက် နန်းတော် အတွင်း ပိုင်းတွင်၊ ရှုပ်ထွေး ပွေလီ နေပြီး၊ လင်းယွန် ကိုယ်တိုင်ပင်၊ မျက်မှောင်ကြုတ် သွားမိသည်။

လမ်း တစ်လျှောက်တွင် လျှို့ဝှက် အခန်းပေါင်း များစွာ ရှိသော်လည်း၊ ၎င်းတို့ အားလုံးမှာ အပြောင်ရှင်း ခံထား ရသည်။ သူ့အတွက် နောက်ကျ သွား၏။

သို့သော် ထိုအခန်း များရှိ၊ ရတနာ များမှာ၊ သည်မျှ မဟုတ် သည်ကို၊ သူ ခန့်မှန်း နိုင်သည့် အတွက်၊ စိတ်ပူခြင်း မရှိပေ။

နောက်ဆုံးတွင်၊ ခွန်အား စိုက်ထုတ် နိုင်မှုနှင့်၊ ရိတ်သိမ်း နိုင်မှုမှာ၊ အချိုးကျ ဆက်စပ် နေသည်။

ခဏ အကြာတွင်၊ ရှေ့နား ဆီမှ ထွက်ပေါ် လာသော၊ အသံများ ကြားလိုက် ရသည်။ အသံ ထွက်ပေါ် ရာသို့ လိုက်၍၊ အမှောင်ထဲ ဦးတည် သွားမိသည်။

လမ်း အဆုံး၌ မျက်နှာ ကျက်တွင် ညလင်း ပုလဲ များဖြင့်၊ အလှဆင် ထားသော ခမ်းနား ထည်ဝါသည့် ခန်းမ တစ်ခု ရှိသည်။

သူ ဝင်ရောက် လာသော လမ်းအပြင်၊ နောက်ထပ် လမ်းကြောင်း လေးသွယ်က ခန်းမကြီး ဆီသို့ ဦးတည် ထားသည်။

ခန်းမ၏ အလယ် ဗဟိုတွင်၊ အလင်းရောင် ဖျော့ဖျော့များ တောက်ပ နေသော ကြာပန်း ပလ္လင် တစ်လုံး ရှိသည်။

ကြာပန်း ပလ္လင် ပတ်လည်တွင်၊ လူဒါဇင် ပေါင်းများစွာ စုဝေး နေကြပြီး၊ တောက်ပသော မျက်လုံး များဖြင့် မျှော်ကြည့် နေကြသည်။

'' ဒါက ရတနာ ကြာပန်း ပလ္လင်ပဲ၊ ဒုတိယ အဆင့် ဝင်ပေါက် မဖွင့် ခင်မှာ၊ ရတနာ ပေါ်လာ လိမ့်မယ်။ ''

'' ပေါ်လာမယ့် ရတနာ အတွက် စိတ်လှုပ်ရှား မိတယ်၊ ဒါက ပထမ အဆင့် ဆိုပေမယ့် လည်း၊ တန်ဖိုး ရှိမှာပါ။ ''

" ဘာတွေ ဂရု စိုက်နေ တာလဲ၊ ရတနာ ပေါ်လာ တာနဲ့ မြန်မြန် ဖမ်းယူလိုက်။ "

သူတို့၏ ဆွေးနွေး သံများကြောင့်၊ လင်းယွန်ကို အတွေးနက် သွားစေသည်။ ခန်းမထဲ၌ ဓားနန်းတော်၏ တပည့် များကို မတွေ့ ရပေ။

သူတို့က စမ်းသပ်မှုကို မအောင် မြင်ခြင်း မဖြစ်နိုင်။ ဓားနန်းတော် တပည့် များ၏ ရဲစွမ်း သတ္တိနှင့် ခွန်အားမှာ၊ အခြား ဂိုဏ်းများထက် သာလွန်သည်။

