← Chapters

ဖြတ်ကျော်ရန် ကြိုးပမ်းခြင်း။

Vol. 27 Ch. 372

ဖြတ်ကျော်ရန် ကြိုးပမ်းခြင်း။

Vol. 27 Ch. 372

ကြာနက် နန်းတော်တွင် ရတနာ များစွာ ရှိသော်လည်း၊ ဒရာကိုဖီ ပုံကြမ်းကို အမှတ် မထင် ရရှိ ခဲ့သည်။

သူ့အထင် သာမှန် ပါလျှင်၊ အဖြူဝတ် ဓားသမားက၊ သူ့အတွက် တစ်ခုခု ပြင်ဆင်ထား ပုံရသည်။

လင်းယွန်က သူ့ အတွေးကို သဘော ကျလျက် ပြုံးကာ၊ ရတနာ ကြာပန်း ပလ္လင် ပေါ်သို့၊ ခုန်တက် လိုက်လေသည်။

ကြာနက် နန်းတော်၏ ပဉ္စမ အဆင့်တွင်၊ ရှင်းယန်နှင့် ချင်းရွှမ်ဂျွန် တို့နှစ်ဦး၊ တွေ့ဆုံ သွားပြီးနောက်၊ ရတနာများ ရယူရန် အတူ တကွ ပူးပေါင်း ခဲ့ကြသည်။

လမ်း တစ်လျှောက် ရတနာ များစွာကို၊ အလွယ် တကူ သိမ်းယူ နိုင်ခဲ့ပြီး၊ ရှင်းယန်မှာ ထိုအရင်းအမြစ် များနှင့်၊ နက်နဲ့ နဝမ အဆင့်သို့၊ အောင်မြင်စွာ တက်ရောက် နိုင်ခဲ့သည်။

တစ်ဖက် တွင်မူ နက်နဲ နဝမ အဆင့်၊ ပိတ်ဆို့ မှုများ ဖြေလျော့ သွားသည်ကို၊ ချင်းရွှမ်ဂျွန်က ခံစား လိုက်နိုင်သည်။

ကြာမိစ္ဆာ နယ်မြေ အတွင်း၊ အဆင့် ချိုးဖြတ် နိုင်ခြင်း မရရှိ ခဲ့သော်လည်း၊ တစ်လခွဲ အကြာ၌ ဒဿမ အဆင့်သို့၊ တက်လှမ်း နိုင်တော့ မည်ဟု၊ ယုံကြည်သည်။

အထူး သဖြင့် ရှင်းယန်မှာ၊ အလွန် အားကောင်း လာခဲ့သည်။ သူမ၏ သွေးမီးလျှံဓား နည်းစနစ်သည်၊ ပြီးပြည့်စုံသော ကျွမ်းကျင်မှုသို့ ရောက်ရှိ လာခဲ့ပြီး၊ ဓားချက်တိုင်း၌ ကြက်သွေးရောင် မြူများကို၊ ဖန်တီးနိုင်မည် ဖြစ်သည်။

သို့သော် သူတို့ နှစ်ယောက် ပေါင်းပြီး ပြိုင်ဘက်ကို အနိုင် မယူနိုင် သေးပေ။ ဆန့်ကျင်ဘက် အနေဖြင့်၊ ဖိနှိပ် ခံနေ ကြရသည်။

" ဆက်သွားချင် သေးလား။ "

ရွှန်းဝူဟန်က သူတို့ နှစ်ယောက်ကို၊ လက်ဖဝါးတစ်ချက်ဖြင့်၊ နောက်ပြန် တွန်းထုတ် ပြီးနောက် မေးလိုက်သည်။

ဝတ်ရုံ စကို ဟန်ပါပါ ရုတ်သိမ်း လိုက်ကာ၊ ပြုံးလျက်ဖြင့် သူတို့ အဖြေအား စောင့်မျှော် နေလေသည်

ရှင်းယန်၏ မျက်ဝန်း များထဲတွင်၊ တွန့်ဆုတ် မှု များဖြင့်၊ တောက်ပ နေသော်လည်း၊ ချင်းရွှမ်ဂျွန်က ဟန့်တား လိုက်ပြီး။

" အစ်ကို ဝူဟန်က 'တိမ်မြူ ဖုံးသော ဓား' ကို မသုံးရ သေးဘူး။ "

-ဟု သတိပေး လိုက်သည်။

'' အနိုင် ပေးတဲ့ အတွက် ကျေးဇူးတင် ပါတယ်။ ''

