နောက်ဆုံး သုံးယောက်။
Vol. 27 Ch. 375
" ဒီဓား ပေါ်မှာ မင်း ... နာမည်ကို ငါမမြင် မိပါလား၊ မင်းတို့လို နတ်ဆိုး လမ်းစဉ် ကျင့်ကြံတဲ့ သူတွေက၊ ရတနာ မြင်တိုင်း မင်းတို့ အပိုင်လို့၊ ယူဆ နေပုံပဲ။ ''
တန်းယောင်းက မထီ မဲ့မြင် နိုင်သော အပြုံးဖြင့်၊ တုန့်ပြန် လိုက်သည်။ အခြားသော သူများက ဂျင်ဂျူးကို ကြောက်ကောင်း၊ ကြောက်နိုင်သော်လည်း၊ သူကတော့ မဟုတ်ပေ။
" အပြော ကောင်းတယ်၊ မင်းတို့က ဒီမှာ ပထမလူ ဖြစ်နေ တာကို၊ ငါဂရု မစိုက်ဘူး၊ ငါရှိနေ မှတော့ ခွန်အားနဲ့ ဆုံးဖြတ်ဖို့၊ ဘာလို့ မစဉ်းစား ကြတာလဲ။ ”
မျက်နှာကျတ်ဖြင့် ထိလု မတက်၊ မြင့်မား လာသော သူ့အရပ် ကြီးကို ငုံ့ကိုင်းလျက်၊ ခန်းမထဲ လှမ်းဝင် လာသော ဖန်းယီက၊ ပြုံးကာ ဆိုလိုက်သည်။
“ မင်းတို့ ပြောသလိုပဲ၊ ပိုင်ရှင်မဲ့ ရတနာ တစ်ခုအတွက်၊ ယှဉ်ပြိုင် နိုင်တယ် ဆိုတာ မှန်ပါတယ်၊ လာပါ .... နှစ်ယောက်လုံး အတူတူ ဝင်လာခဲ့၊ ငါ့အချိန် တွေကို မဖြုန်းချင် တော့ဘူး။"
ဂျင်ဂျူးက ခြယ်လှယ် လွန်းသော၊ ဆေဘာဓား ရည်ရွယ် ချက်ဖြင့်၊ ရှေ့သို့ တိုးထွက် လာကာ၊ စိန်ခေါ်လိုက်လေသည်။
နာရီဝက် အကြာတွင် အဋ္ဌမ အဆင့်သို့၊ တက်လှမ်း လာသော ရွှန်းဝူဟန်က၊ မထင်မှတ် ထားသည့် လူ တစ်ယောက်ဖြင့်၊ ဝင်တိုက် မိသွားသည်။
ဆံပင်များ ရှုပ်ပွ နေလျက်ဖြင့်၊ တင်ပျဉ် ခွေချိတ် ထိုင်နေသော ဘိုင်ယွီ ဖြစ်သည်။ ဘိုင်ယွီနှင့်၊ နီးကပ် လာသော အခါတွင်၊ ရင်ဘတ် ပေါ်ရှိ ကြောက်မက်ဖွယ်၊ အငွေ့ အသက် များအား၊ တွေ့မြင် ခံစား မိသည်။
သို့သော် သေစေသည့် အရာမျိုး မဟုတ်ပေ။ သေစေသည့် အရာမှာ ရင်ဘတ် ပေါ်ရှိ ဓားဒဏ်ရာ ဖြစ်သည်။ ဘိုင်ယွီ၏ နှလုံးနှင့် လက်မ ဝက်ခန့် သာ၊ ကွာဝေး ပေသည်။
ထိုဒဏ်ရာကို ကြည့်ခြင်းဖြင့် ပြိုင်ဘက်မှာ၊ ဘိုင်ယွီကို အသေ သတ်ချင် ခဲ့ကြောင်း၊ သူ ပြောနိုင်သည်။
" ဘယ်သူက မင်းကို သတ်ချင် နေရ တာလဲ။ "
ရွှန်းဝူဟန်၏ မေးလာသော အသံကြောင့်၊ ဘိုင်ယွီက မျက်လုံးဖွင့် လိုက်ပြီး၊ မော့ကြည့် လာသည်။
ဤအဆင့်သို့ တစ်စုံ တစ်ယောက် ရောက်ရှိ လာနိုင် မည်ဟု၊ သူမှန်းဆ ထားပြီး ဖြစ်ရာ၊ ရွှန်းဝူဟန်ကို တွေ့ပြီးနောက်၊ သူ မအံ့သြ မိပေ။