ထို့ကြောင့် ဓားနန်းတော်၏ တပည့် များက၊ ပထမ စမ်းသပ်မှုကို မအောင် မြင်နိုင် ဟူသော အတွေးမျိုး မရှိပေ။

ဖြစ်နိုင်ခြေ တစ်ခုသာ ရှိသည်။ ၎င်းတို့ကို အခြားသော ခန်းမ များသို့၊ ခေါ်ဆောင် သွားခြင်းပင် ဖြစ်မည်။

ဒုတိယ အဆင့်သို့ ဝင်ရောက်ရန် လမ်းကြောင်း တစ်ခုထက် မက၊ ရှိနေနိုင်သည်။

ဖြစ်နိုင်ချေ နှစ်ခုကို နှိုင်းယှဉ် ကြည့်ပါလျှင်၊ ဒုတိယ တစ်ခုမှာ ပို၍ ဖြစ်နိုင်ချေ ရှိသည်။

ကြာနက် နန်းတော်တွင်၊ ရတနာ ကြာပန်း ပလ္လင် ကိုးခု ရှိပြီး၊ ၎င်းတို့ အားလုံးကို နေရာအနှံ့၊ အဆင့်များ ခွဲထားသည်။

အဆင့်များ မြင့်တက်လာ သည်နှင့် အမျှ၊ ရတနာ ကြာပန်း ပလ္လင် များမှာ၊ လျော့နည်းလာမည် ဖြစ်သည်။

နဝမ အဆင့်ကို အောင်မြင်ပြီး ပါက၊ ရတနာကြာပန်း ပလ္လင်ကို၊ တစ်ခုသာ တွေ့ရှိ ရမည်ဖြစ်သည်။

အတွေးထဲ နစ်မျော နေစဉ် မှာပင်၊ ရတနာ ကြာပန်း ပလ္လင် ပေါ်၌၊ ကျောက်စိမ်း ပုလင်း တစ်ပုလင်း ထွက်ပေါ် လာသည်။

" ဆေး လုံး တွေ လား "

" ဒါက ဆေးလုံး တွေပဲ ဖြစ်မယ်။ "

ကျောက်စိမ်း ပုလင်း ထွက်ပေါ် လာ သည်နှင့်၊ခန်းမ အတွင်းရှိ လေထုမှာ၊ ပေါက်ကွဲ သွားသည်။

လူတိုင်းက ကျောက်စိမ်း ပုလင်းကို လှမ်းယူရန်၊ ချက်ချင်းပင် ကြိုးစား လာကြသည်။

ကြာမိစ္ဆာ နယ်မြေ ထဲသို့၊ ဝင်ရောက် နိုင်သူတိုင်းမှာ၊ အထက် တန်းစားများ ဖြစ်ကြပြီး၊ ၎င်းတို့၏ ကျင့်ကြံမှု တိုင်းသည်၊ နက်နဲ သိုင်းနယ်မြေ၏ အဋ္ဌမ အဆင့်တွင် ဖြစ်သည်။

ထို့အပြင် ၎င်းတို့သည် ကြာနက် နန်းတော် အတွင်းသို့ ဝင်ရောက် လာနိုင် သောကြောင့်၊ သူတို့ ထဲမှ အများ စုမှာ၊ နက်နဲ နယ်မြေ၏ နဝမမြောက် အဆင့်တွင်၊ ရှိနေ ကြသည်။

သို့သော် လင်းယွန်က ၎င်းတို့ကို ဂရု စိုက်ခြင်း မရှိပေ။

ခဏကြာ စဉ်းစားပြီး လုပ်ဆောင် ဖို့ရန်၊ ဆုံးဖြတ် လိုက်သည်။ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ်ကာ၊ သူ့ လမ်းကြောင်း ပေါ်ရှိ၊ အရာ အားလုံးကို တွန်းထုတ် ပစ်လိုက်၏။

'' ဝှစ်....... ''

