← Chapters

တိုက်ပွဲ။

Vol. 27 Ch. 376

တိုက်ပွဲ။

Vol. 27 Ch. 376

" သူတို့က ပျက်စီးခြင်း ခုနစ်ပါး နန်းတော်ရဲ့ဂျင်ဂျူး၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်းရဲ့ ရွှန်းဝူဟန်နဲ့၊ ဓားနန်းတော်ရဲ့ လင်းယွန်ပဲ။ ''

'' ရှေးဟောင်း တာအို ဂိုဏ်းရဲ့၊ ကျန်းရန် မထွက်လာ သေးဖူးလေ။ ''

" ဟား ဟား ဟား၊ မင်းက ဝမ်ရန်းဘို စကားကို၊ တကယ် အလေး အနက် ထားနေ တာလား၊ လင်းယွန်၊ ဂျင်ဂျူးနဲ့ ရွှန်းဝူဟန်ကို လူတိုင်း မြင်ခဲ့ ရတယ်၊ မင်းရဲ့ ကျန်းရန်ကို ဘယ်သူ ကများ၊ ကြာနက် နန်းတော် ထဲမှာ၊ တွေ့ခဲ့ဖူး လို့လဲ။ '

သူတိုင်း၏ အကြည့်က ဓားနန်းတော်သို့၊ ရောက်ရှိ လာ၏။

ဤနေ့ ပြီးနောက်၊ ဓားနန်းတော်၏ ဂုဏ်သတင်း ကျော်ကြား ခြင်းမှာ၊ အင်ပါယာ တခွင် ပြန်လည် အသက်ဝင် လာတော့မည် ဖြစ်သည်။

ကြာနက် နန်းတော်၏ စမ်းသပ်မှုကို ဖြတ်ကျော် ပြီးနောက်၊ လင်းယွန်က ပင်ပန်း နွမ်းနယ် နေခဲ့သည်။

နဝမ အဆင့်က သူ ထင်ထား သည်ထက်၊ ပို၍ ခက်ခဲ လှ၏။ အဖြူဝတ် ဓားသမားမှ၊ ဖော်ပြ ပေးသော ချို့ယွင်း ချက်မှာ၊ အလွန် လျှို့ဝှက်သည်။

အဖြူဝတ် ဓားသမားက၊ လွယ်လွယ်ဖြင့် ခွင့်မပြု ခဲ့ပေ။ သို့သော် ယင်းနောက် ၎င်းကို ရှာဖွေ ဖြတ်ကျော် နိုင်ခဲ့သည်။

အခြား သူများ သည်လည်း၊ အလားတူ အခက် အခဲနှင့် ရင်ဆိုင် ရမည်ကို၊ မှန်းဆ နိုင်သည်။

စမ်းသပ် မှုများ အောင်မြင်ရ ခြင်း၏၊ အကြောင်းရင်း အများ စုမှာ၊ ဓားရှည် နည်းစနစ် များကို လေ့ကျင့်ထား ခြင်းကြောင့် ဖြစ်သည်။

ဆိုလို သည်မှာ ဓားသမားများ အတွက်၊ ဓားသမားကို ရင်ဆိုင် ရခြင်း ဖြစ်ရာ၊ အခြားသောကျင့်ကြံသူ များထက်၊ အသာစီး ရစေသည်။

ထို့ကြောင့် သူက အဖြူဝတ် ဓားသမား ထံမှ၊ ဟာကွက် များကို၊ လျင်မြန်စွာ သတိထား မိခြင်း ဖြစ်သည်။

'' ငါ အလျင် လိုစရာ မရှိ တော့ဘူး၊ ယင်ယန် ဆေးလုံးကို အရင် သန့်စင် ကြရအောင်။ "

လက်ကို ဝှေ့ယမ်းကာ၊ ယင်ယန် ဆေးလုံးအား ထုတ်ယူ လိုက်သည်။

လက်ပေါ် ရောက်သည်နှင့်၊ အခိုး အငွေ့ များက ပတ်ပတ် လည်တွင်၊ ရစ်ပတ် နေသော နဂါး နှစ်ကောင် အဖြစ်သို့၊ ထင်ရှား လာသည်။