သို့သော် လင်းယွန်နှင့် တိုက်ပွဲ အတွင်း၊ မူလစွမ်းအင်များ ကုန်ဆုံး ခဲ့ရသည်။ ထို့ကြောင့် ဤသို့ သနား စရာ ကောင်းသော အခြေ အနေ၌ ရှိနေစဉ်၊ အင်အား ကြီးသောပြိုင်ဘက်နှင့် တွေ့ဆုံ ရခြင်းမှာ၊ သူ၏ ကံဆိုးမှုသာ ဖြစ်ပေသည်။
" လင်း ယွန်...။ ''
ဘိုင်ယွီက ပြန်ဖြေသည်။
" တကယ်ပဲ သူပေါ့။ ''
ဘိုင်ယွီ၏ ဒဏ်ရာ များကို မြင်သည်နှင့်၊ ရွှန်းဝူဟန်က မှန်းဆ ပြီးသား ဖြစ်၏။ နောက်ဆုံးတွင် လင်းယွန်မှ လွဲ၍ အခြား မည်သူမျှ၊ ဓားရှည်ကို အသုံး မပြုချေ။
ဓားကို အသုံး ပြုသော အခြား တစ်ယောက်မှာ၊ မူရွှန်းဟန် ဖြစ်သော်လည်း၊ ကြာနက် နန်းတော်ထဲ မဝင် နိုင်ခဲ့ကြောင်း၊ သူ သိသည်။
မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံ သားရဲ အမြုတေ အတွက်၊ လင်းယွန်နှင့် မတိုက်ခိုက်ဘဲ၊ ရှောင်ထွက် မိသည်မှာ၊ သူ၏ မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခု ဖြစ်လာ ခဲ့သည်။
မူရွှန်းဟန် အတွက်မူ သူ၏ လက်ရှိ အခြေ အနေ အပေါ်၊ မည်သူ့ ကိုမျှ အပြစ် တင်၍ မရချေ။
မိုးကြိုး မိစ္ဆာ နဂါး မျောက်ဝံနှင့်၊ တိုက်ပွဲတွင် ဒဏ်ရာ ရရှိ ခဲ့ပြီး၊ စကြာဝဠာ လက်နက်သည်ပင်၊ ပြိုပျက် လုနီးပါး ဖြစ်နေ ချိန်၌၊ တိုက်ခိုက်ရန် ရွေးချယ် ခဲ့သည်။
ထို့ကြောင့် လင်းယွန်က သူ၏ စကြာဝဠာ လက်နက်ကို၊ ထုတ်ယူပြီး နောက်တွင်ပင်၊ သားရဲ အမြုတေကို လုယူရန်၊ ဆက်လက် တွန်းအားပေး လိုခြင်း အတွက်၊ သူ့ကိုယ် သူသာ အပြစ်တင် နိုင်မည်။
" ဒီခန်းမ ထဲမှာ ဘာရတနာလဲ။ "
ဘိုင်ယွီကို ဒဏ်ရာ ရစေသော၊ လင်းယွန်နှင့် ယှဉ်ပါလျှင်၊ ရွှန်းဝူဟန်က ရတနာကို ပိုစိတ်ဝင် စားသည်။
သူ့ မေးခွန်းကြောင့် ဘိုင်ယွီ၏ မျက်နှာမှာ၊ ပျက်ယွင်း မည်းမှောင် ကျသွားပြီး၊
'' ယင်-ယန် မှော်ဆေးလုံး။ ''
" သေ ချာ လား။ "
မျက်ခုံး ပင့်လျက်၊ ထပ်မေး လိုက်သည်။ ရတနာ အကြောင်း ကြားသိ ရသော အခါတွင်၊ သူ၏ တည်ငြိမ်သော အသွင်မှာ၊ ပျောက်ကွယ် သွား၏။
" ငါက မှားမယ်လို့ မင်းထင် နေတာလား၊ ဆန့်ကျင်ဘက် အနှစ် သာရ ရှိနေတဲ့၊ နဂါး နှစ်ကောင်ကို မြင်တာတောင်၊ မှားနေ ရဦး မှာလား။ "
ဘိုင်ယွီက ဒေါသဖြင့် အော်ဟစ် လိုက်သည်။
" နှမျော စရာ ပဲ။ "
