နောက်ဆုံး အနိုင် ရရှိသူ။
Vol. 27 Ch. 377
'' ... ဒီလို အစွမ်း ထက်တဲ့ ...၊ ဓား တစ်လက်ကို ပိုင်ဆိုင် ထားမှတော့၊ ဂျူနီယာ တွေထဲ မင်းကို၊ ယှဉ်နိုင် မယ့်သူ ရှိမယ် မထင်ဘူး။ "
ဂျင်ဂျူးက ခန်းမထဲ လှမ်းဝင် လာလျက်မှ ဆိုလိုက်ပြီး၊ လင်းယွန်ကို တစ်ချက် လှမ်းကြည့် လိုက်၏။ ပြီးနောက် ရွှန်းဝူဟန်ဘက် လှည့်သွားကာ၊
" ရွှန်းဝူဟန်၊ ငါ့ရဲ့ အကူ အညီကို ယူဖို့၊ မင်း .... စိတ်မ၀င် စားဖူးလား။ "
ဟု မေးမြန်း လိုက်လေသည်။
လင်းယွန် နှင့် ရွှန်းဝူဟန်က ဂျင်ဂျူး ရောက်ရှိ လာခြင်း အတွက် အံသြခြင်း မရှိပေ။ ဂျင်ဂျူ မဝင်ရောက် လာခင် ကပင်၊ သူတို့က သတိ ပြုမိနေ ပြီးသား ဖြစ်သည်။
နှစ်ယောက်သား တိုက်ပွဲ ဆင်နွှဲ နေရ သောကြောင့်၊ ဂျင်ဂျူးနှင့် လွတ်လွတ် လပ်လပ် မဆက်ဆံ နိုင်ခဲ့ပေ။
ယင်းကြောင့်ပင် သူတို့ နှစ်ယောက် ဓားမဆွဲဘဲ၊ တိုက်ခိုက်နေ ရခြင်း ဖြစ်သည်။
သို့သော် ရွှန်းဝူဟန် ဒဏ်ရာ ရသွား ချိန်တွင်၊ ဂျင်ဂျူးက စိတ်ပြောင်း သွား၏။ သူပြောသလိုပင်။
နဂါး-ကျား လက်သီး၊ ဒရာကိုဖီ တိုက်ပွဲဝင် ခန္ဓာ ကိုယ်နှင့်၊ သန်မာသော ဓား တစ်လက်ကို၊ ပိုင်ဆိုင် ထားသော လူ တစ်ယောက်အား၊ ရှာတွေ့ ဖို့ရန်၊ လက်တွေ့၌ မလွယ် ကူပေ။
လွန်ခဲ့သော ရာစု နှစ်များ အတွင်း၊ နဂါး တံခါး ပြိုင်ပွဲ မှတဆင့်၊ ပါရမီရှင် များစွာ ထွက်ပေါ် လာဖူး သော်လည်း၊ ဂိုဏ်း အသီးသီး၏ နည်းစနစ် မျိုးစုံကို၊ ကျင့်ကြံ ထားသော လင်းယွန် ကဲ့သို့၊ သူမျိုး မရှိခဲ့ သည်မှာ သေချာသည်။
ကျား-နဂါး လက်သီး သို့မဟုတ်၊ ဒရာကိုဖီ ခန္ဓာကိုယ် နည်းစနစ် ဖြစ်လျှင်ပင် ထိုမျှမဟုတ်။ ၎င်းတို့ ထဲမှ တစ်ခု ခုကို ပိုင်ဆိုင် ထားပါက၊ မဟာချင် အင်ပါယာတွင်၊ ထိပ်ဆုံး၌ ရပ်တည် နိုင်မည် ဖြစ်သည်။
သို့သော် လင်းယွန်မှာ ထူးခြားသော ဆုံးဖြတ် ချက်နှင့် အတူ၊ ယင်းနည်းစနစ် နှစ်ရပ် လုံးကို၊ လေ့ကျင့် ထားခဲ့သည်။