ရှင်းဝူဟန်က လက်ဝှေ့ ယမ်းပြီး၊ ကြာပလ္လင်ပေါ်ရှိ ရတနာကို၊ ကျေနပ်သော အရိပ် အယောင်ဖြင့်၊ လှမ်းယူ လိုက်သည်။

ရှင်းယန်နှင့် ချင်းရွှမ်ဂျွန်မှာ၊ စိတ်ပျက် လက်ပျက်ဖြင့်၊ ခေါင်းယမ်း လိုက်ကြသည်။လုံလောက်အောင် သန်မာခြင်း မရှိသည့် အတွက်၊ သူတို့ လုပ်နိုင်သော အရာ မရှိပေ။

" ဒီနှစ် နဂါးတခါး ပြိုင်ပွဲမှာ၊ ညီအစ်ကို ဝူဟန်က၊ ပါရမီရှင် ရှစ်ပါး ထဲက၊ တစ်ပါး ဖြစ်လာဖို့ ၊ အခွင့် အရေး ရှိနိုင် တယ်လို့၊ ငါယုံကြည် မိတယ်။ "

ချင်းရွှမ်ဂျွန်က ရွှန်းဝူဟန်ကို ကြည့်ပြီး ပြုံးကာ ဆိုသည်။

'' အဲဒါက မဖြစ် နိုင်ဘူး၊ ပါရမီရှင် ရှစ်ပါးရဲ့ ခွန်အားက၊ မင်းထင်ထား တာထက်၊ ပိုကြောက်စရာ ကောင်းတယ်၊ ခရမ်းရောင် နန်းတော် နယ်ပယ်က၊ တစ်စုံ တစ်ယောက်ကို သတ်ဖို့ ခွန်အား မရှိရင်၊ ပါရမီရှင် ရှစ်ပါး စာရင်း ဝင်ဖို့ မစဉ်းစားနဲ့၊ ဒါပေမယ့် နောက် သုံးနှစ် ဆိုရင်တော့ ဖြစ်နိုင် ပါတယ်။

ရွှန်းဝူဟန်က ပြုံးပြီး၊ ကြာပလ္လင်ပေါ် ခုန်တက်၊ ပျောက်ကွယ် သွားသည်။

သူ ပျောက်ကွယ် သွားမှ သာလျှင်၊ ရှင်းယန်က သူ့ဓားကို ရုတ်သိမ်း လိုက်ပြီး၊ သက်ပြင်း ချကာ၊

'' ငါတို့ သူ့ကို မဟန့်တား နိုင် လိုက်တာ စိတ်ပျက် စရာပဲ။ "

" ဂျူနီယာ ညီလေး အတွက် ဖိအား တွေကို၊ လျှော့ချချင် နေတာလား။ "

ချင်းရွှမ်ဂျွန်က အတွေးကို ဖမ်းယူမိ သကဲ့သို့၊ ပြုံးပြီး မေးလိုက်သည်။

တိုက်ခိုက် နေစဉ်တွင်၊ သူတို့က ရွှန်းဝူဟန်၏ ပြိုင်ဘက်များ မဟုတ်ကြောင်း၊ သတိထား မိသည်။

ရွှန်းဝူဟန်၏ ခွန်အားမှာ၊ ကောင်းကင် အဆင့် ထိပ်ဆုံး သုံးနေရာသို့၊ ဝင်ရောက် နိုင်သည်။

နောက်ဆုံးတွင် ရွှန်းဝူဟန်သည်၊ လင်းယွန်၏ ပြိုင်ဖက်များ ထဲမှ၊ တစ်ယောက် ဖြစ်လာ မည်ကို၊ သူတို့ သိထား သောကြောင့်၊ အခွင့် အရေးများ ဆုံးရှုံး စေ ခြင်းဖြင့်၊ လင်းယွန်အား ကူညီချင် ခဲ့ကြသည်။

ယင်းကြောင့်ပင် ရွှန်းဝူဟန်အား၊ သူတို့က ဟန့်တား လိုခြင်း ဖြစ်သည်။

ရှင်းယန်က ပြုံးပြီး၊

" စီနီယာ အကိုချင်း၊ ဂျူနီယာ မောင်လေးက ဘယ်လောက် အထိ၊ သွားနိုင်မယ် ထင်လဲ။ ''

