မိုင်ပေါင်း များစွာ အေးခဲ စေမဲ့၊ ဓားတစ်လက် ရှိတယ်။
Vol. 27 Ch. 374
ရတနာ ကြာပန်း ပလ္လင် ပေါ်၌၊ အလင်း ရောင်များ တဖြည်းဖြည်း ကြည်လင် လာခဲ့ ပြီးနောက်၊ ခမ်းနား ထည်ဝါသော ရတနာ တစ်ခု၊ ဖြစ်ပေါ် လာလေသည်။
၎င်းရတနာမှာ အလင်းရောင် မှိန်ဖျော့ နေသော၊ မှော်ဆေးလုံး ဖြစ်၏။
ရွှေရောင် အခိုး အငွေ့များ သူ့ ဝန်းကျင်၌ ရစ်သိုင်း နေပြီး၊ ထိုမြူများ အတွင်း၊ ငွေရောင် အဆင်းများ လင်းလက် နေပေသည်။
ပြီနောက် ဆေးလုံးကို၊ လှည့်ပတ် နေသော နဂါး နှစ်ကောင်ဖြင့်၊ ဖွဲ့စည်း ထားသည်။
နဂါးများ ပေါ်ရှိ ရူရ်များ အရည် အသွေး အရ၊ စတုတ္ထတန်း မှော်ဆေးလုံး ဖြစ်ကြောင်း၊ ထင်ရှား လှသည်။
" ယင်-ယန် ဆေးလုံး။ "
လင်းယွန်၏ နှလုံး ခုန်သံများ ဆူညံ လာစဉ်၊ ကြမ်းကြုတ်သော အငွေ့ အသက်များ နှင့်အတူ၊ စိတ် လှုပ်ရှား နေသော ရေရွတ်သံ တစ်သံ၊ ရုတ်တရက် ထွက်ပေါ်လာ တော့သည်။
အသံ ပိုင်ရှင်မှာ ဘိုင်ယွီ ဖြစ်ပြီး၊ လင်းယွန်အား မြင်လိုက် ရသည်နှင့်၊ သူက အံ့သြသွား၏။
ဓားနန်းတော်၌ ရှင်သန် ထမြောက် ခဲ့သော၊ ပါရမီရှင် တစ်ပါး ဖြစ်သည့် လင်းယွန်နှင့် ပတ်သတ်၍၊ မကြာ သေးမီ ကပင် သူနှင့် တင်းမာသော သဘောထား ရှိခဲ့သည်။
ထို့ပြင် လင်းယွန်အား ဤမျှ အထိ ရောက်လာ လိမ့်မည်ဟု၊ သူ လုံးဝ မမျှော်လင့် ထားမိပေ။
" မင်း ငါ့နဲ့ ပြိုင်ချင်လား။ "
အေးစက်စွာ လှမ်းကြည့်ပြီး၊ လင်းယွန်ကို မေးခွန်း ထုတ်လိုက်၏။
" မရ ဖူးလား ... "
လင်းယွန်က သူ့ကို တည်ငြိမ်စွာ ပြန်မေးသည်။
“ မလုပ်ဖို့ အကြံပေး ပါရစေ၊ ဒါကို သေချာ စဉ်းစားပါ၊ ဒီအထိ ရောက်လာဖို့ ဆိုတာ မလွယ်ဘူး၊ မင်းအခု ထွက်သွားရင် မင်းကို ငါ လွှတ်ပေးလို့ ရတယ်၊ မဟုတ်ရင် ကျောက်စိမ်း တုံးကို ချေမွှ ဖို့တောင်၊ အချိန် ရှိလိုက်မှာ မဟုတ်ဘူး ။ ”
ဘိုင်ယွီက တင်းမာစွာ ဆိုသည်။ သူက သဘောကောင်း နေရခြင်း မဟုတ်ပေ။ ယင်းအစား နောက်ထပ် တစ်ယောက်ယောက်၊ ရောက်ရှိ လာမည်ကို၊ စိုးရိမ် နေခဲ့ခြင်း ဖြစ်သည်။
လင်းယွန်ပင် တက်လှမ်း နိုင်ခဲ့ ပြီးနောက်၊ အခြား သူများလည်း ရောက်ရှိ လာမည်မှာ၊ သေချာသည်။
" ဒါဆို လုပ်လိုက်ပါ။ "
လင်းယွန်က ပြုံးကာ ဆိုသည်။
“ ဘယ်လိုတောင် ခေါင်းမာ လိုက်တာလဲ၊ ဒီယင်ယန် ဆေးလုံးက၊ မင်းလို ကျင့်ကြံ မှုသာ ရှိတဲ့၊ သူတစ်ယောက် အတွက်၊ ဖြုန်းတီးရာ ရောက်ပါတယ်။ ”