ထို့ကြောင့် အနာဂတ်တွင်၊ လင်းယွန် မည်မျှ အစွမ်း ထက်လာ မည်ကို၊ တွေးမိ ကြောက်ရွံ့လာစေသည်။
ဂျင်ဂျူး အနေဖြင့်၊ ရှေးဟောင်း ဆေဘာဓား တစ်လက်ကို၊ ရရှိ ထားပြီး ဖြစ်သောကြောင့်၊ ဓားရှည် အပေါ် တောင့်တခြင်း မရှိပေ။
ထို့ကြောင့် လင်းယွန်ကို နဝမအဆင့်မှ ဖယ်ရှားပြီး၊ ရွှန်းဝူဟန်အား ဤဓားအား ပေးလိုသည်။
ဂျင်ဂျူး၏ အကြံပြု ချက်မှာ၊ သူ့အတွက် အကျိုး ရှိသောကြောင့်၊ ရွှန်းဝူဟန်က မငြင်း ဆန်နိုင်။
သူ့တွင် ဒဏ်ရာများ ရရှိ နေပြီ ဖြစ်ပြီး၊ လက်ခံရုံ မှတပါး အခြား၊ ရွေးချယ် စရာ မရှိပေ။ သည့်အပြင် ယခု အချိန်၌ သူ့ မာနထက်၊ ဓားတစ်လက်က ပို၍ အသုံး ဝင်၏။
" အချိန် ကောင်းမှာ ... မင်းရောက် လာတာပဲ။ ''
ရွှန်းဝူဟန်က ဂျင်ဂျူးကို လေးလေး နက်နက် ခေါင်းညိတ်ပြ လိုက်ပြီး၊
" မင်းရဲ့ အကူ အညီကို၊ ငါလက်ခံ ပါတယ်။ "
ဂျင်ဂျူးက ပြုံးကာ၊ ခေါင်းညိတ် လိုက်သည်။ လင်းယွန် ထံသို့ 'သွေးဆာ နေသော ဆေဘာဓားချက်' ကို၊ ခုတ်ပိုင်းခြင်း မပြုမီ၊ မူလ စွမ်းအင်နှင့် ရန်လိုသော ရောင်ဝါအား၊ စုဆောင်း လိုက်၏။
" မင်းတို့ နှစ်ယောက်ရဲ့ ဆုံးဖြတ် ချက်ကို နောင်တ မရ ပါစေ နဲ့လို့ ငါမျှော်လင့် ပါတယ်။ "
လင်းယွန်က ဒေါသ ထွက်သွားသည်။ သူ့အနေဖြင့်၊ ဒေါသ ထွက်ခဲ သော်လည်း၊ ယခု အမှန်ပင် ဒေါသ ထွက်နေ ခဲ့သည်။
ဂျင်ဂျူးနှင့် ရွှန်းဝူဟန် တို့မှာ၊ သူနှင့် တူညီသောခွန်အား မျိုးကို ပိုင်ဆိုင် ထား၏။ သို့သော် ၎င်းတို့ နှစ်ယောက် စလုံးက၊ သူ့ကို ရင်ဆိုင် ရာ၌ လက်တွဲရန် ဆန္ဒ ရှိနေသည်။
သတိ ကြီးသော သူတို့ နှစ်ယောက်၏ အပြု အမူများ အတွက်၊ အပြစ် တင်၍ မရခြေ။
ရှန်ရှင်း တစ်ပိုင်း ဓား ရည်ရွယ် ချက်ကို၊ ထုတ်ဖော် လိုက်သည်နှင့်၊ သွေးဆာသော ဓားဆန္ဒများ၊ တဟုန်ထိုး မြည်လာသည်။
မူရွှန်းဟန်သည် လူ များစွာကို သတ်ခဲ့ဖူး သကဲ့သို့၊ လင်းယွန် လက်၌ သေဆုံးသူ အရေ အတွက် မှာလည်း မနည်း လှပေ။
" ဓား ......."
