ယင် ယန် ဆေးလုံး။
Vol. 27 Ch. 373
လမ်းမ ဘေးရှိ လျှို့ဝှက်ခန်း တစ်ခန်းသို့ ဝင်ရောက်ကာ၊ သားရဲ အမြုတေနှင့် ပန်းချီကား တစ်ချပ်အား၊ ထုတ်ယူ လိုက်သည်။
သားရဲ အမြုတေသည် သဘာဝ အားဖြင့်၊ မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံ၏၊ အမြုတေ ဖြစ်ပြီး၊ ပန်းချီ ကားမှာ ဒရာကိုဖီ သားရဲ၏၊ 'တာအို ရှုမြင်ခြင်း ပန်ချီကား' ဖြစ်သည်။
အနည်းငယ် စဉ်းစား ပြီးနောက်၊ ဒရာကိုဖီ တိုက်ပွဲ ခန္ဓာ ကိုယ်၏ ပဉ္စမ အဆင့်သို့၊ တက်လှမ်းရန် ဆုံးဖြတ် မိသည်။
သားရဲ အမြုတေ နှင့်၊ 'တာအိုရှု မြင်ခြင်း ပန်းချီ ကား' တို့ကို၊ ပိုင်ဆိုင် ထားခြင်းဖြင့်၊ ယင်းအပေါ် ပို၍ ယုံကြည်မှု ရှိလာသည်။
မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံ၏ သားရဲ အမြုတေတွင်၊ မိုးကြိုး စွမ်းအင်များ လင်းလက် နေသည်။
သားရဲ အမြုတေကို ဖုံးအုပ် ထားသည့်၊ အနက်ရောင် မြူများတွင် သွေးရနံ့ များနှင့်၊ ရုန်းရင်း ကြမ်းတမ်းသော အငွေ့ အသက်များ၊ ပြည့်နှက် နေ၏။
အမြုတေ အတွင်း၊ အနက်ရောင် နဂါး တစ်ကောင်၏ ပုံရိပ် ကိုပင်၊ ယောင်ဝါးဝါး တွေ့မြင် နိုင်၏။
၎င်းသည် မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံနှင့်၊ သက်ဆိုင်သော ရှေးဟောင်း 'နဂါး မိစ္ဆာ' တစ်ကောင်၏၊ သွေးသား ဆန္ဒ အချို့ ဖြစ်လေသည်။
အဆိုပါ အနက်ရောင် နဂါးတွင်၊ မိစ္ဆာ ဆန်သော အနက်ရောင် ဝိညာဉ် စွမ်းအင် များဖြင့်၊ အသက် ဓာတ်များ ရုန်းကြွ နေပေသည်။
ထို့ကြောင့် ဒရာကိုဖီ ခန္ဓာ ကိုယ်နှင့်၊ အလွန် လိုက်ဖက် ပေ၏။
ဤသားရဲ အမြုတေ အတွက်၊ မူရွှန်းဟန်ကိုစော်ကား မိခဲ့ သည်မှာ၊ ထိုက်တန်ကြောင်း ခံစားမိ လိုက်သည်။
မျက်လုံးများ မှိတ်ထား လိုက်ပြီး၊ သားရဲအမြုတေကို သန့်စင်ရန် အတွက်၊ ဒရာကိုဖီခန္ဓာအား ထုတ်ဖော် လိုက်သည်။
သားရဲ အမြုတေ အတွင်းရှိ ဝိညာဉ် စွမ်းအင် များက၊ လျှပ်စီး ကြောင်းများ ကဲ့သို့၊ ခန္ဓာ ကိုယ်အတွင်း စီးဝင် လာကာ၊ ကြီးမားသော ဖိအားများ၊ သက်ရောက် လာစေ ခဲ့သည်။
သို့သော် ၎င်းစွမ်းအင်သည် ဒရာကိုဖီ ခန္ဓာ ကိုယ်ကို၊ ကျင့်ကြံ သူများ အတွက်၊ ရတနာ တစ်ခု ဖြစ်၏။