စေတနာကို ငြင်းဆန် ခံရ သောကြောင့်၊ ဘိုင်ယွီ၏ မျက်နှာ ပျက်ယွင်း သွားသည်။ ဒေါသဖြင့် အောက်ငေါက်ပြီး၊ အရှိန်အဝါကို ထုတ်လွှလိုက်၏။
အေးမြသော မီးတောက်များ ခန္ဓာ ကိုယ်ပေါ်၌၊ ဟုန်းခနဲ့ 'ထ'တောက် လာသည်။ ပြီးနောက် သူ့ လက်ဖဝါးကို ဓားသွား အဖြစ်၊ အသုံး ပြုလို ဟန်ဖြင့် ခုတ်ပိုင်း လိုက်၏။
ထိုတိုက်ခိုက် မှုကြောင့် ခန်းမထဲ ရုတ်ရုတ် သဲသဲ ဖြစ်လာ ခဲ့ပြီး၊ မီးအိမ် များရှိ အပူရှိန် များသည်ပင်၊ သူ့ဆီက ထွက်လာသော အေးစက် မှုကို မကျော်လွန် နိုင်တော့ပေ။
အေးမြသော ဓားမီးတောက် ဆင်းသက် လာသော အခါတွင်၊ ၎င်းကို ဖျက်ဆီးရန် ကြံရွယ်ထားသော ဓား အရှိန်အဝါအား၊ လင်းယွန်က ထုတ်လွှတ် လိုက်သည်။
'အေးစက်သော မူလ စွမ်းအင်' များဖြင့်၊ ပိတ်ဆို့ လာသော လေဟာ နယ်မှာ၊ 'ခရမ်းရောင် ဓားအလင်း' များ၏၊ စုပ်ဖြဲ မှုကို ခံလိုက် ရသည်။
သို့သော် ရုတ်တရက် 'အေးစက်သော မူလ စွမ်းအင်' များက၊ သူ့ကိုယ်သူ ပြန်လည် စုဖွဲ့ လာပြီး၊ လင်းယွန်အား မီးတောက်ပုံ သဏ္ဍာန်ဖြင့်၊ ထပ်မံ ဖုံးအုပ် လာပြန်သည်။
တစ်ချိန်တည်း မှာပင်၊ ဘိုင်ယွီ၏ လက်ဖဝါး သည်လည်း၊ ရောက်ရှိ လာ၏။
သူ့ လက်ဖဝါးမှ မီးတောက် များမှာ၊ ပြေးထွက် သွားပြီး၊ လင်းယွန်ကို ဖုံးအုပ် ပစ်လိုက်သည်။
ခန်းမ ထဲ၌ ထူးထူး ခြားခြား ဂီတ သံများ၊ ရုတ်တရက် ပဲ့တင် ထပ်လာပြီး၊ လက်သီးတစ်လုံးက မီးတောက် များကို၊ ဟန့်တား လာသည်။
မြေပြင် ပေါ်သို့ ပြန်လည် ဆင်းသက် လိုက်ပြီးနောက်၊ လင်းယွန်က ခန္ဓာ ကိုယ်အား တုန်ခါ စေလျက်၊ ကြမ်းရှသော စွမ်းအင်ကို ထုတ်လွှတ် လိုက်၏။
၎င်းကို ဒရာကိုဖီ ချပ်ဝတ် အဖြစ် ဖန်တီးရန်၊ ကြိုးစား လိုက်ခြင်း ပေပင်။
မီးတောက်လောင် နေသော စွမ်းအင်လက်ဖဝါး ကြီးကို၊ ဟန့်တား နိုင်ခဲ့ သော်လည်း၊ နောက်ကွယ်ရှိ အစစ်အမှန် လက်ဖဝါးအား မဟန့်တား နိုင်တော့ပေ။
မီးတောက် နေသော လက်ဖဝါးက၊ ခရမ်း သွေးရောင် ချပ်ဝတ် ပေါ်သို့၊ ကျရောက် သွားပြီး၊ သတ္တု ရိုက်သံများ ထွက်ပေါ် လာ၏။
သို့သော် ခရမ်းသွေးရောင် ချပ်ဝတ်မှာ၊ ကျိုးပဲ့ သွားခြင်းမူ ဖြစ်မလာ ခဲ့ပေ။ ဆေးကြိုအိုး ငါးလုံး၏ ခွန်အား ပေသည်လော။ ဘိုင်ယွီက မျက်မှောင်ကြုတ် လိုက်သည်။
