သွေးပန်း ။
Vol. 27 Ch. 371
ဝတ်ရုံဖြူ ဓားသမား၏ ဓားချက် များမှာ၊ ရိုးရှင်း လှသော်လည်း၊ ၎င်းတို့ကို ဖမ်းယူ တားဆီးရန် မတက် နိုင်ခဲ့ပေ။
ဆယ်ကြိမ်ခန့် လှုပ်ရှား ပြီးနောက်၊ သူ့ ရင်ဘတ်ကို ဓားချက် ထိမှန်ကာ၊ လွင့်စင် သွားသည်။ နှုတ်ခမ်းမှ သွေးများ စီးကျ လာပြီး၊ ထိတ်လန့်စွာ မော့ကြည့် မိ၏။
" ငါ့ကို ဓားနဲ့ ထိုးရင်၊ မင်းအနိုင် ရမယ်။ "
အဖြူဝတ် ဓားသမားက၊ မြေပြင် ပေါ်တွင် ဒူးထောက် နေသော လင်းယွန်အား ဓားဖြင့် ချိန်ရွယ်ကာ၊ ထပ်မံ ရေရွတ် လာပြန်၏။
" ငါ့ကို ဓားနဲ့ ထိုးရင်၊ မင်းအနိုင် ရမယ်။ "
သတ္တု ဆန်သော လေသံဖြင့်၊ ထပ်ခါ တလဲလဲ ပြောနေစဉ်၊ လင်းယွန်က သူ့ ရင်ဘတ်ရှိ ဒဏ်ရာကို၊ စစ်ဆေး ကြည့်မိသည်။
ဒရာကိုဖီ ခန္ဓာ ဖြင့်ပင်၊ ဒဏ်ရာမှာ အတော် ပြင်းထန်၏။ သူ၏ ခုခံမှု များမှာ၊ ဖြုံလောက်ဖွယ် ကောင်းသော်လည်း၊ အဖြူ ရောင်ဝတ် ဓားသမား အတွက်၊ လွယ်ကူ နေခဲ့သည်။
လင်းယွန်က ထိုဓားသမားကို ကြည့်ကာ၊
" မင်းက သန်မာပြီး .... ၊ ငါ့ကို အချိန် မရွေးသတ်နိုင်တဲ့၊ အရည် အချင်း ရှိတယ်၊ မင်းကိုသတ်ဖို့ မဖြစ် နိုင်ဖူး ဆိုပေမယ့်၊ ဒီတစ်ကြိမ်တော့ စမ်းကြည့် ရဦး မှာပဲ၊ .... ''
'' .... မင်းရဲ့ ရည်ရွယ် ချက်က၊ ငါ့ကို သတ်ဖို့ မဟုတ် ဖူးလို့၊ ငါယုံကြည်တယ်၊ မင်းပြောသလို ဓားနဲ့ ထိုးနိုင်ရင်၊ ငါ့ရဲ့ နိုင်ပွဲ ဖြစ်လာမှာလား။ ”
အစောပိုင်း တိုက်ပွဲကြောင့်၊ ယခု အကြိမ်တွင် အနိုင် ရယူရန်၊ ယုံကြည် ချက်များ ရှိလာ ခဲ့သည်။ သူ့ အတွက် နည်းလမ်း နှစ်သွယ် ရှိ၏။
ပထမ တနည်းမှာ၊ ပြိုင်ဘက်၏ ရွေ့လျားမှု နည်းစနစ်ကို၊ ဖော်ထုတ် အနိုင် ယူရန် ဖြစ်သည်။
ဒုတိယ တစ်နည်းမှာ တိုက်ခိုက် ခံရမည့် အချိန်တွင်၊ တန်ပြန် တိုက်ခိုက် မှုအား လုပ်ဆောင်ရန် ဖြစ်သည်။
နည်းလမ်း နှစ်သွယ် အနက်၊ ဒုတိယ နည်းလမ်းအား အသုံးပြု လိုပါက၊ အဖြူဝတ် ဓားသမား၏ ချို့ယွင်း ချက်ကို၊ ရှာဖွေ နိုင်ရန် လိုသည်။
အနည်းငယ် တုန့်ဆိုင်း ပြီးနောက်၊ လင်းယွန်က၊ ဓားသမားကို ကြည့်ကာ၊