လျှပ်စီး ကြောင်းများ မည်မျှ ပြင်းထန် နေကာမူ၊ ဒရာကိုဖီ ခန္ဓာမှ စုပ်ယူကာ၊ ကြမ်းရှသော စွမ်းအင်များ အဖြစ်၊ ပြောင်းလဲပစ် လိုက်သည်။
ဆိုလို သည်မှာ ထိုမျှ ပြင်းထန်သော စွမ်းအင် များကို၊ သူ့ခန္ဓာ ကိုယ်ရှိ ကြွက်သားများ၊ တစ်သျူးများ၊ အရိုးများက လုံး၀ စုပ်ယူ လိုက်ကြခြင်းဟု ဆိုလိုသည်။
အချိန်များ တရွေ့ရွေ့ ကုန်လွန် လာပြီးနောက်၊ လင်းယွန်၏ ရုပ်ခန္ဓာ၌ အရိုင်း ဆန်သော စွမ်းအင်များ ရုန်းကြွ လာသည်။
တစ်ချိန်တည်း မှာပင် သူ၏ အရှိန်အဝါက၊ ပြင်းထန်စွာ မြင့်တက် လာ၏။
ဝတ်ရုံစ များက၊ စွမ်းအင် အတက် အကျ လှိုင်းများ အောက်တွင်၊ စစ်ပွဲ အလံငယ် တစ်ခု ကဲ့သို့ လွင့်ပျံ လာပြီး၊ မျက်နှာ အသွင် အပြင်ကို၊ ပို၍ လေးနက် သွားစေသည်။
အမြုတေ၏ စွမ်းအင် အလုံး စုံကို၊ သန့်စင် ပြီးသော အခါတွင်၊ သူ့ အရှိန်အဝါမှာ၊ အထွတ် အထိပ်သို့ ရောက်ရှိ သွားခဲ့သည်။
ဖုံးလွှမ်း နေသော ခရမ်းရောင် မြူများကြား၊ လျှပ်စီးများ တဖျပ်ဖျပ် လင်းလက် လာ၏။
မျက်လုံး များကို၊ ဖြည်းညှင်းစွာ ပြန်ဖွင့် လိုက်ပြီး၊ ရှေ့တူ ရှုသို့ အေးစက်စွာ စိုက်ကြည့် လိုက်သည်။
ကြမ်းရှသော အငွေ့ အသက် များက၊ မျက်ဝန်း များမှ ပြေးထွက် သွားပြီး၊ ရှေးဟောင်း သားရဲ တစ်ကောင် နှင့်တူသော၊ ဖိအားများ ပေးစွမ်း နေတော့သည်။
သို့သော် ဒရာကိုဖီ ခန္ဓာ ကိုယ်၏၊ ပဉ္စမ အဆင့်သို့ တက်လှမ်းရန်၊ ခြေတစ်လှမ်း လိုနေ သေးသည်။
ထိုခြေလှမ်းကို ဖြည့်စွက် ရန်အတွက်၊ 'တာအို ရှုမြင်ခြင်း ပန်းချီကား' အပေါ်၊ အားကိုး နိုင်၏။
ပန်းချီကားကို ထုတ်ယူ၊ ဖွင့်ကြည့် လိုက် သည်နှင့်၊ လွင်ပြင် တစ်ခု၌ ရှေးကျသောအရှိန်အဝါ များကို၊ ထုတ်လွှတ် ထားသည့် သားရဲ တစ်ကောင်၊ ထွက်ပေါ် လာသည်။
နဂါး ခန္ဓာနှင့် ဆင်ဦး ခေါင်းကို၊ ပိုင်ဆိုင် ထားသော သားရဲ တစ်ကောင် ဖြစ်၏။
( ဤနေရာ၌ နဂါး ခန္ဓာ ဆိုသည်မှာ၊ အရှေးတိုင်း သားတို့၊ သတ်မှတ် ယူဆ ထားသော နဂါးကို၊ ဆိုလိုခြင်း ဟုတ်ပုံ မရခြေ။
အနောက်တိုင်း သားတို့၏ နဂါး ကဲ့သို့သော၊ ပုံပန်း သဏ္ဍာန်ကို ဆိုလို ပေမည်။