ခန်းမ ထဲတွင် လူ ဆယ်ယောက်ခန့် ရှိပြီး၊ အားလုံးက ကြာပန်း ပလ္လင် ပတ်ပတ် လည်တွင်၊ အပြင်း အထန် တိုက်ပွဲ ဝင်နေ ကြသည်။

ရုတ်တရက် ထက်ရှသော ဓား တစ်လက်ကို၊ နှလုံး သားဖြင့် အာရုံ ခံမိ လိုက် သောကြောင့်၊ တိုက်ပွဲ များမှာ ရပ်တန့်၊ အာရုံ ပြောင်းသွားသည်။

ဓား ရည်ရွယ်ချက်က လူတိုင်း၏ လက်နက် များကို ချက်ခြင်းပင်၊ တုန်ယင် မြည်သံ ပြုလာ စေ၏။

ခဏ အကြာတွင် ဓား အလင်း တစ်စ ထွက်ပေါ် လာပြီး၊ သူ့ လမ်းရှိ လူတိုင်းကို ကြောက်မက်ဖွယ် ပြတ်ရှ ရာများ၊ ပေးအပ် လာခဲ့သည်။

" လင်း ယွန် .... "

သူတို့အား တိုက်ခိုက် လာသော လူငယ်ကို၊ လှည့်ကြည့် မိပြီးနောက်၊ ရှုပ်ထွေး စွာဖြင့် မျက်မှောင်ကြုတ် လိုက်ကြသည်။

ဖီးနစ် ပန်းကလေး၏ မွေးနေ့ ပွဲတွင်၊ ပြသ ခဲ့သော ခွန်အားများ အရ၊ လင်းယွန် နာမည် အပေါ် လူအများ စုက၊ သိရှိထား ကြပြီး ဖြစ်သည်။

ထို့ပြင် ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့် သုံးယောက်ကို၊ ဓားကြိမ်း ကြိမ်းပြီး၊ မူရွှန်းဟန်အား သတ်ပစ်ရန်၊ ကြိုးစား ခဲ့သော လုပ်ရပ် များကြောင့်၊ ကျန်ရှိ နေသော လူအနည်း စုကို၊ ထပ်မံ သိရှိ လာစေသည်။

ယင်းကြောင့်ပင်၊ ဤအခန်း ထဲရှိ လူတိုင်းက လင်းယွန် ကဲ့သို့၊ ဘီလူး မျိုးကို ကိုင်တွယ် ဖြေရှင်းရန်၊ စုဖွဲ့သင့် မသင့် သုံးသပ် လာကြသည်။

သို့သော် ဓားရောင် ခြည်များ မပျောက် ကွယ်မီတွင်၊ လင်းယွန်၏ အရှိန်အဝါမှာ ထပ်မံ တိုးမြင့်လာ ပြန်သည်။

လရောင် ရေစင် ဓားကို ထုတ်ဖော် လိုက် သည်နှင့်၊ ခန်းမ တစ်ခု လုံးအား ချက်ခြင်း လွှမ်းမိုးသွား ပြီးနောက်၊ လှိုင်းလုံးများ ရိုက်ခတ် လာတော့သည်။

ထူးဆန်းသော ဓားရောင်ခြည် (၁၀) စင်း ထွက်ပေါ် လာပြီးနောက်၊ လူတိုင်း ကြမ်းပြင် ပေါ်တွင် လဲလျောင်း သွားစေ ကုန်၏။

သွေးများ အန်ချလျက်၊ အားလုံးက လင်းယွန်ကို၊ ကြောက်ရွံ့သော မျက်ဝန်း များဖြင့်၊ ပြန်မော့ ကြည့်လာ ကြသည်။

သူတို့၏ ခွန်အားမှာ လင်းယွန်နှင့်၊ အဆင့် တူတွင် မရှိကြောင်း၊ သတိထား မိသည်။

နက်နဲ အဋ္ဌမ အဆင့်ရှိ၊ လူငယ် တစ်ဦးမှာ၊ မည်ကဲ့သို့ ဤမျှ အစွမ်းထက် နေလှ သည်ကို၊ တွေးဆ၍ မရနိုင် မိပေ။