လင်းယွန်က ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက်သည်။ ဓားနှင့် သူ့ကြား ဆက်နွယ် မှုကို ရရှိ လိုက် သည်နှင့်၊ မူလ စွမ်းအင်အား လောင်းထည့် လိုက်ပြီး၊ လွှဲခုတ် လိုက်သည်။
အစွမ်း ထက်သော ဓား ရည်ရွယ် ချက်က၊ ရန်လိုသော 'ဆေဘာဓား ရည်ရွယ် ချက်' အား၊ ချက်ချင်း ဆုပ်ဖြဲ ပစ်တော့သည်။
ပြီးနောက် ကျန်နေ ရှိသော ဓားစွမ်းအင် များက၊ ဂျင်ဂျူး ဆီသို့ ဆက်လက် တိုးဝင် သွား၏။
လင်းယွန် ထံသို့၊ ပို့လွှတ် ဖိနှိပ် လိုက်သော ရန်လိုသည့် အရှိန် အဝါ များကို၊ စုပ်ဖြဲ ခံလိုက်ရ သည်နှင့်၊ ဂျင်ဂျူးက လက်ဖဝါး တစ်ဖက် ထုတ်ကာ၊ တိုက်ခိုက် မှုကို ဆီးကြို ဟန့်တား လိုက် သော်လည်း၊ ခြေသုံး လှမ်းမျှ နောက်ပြန် ဆုတ်သွား ရသည်။
ဤတိုက်ခိုက် မှုက သူ့ မျက်နှာအား၊ ပြောင်းလဲ သွားစေ ခဲ့သည်။ လင်းယွန်မှာ သူ ထင်ထား သည်ထက် ပို၍ သန်မာ၏။
" ရွှန်းဝူဟန် ငါ့ကို ဂရုစိုက် နေစရာ မလို ပါဘူး၊ မင်းရဲ့ 'တိမ်မြူ ဖုံးသော ဓား'ကို၊ အခု မသုံးရင် ... မင်းမှာ နောက်ထပ် အခွင့်အရေး ရှိလာတော့မှာ မဟုတ်ဘူး။ "
ယခု အချိန်ထိ ရပ်ကြည့် နေသော ရွှန်းဝူဟန်ကို၊ ဒေါသတကြီး အော်ဟစ် သတိပေး လိုက်ရသည်။
သူ့ စကားဆုံး သည်နှင့်၊ ရန်လိုသော ရောင်ဝါက၊ ရုတ်တရက် ပေါက်ကွဲ ထွက်လာကာ၊ ထက်ရှသော ဆေဘာဓား တစ်လက် သဏ္ဍာန်၊ ဖွဲ့တည် ဖြစ်ပေါ် လာ၏။
ထိုဓား ထံမှ အန္တရာယ် ပြုလိုသော၊ ခံစားချက်များ ပေးစွမ်း နေလေပြီ။
" မင်း သဘော အတိုင်း ပါပဲ၊ ... တိမ်မြူ ဖွဲ့တည်ခြင်း။ "
ရွှန်ဝူဟန်က အော်ဟစ် ကြုံးဝါး လိုက်ပြီး၊ ဓားတစ်လက်အား ထုတ်ယူ လိုက်သည်။
ဓားကို ဆွဲလိုက် သည့် အချိန်၌၊ သူ့ ဓား ရည်ရွယ်ချက်မှာ၊ ပုံသဏ္ဍာန် မဲ့သော အခိုး အငွေ့ အဖြစ်သို့၊ ပြောင်းလဲ သွား၏။
တစ်ချိန် တည်းမှာပင်၊ ရွှန်းဝူဟန် လေးယောက် အဖြစ်၊ ခွဲထွက် သွားပြီးနောက်၊ တစ်ဦးချင်း စီက၊ ဓားကိုး လက်အား ထုတ်လွှတ် လာသည်။
အစစ် အမှန် ဓားချက်နှင့်၊ အတု အယောင် များမှာ၊ ရောထွေး နေသည်။ အဆိုပါ ဓားတွင်၊ 'တိမ်မြူ ဖုံးသော ဓား'၏ နက်နဲသော သဘော တရား များကို၊ အပြည့်အဝ ထုတ်ပေး လာသည်။
ထက်ရှသော ဓားတစ်လက်က၊ တိမ်တိုက်များ အတွင်း ပျောက်ကွယ် နေခဲ့သော်၊ မည်မျှ ဖြေရှင်းရ ခက်မည်ကို၊ တွေးကြည့်၍ ရပေမည်။