ရွှန်းဝူဟန်က ဘိုင်ယွီ၏ ဒေါသကို လျစ်လျူရှုကာ၊ စိတ်ပျက် လက်ပျက် ညည်းတွား သွားသည်။
" သန့်စင် နိုင်တဲ့ သူ အတွက် ...၊ ပြီးပြည့် စုံတဲ့ ခရမ်းရောင် နန်းတော်ကို၊ ဖန်တီး ပေးနိုင်မဲ့ ယင်-ယန် မှော်ဆေးလုံးက၊ သူ့ လက်ထဲမှာ ဆိုရင်တော့၊ ဖြုန်းတီးရာ ရောက်သွား လိမ့်မယ်။ "
ပါရမီရှင် ရှစ်ပါး အဆင့်ရှိ၊ ကျွမ်းကျင်သူ များသာလျှင်၊ 'ယင်-ယန် မှော်ဆေးလုံး' ကို လိုအပ်မည် ဖြစ်သည်။
သို့သော် မှော် ဆေးလုံး၏ ဆေးဖက်ဝင် အာနိ သင်ကို၊ နက်နဲ အဋ္ဌမ အဆင့် တွင်သာ ရှိသေးသော၊ လင်းယွန်က သန့်စင် ခြင်းဖြင့်၊ ဖြုန်းတီး မှုသာ ဖြစ်လာ ပေလိမ့်မည်။
“ ဟမ့် .... ၊ သူ ဖြုန်းတီး လိုက်တာက ပိုကောင်းတယ် ... ''
ဘိုင်ယွီက နှုတ်ခမ်း တွန့်ရုံ ပြုံးလျက်၊ ရေရွတ် လိုက်သည်။ သူ ပိုင်ဆိုင်သော ရတနာကို လက်လွှတ် ရပြီး နောက်တွင်၊ အခြား သူများရရှိ ခြင်းထက်၊ လင်းယွန် လက်၌သာ ဖြုန်းတီး မိစေဖို့၊ မျှော်လင့် မိသည်။
ရွှန်းဝူဟန်က စကားဆက် မပြော တော့ဘဲ၊ ပြုံးပြ လိုက်ပြီး၊
“ ဒီမှာ ပျော်သရွေ့ နေလိုက် ပါဦး၊ မင်းဒီကို ရောက်ပြီး နောက်တော့၊ နက်နဲ ဒဿမ အဆင့်ကို၊ အောင်မြင် မှုတွေ လုပ်နိုင် ပါလိမ့်မယ်။ "
ရွှန်းဝူဟန်၏ စကားကြောင့်၊ ဘိုင်ယွီက အံ့အားသင့် သွားခဲ့သည်။ ဤနေရာရှိ ဝိညာဉ် စွမ်းအင် သိပ်သည်း ဆမှာ၊ ပြင်ပ ကမ္ဘာ အတွက် စိတ်ကူး မယဉ် နိုင်သော၊ တည်ရှိ မှုမျိုး ပေပင်။
ဘိုင်ယွီက နက်နဲ နယ်ပယ်၏၊ ဒဿမ အဆင့်သို့ ရောက်ရှိရန်၊ ခြေလှမ်း တစ်ဝက် မျှသာ၊ ကွာဝေး လှသည် ဖြစ်ရာ၊ မကြာခင် အောင်မြင်မှု တစ်ခုအား၊ ပြုလုပ် နိုင်တော့မည် ဖြစ်သည်။
ထိုသို့ အောင်မြင်မှု တစ်ခုကို ပြုလုပ် နိုင်ခဲ့ ပါက၊ လင်းယွန်အား ကြာနက် နန်းတော် အပြင် ဘက်တွင်၊ လက်စား ချေရန် အခွင့် အရေး ရရှိ နိုင်ပေမည်။
" မင်း ငါ့ကို ထွက်သွား ခိုင်းမှာ၊ မဟုတ် ဖူးလား ။ "
ဘိုင်ယွီက မယုံကြည် ဟန်ဖြင့်၊ ရွှန်းဝူဟန်ကို မေးလိုက်သည်။
“ မင်းက ရှုံးနိမ့် သွားတဲ့ ခွေး တစ်ကောင်ပဲ၊ ငါက မင်းကို ဘာအတွက် စိတ်ရှုပ်ခံ နေရဦး မှာလဲ၊ မင်းထွက် သွားရင် ငါ့အတွက် ကြီးကြီး မားမား၊ ဆုံးရှုံး မှုကြီး ဖြစ်လာ လိမ့်မယ်။”