လင်းယွန် တစ်ယောက် တည်းဖြင့်၊ သူတို့ အားလုံးကို ဖိနှိပ် နိုင်ခဲ့သည်။

ဓားကို ရုတ်သိမ်း လိုက်ပြီး၊ ရတနာ ကြာပန်း ပလ္လင်သို့၊ ဦးတည် သွားလိုက်၏။

ပြီးနောက် ကြာပန်း ပလ္လင် ပေါ်ရှိ၊ ကျောက်စိမ်း ပုလင်းကို လှမ်းယူ လိုက်သည်။

ကျောက်စိမ်း ပုလင်းကို ဆုပ်ကိုင် မိချိန်တွင်၊ သူ့ နောက်ကျော ဆီမှ၊ လူတစ်ယောက် ရုတ်တရက် ပြေးဝင် တိုက်ခိုက် လာသည်။

သို့သော် လင်းယွန်က နောက်ကျော ဘက်တွင်၊ အမြင် အာရုံများ ရှိနေ သကဲ့သို့၊ နောက်လှည့်ပြီး ဓားဖြင့်၊ ထိုးထုတ် လိုက်၏။

အလစ်ဝင် တိုက်ခိုက် လာသူမှာ၊ ဤသို့ တုန့်ပြန်လာ နိုင်မည်ဟု၊ ထင်မထား သောကြောင့်၊ ထိတ်လန့် သွားသည်။

တိုက်ခိုက် မှုကို သူက စတင် ခဲ့သော်လည်း၊ လင်းယွန်၏ ပန်းသင်္ချိုင်း ဓားမှာ၊ သူ့ ရင်ဘတ် ထဲသို့၊ ဦးစွာ ထိုးဖောက် ဝင်ရောက် လာလေသည်။

ကျောက်စိမ်း တုံးကို ချေမွှပြီး၊ ကြာနက် နန်းတော် အတွင်းမှ၊ ထွက်သွား ဖို့ရန်ပင် အချိန် မမှီ တော့ပေ။

ပန်းသင်္ချိုင်း ဓားကို၊ ပြန်လည် ဆွဲထုတ် လိုက်သည်နှင့်၊ အလစ်ဝင် တိုက်ခိုက်လာ သူမှာ၊ မြေပြင်ပေါ် လဲကျ သေဆုံး သွား၏။

လင်းယွန်က အလစ် ဝင်ရောက် တိုက်ခိုက်ရန်၊ စဉ်စား နေဆဲ ဖြစ်သော လူ အချို့ကို၊ အကြည့် တစ်ချက်ဖြင့်၊ သတိပေး လိုက်၏။

ပြီးနောက် အားလုံးကို လျစ်လျူရှုကာ၊ ကျောက်စိမ်း ပုလင်းအား ဖွင့်ကြည့် မိသည်။

ကျောက်စိမ်း ပုလင်း အတွင်းမှ၊ သင်းပျံ့ မွှေးကြိုင်သော ရနံ့များ ပျံ့နှံ့ လာသည်။

အဂ္ဂိရတ် ပညာ များနှင့်၊ ပတ်သတ်၍ ပညာရှင် တစ်ပိုင်း အဖြစ်၊ ယူဆ နိုင် သောကြောင့်၊ ကျောက်စိမ်း ပုလင်း ထဲရှိ ဆေးလုံးမှာ၊ တတိယ တန်းစား

မှော်ဆေးလုံး ဖြစ်ကြောင်း၊ သိလိုက်သည်။

၎င်းကို တတိယတန်း မှော်ဆေး ပညာရှင် များကသာ သန့်စင် နိုင်သည်။ မဟာချင် အင်ပါယာတွင်၊ တတိယတန်း မှော်ဆေး ပညာရှင် များများ စားစား မရှိပေ။