ဂျင်ဂျူး သည်လည်း၊ သူ့ ခွန်အားကို ထိန်ချန်ခြင်း မပြု တော့ဘဲ၊ ရန်လိုသော ရောင်ဝါ များအား၊ အကန့် အသတ်ထိ တွန်းတင်လျက်၊ ကြက်သွေးရောင် ဆေဘာဓားဖြင့်၊ ပြင်းထန်စွာ ခုတ်ပိုင်း လိုက်သည်။
မည်သည့် အရာ ကိုမျှ၊ သိုဝှက် ထားခြင်း မရှိဘဲ၊ သူတို့ နှစ်ဦး လုံးက အဆုံး စွန်သော တိုက်ခိုက်မှု များကို၊ လင်းယွန် အပေါ်၊ ပို့လွှတ် လိုက်ကြ၏။
ဤသို့သော အခြေ အနေ မျိုးဖြင့်၊ ကြုံရ သူတိုင်း စိတ်ဓာတ်ကျ ပေလိမ့်မည်။ သို့သော် လင်းယွန်က သူ့ ဓားကို တင်းတင်း ကြပ်ကြပ် ဆုပ်ကိုင်ကာ ရပ်စောင့် နေ၏။
သူ့စိတ်ထဲ၌ ဓား တစ်လက်သာ ရှိပေသည်။ ဓားချက်များ ရောက်ရှိ ခါနီး အချိန်တွင်၊ ရှန်ရှင်း တစ်ပိုင်း ဓားရည်ရွယ် ချက်အား၊ စုစည်း လိုက် ပြီးနောက်၊ လရောင် ရေစင် ဓားကို၊ထုတ်ဖော် လိုက်သည်။
တိုက်ခိုက်မှု သုံးခုကြောင့်၊ စွမ်းအင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွား လာသည်။ လေပြင်း များနှင့် လှိုင်းလုံးကြီး များက တိုက်ပွဲ တစ်လျှောက် တဝုန်းဝုန်း ရိုက်ခတ် ကုန်၏။
တိုက်ပွဲ၏ ပြင်းထန်မှု အဆင့်မှာ၊ ရူးသွပ်ဖွယ် အဆင့်သို့၊ ရောက်ရှိ သွားပြီးနောက်၊ ဆယ့်ငါး မိနစ်ခန့် အကြာတွင်၊ လင်းယွန်၏ မျက်လုံးများ ရုတ်တရက် တောက်ပ လာပြီး၊ ဂျင်းဂျူ၏ ဆေဘာဓားကို ရင်ဆိုင်ရန်၊ ဒရာကိုဖီ ချပ်ဝတ်အား ထုတ်ဖော် လိုက်သည်။
ဆေးဘာဓား၏ တိုက်ခိုက်မှုက၊ ကြောက်မက်ဖွယ် ကောင်းလွန်း သောကြောင့်၊ ခရမ်း သွေးရောင် ချပ်ဝတ်မှာ၊ ချက်ချင်း အက်ကွဲ သွား ခဲ့သည်။
သို့သော် လင်းယွန်၌ ဒဏ်ရာ ရရှိ ခဲ့ခြင်း၊ မရှိ သောကြောင့်၊ ဂျင်ဂျူးမှာ တုန်လှုပ် သွား၏။
'' အမှောင် ခွင်းသော လမင်း။ ''
မှင်တက် နေသော ဂျင်ဂျူးအား တွန်းထုတ် လိုက်ပြီး၊ ရွှန်းဝူဟန်ကို ဖြေရှင်း ဖို့ရန်၊ နောက်လှည့်ကာ ဓားဖြင့်၊ ခုတ်ပိုင်းချ လိုက်သည်။
တိမ်မြူများ အတွင်း၊ ကိုယ်ယောင် ဖျောက်နေသော၊ ရွှန်းဝူဟန် ထွက်ပေါ် လာချိန်တွင်၊ လင်းယွန်၏ 'အမှောင် ခွင်းသော လမင်း'က၊ သူ့ဆီသို့ ဦးတည် လာတော့သည်။
" သောက် ...ပဲ ဟေ့။ ''
ရွှန်းဝူဟန်၏ မျက်နှာမှာ ပြောင်းလဲ သွား၏။ သူ ဖန်တီး ထားသော မြူများအား၊ ခွဲဖွင့် ထွက်လာသော ဓား ရောင်ခြည်ကို၊ ရှောင်လွှဲ၍ မရ တော့ကြောင်း၊ သူ သိလိုက်သည်။