ရွှန်းဝူဟန်က ညင်သာစွာ ပြန်ဖြေ လာသည်။ သူ့ စကား များက ဘိုင်ယွီနား ထဲသို့၊ ကန့်လန့် ဝင်ရောက် သွား၏။
ရွှန်းဝူဟန် ကပင် ပြုံးပြပြီး၊
" မင်းနဲ့ငါ အချိန် ဖြုန်းတာ ပြီးသွားပြီ၊ စည်းမျဉ်း တွေကို မင်းသိ သေးတယ် မဟုတ်လား။ "
" ငါ သိ တယ်။ "
ဘိုင်ယွီက အံကြိတ်လျက် ပြန်ဖြေသည်။ ကြာနက် နန်းတော် အတွင်း၊ လူတိုင်းက သူတော် စင်များ၊ မဟုတ် သည်ကို သူသိသည်။
သူ ကိုယ်တိုင် သည်လည်း လူကောင်း တစ်ယောက် မဟုတ် ခဲ့ပေ။ သိုလှောင်အိတ်ကို ညင်သာစွာ ပုတ်လိုက်ပြီး၊ ကျောက်စိမ်း ပုလင်း တစ်လုံးအား၊ ထုတ်ယူ လိုက်သည်။
“ ဒါကို ငါ သတ္တမ အဆင့်မှာ ရခဲ့တာ၊ စတုတ္ထတန်း မှော်ဆေးလုံး ဆယ်လုံးပဲ၊ 'ရေခဲ တိမ်လွှာ ဆေးလုံး' လို့ ခေါ်တယ်၊ သူက မင်းရဲ့ 'တိမ်မြူ ဖုံးသော ဓား' နဲ့၊ လိုက်ဖက် ပါလိမ့်မယ်။ ''
" မင်း အသက် အတွက် 'ရေခဲ တိမ်လွှာ မှော်ဆေးလုံး တစ်ပုလင်း' ဆိုရင်တော့၊ သင့်လျော်တဲ့ ကုန်သွယ်မှု တစ်ခု ပါပဲ၊ မင်းရဲ့ အဆင့်ချိုးဖြတ်မှု အတွက် ကံကောင်း ပါစေ။ "
ရွှန်းဝူဟန် ဆေးပုလင်းကို လက်ခံ ယူကာ၊ ကျေနပ် သွားသည်။
" လင်းယွန်ရဲ့ဓားအောက်မှာ မင်းသေရင် ငါပျော်မိမှာ အမှန်ပဲ။ "
ဘိုင်ယွီက အေးစက်စွာ တုန့်ပြန် လိုက်သည်။
“ ငါလား .... မဟုတ်ဘူး၊ ဒဿမ အဆင့်ကို တက်ပြီး၊ ငါ့ရဲ့ ဒဏ္ဍာရီကို ရေးထိုး ပြီးတဲ့ အခါ၊ နောက်တစ်ကြိမ် ထပ်ပြော ကြမယ်။ "
ရွှန်းဝူဟန်က လှည့်မ ကြည့်ဘဲ ပြန်ဖြေသည်။ ဘိုင်ယွီကို သူက သဘော ကျသည်။ ထို့ကြောင့် ဘိုင်ယွီ့ အသက်ကို နှမြော ခဲ့သော်လည်း၊ ဘိုင်ယွီက သူ့အား ကျိန်ဆဲ နေပြန်သည်။
ဘိုင်ယွီ အတွက် မှာမူ၊ ရွှန်းဝူဟန်၏ နောက်ကျောကို မနာလို စိတ်ဖြင့်သာ ကြည့်နေ နိုင်သည်။
ရွှန်းဝူဟန်မှာ ဒဿမ အဆင့် ထိတိုင်၊ တက်ရောက် နိုင်ကာ၊ ဆိတ်သုန်း နေသော နယ်မြေတွင်၊ နောက်ထပ် ဒဏ္ဍာရီ တစ်ပုဒ်ကို၊ ဖန်တီးနိုင် လိမ့်မည်ဟု၊ သူ မယုံကြည် မိပေ။
သို့သော် ရွှန်းဝူဟန်၌၊ ထိုသို့သော အခွင့် အရေးမျိုး ရှိနေသည်။ သူတွင်မူ မရှိ တော့ပေ။
အရာ အားလုံးသည် လင်းယွန်ကြောင့် ဖြစ်သည်။ လင်းယွန် အကြောင်း တွေးမိ ရုံဖြင့်၊ သူ့ မျက်ဝန်း များတွင် ဒေါသများ တောက်လောင် လာသည်။