“ မင်း ငါ့ကို နာကျင်အောင် လုပ်ဖို့၊ ဒါမှ မဟုတ် မလုပ်ဖို့ ... တစ်ခုခုကို မင်းရွေးချယ် နိုင်တယ်၊ ဒါပေမယ့် မင်းငါ့ကို နာကျင်အောင် လုပ်ဖို့ အတွက်၊ ရွေးချယ် ခဲ့တယ် ဆိုရင်တော့၊ ဒါက မင်းရဲ့ ချို့ယွင်း ချက်ကို၊ ရှင်းရှင်း လင်းလင်း ဖော်ပြ နေတာပဲ။ "
" ငါ့ကို ဓားနဲ့ ထိုးရင်၊ မင်းအနိုင် ရမယ်။ "
အဝတ်ဖြူဝတ် ဓားသမားက အနည်းငယ် ငြိမ်းသက် သွားပြီးနောက်၊ တူညီသော စကားရပ်ကို၊ ထပ်ခါ တလဲလဲ ပြောလာခဲ့ ပြန်သည်။
“ တစ်စုံ တစ်ယောက်က သူ့ကို အနိုင်ယူဖို့၊ ချို့ယွင်းချက် တစ်ခုကို ရည်ရွယ်ချက် ရှိရှိ၊ ထုတ်ပြ နေတာကို ငါ မကြိုက်ဘူး၊ မင်းငါ့ကို ဒဏ်ရာ အနာတရ ရအောင် လုပ်နိုင်မယ် ထင်လား။ "
စကားဆုံး သည်နှင့် ဓားကို ဆွဲကာ၊ လေးနက်သော ခြေလှမ်း ခုနစ် လှမ်းအား၊ အကန့်အသတ် အထိ၊ တွန်းတင် လိုက်သည်။
အသက် တစ်ရှိုက်စာ အတွင်း၊ ခြေလှမ်း ကိုးလှမ်း လှမ်းတက် သွားကာ၊ နောက်ဆက်တွဲ ပုံရိပ် ကိုးရိပ်ကို၊ ဖန်တီး လိုက်သည်။
ပြီးနောက် ပုံရိပ် တစ်ရိပ် စီသည် အဖြူရောင် ဝတ်ထားသော ဓားသမားကို ဝိုင်းပြီး၊ ဓားဖြင့် ထိုးချ လိုက်၏။
ထိုဓားချက် များမှာ အစစ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ အရေး မကြီးနိုင်။ ၎င်းတို့၏ ပစ်မှတ်ကို လွဲချော်သွား ကြသည်။
အဖြူဝတ် ဓားသမား၏ လှုပ်ရှားမှု များမှာ၊ တိမ်တိုက် တစ်ခုလို ပေါ့ပါး နေပေသည်။ ထို့ကြောင့်ပင် တိမ်တိုက်ကို ဓားဖြင့်၊ ထိုးလိုက် သကဲ့သို့၊ ခံစား လိုက်ရ၏။
“ စိတ်ဝင် စားဖို့ ကောင်းတယ်။ ”
အဖြူဝတ် ဓားသမား၏ ရွေ့လျားမှု နည်းစနစ်မှာ၊ မည်မျှ အဆင့်မြင့် လှသည်ကို၊ မြင်လိုက် ရသောကြောင့်၊ စိတ်လှုပ်ရှား စွာဖြင့်၊ မျက်လုံးများ တောက်ပ လာသည်။
" ငါပြော သလိုပဲ မင်းငါ့ကို နောက်ထပ် မထိနဲ့။ "
ပုံရိပ် ကိုးရိပ် တစ်သားတည်း၊ ဖြစ်တည် လာချိန်၌ သူ့ခန္ဓာ ကိုယ်က နောက်သို့၊ ပြန်လည် ဆုတ်ခွာ သွားခဲ့ပြီး ဖြစ်ရာ၊ အဖြူဝတ် ဓားသမာ၏ ဓားချက်ကို၊ လွတ်သွား ခဲ့သည်။
မျက်စိ တစ်မှိတ် အတွင်း မှာပင်၊ နှစ်ယောက်သား ထိပ်တိုက် တွေ့ဆုံ မိကြပြီး၊ လင်းယွန်က လရောင် ရေစင် ဓားကို၊ ကောင်းစွာ ကွပ်မျက် လိုက်နိုင်သည်။
" ရေ ခဲ ....."