ထို့ကြောင့်ပင် ခြေလှမ်း တစ်လှမ်းဖြင့်၊ ကမ္ဘာတုန် သည်ဟူသော အသုံး အနှုန်းကို၊ သုံးထား ပေသည်။ )
အဆိုပါ သားရဲက ကျယ်လောင်သော ဟောက်သံကို ပြုလျက်၊ မရေ မတွက် နိုင်သော သားရဲ များကို၊ ခြေဖြင့် နင်းချေ လိုက်၏။
ထိုခြေ လှမ်းအား လှမ်းယူ လိုက်ချိန်တွင်၊ သူ့ခန္ဓာ ကိုယ်နှင့်၊ မလိုက်ဖက် လှသော အဟုန် မျိုးဖြင့်၊ ရွေ့လျား သွားကာ၊ တောင်တန်း ကြီးများကိုပင် တုန်ခါ သွားစေသည်။
၎င်းကာလ အတွင်း ထုတ်လွှတ် လိုက်သော ရောင်ဝါမှာ၊ လေထုအား တင်းကြပ် လေးလံ လာစေ၏။
ခြေဖျားကို နင်းချ လိုက်သော၊ ကာလ အတွင်းတွင်၊ အချိန်များ ရပ်တန့်သွား သကဲ့သို့၊ ဝိုးတဝါး ခံစား လိုက်ရသည်။
အချိန် ယန္တရား ကိုပင် ရပ်တန့် သွားစေ နိုင်သည့်၊ ကြမ်းရှသော စွမ်းအင်၏ သန်စွမ်းမှု အပေါ်၊ စိတ်ကူး မယဉ် နိုင်ပေ။
အချိန် ယန္တရားကို ရပ်တန့် နိုင်သည့် နောက်တွင် မတော့၊ ပစ်မှတ် ထားခံ ရသူမှာ ထိုခြေ လှမ်းဖြင့်၊ နင်းချေ ခြင်းမှ လွတ်မြောက် နိုင်မည် မဟုတ်ပေ။
' ပေါ့ပေါ့ ပါးပါးနဲ့ လေးလံ လိုက်တာ။ '
ဟု ရေရွတ်လျက်၊ လင်းယွန်က အတွေးနက် သွား၏။
ဆိုလို သည်မှာ လေးလံသော ဝန်ဖြင့်၊ လျင်မြန်စွာ ရွေ့လျားနိုင် သည်ဟု ဆိုလိုသည်။
တနည်း အားဖြင့် ဆိုရသော်၊ ငှက်တောင်လေး တစ်ချောင်း တွင်ပင်၊ တောင်ကြီး တစ်လုံး ကဲ့သို့၊ မာကျောသော ဖြစ်တည် မှုမျိုး၊ ရှိနေ ပေမည်။
၎င်းသည် ဒရာကိုဖီ ခန္ဓာကိုယ် နောက်ကွယ်ရှိ၊ လေးနက်သော အမှန်တရား ဖြစ်၏။
(ခွန်အား)သည် အထွတ် အထိပ်သို့ ရောက်သော အခါတွင်၊ ခြေတစ်လှမ်း တည်းဖြင့်၊ ကောင်းကင်ပေါ် နင်းတက် နိုင်မည် ဖြစ်သည်။
ထိုခြေလှမ်းမှာ ပေါ့ပေါ့ ပါးပါး၊ ခြေလှမ်း တစ်လှမ်းဟု ထင်ရသော်လည်း၊ ကမ္ဘာ မြေကြီး ကိုပင်၊ ဖိနှိပ် ထားနိုင်၏။
ထိုအဆင့် သို့ရောက်ရန်၊ မည်မျှ လျှောက်လှမ်း ရဦး မည်ကို သူ မသိပေ။ သို့သော် ပန်းချီကား ထဲရှိ တစ်စုံ တစ်ရာကို၊ နားလည် နိုင်ခဲ့သည့် အတွက်၊ ကျေနပ် သွားမိသည်။
ပြီးနောက် အဆိုပါ နားလည် မှုကို ဖမ်းယူရန်၊မျက်လုံး မှိတ်လျက်၊ ဒရာကိုဖီ၏ အမူ အကျင့် များကို၊ ပုံဖော်ယူ လိုက်သည်။