'ယင်-ယန် မှော် ဆေးလုံး' ပင် ဖြစ်စေ၊ 'ရေခဲတိမ်လွှာ မှော် ဆေးလုံး' ပင် ဖြစ်စေ၊ လင်းယွန်ကြောင့် ဆုံးရှုံး ခဲ့ရ လေပြီ။ ယင်းအတွက် မေ့ဖျောက် နိုင်စရာ မရှိနိုင်။
တစ်ချိန် တည်းမှာပင် နောက်ထပ် တစ်နေ ရာ၌၊ တိုက်ပွဲ တစ်ပွဲ ပြီးဆုံး သွားခဲ့သည်။
ဂျင်ဂျူးက ဖန်းယီနှင့် တန်းယောင်း တို့ကို၊ အနိုင်ယူ ခဲ့ခြင်း ဖြစ်၏။
သန်မာ လွန်းသော ဖန်းယီ၏ ခန္ဓာ ကိုယ်မှ၊ သွေးများ စီးကျ နေပြီး၊ မြေပြင်ပေါ် လဲလျောင်း နေသည်။ ဒဏ်ရာမှာ ပြင်းထန်လှ သော်လည်း၊ သူက တည်ငြိမ်စွာ ရှိနေ နိုင်သေး ပေသည်။
သူ့ အသွေး များက တခြား သူများ ကဲ့သို့၊ ဖွဲ့စည်း ထားခြင်း မဟုတ် သည်မှာ၊ ကံကောင်း လှသည်။
ထို့ကြောင့် ဒဏ်ရာ ကြီးကြီး မားမား ရရှိထား သော်လည်း၊ ဖန်းယီက တက်ကြွ လန်းဆန်း နေခြင်း ဖြစ်သည်။
သူ့ နေရာ၌ အခြားသူ၊ တစ်ဦး တစ်ယောက်သာ ဆိုပါက၊ ဤမျှ သွေးသွန် ပြီးနောက်၊ ယင်းသို့ အခြေ အနေ ကောင်းနိုင်မည်၊ မဟုတ်ပေ။
သူနှင့် အနည်းငယ် လှမ်းသော နေရာတွင်၊ တန်းယောင်းက ရင်ဘတ်ကို ဆုပ်ကိုင်လျက်၊ မြေပြင် ပေါ်တွင် ဒူးထောက် ကျနေ၏။
သူက ဖန်းယီထက် ပိုကောင်းသော အခြေ အနေ၌ ရှိနေ ခဲ့သည်။ အရိုက်ခံ ရသော ဒဏ်ကြောင့်၊ နံရိုး သုံးချောင်း ကျိုးသွား ရုံသာ ဖြစ်သည်။
သို့သော် သူ့ ခြေထောက်ပေါ်၊ ပြန်မထ နိုင်တော့ဘဲ၊ အသက်ရှူရ ခက်သည့် ဝေဒနာကို ခံစား နေရ၏။
လေထဲတွင် တဖျပ်ဖျပ် လွင့်နေသော၊ ဆံပင် ရှည်များကို နောက်ခံပြုလျက်ဖြင့်၊ ဂျင်ဂျူးက ဖန်းယီတို့ နှစ်ဦးအား အေးစက်စွာ ဝေ့ကြည့်သည်။
သူတွင်လည်း ဒဏ်ရာများ ရရှိ ထားခဲ့သော်လည်း၊ ဖန်းယီနှင့် တောင်းယန်း တို့ထက် သာလွန်သော အခြေ အနေ၌ ရှိနေသည်။
ထိုကြောင့် ဓားကို ရုတ်သိမ်းကာ၊ သူ့အား စောင့်နေသော ရှေးဟောင်း စကြာဝဋ္ဌာ လက်နက်ကို ရယူရန်၊ ကြာပန်း ပလ္လင်သို့ လျှောက်လှမ်း သွားလိုက်၏။
မတ်တပ် ရပ်ဖို့ ရန်ပင်၊ ခက်ခဲ နေခဲ့သော ဖန်းယီနှင့် တန်းယောင်း တို့မှာ၊ ဂျင်ဂျူးက စကြာဝဠာ လက်နက်အား၊ ယူဆောင် သွားသည်ကို၊ သဘောထား ကြီးစွာဖြင့် ကြည့်ရှု နေခဲ့ ရသည်။
