← Chapters

ငါ့ကို ဓားနဲ့ ထိုး၊ မင်းအနိုင် ရမယ်။

Vol. 27 Ch. 370

ငါ့ကို ဓားနဲ့ ထိုး၊ မင်းအနိုင် ရမယ်။

Vol. 27 Ch. 370

" မင်း ယူလို့ ရတယ်၊ ငါမလိုဘူး ...။ ''

တန်ယောင်းက လှည့်ပင် မကြည့်ဘဲ ပြန်ဖြေ လာခဲ့သည်။

" ကျေးဇူးတင် ပါတယ် အစ်ကိုကြီး ။ "

ပထမ အဆင့်ရှိ ရတနာ တိုင်းမှာ၊ တန်ဖိုး မရှိ သောကြောင့်၊ တန်ယောင်းက လျစ်လျူရှု ခဲ့ခြင်း ဖြစ်သည်။

သူ၏ ရည်မှန်းချက်မှာ လွန်ခဲ့သည့် နှစ်တစ်ထောင် အတွင်း၊ မည်သူမျှ မတက်လှမ်း နိုင်ခဲ့သော နဝမ အဆင့်နှင့်၊ ဒဏ္ဍာရီလာ ဒဿမ အဆင့်တို့ ဖြစ်သည်။

ကြာနက် နန်းတော်၏ အနှစ် သာရမှာ၊ ထိုအဆင့် နှစ်ဆင့်တွင် ရှိ၏။

ကြာနက် နန်းတော်တွင် ဒုတိယ အဆင့်သို့ ဦးတည်သော လမ်းကြောင်း ကိုးခု ရှိသည်။

စမ်းသပ်မှု အောင်မြင် ခဲ့သော တပည့်များအားလုံးက၊ ကြာနက် နန်းတော် အတွင်း အခွင့် အရေး အချို့အား၊ ရှာဖွေ ရယူ နိုင်သည်။

သို့သော် သူတို့ အားလုံးက၊ ကြာနက် နန်းတော် အပြင် ဘက်တွင်၊ ကံ ကြမ္မာကို အားကိုး နိုင်သော်လည်း၊ နန်းတော် အတွင်း ၌မူ၊ ထိုသို့ မဟုတ် တော့ပေ။

ကျွမ်းကျင် သူများသာ ရတနာ များကို ယူဆောင် နိုင်ပေမည်။ ခွန်အားသည် အရာရာအတွက် ဖြစ်၏။

ဖြစ်ပျက် နေသည် များကို၊ မည်သူမျှ တပ်အပ် မမြင် နိုင်သောကြောင့်၊ တိုက်ပွဲများ ဖြစ်ပွား နေခြင်းအား၊ လူတိုင်း မသိ နိုင်ခဲ့ပေ။

သန်မာသူ များစွာ၊ တစ်ဦးနှင့် တစ်ဦး ထိပ်တိုက် တွေ့ဆုံ ခဲ့ကြပြီး၊ သာမာန် ကျင့်ကြံသူများက၊ ထိုတိုက်ပွဲများ အတွင်း စွက်ဖက် ဝံ့ခြင်း မရှိ ကြခြေ။ ရပ်ကြည့် နေရုံသာ တက်နိုင် ခဲ့သည်။

အဘယ့် ကြောင့် ဆိုသော်၊ သန်မာသူ တို့၏ တိုက်ပွဲ များကြားတွင်၊ ပါဝင် ပတ်သက် မိသော သူများမှာ၊ သေဆုံး သွားသော သာဓကများ၊ ရှိနေခြင်း ကြောင့်ပင် ဖြစ်သည်။

သို့သော် ၎င်းမှာ ပထမ အဆင့် တွင်သာ ရှိနေသေးသည်။ ထို့ထက် ပို၍ ဖြတ်ကျော် လာနိုင်သည် နှင့်အမျှ၊ တိုက်ပွဲများ သည့်ထက် ပြင်းထန် လာနိုင်မည်။