ရုပ်ခန္ဓာ ဆီမှ ကြမ်းရှသော စွမ်းအင် များက ရုန်းကြွ လာပြီး၊ တစ်စုံ တစ်ရာကို တောင်းဆို လာ၏။
သို့သော် ကြမ်းရှသော စွမ်းအင်ကို၊ သန့်စင် ခြင်း အလို့ငှာ၊ ရှေးဟောင်း တာအို ဂိုဏ်းနှင့်၊ မတူညီသော လမ်းကြောင်းသစ် တစ်ခုထံ၊ လျှောက်လှမ်းရန် ရွေးချယ် လိုက်သည်။
တစ်ချိန် တည်းမှာပင် တာအို ရှုမြင်ခြင်း ပန်းချီ ကားက၊ ရုတ်တရက် လေထဲ ထပျံ လာပြီး၊ မီးလျှံများ လောင်ကျွမ်း လာတော့၏။
လင်းယွန်၏ မျက်လုံးများ ပြန်ဖွင့် လိုက်ချိန်၌၊ ပန်းချီကား တစ်ချပ်လုံး ပြာမှုန် အဖြစ်သို့၊ ပြောင်းလဲ ကြွေကျ သွားနှင့် လေပြီ။
လျင်မြန်စွာ ထရပ် လိုက်ပြီး၊ လျှို့ဝှက် အခန်း နံရံကို လက်ဖြင့်၊ ထိုးချ လိုက်သည်။
'' ............ ''
ဂီတ သံစဉ် ငါးမျိုး ပါသော၊ သူတော်စင် ဂီတများ ထွက်ပေါ် လာပြီး၊ အခန်း အတွင်း ပဲ့တင် ထပ်သွား၏။
( ဂီတ သံစဉ် ငါးမျိုး = ဂီတနုတ် ငါးမျိုး။ )
တစ်ချိန်တည်း မှာပင် အခန်း နံရံ များ၌၊ အက်ကွဲ ကြောင်းများ ထင်ဟပ် သွားတော့သည်။
'' ဖပ် ..... ''
ထိုမျှ ပြင်းထန်သော စွမ်းအားကို၊ ထုတ်ဖော်ပြီး နောက်တွင်ပင်၊ ငှက်မွှေး တစ်ချောင်း ကဲ့သို့၊ ငြင်သာစွာ ပြန်လည် ဆင်းသက် လာခဲ့သည်။
ရွေ့လျားမှု နည်းစနစ်ကို ထုတ်ဖော် နေစရာ မလိုဘဲ၊ ပေါ့ပါး နေပေသည်။ လျင်မြန်မှုကို အသား ပေးသော လှုပ်ရှားမှု တိုင်းသည်၊ ပြင်းထန်သော တိုက်ခိုက်မှု များကို၊ ထုတ်ဖော် ပေးနိုင်ခြင်း မရှိနိုင်။
သို့သော် ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ်သည် ၎င်း ဥပဒေသကို ဆန့်ကျင့် ခဲ့၏။
ထို့ကြောင့်ပင် ယင်း စွမ်းအားကို၊ ထုတ်ဖော်ရာ၌ ပြိုင်ဘက်အား၊ အငိုက်ဖမ်း အသာစီး ရယူ နိုင်ခြင်း ဖြစ်ပေမည်။
သူ့ ခွန်အားမှာ၊ ဆေးကြိုအိုး ငါးလုံးနှင့်၊ ညီမျှသော အဆင့်သို့၊ ရောက်ရှိ သွား သော်လည်း၊ ၎င်းသည် သူ၏ ကန့်သတ်ချက် မဟုတ်ကြောင်း၊ ခံစား မိသည်။
အနည်းငယ် တွေးတော ပြီးနောက်၊ ကြမ်းရှသော စွမ်းအင် များကို ထုတ်ဖော်ကာ၊ လျှပ်စီး ကြောင်းများ နှင့်အတူ၊ နောက်ထပ် လက်သီး တစ်လုံးအား၊ ထပ်မံ ထုတ်ပစ် လိုက် ပြန်သည်။