လမင်းကြီး တစ်စင်းလို၊ တည်ငြိမ်စွာ ပြေးဝင်လာသော ဓားကို ကြည့်ကာ၊ တစ်စုံ တစ်ရာအား အလျင် အမြန် ဆုံးဖြတ် လိုက်ရသည်။
ယခု အချိန်၌ သူ လုပ်နိုင်သည့် တစ်ခု တည်းသော အရာမှာ၊ ရရှိ လာနိုင်မည့် ဒဏ်ရာပမာဏကို၊ လျှော့ချ ဖို့ရန် ကြိုးစား ခြင်းသာဖြစ်သည်။
'' ဝှစ် ...... ''
မဆိုင်း မတွဘဲ၊ သူ့ဓားကို ရှေ့သို့ ပစ်ထုတ် ကာကွယ် လိုက်၏။ သို့သော် 'အမှောင်ခွင်းသော လမင်း' သည်၊ ကြိုတင် ပြင်ဆင်မှု မရှိဘဲ၊ အလွယ် တကူ ရင်ဆိုင် နိုင်သော၊ အရာ မဟုတ်ပေ။
သူ၏ ဟန့်တားမှု များမှာ၊ မထိရောက် ခဲ့ဘဲ၊ လမင်းကြီး တစ်စင်း ကဲ့သို့ မတုန်မလှုပ် ပြေးဝင် လာသော ဓားက သူ့အား၊ ထိမှန် သွားတော့သည်။
တိုက်ခိုက်ရန် မတ်တပ် ပြန်ရပ် လာသော၊ ဂျင်ဂျူးက ထိုမြင်ကွင်းကို၊ ထိတ်လန့်စွာ ကြည့်နေလိုက်မိသည်။
လင်းယွန်၏ ဤတိုက်ခိုက် မှုမှာ၊ ရွှန်းဝူဟန်ထံ ဦးတည်ခဲ့ သောကြောင့်၊ သူ ကံကောင်း သွားသည်။
ထိုဓားအား သူသာ ရင်ဆိုင် ရပါက၊ မည်သည့် ရလာဒ်များ ထွက်ပေါ် လာမည်ကို၊ စိတ်ကူး မယဉ် နိုင်ပေ။
လရောင် အလင်းများ ပျောက်ကွယ် သွား ပြီးနောက်၊ ရွှန်းဝူဟန်မှာ သွေးများဖြင့် ဖုံးလွှမ်း သွားသည်။
သူနှင့် ဂျင်ဂျူး တို့နှစ်ယောက် လုံးက၊ လင်းယွန်အား လှမ်းကြည့် လိုက်ကြ၏။ ပူးပေါင်း တိုက်ခိုက်ခြင်း ဖြင့်ပင်၊ အသာစီး မရ ယူနိုင် ခဲ့သောကြောင့်၊ နှစ်ဦးသား ထိတ်လန့် သွား မိသည်။
" အနန္တ နှင်း လွင် ပြင်။ "
သူတို့အား စုဆောင်းရန် အချိန် မပေး တော့ဘဲ၊ နောက်ထပ် အဆုံး စွန်သော လှုပ်ရှားမှုကို၊ လင်းယွန်က ထုတ်ဖော် လိုက်၏။
ပန်းသင်္ချိုင်းဓား ရွေ့လျား သွားရာ လမ်းတလျှောက်၊ အေးစက်သော အငွေ့ အသက်များ ရိုက်ခတ် လာကာ၊ လေပြင်းများ ဖြစ်ပေါ် လာစေ ခဲ့သည်။
ယင်းသည် ဆောင်းရာ သီတွင် ပွင့်သော ပန်းတစ်ပွင့် ကဲ့သို့၊ ဝင့်ထည် လှ၏။
ပေါ့ပေါ့ ပါးပါး ဓားချက် တစ်ချက်ဟု ထင်ရ သော်လည်း၊ ပတ်ဝန်း ကျင်အား ဆောင်းရာသီ အဖြစ်၊ ချက်ချင်း ပြောင်းလဲ ပစ်လိုက်သည်။
အေးစက်သော လေပြင်းများ၊ တိုက်ခတ် လာပြီး၊ ဓားသွား လမ်းပေါ်ရှိ၊ အရာ အားလုံး အေးခဲ သွား၏။