ဂျင်ဂျူးက ဆေဘာဓားကို၊ ဓားအိမ် အတွင်းမှ လက်မ ဝက်ခန့် ဆွဲထုတ် လိုက်ပြီး၊ ကျေနပ်စွာ ပြုံးကြည့် လိုက်သည်။
ဤရတနာကို ကြာနက် နန်းတော်၌ အသုံးမပြု နိုင်ပေ။ ဆိုလို သည်မှာ ဆေဘာဓား၌၊ အနက်ရောင် အဆိပ် မြူများ၊ ပေါင်းစပ် နေခြင်း မရှိ သောကြောင့်၊ ကြာမိစ္ဆာ နယ်မြေ အတွင်းတွင်၊ ရူရ်များကို အသက် သွင်းနိုင်မည် မဟုတ်ဟု၊ အဓိပ္ပါယ် ရသည်။
သို့သော် အနက်ရောင်မြူ များ၏ ဖိနှိပ်မှုကြောင့်လည်း၊ ရူရ်များမှာ ပျက်စီး သွားခြင်း မရှိပေ။
ဂျင်ဂျူးက အပြုံးဖြင့် ဆေဘာဓားကို ဆွဲထုတ်ပြီး၊ လက်ကိုင် ပုဝါ တစ်ထည်အား ထုတ်ယူကာ၊ ညင်သာစွာ သုတ်လိုက်သည်။ ပြီးနောက် ဓား သေတ္တာထဲ ပြန်ထည့် လိုက်၏။
“ ငါ့ကို ရှုံးနိမ့် တဲ့သူတိုင်း ... အသက် ရှင်လျက် ကျန်ခဲ့ဖို့ ဆိုတာ ရှားပါတယ်၊ ဒါပေမယ့် အခု ငါစိတ်ကောင်း ဝင်နေ တာမို့၊ မင်းတို့ နှစ်ယောက်ကို၊ မသတ်ဖို့ ဆုံးဖြတ် ထားတယ်။ ”
ဂျင်ဂျူးက လက်နောက် ပစ်လျက်ဖြင့်၊ ဖန်းယွီ တို့အား လှည့်ကြည့် လာသည်။
“ ဆိုတော့ ... မင်းတို့ရဲ့ ရတနာ တွေကို၊ ကိုယ်တိုင် ပေးမလား၊ ဒါမှ မဟုတ် ငါ ကူညီ ရမလား။ "
" မင်းက .... လူ ယုတ်မာပဲ ။ "
ဒုတိယ အကြိမ်မြောက် လုယက် ခံရ ခြင်းကြောင့်၊ ဖန်းယီက သူ့ ဒေါသကို မထိန်း နိုင်တော့ဘဲ၊ ကျိန်ဆဲ လိုက်သည်။ ယခု တစ်ကြိမ်သည် လင်းယွန်နှင့်၊ တွေ့ဆုံ ရခြင်းထက် များစွာ ဆိုးရွား လှ၏။
တန်းယောင်းက စကား တစ်ခွန်းမှ မဆိုဘဲ၊ သူ့အိတ် ထဲမှ ရတနာ သုံးမျိုးကို၊ ထုတ်ယူ လိုက်သည်။
၎င်းတို့ မှာ ရတနာ ကြာပန်း ပလ္လင်မှ၊ သူ ရခဲ့သော ရတနာများ ဖြစ်၏။ ရှေးဟောင်း ဝိုင်အိုး၊ ရှေးဟောင်း ဆေးမီးဖိုနှင့်၊ ရှေးဟောင်း ပန်းချီကား တို့ဖြစ်သည်။
ဂျင်ဂျူးက ကျေနပ်စွာ ခေါင်းညိတ် ပြ၏။ ထို့နောက် တန်းယောင်းက ရတနာ များကို ချထား ကာ၊ ကျောက်စိမ်း တုံးအား ဖိချေလျက်၊ ပျောက်ကွယ် သွားတော့သည်။
သူက ဖန်းယီထက် ပိုပြတ် သား၏။ ပျောက်ကွယ် သွားသော တန်းယောင်း၏၊ အရှိန်အဝါကို အာရုံခံ နေမိသော ဖန်းယီက၊ တွန့်ဆုတ်စွာဖြင့်၊
" ဂျင်ဂျူး ငါတို့ နှစ်ယောက် လုံးက၊ မဟာချင် အင်ပါယာ နယ်နိမိတ်ရဲ့ ဂိုဏ်းငယ်လေး တွေက တပည့် တွေပါ၊ ဒီအထိ ယူစရာ မလိုဖူး မဟုတ်လား။ "