သည် တစ်ကြိမ်တွင် သူ့ရှေ့ရှိ၊ ကျောက်နံရံ ကြီးမှာ အပိုင်းပိုင်း ပြိုကျ သွားတော့သည်။
ကြာနက် နန်းတော်၏ ကျောက်နံရံ များက၊ သူ့လက်သီး တစ်ချက် ကိုပင်၊ ခံယူ နိုင်ခြင်း မရှိ တော့ပေ။
“ ငါရဲ့ ခွန်အား အပြည့် ဆို၊ ဆေးကြိုအိုး ခြောက်လုံး အလေးချိန် ရှိတဲ့၊ ခွန်အား မျိုးကို ရောက်နိုင် လိမ့်မယ်၊ အခု ငါက ပဉ္စမ အဆင့်ကို တက်ရောက် နိုင်ပြီ ဆိုတော့ ...၊ နောက်ပိုင်းမှာ ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်ရဲ့၊ အလား အလာ တွေကို၊ ဖော်ထုတ် နိုင်ဦးမှာ သေချာတယ်။ "
နှစ်ခြိုက်သော အသက်ရှူ သံကို၊ ထုတ်ဖော် ပြသ လိုက်ပြီး၊ ဘဝင် ထိသော ခံစားချက် များမှာ၊ ပြန်လည် ငြိမ်သက် သွားသည်။
နောက်ဆုံးတွင် ဓားသည် သူ၏ အဓိက အာရုံစိုက် စရာ၊ ဖြစ်နေဆဲ ဖြစ်သည်။ ဓားသမား တစ်ယောက် အတွက်၊ ဓားနှင့် ပတ်သတ်သော၊ အောင်မြင် မှုများ ပေါ်တွင်သာ၊ ရူးသွပ် သင့် ပေသည်။
“ အခု ဒဿမ အဆင့်မှာ ရှိတဲ့၊ ကျင့်ကြံသူ တွေကို ငါရင်ဆိုင် နိုင်ပြီ၊ ငါ့ ပြိုင်ဘက်က ငါ့ရဲ့ ဝှက်ဖဲကို မမြင် နိုင်ရင်၊ ငါအနိုင် ရဖို့ အခွင့် အရေးတောင် ရှိကောင်း ရှိနိုင် ပေမယ့်၊ ရာခိုင်နှုန်း ကတော့ မမြင့်မား နိုင်ဘူး၊ ... ''
'' ... ဘာပဲ ဖြစ်ဖြစ်၊ ကြာနက် နန်းတော်ရဲ့ ဒဿမ အဆင့်ကို၊ ရောက်အောင် သွားမှ ဖြစ်မယ်၊ မဟုတ်ရင် ငါ့မှာ တခြား ရွေးချယ် စရာ မရှိ တော့ဘူး၊ အဲ့ဒီမှာ ဓားသုတ္တန်ကို တိုးတက်အောင် လုပ်ဖို့၊ တစ်ခုခု ရှိနေ မယ်လို့၊ မျှော်လင့် ရတာ ပဲ။ "
နက်နဲ သိုင်းနယ်ပယ် နှောင်းပိုင်းတွင်၊ အဆင့် တစ်ဆင့် ချင်းစီ၏ ကွာဟ မှုမှာ၊ ပိုမို ကျယ်ပြန့် လာမည် ဖြစ်သည်။
ဓားသုတ္တန်ကို အားကိုး ခြင်းဖြင့်၊ နဝမ အဆင့် အဆင့်ရှိ၊ ရန်သူ များကို ထိန်းထား နိုင်သော်လည်း၊ ဒဿမ အဆင့်မှ တစ်စုံ တစ်ဦးနှင့် ကြုံတွေ့ ရပါက၊ ဖိအားမှာ ကြီးမားမည်ဖြစ်သည်။
သို့သော် နက်နဲ ဒဿမ အဆင့်ရှိ၊ ကျင့်ကြံသူ များက သူ့ကို အနိုင်ယူ ရန်မူ၊ လွယ်ကူ မည်တော့ မဟုတ်ပေ။
သွားချိန် တန်ပြီဟု ဆုံးဖြတ် လိုက်ပြီး ရှေ့သို့၊ဆက်လျှောက် လာခဲ့သည်။