" အနည်းဆုံး သတ္တမ အဆင့်ပေါ့၊ ကံကောင်းရင် အဋ္ဌမ အဆင့်တောင် ရောက်နိုင်တယ်၊ နဝမ အဆင့် ကတော့၊ သိပ် မသေချာ လှဘူး။ ''

လက်တွေ့ ကျသော အကဲဖြတ်မှု တစ်ခု ပေပင်။ ပုံမှန် အားဖြင့် ဆိုရသော်၊ သတ္တမ သို့မဟုတ် အဋ္ဌမ အဆင့်သို့၊ တက်လှမ်း နိုင်သူ အများ အစား မရှိပေ။ ဆဋ္ဌမ အဆင့်သို့ ရောက်နိုင် လျှင်ပင် ဂုဏ်ယူ နိုင်သည်။

နောက်ဆုံးတွင်၊ ယင်းက ၎င်းတို့သည် ကြာမိစ္ဆာ နယ်မြေ၏ ကျားများ ကြားမှ၊ နဂါး ဖြစ်လာ မည်ဟု ဆိုလိုခြင်း ဖြစ်သည်။

နဝမ အဆင့် သို့တိုင်၊ မည်သူမျှ မရောက်ရှိ နိုင်ခဲ့ သည်မှာ၊ အနှစ် တစ်ထောင်ခန့် ရှိပြီ ဖြစ်သည်။ ထို့အထက်တွင် ဒဏ္ဍာရီလာ ဒဿမ အဆင့် ရှိ၏။

တစ်စုံ တစ်ယောက် တက်ရောက် နိုင်ခဲ့ ပြီးနောက်၊ ထပ်မံ မတက်ရောက် နိုင်တော့ သည်မှာ၊ နှစ်ပေါင်း မနည်း တော့ပေ။

ချင်းရွှမ်ဂျွန်၏ ခန့်မှန်း ချက်ကို ကြားလိုက် သည်နှင့်၊ ရှင်းယန်တွင် တက်ကြွသော ခံစား ချက်များ ပြည့်နှက် လာသည်။

သူမ၏ အကာ အကွယ်ကို၊ လိုအပ် ခဲ့သော ဂျူနီယာ မောင်လေးသည်၊ အချိန် အနည်းငယ် အတွင်း၊ အလွန် သန်မာ လာခဲ့ လေပြီ။

သူတို့ နှစ်ယောက် ပထမဆုံး တွေ့ဆုံ ခဲ့သော ကာလမှာ၊ တစ်နှစ်ကျော် ခန့်သာ ရှိသေး သော်လည်း၊ မေ့ပျောက် လုနီးပါး ဖြစ်နေ ခဲ့သည်။

အတွေး များကို ဖြတ်ချ လိုက်ပြီးနောက်၊ ရှင်းယန်က ပြုံးကာ၊

" စီနီယာ အစ်ကို ချင်း၊ မင်းက ဆဌမ အဆင့်ကို စမ်းကြည့် ချင်လား။ "

'' ဟင့် အင်း ... ''

ချင်းရွှမ်ဂျွန်က ခေါင်းယမ်း လိုက်သည်။

'' .... ဆဋ္ဌမ အဆင့်က ရွှန်းဝူဟန်လို လူတွေအတွက် ပါပဲ၊ သူနဲ့ ဆုံရတာ ကံကောင်းနိုင် ပေမယ့်၊ နတ်ဆိုး လမ်းစဉ် ကျင်ကြံ သူတွေနဲ့၊ ကြုံရရင် ဒုက္ခ ဖြစ်လိမ့်မယ်၊ သူတို့ တွေက ငါတို့ရဲ့ ကျောက်စိမ်းတုံး တွေကို၊ ချေမှုန်းဖို့ အခွင့် အရေး ပေးမှာ မဟုတ်ဘူး။ ''

ကျောက်စိမ်း တုံးကို ချေမွှ ခြင်းသည် တစ်စက္ကန့် မျှသာ ကြာသော်လည်း၊ ကျွမ်းကျင်ပညာရှင် များအတွက်၊ ထိုကာလ အတွင်း အကြိမ်ပေါင်း တစ်ဒါဇင်ခန့် သတ်ပစ် နိုင်သည်။

ဆဋ္ဌမ အဆင့်သို့ တက်လှမ်း လာနိုင်သော ကျွမ်းကျင် သူများက၊ ၎င်းကို လုပ်ဆောင်ရန် ခွန်အား ရှိကြ မည်မှာ၊ သံသယ ဖြစ်စရာ မလိုပေ။