“ မင်း အသင့် မဖြစ် သေးရင် ရပါတယ်၊ ဒါပေမယ့် .... မင်းက ငါ့ဓားထက် ပိုမြန်ပြီး၊ကျောက်စိမ်း တုံးကို ချေမှုန်း နိုင်မလား ဆိုတာ၊ ငါလည်း သိချင်တယ်။ ”
ဂျင်ဂျူးက သူ့လက်ကို ဓားရိုးပေါ် တင်လိုက်သည်။
" ယူ ပါ၊ ငါ ပေးမယ်။ ”
ဖန်းယီက အံကြိတ်ပြီး တန်းယောင်း ကဲ့သို့သော ရတနာ သုံးမျိုးကို ထုတ်ယူ ခဲ့သည်။
၎င်းမှာ ဆေးပုလင်း တစ်ပုလင်း၊ သစ်သီး တစ်လုံးနှင့်၊ မွှေးရနံ့များ ထုတ်လွှတ် နေသော ပန်းတစ်ပွင့် တို့ဖြစ်သည်။
ပြီးနောက် ကျောက်စိမ်း တုံးအား၊ ချေမွှ လိုက်ပြီး၊ ဂျင်ဂျူးကို စိုက်ကြည့်ကာ၊ သတိပေး လိုက်၏။
" သတိ ထားပါ။ "
လူရိပ် ပျောက်ကွယ် သွားပြီးနောက်၊ ဖန်းယီ အသံ သည်သာ အခန်းထဲ လွင့်ပျံ ကျန်ရစ် ခဲ့သည်။
ဂျင်ဂျူးက ထိုအသံကို လျစ်လျူရှု လိုက်၏။ သူ့ကို ရှုံးနိမ့် သွားသော လူ တစ်ယောက်၏ အကြံညာဏ် များကို စိတ်မဝင် စားချေ။
ကြမ်းပြင် ပေါ်ရှိ ရတနာ ခြောက်မျိုးကို၊ ကြေနပ်စွာ သိမ်းယူ လိုက်သည်။
တစ်ချိန် တည်းမှာပင်၊ ဆိတ်သုန်း နေသော နယ်မြေ၌ တန်းယောင်း၊ ဖန်းယီနှင့်၊ ဘိုင်ယွီ တို့၏၊ ပုံရိပ်များ ထွက်ပေါ် လာသော ကြောင့်၊ စောင့်မျှော် နေသော လူအုပ် ကြီးမှာ၊ လှုပ်လှုပ် ရှားရှား ဖြစ်သွား ကြသည်။
သွေးရိုး တံခါး ဂိုဏ်းမှ၊ မူရွှန်းဟန် ထပ်မံ ပေါ်လာသော အခါတွင်၊ ပို၍ပင် ရုတ်ရုတ် သဲသဲ ဖြစ်ကုန်၏။
မူရွှန်းဟန်ကို ဖယ်ထုတ် လိုက်သော သူအား၊ လူတိုင်းက မှန်းဆရန် ကြိုးစား လာကြသည်။
" ရွှန်းဟန် ဘာဖြစ်ခဲ့ တာလဲ။ ''
“ ကြာနက် နန်းတော် ထဲကို ကျွန်တော် မဝင်ခဲ့ဘူး”
ဟု ပြန်ဖြေ လိုက်၏။
" ဘယ်လို "
သွေးရိုး တံခါး၏ အကြီးအကဲ များက၊ ထိတ်လန့် သွားသည်။
မူရွှန်းဟန်က ထို့ထက် ပို၍ ရှင်းပြ လိုခြင်း မရှိဘဲ၊ ဓားနန်းတော် ဂိုဏ်း၏ ဦးတည် ရာသို့၊ တစ်ချက် လှမ်းကြည့် လိုက်ပြီး၊ " ခဏလောက် စောင့်ကြည့် ရအောင်" ဟု၊ ဆိုလိုက် လေသည်။
ကြာနက် နန်းတော် အတွင်း၊ လင်းယွန် သေဆုံး ခဲ့သော် ပြဿနာ မရှိပေ။ အသက်ရှင်လျက် ပြန်ထွက် လာနိုင် ပါက၊ လက်စား ချေရန် လိုပေ ဦးမည်။
ဓားဖြင့် နာမည် တစ်လုံး တည်ဆောက် ထားနိုင်သော သူ့ အတွက်၊ ဂျူနီယာ ဓား သမားလေး တစ်ယောက် ထံ၌၊ ရှုံးနိမ့် ခြင်းမှာ အရှက်ရ ဖွယ်ပင်။