ဆဋ္ဌမ အဆင့် ရတနာ ကြာပန်း ပလ္လင်ကို၊ ရောက်ချိန်တွင် ရတနာများ ယူငင် သွားပြီ ဖြစ်ကြောင်း၊ သိလိုက် ရသည်။
မကြာသေး မီကပင်၊ တစ်စုံ တစ်ဦးသည် ဤနေရာ၌၊ ရှိနေ ခဲ့သည့် ခြေရာ လက်ရာ အချို့ပင် ရှိနေသည်။
ဒရာကိုဖီ နည်းစနစ် အတွက်၊ အချိန် အနည်းငယ် ဖြုန်းနေ ခဲ့သောကြောင့်၊ ၎င်းရလာဒ်ကို မျှော်လင့် ထားပြီး ဖြစ်သည်။
ရတနာ ကြာပန်း ပလ္လင်ပေါ် တက်လှမ်း လိုက်ပြီး၊ သတ္တမ အဆင့်သို့ ဆက်လက် တိုးဝင် လာခဲ့သည်။
သတ္တမ အဆင့် စမ်းသပ် မှုမှာ၊ အဖြူဝတ် ဓားသမား၏ ဓားချက် ဆယ်ချက်ကို၊ လက်ခံ ယူရန် ဖြစ်သည်။
အဖြူဝတ် ဓားသမားက၊ ဤသို့သော စမ်းသပ် မှုများ အတွင်းတွင်၊ ချို့ယွင်းချက် တစ်ခုအား၊ ရည်ရွယ်ချက် ရှိရှိ ဖော်ထုတ် ပေလိမ့်မည်။
ထို့ကြောင့် စမ်းသပ်ခံ များမှာ၊ လုံလောက်အောင် ဂရုတစိုက် နေသမျှ၊ အခက်အခဲ ရှိမည် မဟုတ်ပေ။
အထက်ပါ အမြင်သည် လင်းယွန် ကဲ့သို့သော၊ တစ်စုံ တစ်ယောက် အတွက်သာ ဖြစ်ပေသည်။
တစ်ချိန် တည်းတွင်၊ အခြားသော ကျန်ရှိ နေသူ များမှာ၊ ၎င်းတို့၏ စမ်းသပ်မှု များကို၊ အောင်မြင် လာခဲ့သည်။
“ ဟီး ဟီး၊ ဆဋ္ဌမ အဆင့်ရဲ့ ရတနာက၊ စိတ်ဝင် စားစရာ ကောင်းသင့်တယ်၊ ဒီလိုမှ မဟုတ်ရင် ဒီစမ်းသပ်မှုကို အောင်မြင် ခဲ့တာက၊ နှမျော စရာပဲ။ ”
မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်း၏၊ တပည့် ဖန်းယီက၊ ကျောက်စင်္ကြံ ထဲသို့ လှမ်းဝင် လျက်ဖြင့်၊ ပြုံးရယ် လိုက်သည်။
သူ၏ ခွန်အားမှာ အလွန် တိုးတက် လာပြီး၊ နက်နဲ နယ်မြေ၏ ဒသမ အဆင့်သို့၊ ရောက်ရန် ခြေတစ်လှမ်း မျှသာ၊ ကွာဝေး တော့သည်။
သူ့ ခြေလှမ်း တိုင်းတွင်၊ နက်ရှိုင်းသော ခြေရာများ ထင်ကျန် ရစ်စေ၏။
ယင်းက အောင်မြင်မှု တစ်ခု ရယူ ပြီးနောက်၊ တိုးပွား လာသော မူလ စွမ်းအင် များကို၊ ထိန်းချုပ်ရန် လိုအပ် နေသေး ကြောင်း၊ ပြသ လာခြင်းလည်း ဖြစ်သည်။
ဆိုလို သည်မှာ မကြာ သေးမီ ကပင် ဖန်းယီမှာ၊ ကြီးကြီး မားမား ရိတ်သိမ်း နိုင်ခဲ့ သည်ဟု၊ ဆိုလို ပေသည်။
တစ်ချိန် တည်းမှာပင်၊ ရှေ့က မြင်ကွင်းကို ကြည့်ကာ၊ ပျက်စီးခြင်း ခုနစ်ပါး နန်းတော်၏ တပည့် ဂျင်ဂျူးက၊ သူ့ကိုယ်သူ အဖော် ပြုလျက် ညင်သာစွာ ရေရွတ် လိုက်သည်။