တစ်ချက်ကြည့် လိုက်ရုံဖြင့်၊ သာမန် အရေအသွေးမျိုး မဟုတ် သည်ကို၊ သူပြော

နိုင်သည်။

သူ၏ ကျင့်ကြံ မှုအရ၊ ဤဆေးလုံးကို သန့်စင်ခြင်းဖြင့်၊ အလဟသ ဖြစ်မည်ဟု ခံစားမိ သော်လည်း၊ ၎င်းကို ဂရု မစိုက် နိုင်ပေ။

နိမ့်ကျသော ကျင့်ကြံ မှုကြောင့်၊ ဘိုင်ယွီနှင့် တိုက်ပွဲတွင် ပိတ်ဆို့ ခံခဲ့ ရသည်။

ဘိုင်ယွီ၏ ဝှက်ဖဲ သုံးချပ်ကို၊ အသုံး ပြုလာ စေရန် အတွက်၊ ရုပ်ခန္ဓာ အပေါ် အားကိုး ခဲ့ရသည်။

ဒရာကိုဖီ ခန္ဓာကိုယ်အား လေ့ကျင့် ထားခြင်း မရှိ ပါက၊ တိုက်ပွဲတွင် အနိုင် ရရန်မှာ၊ မသေချာပေ။

ထို့အပြင် ဓားမဆွဲ ပါဘဲ၊ ကျား-နဂါး လက်သီးနှင့်၊ ဒရာကိုဖီ ခန္ဓာကိုယ်၊ သက်သက်သာ အားကိုး မိပါက၊ ဖိနှိပ် ခံရမည် ဖြစ်သည်။

တစ်ကြိမ် ကံကောင်း နိုင်သော်လည်း၊ နှစ်ကြိမ် မြောက်၌ ထိုသို့ မဟုတ် တော့ပေ။

'' အဲဒါ အတွက် တောင်းပန် ပါတယ်၊ မင်းက နတ်ဘုရား ဆေးလုံးမျိုး၊ ဖြစ်နေ ရင်တောင်၊ ငါ့မှာ ရွေးချယ် စရာ မရှိလို့၊ သန့်စင် ရမှာပါ။ ''

နဝမ အဆင့် အောင်မြင် ပြီးနောက်၊ ကြာနက် ရတနာ အတွက် တိုက်ပွဲဝင် ရဦးမည် ဖြစ်ပြီး၊ ဒဿမ အဆင့် စမ်းသပ်မှု မှာလည်း၊ သူ့အား စောင့်ဆိုင်း နေမည် ဖြစ်သည်။

ထို့ကြောင့် ဤဆေးလုံးကို သန့်စင် ရန်မှ လွဲ၍၊ သူ့တွင် ရွေးချယ် စရာ များစွာ မရှိပေ။

ယင်ယန် ဆေးလုံးကို မျိုချ လိုက် သည်နှင့်၊ နဂါး နှစ်ကောင်က ဒါန်တမ် အတွင်းသို့၊ ပြေးဝင် သွားသည်။

သို့သော် ခရမ်းပန်းမှာ ပွင့်အာ လာပြီး၊ ၎င်းတို့အား စုပ်ယူ လိုက်၏။ ပြင်းပြသော စုပ်ဝဲ ကြီးကြောင့် နဂါး နှစ်ကောင်မှာ၊ ထိတ်လန့် တကြား၊ ရုန်ကန် ပြေးထွက် သွားသည်။

ဒါန်တမ်ကို ဖျက်ဆီးကာ၊ သူတို့၏ စွမ်းပကားကို၊ ပြသ လိုသော ဆန္ဒ များအား၊ လက်လျော့ သွားပုံ ရလေသည်။

နက်နဲ သိုင်း နယ်ပယ် တစ်လျှောက်၊ မည်သို့သော ဆေးလုံးမျိုး ကိုမျှ၊ မသုံးဆွဲ ခဲ့ဖူး သောကြောင့်၊ ယင်ယန် ဆေးလုံး၏ အကျိုး သက်ရောက် မှုမှာ၊ ကြောက်မက်ဖွယ် ကောင်းနေ လေသည်။

အဋ္ဌမ အဆင့်သို့ ရောက် ပြီးနောက်၊ တစ်နှစ်ခွဲ အတွင်း၌ မည်သူ မဆို နောက်ထပ် အောင်မြင်မှု တစ်ခုအား၊ ရယူ နိုင်မည် မဟုတ်ပေ။

သို့သော် လင်းယွန်၏ ကျင့်ကြံ မှုမှာ၊ လျင်မြန်စွာ တိုးတက် လာခဲ့ပြီး၊ မျက်စိ တစ်မှိတ် အတွင်း အလယ် အလတ် အဋ္ဌမ အဆင့်သို့၊ ရောက်ရှိ လာခဲ့သည်။