ဓားနန်းတော် ကဲ့သို့ ဂိုဏ်းကြီး တစ်ဂိုဏ်း ပင်လျှင်၊ တတိယတန်း မှော်ဆေး ပညာရှင် တစ်ယောက်သာ ပိုင်ဆိုင် နိုင်သည်။

ကျောက်စိမ်း ပုလင်း ထဲတွင် ထူးဆန်းသော ဆေးလုံး ဆယ်လုံး ပါရှိသည်။ နက်နဲ သိုင်းနယ်ပယ်သို့ ရောက်ပြီး နောက်တွင်၊ လင်းယွန်က မည်သည့် ဆေးလုံး ကိုမျှ၊ မစားသုံး ခဲ့ပေ။

၎င်းအတွက် တားမြစ်ချက် တစ်စုံ တစ်ရာ မရှိ သော်လည်း၊ ဆေးလုံးများ သုံးပြုရန် အတွက်၊ နက်နဲ နယ်မြေ၏ နဝမ အဆင့်နှင့်၊ ဒသမ အဆင့်သို့၊ ရောက်သည် အထိ၊ စောင့်နေ ခဲ့ခြင်း ဖြစ်သည်။

ကျောက်စိမ်း ပုလင်းကို ပြန်လည် သိမ်းဆည်း ပြီးနောက်၊ ဒုတိယ အဆင့်သို့ ဝင်ရောက်ရန် ရတနာ ကြာပန်း ပလ္လင်ပေါ် ခုန် တက် လိုက်သည်။

လင်းယွန် ပျောက်ကွယ်သွား ပြီးမှ သာလျှင်၊ ခန်းမ အတွင်းရှိ တင်းမာ နေသော လေထုမှာ၊ ပြေလျော့ သွား၏။

လင်းယွန်မှ သတ်ပစ် မည်ကို ကြောက်ရွံ့ နေမိ သောကြောင့်၊ အများ စုမှာ လက်ထဲတွင် ရှိသော ကျောက်စိမ်းတုံး များကို၊ ချေမှုန်းရန် ပြင်ဆင်ခဲ့ ကြသည်။

သို့သော် ကံကောင်း စွာဖြင့် ချိုးဖြတ် စရာ မလို ခဲ့ပေ။

အခြားသော ရတနာ ကြာပန်း ပလ္လင် တစ်လုံး ပေါ်တွင်၊ ကြက်သွေးရောင် သေတ္တာ တစ်လုံး ထွက်ပေါ် နေသည်။

ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏ အမာခံ တပည့် သုံးယောက်က၊ ရတနာ လုပွဲကို ဦးဆောင် ခဲ့၏။

သူတို့၏ အသွင် အပြင် များအရ၊ ရတနာကို ရယူလို သူတိုင်းအား၊ ချက်ချင်း ရပ်တန့် သွားစေသည်။

ရုတ်တရက်၊ တန်းယောင်း ဆီက နဂါးနှင့် ကျား ဟောက်သံ များ၊ မြည်ဟီး ပဲ့တင် ထပ်လာသည်။

သူ၏ ညာဘက် လက်သီး ပေါ်တွင်၊ နဂါး တစ်ကောင်နှင့်၊ ဘယ်ဘက် လက်သီး ပေါ်တွင်၊ ကျား တစ်ကောင်ကို၊ ထုတ်ဖော် ပြသ ခဲ့သည်။

လက်သီး နှစ်ချက် ထိုးထုတ် လိုက်သည်နှင့်၊ လူတိုင်း လွင့်ထွက် ကုန်ကာ၊ နံရံကို ထိမှန် သွား၏။ ကြမ်းပြင် ပေါ်သို့ ပြုတ်ကျ သွားပြီးနောက်၊ နာကျင်စွာ ညည်းတွား လာကြသည်။