ပြီးနောက် ကြာပန်း ပလ္လင် များသို့ သွားရာ လမ်းမှာ၊ တဖြည်းဖြည်း လျော့နည်း လာမည် ဖြစ်ပြီး၊ နောက်ဆုံးတွင် ကြီးကျယ် ခမ်းနားသော ပါရမီ ရှင်များ အားလုံးကို၊ လမ်းကြောင်း တစ်ခု အတွင်းသို့၊ စုရုံး လာစေမည် ဖြစ်သည်။

တစ်ချိန်တည်း မှာပင်၊ စမ်းသပ်မှု အဆင့် အဆင့်၌၊ ပိုမို ခက်ခဲသော အတား အဆီး များကို၊ ရင်ဆိုင် ရမည် ဖြစ်သည်။

ရတနာ ကြာပန်း ပလ္လင်မှ တဆင့်၊ ဒုတိယ အဆင့်သို့၊ လင်းယွန်က ဝင်ရောက် ခဲ့သည်။

လေဟာနယ် အတွင်း ဝိညာဉ် စွမ်းအင်များ စုဝေး လာပြီး၊ ပြာလဲ့လဲ့ ကြာပန်းကြီး တစ်ပွင့်၊ လျင်မြန်စွာ ဖွဲ့စည်း လာ၏။ ကြာပန်း ပေါ်တွင် လူတစ်ယောက် ထိုင်လျက်၊ ဖြစ်တည် ရှိနေသည်။

ဤအဆင့် အတွင်၊ ကြာပန်း ပလ္လင် ပေါ်ရှိ ဓားသမား၏ မျက်လုံး များမှ၊ ဓားရောင်ခြည် နှစ်စင်းဖြင့်၊ ပစ်လွှတ် တိုက်ခိုက် လာခြင်း ဖြစ်သည်။

ရောင်ခြည် တစ်စသည် အစစ် ဖြစ်ပြီး၊ ကျန်တစ်စမှာ အတု ဖြစ်၏။ ထိမှန် ခံရပါက၊ ဖယ်ရှား ခံရပေ လိမ့်မည်။

ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို၊ ပိုင်ဆိုင် ထားသော လင်းယွန်က၊ မည်သည့် အရာမှာ အတု ဖြစ်သည်၊ သို့မဟုတ် အစစ် ဖြစ်သည် တို့အား၊ သဘာဝ ကျကျ ခံစား နိုင်ခဲ့သည်။

ပထမ အလင်းက အတု ဖြစ်ပြီး၊ နောက်ကွယ်ရှိ၊ ဒုတိယ အလင်းမှာ အစစ် အမှန်၊ ဓားအလင်း ဖြစ်ပေသည်။

ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ်ပြီး၊ ဒုတိယ ရောင်ခြည်ကို ဖြိုခွဲကာ၊ စမ်းသပ်မှုအား အောင်မြင်စွာ ဖြတ်သန်း နိုင်ခဲ့သည်။

သို့သော် လူတိုင်းမှာ သူ့ကဲ့သို့၊ ကံကောင်းခြင်း မရှိပေ။ ရောင်ခြည် များကို ခွဲခြား နိုင်ခဲ့ သော်လည်း၊ အနည်းငယ် နောက်ကျ ကုန်သည်။

ရုတ်ချည်းဆို သလိုပင်၊ ဆတ်သုဉ်း နေသောနယ်မြေ အတွင်းရှိ အစီအရင် အတွင်း၌၊ လူရိပ်များ များပြားစွာ၊ ထွက်ပေါ် လာ၏။

ထိုလူရိပ် များမှာ ဒုတိယ အလင်းကို ထိမှန် ပြီးနောက်၊ ပြင်ပသို့ ပို့ဆောင် ခံလိုက် ရသူများ ဖြစ်သည်။

ဒုတိယ စမ်းသပ်မှုကို ဖြတ်ကျော် နိုင်ခဲ့သော၊ လင်းယွန်က အဝေးဆီမှ တိုက်ပွဲ ဖြစ်ပွား နေသံ များကို ရုတ်တရက် ကြားလိုက် ရသည်။

တစ်စုံ တစ်ခုကို တွေးမိ သွားကာ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းဖြင့်၊ ရှေ့သို့ ပြေးတက် သွား၏။