နဂါး နှစ်ကောင်က သူ့ခန္ဓာ ကိုယ်ထဲတွင် ပြေးလွှား နေပြီး၊ အတား အဆီး များကို ချိုးဖြတ် နေခဲ့၏။

အစောပိုင်း အခြေ အနေ၌ သန့်စင် စားသုံး ခဲ့သော ရတနာ များနှင့်၊ ဤဆေးလုံးကို နှိုင်းယှဉ်၍ မရပေ။

တစ်ချိန် တည်းမှာပင်၊ ဘိုင်ယွီက ဆေးလုံးအား မြင်ချိန်တွင် အဘယ်ကြောင့်၊ ဤမျှ စိတ်လှုပ်ရှားနေရ သည်ကို၊ နားလည် သွားသည်။

နဂါး နှစ်ကောင်မှာ၊ ခန္ဓာကိုယ် အတွင်း၊ ကူးလူးနေလျက်မှ၊ တဖြည်းဖြည်း ကြုံ့ဝင် လာ၏။

ခန္ဓာကိုယ် အတွင်း အသွင်ပြောင်း လဲလာ ပြီးနောက်၊ နဂါး နှစ်ကောင်၏ စွမ်းအင် များကို၊ မူလ စွမ်းအင်များ အဖြစ်၊ ပြန်လည် သန့်စင် လိုက်သည်။

တမဟုတ် ချင်းမှာပင်၊ မွှေးညှင်း ပေါက်များ စီမှ၊ အနက်ရောင် အညစ် အကြေးများ စိမ့်ထွက် လာ၏။

ခန္ဓာကိုယ် တစ်ခု လုံးမှာ၊ သွေးယူ ထားသော ကျောက်စိမ်း တုံးကြီး ကဲ့သို့၊ ကြည်လင် တောက်ပ လာလေသည်။

နှစ်နာရီခန့် ကြာမြင့် ပြီးနောက်တွင်၊ နဂါး နှစ်ကောင်မှာ အရည်ပျော် သွားပြီး၊ နက်နဲ နဝမ အဆင့်သို့၊ ရောက်ရှိ သွားခဲ့သည်။

အညစ် အကြေး အားလုံး၊ ဖယ်ရှား လိုက်ခြင်းဖြင့်၊ သူ့ အသား အရေမှာ၊ မွေးကင်းစ ကလေး ငယ်၏ အသား အရေ ကဲ့သို့၊ ချောမွေ့ ကြည်လင် နေ၏။

မျက်လုံးများ ဖွင့်လိုက်သော အခါတွင်၊ သန့်ရှင်း တောက်ပသော အလင်း ရောင်များ၊ တဖျပ်ဖျပ် လက်လာ ပေသည်။

အသက်ရှု ထုတ်လိုက် သည်နှင့်၊ သူ့ ခန္ဓာကိုယ် ပေါ့ပါး သွား သည်ကို၊ ခံစား လိုက်ရသည်။

ခန္ဓာကိုယ် အပြင် ပိုင်း၌ သိသိ သာသာ ပြောင်းလဲခြင်း မရှိ သော်လည်း၊ အတွင်းပိုင်း ပြောင်းလဲမှု များစွာ ကြုံတွေ့ လိုက်ရသည်။

ကျင့်ကြံခြင်း လမ်းခရီး တစ်လျှောက် ကြုံတွေ့ ခဲ့ရသော လျှို့ဝှက် ဒဏ်ရာများ၊ ဆေးလုံးများ စားသုံး ခြင်းဖြင့်၊ ကျန်ရစ် ခဲ့သော အညစ် အကြေးများ၊ စသည့် အရာများ အားလုံးကို ဖယ်ရှား နိုင်လိုက်သည်။

" ယင်-ယန် ဆေးလုံးက တကယ့်ကို လျှို့ဝှက်ဆန်းကြယ် လွန်းပါတယ်။ "

လင်းယွန်က လေးနက်သော အတွေး ထဲသို့၊ ကျရောက် သွားခဲ့သည်။

နက်နဲ ဒသမ အဆင့် တွင်သာ၊ ဤဆေးလုံးအား သန့်စင် နိုင်ခဲ့ ပါလျှင်၊ မည်သို့ အကျိုး သက်ရောက် မည်ကို၊ သူ စိတ်ကူး မယဉ် နိုင်ပေ။