လင်းယွန်သည် လွယ်ကူသော ပြိုင်ဘက် မဟုတ်ကြောင်း၊ သူ သိ၏။ တစ်ဖန် လင်းယွန်ကို သတ်ဖို့ရန်၊ လွယ်ကူမည် ဖြစ်သည်။ သို့သော် လင်းယွန်က သေသည် အထိ၊ သူနှင့် ရင်ဆိုင်ဖို့ လိုပေမည်။
ဆိုလို သည်မှာ လင်းယွန်သာ ထွက်ပြေး လိုပါက၊ မဟန့် တားနိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။
" နတ်ဆိုး မီးတောက် များဖြင့် ပြာချခြင်း။ "
ဘိုင်ယွီ၏ မူလ စွမ်းအင်များ ပြောင်းလဲ သွားပြီး၊ နဝမ အဆင့် အထွတ် အထိပ် ခွန်အားကို၊ အပြည့် အဝ ထုတ်ဖော် လိုက်သည်။
ထိုလက်ဖဝါး ဆင်းသက် လာသည်နှင့်၊အသက်ရှူ ကြပ်စေသော၊ အနက်ရောင် မီးလျှံများက၊ လင်းယွန် အပေါ် သိုင်းဖွဲ့ လာ၏။
သို့သော် ထိုမီးလျှံ များကို ထိုးခွဲလျက်၊ ဒေါသ ပြင်းသော နဂါးကြီး တစ်ကောင်က၊ ရုတ်တရက် ထွက်ပေါ် လာတော့သည်။
" မြွေနဂါး ကိုးကောင် အသွင်ပြောင်း။ "
ရွှန်းဝူဟန်က ထပ်မံ အော်ဟစ် လိုက်ပြီး၊ လေထဲ ၌ပင် ခန္ဓာ ကိုယ်အား တွန့်လိမ်လျက်၊ ရှု့ထောင့် ကိုးနေရာမှ၊ ပြောင်းလဲ ရိုက်ချ လိုက်ပြန်၏။
အနက်ရောင် မီးတောက် များက၊ ခရမ်း သွေးရောင် ချပ်ဝတ် ထဲသို့ စိမ့်ဝင် သွားပြီး၊ ပုံရိပ်ယောင် မြွေနဂါး ကိုးကောင် အဖြစ်၊ ဖွဲ့တည်ဖို့ ကြိုးစား တော့သည်။
လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ သက်ရောက် မှုကို ခံစား လိုက်ရ သည့် အတွက်၊ ခြေလှမ်းပေါင်း များစွာ နောက်ပြန် ဆုတ်သွား ရသည်။
တစ်ချိန်တည်း မှာပင် သူ၏ ချပ်ဝတ် ပေါ်၌၊ မြွေနဂါးများ ရုန်းကြွလာ ဟန်ဖြင့်၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာသည်။
ဒရာကိုဖီ ချပ်ဝတ်သည်၊ စကြာဝဠာ လက်နက်ဖြင့်၊ တိုက်ခိုက်လာ မှုကိုပင်၊ ခံနိုင်ရည် ရှိသော်လည်း၊ ဘိုင်ယွီ၏ လက်ဖဝါးချက် အောက်တွင်၊ အမှန်တကယ် အက်ကွဲစ ပြုလာ ခဲ့သည်။
သူတို့ နှစ်ယောက်ကြား ကျင့်ကြံမှု ကွာခြား ချက်မှာ၊ လင်းယွန် အတွက် အားနည်းချက် တစ်ခု ဖြစ်လာ တော့သည်။
ထိုမျှနှင့် ဘိုင်ယွီက ရပ်တန့် သွားခြင်း မရှိပေ။ ရုတ်တရက် လင်းယွန် ပတ်ဝန်းကျင်ရှိ လေထုအား အေးခဲ ပစ်လိုက်၏။
" ပူပြင်း စိုဆွတ်သော ဆီးနှင်းများ "
သတိ မထား နိုင်ခင်၊ လင်းယွန် ရပ်နေသော ကြမ်းပြင်၌၊ အနက်ရောင် မီးတောက်များ၊ လောင်ကျွမ်း ဖုံးလွှမ်း သွားသည်။
'' ဖျစ်.... ဖျစ် ဖျစ် .....''