သို့သော် သူ နောက်ကျ သွားလေပြီ။ ခန်းမ ထဲတွင် သွေးများ နေရာ အနှံ့ ပျံ့ကျဲ နေသည့်အပြင်၊ ဖရိုဖရဲ မြင်ကွင်း များနှင့် အတူ စွမ်းအင် အတက် အကျ လှိုင်းများသာ ကြုံလိုက် ရသည်။

ကြာပန်း ပလ္လင် ပေါ်ရှိ ရတနာကို၊ သိမ်းယူ ခံထား ရပြီး၊ နေရာ လွတ်သာ ကျန်ရစ် ခဲ့၏။

" ကြည့်ရတာ ငါကံမကောင်း သလိုပဲ။ "

သူက ခေါင်းယမ်းကာ ကြာပန်း ပလ္လင်ပေါ် ခုန်တက် လိုက်သည်။ တတိယ အဆင့်သို့ ဦးတည် သွားရုံ မှလွဲ၍ အခြား မရှိ တော့ပေ။

လင်းယွန်က ကံမကောင်း သော်လည်း၊ တန်တုံမှာ ထို့ထက် ပိုဆိုး ပေသည်။

သူက ဒုတိယ အဆင့် ကြာပန်း ပလ္လင်သို့ သွားရာ လမ်းတွင်၊ မမြင် လိုသော တစ်စုံ တစ်ယောက်နှင့်၊ ပက်ပင်း တိုးသွား ခဲ့သည်။

ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏၊ တပည့် ဂျင်ဂျူး။

ဂျင်ဂျူး ရောက်ရှိ လာသည်နှင့်၊ ဆေဘာဓားကို ဆွဲကာ၊ ရတနာ အတွက် တိုက်ပွဲဝင် နေသော၊ နီးစပ်ရာ လူများကို စတင် သုတ်သင် တော့၏ ။

ခန်းမကို ခုန်ဝဲ ဖြတ်ကျော် ပြီးနောက်၊ ညင်သာစွာ ပြန်လည် ဆင်းသက် လိုက်၏။ သူ ဖြတ်သွားရာ လမ်းတစ်လျှောက်၊ အလောင်များ ပြည့်နှက် သွားသည်။

အခန်း အတွင်း သွေးမြူများ ရစ်သိုင်းလျက်၊ အော်ဟစ် ညည်းညူ သံများ လျှံကျ လာသည်။

တန်တုံ၏ ရင်ဘတ် တွင်လည်း၊ ဒဏ်ရာ (၃) ချက် ရရှိ သွားခဲ့သည်။ ဂျင်ဂျူးက သူ့ကို လှည့်ကြည့်ကာ၊ ကြင်နာစွာ ပြုံးပြ လိုက်ပြီး၊

" ငါတို့ ထပ်တွေ့ ရပြန်ပြီ၊ မင်းကိုယ်တိုင် သွားမလား၊ ဒါမှမဟုတ် ငါ လိုက်ပို့ ပေးဖို့ လိုအပ် သေးလား။ "

တန်တုံက ကြမ်းပြင် ပေါ်တွင်၊ အော်ဟစ် ညည်းတွား နေသော သူများနှင့်၊ အလောင်း များကို တစ်ချက် ကြည့်လိုက်သည်။

" ငါဘာသာ ထွက်သွားမယ်။ "

ရှုံးနိမ့် ပြီးနောက်၊ သူ့၌ ရွေးချယ် စရာ မရှိ တော့ပေ။ လက်ထဲရှိ ကျောက်စိမ်း တုံးကို ခြေ မွ လိုက်သည်နှင့်၊ သူ့ ကမ္ဘာကြီးက ရုတ်တရက် တုန်ခါ သွားကာ၊ လျှင်မြန်စွာ ပြောင်းလဲ သွားတော့သည်။

မျက်လုံး ပြန်ဖွင့် လိုက်ချိန်တွင်၊ ဆိတ်သုန်း နေသော နယ်မြေ အတွင်းရှိ၊ အစီရင် တစ်ခု အတွင်း၌ ရပ်နေကြောင်း၊ သိလိုက် ရသည်။

ဂိုဏ်းပေါင်း စုံမှ အကြီးအကဲ များက၊ သူတို့၏ တပည့် များကို ကြိုဆိုရန်၊ ဤနေရာ၌ စောင့်ဆိုင်း ဝန်းရံနေ ကြသည်။