" သွားကြ ရအောင်၊ အကြီးအကဲ လျိုနဲ့၊ စီနီယာ အစ်ကို ရှင်းဂျူက၊ ငါတို့ကို စိတ်ပူ နေမယ်။

ချင်းရွှမ်ဂျွန်က ပြုံးကာ ဆိုသည်။ ကြာမိစ္ဆာ နယ်မြေတွင်၊ သင့်လျော်သော ရိတ်သိမ်း မှုများ ပြုလုပ် နိုင်ခဲ့ပြီး၊ မကြာ မီပင် အောင်မြင်မှု တစ်ခုကို၊ ရယူ နိုင်တာ့မည် ဖြစ်သည်။

နက်နဲ ဒဿမ အဆင့်သို့ တက်လှမ်း နိုင်ပြီး နောက်တွင်၊ အသက် နှစ်ဆယ့် ငါးနှစ် မတိုင်ခင်၊ ခရမ်းရောင် နန်းတော် နယ်မြေအား၊ တက်လှမ်းရန် မဖြစ် နိုင်စရာ မရှိ တော့ခြေ။

" သွားကြ ရအောင်။ "

ပဉ္စမ အဆင့်တွင်၊ အချိန် အတော်ကြာ ရပ်တန့် နေမိ ပါက၊ ၎င်းတို့အား အတင်း အကျပ်၊ ပို့ဆောင် ခံရမည် ဖြစ်သည်။

နှစ်ယောက်သား ကျောက်စိမ်းတုံး များကို ဖိချေပြီး၊ နန်းတော်မှ ထွက်ခွာလိုက် ကြသည်။

ဆိတ်သုန်းသော နယ်မြေ အတွင်း၊ ကြာနက်နန်းတော်မှ ပြန်လည် ပို့ဆောင် လာသော၊ တပည့်များ ပို၍ များပြား လာသည်။

ဝင်ရောက် လာသူ (၉၉%) ခန့်ကို၊ ဖယ်ရှား ခံခဲ့ရ သောကြောင့်၊ ဂိုဏ်းငယ်ပေါင်း များစွာက ကြာမိစ္ဆာ နယ်မြေရှိ၊ ၎င်းတို့၏ ခရီးစဉ်ကို၊ အဆုံးသတ် သွားခဲ့သည်။

သို့သော် အသက် ရှင်လျက် ပြန်လာ နိုင်သူ တိုင်း၏ ခွန်အားမှာ၊ သိသိ သာသာ တိုးတက် လာ၏။

ကံကောင်းသူ များက၊ ရှေးဟောင်း သိုင်းပညာရပ် များနှင့်၊ လျှို့ဝှက် နည်းစနစ် များအား၊ ထုတ်ယူ နိုင်ခဲ့သည်။

သို့သော် အများ စုမှာ၊ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ အသက်ကို ထာဝရ စွန့်သွား ကုန်၏။

ရွှေနက် ဂိုဏ်းက ဥပမာ တစ်ခုပင် ဖြစ်သည်။ ကြာမိစ္ဆာ နယ်မြေသည် အခွင့် အလမ်းနှင့်၊ အန္တရာယ် နှစ်မျိုးလုံး ရှိသော၊ နေရာ တစ်ခု ဖြစ်သည်။

" ရှင်း ယန် "

ရှင်းဂျူက လှမ်းခေါ် လိုက်သည်။

" အကိုကြီး ...."

မောင်နှမ နှစ်ယောက် ပြုံးလျက်၊ နှုတ်ဆက် လိုက်ကြသည်။ လင်းယွန်မှ လွဲ၍ ဓားနန်းတော်၏ တပည့်များ၊ အားလုံး စုံပြီ ဖြစ်သည်။

ဓားနန်းတော်၏ တပည့် များက၊ ဤအကြိမ်၌ ကံကောင်း ခဲ့ကြောင်း၊ သံသယ ဖြစ်ဖွယ် မရှိပေ။

သူတို့သည် သေခြင်း တရားကို မခံစား ခဲ့ရဘဲ၊ သင့်လျော်သော ရိတ်သိမ်းခြင်း များကိုပင်၊ ရရှိ ခဲ့သည်။

" လင်းယွန် ဘယ်မှာလဲ။ "