ခြေထောက်များ မှတဆင့်၊ ခန္ဓာကိုယ် အပေါ်ပိုင်း ဆီသို့၊ ထို အနက်ရောင် မီးတောက် များက၊ လျင်မြန်စွာ ပြေးတက် လာသည်။
ထိုအနက်ရောင် မီးတောက် များကို ဟန့်တားရန်၊ ပြင်လိုက် ချိန်တွင်၊ လေထုမှာ ရုတ်တရက် အေးခဲ သွားပြီး၊ လင်းယွန်အား ပိတ်လှောင် ပစ်လိုက်၏။
သူ၏ ဤတိုက်ခိုက် မှုအား၊ တွန်းလှန်ရန် မလွယ်ကူကြောင်း၊ ဘိုင်ယွီက သိရှိထား သောကြောင့်၊ ရှည်လျားသော သက်ပြင်းကို မှုတ်ထုတ် လိုက်သည်။
" ငါ့ကို ဝှက်ဖဲ သုံးချပ် သုံးဖို့၊ ဖိအားပေး နိုင်ခဲ့တဲ့ အတွက်၊ မင်းဂုဏ်ယူ နိုင်ပါတယ်။ "
ထို့နောက် သူ့ လက်ဖဝါး၏၊ နောက်ဆုံး ရိုက်ချက်ကို ရေခဲ ရုပ်တု ထံသို့၊ အုပ်မိုး ရိုက်ချ လိုက်သည်။
'' ခ လွမ်....... ''
ရေခဲ လွှာများ ကွဲသွား ပြီးနောက်၊ လင်းယွန် ထွက်ပေါ် လာ၏။ သူ့ နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာပြီး၊ ခရမ်း သွေးရောင် ချပ်ဝတ်၏၊ အရိပ် အယောင် မျှပင်၊ မတွေ့ရှိ ရတော့ပေ။
ဘိုင်ယီက လင်းယွန်ကို မြင်သော အခါတွင်၊ မျက်မှောင်ကြုတ် သွားသည်။ သေဆုံး သွားခြင်း မရှိသော လင်းယွန်ကြောင့်၊ အံ့သြ သွားခြင်း ဖြစ်၏။
လက်ဖဝါး ချက်ကြောင့်၊ ရေခဲ အပိုင်း အစများ အဖြစ်၊ ကွဲအက်သွား လိမ့်မည်ဟု၊ သူ မျှော်လင့် ထားမိသည်။
သို့သော် သူက အနက်ရောင် မီးတောက် များကို၊ တစ်ဖန် ပြန်လည် စုစည်း လိုက်ပြီး၊ လင်းယွန်ကို စူးစူး ရဲရဲ ကြည့်လျက် ရိုက်နှက် လိုက်ပြန်၏။
ဤအကြိမ် တိုက်ခိုက်မှုတွင် လင်းယွန်၏ ဘဝကို အဆုံး သတ်ချင် လိုသော ဆန္ဒ များဖြင့်၊
" မင်းရဲ့ ခန္ဓာ ကိုယ်က နည်းနည်းတော့ ပြဿနာ ရှိတယ်၊ ဒါက မိစ္ဆာ တစ်ရာ တံခါးဝ ဂိုဏ်းက၊ လူရိုင်း တွေနဲ့ အတူတူပဲ၊ ဒါပေမယ့် ငါပြောခဲ့ သလိုပေါ့၊ မင်းမှာ ကျောက်စိမ်း တုံးကို ချိုးဖို့၊ အခွင့် အရေး မရှိ တော့ပါဘူး။ "
“ အဟက် .... ငါ့ဓား ကိုတောင် မဆွဲရ သေးဘူး၊ မင်းရဲ့ယုံကြည်မှုကို ဘယ်က ရလာ တာလဲ။ "
စကားဆုံး သည်နှင့်၊ လင်းယွန်၏ မျက်နှာမှာ ပြောင်းလဲ သွားပြီး၊ အကြည့် များက ရုတ်တရက် စူးရှ လာ၏။
ဓားသေတ္တာ ပွင့်သွား ပြီးနောက်၊ ပန်းသင်္ချိုင်း ဓားကို ဆွဲထုတ် လိုက်သည်။
ပြီးနောက် ပန်းသင်္ချိုင်း ဓားအား လွှဲခုတ် လိုက်ရာ၊ ရေခဲ ဓားကြီး တစ်လက် ကဲ့သို့ ပြေးထွက် သွား၏။