လရောင် ရေစင် ဓား၏၊ နောက်ဆုံး လှုပ်ရှားမှု ဖြစ်သော၊ 'အနန္တ နှင်း လွင်ပြင်' ကို လုပ်ဆောင် လိုက်စဉ်၊ သူ့ မျက်နှာမှာ အေးစက် သွား၏။
အဖြူဝတ် ဓား သမားမှာ၊ တိမ်တိုက် ဖြစ်လျှင်ပင်၊ ရေခဲ ၏ သဘာဝ စည်းမျဉ်းကို၊ နာခံ နေရ ပေလိမ့်မည်။
ကျဉ်းမြောင်းသော ကျောက်စင်္ကြံ လမ်းမ တစ်လျှောက်၊ ရေခဲ အလွှာများ ဖုံးလွှမ်း သွားပြီး၊ လင်းယွင်၏ ဓားမှာ၊ အဖြူဝတ် ဓားသမား ထံသို့၊ အရပ်ရပ်မှ ကျရောက်၊ အေးခဲ သွားစေ ခဲ့၏။
ရက်စက်သော တိုက်ခိုက် မှုများကို၊ အသုံးပြု ခြင်းသည်၊ ပြိုင်ဘက်၏ လျင်မြန်သော ရွေ့လျားမှု များအား ချိုးဖျက်ရန်၊ နည်းလမ်း တစ်ခုလည်း ဖြစ်သည်။
ရွှေရောင် အလင်းတန်း များနှင့် အတူ၊ လင်းယွန်က ရေခဲ ရုပ်ထု ရှေ့၌၊ ရုတ်တရက် ထွက်ပေါ် လာပြီး၊ ဓားဖြင့် ထိုးချ လိုက်သည်။
" မင်း ရှုံး ပြီ။ "
သူ၏ ဓားက ရေခဲ ရုပ်တု ပေါ်သို့၊ ကျရောက် သွားပြီး၊ ရေခဲလွှာ များအား ကွဲအက် သွားစေ တော့သည်။
ရေခဲ အလွှာများ ပြိုကျ သွားသော်လည်း၊ အထဲ၌ မည်သူမျှ ရှိမနေ သောကြောင့်၊ သူ့ မျက်နှာမှာ ပြောင်းလဲ သွား၏။
ရုတ်တရက် နောက်သို့ ချက်ချင်း လှည့်ကြည့် လိုက်ရာ၊ အေးစက်သော ဓားတစ်လက်က၊ သူ့နဖူး အလယ်သို့၊ ချိန်ရွယ် ထားလေသည်။
လှုပ်ရှားရန် မဝံ့ တော့ပေ။ အေးစက်သော ဓားဖျားက၊ သူ့ အရေပြား မှတဆင့် စိမ့်ဝင် လာပြီး၊ သွေးစက်များ ကျဆင်း လာစေ၏။
နောက်ထပ် လက်မ ဝက်ခန့်၊ ဓားဖျားကို တိုးစိုက် လာပါက၊ အဖြူဝတ် ဓားသမားက သူ့အသက်အား နှုတ်ယူ သွားနိုင် တော့မည် ဖြစ်သည်။
" ငါ့ကို ဓားနဲ့ ထိုးရင်၊ မင်းအနိုင် ရမယ်။ "
သတ္တု သံဖြင့် နောက်တစ်ကြိမ်၊ ထပ်မံ သတိ ပေးလာ ပြန်၏။ သို့သော် စကားဆုံး သည်နှင့်၊ ရုတ်တရက် ဆိုသလိုပင်၊ နောက်ထပ် စကား တစ်ခွန်းကို၊ ပြင်ပြော လာခဲ့သည်။
“ .... စမ်းသပ်မှု ပြီးသွားပြီ၊ မင်းရဲ့ နားလည်မှုက၊ ငါထုတ်ပြ နေတဲ့ ...၊ ချို့ယွင်း ချက်ကို ရှာနိုင် ခဲ့တယ်။ "
အဖြူဝတ် ဓားသမားက၊ လင်းယွန် ရှေ့မှ ပျောက်ကွယ် သွားပြီးနောက်၊ အပြာရောင် ကြာပန်း ဆီ၌၊ ပြန်လည် ထွက်ပေါ် လာ၏။