သို့သော် သူ့ ဆုံးဖြတ် ချက် အတွက်၊ နောင်တရခြင်း မရှိ။

" သွားရအောင် ရတနာ ကြာပန်း ပလ္လင်မှာ၊ ဘာတွေ စောင့်ကြို နေမလဲ၊ သိချင် လာပြီ။ ''

မျက်ဝန်း များတွင်၊ တွန့်ဆုတ်ခြင်း အရိပ် အယောင်မျှ မရှိခြေ။ ယခု အချိန်တွင်၊ သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိ နေပြီ၊ ဖြစ်သည်။

သူ့ လမ်း၌ ရပ်နေ သူတိုင်းကို၊ ရိုက်နှက် နိုင် မည်။ ခဏ အကြာတွင် သူနှင့် ရင်းနှီးသော အပြောင်း အလဲကို၊ ခံစား လိုက်ရသည်။

ယင်းမှာ ရတနာ တစ်ပါး မွေးဖွား ရာ၌၊ သိုင်းခြုံ လာသော ဝိညာဉ် စွမ်းအင်၊ အတက် အကျများ ဖြစ်၏။

အဋ္ဌမ အဆင့်ရှိ 'ယင်ယန် ဆေးလုံး' ကို သတိ ရသွား ပြီးနောက်၊ နဝမ အဆင့်တွင် သူ့အား စောင့်မျှော် နေမည့်၊ ရတနာ အပေါ်၊ စိတ်ကူး မယဉ် နိုင်ပေ။

ထိုရတနာ ထွက်ပေါ် နေရာ၊ ခန်းမ တစ်ခု အတွင်းသို့၊ အမြန် ပြေးဝင် သွားမိသည်။

ခန်းမ အတွင်းရှိ၊ အပြာရောင် ကြာပန်း ပလ္လင် ပေါ်တွင်၊ တောက်ပစွာ လင်းလက် နေဆဲ ဖြစ်သည်။

သူ ရောက်ရှိပြီး တစ်စက္ကန့် အတွင်း မှာပင်၊ အလင်းတန်း များက ရှေးဟောင်း ဓားတစ်လက် သဏ္ဍာန်၊ စုဖွဲ့သွား လေသည်။

ထို့နောက် အလင်း တန်းများ လုံးဝ ပျောက်ကွယ် သွားကာ၊ လေထဲ၌ ဓားရှည် တစ်လက် ပျံဝဲ ထွက်ပေါ် လာ၏။

ဓားတွင် ပန်းပွင့်များ ဖုံးလွှမ်း နေပြီး၊ အဝေးမှကြည့်ရုံ ဖြင့်ပင်၊ မည်မျှ ထက်မြက် မည်ကို၊ ခံစား နိုင်သည်။

'' ရှေးဟောင်း စကြာဝဠာ လက်နက်။ ''

လင်းယွန်က အံ့သြ သွားသည်။ သည်ဓားကို သူ့အတွက် လက်တွေ့ ကျကျ ပြင်ဆင် ထားခဲ့ ပုံရသည်။ ဓားကို မြင်သည်နှင့် ချက်ချင်းပင် သဘောကျ မိ၏။

ကြာနက် နန်းတော်သို့၊ ရောက်ရှိ ပြီးနောက်၊ ယခု ကဲ့သို့သော ပျော်ရွှင်မှု မျိုးမှာ၊ ပထမဆုံး အကြိမ် ခံစား မိခြင်း ဖြစ်သည်။

နောက်ဆုံးတွင်၊ ကြာမိစ္ဆာ နယ်မြေ အတွင်း၊ ရတနာ များစွာကို တွေ့ခဲ့ ရပြီး၊ ယင်းအတွက် ခံစား ချက်များ ထုံနေပြီ ဖြစ်သည်။

ထို့ကြောင့် ယင်ယန် ဆေးလုံး ကိုပင်၊ စိတ် လှုပ်ရှားခြင်း မရှိ ခဲ့ပေ။

သို့သော် သူ့ရှေ့ရှိ ဓားမှာမူ၊ ထိုသို့ မဟုတ်ဘဲ၊ နှလုံး သားကို အနည်းငယ် လှုပ်ခတ် နိုင် ခဲ့သည်။

ထို့ကြောင့် ကြာပန်း ပလ္လင် ဆီသို့၊ ဖြည်းညှင်းစွာ လျှောက်လှမ်း သွားမိသည်။ သတိ လက်လွတ် မဖြစ် ဝံ့ချေ။