သို့သော် ဘိုင်ယွီ အမြင် တွင်မူ၊ ညစ်နွမ်းသော နယ်မြေ အတွင်း၊ တောက်ပသော လမင်း တစ်စင်း၊ လင်းလက်လာ သလို ခံစား လိုက်ရသည်။
လရောင် ရေစင် ဓား၏ 'အမှောင် ခွင်းသော လမင်း' ကို အသုံးပြု ခဲ့ခြင်း ဖြစ်သည်။
မလှုပ်ရှား နိုင်ခင် မှာပင်၊ လမင်းက ဘိုင်ယွီ အပေါ် ပြိုကျ ထိမှန် သွားသည်။
လမင်းမှ ထွက်ပေါ် လာသော ငွေနှင်းမှုန် များက၊ အနက်ရောင် မီးတောက် များကို ငြိမ်းပစ် လိုက်၏။
ထို ရိုက်ခတ် မှုကြောင့်၊ ဘိုင်ယွီမှာ ခြေလှမ်း များစွာ နောက်ပြန် ဆုတ်ခဲ့ ရပြီး၊ သွေးတစ်လုတ် ကိုပင်၊ အန်ချ လိုက်ရသည်။
“ ငါ့မှာ မိုင်ပေါင်း များစွာကို အေးခဲ နိုင်တဲ့ ဓားတစ်လက် ရှိတယ်၊ ကဲ ... မြည်းစမ်း ကြည့်ပါဦး။ "
လင်းယွန်က လက်ကို ဝှေ့ယမ်း လိုက်ပြီး၊ အေးစက်သော ဓားရောင်ခြည် များဖြင့်၊ ဘိုင်ယွီအား ရေခဲ ရုပ်တု အဖြစ်၊ ချိတ်ပိတ် လိုက်၏။
ပန်းသင်္ချိုင်း ဓားထံမှ အေးစက်သော မူလ စွမ်းအင် လှိုင်းများ၊ ပြေးထွက် သွားကာ၊ လေဟာ နယ်ကို ပိတ်ဆို့ ပစ်လိုက် လေသည်။
'' ရေ ခဲ..... ''
ဘိုင်ယွီအား သူ့ဖော်သည့် ဆေး၊ သူ့ ပြန်လည် မြည်းစမ်း စေလိုက်သည်။ သို့သော် လင်းယွန်၏ ဓားမှာ၊ ပိုမြန်ပြီး၊ ပို၍ အေးကာ၊ ပို၍ ရက်စက်၏။
သူ့အပေါ် ပင့်ကူမျှဉ် များလို ပြေးတက် လာသော ရေလွှဲ များကို၊ ဘိုင်ယွီက ကျင့်ကြံ အသာ အရ ချိုးဖျက် နိုင်လိုက်၏။
သို့သော် ရေခဲ အလွှာ အတွင်းမှ လွတ်မြောက် လာချိန်တွင်၊ လင်းယွန်၏ ဓားမှာ တဟုန်ထိုး တိုးဝင် လာနေ ပြန်သည်။
သူ၏ ရေခဲလွှာ များကို တုန့်ပြန် နိုင်လိမ့် မည်ဟု၊ လင်းယွန်က တွက်ဆ ထား ပြီးသား ပေပင်။ ထို့ကြောင့် လွတ်မြောက် လာမည့် ဘိုင်ယွီ အတွက်၊ ဓားတစ်လက်ကို ပြင်ဆင် ထားခဲ့ခြင်း ဖြစ်၏။
ဓားဖျားက ဘိုင်ယွီ၏ ရင်ဘတ် ထဲသို့ လက်မ ဝက်ခန့် တိုးဝင် ပြီးနောက် ရပ်တန့် သွားခဲ့၏။
ဘိုင်ယွီက သင်္ချိုင်း ဓားကို လက်နှစ် ဘက်ဖြင့်၊ ဆုပ်ကိုင် ဟန့်တား လိုက်ခြင်းဖြင့် ဖြစ်သည်။
ထို့ကြောင့် လင်းယွန်က၊ ဓားဖျားကို အတင်း အကျပ် ထပ်မံ ထိုးသွင်းရန်၊ မကြိုးစား တော့ဘဲ၊ ပြန်ဆွဲ ယူလိုက်၏။
ဆုပ်ကိုင် ထားသော ပန်းသင်္ချိုင်း ဓားအား လွှတ်ပေး လိုက်ကာ၊ ဘိုင်ယွီက နောက်ပြန် ဆုတ်ခွာ နေစဉ်၊ ပန်းသင်္ချိုင်း ဓားမှာ နောက်တစ်ကြိမ် တိုးဝင်လာ ပြန်သည်။