တစ်ဆက်တည်း မှာပင်၊ မှုန်ဝါးဝါး အလင်းများ၊ ဖြာထွက် ဖုံးလွှမ်း လာနေသော၊ အသွင် အပြင်ဖြင့်၊
“ မင်းက ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတယ်၊ ဒါပေမယ့် ကမ္ဘာ ကြီးက ကျယ်တယ်၊ ဒီပွဲမှာ မင်းရဲ့ ကျင့်ကြံမှု အဆင့်ထိ၊ ငါ့ ခွန်အားကို ဖိနှိပ် ထားခဲ့ ရတယ်၊ ဒါပေမယ့် မင်းရဲ့ ထိုးထွင်း သိမြင် နိုင်မှုက .... ငါ့ထက် သာတယ်၊ ...''
'' ... အခု ဒီမှာ လျှို့ဝှက်ချက် တွေကို၊ ငါပြောပြမှာ မဟုတ်ဘူး၊ မင်းရဲ့ ဓားဟာ ဘာကြောင့်၊ ငါ့ကို မထိ ရလဲ ဆိုတာ သိချင်ရင်၊ ဒဿမ အဆင့်မှာ ငါ့ကို လာရှာပါ။ "
ထို့နောက် အဖြူဝတ် ဓားသမားက၊ ပြာရောင်ကြာပန်း နှင့်အတူ၊ ပျောက်ကွယ် သွားသည်။ ယင်းကြောင့် လင်းယွန်အား စိတ် သက်သာရာ ရစေ ခဲ့၏။
နဖူး ပေါ်ရှိ ဓားဒဏ်ရာ လေးကို ပွတ်ကြည့်ကာ၊ ကူကယ် ရာမဲ့ ဟန်ဖြင့် ပြုံးလိုက်သည်။
မူရွှန်းဟန်နှင့် ရင်ဆိုင် ရသော အခါ တွင်ပင်၊ သွေးတစ်စက် မထွက်ခဲ့ပေ။ ကြာမိစ္ဆာ နယ်မြေရှိ၊ သူ၏ ခရီးစဉ်မှာ၊ အစစ အရာရာ ချောမွေ့ ခဲ့သည်။ ၎င်းသည် သူ့အား ယုံကြည်မှု၊ လွန်ကဲ လာစေ၏။
သို့သော် အဖြူဝတ် ဓားသမားက သူ့အား ပုတ်နှိုး သွားသည်။ ထိုဓားသမား၏ စကားကို၊ ပြန်လည် သတိရ သွားကာ၊
" ဒဿမ အဆင့် ... အဲဒီကို ငါလာမယ်။ "
-ဟု ရေရွတ် လိုက်မိသည်။
ထိုအချိန်တွင် တစ်စုံ တစ်ယောက်မှာ၊ ဆဋ္ဌမအဆင့်သို့၊ ရောက်ရှိ သွားပြီ ဖြစ်သည်။
အကယ်၍ အကြင်သူသည် တစ်ရက် အတွင်း၊ ဆဋ္ဌမ အဆင့်သို့ မရောက်ရှိ နိုင်ပါက၊ ကြာနက် နန်းတော်၏ စည်းမျဉ်းများ အရ၊ ပြန်လည် ပို့ဆောင်ခြင်း ခံရမည် ဖြစ်သည်။
'' ဆဋ္ဌမ အဆင့်ကို တစ်ယောက် ယောက် ဖြေရှင်း နေပြီ၊ မင်းရဲ့ အချိန် တွေကို မဖြုန်းတီး ပါနဲ့။ "
ပဉ္စမ အဆင့်တွင် အချိန် များစွာ၊ ကုန်ဆုံး သွား သောကြောင့်၊ လင်းယွန်၏ စိတ်ထဲ၌ သတိပေး သံများ၊ ရုတ်တရက် ထွက်ပေါ် လာသည်။
" တစ်ယောက် ယောက်က ဆဌမ အဆင့်ကို ရောက်နေ ပြီလား။ "
လင်းယွန်က မဲ့ပြုံး ပြုံးလိုက်သည်။ တုန်လှုပ် သွားခြင်း မရှိပေ။