“ နောက်ဆုံးတော့ ငါ အဆင့် ရှစ်ကို ရောက်လာပြီ၊ အခု 'ကြာနက် ရတနာ' သုံးပါး အတွက်...၊ ငါမျှော်လင့်ချက် ထားနိုင်ပြီ။”
အဋ္ဌမ အဆင့်တွင် စစ်ဆေးမှု နှစ်ခု ရှိပြီး၊ နဝမအဆင့်၌ အဆင့် တစ်ခုသာ ရှိသည်။ တနည်း အားဖြင့် ဆိုသော်၊ နဝမ အဆင့်ကို အောင်မြင်ပါက၊ ရတနာ သုံးပါး ရရှိ နိုင်မည်။
ရတနာများ အပေါ် တန်ဖိုး မဖြတ် နိုင်သည်ကို၊ သံသယ ဝင်စရာ မရှိပေ။ ၎င်းရတနာ သုံးခုကို၊ 'ကြာနက် ရတနာ' ဟုလည်း လူ သိများ ကြသည်။
ထို့အတွက် တစ်စုံ တစ်ခုကို ရယူ ခြင်းဖြင့်၊ကြာနက် နန်းတော်တွင်၊ အမြင့် မားဆုံး ရိတ်သိမ်း နိုင်မှု အဖြစ်၊ သတ်မှတ် ခံရမည် ဖြစ်သည်။
ဂျင်ဂျူးက စကြာဝဠာ လက်ရာ တစ်ခု ကိုသာ မျှော်လင့် ထားခဲ့သည်။ အတိ အကျ ဆိုရသော်၊ သူနှင့် အလိုက်ဘက် ဆုံးသော၊ 'ဆေဘာဓား' တစ်လက်ကို၊ လိုချင် မိခြင်း ပေပင်။
ထို့အပြင် နတ်ဆိုး လမ်းစဉ်ကို ကျင့်သုံးသောဘိုင်ယွီ၊ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှ တန်းယောင်းနှင့်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းမှ ရွှန်းဝူဟန် တို့သည်လည်း၊ အဋ္ဌမ အဆင်သို့ ရောက်ရှိ လာသည်။
ကြာနက် နန်းတော် အတွင်း၌၊ လင်းယွန် အပါ အဝင် ခြောက်ယောက်သာ ကျန်ရှိ ခဲ့သည်။
ဆိတ်သုန်းသော နယ်မြေရှိ လူတိုင်းက၊ ကြာနက် နန်းတော်တွင်၊ မည်သို့ မည်ပုံ ဖြစ်နေ သည်ကို မမြင်နိုင် သော်လည်း၊ ကြာမိစ္ဆာ နယ်မြေအား အာရုံစိုက် ကြည့်နေ မိကြသည်။
နောက်ဆုံးတွင်၊ ၎င်းတို့၏ ရလဒ် များမှာ၊ ဂိုဏ်းတစ် ဂိုဏ်း၏ ဘုန်း အသရေနှင့်၊ ကြာနက် ရတနာကို၊ ကိုယ်စား ပြုသည်။
ကြာနက် နန်းတော် တစ်နေရာတွင်၊ လူရိပ် တစ်ရိပ် တည်ငြိမ်စွာ လျှောက်လှမ်း နေသည်။
သတ္တမ အဆင့်နှင့် ဆဋ္ဌမ အဆင့် တို့၌၊ နှောင့်နှေး ခဲ့လျှင်ပင်၊ ယခုအချိန် အခြား သူများကို လိုက်မှီ သွားပြီ ဖြစ်ကြောင်း၊ လင်းယွန်က သတိ ပြုမိသည်။
သို့သော် သူ့နောက်တွင် ကျန်ရစ်ခဲ့ သူများလည်း ရှိကောင်း ရှိနိုင်မည်။
ဤအခိုက် အတန့်တွင် သူ့ရှေ့မှ ရင်းနှီးသော မြင်ကွင်း တစ်ခု ထွက်ပေါ် လာ၏။ ယင်းမှာ ရတနာ ကြာပန်း ပလ္လင်အား၊ တွေ့လိုက် ရခြင်း ဖြစ်သည်။