ခြေလှမ်း သုံးလှမ်း လှမ်းယူပြီး နောက်တွင်၊ မူလ စွမ်းအင်ကို လက်ဖဝါးပေါ်၊ စုစည်း စေလျက်၊ ဓားအား ဆွဲယူ လိုက်သည်။

လက်လှမ်း လိုက်ချိန်တွင်၊ အေးစက်သော အငွေ့ အသက်များ၊ ရုတ်တရက် သူ့ဆီ တိုးဝင်လာ၏။

ပြင်းထန်သော ဖိအားများ၊ ထုတ်လွှတ် လာသော လက်ဖဝါး တစ်ဖက် ဖြစ်၏၊ ကြီးစွာသော ဖိအား အောက်တွင်၊ အတွင်း အင်္ဂါများ ပင်လျှင်၊ ယမ်းခါ သွားသည်။

အကယ်၍ သူ၏ ကျင့်ကြံ မှုမှာ၊ လုံလောက်စွာ သန်မာခြင်း မရှိ ပါက၊ အတွင်း အင်္ဂါများ ကွဲအက် ဒဏ်ရာ ရရှိ သွားပေ လိမ့်မည်။

သို့သော် လင်းယွန်က တည်ငြိမ် စွာဖြင့်၊ လက်တုံ့ ပြန်ခဲ့သည်။ သူ့ လက်သီးက ဓားတစ်လက် ကဲ့သို့ လက်ဖဝါးအား၊ ထိုးခွဲ ပစ်လိုက်သည်။

လက်ဖဝါး ပျောက်ကွယ် သွား ပြီးနောက်၊တိုက်ခိုက်လာ သူကို တွေ့လိုက် ရ၏။

'' ရွှန်း ဝူ ဟန်။ ''

လင်းယွန်က အေးစက်စွာ ရေရွတ် လိုက်မိသည်။ ဤလူ အတွက် သူ့တွင် ကျေနပ် နိုင်စရာ၊ သဘောထား မရှိပေ။

အစောပိုင်း အလစ် အငိုက် တိုက်ခိုက် လာသော လက်ဖဝါးမှာ၊ ရက်စက် ကြမ်းကြုတ် လှပြီး၊ အချိန်မီ မတုံ့ပြန် နိုင်ပါက သေဆုံး ရပေ လိမ့်မည်။

သို့သော် ကျင့်ကြံ မှုတွင် အောင်မြင်မှု တစ်ခု ရယူ နိုင်ပြီးနောက်၊ ရွှန်းဝူဟန်၏ မူလ စွမ်းအင်မှ လာသော ဖိအားကို၊ ခံနိုင်ရည် ရှိ လာ ခဲ့သည်။

" လင်းယွန်၊ ငါ ဒီဓားကို လိုချင်တယ်။ ''

ရွှန်းဝူဟန်က အေးစက်စွာ ဆိုသည်။ ကြာနက်နန်းတော် အတွင်း မြင်သမျှ သူတိုင်းမှာ၊ ရန်သူများ ပေမို့၊ ဝေ့ဝိုက် နေရန် စိတ်ကူး မရှိပေ။

" မင်း .... လိုချင်တိုင်း ငါက ပေးရ မှာလား၊ မင်း နေရာမှာ၊ စီရွှယ်ယီ ရပ်နေ ရင်တောင်၊ ငါ မပေး နိုင်ဘူး။ ''

နောက်ပြန် ဆုတ်ရန်၊ ရည်ရွယ်ချက် မရှိသောကြောင့်၊ လင်းယွန်က ငြင်းဆန် လိုက်သည်။

" လင်းယွန်၊ မင်းက ...လမ်း တစ်လျှောက်မှာ၊ လူဘယ် နှစ်ယောက် အပေါ်၊ အပြစ်ပြု ခဲ့မိ ပြီလဲ မှတ်မိလား ....၊ ကျန်တဲ့ သူတွေကို အသာ ထားဦး၊ ... သေလု နီးနီး ခံစား လိုက်ရတဲ့ ဘိုင်ယွီနဲ့ ....၊ နန်းတော် ထဲကို မဝင်နိုင် ခဲ့တဲ့ ... မူရွှန်းဟန် နဲ့တင်၊ မင်းအတွက် လုံလောက် နေပါပြီ၊ .... ''