လျိုဖန်းက ဓားနန်းတော်၏၊ တပည့် များကို စစ်ဆေးကာ မေးလိုက်သည်။

'' လင်းယွန်က ဆဋ္ဌမ အဆင့်မှာ ရှိမယ် ထင်ပါတယ်၊ အကြီးအကဲ လျို ... သူ့ အတွက် သိပ်စိုးရိမ် မနေပါနဲ့။ ''

ချင်းရွှမ်ဂျွန်က လေးနက်စွာ ဆိုသည်။ထို့နောက် ကြာမိစ္ဆာ နယ်မြေတွင်၊ လင်းယွန်၏ ကြီးထွား လာမှုကို၊ ဆက်လက် ရှင်းပြ လိုက်သည်။

'' ဒီကောင်လေးက ဓားနန်းတော်ကို တကယ် ဂုဏ်တက် စေတာပဲ။ ''

လျိုဖန်းက ထိုအကြောင်းကို၊ ချင်းရွှမ်ဂျွန် မပြော ပြခင် ကပင်၊ မှန်းဆ နိုင်၏။

ယခု အချိန် ကြာနက် နန်းတော် ထဲ၌၊ ကျန်ရှိ နေနိုင်သော တပည့်များ အားလုံးမှာ၊ ထူးချွန် ထက်မြက် သူများ ဖြစ်သည်။

'' လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းရဲ့ ရွှန်းဝူဟန်က၊ အထဲမှာ ရှိနေ တုန်းပဲ၊ သူက အခု ဆဋ္ဌမအဆင့်ကို သွားနေတာ ဖြစ်နိုင်တယ်။ ''

" မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်းက၊ ဖန်းယီလည်း ကျန်နေ သေးတယ်။ ''

'' မိစ္ဆာ မီးလျှံ ဂိုဏ်းရဲ့၊ ဘိုင်ယွီ ရောပဲ။ ''

" သွေးရိုး တံခါး ဂိုဏ်းက မူရွှန်းဟန်၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်က ဂျင်ဂျူး၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းက တန်းယောင်းနဲ့၊ ဓားနန်းတော်က လင်းယွန်တို့ ကျန်နေ ခဲ့တယ်။ ''

'' သူတို့က ဒီတစ်ကြိမ် ကြာမိစ္ဆာ နယ်မြေရဲ့၊ အသန်မာဆုံး ပါရမီ ရှင်တွေ ဆိုတာ သေချာပြီ၊ ဒါပေမယ့် ဘယ်သူက၊ နောက်ဆုံး အောင်နိုင် မလဲ ဆိုတာတော့ ... ငါ မခန့်မှန်း နိုင်ဘူး။ ''

" ဟား ဟား ၊ ဘယ်သူ ရှိရမလဲ၊ ငါတို့ သွေးရိုး တံခါးရဲ့ မူရွှန်းဟန် ပဲပေါ့၊ ဘယ်သူက သူ့ကို အနိုင်ယူ နိုင်မှာလဲ။

" ငါ့အမြင် အရ၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်ရဲ့ ဂျင်ဂျူးက၊ မူရွှန်းဟန်ထက် ဘယ်နည်း နဲ့မှ မနိမ့် ကျပါဘူး။ "

ဂိုဏ်းပေါင်း စုံမှ တပည့်များ အချင်းချင်း ဆွေးနွေး သံများ ဆူညံ လာကြသည်။

ရှေးဟောင်း တာအို ဂိုဏ်းမှ ဝမ်ရန်းဘိုက၊ နက်မှောင်သော အမူအရာဖြင့်၊ ပြန်ပို့ ခံရ သူများကို တစ်ချက်ကြည့် လိုက်သည်။

ကျန်းရန်၊ ဇောင်ကွမ်နှင့် ရှောင်းမင် တို့ကို၊ မတွေ့ ရသော အခါတွင်၊ စိတ်ထဲ၌ ရွှင်မြူး သွား၏။

ထိုသုံးယောက်မှာ ဆဋ္ဌမ အဆင့်သို့ ရောက်သွား ရမည်ကို၊ မှန်းဆရန် မလိုအပ်ပေ။

၎င်းတို့ သုံးဦး ပူပေါင်း ခြင်းဖြင်၊ ကြီးမားသော အားသာချက် ရှိသည်၊ ထို့ကြောင့် ရှေးဟောင်း တာအို ဂိုဏ်း၏၊ ရိတ်သိမ်း နိုင်မှုက၊ လူတိုင်းကို ထိတ်လန့် လာစေမည်။