မြေပြင် ပေါ်သို့ မဆင်းနိုင် မီတွင်၊ လင်းယွန်က ထပ်မံ တိုက်ခိုက် လိုက်ခြင်း ဖြစ်၏။ ဓားဖျားမှာ ဘိုင်ယွီ၏ ရင်ဘတ်ကို ထပ်မံ တိုးဝင် သွားကာ၊ အေးစက်သော အငွေ့ အသက်များ ကျန်ရစ် စေခဲ့သည်။
ရိုက်ခတ် လာသော အဟုန်ကြောင့်၊ ဘိုင်ယွီမှာ ကျောက်နံရံ ဆီသို့ လွင့်စင် သွားပြီး၊ ကြမ်းပြင်ပေါ် ပြုတ်ကျ သွား၏။
သူ့ ခန္ဓာ ကိုယ်မှ နံရိုးများ ကွဲအက် သွားသံကို၊ အတိုင်းသား ကြားလိုက် ရစေသည်။
သို့သော် နာကျင် နေချိန် မရ အားပဲ၊ ကြမ်းပြင်အား စောင့်နင်းကာ၊ ခန်းမ အတွင်းမှ တဟုန်ထိုး ပြေးထွက် သွားလေသည်။
" မင်း ... ပြေးတာ ချစ်စရာ ကောင်းတယ်။ "
ပန်းသင်္ချိုင်း ဓားကို ရုတ်သိမ်း လျက်ဖြင့်၊ လင်းယွန်က ရေရွတ် လိုက်သည်။ သူက ဘိုင်ယွီ နောက်သို့ လိုက်သွားရန် မရွေးချယ် ခဲ့ပေ။
ဘိုင်ယွီကို သတ်ခြင်းထက်၊ 'ယင်-ယန် မှော်ဆေးလုံး' သည်သာ၊ သူ့အတွက် ပိုဦးစား ပေး ဖြစ်သည်။
ဘိုင်ယွီကို လိုက်ရှာ နေချိန်တွင်၊ တခြားသော တစ်ယောက် ယောက်မှ၊ 'ယင်-ယန် မှော်ဆေးလုံး' အား၊ သိမ်းယူ သွားနိုင်မည်။
ဆဋ္ဌမ အဆင့်နှင့် သတ္တမ အဆင့်တွင်၊ လက်ဗလာဖြင့် ထွက်လာ ခဲ့ရ ပြီးနောက်၊ ထပ်မံ ဆုံးရှုံး ရပါက၊ ပြောစရာ မရှိ တော့ခြေ။
အခြား တစ်ဖက်တွင် ဘိုင်ယွီမှာ၊ သူ့ထံမှ ဓားနှစ်လက်ကို၊ ခံယူ လိုက်မိ သည့်အတွက်၊ ရှင်သန် နိုင်ခဲ့ လျှင်ပင်၊ ကံကောင်း ပေလိမ့်မည်။
လင်းယွန်က သူ့ အကြည့်ကို၊ 'ယင်ယန် မှော်ဆေးလုံး' ဆီသို့၊ ပြန်လှည့် လိုက်သည်။
'' ဟား ဟား ဟား..... ''
ထိုဆေးလုံးကို စိုက်ကြည့် နေသော၊ ဘိုင်ယွီ၏ မျက်ဝန်း များအား၊ ပြန်လည် သတိ ရသွား ပြီးနောက်၊ ကျေနပ်စွာ ပြုံးရယ် လိုက်မိ၏။
နဝမ အဆင့် အထွတ် အထိပ်၌ ရှိသော၊ ဘိုင်ယွီ အတွက်ပင်၊ ၎င်းကို ငတ်မွတ် ခဲ့သည်။ ဆိုလို သည်မှာ အဋ္ဌမ အဆင့် တွင်သာ၊ ရှိနေ သေးသော လင်းယွန်အား၊ ပို၍ အကျိုးရှိ စေမည် ဖြစ်သည်။
မှော်ဆေးလုံးကို ရယူ ပြီးနောက်၊ လေးနက်သော အမူ အရာဖြင့်၊ ရတနာ ကြာပန်း ပလ္လင်အား ကြည့်လိုက်၏။ တက်လှမ်း လိုက်သည်နှင့်၊ နဝမ အဆင့်သို့ ပို့ဆောင် ခံရ ပေမည်။
ဆိုလို သည်မှာ ဒဏ္ဍာ ရီလာ၊ ဒဿမ အဆင့်ဖြင့်၊ တစ်လှမ်းသာ ကွာဝေး တော့သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