စင်စစ် သော်ကား ၎င်းကို အာရုံ စူးစိုက် ထားပါလျှင်၊ အဖြူဝတ် ဓားသမား၏ ရည်ရွယ်ချက် ရှိရှိ၊ ထုတ်ဖော် ပြောဆို နေသည့် ချို့ယွင်း ချက်အား၊ မည်သူ မဆို တွေ့ရှိ နိုင်သည်။
ဂိုဏ်းကြီး လေးဂိုဏ်း၏၊ အမာခံ တပည့်များအတွက်မူ၊ သာ၍ လွယ်ကူ နိုင်မည်။
မထွက်ခွာမီ ခေတ္တ အနားယူ လိုက်ပြီးနောက်၊ အရှိန် အပြည့်ဖြင့် လျင်မြန်စွာ လျှောက်လှမ်းလာခဲ့သည်။
သူ့ အငွေ့ အသက်ကို ဖုံးကွယ် ဖို့ရန် ရည်ရွယ်ချက် မရှိ ခဲ့ပေ။
လမ်းတစ်လျှောက် ရတနာများ ပိုင်ဆိုင် လိုမှု အတွက်၊ လူအများ တိုက်ပွဲ ဝင်နေသည့်၊ လျှို့ဝှက် အခန်းပေါင်း များစွာကို၊ လျစ်လျူရှုကာ ဖြတ်သန်း လာခဲ့သည်။
နာရီဝက် အကြာတွင်၊ ရတနာ ကြာပန်း ပလ္လင် ရှိရာ၊ ခန်းမ အတွင်းသို့ ရောက်ရှိ လာ၏။
ပလ္လင် ပေါ်တွင်၊ ရတနာ ထွက်ပေါ် လာခြင်း မရှိ သေးပေ။ ခန်းမ အတွင်း၌ ကြာပလ္လင်၏၊ တစ်ဖက် တစ်ချက် စီတွင်၊ လူနှစ်ယောက် ရပ်ကာ၊ စောင့်မျှော် ကြည့် နေသည်။
အရှိန် အဝါကို ရုတ်သိမ်း ထားခြင်း မရှိ သောကြောင့်၊ စောင့်ကြပ် နေသော လူနှစ်ယောက်က၊ သူ ရောက်ရှိ လာ သည်ကို၊ ချက်ခြင်း ခံစား သိရှိ သွားသည်။
" နောက်တစ်ယောက် သေဖို့၊ ရောက် လာပြန်ပြီ။ "
နှစ်ယောက်သား အချင်းချင်း ကြည့်ပြီး ရယ်မော လိုက်ကြ၏။ သို့သော် ဝင်ရောက်လာ သူ၏ ရုပ်သွင်ကို၊ မြင်လိုက် ရချိန်တွင်၊ ထိတ်လန့် သွားကြ လေသည်။
" တိုက်ဆိုင် လိုက်တာ၊ မင်းတို့ဆီ ပြေးလာ မိတဲ့ ငါ့ကိုယ်ငါ၊ ဘယ်လိုတောင် သနား စရာ ကောင်းနေ မလဲလို့၊ တွေးနေ မိတယ်။ ”
လင်းယွန်က ပြုံးကာ ဆိုသည်။ ၎င်းတို့ နှစ်ဦးသည် သဘာဝ အားဖြင့်၊ ဇောင်ကွမ်နှင့် ရှောင်းမင်တို့ ဖြစ်၏။
ရတနာ ကြာပန်း ပလ္လင် များစွာ ရှိသည့် အနက်၊ အချင်းချင်း ပြန်လည် တွေ့ဆုံ မိခြင်းမှာ၊ တိုက်ဆိုင်မှု တစ်ခုလည်း ဖြစ်သည်။
ဇောင်ကွမ်နှင့် ရှောင်းမင် တို့က၊ လင်းယွန် စကားကြောင့်၊ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် လိုက်သည်။
သူတို့ နှစ်ဦးက ကြာနက် နန်းတော် အတွင်း၊ ကောင်းမွန်သော ရိတ်သိမ်း နိုင်မှုများ ရရှိ ထားသည်။