'' ယင်ယန် ဆေးလုံး လိုမျိုး၊ ရတနာ တစ်ပါးကို ရယူ ထားနိုင် ခဲ့တဲ့ အပြင်၊ မင်းက ငါ့ရဲ့ ရန်သူ ဖြစ်ချင်နေ သေးတာ သေချာလား။ ''

လင်းယွန်က ဓားကို စွန့်လွှတ်ရန်၊ ရွှန်းဝူဟန်မှ ကြိုးစား လိုက်မိသည်။

စကား အနည်း ငယ်ဖြင့်၊ ရတနာ တစ်ပါးအား၊ ရယူ နိုင်ခဲ့ ပါက၊ အချိန်ကုန် သက်သာမည် မဟုတ် ပါလော။ သို့သော်။

'' မင်းပြောတာ မှန်ပါတယ်၊ ငါက လူတော်တော် များများကို စော်ကားပြီး ပြီမို့၊ နောက်ထပ် တစ်ယောက် ထပ်ရှိလာ မှာကို၊ ဘာလို့ စိတ်ပူ နေရ ဦးမှာလဲ။ "

စကားလုံး သက်သက်ဖြင့်၊ သူ့အား ဆွဲဆောင်ရန်၊ ကြိုးစား နေခဲ့သော ရွှန်းဝူဟန်မှာ၊ နုံအ လွန်း လေသည်။

'' မင်းက အသာ တကြည် နောက်ဆုတ် ပေးမှာ၊ မဟုတ်ဖူး ဆိုတာ ငါသိတယ်၊ ဒါကြောင့် မင်းကို ငါရိုက်ရ လိမ့်မယ်။ "

စကားဆုံး သည်နှင့်၊ ရိပ်ခနဲ ပျောက်ကွယ် သွားကာ၊ တစက္ကန့် အတွင်း လင်းယွန် ရှေ့သို့၊ တိုးထွက် လာခဲ့သည်။

တိမ်မြူ ဖုံးသော လက်ဝါး ကို အသုံးပြု လိုက်ခြင်း ဖြစ်၏။

သူ့ ပုံရိပ်မှာ မြူခိုးများ ကဲ့သို့ ဝေဝါး လာပြီး၊ လက်ဖဝါးရှိ မူလ စွမ်းအင် များက၊ မရွေ့လျား နိုင်သော၊ တောင်ကြီး တစ်လုံးလို၊ စုပုံ လာသည်။

လင်းယွန်က သူ့ လက်သီး များကို၊ အသာ အယာ ထိုးထုတ်ကာ၊ အုပ်မိုး ကျလာသော လက်ဖဝါး ကြီးအား၊ တည်ငြိမ်စွာ ဖျက်ဆီး ပစ်လိုက်သည်။

တိုက်ခိုက်ရန် ရှေ့သို့ တိုးဝင် သွားသော အဟုန်ဖြင့်၊ ညီမျှသော ခြေလှမ်း များကို လှမ်းယူ လိုက်ကာ၊ ရွှန်းဝူဟန်က အလျင် အမြန် ပြန်လည် ဆုတ်ခွာ လိုက်ရ၏။

လင်းယွန်၏ တိုက်ခိုက်မှု နောက်ကွယ်မှ ခွန်အားက၊ ရွှန်းဝူဟန်အား အတင်း အကြပ်၊ ဖိအားပေး ဆုတ်ခွာစေ ခဲ့ခြင်း ဖြစ်သည်။

( ဘယ်လောက်တောင် သန်မာ လိုက်တဲ့ ဓား ရည်ရွယ် ချက်လဲ။ )

ရွှန်းဝူဟန်က ရှုပ်ထွေးသော အကြည့်ဖြင့် မျက်မှောင်ကြုတ် လိုက်သည်။ သူသည်လည်း ဓားသမား တစ်ယောက် ဖြစ်သောကြောင့်၊ ပြိုင်ဘက် ဆီမှ ပြင်းပြသော ဓားသွား ဆန္ဒကို၊ ကောင်းကောင်း မြင်နိုင်သည်။

သည့်အပြင်တွင်၊ 'ယင်-ယန် ဆေးလုံး' မှာ၊ လင်းယွန်၏ ဓား ရည်ရွယ်ချက်မှ လွဲ၍၊ အရာ အားလုံးကို ကူညီ ပေးခဲ့ ပုံရ ပေမည်။