" ဂျူနီယာ ညီလေးတန် ...။ "

တစ်စုံ တစ်ယောက်၏ ခေါ်သံကြောင့်၊ တန်တုံက လှည့်ကြည့် လိုက်၏။ ရှင်းဂျူက လျိုဖန်ထက် ဦးစွာ အလော တကြီး၊ ဖြစ်နေ ပေသည်။ အနား မရောက်ခင် ၌ပင်၊ စိုးရိမ်သော လေသံဖြင့်၊ သူက မေးခွန်း ထုတ်လာ၏။

“ အခြေအနေ ဘယ်လိုလဲ။ ”

" အဆင်ပြေ ပါတယ် ...၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်က ဂျင်ဂျူးနဲ့၊ ဒုတိယ အဆင့်မှာ တွေ့လိုက် ရလို့၊ ငါ့ကျောက်စိမ်း တုံးကို ချေမွှ ခဲ့ရတာပါ။ "

ကူကယ် ရာမဲ့ ဟန်ဖြင့်၊ တန်တုံက ပြန်ဖြေ လိုက်သည်။ ဂျင်ဂျူး နှင့်သာ မတွေ့ဆုံ ရပါက၊ ကြာနက် နန်းတော်ရှိ အထက် အဆင့် များသို့၊ တက်လှမ်း နိုင်မည် ဖြစ်သည်။

“ မင်း အဆင် ပြေတာ ကောင်းပါတယ်၊ ကျန်တဲ့ သူတွေကော ဘယ်လိုလဲ။ "

“ ကြာနက် နန်းတော်ထဲ မဝင် ခင်မှာ၊ အားလုံးအတူတူ ရှိခဲ့ ပါတယ်၊ ဝင်ပြီး တာနဲ့ ကျပန်းပို့ဆောင် ခံလိုက် ရတာကြောင့်၊ သူတို့ရဲ့ အခြေ အနေ အတိ အကျကို၊ မပြော နိုင်တော့ ပါဘူး။ ''

တန်တုံ၏ စကား များက၊ လျိုဖန်းနှင့် ရှင်းဂျူ တို့ကို စိတ် သက်သာရာ ရစေ ခဲ့သည်။

ကြာနက် နန်းတော် ထဲသို့ ဝင်လိုက် ခြင်းဖြင့်၊ သူ၏ စည်မျဉ်း အချို့ကြောင့်၊ အနည်းငယ် လုံခြုံ နိုင်ပေမည်။

သူတို့ နှစ်ယောက် လုံး၏၊ မျက်နှာများ ပေါ်တွင်၊ အပြုံးများ ဆင်မြန်း လာကြသည်။

မကြာခင် ရက်အနည်းငယ် အတွင်း၊ ကြာမိစ္ဆာ နယ်မြေမှာ ပိတ်သိမ်း တော့မည် ဖြစ်သည်။

ထို့ကြောင့် ကြာနက် နန်းတော် အတွင်း၊ အန္တရာယ် ရှိရာသို့ ပြေးမိ ပါလျှင်၊ ကျောက်စိမ်း တုံးကို ချေမွှကာ ထွက်လာနိုင် ပေမည်။

" ဘာ .... ငါ့ရဲ့ ရွှေနက် ဂိုဏ်းက တပည့်တွေ အားလုံး သေကုန် ပြီလား။ "

" ဟုတ်ကဲ့ အမာခံ တပည့်၊ ဆယ်ယောက် စလုံး သေသွား ပါပြီ။ "

ရုတ်တရက် ထွက်ပေါ် လာသော အသံရှင် ထံသို့၊ သုံးယောက်သား ခေါင်းထောင် လှည့်ကြည့် လိုက်ရာ၊ စိတ်ပျက် လက်ပျက်ဖြင့် ညည်းတွား နေသော၊ မီးခိုး ရောင်ဝတ် အဖိုးအို တစ်ဦးအား၊ တွေ့လိုက် ရသည်။