နဝမ အဆင့် စစ်ဆေးပွဲ အတွက်၊ သူ၌ ယုံကြည်ချက် များရှိ သော်လည်း၊ ဒဿမ အဆင့် ကိုမူ၊ ထိုသို့ မဟုတ် တော့ပေ။
ဒဿမ အဆင့်သို့၊ တက်ရောက် နိုင်သည့် နောက်ဆုံးသော သူ၏ အမည်ကို၊ မည်သူမျှ မသိ ခဲ့ပေ။ ယင်းမှာ ဒဏ္ဍာရီ တစ်ပုဒ်ပင် ဖြစ်လာ လေသည်။
နဝမ အဆင့် အနေဖြင့်၊ လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင် ခန့်၌ တစ်စုံ တစ်ယောက်က၊ တက်ရောက် နိုင်ခဲ့ သေးသည်။
အနှစ် တစ်ထောင်သည် သာမာန် လူသားများ အတွက်၊ ရှည်လျား လှသော်လည်း၊ ကျင့်ကြံသူများ အတွက်မူ၊ မျက်စိတမှိတ် အတွင်းသာ ဖြစ်ပေသည်။
'ကောင်းကင် ဝိညာဉ် နယ်ပယ်' ရောက်၊ ကျင့်ကြံသူ များသည်၊ အနှစ် သုံးရာ သက်တမ်းကို၊ ပိုင်ဆိုင် ထားရှိသည်။
" ဒါပေမယ့် ဘာပဲ ဖြစ်ဖြစ်၊ ဒဿမ အဆင့်ကို၊ ငါကြိုးစား လို့ရပါ သေးတယ်။ "
လင်းယွန်က ခပ်တိုးတိုး ရေရွတ် လိုက်ပြီး၊ တုံ့ဆိုင်း မနေ တော့ဘဲ၊ ရတနာ ကြာပန်း ပလ္လင်ပေါ်သို့၊ ခုန်တက် လိုက်သည်။
အခြားသော ရတနာ ကြာပန်း ပလ္လင် ရှိရာ၊ အခန်း တစ်ခန်း ထဲတွင်၊ ဂျင်ဂျူးက တည်ငြိမ်စွာ ရပ်ကြည့် နေခဲ့သည်။
ရတနာ ကြာပန်း ပလ္လင်တွင်၊ မည်သည့် အရာ ထွက်ပေါ်လာ မည်ကို၊ မည်သူမျှ မသိကြသော်လည်း၊ ယင်းမှာ ရတနာ တစ်ခု ဖြစ်လာ နိုင်မည်ကို၊ လူတိုင်း ခန့်မှန်း နိုင်လေသည်။
အလင်း တန်းများ တဖြည်းဖြည်း မှိန်ဖျော့ လာသည် နှင့်အမျှ၊ ရှုပ်ထွေး ပွေလီသော ရူရ်များဖြင့်၊ ဖုံးအုပ် နေသော ရှေးဟောင်း ဆေဘာဓား တစ်လက် ထွက်ပေါ် လာ၏။
" ဆေဘာဓား လား။ "
ဂျင်ဂျူး၏ မျက်နှာမှာ ပြောင်းသွား၏။ စိတ်လှုပ်ရှား မှုများ ရုန်းကြွ လာပြီး၊ ဖွဲ့တည် ကာစ ဆေဘာဓားကို စိုက်ကြည့် လိုက်သည်။
စကြာဝဠာ လက်ရာ ဓားရှည်။ ၎င်းသည် ရှေးဟောင်း လက်ရာ တစ်ခု ဖြစ်ပေရာ၊ ပြင်ပ ကမ္ဘာရှိ အဆင့်မြင့် စကြာဝဠာ လက်ရာ များနှင့်၊ နှိုင်းယှဉ် နိုင်၏။
( ကောင်း ကင် ဘုံ ဆုလာဘ် ပဲ။ )
တိုက်ဆိုင်မှု ဆိုသော်လည်း၊ ရိုးရှင်းသော တိုက်ဆိုင်မှု မဖြစ် နိုင်သောကြောင့်၊ အထက်ပါ စကားလုံး များကိုသာ၊ ဂျင်ဂျူးက ရေရွတ် လိုက်မိသည်။
ဆေဘာဓား ပေါ်ရှိ သွေးရောင် 'ရူရ်' များကို၊ အခြေ ခံ၍ ဤအရာသည် သူ့အတွက် အမှန်တကယ်၊ လိုက်ဖက်သော ဆေဘာဓား တစ်လက် ဖြစ်ကြောင်း၊ သူ သိသည်။