ဆိုလို သည်မှာ လင်းယွန်၏ မူလ စွမ်းအင်များ၊ သိပ်သည်း လာသည်ဟု၊ ဆိုလိုခြင်း ဖြစ်သည်။

သူ မှန်းဆ ထားသည့် အတိုင်း၊ လင်းယွန်က 'ယင်ယန် ဆေးလုံး' ကို ဖြုန်းတီး ခဲ့ပေသည်။ ဘိုင်ယွီမှာ တကယ့်ပင် အမှိုက် တစ်စ ဖြစ်၏။

ထိုအမှိုက် ကြောင့်သာ မဟုတ် ပါက၊ လင်းယွန်မှာ ဤမျှ အစွမ်းထက် လာမည် မဟုတ်ပေ။

" တံလျပ် ပုံရိပ်။ "

တန်ပြန် တိုက်စစ်ကို ချက်ခြင်း ထုတ်ဖော် လိုက် သည်နှင့်၊ ရွှန်းဝူဟန် ပုံရိပ်မှာ ရုတ်ချည်း မှုန်ဝါး သွား၏။

နောက် တစက္ကန့် တွင်၊ မရေ မတွက် နိုင်သော လက်ဖဝါး ရိပ်များက၊ လင်းယွန်ထံ အရပ် မျက်နှာ အနှံ့မှ၊ ကျလင်း လာတော့သည်။

'' မင်းက ငါ့ရဲ့ ကျင့်ကြံ မှုကို စမ်းသပ်ဖို့၊ ကြိုးစား နေတာလား၊ မင်းကို စိတ်ပျက် သွားစေ မိမှာ၊ ကြောက် မိတယ်။ ''

ဓားသုတ္တန်ကို ကျင့်ကြံ ထားခြင်း ကြောင့်၊

ဤတိုက်ခိုက်မှု များကို ထိတ်လန့် သွားခြင်း မရှိပေ။

နက်နဲ သိုင်း နယ်ပယ်၏၊ နဝမ အဆင့်သို့ ရောက်ရှိ ပြီးနောက်တွင်၊ ရွှန်းဝူဟန်၏ ကျင့်ကြံမှု ဖိအားမှာ၊ သူ့အား အကျိုး သက်ရောက်မှု မရှိ တော့ပေ။

လက်နှစ် စလုံးကို လွှဲယမ်း ခြင်းဖြင့်၊ မရေမတွက် နိုင်သော ဓားရောင်ခြည် များအား၊ လင်းယွန်က ထုတ်လွှတ် လိုက်သည်။

ဓား ရောင်ခြည် များမှာ၊ လေဆင် နှာမောင်း တစ်ခု အဖြစ်၊ ပေါင်းစည်း သွားပြီး၊ သူ့အား သိုင်းခြုံ ပစ်လိုက်၏။

ပြီးနောက် ကျယ်လောင်စွာ အော်ငေါက် လိုက်ပြီး၊ လက်သီးချက် များကို ထုတ်လွှတ် လိုက်ကာ၊ နေရာ အနှံ့မှ ကျဆင်း လာသော၊ လက်ဖဝါး များအား၊ ဖျက်ဆီး ပစ်လိုက်သည်။

" ဒါဆို ထပ်ကြည့် ပါဦး။ "

ရွှန်းဝူဟန်က အေးစက်စွာ အော်ဟစ် လိုက်ပြီး၊ မူလ စွမ်းအင် များကို စုစည်းကာ၊ ညာဖက် လက်ဖဝါးအား အသင့်ပြင် လိုက်၏။

လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း၏ သိုင်း နည်းစနစ် များမှာ၊ အစွမ်းထက် လှပေသည်။ သို့မဟုတ် ပါလျှင် မဟာ ဂိုဏ်းကြီး လေးဂိုဏ်း အနက်၊ ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်လာမည် မဟုတ်ပေ။

သို့သော် ရွှန်းဝူဟန်မှာ၊ ပြိုင်ဘက်ကို ရွေးချယ် ရာ၌၊ မှားယွင်း သွားခဲ့သည့် အတွက်၊ စိတ် မကောင်းဖွယ် ပေပင်။

'' ဟိတ်....... ''

ထာဝရ နတ်ဘုရား တံဆိပ်၊ ကောင်းကင် ဖျက်ဆီးခြင်း တံဆိပ်နှင့်၊ နတ်ဆိုး သုတ်သင်ခြင်း တံဆိပ် တို့အား၊ ဖွဲ့စည်း လိုက်၏။ ပြီးနောက်။

" နဂါး ပျံခြင်း ကျားဝပ်ခြင်း။ "

" နဂါး ပန်းချီ။ "

" နဂါး ပျံသန်းခြင်း။ "

" သားရဲလှိုင်း ပေါက်ကွဲခြင်း။ ''

'' ကျားနဂါး အုပ်စိုးမှု ..."