အဆိုပါ ဖြစ်စဉ် များကြောင့်၊ ဂျင်ဂျူးနှင့် ရွှန်းဝူဟန် တို့က တားဆီးရန် အတွက်၊ သူတို့၏ လက်နက် များကို၊ ရှေ့သို့ တွန်းထုတ် လိုက်သည်။
ရေခဲလွှာ များဖြင့် ပိတ်ဆို့ ခြင်းကို၊ အလျင် အမြန် ဖြေရှင်းပြီး နောက်တွင်၊ သူတို့ နှစ်ဦး စလုံးက သွေး တစ်လုတ်စီ အန်ချ လိုက်ရ၏။
လင်းယွန်၏ အရှိန်အဝါမှာ၊ ရပ်တန့် သွားခြင်း မရှိ ခဲ့ဘဲ၊ မီးတောင် တစ်လုံး ကဲ့သို့၊ ပေါက်ကွဲ လာပြန်သည်။ သူ့ မျက်လုံး များတွင်၊ တုန့်ဆိုင်းခြင်း တစ်စုံ တစ်ရာ မရှိ ခဲ့ပေ။
ပန်းသင်္ချိုင်း ဓားကို ကိုင်ဆွဲလျက်၊ ရှေ့သို့ ပြေးတက် လာသော လင်းယွန်ကြောင့်၊ ရွှန်းဝူဟန်နှင့် ဂျင်ဂျူး တို့မှာ၊ အသက်ရှူ ကြပ် သွားသည်။
ကိုယ်စီ အံကြိတ် လိုက်ပြီး၊ လင်းယွန်ကိုပိတ်ဆို့ ဖို့ရန်၊ ခက်ခက် ခဲခဲ ကြိုးစား လိုက်ရသည်။
'' အစစ် အမှန် ကြီးစိုး နိုင်လွန်းတဲ့ ဓားပဲ။ ''
ဂျင်ဂျူးက ခပ်တိုးတိုး ရေရွတ် လိုက်မိသည်။
ဤတစ်ကြိမ် ပြောင်းလဲ သွားသော၊ ပြိုင်ဘက်၏ အငွေ့ အသက် များကြောင့်၊ ယုံကြည် ချက်များ၊ တရွေ့ရွေ့ ပြိုကျ လာသည်။
'' သ ခင့် ဓား ... ''
လင်းယွန်က သခင်ဓားကို အသုံးပြု ခဲ့ခြင်း ဖြစ်သည်။ ယင်းကြောင့် ရွှန်းဝူဟန်နှင့် ဂျင်ဂျူးတို့၏၊ နောက်ဆုံး မျှော်လင့် ချက်အား၊ ကျိုးပြတ် သွားစေ တော့၏။
နံရိုးများ ကျိုးကြေသွား သဖြင့်၊ သေလု နီးပါး နာကျင် သွားသည်။ ထို့အပြင် အတွင်း ဒဏ်ရာ များစွာ ရရှိ ကုန်၏။ မြေပြင် ပေါ်၌ လှဲလျောင်း နေလျက်မှ၊ ခက်ခက် ခဲခဲ အသက်ရှူ နေရသည်။
ကျောက်စိမ်းတုံး အသီးသီးကို၊ ထုတ်ယူ ချေမွှရန် ကြိုးစား လိုက်စဉ်၊ ကျောရိုး တစ်လျှောက် အေးစိမ့်စိမ့် ခံစား ချက်များ၊ ရုတ်တရက် ဖြစ်ပေါ် လာသည်။
ထို့ကြောင့် အတွေး များကို ချက်ချင်း ရပ်ကာ၊ လင်းယွန်အား မော့ကြည့် လိုက်၏။
" ... ထွက်သွားချင် လို့လား၊ ဒါပေမယ့် မင်းတို့ရဲ့ သို့လှောင်အိတ် တွေတော့ .. ထားခဲ့ ရလိမ့်မယ်။ "
လင်းယွန်က အေးစက်စွာ ရယ်မော လိုက်သည်။ သူတို့ နှစ်ယောက်က သူ့ကို အဆုံး စွန်ထိ၊ တွန်းပို့လု နီးနီးမို့ လွယ်လွယ်ဖြင့်၊ ခွင့်မပြု နိုင်ပေ။
ရွှန်းဝူဟန်က အံကြိတ် လိုက်ပြီး၊
“ လင်းယွန် အဲဒါကို၊ ဒီအထိ တွန်းပို နေစရာ မလို ပါဘူး၊ မင်းရဲ့ စီနီယာ အစ်ကိုနဲ့ အစ်မကို၊ ဆဌမ အဆင့်မှာ ငါလွှတ် ပေးခဲ့တယ်။ "