" ဟုတ်ပါတယ်၊ ကြာနက် ရတနာ သုံးပါး ထဲမှာ၊ စကြာဝဋ္ဌာ လက်ရာတွေ ရှိတက်တာ သဘာဝ ပါပဲ။ ''
ရေရွတ်သံ နှင့်အတူ၊ လူတစ်ယောက် ဝင်ရောက် လာသည်။ အသံ ရှင်မှာ ထာဝရ မြင့်မြတ်ခြင်း ဂိုဏ်းမှ၊ တန်းယောင်း ဖြစ်၏။
ရတနာ ကြာပန်း ပလ္လင် ပေါ်ရှိ ၊ ဆေဘာဓားကို လောဘ ရောင်များဖြင့်၊ သူက လှမ်းကြည့် လိုက်သည်။
" တန်းယောင်း... မင်းက ငါနဲ့ ပြိုင်ချင် တာလား။ "
ဂျင်ဂျူး ၏ အပြုံးမှာ ပျောက်ကွယ် သွားသည်။ သူက တန်းယောင်းအား အေးစက်စွာ စိုက်ကြည့် လိုက်၏။
" ဒီဓား ပေါ်မှာ မင်း ... နာမည်ကို ငါမမြင် မိပါလား၊ မင်းတို့လို နတ်ဆိုး လမ်းစဉ် ကျင့်ကြံတဲ့ သူတွေက၊ ရတနာ မြင်တိုင်း မင်းတို့ အပိုင်လို့၊ ယူဆ နေပုံပဲ။ ''
တန်းယောင်းက မထီ မဲ့မြင် နိုင်သော အပြုံးဖြင့်၊ တုန့်ပြန် လိုက်သည်။ အခြားသော သူများက ဂျင်ဂျူးကို ကြောက်ကောင်း၊ ကြောက်နိုင်သော်လည်း၊ သူကတော့ မဟုတ်ပေ။
စကြာဝဠာ လက်နက်တွင်၊ ပိုင်ရှင် မရှိ သောကြောင့်၊ ၎င်းကို စွန့်လွှတ်ရန် မဖြစ်နိုင်။
ထို့ပြင် ယင်းသည် ပြင်ပ လက်ရာ များထက်၊ ပို၍ တန်ဖိုး ရှိသော၊ ရှေးဟောင်း လက်ရာ တစ်ခု ဖြစ်လေသည်။
" အပြော ကောင်းတယ်၊ မင်းတို့က ဒီမှာ ပထမလူ ဖြစ်နေ တာကို၊ ငါဂရု မစိုက်ဘူး၊ ငါရှိနေ မှတော့ ခွန်အားနဲ့ ဆုံးဖြတ်ဖို့၊ ဘာလို့ မစဉ်းစား ကြတာလဲ။ ”
မျက်နှာကျတ်ဖြင့် ထိလု မတက်၊ မြင့်မား လာသော သူ့အရပ် ကြီးကို ငုံ့ကိုင်းလျက်၊ ခန်းမထဲ လှမ်းဝင် လာသော ဖန်းယီက၊ ပြုံးကာ ဆိုလိုက်သည်။
ယခင် ကထက် ပို၍ ကြံ့ခိုင်သော ခန္ဓာမျိုး ဖြစ်လာ စေရန်၊ ဖန်းယီ တစ်ယောက် မည်သည့် အရာများ၊ ကြုံတွေ့ ခဲ့ရ သည်ကို၊ သူတို့ မခန့်မှန်း နိုင်ကြခြေ။
ခန်းမထဲ ဝင်ရောက် လိုက်မှ သာလျှင်၊ မြင့်မားသော မျက်နှာ ကျတ်ကြောင့်၊ ဖန်းယီက ခါးမတ်မတ် ဆန့်နိုင်ကာ၊ ချောင်ချောင် ချိချိ ခံစား လိုက်ရ၏။
“ မင်းတို့ ပြောသလိုပဲ၊ ပိုင်ရှင်မဲ့ ရတနာ တစ်ခုအတွက်၊ ယှဉ်ပြိုင် နိုင်တယ် ဆိုတာ မှန်ပါတယ်၊ ဒါပေမယ့် မင်းတို့တွေ ရယူဖို့၊ အရည် အချင်း မရှိ မှာကို ငါကြောက် မိတယ်၊ လာပါ .... နှစ်ယောက်လုံး အတူတူ ဝင်လာခဲ့၊ ငါ့အချိန် တွေကို မဖြုန်းချင် တော့ဘူး။"
ဂျင်ဂျူးက ခြယ်လှယ် လွန်းသော၊ ဆေဘာဓား ရည်ရွယ်ချက်ဖြင့်၊ ရှေ့သို့ တိုးထွက် လာကာ၊ စိန်ခေါ်လိုက်လေသည်။
***