မူလ စွမ်းအင် များဖြင့်၊ တံဆိပ် သုံးခုအား ပေါင်းစပ် ပြီးနောက်၊ ရွှန်းဝူဟန် အပေါ် လက်သီး မိုးများ၊ ရွာသွန်း ပစ်လိုက်သည်။

တစ်ချိန်တည်း မှာပင်၊ သူ၏ ဓား ရည်ရွယ်ချက် ကိုလည်း၊ ပေါင်းစပ် တံဆိပ် များဖြင့်၊ ရောနှော ပစ်လိုက်၏။

'' ဘန်း....... ''

သူ့ထံမှ ထိုးနှက် ချက်တိုင်းက၊ အားကောင်း လှပြီး၊ 'ကျားနဂါး အုပ်စိုးမှု' သို့ အရောက်တွင်၊ ရွှန်းဝူဟန်၏ လက်ဖဝါး ရိုက်ချက် များကို ကျော်ဖြတ်ကာ၊ ရင်ဘတ်အား ထိမှန် သွားလေသည်။

ပါးစပ်မှ သွေးများ စီးကျ လာပြီး၊ ရွှန်းဝူဟန်က လွင့်စင် သွား၏။ သို့သော် မြေကြီး ပေါ်သို့ မဆင်းသက် နိုင်ခင်တွင်၊ လက်ဖဝါးဖြင့် ကြမ်းပြင်အား ရိုက်လိုက်သည်။

သက်ရောက် မှုကို အားပြုကာ၊ ကောင်းကင်သို့ ပျံတက် သွားပြီးနောက်၊ အောက်သို့ ပြန်မဆင်း မီတွင်၊ လက်ဝါး ရိုက်ချက် များကို၊ လေထဲ ထပ်မံ ရိုက်ထုတ် လိုက်ပြန်၏။

လက်ဝါး ရိုက်ချက်များ ထုတ်ဖော် လျက်ဖြင့်၊ကိုယ်ရှိန်သတ် လိုက်ကာ၊ ကြမ်းပြင်ပေါ် ပြန်လည် ဆင်းသက် လိုက်သော၊ ရွှန်းဝူဟန်၏ မျက်နှာမှာ၊ မည်းမှောင် နေပေ၏။

'' စိတ်ဝင် စားစရာ ကောင်းလိုက်တာ၊ မဟာချင် အင်ပါယာကို၊ ထိတ်လန့် တုန်လှုပ် စေတဲ့၊ ကျားနဂါး လက်သီးနဲ့၊ အသန် မာဆုံး ခန္ဓာကိုယ် သန့်စင်ခြင်း နည်းစနစ် ဖြစ်တဲ့၊ ဒရာကိုဖီ သားရဲ ခန္ဓာ ကိုယ်ကို၊ မင်းက လေ့ကျင့် ထားနိုင် တာပဲ၊ ... ''

'' .... ပြီးတော့ ဒီလို အစွမ်း ထက်တဲ့ ...၊ ဓား တစ်လက်လည်း ရှိနေ သေးတာ အံ့သြ စရာ ပါပဲ၊ ဂျူနီယာ တွေထဲ မင်းကို ယှဉ်နိုင် မယ့် သူ၊ မရှိတော့ မှာကို၊ ငါ ကြောက်မိတယ်။ "

လေးလေး နက်နက် သုံးသပ် လိုက်သော၊ စကားသံ တစ်သံ ထွက်ပေါ် လာပြီး၊ ဂျင်ဂျူးက ခန်းမထဲ လှမ်းဝင် လာသည်။

သူက လင်းယွန်ကို တစ်ချက် လှမ်းကြည့် လိုက်ပြီး၊ ရွှန်းဝူဟန်ဘက် လှည့်သွားကာ၊

" ရွှန်းဝူဟန်၊ ငါ့ရဲ့ အကူ အညီကို ယူဖို့၊ မင်း .... စိတ်မ၀င် စားဖူးလား။ "

ဟု မေးမြန်း လိုက်လေသည်။

***

All Chapters