" သေစမ်း ဒီကောင်က တကယ့်ပဲ ရက်စက်လွန်းတယ်။ ''

'' သူ့ကို မကြောက်နဲ့၊ အတူတူ သွားရအောင်။ ''

တန်းယောင်းနှင့် အတူ၊ လိုက်ပါ လာသော တပည့် သုံးယောက် ကလည်း၊ သူတို့ ရှိရာသို့ ဝင်ရောက်လာ သူတိုင်းကို၊ မျက်နှာ ချင်းဆိုင် ရင်ဆိုင် လိုက်သည်။

၎င်းတို့၏ မျက်နှာများ ပေါ်တွင်၊ အထင်အမြင် သေးသော ခံစား ချက်များ၊ အပြည့်အဝ ထုတ်ဖော်ထား ကြသည်။

'' သူတို့က ပုရွက်ဆိတ် တွေပဲ။ ''

တန်းယောင်း၏ မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ သူ့ ဦးခေါင်း နောက်တွင် ဗုဒ္ဓ တံဆိပ် တစ်ခု ဖြစ်သော၊ (ညု) တံဆိပ် တစ်ခု ဖြစ်ပေါ် လာသည်။

တစ်ချိန်တည်း မှာပင် သူ၏ ခန္ဓာကိုယ်မှ ရွှေရောင် အဆင်းများ တောက်ပ လာ၏။

'ထာဝရ နတ်ဘုရား တံဆိပ်' နှင့်၊ 'နတ်ဆိုး အမြစ်ပြတ် သုတ်သင်ခြင်း တံဆိပ်' တို့ကို ပေါင်းစပ်ကာ၊ 'ထာဝရ သုတ်သင်ခြင်း တံဆိပ်' ကို ဖန်တီး လိုက်သည်။

ထိုတံဆိပ် ထွက်ပေါ် လာသည်နှင့်၊ မမြင် နိုင်သော တောင်ကြီး တစ်လုံးဖြင့်၊ ရိုက်နှက် ခံလိုက်ရ သကဲ့သို့၊ အသက်ရှူ ကြပ် လွင့်စင် သွားကုန် ပြန်သည်။

'' အကိုကြီးကို သူတို့ နှစ်ယောက်ရဲ့ သိုလှောင်အိတ်တွေ လွှဲပေး ကြစို့။ ''

အမာခံ တပည့် တပည့် တစ်ဦးက အကြံပြုသည်။ သူတို့တွင် အားသာချက် များရ ရှိထားသည့် အတွက်၊ တန်းယောင်းကို သဘာဝ အတိုင်း ဆည်းကပ်ဖို့ လိုပေသည်။

" မလိုပါဘူး၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက မဟာချင် အင်ပါယာမှာ၊ အသန့် ရှင်းဆုံး ဂိုဏ်းပဲ၊ ဒီလို မိစ္ဆာ လမ်းစဉ်ကို ကျင့်ကြံတဲ့ သူတွေ အပေါ်၊ စိတ်ဝင် စားစရာလား၊... ''

'' .... ကျောက်စိမ်းတုံး တွေကို ချေမွှဖို့၊ ဆန္ဒ မရှိိတဲ့ သူတိုင်းကို၊ ပွင်းချပ် သုံးချပ်ပါ ကြာနက် အမြုတေ (၁၀) ခုစီ၊ လွှဲပြောင်း ခိုင်းလိုက်ပါ။ ''

တန်းယောင်းက သိုလှောင်အိတ်ကို ငြင်းဆန်လိုက်ပြီး၊ ပြန်ပြော လိုက်သည်။

'' အစ်ကိုကြီးက တကယ့် ညာဏ်ကြီးရှင် တစ်ယောက် ပါပဲ။ ''

" မင်းတို့ ကြားလား ဘာလို့ .... ဒီမှာ ရှိနေ သေးတာတုန်း။ "