ထို့ကြောင့် ယခု အခါတွင်၊ နက်နဲ ဒဿမ အဆင့် တံခါး ဝသို့၊ ရောက်ရှိ လာပြီးနောက်၊ သူတို့ အရှိန်အဝါမှာ၊ အစွမ်း ထက်သော သားရဲ နှစ်ကောင် ကဲ့သို့၊ သိပ်သည်း နေပေ၏။
" ဘယ်လောက်တောင် မောက်မာ လိုက်လဲ၊ ငါတို့သာ မင်းရဲ့ စီနီယာနဲ့၊ တိုက်ပွဲ ဆင်နွှဲ ထားတာ မဟုတ်ရင်၊ မင်းရဲ့ တောင်မကျ မြောက်မကျ၊ ဒရာကိုဖီ ခန္ဓာ ကိုယ်က၊ ငါတို့ကို ဖိနှိပ် နိုင်မယ် ထင်လား။ ''
ဇောင်ကွမ်၏ မျက်ဝန်းများ ထဲတွင်၊ သတ်ဖြတ် လိုသော ဆန္ဒများ၊ ပြည့်နှက် လာပြီး၊ ဟစ်အော် လိုက်သည်။
“ သူ့ကို သတ်ကြ ရအောင်၊ ဒါက သူ့ကို ရှာရမယ့် ဒုက္ခကို၊ သက်သာစေ လိမ့်မယ်။ ”
ရှောင်းမင်က ပြုံးကာ ဆိုသည်။
" ငါ့ရဲ့ ဒရာကိုဖီ ခန္ဓာကိုယ်က၊ တောင်မကျ မြောက်မကျ ဖြစ်နေ ပေမယ့်၊ ဓားကတော့မဟုတ်ဘူး။ ''
ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်သည်နှင့်၊ မိုးတိမ်များ စုဖွဲ့ လာသော သဘာဝ ဖြစ်စဉ်များ၊ ဖြစ်ပေါ် လာခဲ့သည်။
အရှိန် အဝါကို ထုတ်ဖော် လိုက် သည်နှင့်၊ တိမ်များ ကြားတွင် တောက်ပ နေသော လတစ်စင်း ကဲ့သို့၊ ခံစားချက်များ ပေးစွမ်း လာ၏။
ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို၊ ထုတ်ဖော် လိုက်ခြင်းဖြင့်၊ ဇောင်ကွမ်နှင့် ရှောင်းမင် တို့၏ ဖိနှိပ်လာ မှုများအား၊ ဆုတ်ခွာ သွားစေ ခဲ့သည်။
ပြီးနောက် ပန်းသင်္ချိုင်း ဓားကို၊ လွှဲယမ်း လိုက်ရာ၊ ဓား ရည်ရွယ်ချက် များက၊ လှိုင်းများ သဖွယ် ရိုက်ခတ် သွား၏။
ဇောင်ကွမ်နှင့် ရှောင်းမင်က တဟုန်ထိုး ရိုက်ခတ် လာသော လှိုင်းလုံး များကို၊ အလိုက်သင့် စီးမျော နိုင်ခဲ့ သော်လည်း၊ သူတို့ ခန္ဓာကိုယ် ထဲသို့၊ တိတ်တဆိတ် ဝင်ရောက် လာသည့်၊ ဓား ရည်ရွယ်ချက် ကိုမူ၊ သတိ မ ထားမိ လိုက်ခြေ။
လင်းယွန်၏ အငွေ့ အသက်များ၊ ရုတ်တရက် ပြောင်းလဲ သွားပြီး၊ ဓား ရည်ရွယ် ချက်အား၊ ပြိုင်ဘက် ခန္ဓာ အတွင်းသို့၊ တသွင်သွင် ရိုက်သွင်း နေခဲ့ ပေ၏။
ဇောင်ကွမ်နှင့် ရှောင်းမင်မှာ၊ ဓားလှိုင် များပေါ် စီးမျော လိုက်ပါ ပြီးနောက်၊ ပြန်လည်တိုက်ခိုက်ရန် ပြင်မိ ချိန်တွင်၊ လင်းယွန်မှာ လေနှင့် အတူ၊ ပျောက်ကွယ် သွားတော့သည်။
" သေ စမ်း...."