ယင်းအချိန်၌၊ လျိုဖန်း မျက်နှာကို ဖြတ်ရိုက် နိုင်ရုံသာ မကဘဲ၊ လူတိုင်းက ရှေးဟောင်း တာအို ဂိုဏ်းအပေါ် အလေး အနက် ထားလာ ရမည် ဖြစ်သည်။

သို့သော် ကြာနက် နန်းတော် အတွင်းမှ၊ ပြန်ထွက် လာခဲ့သော တပည့်ငယ် တစ်ဦးက၊ကျောက်စိမ်းတုံး နှစ်တုံးကို ကိုင်ကာ၊ ဝမ်ရန်းဘို ထံသို့ တုန်လှုပ် ချောက်ချား စွာဖြင့်၊ တိုးကပ် လာခဲ့သည်။

ဝမ်ရန်းဘိုက မမေးခင် မှာပင်၊ ထိုတပည့်က တိုးညှင်း တုန်ယင် စွာဖြင့်၊ စကား ဆိုလာ၏။

" ဘာလဲ ..... ဒါမဖြစ် နိုင်ဘူး။ "

ဝမ်ရန်းဘို၏ မျက်နှာမှာ ပြောင်းလဲ သွားသည်။ သူ့ မျက်ဝန်း များတွင်၊ ဒေါသနှင့် မယုံကြည် နိုင်မှုများ၊ အစားထိုး လာ၏။

" အဲဒါ အမှန် ပါပဲ၊ ကျနော် ကိုယ်တိုင် ပုန်းကြည့် နေချိန်မှာ၊ သူတို့ တိုက်ပွဲကို တွေ့မြင် ခဲ့ရ တာပါ၊ ဒါတွေက စီနီယာ အစ်ကို နှစ်ယောက်ရဲ့၊ ကျောက်စိမ်းတုံး တွေပါ။ ''

ထိုတပည့်က ကျောက်စိမ်းတုံး များကို စိတ်လှုပ်ရှား စွာဖြင့်၊ လွှဲပေး လိုက်သည်။

ကျောက်စိမ်းတုံး များကို၊ စစ်ဆေး ကြည့်ပြီးနောက်၊ သူ့ ကမ္ဘာကြီး တစ်ခုလုံး၊ ချာချာလည် သွားသည်။

အချိန် အနည်းငယ် ကြာပြီးနောက်၊ တုန်လှုပ် ချောက်ချား မှုမှ၊ ပြန်လည် သတိ ဝင်လာကာ၊

'' ဒီသတင်းကို လျှို့ဝှက် ထားပါ။ ''

ဟု မှာကြား လိုက်လေသည်။

သူတို့ဂိုဏ် စခန်း ချရာ နေရပ်သို့၊ ပြန်လာ ခဲ့ပြီး ဇောင်ကွမ်နှင့် ရှောင်းမင်တို့ နှစ်ဦး စလုံး၊လင်းယွန်၏ သတ်ခြင်း ဖြတ်ခြင်းကို၊ ခံလိုက် ရကြောင်း၊ အခြား အကြီးအကဲ များအား၊ ပြောပြ လိုက်သည်။

ထိုသတင်းကြောင့် ရှေးဟောင်း တာအို ဂိုဏ်း၏၊ အကြီးအကဲ များက တုန်လှုပ် သွားသည်။

ဇောင်ကွမ်နှင့် ရှောင်းမင် တို့သည်၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံ တပည့်များ ဖြစ်ကြပြီး၊ သူတို့ အတွက် မြောက်များ စွာသော အရင်း အမြစ် များကို၊ ရင်းနှီး မြုပ်နှံ ထားခဲ့ ရသည်။

သူတို့ နှစ်ယောက်၏ အဆင့်မှာ၊ အမာခံ တပည့်များ အတွင်း၊ အမြင့် မားဆုံး မဟုတ်ကြ သော်လည်း၊ ရှေးဟောင်း တာအို ဂိုဏ်း၏၊ အမာခံံ တပည့်များ ဖြစ်နေဆဲ ပေပင်။

သူတို့၏ အဓိက တာဝန်မှာ၊ လင်းယွန်ကို သတ်ရန် ဖြစ်၏။ သို့သော် ထိုအစား လင်းယွန်၏ သတ်ခြင်းကို ခံခဲ့ ရသည်။