တန်တုံက သူကြုံ တွေ့ခဲ့ ရသော ရွှေနက် ဂိုဏ်းသား များနှင့်၊ အလောင်းစား ငါးများ အကြောင်းကို၊ ဝေမျှ ပေးလိုက်၏။

လျိုဖန်းနှင့် ရှင်ဂျူးမှာ သက်ပြင်းချ လိုက်ကြသည်။ ကြာမိစ္ဆာ နယ်မြေသည် ရက်စက် ကြမ်းကြုတ် လှပြီး သေနှုန်း မြင့်မား ပေ၏။

ထိုကြောင့် ဂိုဏ်းငယ်များ အလုံးစုံ ပျက်သုဉ်းခြင်း ပင်လျှင်၊ ပုံမှန် ဖြစ်သည်။

“ သန်မာ သူက ... ဘုရင်၊ အားနည်း သူက သားကောင်၊ ဒါ သဘာဝ ပဲလေ မင်းဘာလို့ ငိုနေတာလဲ…”

ဝမ်ရန်းဘိုက ရွှေနက် ဂိုဏ်း၏၊ အကြီးအကဲ အဖိုးအို မျက်နှာကို ကြည့်ကာ၊ လှောင်ပြောင် လိုက်သည်။

မဟာ ဂိုဏ်းကြီး လေးဂိုဏ်းတွင်၊ သည် တစ်ကြိမ်၌၊ ဖယ်ရှား ခံခဲ့ ရသည့်၊ တပည့် ဦးရေ မှာ၊ ခြောက်ဦး ဖြစ်လာ သော်လည်း၊ ရှေးဟောင်း တာအို ဂိုဏ်းမှ၊ တစ်ဦးမျှ မပါ ရှိပေ။

သူတို့ဂိုဏ်း အနေဖြင့်၊ ဤတစ်ကြိမ် ကြာမိစ္ဆာ နယ်မြေ အတွက်၊ အမာခံ တပည့် သုံးယောက် အထိ၊ စေလွှတ်ထား သောကြောင့်၊ အချင်းချင်း တွေ့ဆုံ နိုင်ခဲ့ ပါက၊ ပဉ္စမ အဆင့်သို့ အဆင် ပြေပြေ၊ ရောက်ရှိ သွားနိုင်မည်။

ရွှေနက် ဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာတွင်၊ ဒေါသများ ပြည့်နှက် လာသည်။ သို့သော် သူ၏ ဂိုဏ်းသည်၊ ရှေးဟောင်း တာအို ဂိုဏ်းနှင့်၊ မနှိုင်းယှဉ် နိုင်သည်ကို၊ သူ သိသည်။

ယခု အကြိမ် ပေးဆပ် လိုက်ရသော၊ ဆုံးရှုံး မှုမှာ၊ သနားစရာ ကောင်းသော အနာဂတ်ကို၊ ကြုံတွေ့ လာရ တော့မည်ဟု၊ အဓိပ္ပါယ် ရပေသည်။

ထို့ကြောင့် စကား တစ်ခွန်းမျှ ပြန်လည် တုန့်ပြန်ခြင်း၊ မပြု ခဲ့ပေ။

ဝမ်ရန်းဘိုက ရယ်မော လိုက်ပြီး၊ လျိုဖန်းအား လှည့်ကြည့်ကာ၊ အပြုံးများ အေးခဲ သွား၏။

'' ဟမ့် .... ''

လင်းယွန်မှာ ကြာနက် နန်းတော် ထဲတွင်၊ ရှိနေဆဲဟု တန်တုံ၏ စကား များက၊ ရည်ညွှန်းပြ နေသည်။

ဆိုလို သည်မှာ သူ့ဂိုဏ်း၏၊ အမာခံ တပည့် သုံးဦး တို့သည်၊ လင်းယွန် နှင့်အတူ နန်းတော် ထဲ၌၊ ရှိနေ သည်ဟု ဆိုပေသည်။

သူ လုပ်စရာ ရှိသည်မှာ၊ သတင်း ကောင်းကို စောင့်မျှော် နေရန် ဖြစ်သည်။

“ ဒီအဖိုးကြီး ... ''

ဝမ်ရန်းဘို၏ စဉ်းလဲသော အကြည့် များကို ခံစား မိသောကြောင့်၊ လျိုဖန်း မျက်နှာမှာ မပျော် မရွှင် ဖြစ်လာပြီး။