ကြမ်းပြင် ပေါ်ရှိ လှဲလျောင်း နေကြသော လူတိုင်းက၊ ကူကယ် ရာမဲ့ ဟန်ဖြင့်၊ ပြုံးလိုက် ကြ၏။

၎င်းတို့တွင် ကြာနက် အမြုတေ၊ များစွာ ရှိနေသည့် တိုင်အောင် ပင်လျှင်၊ ထိုပမာဏသည် သူတို့ ကြွယ်ဝ မှု၏၊ သုံးပုံ တစ်ပုံ ပမာဏ ဖြစ်သည်။

သို့သော် 'စေတနာ' ဟူသည်၊ 'အယုတ် အလတ် အမြတ် မရွေး' ထားတက် ရပေမည်။

နောက်ဆုံးတွင် လူများ စွာက၊ ကြာနက် အမြုတေ ဆယ်ခုကို ပေးအပ်ရန်၊ ဆုံးဖြတ် လိုက်ကြသည်။

ကြာနက် နန်းတော် အတွင်း ရှိနေ သရွေ့၊ ကစားပွဲ များကို လှည့်ဖို့၊ အခွင့် အရေး ရနိုင်မည်။

ကြာနက် အမြုတေ များကို လက်ခံ ရယူ နေစဉ်၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်း၏၊ အမာခံ တပည့် တစ်ယောက်က၊ ကြာပန်း ပလ္လင် ပေါ်ရှိ ရတနာ သေတ္တာကို၊ လှမ်းယူ လိုက်သည်။

သေတ္တာကို ဖွင့်ကြည့် ပြီးနောက်၊ မျက်လုံး ပြူးလျက်ဖြင့်၊

'' အကိုကြီး၊ ဒါ သွေးဂျင်ဆင်းပဲ၊ အနည်းဆုံး နှစ် (၅၀၀) လောက် ရှိပြီ။ ''

" မင်း ယူလို့ ရတယ်၊ ငါမလိုဘူး ...။ ''

တန်းယောင်းက လှည့်ပင် မကြည့်ဘဲ ပြန်ဖြေ လာခဲ့သည်။

" ကျေးဇူးတင် ပါတယ် အစ်ကိုကြီး ။ "

အမာခံ တပည့်က ရုတ်တရတ် ပျော်ရွှင်မှုကြောင့်၊ မည်သို့ တုံ့ပြန် ရမည်ကို မသိ တော့ပေ။ တခြားသော တပည့် နှစ်ယောက်က သူ့အား မနာလို ဖြစ်လာ စေသည်။

အခြား တစ်ဖက်တွင်၊ ပထမ အဆင့်ရှိ ရတနာ တိုင်းမှာ၊ တန်ဖိုး မရှိ သောကြောင့်၊ တန်းယောင်းက လျစ်လျူရှု ခဲ့ခြင်း ဖြစ်သည်။

သူ၏ ရည်မှန်းချက်မှာ လွန်ခဲ့သည့် နှစ်တစ်ထောင် အတွင်း၊ မည်သူမျှ မတက်လှမ်း နိုင်ခဲ့သော နဝမ အဆင့်နှင့်၊ ဒဏ္ဍာရီလာ ဒဿမ အဆင့်တို့ ဖြစ်သည်။

ကြာနက် နန်းတော်၏ အနှစ်သာရမှာ၊ ထိုအဆင့် နှစ်ဆင့်တွင် ရှိ၏။

အဋ္ဌမ အဆင့်နှင့် သူ့အောက်ရှိ ရတနာများအားလုံးသည်၊ နဝမ အဆင့်နှင့် မနှိုင်းယှဉ် နိုင်ပေ။

ဒဿမ အဆင့် အနေဖြင့်၊ ဒဏ္ဍာရီ တစ်ပုဒ် ကဲ့သို့ တွေးကြည့် ရုံသာ တက်နိုင် ပေသည်။

***

All Chapters