"ဘာတွေ ဖြစ်နေ တာလဲ။ "
နှစ်ယောက်သား လက်တုံ့ပြန် လိုက် သော်လည်း၊ ဝါဂွမ်းအား ထိုးနှက်မိ သွား သကဲ့သို့၊ ခံစားချက် များကြောင့်၊ ထိတ်လန့် သွား ကြသည်။
ဆယ်ကြိမ် တိတိ လွှဲခုတ်ပြီး နောက်တွင်၊ လင်းယွန်က ပန်းသင်္ချိုင်း ဓားကို၊ ဓား သေတ္တာ ထဲသို့၊ ပြန်လည် ရုတ်သိမ်း လိုက်၏။
လင်းယွန်၏ အပြုအမူ ကြောင့်၊ နှစ်ယောက်သား ရှုပ်ထွေးစွာ လှမ်းကြည့် မိသည်။
" ဒါတွေ မင်းရခဲ့ တာလား။ "
ဇောက်ကွမ်နှင့် ရှောင်းမင် တို့က မျက်ခုံးပင့်ကာ ဆိုလိုက် ကြသည်။
သို့သော်လည်း လင်းယွန်က သူတို့ နှစ်ဦးအား လျစ်လျူရှု လိုက်ကာ၊ လက်နှစ်ဖက်ကိုနောက်ပစ်လျက်၊ ကျောခိုင်း လိုက်သည်။
'' ပေါင်း စပ် .... ''
ရတနာ ကြာပန်း ပလ္လင်သို့၊ လျှောက်သွား နေ လျက်ဖြင့်၊ သူ့ညာ လက်ကို မြောက်ပြ လိုက်ကာ၊ လက်သီး ဆုပ်လိုက်၏။
ထိုအချိန်တွင် ရတနာ ကြာပန်း ပလ္လင်မှာ၊ တုန်ခါ သွားပြီး၊ ပန်းချီကား တစ်ချပ် ထွက်ပေါ် လာသည်။
ထိုမြင်ကွင်းကြောင့် ဇောင်ကွမ်နှင့် ရှောင်းမင်တို့မှာ၊ လှုပ်ရှားရန် ပြင်လိုက် ချိန်တွင်၊ လည်ချောင်း ထဲမှ ပူနွေး ပြစ်တွဲသော အရည်များ၊ ရုတ်တရက် ပျို့တက် လာသည်။
သူတို့၏ ကိုယ်ခန္ဓာ အတွင်းရှိ၊ ဓား ရည်ရွယ် ချက်များ၊ ပေါင်းစပ်လာ သောကြောင့်၊ အောင့်မြက် နာကျင် သွားသည်။
ထိတ်လန့် သွားပြီး၊ ဟန်တားရန် ကြိုးစား လိုက်သော်လည်း၊ နောက်ကျ သွားလေပြီ။
လင်းယွန်က ပန်းချီ ကားကို ဆွဲယူလိုက် ချိန်တွင်၊ ဇောင်ကွမ်နှင့် ရှောင်းမင် တို့၏ ခန္ဓာကိုယ် များမှ၊ တောက်ပသော ဓားရောင်ခြည်များ ပေါက်ကွဲ ထွက်လာပြီး၊ ၎င်းတို့ နှစ်ဦးအား သွေးမြူများ အဖြစ်သို့၊ ပြောင်းလဲ ပြစ်လိုက်၏။
သွေးမြူများ ပေါက်ကွဲ သွားခြင်းမှာ၊ ကြက်သွေးရောင် ပန်းပွင့် တစ်ပွင့်၊ ပွင့်လန်း လာသလို ပေပင်။
ယင်းကြောင့် ကျန်ရှိသော၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အထက် တန်းစား တပည့် များအား၊ ကြောက်ရွံ့မှု များဖြင့် တုန်လှုပ် သွားစေ ၏။