" တန်တုံ ... လင်းယွန်ရော ဘယ်လို အခြေ အနေ ရှိလဲ။ "

လင်းယွန် အကြောင်းကို မည်ကဲ့သို့၊ ဖော်ပြရ မည်ကို မသိ သောကြောင့်၊ တန်တုံက အနည်းငယ် စဉ်းစား သွားမိသည်။

နောက်ဆုံးတွင် သူ့စကား များကို မည်သူမှ မယုံကြည် ကြမည်ကို သူ သိသည်။ ထို့ကြောင့် ခဏ အကြာတွင် ပြုံးလိုက်ပြီး၊

“ ဂျူနီယာ ညီလေး အတွက်၊ စိတ်ပူ စရာ မလို ပါဘူး၊ သူ ထွက်လာ ပြီးရင် ... ၊ ကိုယ်တိုင် ကိုယ်ကျ ပြောပြ ပါလိမ့်မယ်၊ ကြာနက် နန်းတော် ထဲမှာ၊ လူတိုင်းက ကံကောင်း မှုတွေ၊ ကြုံတွေ့ လာရ နိုင်တယ် မဟုတ်လား၊ ဒါကြောင့် လွယ်လွယ်နဲ့ ကောက်ချက် မချဝံ့ ပါဘူး။ ”

လျိုဖန်းက ခေတ္တမျှ အံ့အားသင့် သွားသည်။ တန်တုံ၏ စကားများ အရ၊ လင်းယွန်မှာ တန်တုံ၏ အမြင်ထက်၊ ကျော်လွန် နေပုံ ရသည်ကို၊ သတိထား မိ၏။

“ ကောင်းပြီ ... ၊ ငါတို့ သူ့ကို စောင့်ရအောင်၊ သူ ထွက်လာ ပြီးရင် ... သူ့ရဲ့ တိုးတက်မှု တွေကို၊ ကြည့်မယ်”

" ကျွတ်.... ကျွတ် ကျွတ်၊ ဒါက သူ အသက်ရှင်လျက်၊ ထွက်လာ နိုင်တဲ့ အပေါ်မှာ၊ မူတည်တယ် မဟုတ်လား။ ”

ရုတ်တရက် ကျိန်ဆဲ လိုက်သော၊ အသံ တစ်သံက၊ လျိုဖန်း တို့၏ ကောင်းမွန်သော၊ စိတ်အခြေ အနေ များကို၊ ဖျက်ဆီး ပစ်လိုက်၏။

ရှင်းဂျူက မျက်မှောင် ကြုတ်ပြီး၊ အေးစက် စွာဖြင့် လှည့်ကြည့် လိုက်၏။

" ဝမ်ရန်းဘို၊ မင်း စကားကို ကြည့်ပြောပါ၊ အရင် သင်ခန်း စာက၊ မင်းအတွက် မလုံလောက် သေးဖူးလား၊ မင်းက အကြီး အကဲ လျိုဖန်း ဆီက၊ နောက်ထပ် လက်ဖဝါး တစ်ချက်ကို၊ ခံယူချင် နေတာလား။ ''

" ဟမ့် .... မင်းက ငါ့ကို စကား ပြောဖို့၊ အရည် အချင်း မရှိ သေးဘူး ...။ ''

ရှင်းဂျူ၏ မထီ မဲ့မြင် နိုင်သော စကား များကြောင့်၊ ဝမ်ရန်းဘို၏ ရင်ဘတ်မှာ၊ နာကျင်လာသည်။

လင်းယွန်ကို ချောင်းမြောင်း သတ်ဖြတ်ရန်၊ တာဝန်အားညပျက်ကွက် ခဲ့သည်သာ မက၊ ခရမ်းရောင် နန်းတော် နယ်မြေရှိ၊ အကြီးအကဲ တစ်ဦး ကိုပင်၊ ဆုံးရှုံး လိုက်ရသည်။

ထိုရှုံးနိမ့် မှုကို ရှင်းဂျူက၊ လူသိ ရှင်ကြား ပြောကြား လာသော အခါတွင်၊ သတ်ဖြတ်ချင် စိတ်များပင်၊ ဖြစ်ပေါ် လာ၏။