အကြီး အကဲ များက၊ ချက်ခြင်း ထရပ် လာပြီး၊ ဓားနန်းတော် စခန်း ချရာ အရပ်သို့၊ သွားရန် တာဆူ လိုက်သည်။

" အကြီးအကဲဝမ်၊ မင်းဘယ်လို ထင်လဲ။ "

'' စောင့်ကြည့် ရအောင်၊ ငါတို့မှာ ကျန်းရန် ရှိသေးတယ်၊ ကျန်းရန်က သူတို့ နှစ်ယောက်ထက် သန်မာတယ်၊ သူသာ ကံကောင်း ခဲ့ရင်၊ အဋ္ဌမ အဆင့်ကို တက်လှမ်း နိုင်လိမ့်မယ်၊ အဲ့ဒါဆို ငါတို့ရဲ့ အရှုံး တွေကို ကာမိ မှာပါ။ ''

ဝမ်ရန်းဘိုက နှာခေါင်းကို လက်ညိုးဖြင့် ပွတ်ကာ၊ ပြန်ဖြေသည်။

" ဟုတ်တယ်၊ ငါတို့မှာ ကျန်းရန် ရှိသေးတယ်။ "

" ကျန်းရန်က တိမ်မီးတောက် လက်သီးကို၊ ပြီးပြည့် စုံတဲ့ အထိ ကျွမ်းကျင် နေပြီ၊ သူ့ရဲ့ ကျင့်ကြံမှု ကိုသာ၊ ဒဿမ အဆင့် ရောက်နိုင် ခဲ့ရင်၊ အဲဒီ ကောင်ကို သတ်ရ၊ ပိုလွယ် လာ လိမ့်မယ်။ ''

အနည်းငယ် စိတ်ပျက် သွားသော်လည်း၊ ဝမ်ရန်းဘို၏ စကားကြောင့်၊ အကြီးအကဲ များက ကိုယ့်ကိုယ်ကိုယ်၊ နှစ်သိမ့် လိုက်ကြသည်။

သို့သော် ကျန်းရန်မှာ၊ ဇောင်ကွမ်နှင့် ရှောင်းမင်တို့ မသေ ဆုံးခင် ၌ပင်၊ လင်းယွန်က သတ်ပစ် ခဲ့ပြီး ပြီကို၊ သူတို့ မသိခဲ့ ကြပေ။

ကြာနက် နန်းတော် ထဲရှိ လင်းယွန်က၊ ဆဌမ အဆင့်ကို ကျော်ဖြတ် ပြီးနောက်၊ ရတနာ ကြာပန်း ပလ္လင် ရှိရာ၊ ခန်းမသို့ သွားရန်၊ အလျင် စလို မဖြစ် ခဲ့ပေ။

လမ်းမ ဘေးရှိ လျှို့ဝှက်ခန်း တစ်ခန်းသို့ ဝင်ရောက်ကာ၊ သားရဲ အမြုတေနှင့် ပန်းချီကား တစ်ချပ်အား၊ ထုတ်ယူ လိုက်သည်။

သားရဲ အမြုတေသည် သဘာဝ အားဖြင့်၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံ၏၊ အမြုတေ ဖြစ်ပြီး၊ ပန်းချီ ကားမှာ ဒရာကိုဖီ သားရဲ၏၊ 'တာအို ရှုမြင်ခြင်း ပန်ချီကား' ဖြစ်သည်။

ဒဿမ အဆင့်သို့ ရောက်ရှိ လိုပါက၊ အဖြူဝတ် ဓားသမား အပြင်၊ အခြားသော ဂိုဏ်းများ၏၊ ကျွမ်းကျင် သူများနှင့် ရင်ဆိုင်ရ မည်မှာ၊ မလွဲ ဧကန်ပင်။

အနည်းငယ် စဉ်းစား ပြီးနောက်၊ ဒရာကိုဖီ တိုက်ပွဲ ခန္ဓာ ကိုယ်၏ ပဉ္စမ အဆင့်သို့၊ တက်လှမ်းရန် ဆုံးဖြတ် မိသည်။

သားရဲ အမြုတေ နှင့်၊ 'တာအိုရှု မြင်ခြင်း ပန်းချီ ကား' တို့ကို၊ ပိုင်ဆိုင် ထားခြင်းဖြင့်၊ ယင်းအပေါ် ပို၍ ယုံကြည်မှု ရှိလာသည်။

***

All Chapters