ပလ္လင် ပေါ်၌ မည်သည့် အရာမျှ ရှိမနေ သောကြောင့်၊ ခန်းမထဲ လိုက်ရှာ နေချိန်တွင်၊ တောက်ပသော အလင်း ရောင်များ ထွက်ပေါ် လာတော့သည်။
ရတနာ ထွက်ပေါ် လာရန်၊ အချိန် အနည်းငယ် ရပ်စောင့် နေရ ဦးမည် ဖြစ်သည်။
" ရတနာကို မြင်ရ ဖို့တောင်၊ အရည် အချင်း မမှီ ဖူးလို့၊ ငါ့ကို မပြောနဲ့။ "
လင်းယွန်က သက်ပြင်းချ လိုက်သည်။ ရတနာ ထွက်ပေါ် လာတော့မည် ဖြစ်ရာ၊ အခန်း အတွင်း၌ သတိ လက်လွှတ်၊ မနေဝံ့ တော့ပေ။
သည်အဆင့်ထိ အောင်နိုင် သူများမှာ၊ သူတို့၏ ခွန်အား အပေါ်၊ သက်သေ ပြပြီးသား ဖြစ်ပေသည်။
ခဏ အကြာတွင် ရတနာ ကြာပန်း ပလ္လင် ပေါ်၌၊ အလင်း ရောင်များ တဖြည်းဖြည်း ကြည်လင် လာခဲ့ ပြီးနောက်၊ ခမ်းနား ထည်ဝါသော ရတနာ တစ်ခု၊ ဖြစ်ပေါ် လာလေသည်။
၎င်းရတနာမှာ အလင်းရောင် မှိန်ဖျော့ နေသော၊ မှော်ဆေးလုံး ဖြစ်၏။ ရွှေရောင် အခိုး အငွေ့များ သူ့ ဝန်းကျင်၌ ရစ်သိုင်း နေပြီး၊ ထိုမြူများ အတွင်း၊ ငွေရောင် အဆင်းများ လင်းလက် နေပေသည်။
ပြီနောက် ဆေးလုံးကို၊ လှည့်ပတ် နေသော နဂါး နှစ်ကောင်ဖြင့်၊ ဖွဲ့စည်း ထားသည်။
နဂါး နှစ်ကောင်၏ အရှိန်အဝါမှာ၊ ဆန့်ကျင်ဘက် အသွင် ပြုလျက်၊ ယင်နှင့် ယန်ကို ကိုယ်စား ပြုပေ၏။
ဆန့်ကျင်ဘက် နဂါး ရုပ်ပုံ များဖြင့်၊ ဖွဲ့ဆည်း ထားသော ဆေးစွမ်းအင် များက၊ ဟန်ချက် ညီသော အခြေ အနေသို့၊ ရောက်ရှိ နေသည်။
နဂါးများ ပေါ်ရှိ ရူရ်များ အရည် အသွေး အရ၊ စတုတ္ထတန်း မှော်ဆေးလုံး ဖြစ်ကြောင်း၊ ထင်ရှား လှသည်။
လင်းယွန်၏ နှလုံး ခုန်သံများ ဆူညံ လာ၏။ နက်နဲ အဋ္ဌမ အဆင့်သို့ ရောက်ရှိ ပြီးနောက်၊ ဆေးလုံး များကို အသုံးပြုရန်၊ သူက ဆုံးဖြတ် ထားပြီး ဖြစ်သည်။
ထို့ကြောင့် ဤဆေးလုံးသည်၊ အဋ္ဌမ အဆင့် အထွတ် အထိပ်သို့၊ ရောက်ရှိ ရန်အတွက်၊ အသုံးပြု နိုင်ပေ လိမ့်မည်။
" ယင်-ယန် ဆေးလုံး။ "
ရတနာ ကြာပန်း ပလ္လင် ပေါ်ရှိ၊ မှော်ဆေးလုံးကို ကြည့်ကာ၊ စိတ် လှုပ်ရှား နေသော ရေရွတ်သံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ်လာ တော့သည်။
***