" မင်းနဲ့ စကား ပြောဖို့၊ ငါက အရည် အချင်း မရှိဘူး၊ ဟုတ်လား၊ ဒါဆို ငါ့ဓားကို လက်ခံ ကြည့်လိုက်စမ်း။ ''

ရှင်းဂျူက ရုတ်တရက် ရှေ့သို့၊ ခြေတစ်လှမ်း တိုးကာ၊ ဝမ်ရန်းဘိုကို ရင်ဆိုင် လိုက်သည်။

ယင်းက ရှင်းဂျူမှာ၊ အမှန် တကယ် ရှေ့သို့ လှမ်းဝံ့ လိမ့်မည်ဟု၊ မမျှော် လင့်ထား သော ဝမ်ရန်းဘိုကို၊ အံ့အား သင့်စေ ခဲ့၏။

“ ဝမ်ရန်းဘို၊ ငါ့ရဲ့ ဓားနန်းတော်က၊ ရွှေနက်ဂိုဏ်းလို မင်းပြော ချင်တာ၊ ပြောလို့ ရတယ်လို့၊ ထင်နေလား ဟမ် ...၊ မင်း မျက်နှာကို ငါတို့ ဖြတ်မရိုက် တာ၊ ကံကောင်း တယ်မှတ်၊ ဒါကိုမှ မင်းဝံ့ရင် ငါတို့ ဆီလာ။ "

လျိုဖန်းက ရှေ့သို့ တိုးလာကာ၊ ရှင်းဂျူ ဘေးတွင် ယှဉ်ရပ်လျှက်၊ ဆိုလိုက်သည်။

ဝမ်ရန်းဘိုက ပတ်ဝန်း ကျင်ရှိ အကြီးအကဲ များထံမှ၊ ထူးထူး ခြားခြား အကြည့် များကို၊ သတိ ပြုမိ သွားသော အခါ၊ ဓားနန်းတော်နှင့် ပဋိပက္ခ စတင် ရမည့်၊ အချိန် မကျ သေးကြောင်း၊ သူ သိလိုက်၏။

“ မင်းနဲ့ ငြင်းခုံဖို့၊ ငါ စိတ်မ၀င် စားဘူး၊ လင်းယွန်က အသက် ရှင်ပြီး၊ ပြန်လာ နိုင်မလား ဆိုတာ ကြည့်ရအောင်။ ”

ဝမ်ရန်းဘိုက နောက် လှည့်ကာ၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အကြီးအကဲ များထံ ပြန်သွား တော့သည်။

“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ၊ ဂိုဏ်းကြီး နှစ်ဂိုဏ်းရဲ့ ရန်ငြိုး တွေက၊ တကယ်ပဲ နက်ရှိုင်း လာပုံပဲ။ "

" သူတို့က အနှေးနဲ့ အမြန်ဆို သလို၊ ဆိတ်သုန်း နေသော နယ်မြေ အတွင်းမှာ၊ တိုက်ခိုက် ကြလိမ့်မယ်။ "

" ဒါပေမယ့် ဝမ်ရန်းဘိုရဲ့ တုံ့ပြန်မှုကို၊ ကြည့်ရတာ၊ သူ ရှုံးနိမ့် ထားတာ သိပ်ကြာ သေးပုံ မရဘူး။ ”

“ ဟားဟား... ဒီထက်ပို ပြင်းပြင်း ထန်ထန် တိုက်ခိုက်ရင်၊ အကောင်း ဆုံးပေါ့။ ”

ဂိုဏ်း အသီးသီး၏ အကြီးအကဲ များက၊ သူတို့၏ တပည့်များ သတင်း မှန်သမျှကို၊ စိတ်အား ထက်သန်စွာ စောင့်မျှော် နေကြပြီး၊ ဂိုဏ်း အတွက် ဂုဏ် ကျက်သရေ ဆောင်လာမည့်၊ အောင်မြင် မှုမျိုး ရရှိလာ စေရန်၊ မျှော်လင့် နေကြသည်။