စကား ပြောနေ စဉ်တွင်၊ သိုလှောင်အိတ်အတွင်းမှ၊ ရေခဲ တိမ်လွှာ ဆေးပုလင်းကို ထုတ်ယူ လိုက်သည်။
" မင်းငါ့ကို မလိမ်ဖို့၊ မျှော်လင့် မိပါတယ်"
လင်းယွန်က ရေခဲ တိမ်လွှာ ဆေးပုလင်းကို၊ လက်ခံ ယူပြီးနောက်၊ ခေါင်းညိတ် ပြလိုက်၏။
ကျောက်စိမ်းတုံး ကြေမွ သွားသံ နှင့်အတူ၊ ရွှန်းဝူဟန်၏ ပုံရိပ်က နောင်တ တရား များဖြင့်၊ နဝမ အဆင့်မှ ပျောက်ကွယ် သွားခဲ့သည်။
" ဒဿမ အဆင့်မှာ၊ မင်း သေသွားရင် ကောင်းမယ်။ "
ထို့အတူ ဂျင်ဂျူး၏ ကျိန်ဆဲ သံများ၊ အခန်းထဲ ပျံ့လွင့် ကျန်ရစ် နေခဲ့သည်။ ကျောက်စိမ်း တုံးကို မချေ မွှခင်၊ ရှေးဟောင်း စကြာဝဠာ အဆင့်၊ ဆေဘာဓား တစ်လက် ပါရှိသော၊ သိုလှောင်အိတ်ကို ပစ်ချ ပေးခဲ့သည်။
ခန္ဓာကိုယ် အစိတ် အပိုင်း များကို၊ ဖြတ်တောက် ခံလိုက်ရ သကဲ့သို့၊ ခံစား လိုက်ရသည်။ သူ့ မျက်နှာ ပေါ်ရှိ နာကျင် မှုကို၊ ရိုးရှင်းစွာ ဖော်ပြ၍ မရ နိုင်ပေ။
" စိတ်မပူ ပါနဲ့ ...၊ ငါမင်းကို စိတ်ပျက် သွားစေမှာ၊ သေချာ ပါတယ်။ "
သိုလှောင်အိတ်ကို သိမ်းယူကာ၊ လင်းယွန်က ရေရွတ် လိုက်သည်။
တစ်ပြိုင်နက် တည်းတွင်၊ 'ဆိတ်သုန်း နေသော နယ်မြေ' ၌၊ ပုံရိပ် နှစ်ရိပ် ထွက်ပေါ် လာ၏။
" ဂျင် ဂျူး ... "
" ရွှန်း ဝူ ဟန် .... "
ပျက်စီးခြင်း ခုနစ်ပါး နန်းတော်နှင့်၊ လနတ်ဆိုး ဗိမ္မာန် ဂိုဏ်း၏၊ အကြီးအကဲ များက ကျယ်လောင်စွာ အော်ဟစ် လိုက်ကြသည်။
သူတို့ နှစ်ဦး ပေါ်ရှိ ဒဏ်ရာ များကို၊ တွေ့လိုက် ရသော အခါတွင်၊ အားလုံး အံ့ဩ သွား၏။
အချိန် အတော် ကြာအောင်၊ တိတ်တဆိတ် ထပ်မံ စောင့်ဆိုင်း နေခဲ့ ကြ သော်လည်း၊ အခြား မည်သူမျှ ထွက်ပေါ် လာခြင်း မရှိ တော့ချေ။
" လင်းယွန် တစ်ယောက်ပဲ ကျန်တော့တယ်၊ ''
'' ဓားနန်းတော်က တကယ်ပဲ၊ နောက်ဆုံး အထိ ရပ်တည် နိုင်ခဲ့ပြီ …”
လင်းယွန်မှာ ဂျင်ဂျူး တို့နှစ်ဦး လုံးကို အနိုင်ယူပြီး၊ ကြာနက် နန်းတော်၌ ဆက်လက် ကျန်ရှိ နေရ မည်မှာ၊ မေးခွန်း ထုတ်စရာ မရှိချေ။
ကြာမိစ္ဆာ နယ်မြေတွင်၊ အသန် မာဆုံး မည်သူ ဖြစ်သည်ကို၊ ရွှန်းဝူဟန်နှင့် ဂျင်ဂျူးတို့၏ ဒဏ်ရာ များက၊ လုံလောက်အောင် သက်သေ အဖြစ် ဖော်ပြ နေပြီ ဖြစ်သည်။
***