သူ့ဘ၀ တစ်လျှောက်၊ ဤမျှ အရှက် တကွဲ အဖြစ် အပျက်မျိုး မကြုံ ခဲ့ဖူးပေ။
လူ လေးဦးကို ပြန်လည် ပို့ဆောင် ပေး ပြီးနောက်၊ ကြာနက် နန်းတော်၏ အစီရင်မှာ ငြိမ်သက် သွားသည်။ အခြား မည်သူ့ ကိုမျှ၊ ထပ်မံ စေလွှတ် လာခြင်း မပြု တော့ပေ။
ယင်းကြောင့် ဂိုဏ်းငယ်များ အချင်းချင်း ဆွေးနွေး စရာများ ထွက်ပေါ် လာသည်။ သဘာဝ အားဖြင့် နဝမ အဆင့်သို့၊ ရောက်ရှိ သွားသူ သုံးဦး ရှိသည်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။
“ ကြာနက် နန်းတော်ရဲ့ နဝမ အဆင့်ကို၊ ဘယ်သူမှ မရောက် နိုင်တာ နှစ်ပေါင်း တစ်ထောင် ရှိပြီ၊ အခုတော့ လူသုံး ယောက်တောင် ရောက်နေတာလား။ ”
" သူတို့က ပျက်စီးခြင်း ခုနစ်ပါး နန်းတော်ရဲ့ဂျင်ဂျူး၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းရဲ့ ရွှန်းဝူဟန်နဲ့၊ ဓားနန်းတော်ရဲ့ လင်းယွန်ပဲ။ ''
'' သူတို့ သုံးယောက်က အသန်မာဆုံး ဖြစ်လိမ့် မယ်လို့ ငါမထင် ထားမိဘူး။ ''
'' ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ ကျန်းရန် မထွက်လာ သေးဖူးလေ။ ''
" ဟား ဟား ဟား၊ မင်းက ဝမ်ရန်းဘို စကားကို၊ တကယ် အလေး အနက် ထားနေ တာလား၊ လင်းယွန်၊ ဂျင်ဂျူးနဲ့ ရွှန်းဝူဟန်ကို လူတိုင်း မြင်ခဲ့ ရတယ်၊ မင်းရဲ့ ကျန်းရန်ကို ဘယ်သူ ကများ၊ ကြာနက် နန်းတော် ထဲမှာ၊ တွေ့ခဲ့ဖူး လို့လဲ။ ''
“ ဒါဆို သူက .....''
'' ဟုတ်တယ် သေရင်သေ မသေရင်၊ သူ့ဂိုဏ်ကို ပြန်ရောက် သွားပြီ၊ ဟား ဟား ဟား။ ''
'' ဘယ်သူက အဆုံးထိ၊ ရောက်နိုင် မလဲ ငါသိချင် လာပြီ။ ''
ဂိုဏ်း အသီးသီးက နောက်ဆုံး အနိုင်ရ သူကို မတွေ့ဘဲ၊ ထွက်ခွာ သွားရန် ဆန္ဒ မရှိခဲ့ ကြပေ။
တစ်ချိန်တည်း မှာပင်၊ ဆိတ်သုန်း နေသော နယ်မြေ အတွင်းရှိ၊ လေထု သည်လည်း ပို၍ တင်းမာ လာတော့၏။
ထိုအချိန်တွင် ဓားနန်းတော်၏ အဖွဲ့ဝင် တိုင်းက၊ စိတ်လှုပ်ရှား နေပေသည်။ ထိုသို့သော အာရုံ စိုက်မှု မျိုးကို၊ မရရှိ ခဲ့သည်မှာ၊ အချိန် အတော် ကြာပြီ ဖြစ်သည်။
ဤနေ့ ပြီးနောက်၊ ဓားနန်းတော်၏ ဂုဏ်သတင်း ကျော်ကြား ခြင်းမှာ၊ အင်ပါယာ တခွင် ပြန်လည် အသက်ဝင် လာတော့မည် ဖြစ်သည်။
***