အစောပိုင်း အချိန် ၌ပင်၊ သူတို့က ရောက်ရှိ နေခြင်း ဖြစ်ပြီး၊ တိုက်ပွဲကို တိတ်တဆိတ် စောင့်ကြည့်ကာ၊ အခွင့် အရေးကို စောင့်ဆိုင်း နေခဲ့ခြင်း ဖြစ်သည်။
ယခုမူ ပါးစပ်ကို အမြန် ပိတ်ကာ၊ အလျင် အမြန် ထွက်ခွာရန် ကြိုးစား လိုက်ကြသည်။ လင်းယွန်က သူတို့အား သတိထား မိနေပြီး၊ ဖြစ်သည်ကို သူတို့ မသိပေ။
လင်းယွန်၏ အာရုံမှာ၊ ပန်းချီ ကား ပေါ်တွင်သာ၊ ကျရောက် နေခဲ့သည်။ ၎င်းမှာ ရူရ် များဖြင့်၊ ဖွဲ့စည်း ထားသော 'တာအို ရှုမြင်ခြင်း ပန်းချီကား' ၊ တစ်ချပ် ဖြစ်၏။
ထိုပန်းချီကား ပေါ်တွင်၊ ရှေးကျသော ဒရာကိုဖီ သားရဲ တစ်ကောင်၊ ရုန်းကြွ အသက်ဝင်နေသည်။
ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်ကို၊ လေ့ကျင့် ထား သော်လည်း၊ ဒရာကိုဖီ သားရဲမှာ မည်သို့သော၊ ပုံသဏ္ဍာန် ဖြစ်မည်ကို သူ မသိပေ။
ရှေးဟောင်း တာအို ဂိုဏ်းတွင်၊ ပန်းချီကားတစ်ချပ် ရှိပြီး၊ အမာခံ တပည့်များ ကသာ၊ ၎င်းကို ရှုမြင်ရန်၊ အရည် အချင်း ပြည့်မီကြောင်း သူ ကြားသိ ထားသည်။
သို့သော် ဤပန်းချီ ကားသည် ရှေးဟောင်း တာအို ဂိုဏ်း၏ ပန်းချီ ကားထက်၊ အဆင့် များစွာ မြင့်သည်ဟု ခန့်မှန်း နိုင်၏။
ပန်းချီကားတွင် ပြသ ထားသော ဒရာကိုဖီသည် အလွန် အသေးစိတ် ကျ၏။ ပန်းချီကားကို သိမ်းဆည်း ပြီးနောက်၊ ကျေနပ် အားရစွာ ပြုံးလိုက်သည်။
ကြာနက် နန်းတော်တွင် ရတနာ များစွာ ရှိသော်လည်း၊ ဒရာကိုဖီ ပုံကြမ်းကို အမှတ် မထင် ရရှိ ခဲ့သည်။
ယင်းမှာ တိုက်ဆိုင်မှု တစ်ခု ပေပင်။ သို့သော် ထိုသို့သော တိုက်ဆိုင်မှု မျိုးကို၊ သူ မယုံကြည်ပေ။
အစောပိုင်း အချိန်ထိ၊ နဂါး ပန်းချီကား မျိုးကို သာ ရယူ လိုခဲ့ သော်လည်း၊ ဒရာကိုဖီ ပန်းချီကားကို၊ တည့်တည့် မှတ်မှတ် ရရှိသည် အထိ၊ ဤမျှ ကံကောင်း မည်ဟု မထင်ခဲ့ပေ။
သူ့အထင် သာမှန် ပါလျှင်၊ အဖြူဝတ် ဓားသမားက၊ သူ့အတွက် တစ်ခုခု ပြင်ဆင်ထား ပုံရသည်။
သူက ဒဿမ အဆင့်၌ စောင့်ကြို နေ၏။ လင်းယွန်က ပြုံးကာ၊ ရတနာ ကြာပန်း ပလ္လင် ပေါ်သို့၊ ခုန်တက် လိုက်လေသည်။
***