ပုံမှန် အားဖြင့်၊ ရှေးဟောင်း တာအို ဂိုဏ်းနှင့်၊ဓားနန်းတော် တို့၏ ပဋိပက္ခ များက၊ ၎င်းတို့အား အနှောက် အယှက် မပေး ခဲ့ပေ။

ဂိုဏ်းနှစ် ဂိုဏ်းကြားက အာဃာတ များ၊ နက်နက် ရှိုင်းရှိုင်း ကြီးထွား လာခြင်း အတွက်၊ ပဋိ ပက္ခများ မရှိ လျှင်ပင်၊ ထူးဆန်း နေပေ လိမ့်မည်။

ထိုအချိန်တွင် လင်းယွန်က စတုတ္ထ အဆင့်ကို ချောချော မွေ့မွေ့ ဖြတ်ကျော် နိုင်ခဲ့သည်။ ပဉ္စမ အဆင့်သို့ ရောက်ရှိ ချိန်မှာသာ၊ ဒုက္ခကို စတင် ခံစား မိတော့၏။

“ ငါ့ကို ဓားနဲ့ ထိုးရင်၊ မင်း အနိုင် ရမယ်။ ”

အပြာရောင် ကြာပန်း ပေါ်မှ ဓားသမားက ဆိုသည်။ အဖြူရောင် ဝတ်ရုံကို သပ်ရပ်စွာ ဝတ်ဆင် ထားပြီး၊ လင်းယွန်အား ခံစားချက် မဲ့စွာ စိုက်ကြည့် နေလေသည်။

လင်းယွန်က မျက်ခုံး ပင့်ကာ၊ ပန်းသင်္ချိုင်း ဓားအား ဆွဲထုတ် လိုက်၏။ ဓားကို သုံးကြိမ် တိတိ ထိုးထုတ် လိုက်သော်လည်း၊ အကြိမ်တိုင်း မအောင်မြင် ခဲ့ခြေ။

ထိုအစား သူ့ လက်မောင်းကို ပိုင်းဖြတ်ရန်၊ ရည်ရွယ် ချက်ဖြင့်၊ ခုတ်ပိုင်း လာသော ဓားကို၊ အလျင် အမြန် ရှောင်တိမ်း လိုက်ရသည်။

" ဘယ်လောက်တောင် မြန်လိုက်လဲ။ "

ခုတ်ပိုင်း လာသော ဓား၏ အဟုန်ကြောင့်၊ နှလုံး သားတွင်၊ ထိတ်လန့် မှုများ ဝင်ရောက် လာသည်။

" ငါ့ကို ဓားနဲ့ ထိုးရင်၊ မင်းအနိုင် ရမယ်။ "

ဓားသမားက နောက်တစ်ကြိမ် ရေရွတ် လိုက်၏။ ပြီးနောက် လျှပ်စီးလက် သကဲ့သို့၊ လင်းယွန်ထံ သူ့ဓားကို ထပ်ကာကာ၊ တွန်းထုတ် လာသည်။

ဓားချက် များမှာ ရှင်းရှင်း လင်းလင်း ရှိနေသော်လည်း၊ ၎င်းတို့ကို ဖမ်းယူ တားဆီးရန် မတက် နိုင်ခဲ့ပေ။

ဆယ်ကြိမ်ခန့် လှုပ်ရှား ပြီးနောက်၊ သူ့ ရင်ဘတ်ကို ဓားချက် ထိမှန်ကာ၊ လွင့်စင် သွားသည်။ နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ ထိတ်လန့်စွာ မော့ကြည့် မိ၏။

ဓားသမား၏ မျက်နှာ ပေါ်တွင် မြူခိုးများ ရစ်သိုင်း နေသော အသွင်အပြင် ကြောင့်၊ အိမ်မက် ဆန်သော ခံစား ချက်များ ရရှိ လာစေသည်။

" ငါ့ကို ဓားနဲ့ ထိုးရင်၊ မင်းအနိုင် ရမယ်။ "

ဓားသမားက၊ မြေပြင် ပေါ်တွင် ဒူးထောက် နေသော လင်းယွန်အား ဓားဖြင့် ချိန်ရွယ်ကာ၊ ထပ်မံ ရေရွတ် လာပြန်၏။

***

All Chapters